ဦးရဲ့သည်းငယ်လေး (Completed)

By Myuekhoe

2.1M 144K 3.8K

သည်းငယ်လေး မင်းကြိုက်သလောက်ဆိုးစမ်းပါ မင်းဆိုးနေတာလေးကို ဦးကချစ်တာမို့လို့ More

Part-1
Part-1(Uni)
Part-2
Part-2(Uni)
Part-3
Part-3(Uni)
Part-4
Part-4(Uni)
Part-5
Part-5(Uni)
Part-6
Part-6(Uni)
Part-7
Part-7(Uni)
Part-8
Part-8(Uni)
Part-9
Part-9(Uni)
Part-10
Part-10(Uni)
Part-11
Part-11(Uni)
Part-12
Part-12(Uni)
Part-13
Parr-13(Uni)
Part-14
Part-14(Uni)
Part-15
Part-15(Uni)
Part-16
Part-16(Uni)
Part-17
Part-17(Uni)
Part-18
Part-18(Uni)
Part-19
Part-19(Uni)
Part-20
Part-20(Uni)
Part-21
Part-21(Uni)
Part-22
Part-22(Uni)
Part-23
Part-23(Uni)
Part-24
Part-24(Uni)
Part-25
Part-25(Uni)
Part-26
Part-26(Uni)
Part-27
Part-27(Uni)
Part-28
Part-28(Uni)
Part-29
Part-29(Uni)
Part-30
Part-30(Uni)
Part-31
Part-31(Uni)
Part-32
Part-32(Uni)
Part-33
Part-33(Uni)
Part-34
Part-34(Uni)
Part-35
Part-35(Uni)
Parr-36
Part-36(Uni)
Part-37
Part-37(Uni)
Part-38
Part-38(Uni)
Part-39
Part-39(Uni)
Part-40
Part-40(Uni)
Part-41(Uni)
Part-42
Part-42(Uni)
Part-43
Part-43(Uni)
Part-44
Part-44(Uni)
Part-45(Final)
Part-45(Uni)(Final)
Please!
Please!
Please!
Please!

Part-41

10.6K 690 24
By Myuekhoe

"ကလေး...ကလေးလေး...
သည်းငယ်လေး...ဟာ...ဦးခေါ်နေတာကိုမထူးဘူးလားကွာ..."

"သားသား မင်းဖေဖေကိုပြောလိုက်...
မထူးဘူးလို့..."

ဧကရာဇ်ဖုန်းမြင့်မှာ သူ့ပါပါးက သူ့ကိုပြောလိုက်တဲ့အသံကြောင့်..သူ့ဖေဖေကိုပြန်ကြည့်နေသည်..။

"ကလေးကလည်းကွာ သားကဘာသိမှာလဲ?...
ဦးကိုစိတ်ဆိုးပြေပါတော့ကွာ..."

"သား မင်းဖေဖေ့ကိုပြန်ပြောလိုက်...
စိတ်ဆိုးမပြေဘူးလို့..."

သားသားမှာဖေဖေ့ကိုကြည့်လိုက်ပါပါးကိုကြည့်လိုက်နဲ့..မျက်လုံးလေကလယ်လယ်ဖြစ်နေသည်..။

"ကလေးကလည်းကွာ...
ဦးစိတ်မရှည်တော့ဘူးနော်..."

"စိတ်မရှည်တော့ ဘာလုပ်ချင်လို့လဲ...
သတ္တိရှိရင် ကျွန်တော့်ကိုထိကြည့်လိုက်..."

သားကိုပေါင်ပေါ်တင်ထားကာ TVအတူကြည့်နေတဲ့ကလေးက မျက်နှာကိုမော်ကာ..နှုတ်ခမ်းထော်ထော်နဲ့ကျွန်တော့်ကိုစိန်ခေါ်လာတယ်..။ ကျွန်တော်လည်း အသဲယားလာတာမို့...ဘေးနားကိုသွားလိုက်ပြီး..ကလေးရဲ့မျက်နှာလေးကိုလက်နဲ့ကိုင်ကာ နှုတ်ခမ်းလေးကိုစုပ်ယူနမ်းလိုက်သည်..။

"အွတ်...အွန်း..."

