ဦးရဲ့သည်းငယ်လေး (Completed)

By Myuekhoe

2.1M 144K 3.8K

သည်းငယ်လေး မင်းကြိုက်သလောက်ဆိုးစမ်းပါ မင်းဆိုးနေတာလေးကို ဦးကချစ်တာမို့လို့ More

Part-1
Part-1(Uni)
Part-2
Part-2(Uni)
Part-3
Part-3(Uni)
Part-4
Part-4(Uni)
Part-5
Part-5(Uni)
Part-6
Part-6(Uni)
Part-7
Part-7(Uni)
Part-8
Part-8(Uni)
Part-9
Part-9(Uni)
Part-10
Part-10(Uni)
Part-11
Part-11(Uni)
Part-12
Part-12(Uni)
Part-13
Parr-13(Uni)
Part-14
Part-14(Uni)
Part-15
Part-15(Uni)
Part-16
Part-16(Uni)
Part-17
Part-17(Uni)
Part-18
Part-18(Uni)
Part-19
Part-19(Uni)
Part-20
Part-20(Uni)
Part-21
Part-21(Uni)
Part-22
Part-22(Uni)
Part-23
Part-23(Uni)
Part-24
Part-24(Uni)
Part-25
Part-25(Uni)
Part-26
Part-26(Uni)
Part-27
Part-27(Uni)
Part-28
Part-28(Uni)
Part-29
Part-29(Uni)
Part-30
Part-30(Uni)
Part-31
Part-31(Uni)
Part-32
Part-32(Uni)
Part-33
Part-33(Uni)
Part-34
Part-34(Uni)
Part-35
Part-35(Uni)
Parr-36
Part-36(Uni)
Part-37
Part-37(Uni)
Part-38
Part-38(Uni)
Part-39
Part-39(Uni)
Part-40
Part-40(Uni)
Part-41
Part-41(Uni)
Part-42
Part-42(Uni)
Part-43
Part-43(Uni)
Part-44(Uni)
Part-45(Final)
Part-45(Uni)(Final)
Please!
Please!
Please!
Please!

Part-44

10.9K 666 16
By Myuekhoe

"ပါပါး အဲ့လုံး...အဲ့လုံး..."

"ဟာ...သားသားကလည်း ၂လုံးရနေပြီလေကွာ..တော်ပြီပေါ့...
မင်းဖေဖေပြန်လာတော့မှာ...
မိရင်၂ယောက်လုံးအဆူခံရမှာ..."

"ဟင့်အင်း...ဟင့်အင်း...
အဲ့တစ်လုံးခူးပေးဦး..."

"ကျစ်...ငါတော့ ငယ်ငယ်ကမွှေခံသမျှ ပြန်ခံနေရတာပဲ...ဟွန်း..."

"ပါပါးမခူးပေးရင် ဒီ၂လုံး မစားရဘူး...
သားသားပဲစားမှာ..."

"အောင်မာ...ငါခူးပေးထားတဲ့၂လုံးကိုများ...
ဒီတစ်လုံးခူးပြီးရင် တော်ပြီနော်...
မင်းဖေဖေလာရင် ပါပါးကိုဆူလိမ့်မယ်..."

"ဟုတ်...ဒီတစ်လုံးရရင် မအေးကိုငရုတ်သီးဆား သွားလုပ်ခိုင်းမယ်.."

"အေးအေး...ပြီးကျရင် အတူတူမယ်နော်..."

"ဟုတ်...."

သူရဖုန်းမြင့်လည်း သားသားကိုပြောပြီးတာနဲ့..မာကလာကိုင်းသေးသေးလေးဆီ ခြေလှမ်းလိုက်တယ်..။ မာလကာပင်က ကိုင်းတွေဖြာထွက်နေကာ..ဂွဆုံမှာ ကားရပ်နေရာကနေ..မာလကာသီးအကြ်ီးကြ်ီးသီးနေတဲ့ ကိုင်းဆီခြေလှမ်းလိုက်သည်..။

"သားသား...မင်းအလုံးကို ပါပါးမမှီဘူးကွ...
ကိုင်းကကြိုးတော့မယ်..."

