ဦးရဲ့သည်းငယ်လေး (Completed)
By Myuekhoe
2.1M 144K 3.8K
သည်းငယ်လေး မင်းကြိုက်သလောက်ဆိုးစမ်းပါ မင်းဆိုးနေတာလေးကို ဦးကချစ်တာမို့လို့ More
Part-1
Part-1(Uni)
Part-2
Part-2(Uni)
Part-3
Part-3(Uni)
Part-4
Part-4(Uni)
Part-5
Part-5(Uni)
Part-6
Part-6(Uni)
Part-7
Part-7(Uni)
Part-8
Part-8(Uni)
Part-9
Part-9(Uni)
Part-10
Part-10(Uni)
Part-11
Part-11(Uni)
Part-12
Part-12(Uni)
Part-13
Parr-13(Uni)
Part-14
Part-14(Uni)
Part-15
Part-15(Uni)
Part-16
Part-16(Uni)
Part-17
Part-17(Uni)
Part-18
Part-18(Uni)
Part-19
Part-19(Uni)
Part-20
Part-20(Uni)
Part-21
Part-21(Uni)
Part-22
Part-22(Uni)
Part-23
Part-23(Uni)
Part-24
Part-24(Uni)
Part-25
Part-25(Uni)
Part-26
Part-26(Uni)
Part-27
Part-27(Uni)
Part-28
Part-28(Uni)
Part-29
Part-29(Uni)
Part-30
Part-30(Uni)
Part-31
Part-31(Uni)
Part-32
Part-32(Uni)
Part-33
Part-33(Uni)
Part-34
Part-34(Uni)
Part-35
Part-35(Uni)
Parr-36
Part-36(Uni)
Part-37
Part-37(Uni)
Part-38
Part-39
Part-39(Uni)
Part-40
Part-40(Uni)
Part-41
Part-41(Uni)
Part-42
Part-42(Uni)
Part-43
Part-43(Uni)
Part-44
Part-44(Uni)
Part-45(Final)
Part-45(Uni)(Final)
Please!
Please!
Please!
Please!
Part-38(Uni)
21.4K 1.5K 32
By Myuekhoe
     တောက်ပတဲ့နေရောင်ခြည်နဲ့အတူ..သာယာတဲ့နံနက်ခင်းမှာ နေမင်းဧကရာဇ်တို့အခန်းထဲမှာတော့...
"အူးဝါး...."
"သားရေ တိတ်ပါကွယ်...
ပါပါး နို့ဘူးသွားဖျော်နေတယ်....
တိတ်တိတ်..."
"အူးဝါး..."
ကျွန်တော်ချော့တာလည်းချော့လို့မရဘူး..ကြည့်ရတာ နို့ဆာနေလို့ထင်တယ်..။ မျက်နာလေးဆိုလည်း ရဲနေတာပဲ..။ ချီပြီးချော့တော့လည်း ငိုတာကမတိတ်..။
"အူးဝါး..."
"အေးအေး...တိတ်ပါကွယ်...
ပါပါးရေ နို့ဘူးသွားဖျော်တာမလာသေးဘူးလားဝေ့...ဒီမှာ သားသားကဗိုက်ဆာနေပြီ...
နော်...နော်...ဖေကြီးသားလေးက ဗိုက်ဆာနေပြီနော်...လာပါတော့ ပါပါးရေ..."
ကုတင်ပေါ်မှာပြန်ထိုင်ပြီး...လက်ပေါ်က သားကိုကြည့်ပြီး သူ့ပါပါးကိုလှမ်းခေါ်သလိုလေးလုပ်ပြလိုက်တော့ သားလေးကရယ်လာသည်..။
"ခစ်ခစ်...ခစ်ခစ်..."
"ဖေကြီးသားလေးရယ်တယ်ပေါ့...ဟုတ်လား..."
"ခစ်ခစ်..."
"အား...ချစ်ဖို့ကောင်းလိုက်တာကွာ...
ရွှတ်ရွှတ်..."