မနမ်းရတာကြာလို့လားတော့မသိဘူး...လွှတ်ကိုမလွှတ်ပေးချင်ဘူး..။ တဖြည်းဖြည်းနမ်းရင်း အရှိန်ရလာကာ...ကလေးကိုကုတင်နောက်ကိုမှီချလိုက်ပြီး နမ်းလိုက်တယ်..။

"ပါး...ပေ ပေ ရွှတ်...ဖတ်!...
ပါးရိုရွှတ်...ဖတ်!..ဖတ်!..."

အနောက်ကနေ ကျွန်တော့်ကျောကို တဖတ်ဖတ်နဲ့ရိုက်လာတာကြောင့်..အနောက်ကိုလှည့်ကြည့်လိုက်တော့ သားသားဖြစ်နေတယ်..။
အာ...သားသားကို မေ့နေတာပဲ...

လွတ်သွားတဲ့အချိန်ကိုအခွင့်ကောင်းယူပြီး..ကလေးကျွန်တော့်ရင်ဘက်ကို တွန်းကာ သားသားကိုပွေ့ချီလိုက်သည်..။

"ပါး...အဟင့်...ဟင့်...ရွှတ်...
ပေ ပေ ပါးရိုရုပ်..."

"အေးအေး...ဖေဖေက မကောင်းဘူးနော်...
ဖေဖေ့ကိုရိုက်လိုက်မယ်နော်...ဖြန်း!..."

ငိုနေတဲ့သားသားကိုတိတ်စေလိုတာမို့..ဦးရဲ့ပခုံးကို တစ်ချက်ရိုက်ပေးလိုက်တယ်..။

"အ!...နာတယ် ကလေး..."

"ဘူးချင်တာကို ခံပေါ့...ဟွန်း..."

"ခစ်ခစ်...ခစ်ခစ်..."

"အံမယ်...သူ့ပါပါးကရိုက်တော့ ရယ်တယ်ပေါ့လေ...လာပါဦး ရယ်နေတဲ့ကောင်လေးကိုအပြစ်ပေးချင်လို့..."

ပြောလည်းပြော နေမင်းဧကရာဇ်က သူရဖုန်းမြင့်ပေါင်ပေါ်က သားကိုပွေ့ချီလိုက်ပြီး..ပါးဖောင်းလေးတွေကိုနမ်းပြစ်လိုက်သည်..။

"ခစ်ခစ်...ပေ ယား...ယားရယ်..."

"ယားလည်းနမ်းမှာပဲ..."

"ခစ်ခစ်...ခစ်ခစ်..."

သားက နှုတ်ခမ်းမွှေးကြောင့်ယားပြီး..ကော့ပြန်လန်ကာ ရယ်နေတယ်...။

"တော်ပြီ...ထ...သားသား ပါပါးနဲ့အတူရေချိုးမယ်..."

"ဟုတ်..."

"ဦးလည်း ရေချိုးမယ်...
အတူတူချိုးမယ်လေ..."

"အဲ့တာဆို သားကိုခေါ်ပြီး အတူတူသွားချိုးကြ..."

"ဟာ...သားဖ၃ယောက်လုံးအတူချိုးကြမယ်ပြောတာလေ..."

