"ဦး..လွှတ်တော့...
ထတော့မယ်...ဆိုင်သွားရဦးမှာလေ..."
"ဟင့်အင်း...ပြန်အိပ်ဦးမယ်..."
အိပ်ချင်မူးတူးအသံကြီးနဲ့ လူကိုလည်းခွထားကာ..မလွှတ်ပေးဘဲ အတင်းဖက်ထားတာကြောင့်...သားသားသာမြင်ရင် ရှက်စရာပဲ...။
"လွှတ်ပေးတော့..သားသားကို ကျောင်းသွားဖို့ပြင်ပေးရမှာ..."
"ရပါတယ်...သားသား သူ့ဘာသာပြင်မှာပေါ့...
ပြန်အိပ်မယ်..."
"ဟာ....ဦးကလည်း...
လွှတ်ပေးတော့...အင့်..."
လွှတ်ခိုင်းလေ အတင်းတိုးဖက်ထားလေဆိုသလို..ကျွန်တော်ကရုန်းလေး ဦးကအတင်းတိုးဖက်ထားတာကြောင့်..ရုန်းမရဘဲ ပြန်ငြိမ်နေလိုက်ရသည်..။
"ပါပါး...ပါပါး..." ဆိုပြီး ဘေးကသားက ငုတ်တုတ်ထိုင်ကာ မျက်လုံးပွတ်နေပြီး..ကျွန်တော့်ကို ခေါ်နေတယ်..။
သားရဲ့အသံကြားမှပဲ..ဦးလည်း ရုတ်တရက်လွတ်ပေးလိုက်ပြီး...ကျွန်တော်လည်း အမြန်ထကာ အင်္ကျီကိုပြန်ပြင်လိုက်ပြီး..သားသားကိုထချီလိုက်သည်..။
"နိုးလာပြီလား သားသား..."
"ဟုတ်..."
"ပါပါးနဲ့မျက်နှာသစ်မယ်နော်..."
"ဟုတ်..."
"ကဲ....အဖိုးကြီး သားသားတောင်ထနေပြီ...
အိပ်ယာကထတော့...ဆိုင်လည်းသွားရဦးမှာနော်..."
"ထပါပြီဗျာ...မထမချင်း မိန်းမိန်းကနှိုးနေတော့ ယောက်ျားကမထလို့ဘယ်ရပါ့မလဲ?...ဝါး...."
ကုတင်ပေါ်မှာ..တဝါးဝါးသမ်းပြီး ပြောနေတဲ့ဦးကိုကြည့်ပြီး..ဘာမှပြောမနေတော့ဘဲ သားသားနဲ့အတူမျက်နှာသစ်မို့ ရေချိုးခန်းထဲသာဝင်လာလိုက်သည်..။
သားသားနဲ့အတူမျက်နှာသစ်သွားတိုက်ပြီးလို့ ရေချိုးခန်းထဲကထွက်လာတော့မှ ဦးကဝင်လာလေသည်..။
"ရွှတ်...မွှေးနေတာပဲကွာ.."
"ညစ်ပတ်ကြီး...မျက်နှာလည်း မသစ်ရသေးဘဲနဲ့...ဖယ်...သွားတော့မယ်..."
"သြော်...အခုတော့ ပြောပြီပေါ့လေ...
ညဘက်ကျရင်တော့ ဦး ဦးဆိုပြီးတော့..."
"ဖြန်း!...သားသားရှိနေတယ်...
ညစ်တီးညစ်ပတ်စကားတွေပြောနေတယ်..."
"ဟာ...ကလေး ဦးဘာမှမပြောရသေးဘူးလေ...
ညဘက်ရောက်ရင် ကလေးပဲ ဦးဇတ်ကြောလေးဆွဲပေးပါဦး..ဦး ရေလေးခပ်ပေးပါဦး နဲ့လေ..
ဦးကအဲ့တာပြောတာပဲကို...
ဖြစ်ချင်တာတွေလျှောက်မတွေးနဲ့လေ ကလေးရာ..."
"ဦး!!..."
"ဟားဟား...စတာ စတာ...
မျက်နှာသွားသစ်တော့မယ်...ဟားဟား..."