"ပါပါးကလည်း..ရှေ့လေး နည်းနည်းတိုးလိုက်..."

"အေးအေး..."

သူရဖုန်းမြင့်လည်း သားသားပြောတဲ့အတိုင်း..အရှေ့ကိုလှမ်းလိုက်တာ..ကိုင်းက ကျွတ်ခနဲ မြည်သံနဲ့အတူ သူရဖုန်းမြင့်လည်း အောက်ကိုပြုတ်ကျသွားသည်..။

"အံမယ်လေး..."   "ပါပါး..."

ညကအရှိန်နဲ့ဆို ပြုတ်ကျလိုက်ရင်တော့..ငါ့ရဲ့တင်ပါးတော့ သွားပါပြီ လို့တွေပြီးဟမျက်လုံးလည်းဖွင့်ကြည့်လိုက်ရော..

"အံမယ်လေး...ဥ..."

"ဘာမှမဥဘူး...
ပြော...အပင်ပေါ်ဘာတက်လုပ်တာလဲ?..."

"သားသားလေ...သားသား...
ဟင်...ဘယ်ရောက်သွားတာလဲ?..."

အရေးထဲကို ဖုန်းမြင့်အသေးစားက ထွက်ပြေးပြီ...တော်တော်ကောင်းတဲ့သား...

"ရှာမနေနဲ့ ဦးကိုတွေ့တာနဲ့ပြေးပြီ..."

"တော်တော်အားကိုးရတဲ့သား...
လာမှ ထိပ်ကိုခေါက်ပြစ်ဦးမယ်..."

"သားသားကိုခေါက်တာ နောက်ထား...
ဒီအပင်ပေါ် ဘာတက်လုပ်တာလဲ?..."

"အဲ့တာ သားသားလေ...
မာလကာသီးစားချင်တယ်ဆိုလို့ တက်ခူးပေးတာ...ဟီးဟီး..."

"သားသားစားချင်တာလား ကလေးစားချင်တာလား..."

"သားသားရော ကလေးရော...ဟီးဟီး..."

ပွေ့ထားလျက်နဲ့ပင်..ကျွန်တော့်ကို ပြုံးပြကာ ကလေးကိုကြည့်ပြီး အသဲယားလာတာမို့..တင်ပါးကို ဖတ်ခနဲ ရိုက်လိုက်သည်..။

"အ!...နာတယ်...
ဘာလို့ အဲ့နေရာကိုလာရိုက်တာလဲ?...
ညက အရှိန်ကြောင့် နာနေသေးတာဟာကို...
အဖိုးကြ်ီး စားပြီးနားမလည် လာလုပ်နေတာလား..."

"sorry sorry...ဦးမေ့သွားလို့..."

"အမေ့ကောင်းပဲ...
ဝင်မယ် အခန်းထဲကို...ချီသွား..."

"ဟုတ်ပါပြီဗျာ...ချီသွားပါ့မယ်..."

"ဟီးဟီး...ဟာ...မညှစ်နဲ့လေ..."

"ကလေးက မရိုက်နဲ့ပဲပြောတာ မညှစ်နဲ့လို့ပြောတာမှမဟုတ်တာ..."

"အဖိုးကြီး..."

"ခေါ်ပြန်ပြီလား..."

"အ!...မညှစ်နဲ့လို့..."

"အဖိုးကြီးခေါ်တာနဲ့ ညှစ်မှာပဲ..."

"နစ်နာမယ်..."

"ဟားဟား...ဟားဟား..."

................

"ရှူးရှဲ...ပါပါး ရေ ရေ..."

"ရော့..သားသား ရှူးရှဲ...."