"မသိဘူး...ဦး မလိုက်လာနဲ့...
ကျွန်တော်တို့သားဖ၂ယောက်ပဲသွားချိုးမှာ..." ဆိုပြီး ကလေးက သားသားကိုအင်္ကျီကိုချွတ်ပေးကာ သူပါတစ်ခါတည်းအင်္ကျီချွတ်ပြီး ဝတ်သွားတာမို့..တံတွေးကိုမြိုချလိုက်ပြီး အင်္ကျီကိုအမြန်ချွတ်ကာ အနောက်ကနေရေချိုးခန်းထဲကိုလိုက်ဝင်တယ်..။

ကလေးရဲ့အနောက်ကနေ ဝင်ထိုင်လိုက်ပြီး..ကျောလေးကိုပွတ်ပေးလိုက်တယ်..။

"ဘာလာလုပ်တာလဲ?...
မလိုက်လာပါနဲ့ဆိုတာကို.."

"ဦးက ကလေးကိုချေးတွန်းပေးချင်လို့ပါ..."

"ဘာချေးမှမရှိဘူး လာမတွန်းနဲ့..."

"ကလေးကလည်း...ဦးလည်းအတူချိုးချင်တာပေါ့...တိတ်တိတ်လေးနေ သားသားလည်းရှိနေတယ်..."

"ဟွန်း...."

ကျွန်တော်လည်း ဘာမှဆက်မပြောနေတော့ဘဲသားသားကိုဆပ်ပြာတိုက်ပေးနေလိုက်သည်..။ အနောက်က ပွတ်သီးပွတ်သပ်လုပ်နေတဲ့လူကြီးကို မနည်းရှောင်ဖယ်နေရင်းနဲ့ပဲ သားသားကိုရေးချိုးပေးနေရတယ်..။

ဘယ်လိုလူကြီးမှန်းမသိဘူး..စိတ်ကောက်နေမှန်းသိသိရက်နဲ့ လူကိုလိုက်ကပ်နေတာ...
အဖိုးကြီး အနောက်ကနေပြီး သာယာနေသေးတယ်..။ မုန်းစရာကောင်းတဲ့လူကြ်ီး..ဘယ်လိုမှန်းကိုမသိဘူး..။

....................................

"အင့်...အား...ဟူး.....
ဦးမရတော့ဘူး ကလေး...ဟူး....
အင့်...အား...."

"ခစ်ခစ်..."

"မရလည်း ရအောင်လုပ်ရမယ်...
မြန်မြန်လေးလုပ်ထား..."

"အင့်...အား....
မရတော့ဘူး...ဒီတစ်ခါ နောက်ဆုံးပဲနော်...
အင့်...အား...ဟူး......."

"ခစ်ခစ်..."

မခံနိုင်တော့တာမို့..ကုတင်ပေါ်ကိုပြစ်လဲကျမိသွားတယ်..။

"ပြောတော့ စိတ်ကောက်ပြေအောင်လုပ်မယ်ဆိုပြီး..ဒါလေးတောင် မလုပ်နိုင်ဘူး ဟွန်း...."

"ကလေး ဒိုက်မထိုးရတာကြာတော့ ဘယ်ထိုးနိုင်ပါတော့မလဲ?...
ပြီးတော့ ကလေးထိုးခိုင်းတာကလည်း..အခါ၅၀တောင်လေ..။
အပေါ်မှာတင်ထားရတာာကလည်း ဝက်ကလေးကိုတင်ထားရမှတော့ ကိုယ်အီးမထွက်တာကံကောင်း...ဟူး....."

"ခစ်ခစ်...ခစ်ခစ်..."

"အယ်...ပါပါးသားလေးက ပျော်နေတယ်ပေါ့လေ..."

"ခစ်ခစ်..."

"လာခဲ့...ရယ်နေတဲ့ကလေးတွေကို စားပြစ်မယ်..." လို့ပြောပြီး သားသားကိုရင်ခွင်ထဲကလိထိုးပေးလိမ့်တော့ သားသားက လှုပ်ရမ်းပြီးရယ်နေသည်..။

"ဧကရာဇ်ဖုန်းမြင့်လေးရေ..ဖွားဖွားပူတင်းဝယ်လာတယ်...စားမလားဝေ့..." ဆိုပြီး အခန်းရှေ့ကနေ မေမေ့အသံကြားတာမို့ ဧကရာဇ်ဖုန်းမြင့်တစ်ယောက်ခေါင်းထောင်ပြီး နားထောင်နေသည်..။

"ဟင်...ဒါ ဖွားဖွားအသံပဲ...
ပူတင်းတဲ့ သားသားစားချင်လား..."