ရယ်လိုက်လျှင်မို့တက်လာတဲ့ပါးဖောင်းဖောင်းကြီးနှစ်ဖက်က..ချစ်စရာကြီးမို့ သားသားရဲ့ပါးနှစ်ဖက်ကို နမ်းလိုက်တယ်..။
"ဟာ...ဦး သားက နုနုနယ်နယ်လေးပဲရှိသေးတယ်လေ...
အဲ့လိုကြမ်းကြမ်းတမ်းတမ်းမနမ်းရဘူးလေ..." ဆိုပြီး ကလေးက နို့ဘူးကိုင်ပြီး အခန်းထဲကိုဝင်လာတယ်...။
"ကလေးကလည်း...သားက ချစ်ဖို့ကောင်းလို့ပါ..."
"ခစ်ခစ်..."
"အယ်...အယ်...ရယ်တယ်ပေါ့လေ...
ပါပါးသားလေးက ရယ်တယ်ပေါ့...
ဦး သားသားကိုချီထားဦး...
ကျွန်တော်နို့ဘူးတိုက်မလို့..."
"အင်း...တိုက်လေ..."
သားလေးမွေးလာပြီးမှ ပြောင်းလဲသွားတဲ့ကလေးရဲ့အကျင့်က..သူ့ကိုယ်သူ ကျွန်တော်လို့သုံးတတ်လာတာပါပဲ..။ အရင်ကလို သားလို့မသုံးဘဲ ကျွန်တော်လို့ သုံးတာလဲလို့မေးတော့...သူက ဖခင်တစ်ယောက်ဖြစ်လာပြီတဲ့..။ အဲ့တော့ အရင်ကလို ကလေးဆန်ဆန်နေလို့မရဘူးတော့ဘူးတဲ့လေ..။ ဘယ်လိုအသုံးအနှုန်းပဲပြောင်းလဲသွားသွား ကျွန်တော့်ကလေးလေးရဲ့ချစ်ဖို့ကောင်းမှုကတော့ ပြောင်းလဲမသွားပါဘူး..။
"သားသားကို ကျွန်တော့်ကိုပေး...
ဦး ဆိုင်ကိုသွားဦးမှာလား..."
"ဒီနေ့မသွားတော့ဘူးလေ...
ကလေးနဲ့ကလေးထိန်းမယ်..."
သားက နှစ်လပြည့်သွားပြီမို့..ကျွန်တော်ကတော့ တခါတလေဆိုင်ကို သွားဖြစ်တယ်..။ ကလေးကတော့..သားသားရှိနေတာမို့ အိမ်မှာနေနေရတယ်..။ မေမေနဲ့ဖေဖေကတော့..သားသားကို ဝိုင်းထိန်းပေးတာမို့ ကလေးအတွက်တော့နည်းနည်းသက်သာပါသည်..။ ကလေးရဲ့ဖေဖေနဲ့မေမေကလည်း ကလေးဆီကို မကြာခဏလာလည်ပြီး သားသားကိုဝိုင်းထိန်းပေးကြသည်..။
"သားသားရေ...ပြန်အိပ်မယ်နော်...
မနက်ကလည်း အစောကြီးနိုးနေတာ...
ပြန်အိပ်ဦးနော်...ကျွတ်ကျွတ်..."
သားသားကိုချီပြီး..အခန်းထဲမှာပဲ ပတ်လျှောက်ပြီးချော့သိပ်လိုက်တော့..မနက်ကတည်းက နိုးနေတဲ့သားသားက ပြန်အိပ်ပျော်သွားတယ်..။ သားသားအိပ်ပျော်သွားမှ ကလေးပုခက်လေးထည့်ပြီး ခနလှုပ်ပေးလိုက်တော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတယ်..။
"ဟင်း...သားသားတော့ အိပ်ပျော်သွားပြီ...
ဒီကလူကြီးကိုလည်း ချော့သိပ်ပေးပါဦး..."
"ပေါက်ပေါက်ရှာရှာတွေ...
ထ..မနက်စာ သွားစားမယ်..."
"တားကိုလည်း ချီသွားလေ ပါပါး..."
