မောင်ထူးနဲ့ပေါင်းပြီး ကျွန်တေ...

By KattKatt962

880K 98.7K 16.2K

ကိုယ်က ဇာတ်ကြောင်းပြောပုံစံလေးတွေဆို တအားကြိုက်တာမို့... ဇာတ်ကြောင်းပြောပုံစံမျိုးပဲရေးမှာပါနော်။ ကိုယ့်အကြော... More

P_1(Zawgyi)
P_2 (Zawgyi)
P_2 (Uni)
P_3 (Zawgyi)
P_3 (Uni)
P_4 (Zawgyi)
P_4 (Uni)
P_5 (Zawgyi)
P_5 (Uni)
P_6 (Zawgyi)
P_6 (Uni)
P_7 (Uni)
P_7 (Zawgyi)
P_8 (Zawgyi)
P_8 (Uni)
P_9 (Zawgyi)
P_9 (Uni)
P_10 (Zawgyi)
P_10 (Uni)
P_11 (Zawgyi)
P_11 (Uni)
P_12 (Zawgyi)
P_12 (Uni)
P_13 (Zawgyi)
P_13 (Uni)
P_14 (Zawgyi)
P_14 (Uni)
P_15 (Zawgyi)
P_15 (Uni)
P_16 (Zawgyi)
P_16 (Uni)
P_17 (Zawgyi)
P_17 (Uni)
P_18 (Zawgyi)
P_18 (Uni)
P_19 (Zawgyi)
P_19 (Uni)
P_20 (Zawgyi)
P_20 (Uni)
P_21 (Zawgyi)
P_21 (Uni)
P_22 (Zawgyi)
P_22 (Uni)
P_23 (Zawgyi)
P_23 (Uni)
P_24 (Zawgyi)🚨
P_24 (Uni)🚨
P_25 (Zawgyi)
P_25 (Uni)
P_26 (Zawgyi)
P_26 (Uni)
P_27 (Zawgyi)
P_27 (Uni)
P_28 (Zawgyi)
P_28 (Uni)
P_29 (Zawgyi)
P_29 (Uni)
P_30 (Zawgyi)
P_30 (Uni)
ဇာတ္သိမ္း
ဇာတ်သိမ်း
Extra P_1
Extra P_1 (Uni)
Extra_2 (zawgyi)
Extra_2 (Uni)
Extra_3 (uni)
Extra_3 (zawgyi)
Extra_4 (uni)
Extra_4 (zawgyi)
Extra_5 (uni)
Extra_5 (zawgyi)
Extra_6 (uni)
Extra_6 (zawgyi)
extra_7(uni)
extra_7(zawgyi)

P_1(Uni)

34K 2.9K 227
By KattKatt962

"အင်း... အင်း... အင်း..."

"Please... help me..."

"အင်း... အင်း..."

အိပ်နေပေမဲ့ နားထဲမှာအဆက်မပြတ်ကြားနေရတဲ့ ယောက်ျားတစ်ယောက်ရဲ့ အော်ညည်းသံတွေ....

နားတွေကိုခေါင်းအုံးနဲ့ဖိ၊ စောင်ကိုခေါင်းမူးခြုံပြီး ကြိုးစာပြီးဆက်အိပ်ပေမဲ့ ဘယ်လိုမှအိပ်မပျော်တော့ဘူး။

"ဘာတွေလဲ... ဘာတွေလဲ... ညကြီးသန်းခေါင်ကို ဘယ်ကအသံတွေလဲ"

စိတ်တိုတိုနဲ့ မျက်လုံးဖွင့်လိုက်တယ်။ ဘေးဘီကိုရှာကြည့်လိုက်တော့ တွေ့ပါပြီ ဟိုကောင် မောင်ထူးခြင်ထောင်ထဲက အသံထွက်နေခြင်း။

အဆောင်ဖြစ်တာမို့ တစ်ခန်းကို နှစ်ယောက်နေရတယ်။ မောင်ထူးက ခပ်ရိုးရိုးရယ်။ အသောက်အစားမရှိဘူး။
အရမ်းဖော်ရွေပြီး လူတကာနဲ့ တည့်အောင်ပေါင်းတာကြောင့် အပေါင်းအသင်းကလည်းများသလို လူချစ်လူခင်ကလည်းပေါတယ်။

အဆောင်မှာ နှစ်ယောက်တစ်ခန်းနေရမယ်ဆိုတော့ မောင်ထူးနဲ့အတူ တစ်ခန်းထဲနေချင်တဲ့ကောင်တွေက များမှများပဲ။ နောက်ဆုံး မဲစနစ်နဲ့ ဆုံးဖြတ်လိုက်တော့ ကျွန်တော်နဲ့ကျသွားတယ်။ ကျွန်တော့်ကို ကံကောင်းလိုက်တာတဲ့ အားလုံးက ဝိုင်းပြောကြတယ်။ ဟုတ်ပါတယ်။ ကျွန်တော်တကယ်ကံကောင်းပါတယ်။ သူများအခန်းတွေ ရှုပ်ပွနေပေမယ့် ကျွန်တော့်အခန်းကတော့ အမြဲတမ်း သပ်သပ်ရပ်ရပ်ပဲ။ မောင်ထူးက နေတာထိုင်တာ သပ်ရပ်တယ်။ အားရင် အခန်းသန့်ရှင်းရေး လုပ်နေတတ်တာမျိုး။ ကျွန်တော့်အပေါ်လည်း ကောင်းတယ်။ နားလည်မှုလည်းရှိသလို စာနာစိတ်လည်းရှိတယ်။