"အွန်း...ချား ချား..."

"သားသားကစားချင်တယ်ပေါ့...သွား ဖွားဖွားအပြင်မှာစောင့်နေတယ်...လမ်းလျှောက်ပြ်ီးသွား..."

"အို...သားသားလဲနေမှဖြင့်..."

"ရပါတယ် ကလေးက ဒီလိုလွှတ်ထားမှလျှောက်တတ်မှာပေါ့...သွား သားသားလမ်းလျှောက်သွား..." လို့ ပြောလိုက်ပြီး သားသားကိုကုတင်ဘေးကိုချပေးလိုက်တော့ သားသားက သူ့ဘာသာလျှောက်သွားတယ်..။

တစ်ဝက်လောက်ရောက်တော့..သားသားက ဘုန်းခနဲ လဲကျသွားသည်..။ ကျွန်တော်တို့ကိုပြန်လှည့်ကြည့်ပြီး ကျွန်တော်တို့ကြည့်နေတယ်လည်းသိရော..ပြုံးပြပြီး ပြန်ထကာ အခန်းတံခါးနားကို လျှောက်သွားနေတယ်..။

"ဟုတ်ပြီကွ...
မေမေရေ့...မေမေ့မြေး တံခါးနားရောက်နေပြီ..
ပူတင်းစားချင်လို့တဲ့..."

ကျွန်တော်လှမ်းပြောလိုက်တော့ မေမေက တံခါးဖွင့်လိုက်တော့..တံခါးနားမှာသားသားကိုတွေ့တာမို့ မေမေကအံ့သြပြီး ကျွန်တော်တို့ကိုမေးလာတယ်..။

"ဟေ...မြေးက ဒီနားထိ လမ်းလျှောက်လာတာလား..."

"ဟုတ်တယ် မေမေရေ့...
ပူတင်းအစွမ်းပေါ့..."

"ဖွားဖွားမြေးက လမ်းတောင်လျှောက်တတ်နေပြီပေါ့..ရွှတ် ရွှတ်...
ချစ်ဖို့ကောင်းလိုက်တာကွယ်..ရွှတ်ရွှတ်..."

"ပူ..ပူ..."

"မြေးက ပူတင်းစားချင်တာလား...
ဖွားဖွားကကျွေးရမှာပေါ့..."

"အွန်း အွန်း...ပူ ပူ ချားရှင်ရယ်.."

"အဟက်...ချစ်ဖို့ကောင်းဖို့ကောင်းလိုက်တာကွယ်...ရွှတ်ရွှတ်..."

မေမေက မြေးအလည်လေးကိုချစ်မဝဖြစ်ကာ..ပူတင်းကျွေးမယ်ဆိုကာ ချီပြီးခေါ်သွားသည်..။

သားသားမရှိတာနဲ့ဘေးကိုလှည့်ကြည့်တော့..ကလေးကလည်း ကျွန်တော့်ကိုကြည့်တာနဲ့ဆုံပြီး ကုတင်ပေါ်ကနေဆင်းပြေးဖို့ကျန်နေတဲ့ကလေးကိုလက်ကနေဆွဲကာ ရင်ခွင်ထဲကိုထည့်ထားလိုက်ပြီး..ဖမ်းချုပ်ထားလိုက်တယ်..။

"ဘာလုပ်တာလဲ?...လွှတ်..."