"အဟက်...ဦးကတော့လေ...
သွားမယ်ဆို..."
"အဲ့တာဆို အာဘွားပေး..."
"ဟင်း....မွ..." ဆိုပြီး ဦးရဲ့ပါးကိုနမ်းလိုက်တယ်..။
"နှုတ်ခမ်းလေးကိုရော...kissပေး.."
"ဟင်း....ဟုတ်ပြီ...
ပြွတ်...ကျေနပ်ပြီလာ...ထ သွားမယ်..."
"ဟင့်အင်း...french kiss ပေးချင်တာ..."
"ဦး!...မလိုက်ဘူးလား...
အဲ့တာဆိုလည်း ကျွန်တော်အရင်သွားတော့မယ်..."
"စတာ စတာ...အတူလိုက်မယ်...
french kiss က ညကျမှပေးလည်းရတယ်..ဟဲဟဲ..."
"အကြံဆိုးကြ်ီးနဲ့ ဟွန့်...."
"သြော်...ထမင်းစားပြီးရင် ပေးမယ်ဟုတ်လား.."
"ဦး!..."
"စတာ စတာ..ဟဲဟဲ...သွားမယ်.." လို့ ပြောပြီး ကလေးရဲ့ပခုံးကိုဖက်ကာ ထမင်းစားခန်းဆီလျှောက်လာခဲ့လိုက်တယ်..။ နေ့လယ်ဘက်ရောက်ရင်တော့လား..ဟင်းဟင်း..အခွင့်အရေးကိုကောင်းကောင်းအသုံးချရမှာပဲ..။
..................................
    နေ့လယ်ရောက်တော့..မှန်းထားတာနဲ့ကွက်တိဆိုသလို လွယ်သွားပါတယ်..။ နေ့လယ်ဘက် ကလေးနဲ့ကြည်ကြည်နူးနူးနေရမလားမှတ်တယ်..သားသားရဲ့အနှီးတွေကိုလျှော်နေရသည်လေ..။ နေပူတုန်း အနှီးတွေလျှော်ပေးပါဆိုတဲ့ ကလေးရဲ့အမိန့်အောက်မှာ..အနှီးတွေလျှော်နေရသည်..။
"ဦး အားထည့်ပြီးလျှော်လေ..."
"ဟုတ်ကဲ့ပါ..." ဆိုပြီး ကျွန်တော်အနှီးတွေလျှော်နေတာကိုထိုင်ပြီးကြည့်နေကြတဲ့ သားဖ၂ယောက်ကိုအော်ပြောလိုက်တယ်..။
"ဖေကြီး အနှီးတွေလျှော်နေတယ်...တွေ့လား သားသား..." လို့ ပြောလိုက်တော့..သားသား သူ့ဖေဖေကိုကြည့်နေတယ်..။ ဦးကတော့ အနှီးတွေကိုခါပြီးလှန်းနေတယ်..။
"ပါပါးသားလေးက ဖေကြီးကိုကြည့်နေတယ်ပေါ...မွ မွ..."
သားသားရဲ့ပါးဖောင်းဖောင်းနှုတ်ခမ်းလေးနဲ့ထိရုံလေးထိပြီးနမ်းလိုက်တော့..သားသားက မျက်လုံးလေးဝိုင်းပြီး ကြည့်နေတယ်..။
"အား...အသဲယားလိုက်တာနော်...စိတ်ရှိလက်ရှိဆွဲနမ်းလိုက်ရရင်တော့လား ပါပါးသားလေးတော့ အသားတွေနာကုန်တော့မှာပဲကွာ..."
"ဘာတွေနာကုန်မှာလဲ? ကလေးရဲ့..."
"သြော်...ဦး ပြီးပြီလား...
ဒီမှာလေ သားသားကိုပေါ့...
အသဲယားလွန်းလို့ ဆွဲသာကိုက်ပြစ်လိုက်တယ်..."
"အို...အို...သားကိုအဲ့လိုလုပ်လိုက်ရင် အသားတွေနာကုန်မှာပေါ့...