"နှာဘူးကြီး ခင်ဗျားအတွေးအဲ့လောက်မဖြူစင်မသိဘူးရှာတော့..."
ဖေဖေနဲ့ပါပါး စကားစစ်ထိုးနေတာကိုကြည့်ပြီး..သားသားမှာ သက်ပြင်းသာ ချနေမိတော့သည်..။ ဘာလို့ဆို..ဒီလိုမြင်ကွင်းမျိုးက နေ့တိုင်းမြင်နေကျ မြင်ကွင်းမို့လို့ပါပဲ..။
သားသားကို သနပ်ခါးလူးပေးကာအဝတ်အစားလဲပေးလိုက်ပြီး ဆံပင်ကိုသာ သေသေသပ်သပ်လေးဖီးပေးလိုက်သည်..။
"သားသား ဖွားဖွားနဲ့သွားမှာလား..."
"ဟုတ်..."
"အဲ့တာဆို သွားနှင့်နော်...
ပါပါး ဖေဖေနဲ့အတူလာခဲ့မယ်..."
"ဟုတ်..." ဆိုပြီး သားသားက ကျောပိုးအိတ်လွယ်ပြီး အပြင်ကိုထွက်သွားသည်..။
သားသားကိုပြင်ပေးလို့ပြီးပြီဆိုတော့..လင်တော်မောင်ပဲ ကျန်ပါတော့တယ်..။
"သားသား သွားပြီလား..."
"အင်း...ဦးပဲ ကျန်တော့တယ်..."
"ဦးအဝတ်အစားလဲတာက ကြာမှမကြာတာ..."
"မြန်မြန်လုပ်...ဦးပြီးမှ သွားမယ်..."
"ဟုတ်ပါပြီဗျ...
ကြယ်စေ့လာတပ်ပေးပါဦး..."
"ကိုယ့်ဘာသာတပ်လည်းရတာပဲကို...
အမြဲ လူကိုခေါ်တယ်...
ကျွန်တော့်မှာ သားကိုပြင်ပေးရ..ဖအေကိုလည်းပြင်ပေးရနဲ့ လူကိုအားရတယ်မရှိဘူး...
ညဘက်ကျရင်လည်း နှိပ်ပေးပါဦး..နင်းပေးပါဦးနဲ့..."
"ပြွတ်....ပြွတ်..."
မိန်းမကြီးကျနေတာပဲ..ပွစိပွစိနဲ့ နှုတ်ခမ်းထော်ထော်ပြီး ပြောနေတဲ့ ကြယ်စေ့တပ်ပေးနေတဲ့ အောက်ကကောင်လေးကိုအသဲယားလာတာမို့..နှုတ်ခမ်းသေးသေးလေးကိုနမ်းလိုက်တယ်..။
"တွေ့လား...သူများက စကားပြောနေရင်လည်း အဲ့လိုလိုက်လိုက်နမ်းနေတာ...
ဘယ်လိုမှန်းမသိဘူး..."
"မတော်သေးဘူးလား...
ဒီနေ့ဆိုင်မသွားဘဲ ထော်ထော်ပြီးပြောနေတဲ့အဲ့နှုတ်ခမ်းကိုအပြစ်ပေးရမလား...."
"တော်ပြီ မပြောတော့ဘူး...
နှာဘူးကြီး...သွားမယ်..."
ဒါကျတော့ ကြောက်တယ်...တစ်ခါတည်းနဲ့ကို တန်းပိတ်သွားတာ...
ဘယ်လိုလေးမှန်းကိုမသိဘူး...
........................................
"ယောက်ျားရေ...ဒီဘက်ဝိုင်းက ကော်ဖီတစ်ခွက်..."
"ဟုတ်ပြီ ဟုတ်ပြီ..."
