The Throne

By WuKris947

63.6K 7.5K 630

အရင္ Matainyu acc မွာ တင္ထားတဲ့ အပုဒ္ပါ။accထဲဝင္မရေတာ့လို႔ အရင္အပိုင္းေတြအျပင္ အပိုင္းအသစ္ေတြပါ ဆက္up ေပးပါ့မ... More

Intro
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
new episode update
30
31
32
33
34
36
37
38
39
Final
Extra
The Throne photo

35

1.6K 228 83
By WuKris947

[Zawgyi]
The Throne(ရာဇာပုလႅင္)
အပိုင္း-၃၅

ေနာက္တစ္ေန႔ေရာက္ေသာ္

ဝမ္အြန္း အိပ္ယာကေနႏိုးလာေတာ့ သူ႔ေဘးတြင္ အိပ္ေပ်ာ္လ်က္ရွိေနေသးေသာ ဝမ္ေယာလ္ ကို ေတြ႕လိုက္ရသည္။ ဝမ္အြန္း ကုတင္ေပၚကေနဆင္းကာ ဗီ႐ိုထဲမွ ေဆးပုလင္းေလးအား ထုတ္ၿပီး ေဆးေသာက္ဖို႔ျပင္လိုက္သည္။ အညိဳေရာင္ ေဆးလုံးေသးေသးေလးေတြက ဝမ္အြန္း လက္ထဲအေတာ္အသင့္က်လာၿပီး ေသာက္ရန္ျပင္လိုက္ေတာ့ ဝမ္ေယာလ္ က သူ႔လက္ကို လွမ္းကိုင္ကာ တားလိုက္သည္။

'ဒါ ဘာေဆးလဲ အြန္းေလး'

႐ုတ္တရက္ေရာက္လာေသာ ဝမ္ေယာလ္ ေၾကာင့္ ဝမ္အြန္း လန႔္သြားေပမဲ့ အမူအရာကိုထိန္းလိုက္ၿပီး

'ဘာေဆးလို႔ထင္လဲ'

'မင္း မဟုတ္မွ...'

'ဟုတ္တယ္။ ကိုယ္ဝန္မရေအာင္ေသာက္တဲ့ေဆး'

ဝမ္အြန္း စကားေၾကာင့္ ဝမ္ေယာလ္ အံ့ၾသသြားကာ

'ေဆးေလးတစ္ခြက္ကို အဲ့ေလာက္ေတာင္ေၾကာက္ေနတာလား'

'ေၾကာက္တာေပါ့။ မင္းဆိုရင္ေရာ မေၾကာက္ဘူးလား'

ဝမ္အြန္း ေျပာၿပီး လက္ကို႐ုန္းေပမဲ့ ဝမ္ေယာလ္ ကမလႊတ္ေပးတဲ့အျပင္ ဝမ္အြန္း လက္ေတြကိုခ်ဳပ္ကာ ေဆးဗူးပါလုလိုက္သည္။

'ဘာလုပ္တာလဲ!'

'အြန္းေလး က ကိုယ့္အမိန႔္နဲ႔ ကိုယ္ဝန္ရေစတဲ့ေဆးကိုေသာက္ရတာေလ။ အြန္းေလး မွာ တားေဆးေသာက္ခြင့္မရွိဘူး'

'႐ူးေနလား။ ငါ မင္းကေလးကိုမယူႏိုင္ဘူး။ ယူလည္းမယူဘူး'

'ဘာလို႔အဲ့ေလာက္ခါးခါးသီးသီးျဖစ္ေနတာလဲ။ တစ္ကယ္ဆို ေဆးက တစ္ခြက္တည္းေလ။ ရွီ႐ႊန္း ေတာင္ ႏွစ္လေသာက္ခဲ့ရတဲ့ေဆး။ အဲ့ေဆးအစြမ္းျပဖို႔ လိုအပ္တာေတြရွိေသးတယ္။ အြန္းေလး စိတ္သာပုံမွန္ဆိုရင္ ကိုယ္ဝန္ရွိလာစရာအေၾကာင္းမရွိဘူး'

ဝမ္ေယာလ္ စကားေၾကာင့္ ဝမ္အြန္း ၿငိမ္သြားသည္။

'ငါ့စိတ္က ပုံမွန္ပဲ'

'အဲ့ဒါဆို ဘာကမမွန္တာလဲ'

ဝမ္ေယာလ္ အေမးေၾကာင့္ ဝမ္အြန္း အၾကည့္လႊဲလိုက္သည္။

'ဒီတိုင္း..........ကာကြယ္တာ'

ဝမ္အြန္း စကားကို ဝမ္ေယာလ္ မယုံသလိုျဖင့္ၿပဳံးကာ

'အြန္းေလး ညာေနတာ။ ကိုယ့္ကိုအမွန္အတိုင္းေျပာ'

'ဘာကိုအမွန္အတိုင္းေျပာရမွာလဲ။ ေျပာစရာမရွိဘူး'

'အြန္းေလး!'

ဝမ္ေယာလ္ ဝမ္အြန္း ပုခုံးကို ကိုင္လိုက္ၿပီး

'အမွန္အတိုင္းေျပာစမ္းပါ။ အြန္းေလး ဖုံးကြယ္ထားတာရွိကိုရွိရမယ္။ အဲ့ဒါဘာလဲ။ ဂြၽန္ေျမာင့္ ေဆးက အြန္းေလး အေပၚ ဘယ္လိုသက္ေရာက္မႈေတြရွိလို႔ ဒီေလာက္ထိေၾကာက္ေနရတာလဲ'

ဝမ္ေယာလ္ တစ္ကယ္ကို နားမလည္ႏိုင္ေသာေၾကာင့္ ေမးေနျခင္းျဖစ္သည္။ ဝမ္အြန္း နဲ႔ဝမ္ေယာလ္ အႀကိမ္ေပါင္းမ်ားစြာ အတူေနခဲ့သည္။ ဒီလိုေဆးေတြေသာက္ခဲ့သည္ကေတာ့ ဒါပထမဆုံးအႀကိမ္ပင္။ သူ႔ရင္ေတြ ပူေနသည္။ ဝမ္အြန္း ကို ေဆးေသာက္ေစခဲ့ေပမဲ့ တစ္ကယ္တမ္း ကိုယ္ဝန္ေတာ့ မရသြားေစခ်င္ေပ။ ရွီ႐ႊန္း အစား စိတ္မေကာင္းျဖစ္ၿပီး အျပစ္ေပး႐ုံအေနျဖင့္ တစ္ခြက္ပဲေသာက္ခိုင္းခဲ့ျခင္းျဖစ္သည္။ သူသာ ဝမ္အြန္း ႏွင့္ ကေလးတစ္ကယ္လိုခ်င္ပါက တစ္ခြက္မက ေသာက္ခိုင္းခဲ့မွာအမွန္ပင္။

'ငါေဆးမေသာက္ေတာ့ဘူး။ ဘာကိုမွလည္းမကာကြယ္ေတာ့ဘူး။ မင္းေျပာသလို ေဆးေလး တစ္ခြက္ပဲေလ'

ဝမ္အြန္း အၿပဳံးမမည္ေသာအၿပဳံးတစ္ပြင့္ျဖင့္ေျပာကာ ေရခ်ိဳးေဆာင္သို႔ထြက္သြားသည္။ ဝမ္ေယာလ္ တစ္ေယာက္တည္းသာ သူ႔လက္ထဲတြက္ က်န္ေနခဲ့ေသာ ေဆးပုလင္းႏွင့္ ေဆးလုံးေလးေတြအား အေၾကာင္းမဲ့ ေငးၾကည့္ေနခဲ့သည္။

ဝမ္အြန္း ေရခ်ိဳးေဆာင္သို႔မဝင္ခင္ အေနာက္တြင္ ငူငိုင္ကာက်န္ေနခဲ့ေသာ ဝမ္ေယာလ္ အား လွည့္ၾကည့္လိုက္သည္။ ဝမ္အြန္း ခတ္လိုက္ေသာ မ်က္ေတာင္တစ္ခ်က္တြင္ ဘယ္ဘက္ပါးမွ မ်က္ရည္တို႔ စီးက်လာသည္။

'''ငါတို႔က မျဖစ္ႏိုင္ဘူး ေယာလ္။ မင္း အတၱေၾကာင့္ ငါနာက်င္ခဲ့သလို ငါ့အတၱေၾကာင့္လည္း မင္းနာက်င္ရလိမ့္မယ္။ အဲ့ဒါေၾကာင့္ ငါတို႔ႏွစ္ေယာက္ၾကားထဲ ကေလး မရွိေစရဘူး။ ဘာလို႔လဲဆိုေတာ့ မင္းကို ငါကိုယ္တိုင္သတ္မွာမို႔လို႔'''

ဝမ္အြန္း ေရခ်ိဳးေဆာင္ထဲဝင္ကာ တံခါးပိတ္လိုက္သည္။

ဝမ္အြန္း သူ႔ဗိုက္ေလးသူ ဖြဖြေလးကိုင္ကာ

'မေရာက္လာခဲ့နဲ႔။ ငါ အသိအမွတ္ျပဳမွာမဟုတ္ဘူး'

~~~~~~~~~~~~

ေန႔လည္ခင္း ေရာက္ေတာ့ ဝမ္အြန္း သူ႔အေဆာင္သူျပန္ကာ အိပ္ေနသည္။ ဝမ္အြန္း အိပ္ေပ်ာ္စျပဳခ်ိန္တြင္ နန္းတြင္းသမားေတာ္ႀကီး ေရာက္လာခဲ့သည္။

'သမားေတာ္ႀကီးေရာက္လာပါတယ္ ၾကင္ယာေတာ္မင္းသား'

အျပင္ကသတင္းေပးသံေၾကာင့္ ဝမ္အြန္း ႏိုးလာၿပီး

'ဝင္လာခဲ့'

ဝမ္အြန္း အိပ္မွာမို႔လို႔ ေပါ့ေပါ့ပါးပါးဝတ္ထားေသာ အျဖဴေရာင္ပိုးဝတ္စံအေပၚကေန ကုတင္ေဘးစားပြဲခုံေပၚတြင္ ေခါက္တင္ထားေသာ အဝါေရာင္အေပၚ႐ုံေလးအားယူကာ ဝတ္လိုက္ၿပီး ထိုင္ခုံတြင္ထိုင္ေနလိုက္သည္။

'ၾကင္ယာေတာ္မင္းသားကို ဂါဝရျပဳပါတယ္'

'အားလုံးထြက္သြားၾက'

'ဟုတ္ကဲ့ ၾကင္ယာေတာ္မင္းသား'

အထိန္းေတာ္ အပ်ိဳေတာ္ေတြအားလုံး ထြက္သြားၿပီး အခန္းထဲတြင္ ဝမ္အြန္း ႏွင့္သမားေတာ္ႀကီးသာက်န္ေနခဲ့သည္။

'ထိုင္ပါ'

'ဟုတ္ကဲ့ မင္းသား'

သမားေတာ္ႀကီး ထိုင္ခုံတြင္ထိုင္ၿပီးေနာက္ ဝမ္အြန္း စတင္ေမးလိုက္သည္။

'ဘယ္လိုျဖစ္ၿပီးေရာက္လာတာလဲ'

'အရွင္မင္းႀကီးလႊတ္လိုက္တာပါ။ မင္းသားမွာ ေရာဂါတစ္ခုခုရွိမလားဆိုၿပီး စစ္ခိုင္းလိုက္တာပါ'

'ေယာလ္ေလး ကလား'

ဝမ္အြန္း အစပိုင္းတြင္ေတာ့ စဥ္းစားသလိုျဖစ္သြားၿပီး ေနာက္မွ မနက္ကအေၾကာင္းျပန္ေတြးမိကာ

'ဟုတ္ေလာက္မယ္။ မနက္က သမားေတာ္ႀကီးေပးထားတဲ့ေဆး ေသာက္တာ သူေတြ႕သြားတယ္။ ေဆးဗူးေကာ ေဆးေတြေကာ သိမ္းသြားလို႔ ေဆးမေသာက္လိုက္ရဘူး'

'ဒါဆို မင္းသား'

'ခဏေလး ေျပာတာဆုံးေအာင္နားေထာင္ေပး။ မနက္ကေဆးမေသာက္ေတာ့ ေဆးေသာက္ခ်ိန္လြန္သြားတယ္။ မေန႔က ဟိုေဆးေသာက္လိုက္ရတာကိုလည္း သိၿပီးေလာက္ၿပီေပါ့။ အဲ့ဒါ အခုအခ်ိန္ ေဆးေသာက္ရင္ မွီဦးမလား'

'မမွီေတာ့ပါဘူး မင္းသား'

သမားေတာ္ႀကီးအေျဖေၾကာင့္ ဝမ္အြန္း မ်က္ႏွာပ်က္သြားသည္။

'ဒါဆို ငါ့ဆီမွာ ကေလး ရွိဖို႔က က်ိန္းေသသြားၿပီလား'

ဝမ္အြန္း အထစ္ထစ္အေငါ့ေငါ့ႏွင့္ ေမးလိုက္သည္။ သမားေတာ္ႀကီးလည္း မ်က္ႏွာမေကာင္းေပ။

'ဟုတ္ပါတယ္ မင္းသား'

ဝမ္အြန္း မ်က္ရည္ေလးေတြဝဲကာ

'ဟုတ္လား'

'မင္းသားရဲ႕ ခႏၶာကိုယ္အေျခအေနကို မင္းသား အသိဆုံးေလ။ အရင္ကတည္းက ေဆးေတြပုံမွန္ေသာက္ခဲ့ရတာေလ'

'အဲ့တုန္းက ယန္း ရွိေတာ့ ေျပတယ္။ အခုက လုံးဝ မေျပေတာ့တာ'

'ကြၽန္ေတာ္မ်ိဳး စမ္းသပ္လို႔ရမလား'

'အင္း'

ဝမ္အြန္း လက္ေလး စားပြဲေပၚတင္လိုက္ေတာ့ သမားေတာ္ႀကီးက လက္ေကာက္ဝတ္ေသြးေၾကာကို စမ္းကာ

'မင္းႀကီးတိုက္တဲ့ေဆးက မင္းသားကိုယ္ထဲမွာရွိေနတဲ့ သားအိမ္ကို ပိုၿပီး ႏႈိးဆြလိုက္သလိုျဖစ္သြားပါတယ္။ ၿပီးေတာ့ ေဆးမေသာက္လိုက္ေတာ့ ပိုၿပီး က်ိန္းေသသြားပါတယ္ မင္းသား။ ေနာက္လေလာက္က်ရင္ ကေလးရဲ႕ေသြးခုန္ႏႈန္းကိုပါ စမ္းသပ္မိေလာက္ပါတယ္'

'ဒါဆို ေသခ်ာသြားၿပီေပါ့'

'ဟုတ္ပါတယ္'

'ေကာင္းၿပီေလ။ အဲ့လိုဆိုေတာ့လည္း ႀကိဳၿပီးျပင္တင္ထားတာေပါ့'

ဝမ္အြန္း သူ႔လက္ေတြကို ျပန္သိမ္းကာ

'တစ္လအတြင္း ကိုယ္ဝန္ပ်က္က်ေအာင္လုပ္ေပး'

'မင္းသား'

သမားေတာ္ႀကီး မ်က္လုံးျပဴးသြားသည္။ ဝမ္အြန္း ထိုမွ်အထိ ေသြးေအးမွန္းမသိခဲ့ေပ။

'ကြၽန္ေတာ္မ်ိဳးမလုပ္ေပးႏိုင္ပါဘူး မင္းသား။ တစ္ကယ္ဆိုရင္ ဒီကေလးက ေတာ္ဝင္ေသြး အစစ္ပါ။ မိဖုရားနဲ႔ ၾကင္ယာေတာ္ ကေလးကေတာင္ သာမန္လူေသြးေရာေနပါေသးတယ္။ မင္းႀကီးနဲ႔မင္းသားက ေတာ္ဝင္မိသားစုကေနေမြးဖြားလာေတာ့....'

'အဲ့ဒါေၾကာင့္မို႔လို႔ ငါမလိုခ်င္တာ။ ေယာလ္ေလး က ငါ့ညီ။ သူ႔အစ္ကိုျဖစ္တဲ့ငါက သူ႔ကေလးကို ေမြးေပးရမွာလား'

'မင္းသား စိတ္ကိုၿငိမ္ၿငိမ္ထားၿပီး သမိုင္းကိုျပန္ေတြးၾကည့္ပါ။ အတိတ္တုန္းက ေတာ္ဝင္ေသြးသားပဲရေအာင္ ေမာင္ႏွမဝမ္ကြဲခ်င္း လက္ဆက္ၿပီးကေလးယူခဲ့ၾကပါတယ္။ မင္းႀကီးနဲ႔ မင္းသားလည္း အဲ့လိုပါပဲ။ မိခင္မတူၾကပါဘူး။ မိခင္မတူရင္ ညီအစ္ကိုလို႔ မေခၚႏိုင္ပါဘူး မင္းသား'

'ေတာ္ေတာ့။ ငါေျပာသလိုပဲလုပ္။ ဒါအမိန႔္ပဲ'

ဝမ္အြန္း အမိန႔္ေၾကာင့္ သမားေတာ္ႀကီး ခ်က္ခ်င္းဒူးေထာက္ကာ

'ကြၽန္ေတာ္မ်ိဳး ျငင္းဆန္ပါရေစ။ ေတာ္ဝင္ေသြးကိုသတ္တာက ေသရင္ေတာင္ က်ိန္စာအသင့္ခံရႏိုင္ပါတယ္။ မင္းႀကီးသိခဲ့ရင္လည္း ေဆြစဥ္မ်ိဳးဆက္အကုန္အသတ္ခံရမွာပါ။ ၿပီးေတာ့ အရင္မင္းႀကီးေပးခဲ့တဲ့တာဝန္ကို ကြၽန္ေတာ္မ်ိဳး အေကာင္းဆုံး ေက်ပြန္ေအာင္ထမ္း႐ြက္ခဲ့ၿပီးပါၿပီ။ အဲ့ဒါေၾကာင့္ ေက်းဇူးျပဳၿပီး အမိန႔္ကိုျပန္႐ုပ္သိမ္းေပးပါ'

'သမားေတာ္ႀကီး...အခု ခင္မ်ားကပါ အမိန႔္လြန္ဆန္ေနတာလား'

'ဒီအမိန႔္ကလြဲရင္ က်န္တာအကုန္နာခံပါ့မယ္။ သမားေတာ္ဌာနက အၿမဲတမ္း မင္းသားဘက္မွာပါ'

ဝမ္အြန္း တစ္ကယ္အခက္ေတြ႕သြားသည္။ သူ႔အေနနဲ႔ သမားေတာ္ဌာနကို ဘာမွအျပစ္မေပးခ်င္ေပ။ သူ႔လက္ေအာက္တြင္ရွိမွန္း ဘယ္သူမွမသိေသာ ဌာနသည္ သမားေတာ္ဌာနျဖစ္သည္။ အရင္မင္းႀကီးလက္ထက္ကတည္းက သမားေတာ္ႀကီးအား သမားေတာ္ဌာနကို အုပ္ခ်ဳပ္ေစခဲ့ၿပီး ဝမ္အြန္း အား တိတ္တဆိတ္ေစာင့္ေရွာက္ေစခဲ့သည္။ ထို႔ေၾကာင့္ ဝမ္ေယာလ္ ႏွိမ္ႏွင္းျခင္လည္း မခံခဲ့ရေပ။ ဂြၽန္ေျမာင္ ကိုယ္တိုင္ေတာင္ ထိုအျဖစ္အပ်က္အားမသိေပ။

'ထားလိုက္ေတာ့'

'ေက်းဇူးတင္ပါတယ္မင္းသား'

'အဲ့ဒါဆို တျခားဟာသြားတာေပါ့။ ေယာလ္ေလး အေမ ကိစၥကေကာ ဘယ္လိုလဲ'

'မင္းသားခိုင္းတဲ့အတိုင္း လုပ္ေပးထားပါတယ္'

'ေကာင္းတယ္။ ဒီလအတြင္း လုပ္ငန္းစမယ္။ သမားေတာ္ႀကီးက ဘတ္ဂ်ယ္ကိုအရင္သြားႏွင့္ပါ။ ကြၽန္ေတာ္လုပ္ငန္းစၿပီဆိုတာနဲ႔ ယူေဆာင္း ဆီသြားပါ'

ဝမ္အြန္း ေ႐ႊတံဆိပ္ျပားတစ္ခုအား ေပးလိုက္သည္။

'အဲ့တံဆိပ္ရွိရင္ နယ္စပ္ဂိတ္ေတြကိုပါ ေအးေအးေဆးေဆးျဖတ္ေက်ာ္ႏိုင္လိမ့္မယ္။ ၿပီးတာနဲ႔'

ဝမ္အြန္း စာအိတ္တစ္အား စားပြဲခုံေပၚခ်ေပးကာ

'ဒီစာကို ယူေဆာင္း ကိုေပးလိုက္။ ဘာဆက္လုပ္ရမလဲ သူသိလိမ့္မယ္'

'အမိန႔္အတိုင္းေဆာင္႐ြက္လိုက္ပါမယ္ မင္းသား'

'ေကာင္းၿပီ။ ျပန္ေတာ့'

'ဟုတ္ကဲ့ မင္းသား'

သမားေတာ္ႀကီး အျပင္ထြက္သြားေတာ့မွ ဝမ္အြန္း သူလုပ္ရမည့္အခ်ိန္ေတြႏွင့္ ေဆးခတ္ထားေသာအခ်ိန္ေတြကို ျပန္ေတြးေနသည္။

' ဒီပုံစံတိုင္းဆို ရွီ႐ႊန္း ကိုေတာ့ ငါနဲ႔အတူေခၚသြားမွရေတာ့မယ္'

ဝမ္အြန္း စားပြဲခုံေအာက္ၾကမ္းျပင္ရွိ လွ်ိဳ႕ဝွက္အခန္းထဲမွ ေဆးထုပ္ေတြကို ထုတ္လိုက္သည္။

'မင္းျငင္းဆန္ခ်င္ရင္ေတာင္ ျငင္းလို႔မရေအာင္လုပ္ေပးမယ္'

ဝမ္အြန္း ေဆးထုပ္ကိုၾကည့္ကာ မဲ့ၿပဳံးေလးၿပဳံးလိုက္သည္။