ကြမ်းပြင်ပေါ်မှာ ကျကျနနထိုင်ကာ..ငရုတ်သီးဆားနဲ့နယ်ထားတဲ့ မာလကာသီးသုတ်ပန်းကန်ကို လက်နဲ့ယူစားနေတဲ့သားဖ၂ယောက်ကိုကြည့်ပြီး..နေမင်းဧကရာဇ်မှာ မျှော်ကြည့်နေရသည်..။ မျှော်ကြည့်နေတယ်ဆိုတာကတော့..စားချင်လွန်းလို့မဟုတ်..ရေလိုရင် ရေယူပေးလို့ရအောင်...အစပ်ပြေအောင် သကြားလုံးယူလို့ရအောင် ကြည့်နေခြင်းဖြစ်သည်..။

"ဦး..စားဦးမလား...ရွှတ်..." ဆိုပြီး စပ်လွန်းလို့နှာရည်ထွက်နေတာတောင် ကျွန်တော့်ကိုလှမ်းခေါ်နေတဲ့ကလေးကြောင့် မကြည့်ရက်တော့တာမို့တစ်ရှူးယူပြီး သွားသုတ်ပေးရသည်..။

"ကျေးဇူး...ဟီးဟီး..ရွှတ်..."

"ဖေဖေ...သားသားရော...ရွှတ်.." ဆိုပြီး သားသားကပါ မျက်နှာကိုမော့ပေးလာသည်..။ ဆိုလိုတာကတော့..သူ့ကိုပါနှာရည်သုတ်ပေးဆိုတဲ့သဘော...

"ဟုတ်ပါပြီဗျာ...
၂ယောက်လုံးမတော်သေးဘူးလား...ဗိုက်နာမယ်နော်...
သားသား မနက်ဖြန်ကျောင်းသွားရမှာနော်...
တော်တော့..."

"နည်းနည်းလေးပဲ ထပ်စားတော့မယ်...
အဲ့ဒါပြီးရင် တော်ပြီ...ရွှတ်..."

"ဟင်း...အဲ့တာဆို ကလေးကရော..."

"နည်းနည်းပိစိလေးပဲလေ..ဟီးဟီး..ရွှတ်..."

ပြောလို့လည်း မရတာကြောင့်..ပြောမနေတော့ဘဲ ထိုင်သာကြည့်နေလိုက်တော့သည်..။ တစ်ယောက်တည်းတောင်မနိုင်တာ အဆိုးလေး၂ယောက်ဆိုတော့..ဒီတိုင်းထိုင်ကြည့်ရုံကလွဲ၍ ဘာမှမတတ်နိုင်...။

....................................

    မနေ့က မာလကာသီးတွေစားထားတဲ့အကျိုး..အခုတော့ သားဖ၂ယောက်လုံး ဗိုက်နာနေကြပြီလေ..။

"ကဲ...အခုတော့ ဗိုက်နာနေကြပြီမလား..."

"ဦးကလည်း ဗိုက်နာမှန်းသိရင်မစားဘဲနေမှာပေါ့..."

"သြော်...ဟုတ်ပါပြီ ဟုတ်ပါပြီ...
ထ...သားဖ၂ယောက်လုံးဆေးသောက်ကြမယ်..."

"ဘာဆေးလဲ ခါးခါးကြီးဆိုရင်မသောက်ဘူးနော်.."

"ငြင်းမနေနဲ့...ထတော့...
ဆေးက မခါးဘူး ချိုချိုလေး..
သားသားတောင်အထွန့်မတက်ဘူး...ထ၂ယောက်လုံး..."

"ဟွန့်...သားသားကိုအရင်တိုက်..."

"ဟင်း....ဟုတ်ပြီ ဟုတ်ပြီ...
ထ သားသား...ဖေဖေဆေးတိုက်မယ်..."

"ဟုတ်..."

သားသားကမှ ဆေးကိုမကြောက်ဘဲ ထသောက်သေးတယ်..ဘေးကဂျစ်တူးကတော့ သားသားသောက်နေတာကိုကြည့်နေတယ်..။ သားသားကဆေးမကြောက်တာမို့..တော်ရုံဆေးဆို ဘာမှမဖြစ်ဘူး..။

"သားသား ခါးလား..."