ကျွန်တော်က မှောင်ရင်မအိပ်တတ်ဘူး။ လင်းနေမှ စိတ်ချလက်ချ အိပ်နိုင်တာမျိုး။ မောင်ထူးက တော်တော်သဘောကောင်းတယ်။ မှောင်ရင်မအိပ်တတ်တဲ့ ကျွန်တော့်ကို တစ်ညလုံး မီးဖွင့်ထားပေးတယ်။ မီးလင်းနေတော့ မင်းအဆင်ပြေရဲ့လားလို့ ကျွန်တော်မေးတော့ "အဆင်မပြေရင် မင်းကပိတ်ပေးမှာလား"တဲ့ ပြန်ပြီးတော့မေးတယ်။ အဲ့ဒါနဲ့ ကျွန်တော်ဘာမှ ဆက်မပြောဖြစ်တော့ဘူး။

ကျွန်တော် ခြင်ထောင်ထဲကနေ မောင်ထူးကိုလှမ်းကြည့်လိုက်တယ်။

ကျွန်တော့်ခြင်ထောင်က အထူသား၊ စီဝိုင်စီဆိုလား ဘာဆိုလား မေမေပြောတာတော့ ကြားဖူးတာပဲ။ အတွင်းကနေ အပြင်ကိုကြည့်ရင် မြင်ရပေမယ့် အပြင်ကနေဆို သေချာကြည့်မှ အတွင်းကို မြင်ရတယ်။ ကျွန်တော်က အအိပ်ကြမ်းတယ်။ မနက်မိုးလင်းလို့ နိုးလာရင် ပုဆိုးကခေါင်းတက်ချိတ်နေတာမျိုး။ ဘောင်းဘီဝတ်ပြီးတော့လည်း မအိပ်တတ်ဘူး။ အိပ်တော့မယ်ဆိုတာနဲ့ အောက်ခံဘောင်းဘီပါမကျန် အကုန်ချွတ်ပြီးမှ ပုဆိုးနဲ့ပဲ အိပ်တတ်တယ်။ မချွတ်ရင်အိပ်မပျော်ဘူး။ ပူသလိုလို၊ စိတ်ကျဥ်းကျပ်သလိုလို ခံစားရတာမို့။ ကျွန်တော်အိပ်ရာနိုးတိုင်း ဖင်ပြောင်နဲ့ဆိုတော့ သူများအမြင်မှာ မတင့်တယ်ဘူး။ တစ်ခါတလေဆို ဟို စကားနားမထောင်တဲ့အကောင်က ထောင်နေတတ်သေးတယ်။ အဲ့ဒါကြောင့် အပြင်ကနေ အတွင်းကို မမြင်ရတဲ့ ခြင်ထောင်နဲ့မှ အဆင်ပြေတယ်။

မောင်ထူးခြင်ထောင်ကကျတော့ ဇာခြင်ထောင်အပါးလေး။ အပြင်ကနေကြည့်ရင် အတိုင်းတိုင်းပဲ။ မောင်ထူးက ကျွန်တော့်လို အအိပ်မကြမ်းဘူး။ ပုဆိုးနဲ့အိပ်တာတောင် ဟိုပေါ်ဒီပေါ်တယ်လို့ တစ်ခါမှမမြင်ဖူးဘူး။ ညကနေ ကွေးကွေးလေးအိပ်နေရင် နိုးလာလည်းကွေးကွေးလေးပဲ။

မောင်ထူးက ကျွန်တော့်ဘက်ကို ကျောပေးထားတယ်။ လက်တစ်ဖက်ကိုမြှောက်ပြီး ဖုန်းကိုင်ထားတာကြောင့် ဖုန်းထဲကနေ တစ်ခုခုကြည့်နေတာဖြစ်မယ်။ ဖုန်းကကြိုးတန်းလန်းနဲ့ဆိုတော့ မောင်ထူးက နားကြပ်နဲ့ နားထောင်နေတာ ဖြစ်ရမယ်။ နားကြပ်က အသံမလုံလို့ ကျွန်တော် ကြားနေရခြင်းဖြစ်တယ်။