လုပ်ချင်ရင် ဦးကိုပဲလုပ်ပါ..."
"ဟွန်း...ဦးကတော့နော်...
အသားယူဖို့ပဲသိတယ်..."
"ဒါကတော့ မရရတာယူရမှာပဲလေ.." လို့ ပြောပြီး ဆိုဖာပေါ်ထိုင်နေတဲ့ကျွန်တော့်အနားမှာလာထိုင်နေတယ်..။
"ရွှတ်..." ဆိုပြီး ဦးကကျွန်တော့်ရဲ့လည်တိုင်ကိုနမ်းလာတယ်..။
"ဦး...သားသားရှိတယ်လေ..."
"သားသားက သူ့ဘာသာနေတာပါ...ရွှတ်..."
"ဦး!...သားသားရှိတယ်လို့..."
"ဟင်း....ဟုတ်ပြီ...
အဲ့တာဆို သားသားကိုမေမေတို့ဆီသွားပို့လိုက်မယ်..."
"ဟာ...အဲ့လိုဘယ်လိုလုပ်ရမှာလဲ?...
သားသားက သူ့ကိုမချစ်လို့ ဖွားဖွားဆီပို့တယ်ထင်မှာပေါ့..."
"ဟမ်...သားသားက ဘယ်လိုလုပ်တွေးတတ်ဦးမှာလဲ? ကလေးရယ်..."
"မသိဘူး မသိဘူး...
ကျွန်တော်ကတော့ သားသားစိတ်ထဲမှာ ဖေဖေတို့ကသူ့ကိုမချစ်လို့ပြစ်ထားတယ်လို့ ထင်မှာမလိုလားဘူး..."
"ဟွန်း....."
"ဟင်း...ဒီလိုလုပ်...
ညကျတော့ရမယ်လေနော်.." လို့လည်းပြောလိုက်ရော..ဦးရဲ့မျက်နှာဟာ ချက်ချင်းဝင်းပလာတာကို တွေ့လိုက်ရတယ်..။
"ကလေးတကယ်ပြောတာနော်..."
"အင်းဆို..."
"ဒီလိုမှပေါ့...အဲ့တာကြောင့် ပါပါးကိုချစ်နေရတာ..ရွှတ်...
သားသားကိုလည်းချစ်တယ်...ရွှတ်..."
"အူးဝါး..."
ဦးက ကျွန်တော့်ပါးကိုနမ်းပြီး..သားသားရဲ့ပါးကိုပါနမ်းလိုက်တာကြောင့်..သားသားငြိ်မ်နေရာကနေ ထငိုလာသည်..။
"ဦးကလည်းဗျာ...သားက သူ့ဘာသာငြိမ်နေတာကို...
အရမ်းအရမ်းလုပ်တာပဲ..."
"ဦးကအသဲယားလို့ပါ..."
"အူးဝါး..."
"အေးပါ သားရယ် တိတ်တိတ်...
ဖေကြီး သိပ်ဆိုးတာ..တိတ်တိတ်..." လို့ ပြောပြီး သားကိုပွေ့ချီကာ မတ်တပ်ရပ်ပြီး အခန်းမှာလျှောက်လိုက်တယ်..။ ဦးကအနောက်ကနေ လိုက်လာဟန်ပြင်နေတာကြောင့်..
"ဦး အဲ့မှာပဲထိုင်နေ...
လိုက်မလာနဲ့...သားသားက ဦးကိုကြောက်နေပြီ..."
"ဟုတ်..." ဆိုပြီး ကြွနေတဲ့ဖင်က ဆိုဖာပေါ်တသားတည်းပြန်ကြွသွားတယ်..။
ယောက်ျားစကားကို နားထောင်ရမယ်လေ...အဲ့တာမှ ဒီည ညစာမငတ်မှာပေါ့...ဟင်းဟင်း....
..............................
"ကျွတ်ကျွတ်..."