~~~~~~~~~

ရွီ႐ႊန္း သမားေတာ္ႀကီး ေျပာေသာေဆးအမယ္ေတြစုကာ ဝမ္ေဆာႏို အတြက္ ေဆးက်ိဳေပးေနသည္။ အေရးႀကီးသည့္ေဆးျဖစ္ေသာေၾကာင့္ တျခားသူကိုေတာင္မခိုင္းေစဘဲ သူကိုယ္တိုင္က်ိဳေနသည္။

တစ္ေန႔တစ္ေန႔ အားနည္လာေသာ ေဆာႏို သည္ အခုအခ်ိန္တြင္ အိပ္ယာကပင္မထႏိုင္ေတာ့ပင္။ အစတုန္းကေတာ့ ကိုယ္ဝန္ေၾကာင့္ဟု ထင္ခဲ့ေသာ္လည္း တျဖည္းျဖည္းဘာေရာဂါျဖစ္မွန္း သမားေတာ္ေတြေတာင္အေျဖရွာမရခဲ့ေပ။ နန္းတြင္းသမားေတာ္ႀကီးကိုယ္တိုင္ စမ္းသပ္ေသာ္လည္း သူသည္လည္း အေျဖရွာမရခဲ့ေပ။ အေကာင္းဆုံးဟုထင္ရေသာေဆးကိုသာ ေျပာလာေသာေၾကာင့္ သူကိုယ္တိုင္ ေဆးက်ိဳခဲ့ျခင္းျဖစ္သည္။ သူ႔စိတ္ထဲ ဝမ္ေဆာႏို ၏ ေနမေကာင္းျဖစ္ေနမႈသည္ ဝမ္အြန္း ႏွင့္ တစ္စုံတစ္ခုပက္သက္ေနမွန္း ခံစားေနရသည္။

'အထိန္းေတာ္မို'

ရွီ႐ႊန္း ေဆးရည္ေတြကို ေႂကြပန္းကန္လုံးေလးထဲ ထည့္လိုက္ၿပီး

'သယ္ခဲ့လိုက္'

'ဟုတ္ကဲ့ ၾကင္ယာေတာ္'

ရွီ႐ႊန္း ထြက္သြားေတာ့မွ အထိန္းေတာ္မို အက်ႌလက္ထဲတြင္ ဝွက္ထားေသာ အထုပ္ေလးကိုအထုပ္ကိုျဖည္ကာ ေဆးခြက္ထဲ  ေဆးမႈန႔္ေတြထည့္လိုက္သည္။ ၿပီးမွ ဗန္းတစ္ခုထဲထည့္ကာ ယူသြားသည္။

ရွီ႐ႊန္း ၏ သံသယျဖစ္တတ္ေသာ စိတ္ကို ဝမ္အြန္း သိေသာေၾကာင့္ ထိုသိုလုပ္ခိုင္းထားျခင္းျဖစ္သည္။ မထင္မွတ္ဘဲ ရွီ႐ႊန္း က ဝမ္အြန္း ေထာင္ေခ်ာက္ထဲ ခဏေလးနဲ႔ဝင္လာခဲ့သည္။

ဝမ္အြန္း ခန႔္မွန္းခ်က္အရ ေနာက္ႏွစ္ပတ္ေနရင္ ေသခ်ာေပါက္ ဝမ္ေဆာႏို ေသလိမ့္မည္။

~~~~~~~~~~~~THE THRONE~~~~~~~~~~~~

သုံးပတ္ေျမာက္ေသာ္

ဝမ္ေယာလ္ မနက္ခင္းညီလာခံက်င္းပေနတုန္း ဝမ္ေဆာႏို ေသြးေတြအန္ကာ သတိလစ္သြားေၾကာင္း သတင္းေပးလာသည္။

'ဘယ္လိုျဖစ္တာလဲ။ ငါ့ကို အေၾကာင္းစုံ ေလွ်ာက္တင္စမ္း'

'မိဖုရားက ၾကင္ယာေတာ္ တိုက္တဲ့ေဆးကိုေသာက္ၿပီး ေသြးေတြအန္ကုန္တာပါ။ အဲ့ဒါအျပင္...ဟို ...ဟို'

အပ်ိဳေတာ္က ေျပာရခက္ေနဟန္မ်ိဳးျဖင့္ မ်က္ႏွာပ်က္ေနေသာေၾကာင့္ ညီလာခံအတြင္းရွိ အမတ္ေတြလည္း စိတ္မရွည္ျဖစ္ကာ

'ဘာလိုဆက္မေျပာတာလဲ။ ေျပာေလ'

'မင္းႀကီး ရဲ႕ ရင္ေသြး မ.မရွိေတာ့ပါဘူး'

ဝမ္ေယာလ္ ထိုင္ေနရင္းကေန မတ္တပ္ရပ္သြားၿပီး အံ့ၾသသြားကာ

'ဘာ.ဘာျဖစ္တယ္'

'မင္းႀကီးရဲ႕ ရင္ေသြးကို ဆုံးရႈံးလိုက္ရပါၿပီ'

အပ်ိဳေတာ္မွာ ေျပာလည္းေျပာ ငိုလည္းငိုေနသည္။ ဝမ္ေယာလ္ အားပ်က္သြားသည့္ႏွယ္ ပုလႅင္ေပၚထိုင္ခ်ကာ မ်က္ရည္ေတြဝဲေနသည္။

ဝမ္ေဆာႏို အေၾကာင္းၾကားလိုက္ရသည့္ အမတ္ေတြလည္း အံ့ၾသလြန္းလို႔ ဘာေျပာရမလဲမသိျဖစ္ကုန္ၾကသည္။ ထိုထဲကမွ အမတ္တစ္ေယာက္က အေျခအေနကိုသုံးသပ္ကာ

'လုပ္ႀကံမႈလား .... ၾကင္ယာေတာ္ကလည္း မင္းႀကီးရင္ေသြးလြယ္ထားရတာေလ။ တစ္ကယ္လို႔ မိဖုရားကေလးသာရွိေနရင္ သူ႔ကေလး အေရးမေပးခံရမွာစိုးလို႔...'

'တိတ္စမ္း...ရွီ႐ႊန္း မွာအဲ့လိုစိတ္မရွိဘူး'

'ဒါေပမဲ့ မင္းႀကီး အေျခအေနကိုသုံးသပ္ၾကည့္ရင္ ျဖစ္ႏိုင္ေခ်မ်ားပါတယ္။ မိဖုရားက ၾကင္ယာေတာ္တိုက္တဲ့ေဆးေသာက္ၿပီးမွ ျဖစ္သြားတာပါ'

'ဒီကိစၥကို ငါေသခ်ာစုံစမ္းမွာမို႔လို႔ ဒီေန႔ ညီလာခံသိမ္းမယ္'

ဝမ္ေယာလ္ ေျပာၿပီး အမတ္ေတြရဲ႕ ႏႈတ္ဆက္သံကိုေတာင္နားမေထာင္ေတာ့ဘဲ ဝမ္ေဆာႏို အေဆာင္ဆီ ထြက္သြားသည္။

~~~~~~~

ဝမ္ေယာလ္ နန္းေဆာင္

ဝမ္အြန္း သူ႔လက္ေကာက္ဝတ္က ေသြးေၾကာကို ကိုယ္တိုင္စမ္းေနတုန္း အထိန္းေတာ္ဝင္လာကာ

'မိဖုရားနန္းေဆာင္ကို အျမန္သြားရပါမယ္ မင္းသား'

'ဘာကိစၥရွိလို႔လဲ'

'မိဖုရား ကိုယ္ဝန္ပ်က္က်ၿပီး အသက္လုေနရပါတယ္'

'ဘယ္လိုျဖစ္တာလဲ'

'အေၾကာင္းစုံကေတာ့ သမားေတာ္ႀကီးပဲရွင္းျပႏိုင္မယ္ထင္ပါတယ္။ မင္းႀကီးလည္း မိဖုရားအေဆာင္ဆီ သြားေနၿပီမို႔လို႔ ကြၽန္ေတာ္တို႔လည္း အျမန္သြားရပါမယ္'

'ေကာင္းၿပီေလ'