ယောက်ျားရေလို့ ခေါ်နေတာကတော့..တခြားလူမဟုတ်ပါဘူး သူရဖုန်းမြင့်ပါပဲ..။ ဆိုင်ကိုက မိန်းကလေးအများစုလာရောက်တတ်သည့်မို့..သူရဖုန်းမြင့်တို့ ဂျေဝင်ပြီး 'ယောက်ျားရေ´လို့ လူတကာကြားအောင် အော်ခေါ်နေခြင်းဖြစ်သည်..။
ဆိုင်ကဝန်ထမ်းတွေကတော့..သူရဖုန်းမြင့် 'ယောကျာ်းရေ´တစ်ခါကြားတိုင်း..ခိုးခိုးပြီး ပြုံးနေကြသည်..။ ဒီဆိုင်မှာအလုပ်လုပ်ရင်း..ဆိုင်ပိုင်ရှင်လင်လင်တို့ရဲ့ အချစ်စမ်းပွဲကိုလည်း မကြာခဏကြည့်နေရသည်လေ..။
အခုလည်း..ဆိုင်ထဲမှာ ခပ်လှလှမိန်းကလေးအုပ်စုထိုင်နေတာမို့..အခုလိုအော်ပြောနေခြင်းဖြစ်သည်..။
"ယောက်ျားရေ...ဒီကိုလာပါဦး..." ဆိုပြီး သူရဖုန်းမြင့် လှမ်းအော်လိုက်တော့..အေပရွန်တောင် မချွတ်ဘဲ ထွက်လာသည်..။
"ဘာဖြစ်လို့လဲ?...ကလေး..."
"ကျွန်တော်သားကိုသွားကြိုမလို့...
ယောက်ျားပြန်နှင့်လိုက်တော့နော်..."
"ဘာနဲ့သွားမှာလဲ?...
ဦးပါလိုက်ခဲ့မယ်လေ..."
"လူတွေကျနေတယ်လေ...
ကျွန်တော်အရင်သွားနှင့်မယ်...ယောကျာ်းက အိမ်ပဲပြန်တော့...
ကျွန်တော့်က ဝေလင်းကိုလာခေါ်ခိုင်းထားတယ်..."
"အင်းအင်း..."
"အဲ့တာဆို...သွားပြီနော် ယောက်ျား...မွ မွ..." ဆိုပြီး သူရဖုန်းမြင့်က နေမင်းဧကရာဇ်ရဲ့ပါး၂ဖက်လုံးကိုနမ်းပြီး ဆိုင်ထဲကထွက်သွားလေသည်..။ ဆိုင်ထဲမှာရှိနေတဲ့လူတွေကလည်း..အဖြစ်သည်းနေတဲ့ လင်လင်တွေကြည့်ပြီး..ကော်ဖီသောက်ဖို့တောင်မေ့နေကြသည်..။
နေမင်းဧကရာဇ်ရဲ့စိတ်ထဲမှာလည်း..ဆိုင်မှာ နေ့တိုင်း မိန်းကလေးတွေလာကြပါစေလို့လည်း ဆုတောင်းနေမိသည်..။ ဘာလို့ဆို သူ့ကလေး ဂျေဝင်တာလေးက ချစ်ဖို့ကောင်းနေလို့လေ..။
...............................................
"ဒုန်း!...ဒုန်း!..." ဆိုပြီး ခြေသံအကျယ်ကြီးနဲ့ အခန်းထဲဝင်လာတဲ့သားဖြစ်သူကြောင့်..နေမင်းဧကရာဇ်မှာ ထိုင်ရာကနေ ထပြီး မေးလိုက်ရသည်..။
"ဘာဖြစ်လာတာလဲ?..သားသား...
မင်းပါပါးရော..."
"လာပါပြီ...ကျောပိုးအိတ်ကို ထားခဲ့လို့ ကျွန်တော်ယူလာခဲ့ရတာ..."
"သားသားက ဘာဖြစ်လာတာလဲ?..ကလေး..."
"ဘာဖြစ်ရမှာလဲ?..ဦးသားလေ..
စာသွားပေးတယ်တဲ့..."
"ဟေ...ဟုတ်လား...
ဘယ်ကောင်မလေးကိုလဲ?..."
"သူကပေးတာမဟုတ်ဘူး ဦးရေ...
သူ့ကိုပေးခိုင်းတာကိုပေးပေးတာ..."
"ဟုတ်လား..."