"ဟင့်အင်း..." ဆိုပြီး သားသားကခေါင်းခါပြကာ ပြန်မှေးနေတယ်..။

"ကဲ သောက်လို့ရပြီနော်..."

"ဟွန်း...မသောက်ချင်ပါဘူးဆိုမှ..." ဆိုပြီး ဆေးကိုမယူချင်ယူချင်ယူပြီးသောက်နေသည်..။

"အား!...ခါးလိုက်တာ...
ပြောတော့ ချိုတယ်ဆို...အဟင့်..."

"ဟေ့...ဘာလို့ငိုနေတာလဲ?..တိတ်...
သားတောင် ဘာမှမဖြစ်ဘူး...
ခဏလေး ပြန်အိပ်နေတော့..."

"ဟွန့်...ချော့သိပ်ပေး...
မအိပ်ချင်ဘူး..."

သားသားတောင် သူ့ဘာသာဟိုက်ဘက်လှည့်ပြီး..တဖက်စောင်းအိပ်နေပြီ...
ဒီက အဆိုးလေးပ ချော့သိပ်ပေးပါတဲ့...
ကလေးပဲရနေပြီ သူရဖုန်းမြင့်က ဆိုးလို့ကောင်းတုန်းရှိသေးတယ်...။

"ဟင်း....လာခဲ့..."

သားသားနဲ့ကလေးရဲ့ကြားမှာဝင်လှဲလိုက်ပြီး..ကလေးကိုရင်ခွင်ထဲထည့်လိုက်သည်..။ ကျောလေးကိုပုတ်ပေးနေလိုက်တော့..ရင်ခွင်ထဲကကောင်လေးက ပြုံးပြုံးလေးငြိမ်ပြီးမှေးနေတယ်..။
တမင်စချင်တာနဲ့..မက်မွန်သီးကိုဆွဲညှစ်လိုက်တော့...

"အ!...ကျောကိုပုတ်ပေးခိုင်းတာလေ နှာဘူးကြီးရဲ့...အ!...အဖိုးကြီး လွှတ်ပေး...မကိုင်နဲ့တော့..."

"ဟားဟား...ဟားဟား..."

"နှာဘူးကြီး...ဘယ်လိုအမြတ်ထုတ်ရမလဲပဲစဉ်းစားနေတယ် ဟွန်း...
ပြန်ပုတ်ပေး..." လို့ ပြောပြီး..ဦးရဲ့လက်ကိုကိုင်ပြီး ကျောကိုတင်ပေးလိုက်တယ်..။

"အိပ်တော့မှာနော်...
ငြိမ်ငြိမ်မနေရင် နောက်ညတွေ ညစာမကျွေးဘဲ အငတ်ထားပြစ်မှာ...သူရဖုန်းမြင့်အကြောင်းသိတယ်နော်..."

"တော်ပြီ...မစတော့ဘူးနော်...
ကျောလေးကိုပုတ်ပေးမယ်...အိပ်တော့နော်..."

"ဟုတ်..."

သူရဖုန်းမြင့်အကြောင်းသိနေတဲ့..နေမင်းဧကရာဇ်ကတော့ ဆက်မစနေတော့ဘဲ..ကျောလေးကိုပုတ်ပေးနေလိုက်တယ်..။ ညစာတော့ အလွတ်မခံနိုင်ဘူးလေ..ဟဲဟဲ....

.........................

"အဟင့်...စာတွေပြန်ကူးရတော့မှာ...
အဲ့တာ ပါပါးကြောင့်..."

"ဘာ!...မင်းစားချင်လို့ပါပါးကသုပ်ကျွေးရတာလေ..."

"သိဘူး သိဘူး...အဲ့တာ ပါပါးကြောင့်..."