ဝမ္အြန္း အျပင္ထြက္ရန္ျပင္ေတာ့ အထိန္းေတာ္ႀကီးက အေပၚ႐ုံ သိုးေမႊးအျဖဴေရာင္ေလး ဝတ္ေပးသည္။ ၿပီးမွ အျပင္ကို ထြက္ေစသည္။

~~~~~~~

ဝမ္ေယာလ္ နဲ႔ ဝမ္အြန္း မိဖုရားအေဆာင္ေရာက္သြားခ်ိန္တြင္ ရွီ႐ႊန္း မွာ
မိဖုရားအေဆာင္တြင္သာ ရွိေနေသးသည္။

သူ႔အေနျဖင့္လည္း ေတာ္ေတာ္လန႔္သြားေလာက္သည္။ ေန႔တိုင္းသူတိုက္ေနေသာေဆးေၾကာင့္ မိဖုရား အားအင္ျပန္ျပည့္လာသလိုခံစားရေသာေၾကာင့္ စိတ္ေအးေနရာမွ ဒီေန႔ ႐ုတ္တရက္ ေသြးေတြအန္ကာ ကိုယ္ဝန္ပါပ်က္က်သြားခဲ့သည္။ နန္းတြင္းသမားေတာ္ႀကီးႏွင့္ ဂြၽန္ေျမာင္ တို႔ႏွစ္ေယာက္ေပါင္းၿပီး ကုေပးေနပါေသာ္လည္း ဝမ္ေဆာႏို ၏ အသက္ရွဴသံမွာ တျဖည္းျဖည္းတိုးသြားသည္။

'မင္းႀကီး'

အိပ္ေဆာင္ထဲကေန ဂြၽန္ေျမာင္ ထြက္လာေသာေၾကာင့္ သူတို႔သုံးေယာက္လုံး မိဖုရားသတင္းကို ရင္တထိတ္ထိတ္နဲ႔ နားေထာင္ေနၾကသည္။

'အေျခအေနဘယ္လိုရွိလဲ ဂြၽန္ေျမာင္'

'မိဖုရား မိဖုရား အဆင္ေျပတယ္မို႔လား'

ဝမ္ေယာလ္ ႏွင့္ ရွီ႐ႊန္း ေမးေနၾကေသာ္လည္း ဝမ္အြန္း ကေတာ့ဘာမွမေမးေပ။ သူ႔ေဆးက လူကိုအားနည္းကာ ကိုယ္ဝန္ပ်က္က်ေစေသာ ေဆးျဖစ္သည္။ သို႔ေသာ္ ေဆးတစ္မ်ိဳးပဲဆိုရင္ ထိုေဆးကမထိေရာက္ေပ။ အရင္ကတည္းက ဝမ္အြန္း ကထိုအေျခအေနကိုသိေသာေၾကာင့္ သူ႔မယ္ေတာ္ကို မုန႔္ေတြထဲတြင္ ေဆးခတ္ရန္ေျပာထားေလသည္။ ထိုေဆးေတြကလည္း အားအင္ေလ်ာ့ေဆးသာျဖစ္သည္။ ေဆးႏွစ္မ်ိဳးသည္ ခႏၶာကိုယ္ထဲတြင္ အခ်ိဳးက်စြာ ဓာတ္ျပဳသြားေသာအခါ ကိုယ္ဝန္ကို ပ်က္က်ေစသြားသည္။ သို႔ေပမဲ့ လူေတာ့မေသေပ။ အခုအေျခအေနအရ ၾကားထဲတြင္ ေဆးကတစ္ခုခုလြဲေခ်ာ္သြားပုံရၿပီး ဝမ္ေဆာႏို အသက္ပါ ႏုတ္ယူသြားမည္ထင္သည္။

'အေျခအေနမေကာင္းပါဘူး မင္းႀကီး'

ဂြၽန္ေျမာင္ ဦ မ်က္ႏွာမေကာင္းစြာ ေျပာျပမႈအား နားေထာင္ၿပီး ရွီ႐ႊန္း လဲက်သြားသည္။

'ေလွ်ာက္မေျပာနဲ႔ ဂြၽန္ေျမာင္။ မင္းအလုပ္က ငါတို႔နဲ႔စကားမေျပာဘဲ ေဆာႏို ကို သြားကယ္ေနရမွာေလ။ သမားေတာ္ႀကီးကို ကူညီေပးေနရမွာေလ။ သြား အခုခ်က္ခ်င္း'

ဂြၽန္ေျမာင္ ေျပာတာၾကားၿပီး ဝမ္အြန္း ပါ လန႔္သြားသည္။ သူ ဝမ္ေဆာႏို ကို အေသသတ္ဖို႔အထိေတာ့ မေတြးခဲ့ေပ။

'အခု မင္းေျပာတာ အမွန္ပဲလား'

ဝမ္အြန္း ေမးလိုက္ေတာ့ ဂြၽန္ေျမာင္ ေလးပင္စြာ ေခါင္းၿငိမ့္ျပၿပီး

'ဟုတ္ကဲ့'

ဝမ္ေယာလ္ က်လာေသာ မ်က္ရည္တို႔အား သုတ္ပစ္ကာ

'ငါမယုံဘူး'

ဝမ္ေယာလ္ ပုလဲေတြျဖင့္ ႀကိဳးဆြဲခ်ထားေသာလိုက္ကာအား ဖယ္ကာ အိပ္ေဆာင္ထဲဝင္သြားသည္။

ဝမ္အြန္း အိပ္ေဆာင္ထဲ ဝင္သြားေသာ ဝမ္ေယာလ္ ေနာက္ေက်ာအား ဝမ္းနည္းစြာ ၾကည့္ေနသည္။

'မင္းႀကီး'

နန္းတြင္းသမားေတာ္ႀကီးသည္ သူ႔ပစၥည္းေတြသိမ္းၿပီး ဝမ္ေယာလ္ ဆီလာဖို႔ျပင္ေနတုန္း ဝမ္ေယာလ္ ဝင္လာတာကိုျမင္လိုက္ရသည္။

'ေဆာႏို'

'မင္းႀကီး'

ႏႈတ္ခမ္းေလးေတြ ျဖဴေဖ်ာ့ကာ ဝမ္းနည္းစြာၿပဳံးျပေနေသာ သူမအတြက္ ဝမ္ေယာလ္ ျပန္လည္မၿပဳံးျပႏိုင္ခဲ့ေပ။

ဝမ္ေယာလ္ ေဆာႏို အိပ္ယာဆီသြားကာ ေခါင္းရင္းတြင္ ထိုင္ၿပီး ေဆာႏိုအား ရင္ခြင္ထဲ၌ လွဲေစကာ ဖက္ထားသည္။

ရင္ခြင္ထဲကေန ေမာ့ၾကည့္ေနေသာ ေဆာႏို သည္ ဝမ္ေယာလ္ အား ေတာင္းပန္ခ်င္ေနသည္၊

'ေတာင္းပန္ပါတယ္ မင္းႀကီး။ မင္းႀကီး ရင္ေသြးကို ေဆာႏို မကာကြယ္ႏိုင္ခဲ့ဘူး'

'ေဆာႏို သာ ေနေကာင္းေအာင္ေနပါ။ ကေလးက ထပ္ယူလို႔ရတာပဲကို'

'မင္းႀကီး....ေဆာႏို ကိုယ့္အေျခအေနကိုသိပါတယ္။ မင္းႀကီးနဲ႔ခြဲရေတာ့မွာမို႔လို႔ ဝမ္းနည္းေပမဲ့ မင္းႀကီးရင္ခြင္ထဲမွာေနၿပီး ေသခြင့္ရတာကိုပဲ ေဆာႏို ေသေပ်ာ္ပါၿပီ'

'ဘာလို႔ နိမိတ္မရွိတာေတြေျပာေနတာလဲ။ အခုအခ်ိန္မွာ အားေလ်ာ့ေစမဲ့စကားမေျပာဘဲနဲ႔ အျမန္ဆုံးေနေကာင္းေအာင္လုပ္ပါ'

'မင္းႀကီးကို ေနာက္ဆုံးအေနနဲ႔ ေမးခြင့္ျပဳပါ'

'ေမးပါ။ ေဆာႏို ေမးခ်င္ရင္ အမ်ားႀကီး ေမးလို႔ရပါတယ္'

ဝမ္ေယာလ္ အေျပာေၾကာင့္ ဝမ္ေဆာႏို ရီၿပီး ေခါင္းခါျပကာ

'အမ်ားႀကီးမေမးႏိုင္ေတာ့ပါဘူး။ တစ္ခုပဲ.....မင္းႀကီး ေဆာႏို ကို တစ္ကယ္ခ်စ္ခဲ့လား'

ဝမ္ေယာလ္ မ်က္ႏွာပ်က္သြားသည္။

'စိတ္ဝင္စားခဲ့တယ္။ အဲ့ဒါပဲ အဲ့ထက္ေတာ့မပိုခဲ့ဘူး'

ဝမ္ေယာလ္ အေျဖအား ေဆာႏို ၿပဳံးကာ

'ေက်းဇူးတင္ပါတယ္။ စိတ္ဝင္စားခဲ့ေပးလို႔။ ေဆာႏို က အစားထိုးခဲ့တယ္ထင္ေနတာ'

ဝမ္ေဆာႏို ကို ဖက္ထားေသာ ဝမ္ေယာလ္ လက္ေတြ တင္းၾကပ္သြားသည္။

'ေဆာႏို တစ္ခုေလာက္ေတာင္းဆိုပါရေစ။ ရွီ႐ႊန္း ကို မသတ္ပါနဲ႔။ သူလည္း လုပ္ႀကံခံရတာေနမွာပါ။ အျပစ္နည္းနည္းေပးၿပီး ခြင့္လႊတ္ေပးလိုက္ပါ'

'ေဆာႏို '

ဝမ္ေယာလ္ ေဆာႏို ၏ ေတာင္းဆိုမႈေၾကာင့္ အံ့ၾသသြားသည္။ ေဆာႏို သိေနသည္။

'ၿပီးေတာ့ ၾကင္ယာေတာ္မင္းသားရဲ႕ အခ်စ္ကိုလည္း ျပန္ရပါေစ'

ဝမ္ေဆာႏို ေျပာၿပီး ဝမ္ေယာလ္ အား တစိမ့္စိမ့္ၾကည့္ရင္း မ်က္လုံးေတြမွိတ္သြားသည္။

ေနာက္ဆုံးအခ်ိန္အထိ အမုန္းေတြမထားဘဲ ေအးခ်မ္းစြာအနားယူသြားေသာ ဝမ္ေဆာႏို ေၾကာင့္ ဝမ္ေယာလ္ ဝမ္းနည္းသြားသည္။ အနည္းဆုံးေတာ့ အစားထိုးခ်စ္ခဲ့လို႔ သူ႔ကို စိတ္ဆိုးေနမယ္ထင္ေနတာ။

ဝမ္ေယာလ္ ဝမ္ေဆာႏို အား ဖက္ကာ ငိုေနသည္။

ဝမ္အြန္း မွအပ နန္းေတာ္တစ္ခုလုံး မိဖုရားေသဆုံးျခင္းအတြက္ ဒူးေထာက္ကာ ငိုေႂကြးေနၾကသည္။

ဝမ္အြန္း လည္း အိပ္ေဆာင္ထဲဝင္ကာ အသက္မရွိေတာ့ၿပီျဖစ္ေသာ ေဆာႏို အေလာင္းအား ၾကည့္ေနသည္။ ဝမ္ေယာလ္ ကေတာ့ ဖက္ထားတာကိုမလႊတ္ေသးေပ။

'ေတာင္းပန္ပါတယ္'

ဝမ္အြန္း မ်က္ရည္က်ကာ ေတာင္းပန္မိသည္။ သူ႔ကိုဆို အၿမဲေလးစားကာ ေၾကာက္ေနခဲ့ေသာ ဝမ္ေဆာႏို သည္ သူ႔ေၾကာင့္ ေသသြားခဲ့ေလၿပီ။ ေနာက္ဆုံးအခ်ိန္အထိ သူ႔ကို မမုန္းသြားေသာ ဝမ္ေဆာႏို အားၾကည့္ရင္း ထပ္တလဲလဲေတာင္းပန္ေနမိသည္။

မၾကာခင္အခ်ိန္မွာပဲ ဝမ္ေဆာႏို ၏မိသားစုေရာက္လာၿပီး မိဖုရားဈာပနအတြက္ျပင္ဆင္ၾကသည္။ ဝမ္ေယာ လည္း ဝမ္ေဆာႏို သတင္းၾကားကာ မူးလဲသြားၿပီး ျပန္မႏိုးလာေတာ့ေပ။

ဝမ္ေဆာႏို က မိဖုရားေခါင္မဟုတ္သည့္တိုင္ ဒုတိယအျမင့္ဆုံးေနရာတြင္ ရွိေသာေၾကာင့္ နန္းေတာ္တစ္ခုလုံးအျဖဴေရာင္ဝတ္ကာ ေၾကကြဲဝမ္းနည္းေၾကာင္းျပရသည္။ ဝမ္ေယာလ္ က တစ္ပတ္တိတိ မိဖုရားေသဆုံးျခင္းအား မစုံစမ္းေစဘဲ ဈာပနသာ ေဆာင္႐ြက္ခိုင္းခဲ့သည္။ တစ္ပတ္ျပည့္ၿပီးသည့္ေနာက္မွာမွ ရွီ႐ႊန္း အေဆာင္အား စစ္ေဆးကာ ေဆးထုပ္ေတြကို ေတြ႕သြားခဲ့သည္။

ဝမ္အြန္း မိဖုရား အား ဂူမသြင္းခင္တြင္ ေနာက္ဆုံးအေနျဖင့္ လာေရာက္ႏႈတ္ဆက္သည္။

'ေဆာႏို ေအးေအးခ်မ္းခ်မ္းေနပါေတာ့။ ငါမေျပာလည္း မင္းက အၿမဲ ေအးခ်မ္းေနတဲ့သူပါ။ ငါကသာ အၿမဲတမ္း ပူေလာင္ေနတာ'

ဝမ္အြန္း စကၠဴျဖဴအား မီးခြက္ထဲ ထည့္ရႈိ႕လိုက္ရင္း

'ငါ့ကို အားမက်နဲ႔ ေဆာႏို။ ငါကသာ မင္းကို အၿမဲအားက်ေနခဲ့တာ။ မင္းဆီမွာက မင္းမိဘေတြ ရွီ႐ႊန္း နဲ႔ ေယာလ္ေလး လည္းရွိတယ္။ မင္းကို မုန္းတဲ့သူလည္းမရွိဘူး။ သတ္ခ်င္တဲ့သူလည္းမရွိဘူး။ လုယူခံရတာလည္းမရွိဘူး။ အလိုေလာဘလည္းမရွိေတာ့ ေအးခ်မ္းေနခဲ့တာေပါ့။ ငါ့ဆီမွာဆိုရင္ တစ္ေယာက္မွမရွိဘူး။ ငါ့ကိုသတ္ခ်င္တဲ့သူေတြထဲမွာ ငါ့အစ္ကိုေတြက ထိပ္ဆုံးကပဲ။ ငါ့ထီးနန္း၊ ငါ့ပိုင္ဆိုင္မႈေတြ၊ ငါ့ရဲ႕ သစၥာေတာ္ခံေတြ၊ ငါ့အရွက္သိကၡာေတြ အားလုံးလုယူခံလိုက္ရတယ္။ အဲ့ဒါေတြေၾကာင့္ ငါ့ဆီမွာ အမုန္းေတြျဖစ္လာတယ္။ အတၱေတြျဖစ္လာတယ္။ အဲ့ေတာ့ ငါအၿမဲပူေလာင္ေနရတယ္'

ဝမ္အြန္း စကၠဴေတြအား ထပ္မံ၍ရႈိ႕လိုက္သည္။

'မင္းအားက်ေနတာ ငါရဲ႕ မာနတံတိုင္းပဲ။ ငါ့ရင္ထဲ ဘယ္ေလာက္ထိ စုတ္ျပတ္ေနၿပီလဲဆိုတာ မင္းမသိပါဘူး။ အခ်စ္ဆိုတဲ့အရာေၾကာင့္ ဒီလိုေတြျဖစ္ေနတာ။ မင္း အခ်စ္မခံရတာေကာင္းတယ္။ ဝမ္ေယာလ္ အခ်စ္က သူခ်စ္တဲ့လူကို ပင္ပန္းေစလိမ့္မယ္'

နန္းေဆာင္ထဲတြင္ ကာထားေသာ အျဖဴေရာင္လိုက္ကာေတြသည္ ေလအေဝွ႔တြင္ ယိမ္းႏႊဲ႕သြားသည္။

'ဒါေပမဲ့ စိတ္မပူပါနဲ႔။ ငါမင္းကို တစ္ေယာက္တည္းမသြားခိုင္းပါဘူး'

ဝမ္အြန္း ဝွက္လာေသာ ဓားေျမႇာင္အား ထုတ္ကာ အေခါင္းအေနာက္ဘက္ရွိ နံရံဆီကို ေလွ်ာက္သြားသည္။ ၿပီးေနာက္ လ်ိဳ႕ဝွက္တံခါးဖြင့္ကာ အထဲဝင္သြားသည္။

'ဒီနန္းေဆာင္းက ေယာလ္ေလး အေမ နန္းေဆာင္နဲ႔ အနီးဆုံးပဲ'

ဝမ္အြန္း တျဖည္းျဖည္းေလွ်ာက္သြားကာ

'ငါ့ကို မင္းကိုယ္တိုင္ ေသမိန႔္ေပးေစရမယ္'

တစ္ေနရာေရာက္ေတာ့ ဝမ္အြန္း တံခါးကိုဖြင့္လိုက္သည္။ ေနရာသည္ ဝမ္ေယာ အေဆာင္ရွိနံရံတြင္ ျဖစ္ေနသည္။

ဝမ္ေယာ က အိပ္ယာေပၚတြက္အိပ္ေပ်ာ္ေနတုန္းျဖစ္သည္။ အရမ္းလိုခ်င္ေနေသာ ေျမးႏွင့္ ေခြၽးမအား တစ္ခ်ိန္တည္းတြင္ ဆုံးရႈံးလိုက္ရေသာေၾကာင့္ ေသြးတက္ေနတာ ျဖစ္ႏိုင္သည္။

ဝမ္အြန္း အိပ္ေပ်ာ္ေနေသာ ဝမ္ေယာ အား ႏႈိးလိုက္သည္။

'မင္း မင္းဘယ္လိုလုပ္ ငါ့အခန္းထဲေရာက္ေနတာလဲ'

ဝမ္ေယာ မွာ ရန္လည္းေတြ႕ခ်င္ အားလည္းမရွိျဖစ္ေနသည္။ မရွိဆိုရေအာင္ ဝမ္အြန္း က သမားေတာ္ဌာနအား ဝမ္ေယာ ေသာက္မည့္ေဆးထဲတြင္ အဆိပ္ခတ္ရန္ ၫႊန္ၾကားထားေသာေၾကာင့္ျဖစ္သည္။

'ဘယ္လိုေရာက္ေနလဲဆိုေတာ့ ဒီတိုင္း လမ္းေလွ်ာက္လာတာေပါ့။ အဲ့ဒါထက္ ေမးသင့္တာက ဘာလို႔ ေရာက္ေနတာလဲဆိုၿပီးေလ'

ဝမ္အြန္း က ဓားေျမႇာင္အား ေဆာ့ေနရင္း ေျပာေတာ့ ဝမ္ေယာ လန႔္သြားၿပီး

'ဘာ.ဘာလို႔ ေရာက္ေနတာလဲ'

'အခုမွေမးခြန္းမွန္သြားတာ'

ဝမ္အြန္း ခ်စ္စရာေကာင္းေအာင္ ၿပဳံးလိုက္ၿပီး

'ခင္မ်ားကို သတ္မလို႔ ေရာက္ေနတာ'

'ဘာေျပာတယ္။ မင္းသတ္ခ်င္တိုင္းသတ္လို႔ရမယ္ထင္လား။ ဒါက ပုန္ကန္မႈေျမာက္တယ္ေနာ္။ ငါက မင္းမယ္ေတာ္ႀကီး။ ငါ့ကိုသတ္ရင္ ေသဒဏ္ပဲ'

'သိတယ္။ တမင္တကာ အဲ့လိုလုပ္ခ်င္လို႔'

'ဘာ'

'ေယာလ္ေလး က ကြၽန္ေတာ့္ကို တစ္ကယ္သတ္ပါ့မလားလို႔ ေတြးမိလို႔ေလ။ အပ်င္းေျပ ေဆာ့မလားလို႔'

'မင္း႐ူးေနၿပီလား'

'မ႐ူးပါဘူး။ ကြၽန္ေတာ္အခုမသတ္ရင္ေတာင္ ေနာက္တစ္ပတ္ေလာက္ေနရင္ ခင္မ်ားေသေတာ့မွာ။ ခင္မ်ား အဆိပ္မိေနတာၾကာၿပီ။ ၿပီးေတာ့ အဆိပ္ခတ္တာလည္း ကြၽန္ေတာ္ပဲ'

ဝမ္အြန္း စကားေတြေၾကာင့္ ဝမ္ေယာ ဘာမွျပန္မေျပာႏိုင္ဘဲ မ်က္လုံးျပဴးကာ ေၾကာက္ေနသည္။

'ဘာလို႔ ငါ့ကိုသတ္မွာလဲ။ ငါနဲ႔ ဘာရန္ၿငိဳးရွိလို႔လဲ'

ဝမ္အြန္း ေသြး႐ူးေသြးတန္းနဲ႔ ေအာ္ေနေသာ ဝမ္ေယာ အား ၾကည့္ကာ

'ေမ့ေနၿပီနဲ႔တူတယ္။ ကြၽန္ေတာ့္ အေမကို ခင္မ်ားသတ္ခဲ့တာေလ'

'ဟင့္အင္း။ မဟုတ္ဘူး ဝမ္ေဆာ ကို ငါမသတ္ဘူး။ အဲ့ဒါ မေတာ္တဆ လုပ္မိသြားတာ'

'မေတာ္တဆ?'

ဝမ္အြန္း မဲ့ကာၿပဳံးလိုက္ၿပီး ဓားကို ပစ္လႊတ္လိုက္သည္။ လြင့္ပ်ံသြားေသာ ဓားသည္ ဝမ္ေယာ ၏ လည္ပင္းကို ထိုးေဖာက္ကာ နဲရံတြင္ သြားစိုက္သည္။

'ဘယ္လိုလုပ္မလဲ ကြၽန္ေတာ့္ဓားလည္း မေတာ္တဆ ပ်ံသြားၿပီထင္တယ္'

'မင္း..မင္း'

ဝမ္ေယာ လည္ပင္းကိုကိုင္ကာ ဝမ္အြန္း အား ၾကည့္ရင္း လဲက်သြားသည္။ ေသြးေတြျဖင့္နီရဲသြားေသာ အိပ္ယာခင္းအား ၾကည့္ေနရင္း

'ငါ့ကမာၻမွာတစ္ေယာက္တည္းျဖစ္ေစခ်င္တဲ့ေယာလ္ေလး...ေယာလ္ေလးရဲ႕ကမာၻမွာလည္း မင္းတစ္ေယာက္ပဲရွိမယ္ဆိုရင္ ဘာဆက္လုပ္မလဲ'

ဝမ္အြန္း ဝမ္ေယာ အေလာင္အား ေစာင္နဲ႔ပတ္ကာ ညီလာခံဆီေခၚသြားသည္။