"ဟုတ်ပါ့ဗျာ...ဘယ်သူနဲ့တူလို့ ဒီလောက်ဆိုးနေလဲမသိဘူး..."
"ပါပါးနဲ့တူတာလေ..."
"ငါထုလိုက်ရ...တိတ်စမ်း...
ဧကရာဇ်ဖုန်းမြင့်...
ဦးရယ် ကျွန်တော့်ကိုလေ ဆရာမကခေါ်ပြောတာ..ရှက်လိုက်တာဆိုတာလေ....ဟင်း...."
"ဟုတ်လား...သားသား....
မင်းဘာလို့ အခုလိုသူများပေးခိုင်းတာကို ပေးပေးရတာလဲ?..."
"အဲ့တာက...အဲ့အကိုကြီးက သားသားကို မုန့်ဝယ်ကျွေးလို့ သွားပေးပေးတာ..."
"ဘာ!!...မင်းကို ပါပါးတို့က အငတ်ထားနေလို့လား...
သူများဝယ်ကျွေးမှ စားရအောင်..."
"ပါပါးကလည်း အလကားရတာပဲကို..."
"တိတ်စမ်း...ဧကရာဇ်ဖုန်းမြင့်...
နောက်တစ်ခါ ဖေဖေဒီလိုအသံမျိုးထပ်မကြားချင်ဘူးနော်...
မင်းပါပါး ဘယ်လောက်ရှက်နေလိမ့်ရှာမလဲ?..
နောက်တစ်ခါ အခုလိုလုပ်လို့ကတော့..ဖေဖေ ကြိမ်လုံးနဲ့ရိုက်မှာနော်..."
"ဟုတ်.....
သြော်...ဖေဖေ့ကိုပြောပြစရာကျန်သေးတယ်..."
"ဘာတုန်း..."
"ပါပါးလေ...သားကိုလာကြိုတော့လေ...
သားရဲ့တီချယ်က ပါပါးကို ဧကရာဇ်ဖုန်းမြင့်လေးရဲ့အဖေလားလို့ မေးတာကိုလေ..."
"ဟေ့...ဧကရာဇ်ဖုန်းမြင့် ဘာတွေလျှောက်ပြောနေတာလဲကွ..."
"ကလေး သားသားပြောပါစေ..."
"သားဆက်ပြောရမလား..."
"အင်း...ဆက်ပြော...သားသား..."
"အဲ့တာကိုလေ...ပါပါးကလေ...
သားက သူ့သားမဟုတ်ပါဘူးတဲ့...
ပြီးတော့လေ...သားနဲ့သူက ညီကိုတော်တာပါတဲ့...အဲ့လိုပြောတယ်...
ပြီးတော့လေ..ဆရာမနဲ့ ပြုံးရွှင်ပြီးလည်း စကားပြောနေသေးတာ...
အဲ့တာ...သားက ဖေဖေသိအောင်ပြောပြတာ...
သားဖွားဖွားဆီသွားလိုက်ဦးမယ်နော်...ပြီးတော့ ဒီည ဖွားဖွားနဲ့ပဲအိပ်လိုက်မယ်နော်..." ဆိုပြိး သားသားက ပြောချင်တာတွေပြောပြီး အခန်းထဲကထွက်သွားသည်..။
"ဟေ့...ဧကရာဇ်ဖုန်းမြင့် မင်းမမွှေသွားနဲ့လေ...
ဟေ့...."
သားသားက တံခါးပိတ်ခါနီးမှာ ကျွန်တော့်ကိုလျှာထုတ်ပြပြီးမှ ထွက်သွားသည်..။
"ဒီခွေးကောင်လေးကတော့....
ဦး...ဟဲဟဲ...."
သားကိုလှမ်းကြိမ်းလိုက်ပြီး ဘေးကိုလှည့်ကြည့်လိုက်တော့..ကျွန်တော့်ကိုစိုက်ကြည့်နေတဲ့ဦးကြောင့် သွားကိုအသားကုန်ဖြဲကာ ပြုံးပြလိုက်ရသည်..။
"ပြောပါဦး...ဒီကိစ္စက ဘယ်လိုဖြစ်တာလဲ?..."
"ဟီးဟီး...အဲ့တာကလေ...