ကျောင်းပျက်ရက်၂ရက်အတွက် စာကူးရတော့
မယ်ဆိုပြီး..ပွစိပွစိပြောနေတဲ့သားသားကြောင့် TVကြည့်နေတဲ့သူရဖုန်းမြင့် နားကြားမြင်းကပ်နေပါသည်..။ မူကြိုတက်နေတဲ့ဟာကို ကိုယ်တော်က ဘယ်စာကိုပြန်ကူးချင်နေလဲမသိဘူး..။

"မင်းTVမကြည့်ဘူးလား...
မကြည့်ရင် သင်ထားတဲ့စာတွေသွားပြန်ကျက်နေ..."

"နိုးစ်စ်....."

"တံတွေးစင်တယ်ကွာ...ပြောလည်းမပြောတတ်ဘဲနဲ့..."

အမှန်တော့..သားသားက ပြောတတ်ပေမဲ့..ရှေ့သွားလေးတွေကကျိုးနေကာ..လေထွက်နေတာကြောင့် တံတွေးတွေက လာစင်ခြင်းဖြစ်သည်..။

"ပြောတတ်ပါတယ်..ဟွန်း..."

"သားသားကပြောတတ်ပါတယ်...
ဒါပေမဲ့ ရှေ့သွားလေးကကျိုးနေတော့ ပါပါးကိုတံတွေးတွေလာစင်တာပေါ့...အဟက်..."

"သားက သွားကျိုးနေပေမဲ့...သားကိုချောတယ်လို့ အတန်းထဲကကောင်မလေးတွေက ပြောကြတယ် ဟွန်း..."

"ဟုတ်လား...အဲ့ကလေးမလေးတွေက မျက်မှန်လေးတွေနဲ့လား..."

"ပါပါး!...အီး..အဟင့်...ဟင့်...ရ...
ဖေဖေ...သားကိုမချောဘူးလို့ ပါပါးကပြောနေတယ်...အဟင့်...ရွှတ်..."

ကျွန်တော့်ကိုမနိုင်တော့..ကျွန်တော့်ဘေးမှာထိုင်နေတဲ့ဦးဆီကိုလျှောက်လာပြီး..ဦးရဲ့ပေါင်ပေါ်မှာထိုင်ကာ သူ့ဖေဖေကိုစစ်ကူတောင်းနေတယ်..။

"အေးအေး...ဟုတ်ပါ့ ဖေဖေ့သားလေးကဘယ်လိုနေနေချောနေတာကို..ပါပါးက မသိလို့ပြောနေတာ..."

"အီး...ဟုတ်တယ်...ရွှတ်..."

"အဟက်..."

"ကလေးရယ် သားကိုစမနေပါနဲ့...
သားသားက သွားကျိုးလေးဖြစ်နေလည်းချောနေတာကို..."

"ဟုတ်ပါတယ်...ပါပါးသားလေးက ချောပြီးသား..ပါပါးက ချစ်လို့စတာနော်...ရွှတ်ရွှတ်..."

"ရွှတ်....ပြီးရော..."

"အား...ချစ်လိုက်တာနော်...
လာခဲ့...သွားကျိုးလေးကိုအာဘွားပေးချင်လို့..."

"ပါပါး ယားတယ်...ဟီးဟီး ဟီးဟီး..."

ငိုသံတွေတိတ်သွားပြီးတဲ့နောက်..တစ်ခန်းလုံး သားသားနဲ့အဖေတွေရဲ့ရယ်သံတွေ ပြန့်လွင့်သွားပါတော့သည်..။

Continue Reading

You'll Also Like

154K 11.7K 46
ဟိတ် ဟိုကောင်လေး အချိန်စေ့ပြီ အိမ်စာလာထပ်ချည်တော့..! - စောသိုက်ခေတ် မော်​ကြီးဆိုတဲ့အကောင် လမ်းမှာ ခွေးချီးတက်နင်းပြီး ချော...
1M 43K 55
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
138K 14.2K 58
လှပကြော့ရှင်းသော ချစ်ခြင်းမေတ္တာသည် အမုန်းတရားမှ စတင်ပေါက်ဖွားလာခြင်းဖြစ်၏။ Own Creation by Moe(JE Rain)
1.3M 172K 149
BL