~~~~~~~~~

နန္းေတာ္၏ ညီလာခံတြင္ ရွီ႐ႊန္း သည္ ႏိုင္ငံေတာ္ပုန္ကန္မႈႏွင့္ စြပ္စြဲခံထားရသည္။ ပစၥည္းသက္ေသ လူသက္ေသပါရွိေနၿပီး အထိန္းေတာ္မို ကပါ ရွီ႐ႊန္း အဆိပ္ခတ္တာမွန္ကန္ေၾကာင္း ဝန္ခံခဲ့သည္။ ထို႔အျပင္ ဝမ္အြန္း ကိုပါ အဆိပ္ခတ္ခဲ့ေသးေၾကာင္းလည္း ဖြင့္ဟဝန္ခံခဲ့သည္။

'အထိန္းေတာ္မို'

ရွီ႐ႊန္း အံ့ၾသတႀကီး ေခၚလိုက္မိသည္။ တစ္ခ်ိန္လုံး သူယုံၾကည္ခဲ့ေသာ လူက အနီးကပ္သစၥာေဖာက္မည္ဟု မထင္ထားခဲ့ေပ။

'ၾကင္ယာေတာ္က မင္းႀကီးအခ်စ္ကိုမရတာေၾကာင့္ ၾကင္ယာေတာ္မင္းသားနဲ႔ မိဖုရားကို မနာလိုျဖစ္ေနခဲ့တာပါ။ အဲ့ဒါေၾကာင့္ မိဖုရား ေနမေကာင္းတာကိုအေၾကာင္းျပၿပီး သူကိုယ္တိုင္ ေဆးႀကိဳၿပီး ေသာက္ေစခဲ့ပါတယ္။ မိဖုရားက ဒီကိစၥကို သိလို႔ ျငင္းခဲ့ပါေသးတယ္။ ဒါေပမဲ့ ၾကင္ယာေတာ္က အတင္းေသာက္ခိုင္းခဲ့တာေၾကာင့္..'

'ေတာ္ေတာ့ အထိန္းေတာ္မို ။ ေတာ္ပါေတာ့။ ငါ မိဖုရားကို ဘယ္ေလာက္အထိစိုးရိမ္ေနခဲ့လဲ မင္းအသိပဲမဟုတ္ဘူးလား။ အဲ့ဒါကို ဘာလို႔ ဒီလိုေတြေျပာေနရတာလဲ'

'ၾကင္ယာေတာ္က ဘယ္တုန္းကမွ မိဖုရားကို မစိုးရိမ္ခဲ့ပါဘူး'

'အထိန္းေတာ္မို'

ရွီ႐ႊန္း ဘာမွျပန္မေျပာႏိုင္ေတာ့ေပ။

'မင္းႀကီး ၾကင္ယာေတာ္ရဲ႕ျပစ္မႈက ထင္ရွားပါတယ္။ မိဖုရားနဲ႔ ေတာ္ဝင္ေသြးသားကိုသတ္ခဲ့ျခင္းဟာ ႏိုင္ငံေတာ္ပုန္ကန္မႈေျမာက္ပါတယ္။ ဒါေၾကာင့္ မိသားစု တစ္စုလုံးကို ေသမိန႔္ေပးေတာ္မူပါ'

'ေသမိန႔္ေပးေတာ္မူပါမင္းႀကီး'

'မဟုတ္ဘူး။ အေဖတို႔နဲ႔ ဘာမွမဆိုင္ဘူး။ ဘာလို႔ အေဖတို႔ကိုပါ ဆြဲထည့္ေနတာလဲ'

ရွီ႐ႊန္း ေျပာေတာ့ အမတ္ႀကီးက ျပန္ေျပာသည္။

'ၾကင္ယာေတာ္မိသားစုနဲ႔မဆိုင္ရင္ေတာင္ ၾကင္ယာေတာ္ျပဳလုပ္ခဲ့တဲ့ျပစ္မႈက မ်ိဳးဆက္(၇)ဆက္အထိ အသတ္ခံရႏိုင္ပါတယ္။ ဒါဟာ ဥပေဒပါ'

ဝမ္ေယာလ္ ေခါင္းကိုက္ေနရသည္။ သူ ရွီ႐ႊန္း ကို မသတ္ခ်င္ေပ။ ထို႔အျပင္ ဝမ္ေဆာႏို ေနာက္ဆုံးစကားတြင္လည္း ရွီ႐ႊန္း အား မသတ္ရန္ေတာင္းဆိုခဲ့သည္။

ထိုအခ်ိန္တြင္ ညီလာခံတံခါးအား ကန္ဖြင့္ကာ ဝင္လာေသာ ဝင္လာေသာ ဝမ္အြန္း ကိုေတြ႕လိုက္ရသည္။ ဝမ္အြန္း ပုခုံးတြင္ လူတစ္ေယာက္ကို ေစာင္ႏွင့္ပတ္ကာ တင္လာေသးသည္။

'ရွီ႐ႊန္း ကို အမိန႔္မခ်ပါနဲ႔ဦး'

ဝမ္အြန္း ဝမ္ေယာ အား ပစ္ခ်လိုက္သည္။ ေျပေလ်ာ့သြားေသာေစာင္စေၾကာင့္ ခန္းမထဲရွိလူေတြအားလုံး ေသဆုံးေနၿပီျဖစ္ေသာ ဝမ္ေယာ အား ေတြ႕လိုက္ရသည္။

'မယ္ေတာ္...'

ဝမ္ေယာလ္ ပုလႅင္ေပၚကေန ေျပးဆင္းလာကာ ဝမ္ေယာ အား ေပြ႕လိုက္သည္။

'မယ္ေတာ္ မယ္ေတာ္ သတိထားပါဦး မယ္ေတာ္'

'ေသၿပီ'

ဝမ္အြန္း စကားေၾကာင့္ ဝမ္ေယာလ္ သူ႔အေမကိုၾကည့္ေနေသာ အၾကည့္ေတြကို ဝမ္အြန္း ဆီ ပို႔လိုက္သည္။ မ်က္လုံးတစ္ခုလုံးလည္း နီရဲကာ ငိုခ်င္ေနတာကို ထိန္းခ်ဳပ္ထားဟန္ေပၚသည္၊

'ငါသတ္လိုက္တာ'

'အြန္းေလး'

ဝမ္ေယာလ္ မယုံႏိုင္ျဖစ္ေနသည္။

'ရွီ႐ႊန္း နဲ႔ ငါက တစ္ေယာက္စီသတ္ဖို႔ စီစဥ္ခဲ့တာ။ သူက ေဆာႏို ကိုသတ္ၿပီး ငါက မင္းအေမကို သတ္ဖို႔ေလ'

ဝမ္အြန္း စကားၾကားမွ ဝမ္ေယာ အား ေၾကာင္ၾကည့္ေနေသာ ရွီ႐ႊန္း အၾကည့္ေတြက သူ႔ဆီေရာက္လာခဲ့သည္။

'ဘာေတြေျပာေနတာလဲ။ ကြၽန္ေတာ္ မင္းသားေျပာတာ လက္မခံခဲ့ဘူးေလ'

'ဒါဆို သိခဲ့တာေပါ့'

ဝမ္ေယာလ္ ေမးလိုက္သည္။

'သိ႐ုံတင္မကဘဲ လက္လည္းခံခဲ့တယ္။ အဲ့ဒါေၾကာင့္ ေဆာႏို ေသေတာ့ ငါလည္း လႈပ္ရွားခဲ့တာ။ ရွီ႐ႊန္း က ေဆာႏို ကို အဆိပ္ခတ္ခဲ့ၿပီး ငါက သူ႔ကို အဆိပ္ခတ္ခဲ့တာ'

ဝမ္အြန္း က ဝမ္ေယာ ကိုၾကည့္ၿပီး ေျပာေနသည္။

'ဒါေပမဲ့ အဖြားႀကီးက အသက္ျပင္းေတာ့မေသႏိုင္ေသးဘူးေလ။ အဲ့ေတာ့ စိတ္မရွည္လို႔ ငါကိုယ္တိုင္သတ္လိုက္တာ'

'အြန္းေလး'