ကျွန်တော်တမင်ပြောလိုက်တာ...
ဟုတ်တယ်လေ...ဆရာမက ကျွန်တော့်ကိုကြည့်ပြီး ကလေးအဖေလားဆိုတော့...ကျွန်တော်ကအဲ့လောက်အရွယ်မှမကျသေးတာလေနော်...
အဲ့တာနဲ့ တမင်ပြောလိုက်တာ..."
ကျွန်တော်လည်း ပြောလိုက်ရော..ဦးက ဘာမှပြန်မပြောဘဲ ခေါင်းသာညိတ်နေသည်..။
"ဟွန်း...ယောကျာ်းကလည်း ကျွန်တော်ပြောနေတာကို မယုံဘူးလားလို့..."
စပြီ စပြီ...သူရဖုန်းမြင့်တို့ကတော့ နေမင်းဧကရာဇ်ရဲ့နိုင်ကွက်ကိုသိသည့်အလား စပြီးချော့နေပါတော့သည်..။
တဖြည်းဖြည်းနဲ့..နေမင်းဧကရာဇ်ရဲ့ပေါင်ပေါ်ကိုခွထိုင်ထားပြီး..ပြောနေလေသည်..။
"ယောက်ျားကလည်း မယုံသေးဘူးလားလ်ို့...
ယောက်ျားက ကျွန်တော့်ကိုမယုံတာ..သိပ်ဝမ်းနည်းတာပဲ..ဟင့်...အွတ်..အွန်း...."
တဖြည်းဖြည်း dramaတွေခင်းလာတာမို့..နေမင်းဧကရာဇ်တို့ ဆက်မူမနေတော့ဘဲ..ပြောတတ်လွန်းတဲ့နှုတ်ခမ်းလေးကို နမ်းလိုက်သည်..။
"ဒီည သားသားလည်းမရှိဘူးဆိုတော့..
အချိန်ရှိခိုက်လုံ့လစိုက်ကြရအောင်..."
"ဦး လူဆိုး...ဟွန့်...."
"ခေါ်ပါဦး ယောက်ျားလို့..."
"မခေါ်ချင်ပါဘူး..."
"မခေါ်ဘူးလား...ရွှတ်...
ဟမ် မခေါ်ဘူးလား...ရွှတ်..."
"တော်ပြီ..မနမ်းနဲ့တော့လို့...ယောက်ျား...အွတ်...အွန်း...."
ခွထိုင်လျက်နဲ့ပင်..ဦးက နမ်းနေကာ..လက်ကလည်း ကျွန်တော့်ရဲ့အဝတ်အစားတွေကို ချွတ်ပြစ်နေသည်..။ တဖြည်းဖြည်းနှုတ်ခမ်းကနေ..လည်တိုင်ကိုပါ စုပ်ယူနမ်းလာသည်..။ ရင်ဘက်နေရာက ချယ်ရီသီးတွေကို စုပ်ယူနမ်းနေသည့်အခါ..ထိန်းမရတော့ဘဲ ကျွန်တော့်ညည်းမိသည်..။
"အာ့!...ဦး...အင်း!..."
"ယောက်ျား...အင်း!...ယောကျာ်းလို့ခေါ်..."
အရေးထဲအဖိုးကြီးက ယောကျာ်းလို့ လာခေါ်ခိုင်းနေသေးတယ်..။ ကျွန်တော်လည်း မခေါ်ဘဲအောက်နှုတ်ခမ်းကိုသာတင်းတင်းကိုက်ထားလိုက်သည်..။
"အား!!...ယောက်ျား...အာ့!...
ဖြေးဖြေးလုပ်ပါလား အဖိုးကြီးရဲ့..အား!...
အာ့!...အင်း!..."
အစပျိုးခြင်းမရှိဘဲ..ရုတ်တရက်ကြီး တိုးဝင်လာတဲ့အရာကြောင့်..မျက်လုံးတောင်ပြူးသွားသည်..။ အဖိုးကြီး သူမခံရတိုင်း..လူကို အတင်း...ဟင်း အဖိုးကြီးနော် အဖိုးကြီး...