"မလွှတ်ဘူးကွာ မလွှတ်ဘူး...
ကလေးနဲ့ဦး စကားပြောစရာရှိသေးတယ်လေ...
ဦးကလေးကိုရှင်းပြရဦးမယ်လေ..."

"ဘာရှင်းပြချင်သေးတာလဲ?..
ဘာမှရှင်းပြမနေနဲ့..."

"မဟုတ်ဘူးလေ...ဦးပြောပြတာလေးတော့ နားထောင်ပါဦး...
အဲ့နေ့က အဲ့ကောင်မလေးကို ဦးတကယ်မသိပါဘူး...
ဆိုင်ကကောင်လေးက အဲ့ကောင်မလေးင်္ကျီပေါ် ကော်ဖီတွေမှောက်ကျသလိုဖြစ်သွားတာမို့ ဦးကလာသုတ်ပေးတာပါ...
ပြီးတော့ သူကဦးကိုကြိုက်နေမှန်းမသိပါဘူး..."

"..........."

"ကလေးကိုအော်တာကလည်း..ဆိုင်ကဝန်ထမ်းတွေက ကလေးကိုသဘောထားသေးသိမ်တယ်ဆိုပြီး ပြောကြမှာစိုးလို့ ဦးကကလေးကိုအော်မိတာပါ...
ကလေးက သွေးပူနေတာမို့ ဦးစိတ်ကိုမမြင်တာပါ..ဦးလည်း တောင်းပန်နေတယ်လေနော်..
စိတ်ကောက်ပြေပါတော့..."

"ဟွန်း..."

"ကလေးကလည်းကွာ...စိတ်ကောက်ပြေပါတော့နော် နော်လို့..."

"နောက်တစ်ခါအော်လို့ကတော့ မလွယ်ဘူးမှတ်..."

"အဲ့တာဆို စိတ်ကောက်ပြေပြီပေါ့နော်..."

"ပိစိလေးကျန်သေးတယ်...."

"ပိစိလေးကျန်သေးတယ်ပေါ့...ရတယ်လေ..."

"ဦး..ဘာလုပ်...အွတ်...အွန်း...."

သားသားမရှိတုန်းလေး..ကလေးနဲ့ချစ်ကြည့်နူးရမှာပေါ့...အဟိ...
တံခါးကိုလော့ခ်သွားချလိုက်ပြီး..ခုနက အဆက်လေးကိုပြန်ဆက်ကာ..အချစ်ခရီးလမ်းကို ကလေးနဲ့အတူလျှောက်လှမ်းလိုက်သည်..။

Continue Reading

You'll Also Like

219K 15.4K 72
" ရှင်က ၀န်ကြီးချုပ် ဖြစ်တယ် ဆိုတိုင်း ကျွန်မက ကြောက်ရမှာလား " " ဟင့်အင်း မကြောက်ရပါဘူး။လုံးဝကို ကြောက်စရာမလိုတာ။ထက်သာ ကသာ မကြီးကို သက်ဆုံးတိုင် ချစ...
129K 18.9K 110
ဘာသာပြန်သူ - စွဲညို့အသင်း။ တစ်ဦးတည်း ပြန်ဆိုခြင်း မဟုတ်ပါ။ ရုတ်တရက်ကြီး ABO လောကကို ကူးပြောင်းလာတဲ့ ပရိုကစားသမားလေး အကြောင်း ဖြစ်ပြီးတော့ ဖယ်ရိုမုန်...
2.7M 147K 52
ချမ်းသာကြွယ်ဝမူတွေနဲ့ဂုဏ်ရှိန်ပြင်းတဲ့ မိုးထိခေါင်မှိုင်း ဟာအိမ်ထောင်ကွဲဖြစ်ပြီးငါးနှစ်အရွယ်သားလေးတစ် ယောက်ရှိပေမဲ့ သားလေးရဲ့ပူဆာမူကြောင့်ညီလေးတစ် ယေ...
324K 33.8K 105
ဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်