ဝမ္ေယာလ္ ဝမ္အြန္း ၏ ၿပဳံးေပ်ာ္ေနေသာ မ်က္ႏွာအားၾကည့္ေနသည္။

ဘယ္လို ဆုံးျဖတ္ခ်က္ခ်မလဲဆိုသည့္အၾကည့္မ်ိဳး။ အြန္းေလး က သူ႔ကို ဝမ္ေယာလ္ ခ်စ္ေနမွန္း သိေနပုံေပၚသည္။ ထို႔ေၾကာင့္ သူ႔ရင္ကိုခြဲဖို႔ လုပ္ခဲ့ျခင္းပင္။ အဆိပ္မိၿပီးေသခဲ့ရင္ေတာင္ ဝမ္ေယာလ္ က ေရဂါအေနျဖင့္ဖုံးၿပီး ဝမ္အြန္း အား သူ႔ေဘးမွာပဲထားမွာကို သိေနေလာက္သည္။ ထို႔ေၾကာင့္ ညီလာခံခန္းမအထိလာကာ အေလာင္းႏွင့္အတူ ျပႆနာလာရွာျခင္းျဖစ္သည္။

~~~~~~~~

တစ္ပတ္ေနေသာအခါ ဝမ္ေယာလ္ အမိန႔္ခ်မွတ္လိုက္သည္။

ရွီ႐ႊန္း ၏ မိသားစုအား ေသဒဏ္ခ်မွတ္ေစၿပီး ရွီ႐ႊန္း ကိုေတာ့ နယ္ႏွင္ဒဏ္ေပးလိုက္သည္။

ထို႔အတူ ဝမ္အြန္း ကိုလည္း နယ္ႏွင္ဒဏ္ေပးကာ အဆိပ္ေသာက္ေသမိန႔္ခ်မွတ္လိုက္သည္။

ဝမ္အြန္း နယ္ႏွင္ဒဏ္အတြက္ေရာက္လာေသာ တဲေလးတြင္ေနကာ ေဆးခြက္ေရာက္လာမည့္အခ်ိန္ကို ေစာင့္ေနသည္။

'ေနာက္ဆုံးအေနနဲ႔ ငါ့ကိုေသဒဏ္ခ်လိုက္တဲ့အတြက္ ေနာင္တေလးေပးရင္ေကာင္းမလား'

ဝမ္အြန္း စဥ္းစားလိုက္ၿပီး

'ငါ့ကိုေသဒဏ္ေပးတာလည္းေကာင္းပါတယ္။ ငါ့ကိုမသတ္ရင္ သူေသရလိမ့္မယ္'

ထိုအခ်ိန္တြင္ ဂြၽန္ေျမာင္ ေဆးခြက္ကိုင္ကာ ဝင္လာခဲ့သည္။

'ေနာက္က်လိုက္တာ'

'မင္းသား အဆိပ္ရည္ေသာက္ရမွာကို ဘာလို႔ ေပ်ာ္ေနရတာလဲ'

'ဝမ္ေယာလ္ ဆီကေန လြတ္ေျမာက္ၿပီမို႔လို႔ေလ'

'မင္းသား မင္းႀကီးကိုမမုန္းပါနဲ႔ေတာ့လား'

'အေၾကာင္းျပခ်က္ရွိလား မမုန္းဖို႔ေလ'

ဂြၽန္ေျမာင္ ႏႈတ္ဆိတ္သြားသည္။

'ေနာက္ဆုံးအေနနဲ႔ ေယာလ္ေလး အတြက္ စကားပါးေပးပါဦး။ အရင္က ခင္ခဲ့တဲ့ သံေယာဇဥ္ေလးေထာက္ၿပီးပဲျဖစ္ျဖစ္ေပါ့'

'ဟုတ္ကဲ့ မင္းသား ေျပာပါ'

ဝမ္အြန္း ေဆးခြက္ကို ယူကာ ၾကည့္ေနၿပီး

'ငါ့ဆီမွာ သူ႔ကေလးရွိေနတယ္'

'ဗ်ာ'

ဝမ္အြန္း ေဆးကိုေမာ့ေသာက္လိုက္သည္။

'မင္းသား မေသာက္နဲ႔'

ေဆးသည္ အားလုံးကုန္စင္သြားၿပီျဖစ္သည္။

ဂြၽန္ေျမာင့္အသံေၾကာင့္ အေစာင့္ေတြ တဲထဲဝင္လာသည္။

ဝမ္အြန္း တျဖည္းျဖည္းေသြးေတြအန္လာကာ လဲက်သြားေတာ့ ဂြၽန္ေျမာင္ လွမ္းထိန္းလိုက္ကာ ေသြးေၾကာစမ္းလိုက္သည္။ အသက္ရွဴ
မရပ္ခင္ သူခံစားမိေသာ အသက္ရွဴသံသည္ ႏွစ္ခုျဖစ္ေနသည္၊

'မင္းသား...သတိထားပါဦး မင္းသား..ဘာလို႔ မိုက္မဲရတာလဲ။ ဒီအေၾကာင္းသာမင္းႀကီးသိရင္ အျပစ္အားလုံးေလွ်ာ့ေပးေလာက္တာကို'

ဂြၽန္ေျမာင္ ငိုေနသည္။ ထို႔ေနာက္ ရဲမက္ေတြနဲ႔အတူ ဝမ္အြန္း အား ျမႇဳပ္ႏွံေစသည္။ ပုန္ကန္မႈေၾကာင့္ အျပစ္ေပးခံထားရေသာေၾကာင့္ ေတာ္ဝင္သခ်ိဳင္းတြင္ မျမ်ဳပ္ေစဘဲ သာမန္အုတ္ဂူတစ္ခုသာ ျပဳလုပ္ေစခဲ့သည္။

·°·°·°·°·°·°·°·°·°·°·°·°·°·°·°·°·°·°·°·°·

ဝမ္အြန္း နဲ႔သမားေတာ္ႀကီး ဖုံးထားတဲ့ အေၾကာင္းကို ေနာက္တစ္ပိုင္းမွာရွင္းျပပါမယ္။ အဲ့ကိစၥကိုေရးရမလား မေရးရင္ေကာင္းမလားဆိုၿပီး တစ္ခ်ိန္လုံးေတြးေနခဲ့တာ။ ဒါေပမဲ့ ကြၽန္ေတာ္လိုခ်င္တဲ့ ဝမ္အြန္း ပုံစံကို ရေအာင္ရယ္ ေရွ႕ကေျပာခဲ့တဲ့ အေၾကာင္းအရာေတြေၾကာင့္ အဲ့အပိုင္းကို ထည့္လိုက္တာပါ။ စိတ္ကူးယဥ္ဇာတ္လမ္းျဖစ္လို႔ စိတ္ကူးယဥ္အတိုင္းပဲျမင္ေပးပါေနာ္။ ၾကားထဲမွာျဖတ္ထားတဲ့အပိုင္းလည္းရွိေသးတယ္။ အဲ့ဒါေရးေနရင္ အခ်ိန္ၾကာေနမွာစိုးလို႔ limit ျပည့္ေအာင္ပဲဦးစားေပးလိုက္ပါတယ္။ ေနာက္တစ္ပိုင္းမွာ အသည္းကြဲေနတဲ့ ဝမ္ေယာလ္ နဲ႔အတူ လိုေနတဲ့အပိုင္းကို ျဖည့္ေပးပါ့မယ္။

ထပ္ေျပာပါမယ္ ဇာတ္လမ္းက မၿပီးေသးပါဘူးေနာ္😉

happy ChanBaek Day ပါ❤❤❤❤
cb day မွာ ငိုေစမိလို႔ ေတာင္းပန္ပါတယ္😅😅

[Unicode]
The Throne(ရာဇာပုလ္လင်)
အပိုင်း-၃၅

နောက်တစ်နေ့ရောက်သော်

ဝမ်အွန်း အိပ်ယာကနေနိုးလာတော့ သူ့ဘေးတွင် အိပ်ပျော်လျက်ရှိနေသေးသော ဝမ်ယောလ် ကို တွေ့လိုက်ရသည်။ ဝမ်အွန်း ကုတင်ပေါ်ကနေဆင်းကာ ဗီရိုထဲမှ ဆေးပုလင်းလေးအား ထုတ်ပြီး ဆေးသောက်ဖို့ပြင်လိုက်သည်။ အညိုရောင် ဆေးလုံးသေးသေးလေးတွေက ဝမ်အွန်း လက်ထဲအတော်အသင့်ကျလာပြီး သောက်ရန်ပြင်လိုက်တော့ ဝမ်ယောလ် က သူ့လက်ကို လှမ်းကိုင်ကာ တားလိုက်သည်။

'ဒါ ဘာဆေးလဲ အွန်းလေး'

ရုတ်တရက်ရောက်လာသော ဝမ်ယောလ် ကြောင့် ဝမ်အွန်း လန့်သွားပေမဲ့ အမူအရာကိုထိန်းလိုက်ပြီး

'ဘာဆေးလို့ထင်လဲ'

'မင်း မဟုတ်မှ...'

'ဟုတ်တယ်။ ကိုယ်ဝန်မရအောင်သောက်တဲ့ဆေး'

ဝမ်အွန်း စကားကြောင့် ဝမ်ယောလ် အံ့သြသွားကာ

'ဆေးလေးတစ်ခွက်ကို အဲ့လောက်တောင်ကြောက်နေတာလား'

'ကြောက်တာပေါ့။ မင်းဆိုရင်ရော မကြောက်ဘူးလား'

ဝမ်အွန်း ပြောပြီး လက်ကိုရုန်းပေမဲ့ ဝမ်ယောလ် ကမလွှတ်ပေးတဲ့အပြင် ဝမ်အွန်း လက်တွေကိုချုပ်ကာ ဆေးဗူးပါလုလိုက်သည်။

'ဘာလုပ်တာလဲ!'

'အွန်းလေး က ကိုယ့်အမိန့်နဲ့ ကိုယ်ဝန်ရစေတဲ့ဆေးကိုသောက်ရတာလေ။ အွန်းလေး မှာ တားဆေးသောက်ခွင့်မရှိဘူး'

'ရူးနေလား။ ငါ မင်းကလေးကိုမယူနိုင်ဘူး။ ယူလည်းမယူဘူး'

'ဘာလို့အဲ့လောက်ခါးခါးသီးသီးဖြစ်နေတာလဲ။ တစ်ကယ်ဆို ဆေးက တစ်ခွက်တည်းလေ။ ရှီရွှန်း တောင် နှစ်လသောက်ခဲ့ရတဲ့ဆေး။ အဲ့ဆေးအစွမ်းပြဖို့ လိုအပ်တာတွေရှိသေးတယ်။ အွန်းလေး စိတ်သာပုံမှန်ဆိုရင် ကိုယ်ဝန်ရှိလာစရာအကြောင်းမရှိဘူး'

ဝမ်ယောလ် စကားကြောင့် ဝမ်အွန်း ငြိမ်သွားသည်။

'ငါ့စိတ်က ပုံမှန်ပဲ'

'အဲ့ဒါဆို ဘာကမမှန်တာလဲ'

ဝမ်ယောလ် အမေးကြောင့် ဝမ်အွန်း အကြည့်လွှဲလိုက်သည်။

'ဒီတိုင်း..........ကာကွယ်တာ'

ဝမ်အွန်း စကားကို ဝမ်ယောလ် မယုံသလိုဖြင့်ပြုံးကာ

'အွန်းလေး ညာနေတာ။ ကိုယ့်ကိုအမှန်အတိုင်းပြော'

'ဘာကိုအမှန်အတိုင်းပြောရမှာလဲ။ ပြောစရာမရှိဘူး'

'အွန်းလေး!'

ဝမ်ယောလ် ဝမ်အွန်း ပုခုံးကို ကိုင်လိုက်ပြီး

'အမှန်အတိုင်းပြောစမ်းပါ။ အွန်းလေး ဖုံးကွယ်ထားတာရှိကိုရှိရမယ်။ အဲ့ဒါဘာလဲ။ ဂျွန်မြောင့် ဆေးက အွန်းလေး အပေါ် ဘယ်လိုသက်ရောက်မှုတွေရှိလို့ ဒီလောက်ထိကြောက်နေရတာလဲ'

ဝမ်ယောလ် တစ်ကယ်ကို နားမလည်နိုင်သောကြောင့် မေးနေခြင်းဖြစ်သည်။ ဝမ်အွန်း နဲ့ဝမ်ယောလ် အကြိမ်ပေါင်းများစွာ အတူနေခဲ့သည်။ ဒီလိုဆေးတွေသောက်ခဲ့သည်ကတော့ ဒါပထမဆုံးအကြိမ်ပင်။ သူ့ရင်တွေ ပူနေသည်။ ဝမ်အွန်း ကို ဆေးသောက်စေခဲ့ပေမဲ့ တစ်ကယ်တမ်း ကိုယ်ဝန်တော့ မရသွားစေချင်ပေ။ ရှီရွှန်း အစား စိတ်မကောင်းဖြစ်ပြီး အပြစ်ပေးရုံအနေဖြင့် တစ်ခွက်ပဲသောက်ခိုင်းခဲ့ခြင်းဖြစ်သည်။ သူသာ ဝမ်အွန်း နှင့် ကလေးတစ်ကယ်လိုချင်ပါက တစ်ခွက်မက သောက်ခိုင်းခဲ့မှာအမှန်ပင်။

'ငါဆေးမသောက်တော့ဘူး။ ဘာကိုမှလည်းမကာကွယ်တော့ဘူး။ မင်းပြောသလို ဆေးလေး တစ်ခွက်ပဲလေ'

ဝမ်အွန်း အပြုံးမမည်သောအပြုံးတစ်ပွင့်ဖြင့်ပြောကာ ရေချိုးဆောင်သို့ထွက်သွားသည်။ ဝမ်ယောလ် တစ်ယောက်တည်းသာ သူ့လက်ထဲတွက် ကျန်နေခဲ့သော ဆေးပုလင်းနှင့် ဆေးလုံးလေးတွေအား အကြောင်းမဲ့ ငေးကြည့်နေခဲ့သည်။

ဝမ်အွန်း ရေချိုးဆောင်သို့မဝင်ခင် အနောက်တွင် ငူငိုင်ကာကျန်နေခဲ့သော ဝမ်ယောလ် အား လှည့်ကြည့်လိုက်သည်။ ဝမ်အွန်း ခတ်လိုက်သော မျက်တောင်တစ်ချက်တွင် ဘယ်ဘက်ပါးမှ မျက်ရည်တို့ စီးကျလာသည်။

'''ငါတို့က မဖြစ်နိုင်ဘူး ယောလ်။ မင်း အတ္တကြောင့် ငါနာကျင်ခဲ့သလို ငါ့အတ္တကြောင့်လည်း မင်းနာကျင်ရလိမ့်မယ်။ အဲ့ဒါကြောင့် ငါတို့နှစ်ယောက်ကြားထဲ ကလေး မရှိစေရဘူး။ ဘာလို့လဲဆိုတော့ မင်းကို ငါကိုယ်တိုင်သတ်မှာမို့လို့'''

ဝမ်အွန်း ရေချိုးဆောင်ထဲဝင်ကာ တံခါးပိတ်လိုက်သည်။

ဝမ်အွန်း သူ့ဗိုက်လေးသူ ဖွဖွလေးကိုင်ကာ

'မရောက်လာခဲ့နဲ့။ ငါ အသိအမှတ်ပြုမှာမဟုတ်ဘူး'

~~~~~~~~~~~~

နေ့လည်ခင်း ရောက်တော့ ဝမ်အွန်း သူ့အဆောင်သူပြန်ကာ အိပ်နေသည်။ ဝမ်အွန်း အိပ်ပျော်စပြုချိန်တွင် နန်းတွင်းသမားတော်ကြီး ရောက်လာခဲ့သည်။

'သမားတော်ကြီးရောက်လာပါတယ် ကြင်ယာတော်မင်းသား'

အပြင်ကသတင်းပေးသံကြောင့် ဝမ်အွန်း နိုးလာပြီး

'ဝင်လာခဲ့'

ဝမ်အွန်း အိပ်မှာမို့လို့ ပေါ့ပေါ့ပါးပါးဝတ်ထားသော အဖြူရောင်ပိုးဝတ်စံအပေါ်ကနေ ကုတင်ဘေးစားပွဲခုံပေါ်တွင် ခေါက်တင်ထားသော အဝါရောင်အပေါ်ရုံလေးအားယူကာ ဝတ်လိုက်ပြီး ထိုင်ခုံတွင်ထိုင်နေလိုက်သည်။

'ကြင်ယာတော်မင်းသားကို ဂါဝရပြုပါတယ်'

'အားလုံးထွက်သွားကြ'

'ဟုတ်ကဲ့ ကြင်ယာတော်မင်းသား'

အထိန်းတော် အပျိုတော်တွေအားလုံး ထွက်သွားပြီး အခန်းထဲတွင် ဝမ်အွန်း နှင့်သမားတော်ကြီးသာကျန်နေခဲ့သည်။

'ထိုင်ပါ'

'ဟုတ်ကဲ့ မင်းသား'

သမားတော်ကြီး ထိုင်ခုံတွင်ထိုင်ပြီးနောက် ဝမ်အွန်း စတင်မေးလိုက်သည်။

'ဘယ်လိုဖြစ်ပြီးရောက်လာတာလဲ'

'အရှင်မင်းကြီးလွှတ်လိုက်တာပါ။ မင်းသားမှာ ရောဂါတစ်ခုခုရှိမလားဆိုပြီး စစ်ခိုင်းလိုက်တာပါ'

'ယောလ်လေး ကလား'

ဝမ်အွန်း အစပိုင်းတွင်တော့ စဉ်းစားသလိုဖြစ်သွားပြီး နောက်မှ မနက်ကအကြောင်းပြန်တွေးမိကာ

'ဟုတ်လောက်မယ်။ မနက်က သမားတော်ကြီးပေးထားတဲ့ဆေး သောက်တာ သူတွေ့သွားတယ်။ ဆေးဗူးကော ဆေးတွေကော သိမ်းသွားလို့ ဆေးမသောက်လိုက်ရဘူး'

'ဒါဆို မင်းသား'

'ခဏလေး ပြောတာဆုံးအောင်နားထောင်ပေး။ မနက်ကဆေးမသောက်တော့ ဆေးသောက်ချိန်လွန်သွားတယ်။ မနေ့က ဟိုဆေးသောက်လိုက်ရတာကိုလည်း သိပြီးလောက်ပြီပေါ့။ အဲ့ဒါ အခုအချိန် ဆေးသောက်ရင် မှီဦးမလား'

'မမှီတော့ပါဘူး မင်းသား'

သမားတော်ကြီးအဖြေကြောင့် ဝမ်အွန်း မျက်နှာပျက်သွားသည်။

'ဒါဆို ငါ့ဆီမှာ ကလေး ရှိဖို့က ကျိန်းသေသွားပြီလား'

ဝမ်အွန်း အထစ်ထစ်အငေါ့ငေါ့နှင့် မေးလိုက်သည်။ သမားတော်ကြီးလည်း မျက်နှာမကောင်းပေ။

'ဟုတ်ပါတယ် မင်းသား'

ဝမ်အွန်း မျက်ရည်လေးတွေဝဲကာ

'ဟုတ်လား'

'မင်းသားရဲ့ ခန္ဓာကိုယ်အခြေအနေကို မင်းသား အသိဆုံးလေ။ အရင်ကတည်းက ဆေးတွေပုံမှန်သောက်ခဲ့ရတာလေ'

'အဲ့တုန်းက ယန်း ရှိတော့ ပြေတယ်။ အခုက လုံးဝ မပြေတော့တာ'

'ကျွန်တော်မျိုး စမ်းသပ်လို့ရမလား'

'အင်း'

ဝမ်အွန်း လက်လေး စားပွဲပေါ်တင်လိုက်တော့ သမားတော်ကြီးက လက်ကောက်ဝတ်သွေးကြောကို စမ်းကာ

'မင်းကြီးတိုက်တဲ့ဆေးက မင်းသားကိုယ်ထဲမှာရှိနေတဲ့ သားအိမ်ကို ပိုပြီး နှိုးဆွလိုက်သလိုဖြစ်သွားပါတယ်။ ပြီးတော့ ဆေးမသောက်လိုက်တော့ ပိုပြီး ကျိန်းသေသွားပါတယ် မင်းသား။ နောက်လလောက်ကျရင် ကလေးရဲ့သွေးခုန်နှုန်းကိုပါ စမ်းသပ်မိလောက်ပါတယ်'

'ဒါဆို သေချာသွားပြီပေါ့'

'ဟုတ်ပါတယ်'

'ကောင်းပြီလေ။ အဲ့လိုဆိုတော့လည်း ကြိုပြီးပြင်တင်ထားတာပေါ့'

ဝမ်အွန်း သူ့လက်တွေကို ပြန်သိမ်းကာ

'တစ်လအတွင်း ကိုယ်ဝန်ပျက်ကျအောင်လုပ်ပေး'

'မင်းသား'

သမားတော်ကြီး မျက်လုံးပြူးသွားသည်။ ဝမ်အွန်း ထိုမျှအထိ သွေးအေးမှန်းမသိခဲ့ပေ။

'ကျွန်တော်မျိုးမလုပ်ပေးနိုင်ပါဘူး မင်းသား။ တစ်ကယ်ဆိုရင် ဒီကလေးက တော်ဝင်သွေး အစစ်ပါ။ မိဖုရားနဲ့ ကြင်ယာတော် ကလေးကတောင် သာမန်လူသွေးရောနေပါသေးတယ်။ မင်းကြီးနဲ့မင်းသားက တော်ဝင်မိသားစုကနေမွေးဖွားလာတော့....'