ဒီလိုနဲ့ အဖိုးကြီးအစွမ်းအံ့မခန်းဖြစ်ပြီး...သူရဖုန်းမြင့်တစ်ယောက် ညစာတောင်ထမစားနိုင်တော့ဘဲ..ဦးကပဲ ခွန့်ကျွေးလိုက်ရပါသည်..။
နာလွန်းလို့..ကုတင်ပေါ်မှာ မှောက်လျက်ကြီးအိပ်နေရတဲ့ဟာကို အဖိုးကြီးက အတင်းဖက်ပြီးအိပ်နေသေးတယ်..။ အသက်သာကြီးသွားမယ်..အဖိုးကြီးကတော့ ပိုပိုပြီးသန်မာလာတယ်..ဘာဆေးတွေများစားနေလဲမသိဘူး..ဟွန်း..
"ဟိတ်..မအိပ်သေးဘူးလား...
နောက်တစ်ကြိမ် ပြန်စစေချင်တာလား..."
"ဦးနော်...လူကိုသေအောင်သတ်နေတာလား..."
"ဟားဟား...ဦးက တစ်နပ်စားမကြံပါဘူး...
တသက်စားကိုဝလင်လင်ကိုစားပြစ်မှာ..."
"နှာဘူးကြီး အိပ်မယ်...
မိတ်တွေပေါက်နေလို့ယားနေတယ် ကျောကိုကုတ်ပေးဦး..."
"ဟုတ်ပါပြီဗျာ...ဦးရဲ့သည်းငယ်လေး စိတ်တိုင်းကျဖြစ်စေရပါမယ်...."
ပြောပြီးတာနဲ့ နေမင်းဧကရာဇ်လည်း သူရဖုန်းမြင့်ရဲ့ကျောလေးကိုကုတ်ပေးနေလိုက်တော့..အဆိုးလေးက အိပ်ပျော်သွားတယ်..။ အဆိုးလေးအိပ်ပျော်သွားမှ နဖူးလေးကိုနမ်းလိုက်ပြီး..ရင်ခွင်ထဲထည့်ကာ အိပ်စက်လိုက်တယ်..။
ကျွန်တော့်ရဲ့သည်းငယ်လေးက ဆိုးပြီးဂျစ်တူးလေးဖြစ်နေပေမဲ့..ကျွန်တော့်ဘဝအတွက်တော့ အဆိုးလေးက မရှိမဖြစ်လိုအပ်တဲ့ဘဝလက်တွဲဖော်ကောင်းတစ်ယောက်ဆိုတာ..ကျွန်တော်သာလျှင် အသိဆုံးဖြစ်ပါသည်..။ ဒီအဆိုးလေးကိုပိုင်ဆိုင်ခွင့်ရခဲ့တာကလည်း..ကျွန်တော့်ရဲ့ကံကောင်းမှုတစ်ခုဖြစ်ပါသည်..။
ရှေ့ဆက်ပြီး ပျော်ရွှင်ကြည်နူးတဲ့မိသားစုဘဝလေးကို အတူတည်ဆောက်သွားကြမယ်နော်...
ဦးရဲ့သည်းငယ်လေး........
💞💞💞💞💞💞💞💞💞💞💞💞💞💞
ပြီးပါပြီ.......
ဦးနဲ့အဆိုးလေးကိုမေ့မသွားကြပါနဲ့နော် ☺️
ဧကရာဇ်ဖုန်းမြင့်လေးကိုချစ်ပေးလို့လည်း ကျေးဇူးပါနော် ☺️
ဦးရဲ့သည်းငယ်လေး ဖတ်ပြီး...
စိတ်လေးကြည်နူးကြတယ်ဆိုရင်တောင်...
ချယ်အရမ်းကျေနပ်ပါတယ်...
ဦးရဲ့သည်းငယ်လေး ပြီးသွားပြီဖြစ်တဲ့အတွက်..
ချယ် Lay(လေး) မှာ ရှိနေပါတယ်...
drama မို့.. dramaကြိုက်ရင် ဖတ်ပေးကြပါဦးနော်...အချိုလည်း ပါပါတယ်နော်..
Love you all😘😘😘
💙Chel💙