သားသားရဲ့ကလေးပုခက်လေးကိုလွှဲပေးလိုက်ပြီးချော့သိပ်လိုက်တော့ သားသားကအိပ်ပျော်သွားတယ်..။ အိပ်ပျော်နေတဲ့သားသားရဲ့ပါးလေးကိုနမ်းလိုက်ပြီး..အိပ်မယ်ဆိုပြီး အနောက်ကိုလှည့်လိုက်တော့...
"အံမယ်လေး....
ဟူး.....လန့်လိုက်တာ ဦးရာ...
ဘာလုပ်နေတာလဲ?..."
အနောက်လည်းလှည့်လိုက်ရော..ကုတင်ပေါ် မိန့်မိန့်ကြီးထိုင်ကာ လူကိုဝါးစားမတတ်ကြည့်နေတဲ့ဦးကြောင့် လန့်တောင်လန့်သွားတယ်..။ အယောင်ယောင်အနနနဲ့ တံတွေးတွေတောင်မြိုချမိသည်အထိပင်...။
"သားသားအိပ်ပြီလား....အဟင်း..."
"အင်း အိပ်နေပြိီ...
ဦးကဘာလုပ်နေတာလဲ?...
ဦးလည်း အိပ်တော့လေ..."
"အိပ်သေးပါဘူး...နေ့လယ်က ကိစ္စကိုအကောင်အထည်ဖော်ရဦးမှာလေ..."
"အဲ့..အဲ့တာက..."
"အဲ့တာက လုပ်မနေတော့နဲ့..."
"အံမယ်လေး...ဦး ဒါဘာလုပ်တာလဲ?..."
မပြောမဆိုနဲ့..ရုတ်တရက်ကြီး ပွေ့ချီလိုက်တဲ့ဦးကြောင့် လူကအလန့်တကြားဖြစ်သွားတယ်..။
ကျွန်တော့်ကိုကုတင်ပေါ်ကို အသာချပေးပြီး..အုပ်မိုးလာတဲ့ဦးကြောင့် နည်းနည်းတော့လန့်မိတယ်..။
"ကလေး ဦးကိုခွင့်ပြုမယ်မလားဟင်..."
"ပြောနေစရာလိုသေးလို့လား...ဟွန်း...."
"အဟက်...ချစ်ဖို့ကောင်းလိုက်တာ..."
ကလေးဆီက ခွင့်ပြုချက်ရတာနဲ့အတူ..ကလေးရဲ့နှုတ်ခမ်းလေးကို စုပ်ယူနမ်းလိုက်သည်..။ ရင်ဘက်တစ်နေရာ ရောက်သည့်အခါ ကလေးရဲ့ညည်းသံတိုးတိုးလေးကိုလည်း ကြားရသည်..။ လချီပြီး ထိန်းလာတဲ့ကျွန်တော့်ရဲ့အချစ်တွေဟာလည်း ပွင့်ထွက်လာတယ်..။
ထိန်ထိန်သာနေတဲ့လရောင်နဲ့အတူ..အခန်းထဲမှာလည်း အချစ်ခရီးလမ်းကိုဖြတ်သန်းနေကြတဲ့ ချစ်သူနှစ်ဦးလည်းရှိနေကြသည်..။ နေမင်းဧကရာဇ်ရဲ့စိတ်ထဲမှာလည်း..သားသားတရေးနိုးအော်မငိုပါစေနဲ့လို့ဆုတောင်းရင်း..အချစ်ခရီးလမ်းကိုဆုံးအောင် ဖြတ်သန်းလိုက်ကြသည်...။
Continue Reading
You'll Also Like
973K 35.2K 42
662K 75K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
6.6M 432K 94
Hanary Victor + Loon Tar Nay San
203K 5.3K 56
ငယ်ငယ်ထဲက အရိပ်တကြည့်ကြည့်နဲ့စောင့်ရှောက်လာတဲ့ပန်းလေးက သူများခူးဖို့အတွက်မဟုတ်ဘူးကွ။ ကိုယ်တိုင်ခူးဖို့အလှဆုံးပျိုးထားတာ ဒီကောင်ခွန်းစစ်မဟာအတွက် ခမ်း...