'အဲ့ဒါကြောင့်မို့လို့ ငါမလိုချင်တာ။ ယောလ်လေး က ငါ့ညီ။ သူ့အစ်ကိုဖြစ်တဲ့ငါက သူ့ကလေးကို မွေးပေးရမှာလား'

'မင်းသား စိတ်ကိုငြိမ်ငြိမ်ထားပြီး သမိုင်းကိုပြန်တွေးကြည့်ပါ။ အတိတ်တုန်းက တော်ဝင်သွေးသားပဲရအောင် မောင်နှမဝမ်ကွဲချင်း လက်ဆက်ပြီးကလေးယူခဲ့ကြပါတယ်။ မင်းကြီးနဲ့ မင်းသားလည်း အဲ့လိုပါပဲ။ မိခင်မတူကြပါဘူး။ မိခင်မတူရင် ညီအစ်ကိုလို့ မခေါ်နိုင်ပါဘူး မင်းသား'

'တော်တော့။ ငါပြောသလိုပဲလုပ်။ ဒါအမိန့်ပဲ'

ဝမ်အွန်း အမိန့်ကြောင့် သမားတော်ကြီး ချက်ချင်းဒူးထောက်ကာ

'ကျွန်တော်မျိုး ငြင်းဆန်ပါရစေ။ တော်ဝင်သွေးကိုသတ်တာက သေရင်တောင် ကျိန်စာအသင့်ခံရနိုင်ပါတယ်။ မင်းကြီးသိခဲ့ရင်လည်း ဆွေစဉ်မျိုးဆက်အကုန်အသတ်ခံရမှာပါ။ ပြီးတော့ အရင်မင်းကြီးပေးခဲ့တဲ့တာဝန်ကို ကျွန်တော်မျိုး အကောင်းဆုံး ကျေပွန်အောင်ထမ်းရွက်ခဲ့ပြီးပါပြီ။ အဲ့ဒါကြောင့် ကျေးဇူးပြုပြီး အမိန့်ကိုပြန်ရုပ်သိမ်းပေးပါ'

'သမားတော်ကြီး...အခု ခင်များကပါ အမိန့်လွန်ဆန်နေတာလား'

'ဒီအမိန့်ကလွဲရင် ကျန်တာအကုန်နာခံပါ့မယ်။ သမားတော်ဌာနက အမြဲတမ်း မင်းသားဘက်မှာပါ'

ဝမ်အွန်း တစ်ကယ်အခက်တွေ့သွားသည်။ သူ့အနေနဲ့ သမားတော်ဌာနကို ဘာမှအပြစ်မပေးချင်ပေ။ သူ့လက်အောက်တွင်ရှိမှန်း ဘယ်သူမှမသိသော ဌာနသည် သမားတော်ဌာနဖြစ်သည်။ အရင်မင်းကြီးလက်ထက်ကတည်းက သမားတော်ကြီးအား သမားတော်ဌာနကို အုပ်ချုပ်စေခဲ့ပြီး ဝမ်အွန်း အား တိတ်တဆိတ်စောင့်ရှောက်စေခဲ့သည်။ ထို့ကြောင့် ဝမ်ယောလ် နှိမ်နှင်းခြင်လည်း မခံခဲ့ရပေ။ ဂျွန်မြောင် ကိုယ်တိုင်တောင် ထိုအဖြစ်အပျက်အားမသိပေ။

'ထားလိုက်တော့'

'ကျေးဇူးတင်ပါတယ်မင်းသား'

'အဲ့ဒါဆို တခြားဟာသွားတာပေါ့။ ယောလ်လေး အမေ ကိစ္စကကော ဘယ်လိုလဲ'

'မင်းသားခိုင်းတဲ့အတိုင်း လုပ်ပေးထားပါတယ်'

'ကောင်းတယ်။ ဒီလအတွင်း လုပ်ငန်းစမယ်။ သမားတော်ကြီးက ဘတ်ဂျယ်ကိုအရင်သွားနှင့်ပါ။ ကျွန်တော်လုပ်ငန်းစပြီဆိုတာနဲ့ ယူဆောင်း ဆီသွားပါ'

ဝမ်အွန်း ရွှေတံဆိပ်ပြားတစ်ခုအား ပေးလိုက်သည်။

'အဲ့တံဆိပ်ရှိရင် နယ်စပ်ဂိတ်တွေကိုပါ အေးအေးဆေးဆေးဖြတ်ကျော်နိုင်လိမ့်မယ်။ ပြီးတာနဲ့'

ဝမ်အွန်း စာအိတ်တစ်အား စားပွဲခုံပေါ်ချပေးကာ

'ဒီစာကို ယူဆောင်း ကိုပေးလိုက်။ ဘာဆက်လုပ်ရမလဲ သူသိလိမ့်မယ်'

'အမိန့်အတိုင်းဆောင်ရွက်လိုက်ပါမယ် မင်းသား'

'ကောင်းပြီ။ ပြန်တော့'

'ဟုတ်ကဲ့ မင်းသား'

သမားတော်ကြီး အပြင်ထွက်သွားတော့မှ ဝမ်အွန်း သူလုပ်ရမည့်အချိန်တွေနှင့် ဆေးခတ်ထားသောအချိန်တွေကို ပြန်တွေးနေသည်။

' ဒီပုံစံတိုင်းဆို ရှီရွှန်း ကိုတော့ ငါနဲ့အတူခေါ်သွားမှရတော့မယ်'

ဝမ်အွန်း စားပွဲခုံအောက်ကြမ်းပြင်ရှိ လျှို့ဝှက်အခန်းထဲမှ ဆေးထုပ်တွေကို ထုတ်လိုက်သည်။

'မင်းငြင်းဆန်ချင်ရင်တောင် ငြင်းလို့မရအောင်လုပ်ပေးမယ်'

ဝမ်အွန်း ဆေးထုပ်ကိုကြည့်ကာ မဲ့ပြုံးလေးပြုံးလိုက်သည်။

~~~~~~~~~

ရှီရွှန်း သမားတော်ကြီး ပြောသောဆေးအမယ်တွေစုကာ ဝမ်ဆောနို အတွက် ဆေးကျိုပေးနေသည်။ အရေးကြီးသည့်ဆေးဖြစ်သောကြောင့် တခြားသူကိုတောင်မခိုင်းစေဘဲ သူကိုယ်တိုင်ကျိုနေသည်။

တစ်နေ့တစ်နေ့ အားနည်လာသော ဆောနို သည် အခုအချိန်တွင် အိပ်ယာကပင်မထနိုင်တော့ပင်။ အစတုန်းကတော့ ကိုယ်ဝန်ကြောင့်ဟု ထင်ခဲ့သော်လည်း တဖြည်းဖြည်းဘာရောဂါဖြစ်မှန်း သမားတော်တွေတောင်အဖြေရှာမရခဲ့ပေ။ နန်းတွင်းသမားတော်ကြီးကိုယ်တိုင် စမ်းသပ်သော်လည်း သူသည်လည်း အဖြေရှာမရခဲ့ပေ။ အကောင်းဆုံးဟုထင်ရသောဆေးကိုသာ ပြောလာသောကြောင့် သူကိုယ်တိုင် ဆေးကျိုခဲ့ခြင်းဖြစ်သည်။ သူ့စိတ်ထဲ ဝမ်ဆောနို ၏ နေမကောင်းဖြစ်နေမှုသည် ဝမ်အွန်း နှင့် တစ်စုံတစ်ခုပက်သက်နေမှန်း ခံစားနေရသည်။

'အထိန်းတော်မို'

ရှီရွှန်း ဆေးရည်တွေကို ကြွေပန်းကန်လုံးလေးထဲ ထည့်လိုက်ပြီး

'သယ်ခဲ့လိုက်'

'ဟုတ်ကဲ့ ကြင်ယာတော်'

ရှီရွှန်း ထွက်သွားတော့မှ အထိန်းတော်မို အင်္ကျီလက်ထဲတွင် ဝှက်ထားသော အထုပ်လေးကိုအထုပ်ကိုဖြည်ကာ ဆေးခွက်ထဲ  ဆေးမှုန့်တွေထည့်လိုက်သည်။ ပြီးမှ ဗန်းတစ်ခုထဲထည့်ကာ ယူသွားသည်။

ရှီရွှန်း ၏ သံသယဖြစ်တတ်သော စိတ်ကို ဝမ်အွန်း သိသောကြောင့် ထိုသိုလုပ်ခိုင်းထားခြင်းဖြစ်သည်။ မထင်မှတ်ဘဲ ရှီရွှန်း က ဝမ်အွန်း ထောင်ချောက်ထဲ ခဏလေးနဲ့ဝင်လာခဲ့သည်။

ဝမ်အွန်း ခန့်မှန်းချက်အရ နောက်နှစ်ပတ်နေရင် သေချာပေါက် ဝမ်ဆောနို သေလိမ့်မည်။

~~~~~~~~~~~~THE THRONE~~~~~~~~~~~~

သုံးပတ်မြောက်သော်

ဝမ်ယောလ် မနက်ခင်းညီလာခံကျင်းပနေတုန်း ဝမ်ဆောနို သွေးတွေအန်ကာ သတိလစ်သွားကြောင်း သတင်းပေးလာသည်။

'ဘယ်လိုဖြစ်တာလဲ။ ငါ့ကို အကြောင်းစုံ လျှောက်တင်စမ်း'

'မိဖုရားက ကြင်ယာတော် တိုက်တဲ့ဆေးကိုသောက်ပြီး သွေးတွေအန်ကုန်တာပါ။ အဲ့ဒါအပြင်...ဟို ...ဟို'

အပျိုတော်က ပြောရခက်နေဟန်မျိုးဖြင့် မျက်နှာပျက်နေသောကြောင့် ညီလာခံအတွင်းရှိ အမတ်တွေလည်း စိတ်မရှည်ဖြစ်ကာ

'ဘာလိုဆက်မပြောတာလဲ။ ပြောလေ'

'မင်းကြီး ရဲ့ ရင်သွေး မ.မရှိတော့ပါဘူး'

ဝမ်ယောလ် ထိုင်နေရင်းကနေ မတ်တပ်ရပ်သွားပြီး အံ့သြသွားကာ

'ဘာ.ဘာဖြစ်တယ်'

'မင်းကြီးရဲ့ ရင်သွေးကို ဆုံးရှုံးလိုက်ရပါပြီ'

အပျိုတော်မှာ ပြောလည်းပြော ငိုလည်းငိုနေသည်။ ဝမ်ယောလ် အားပျက်သွားသည့်နှယ် ပုလ္လင်ပေါ်ထိုင်ချကာ မျက်ရည်တွေဝဲနေသည်။

ဝမ်ဆောနို အကြောင်းကြားလိုက်ရသည့် အမတ်တွေလည်း အံ့သြလွန်းလို့ ဘာပြောရမလဲမသိဖြစ်ကုန်ကြသည်။ ထိုထဲကမှ အမတ်တစ်ယောက်က အခြေအနေကိုသုံးသပ်ကာ

'လုပ်ကြံမှုလား .... ကြင်ယာတော်ကလည်း မင်းကြီးရင်သွေးလွယ်ထားရတာလေ။ တစ်ကယ်လို့ မိဖုရားကလေးသာရှိနေရင် သူ့ကလေး အရေးမပေးခံရမှာစိုးလို့...'

'တိတ်စမ်း...ရှီရွှန်း မှာအဲ့လိုစိတ်မရှိဘူး'

'ဒါပေမဲ့ မင်းကြီး အခြေအနေကိုသုံးသပ်ကြည့်ရင် ဖြစ်နိုင်ချေများပါတယ်။ မိဖုရားက ကြင်ယာတော်တိုက်တဲ့ဆေးသောက်ပြီးမှ ဖြစ်သွားတာပါ'

'ဒီကိစ္စကို ငါသေချာစုံစမ်းမှာမို့လို့ ဒီနေ့ ညီလာခံသိမ်းမယ်'

ဝမ်ယောလ် ပြောပြီး အမတ်တွေရဲ့ နှုတ်ဆက်သံကိုတောင်နားမထောင်တော့ဘဲ ဝမ်ဆောနို အဆောင်ဆီ ထွက်သွားသည်။

~~~~~~~

ဝမ်ယောလ် နန်းဆောင်

ဝမ်အွန်း သူ့လက်ကောက်ဝတ်က သွေးကြောကို ကိုယ်တိုင်စမ်းနေတုန်း အထိန်းတော်ဝင်လာကာ

'မိဖုရားနန်းဆောင်ကို အမြန်သွားရပါမယ် မင်းသား'

'ဘာကိစ္စရှိလို့လဲ'

'မိဖုရား ကိုယ်ဝန်ပျက်ကျပြီး အသက်လုနေရပါတယ်'

'ဘယ်လိုဖြစ်တာလဲ'

'အကြောင်းစုံကတော့ သမားတော်ကြီးပဲရှင်းပြနိုင်မယ်ထင်ပါတယ်။ မင်းကြီးလည်း မိဖုရားအဆောင်ဆီ သွားနေပြီမို့လို့ ကျွန်တော်တို့လည်း အမြန်သွားရပါမယ်'

'ကောင်းပြီလေ'

ဝမ်အွန်း အပြင်ထွက်ရန်ပြင်တော့ အထိန်းတော်ကြီးက အပေါ်ရုံ သိုးမွှေးအဖြူရောင်လေး ဝတ်ပေးသည်။ ပြီးမှ အပြင်ကို ထွက်စေသည်။

~~~~~~~

ဝမ်ယောလ် နဲ့ ဝမ်အွန်း မိဖုရားအဆောင်ရောက်သွားချိန်တွင် ရှီရွှန်း မှာ
မိဖုရားအဆောင်တွင်သာ ရှိနေသေးသည်။

သူ့အနေဖြင့်လည်း တော်တော်လန့်သွားလောက်သည်။ နေ့တိုင်းသူတိုက်နေသောဆေးကြောင့် မိဖုရား အားအင်ပြန်ပြည့်လာသလိုခံစားရသောကြောင့် စိတ်အေးနေရာမှ ဒီနေ့ ရုတ်တရက် သွေးတွေအန်ကာ ကိုယ်ဝန်ပါပျက်ကျသွားခဲ့သည်။ နန်းတွင်းသမားတော်ကြီးနှင့် ဂျွန်မြောင် တို့နှစ်ယောက်ပေါင်းပြီး ကုပေးနေပါသော်လည်း ဝမ်ဆောနို ၏ အသက်ရှူသံမှာ တဖြည်းဖြည်းတိုးသွားသည်။

'မင်းကြီး'

အိပ်ဆောင်ထဲကနေ ဂျွန်မြောင် ထွက်လာသောကြောင့် သူတို့သုံးယောက်လုံး မိဖုရားသတင်းကို ရင်တထိတ်ထိတ်နဲ့ နားထောင်နေကြသည်။

'အခြေအနေဘယ်လိုရှိလဲ ဂျွန်မြောင်'

'မိဖုရား မိဖုရား အဆင်ပြေတယ်မို့လား'

ဝမ်ယောလ် နှင့် ရှီရွှန်း မေးနေကြသော်လည်း ဝမ်အွန်း ကတော့ဘာမှမမေးပေ။ သူ့ဆေးက လူကိုအားနည်းကာ ကိုယ်ဝန်ပျက်ကျစေသော ဆေးဖြစ်သည်။ သို့သော် ဆေးတစ်မျိုးပဲဆိုရင် ထိုဆေးကမထိရောက်ပေ။ အရင်ကတည်းက ဝမ်အွန်း ကထိုအခြေအနေကိုသိသောကြောင့် သူ့မယ်တော်ကို မုန့်တွေထဲတွင် ဆေးခတ်ရန်ပြောထားလေသည်။ ထိုဆေးတွေကလည်း အားအင်လျော့ဆေးသာဖြစ်သည်။ ဆေးနှစ်မျိုးသည် ခန္ဓာကိုယ်ထဲတွင် အချိုးကျစွာ ဓာတ်ပြုသွားသောအခါ ကိုယ်ဝန်ကို ပျက်ကျစေသွားသည်။ သို့ပေမဲ့ လူတော့မသေပေ။ အခုအခြေအနေအရ ကြားထဲတွင် ဆေးကတစ်ခုခုလွဲချော်သွားပုံရပြီး ဝမ်ဆောနို အသက်ပါ နုတ်ယူသွားမည်ထင်သည်။

'အခြေအနေမကောင်းပါဘူး မင်းကြီး'

ဂျွန်မြောင် ဦ မျက်နှာမကောင်းစွာ ပြောပြမှုအား နားထောင်ပြီး ရှီရွှန်း လဲကျသွားသည်။

'လျှောက်မပြောနဲ့ ဂျွန်မြောင်။ မင်းအလုပ်က ငါတို့နဲ့စကားမပြောဘဲ ဆောနို ကို သွားကယ်နေရမှာလေ။ သမားတော်ကြီးကို ကူညီပေးနေရမှာလေ။ သွား အခုချက်ချင်း'

ဂျွန်မြောင် ပြောတာကြားပြီး ဝမ်အွန်း ပါ လန့်သွားသည်။ သူ ဝမ်ဆောနို ကို အသေသတ်ဖို့အထိတော့ မတွေးခဲ့ပေ။

'အခု မင်းပြောတာ အမှန်ပဲလား'

ဝမ်အွန်း မေးလိုက်တော့ ဂျွန်မြောင် လေးပင်စွာ ခေါင်းငြိမ့်ပြပြီး

'ဟုတ်ကဲ့'

ဝမ်ယောလ် ကျလာသော မျက်ရည်တို့အား သုတ်ပစ်ကာ

'ငါမယုံဘူး'

ဝမ်ယောလ် ပုလဲတွေဖြင့် ကြိုးဆွဲချထားသောလိုက်ကာအား ဖယ်ကာ အိပ်ဆောင်ထဲဝင်သွားသည်။

ဝမ်အွန်း အိပ်ဆောင်ထဲ ဝင်သွားသော ဝမ်ယောလ် နောက်ကျောအား ဝမ်းနည်းစွာ ကြည့်နေသည်။

'မင်းကြီး'

နန်းတွင်းသမားတော်ကြီးသည် သူ့ပစ္စည်းတွေသိမ်းပြီး ဝမ်ယောလ် ဆီလာဖို့ပြင်နေတုန်း ဝမ်ယောလ် ဝင်လာတာကိုမြင်လိုက်ရသည်။

'ဆောနို'

'မင်းကြီး'

နှုတ်ခမ်းလေးတွေ ဖြူဖျော့ကာ ဝမ်းနည်းစွာပြုံးပြနေသော သူမအတွက် ဝမ်ယောလ် ပြန်လည်မပြုံးပြနိုင်ခဲ့ပေ။

ဝမ်ယောလ် ဆောနို အိပ်ယာဆီသွားကာ ခေါင်းရင်းတွင် ထိုင်ပြီး ဆောနိုအား ရင်ခွင်ထဲ၌ လှဲစေကာ ဖက်ထားသည်။

ရင်ခွင်ထဲကနေ မော့ကြည့်နေသော ဆောနို သည် ဝမ်ယောလ် အား တောင်းပန်ချင်နေသည်၊

'တောင်းပန်ပါတယ် မင်းကြီး။ မင်းကြီး ရင်သွေးကို ဆောနို မကာကွယ်နိုင်ခဲ့ဘူး'

'ဆောနို သာ နေကောင်းအောင်နေပါ။ ကလေးက ထပ်ယူလို့ရတာပဲကို'

'မင်းကြီး....ဆောနို ကိုယ့်အခြေအနေကိုသိပါတယ်။ မင်းကြီးနဲ့ခွဲရတော့မှာမို့လို့ ဝမ်းနည်းပေမဲ့ မင်းကြီးရင်ခွင်ထဲမှာနေပြီး သေခွင့်ရတာကိုပဲ ဆောနို သေပျော်ပါပြီ'

'ဘာလို့ နိမိတ်မရှိတာတွေပြောနေတာလဲ။ အခုအချိန်မှာ အားလျော့စေမဲ့စကားမပြောဘဲနဲ့ အမြန်ဆုံးနေကောင်းအောင်လုပ်ပါ'

'မင်းကြီးကို နောက်ဆုံးအနေနဲ့ မေးခွင့်ပြုပါ'

'မေးပါ။ ဆောနို မေးချင်ရင် အများကြီး မေးလို့ရပါတယ်'

ဝမ်ယောလ် အပြောကြောင့် ဝမ်ဆောနို ရီပြီး ခေါင်းခါပြကာ

'အများကြီးမမေးနိုင်တော့ပါဘူး။ တစ်ခုပဲ.....မင်းကြီး ဆောနို ကို တစ်ကယ်ချစ်ခဲ့လား'

ဝမ်ယောလ် မျက်နှာပျက်သွားသည်။

'စိတ်ဝင်စားခဲ့တယ်။ အဲ့ဒါပဲ အဲ့ထက်တော့မပိုခဲ့ဘူး'

ဝမ်ယောလ် အဖြေအား ဆောနို ပြုံးကာ

'ကျေးဇူးတင်ပါတယ်။ စိတ်ဝင်စားခဲ့ပေးလို့။ ဆောနို က အစားထိုးခဲ့တယ်ထင်နေတာ'

ဝမ်ဆောနို ကို ဖက်ထားသော ဝမ်ယောလ် လက်တွေ တင်းကြပ်သွားသည်။

'ဆောနို တစ်ခုလောက်တောင်းဆိုပါရစေ။ ရှီရွှန်း ကို မသတ်ပါနဲ့။ သူလည်း လုပ်ကြံခံရတာနေမှာပါ။ အပြစ်နည်းနည်းပေးပြီး ခွင့်လွှတ်ပေးလိုက်ပါ'

'ဆောနို '

ဝမ်ယောလ် ဆောနို ၏ တောင်းဆိုမှုကြောင့် အံ့သြသွားသည်။ ဆောနို သိနေသည်။

'ပြီးတော့ ကြင်ယာတော်မင်းသားရဲ့ အချစ်ကိုလည်း ပြန်ရပါစေ'

ဝမ်ဆောနို ပြောပြီး ဝမ်ယောလ် အား တစိမ့်စိမ့်ကြည့်ရင်း မျက်လုံးတွေမှိတ်သွားသည်။

နောက်ဆုံးအချိန်အထိ အမုန်းတွေမထားဘဲ အေးချမ်းစွာအနားယူသွားသော ဝမ်ဆောနို ကြောင့် ဝမ်ယောလ် ဝမ်းနည်းသွားသည်။ အနည်းဆုံးတော့ အစားထိုးချစ်ခဲ့လို့ သူ့ကို စိတ်ဆိုးနေမယ်ထင်နေတာ။

ဝမ်ယောလ် ဝမ်ဆောနို အား ဖက်ကာ ငိုနေသည်။

ဝမ်အွန်း မှအပ နန်းတော်တစ်ခုလုံး မိဖုရားသေဆုံးခြင်းအတွက် ဒူးထောက်ကာ ငိုကြွေးနေကြသည်။

ဝမ်အွန်း လည်း အိပ်ဆောင်ထဲဝင်ကာ အသက်မရှိတော့ပြီဖြစ်သော ဆောနို အလောင်းအား ကြည့်နေသည်။ ဝမ်ယောလ် ကတော့ ဖက်ထားတာကိုမလွှတ်သေးပေ။

'တောင်းပန်ပါတယ်'

ဝမ်အွန်း မျက်ရည်ကျကာ တောင်းပန်မိသည်။ သူ့ကိုဆို အမြဲလေးစားကာ ကြောက်နေခဲ့သော ဝမ်ဆောနို သည် သူ့ကြောင့် သေသွားခဲ့လေပြီ။ နောက်ဆုံးအချိန်အထိ သူ့ကို မမုန်းသွားသော ဝမ်ဆောနို အားကြည့်ရင်း ထပ်တလဲလဲတောင်းပန်နေမိသည်။

မကြာခင်အချိန်မှာပဲ ဝမ်ဆောနို ၏မိသားစုရောက်လာပြီး မိဖုရားဈာပနအတွက်ပြင်ဆင်ကြသည်။ ဝမ်ယော လည်း ဝမ်ဆောနို သတင်းကြားကာ မူးလဲသွားပြီး ပြန်မနိုးလာတော့ပေ။

ဝမ်ဆောနို က မိဖုရားခေါင်မဟုတ်သည့်တိုင် ဒုတိယအမြင့်ဆုံးနေရာတွင် ရှိသောကြောင့် နန်းတော်တစ်ခုလုံးအဖြူရောင်ဝတ်ကာ ကြေကွဲဝမ်းနည်းကြောင်းပြရသည်။ ဝမ်ယောလ် က တစ်ပတ်တိတိ မိဖုရားသေဆုံးခြင်းအား မစုံစမ်းစေဘဲ ဈာပနသာ ဆောင်ရွက်ခိုင်းခဲ့သည်။ တစ်ပတ်ပြည့်ပြီးသည့်နောက်မှာမှ ရှီရွှန်း အဆောင်အား စစ်ဆေးကာ ဆေးထုပ်တွေကို တွေ့သွားခဲ့သည်။

ဝမ်အွန်း မိဖုရား အား ဂူမသွင်းခင်တွင် နောက်ဆုံးအနေဖြင့် လာရောက်နှုတ်ဆက်သည်။

'ဆောနို အေးအေးချမ်းချမ်းနေပါတော့။ ငါမပြောလည်း မင်းက အမြဲ အေးချမ်းနေတဲ့သူပါ။ ငါကသာ အမြဲတမ်း ပူလောင်နေတာ'

ဝမ်အွန်း စက္ကူဖြူအား မီးခွက်ထဲ ထည့်ရှို့လိုက်ရင်း

'ငါ့ကို အားမကျနဲ့ ဆောနို။ ငါကသာ မင်းကို အမြဲအားကျနေခဲ့တာ။ မင်းဆီမှာက မင်းမိဘတွေ ရှီရွှန်း နဲ့ ယောလ်လေး လည်းရှိတယ်။ မင်းကို မုန်းတဲ့သူလည်းမရှိဘူး။ သတ်ချင်တဲ့သူလည်းမရှိဘူး။ လုယူခံရတာလည်းမရှိဘူး။ အလိုလောဘလည်းမရှိတော့ အေးချမ်းနေခဲ့တာပေါ့။ ငါ့ဆီမှာဆိုရင် တစ်ယောက်မှမရှိဘူး။ ငါ့ကိုသတ်ချင်တဲ့သူတွေထဲမှာ ငါ့အစ်ကိုတွေက ထိပ်ဆုံးကပဲ။ ငါ့ထီးနန်း၊ ငါ့ပိုင်ဆိုင်မှုတွေ၊ ငါ့ရဲ့ သစ္စာတော်ခံတွေ၊ ငါ့အရှက်သိက္ခာတွေ အားလုံးလုယူခံလိုက်ရတယ်။ အဲ့ဒါတွေကြောင့် ငါ့ဆီမှာ အမုန်းတွေဖြစ်လာတယ်။ အတ္တတွေဖြစ်လာတယ်။ အဲ့တော့ ငါအမြဲပူလောင်နေရတယ်'

ဝမ်အွန်း စက္ကူတွေအား ထပ်မံ၍ရှို့လိုက်သည်။

'မင်းအားကျနေတာ ငါရဲ့ မာနတံတိုင်းပဲ။ ငါ့ရင်ထဲ ဘယ်လောက်ထိ စုတ်ပြတ်နေပြီလဲဆိုတာ မင်းမသိပါဘူး။ အချစ်ဆိုတဲ့အရာကြောင့် ဒီလိုတွေဖြစ်နေတာ။ မင်း အချစ်မခံရတာကောင်းတယ်။ ဝမ်ယောလ် အချစ်က သူချစ်တဲ့လူကို ပင်ပန်းစေလိမ့်မယ်'

နန်းဆောင်ထဲတွင် ကာထားသော အဖြူရောင်လိုက်ကာတွေသည် လေအဝှေ့တွင် ယိမ်းနွှဲ့သွားသည်။

'ဒါပေမဲ့ စိတ်မပူပါနဲ့။ ငါမင်းကို တစ်ယောက်တည်းမသွားခိုင်းပါဘူး'

ဝမ်အွန်း ဝှက်လာသော ဓားမြှောင်အား ထုတ်ကာ အခေါင်းအနောက်ဘက်ရှိ နံရံဆီကို လျှောက်သွားသည်။ ပြီးနောက် လျို့ဝှက်တံခါးဖွင့်ကာ အထဲဝင်သွားသည်။

'ဒီနန်းဆောင်းက ယောလ်လေး အမေ နန်းဆောင်နဲ့ အနီးဆုံးပဲ'

ဝမ်အွန်း တဖြည်းဖြည်းလျှောက်သွားကာ

'ငါ့ကို မင်းကိုယ်တိုင် သေမိန့်ပေးစေရမယ်'

တစ်နေရာရောက်တော့ ဝမ်အွန်း တံခါးကိုဖွင့်လိုက်သည်။ နေရာသည် ဝမ်ယော အဆောင်ရှိနံရံတွင် ဖြစ်နေသည်။

ဝမ်ယော က အိပ်ယာပေါ်တွက်အိပ်ပျော်နေတုန်းဖြစ်သည်။ အရမ်းလိုချင်နေသော မြေးနှင့် ချွေးမအား တစ်ချိန်တည်းတွင် ဆုံးရှုံးလိုက်ရသောကြောင့် သွေးတက်နေတာ ဖြစ်နိုင်သည်။

ဝမ်အွန်း အိပ်ပျော်နေသော ဝမ်ယော အား နှိုးလိုက်သည်။

'မင်း မင်းဘယ်လိုလုပ် ငါ့အခန်းထဲရောက်နေတာလဲ'

ဝမ်ယော မှာ ရန်လည်းတွေ့ချင် အားလည်းမရှိဖြစ်နေသည်။ မရှိဆိုရအောင် ဝမ်အွန်း က သမားတော်ဌာနအား ဝမ်ယော သောက်မည့်ဆေးထဲတွင် အဆိပ်ခတ်ရန် ညွှန်ကြားထားသောကြောင့်ဖြစ်သည်။

'ဘယ်လိုရောက်နေလဲဆိုတော့ ဒီတိုင်း လမ်းလျှောက်လာတာပေါ့။ အဲ့ဒါထက် မေးသင့်တာက ဘာလို့ ရောက်နေတာလဲဆိုပြီးလေ'

ဝမ်အွန်း က ဓားမြှောင်အား ဆော့နေရင်း ပြောတော့ ဝမ်ယော လန့်သွားပြီး

'ဘာ.ဘာလို့ ရောက်နေတာလဲ'

'အခုမှမေးခွန်းမှန်သွားတာ'

ဝမ်အွန်း ချစ်စရာကောင်းအောင် ပြုံးလိုက်ပြီး

'ခင်များကို သတ်မလို့ ရောက်နေတာ'

'ဘာပြောတယ်။ မင်းသတ်ချင်တိုင်းသတ်လို့ရမယ်ထင်လား။ ဒါက ပုန်ကန်မှုမြောက်တယ်နော်။ ငါက မင်းမယ်တော်ကြီး။ ငါ့ကိုသတ်ရင် သေဒဏ်ပဲ'

'သိတယ်။ တမင်တကာ အဲ့လိုလုပ်ချင်လို့'

'ဘာ'

'ယောလ်လေး က ကျွန်တော့်ကို တစ်ကယ်သတ်ပါ့မလားလို့ တွေးမိလို့လေ။ အပျင်းပြေ ဆော့မလားလို့'

'မင်းရူးနေပြီလား'

'မရူးပါဘူး။ ကျွန်တော်အခုမသတ်ရင်တောင် နောက်တစ်ပတ်လောက်နေရင် ခင်များသေတော့မှာ။ ခင်များ အဆိပ်မိနေတာကြာပြီ။ ပြီးတော့ အဆိပ်ခတ်တာလည်း ကျွန်တော်ပဲ'

ဝမ်အွန်း စကားတွေကြောင့် ဝမ်ယော ဘာမှပြန်မပြောနိုင်ဘဲ မျက်လုံးပြူးကာ ကြောက်နေသည်။

'ဘာလို့ ငါ့ကိုသတ်မှာလဲ။ ငါနဲ့ ဘာရန်ငြိုးရှိလို့လဲ'

ဝမ်အွန်း သွေးရူးသွေးတန်းနဲ့ အော်နေသော ဝမ်ယော အား ကြည့်ကာ

'မေ့နေပြီနဲ့တူတယ်။ ကျွန်တော့် အမေကို ခင်များသတ်ခဲ့တာလေ'

'ဟင့်အင်း။ မဟုတ်ဘူး ဝမ်ဆော ကို ငါမသတ်ဘူး။ အဲ့ဒါ မတော်တဆ လုပ်မိသွားတာ'

'မတော်တဆ?'

ဝမ်အွန်း မဲ့ကာပြုံးလိုက်ပြီး ဓားကို ပစ်လွှတ်လိုက်သည်။ လွင့်ပျံသွားသော ဓားသည် ဝမ်ယော ၏ လည်ပင်းကို ထိုးဖောက်ကာ နဲရံတွင် သွားစိုက်သည်။

'ဘယ်လိုလုပ်မလဲ ကျွန်တော့်ဓားလည်း မတော်တဆ ပျံသွားပြီထင်တယ်'

'မင်း..မင်း'

ဝမ်ယော လည်ပင်းကိုကိုင်ကာ ဝမ်အွန်း အား ကြည့်ရင်း လဲကျသွားသည်။ သွေးတွေဖြင့်နီရဲသွားသော အိပ်ယာခင်းအား ကြည့်နေရင်း

'ငါ့ကမ္ဘာမှာတစ်ယောက်တည်းဖြစ်စေချင်တဲ့ယောလ်လေး...ယောလ်လေးရဲ့ကမ္ဘာမှာလည်း မင်းတစ်ယောက်ပဲရှိမယ်ဆိုရင် ဘာဆက်လုပ်မလဲ'

ဝမ်အွန်း ဝမ်ယော အလောင်အား စောင်နဲ့ပတ်ကာ ညီလာခံဆီခေါ်သွားသည်။

~~~~~~~~~

နန်းတော်၏ ညီလာခံတွင် ရှီရွှန်း သည် နိုင်ငံတော်ပုန်ကန်မှုနှင့် စွပ်စွဲခံထားရသည်။ ပစ္စည်းသက်သေ လူသက်သေပါရှိနေပြီး အထိန်းတော်မို ကပါ ရှီရွှန်း အဆိပ်ခတ်တာမှန်ကန်ကြောင်း ဝန်ခံခဲ့သည်။ ထို့အပြင် ဝမ်အွန်း ကိုပါ အဆိပ်ခတ်ခဲ့သေးကြောင်းလည်း ဖွင့်ဟဝန်ခံခဲ့သည်။

'အထိန်းတော်မို'

ရှီရွှန်း အံ့သြတကြီး ခေါ်လိုက်မိသည်။ တစ်ချိန်လုံး သူယုံကြည်ခဲ့သော လူက အနီးကပ်သစ္စာဖောက်မည်ဟု မထင်ထားခဲ့ပေ။

'ကြင်ယာတော်က မင်းကြီးအချစ်ကိုမရတာကြောင့် ကြင်ယာတော်မင်းသားနဲ့ မိဖုရားကို မနာလိုဖြစ်နေခဲ့တာပါ။ အဲ့ဒါကြောင့် မိဖုရား နေမကောင်းတာကိုအကြောင်းပြပြီး သူကိုယ်တိုင် ဆေးကြိုပြီး သောက်စေခဲ့ပါတယ်။ မိဖုရားက ဒီကိစ္စကို သိလို့ ငြင်းခဲ့ပါသေးတယ်။ ဒါပေမဲ့ ကြင်ယာတော်က အတင်းသောက်ခိုင်းခဲ့တာကြောင့်..'

'တော်တော့ အထိန်းတော်မို ။ တော်ပါတော့။ ငါ မိဖုရားကို ဘယ်လောက်အထိစိုးရိမ်နေခဲ့လဲ မင်းအသိပဲမဟုတ်ဘူးလား။ အဲ့ဒါကို ဘာလို့ ဒီလိုတွေပြောနေရတာလဲ'

'ကြင်ယာတော်က ဘယ်တုန်းကမှ မိဖုရားကို မစိုးရိမ်ခဲ့ပါဘူး'

'အထိန်းတော်မို'

ရှီရွှန်း ဘာမှပြန်မပြောနိုင်တော့ပေ။

'မင်းကြီး ကြင်ယာတော်ရဲ့ပြစ်မှုက ထင်ရှားပါတယ်။ မိဖုရားနဲ့ တော်ဝင်သွေးသားကိုသတ်ခဲ့ခြင်းဟာ နိုင်ငံတော်ပုန်ကန်မှုမြောက်ပါတယ်။ ဒါကြောင့် မိသားစု တစ်စုလုံးကို သေမိန့်ပေးတော်မူပါ'

'သေမိန့်ပေးတော်မူပါမင်းကြီး'

'မဟုတ်ဘူး။ အဖေတို့နဲ့ ဘာမှမဆိုင်ဘူး။ ဘာလို့ အဖေတို့ကိုပါ ဆွဲထည့်နေတာလဲ'

ရှီရွှန်း ပြောတော့ အမတ်ကြီးက ပြန်ပြောသည်။

'ကြင်ယာတော်မိသားစုနဲ့မဆိုင်ရင်တောင် ကြင်ယာတော်ပြုလုပ်ခဲ့တဲ့ပြစ်မှုက မျိုးဆက်(၇)ဆက်အထိ အသတ်ခံရနိုင်ပါတယ်။ ဒါဟာ ဥပဒေပါ'

ဝမ်ယောလ် ခေါင်းကိုက်နေရသည်။ သူ ရှီရွှန်း ကို မသတ်ချင်ပေ။ ထို့အပြင် ဝမ်ဆောနို နောက်ဆုံးစကားတွင်လည်း ရှီရွှန်း အား မသတ်ရန်တောင်းဆိုခဲ့သည်။

ထိုအချိန်တွင် ညီလာခံတံခါးအား ကန်ဖွင့်ကာ ဝင်လာသော ဝင်လာသော ဝမ်အွန်း ကိုတွေ့လိုက်ရသည်။ ဝမ်အွန်း ပုခုံးတွင် လူတစ်ယောက်ကို စောင်နှင့်ပတ်ကာ တင်လာသေးသည်။

'ရှီရွှန်း ကို အမိန့်မချပါနဲ့ဦး'

ဝမ်အွန်း ဝမ်ယော အား ပစ်ချလိုက်သည်။ ပြေလျော့သွားသောစောင်စကြောင့် ခန်းမထဲရှိလူတွေအားလုံး သေဆုံးနေပြီဖြစ်သော ဝမ်ယော အား တွေ့လိုက်ရသည်။

'မယ်တော်...'

ဝမ်ယောလ် ပုလ္လင်ပေါ်ကနေ ပြေးဆင်းလာကာ ဝမ်ယော အား ပွေ့လိုက်သည်။

'မယ်တော် မယ်တော် သတိထားပါဦး မယ်တော်'

'သေပြီ'

ဝမ်အွန်း စကားကြောင့် ဝမ်ယောလ် သူ့အမေကိုကြည့်နေသော အကြည့်တွေကို ဝမ်အွန်း ဆီ ပို့လိုက်သည်။ မျက်လုံးတစ်ခုလုံးလည်း နီရဲကာ ငိုချင်နေတာကို ထိန်းချုပ်ထားဟန်ပေါ်သည်၊

'ငါသတ်လိုက်တာ'

'အွန်းလေး'

ဝမ်ယောလ် မယုံနိုင်ဖြစ်နေသည်။

'ရှီရွှန်း နဲ့ ငါက တစ်ယောက်စီသတ်ဖို့ စီစဉ်ခဲ့တာ။ သူက ဆောနို ကိုသတ်ပြီး ငါက မင်းအမေကို သတ်ဖို့လေ'

ဝမ်အွန်း စကားကြားမှ ဝမ်ယော အား ကြောင်ကြည့်နေသော ရှီရွှန်း အကြည့်တွေက သူ့ဆီရောက်လာခဲ့သည်။

'ဘာတွေပြောနေတာလဲ။ ကျွန်တော် မင်းသားပြောတာ လက်မခံခဲ့ဘူးလေ'

'ဒါဆို သိခဲ့တာပေါ့'

ဝမ်ယောလ် မေးလိုက်သည်။

'သိရုံတင်မကဘဲ လက်လည်းခံခဲ့တယ်။ အဲ့ဒါကြောင့် ဆောနို သေတော့ ငါလည်း လှုပ်ရှားခဲ့တာ။ ရှီရွှန်း က ဆောနို ကို အဆိပ်ခတ်ခဲ့ပြီး ငါက သူ့ကို အဆိပ်ခတ်ခဲ့တာ'

ဝမ်အွန်း က ဝမ်ယော ကိုကြည့်ပြီး ပြောနေသည်။

'ဒါပေမဲ့ အဖွားကြီးက အသက်ပြင်းတော့မသေနိုင်သေးဘူးလေ။ အဲ့တော့ စိတ်မရှည်လို့ ငါကိုယ်တိုင်သတ်လိုက်တာ'

'အွန်းလေး'

ဝမ်ယောလ် ဝမ်အွန်း ၏ ပြုံးပျော်နေသော မျက်နှာအားကြည့်နေသည်။

ဘယ်လို ဆုံးဖြတ်ချက်ချမလဲဆိုသည့်အကြည့်မျိုး။ အွန်းလေး က သူ့ကို ဝမ်ယောလ် ချစ်နေမှန်း သိနေပုံပေါ်သည်။ ထို့ကြောင့် သူ့ရင်ကိုခွဲဖို့ လုပ်ခဲ့ခြင်းပင်။ အဆိပ်မိပြီးသေခဲ့ရင်တောင် ဝမ်ယောလ် က ရေဂါအနေဖြင့်ဖုံးပြီး ဝမ်အွန်း အား သူ့ဘေးမှာပဲထားမှာကို သိနေလောက်သည်။ ထို့ကြောင့် ညီလာခံခန်းမအထိလာကာ အလောင်းနှင့်အတူ ပြဿနာလာရှာခြင်းဖြစ်သည်။

~~~~~~~~

တစ်ပတ်နေသောအခါ ဝမ်ယောလ် အမိန့်ချမှတ်လိုက်သည်။

ရှီရွှန်း ၏ မိသားစုအား သေဒဏ်ချမှတ်စေပြီး ရှီရွှန်း ကိုတော့ နယ်နှင်ဒဏ်ပေးလိုက်သည်။

ထို့အတူ ဝမ်အွန်း ကိုလည်း နယ်နှင်ဒဏ်ပေးကာ အဆိပ်သောက်သေမိန့်ချမှတ်လိုက်သည်။

ဝမ်အွန်း နယ်နှင်ဒဏ်အတွက်ရောက်လာသော တဲလေးတွင်နေကာ ဆေးခွက်ရောက်လာမည့်အချိန်ကို စောင့်နေသည်။

'နောက်ဆုံးအနေနဲ့ ငါ့ကိုသေဒဏ်ချလိုက်တဲ့အတွက် နောင်တလေးပေးရင်ကောင်းမလား'

ဝမ်အွန်း စဉ်းစားလိုက်ပြီး

'ငါ့ကိုသေဒဏ်ပေးတာလည်းကောင်းပါတယ်။ ငါ့ကိုမသတ်ရင် သူသေရလိမ့်မယ်'

ထိုအချိန်တွင် ဂျွန်မြောင် ဆေးခွက်ကိုင်ကာ ဝင်လာခဲ့သည်။

'နောက်ကျလိုက်တာ'

'မင်းသား အဆိပ်ရည်သောက်ရမှာကို ဘာလို့ ပျော်နေရတာလဲ'

'ဝမ်ယောလ် ဆီကနေ လွတ်မြောက်ပြီမို့လို့လေ'

'မင်းသား မင်းကြီးကိုမမုန်းပါနဲ့တော့လား'

'အကြောင်းပြချက်ရှိလား မမုန်းဖို့လေ'

ဂျွန်မြောင် နှုတ်ဆိတ်သွားသည်။

'နောက်ဆုံးအနေနဲ့ ယောလ်လေး အတွက် စကားပါးပေးပါဦး။ အရင်က ခင်ခဲ့တဲ့ သံယောဇဉ်လေးထောက်ပြီးပဲဖြစ်ဖြစ်ပေါ့'

'ဟုတ်ကဲ့ မင်းသား ပြောပါ'

ဝမ်အွန်း ဆေးခွက်ကို ယူကာ ကြည့်နေပြီး

'ငါ့ဆီမှာ သူ့ကလေးရှိနေတယ်'

'ဗျာ'

ဝမ်အွန်း ဆေးကိုမော့သောက်လိုက်သည်။

'မင်းသား မသောက်နဲ့'

ဆေးသည် အားလုံးကုန်စင်သွားပြီဖြစ်သည်။

ဂျွန်မြောင့်အသံကြောင့် အစောင့်တွေ တဲထဲဝင်လာသည်။

ဝမ်အွန်း တဖြည်းဖြည်းသွေးတွေအန်လာကာ လဲကျသွားတော့ ဂျွန်မြောင် လှမ်းထိန်းလိုက်ကာ သွေးကြောစမ်းလိုက်သည်။ အသက်ရှူ
မရပ်ခင် သူခံစားမိသော အသက်ရှူသံသည် နှစ်ခုဖြစ်နေသည်၊

'မင်းသား...သတိထားပါဦး မင်းသား..ဘာလို့ မိုက်မဲရတာလဲ။ ဒီအကြောင်းသာမင်းကြီးသိရင် အပြစ်အားလုံးလျှော့ပေးလောက်တာကို'

ဂျွန်မြောင် ငိုနေသည်။ ထို့နောက် ရဲမက်တွေနဲ့အတူ ဝမ်အွန်း အား မြှုပ်နှံစေသည်။ ပုန်ကန်မှုကြောင့် အပြစ်ပေးခံထားရသောကြောင့် တော်ဝင်သချိုင်းတွင် မမြျုပ်စေဘဲ သာမန်အုတ်ဂူတစ်ခုသာ ပြုလုပ်စေခဲ့သည်။

·°·°·°·°·°·°·°·°·°·°·°·°·°·°·°·°·°·°·°·°·

ဝမ်အွန်း နဲ့သမားတော်ကြီး ဖုံးထားတဲ့ အကြောင်းကို နောက်တစ်ပိုင်းမှာရှင်းပြပါမယ်။ အဲ့ကိစ္စကိုရေးရမလား မရေးရင်ကောင်းမလားဆိုပြီး တစ်ချိန်လုံးတွေးနေခဲ့တာ။ ဒါပေမဲ့ ကျွန်တော်လိုချင်တဲ့ ဝမ်အွန်း ပုံစံကို ရအောင်ရယ် ရှေ့ကပြောခဲ့တဲ့ အကြောင်းအရာတွေကြောင့် အဲ့အပိုင်းကို ထည့်လိုက်တာပါ။ စိတ်ကူးယဉ်ဇာတ်လမ်းဖြစ်လို့ စိတ်ကူးယဉ်အတိုင်းပဲမြင်ပေးပါနော်။ ကြားထဲမှာဖြတ်ထားတဲ့အပိုင်းလည်းရှိသေးတယ်။ အဲ့ဒါရေးနေရင် အချိန်ကြာနေမှာစိုးလို့ limit ပြည့်အောင်ပဲဦးစားပေးလိုက်ပါတယ်။ နောက်တစ်ပိုင်းမှာ အသည်းကွဲနေတဲ့ ဝမ်ယောလ် နဲ့အတူ လိုနေတဲ့အပိုင်းကို ဖြည့်ပေးပါ့မယ်။

ထပ်ပြောပါမယ် ဇာတ်လမ်းက မပြီးသေးပါဘူးနော်😉

happy ChanBaek Day ပါ❤❤❤❤
cb day မှာ ငိုစေမိလို့ တောင်းပန်ပါတယ်😅😅

Continue Reading

You'll Also Like

71.7K 9.4K 20
Main Title: God! Grab me!Love me!Save me! Arc-3 The sorrow Started Date: 25.9.2021 End Date: 18.10.2022 Own creation
14.6K 1.4K 15
Started date:22:2:2022 End date : ????? Main title- ကမ္ဘာပျက်ကိန်းဆီသို့ Season-1 ပထမရက် ကောင်းကင် မြူဆိုင်းလာသည်၊ဓာတ်ငွေ့ယိုစိတ်မှုတွေ ဖြစ်ပေါ်လာသည...
165K 19K 105
Title - After Transmigrated into a Book, I've Gained an Entire Family of Cannon Fodder Description ...
77.8K 9.6K 34
This work is a historical feiyunxi fanfiction. Names, places, characters and background facts are just my imagination. [WARNING] If you have allergic...