မောင်ထူးက ကျွန်တော့်ကိုကျောပေးပြီး ဖုန်းကိုမြှောက်ကြည့်နေတာမို့
ဖုန်းနဲ့ကျွန်တော်က မျက်နှာချင်းဆိုင်ဖြစ်နေတယ်။ သူကြည့်နေတာ ဘာကားမို့ ယောက်ျားတစ်ယောက်ရဲ့ မချိ့မဆံ့ ခံစားနေရတဲ့အသံတွေ ထွက်နေရတာလဲ။ ကျွန်တော်သိချင်စိတ်နဲ့ သူ့ဖုန်းကို အကြည့်ရောက်သွားတယ်။

အောက်ကကောင်လေးက ငိုနေတာမဟုတ်ပေမယ့် မျက်လုံးထဲကနေ အရည်တွေစီးကျနေတယ်။ နာနေလို့ထင်ပါတယ် ပါးစပ်ကလည်း ဟစိဟစိနဲ့ ညည်းသံတွေ ထွက်နေတယ်။ အောက်ကကောင်လေးက အဲ့လိုဖြစ်နေပေမယ့် သူ့ကို စီးမိုးထားတဲ့ တစ်ယောက်ကတော့ မသနားသလို ညှာတာမှုလည်းမရှိပါ။ အောက်ကကောင်လေးထဲကို တစ်ဆုံးထိုးထည့်ပစ်လိုက်တယ်။

"အား...."

ကျွန်တော်ပါ လိုက်အော်မိသွားတယ်။ စိတ်ထဲကအော်မိခြင်းပါ။ အပြင်မှာတော့ အသံမထွက်အောင် လက်သီးကိုဆုပ်ပြီး ပါးစပ်ထဲထည့်ထားရတယ်။ တော်ကြာ မောင်ထူးကြားသွားမှဖြင့်....

အောက်ကကောင်လေးက မလှုပ်တော့ဘူး။ ညည်းသံတွေလည်း ထွက်မလာတော့ဘူး။ ဒါပေမဲ့ အပေါ်ကယောက်ျားကတော့ ထုတ်လိုက်သွင်းလိုက်နဲ့ စိတ်ကျေနပ်တဲ့အချိန်ထိ ဆက်လှုပ်ရှားနေတယ်။

"ဇွပ်... ဇွပ်..."

တိတ်ဆိတ်နေတဲ့ ညသန်းခေါင်ယံမှာ ဇွပ်ဇွပ်ဆိုတဲ့ ထုတ်သွင်းသံတွေက အခန်းတစ်ခုလုံးကို လွှမ်းမိုးလို့နေတယ်။

နောက်တော့ မောင်ထူးက ကျွန်တော်ဘက်ကို လှည့်လာတယ်။ သူ ကျွန်တော်နဲ့ မျက်နှာချင်းဆိုင်ဖြစ်သွားတာကြောင့် ဖုန်းထဲကရုပ်တွေကို မမြင်ရတော့ဘူး။ ရုပ်မမြင်ရတော့ပေမယ့် အသံကတော့ ကြားနေရတုန်းပဲ။

ကျွန်တော်မယုံနိုင်ဘူး။ မောင်ထူးလို သဘောအရမ်းကောင်းတဲ့လူက ဒီလိုကားတွေ ကြည့်တယ်ဆိုတာကို။ ကျွန်တော် မောင်ထူးမျက်နှာကို ကြည့်လိုက်တယ်။ မောင်ထူးမျက်နှာအမူအယာကိုမြင်တော့ ကျွန်တော့်လန့်သွားရတယ်။
သူရဲ့မျက်နှာအမူအယာက ဘယ်လိုပြောရမလဲ။ လုပ်လုပ်ဆိုတဲ့ မျက်နှာပေးမျိုး။ အရမ်းကို အားရကျေနပ်နေပုံပေါက်နေတယ်။

"ဟားဟား...ဟားဟား..."

အပေါ်ကနေ အထုတ်အသွင်းလုပ်နေတဲ့တစ်ယောက် စိတ်ကျေနပ်သွားပြီထင်ပါရဲ့ မောင်ထူးဖုန်းထဲကနေ အော်ရယ်သံကြီး ထွက်လာတယ်။ အပြင်မှာ မောင်ထူးကလည်း လိုက်ရယ်နေတယ်။ မောင်ထူးရယ်သံက ကြောက်စရာကောင်းတယ်။ ကျွန်တော့်ကျောထဲတောင် စိမ့်သွားသလိုပဲ။

ဇာတ်ကားပြီးသွားလို့ထင်တယ် မောင်ထူးက ဖုန်းကိုပိတ်တယ်။ နားကြပ်ကိုဖြုတ်တယ်။ လူကထထိုင်တယ်။ မျက်နှာကပြုံးနေတယ်။ တဖြည်းဖြည်းနဲ့ အပြုံးက ပိုပိုပြီး ပီပြင်လာတယ်။ နောက်တော့ ​ရယ်တယ်။ အသံမထွက်ပေမယ့် မောင်ထူးကိုယ်လုံးက တသိမ့်သိမ့်တုန်နေတယ်။

ရယ်တာတဖြည်းဖြည်းနဲ့ အသံထွက်လာတယ်။ ပါးစပ်ကို လက်ဖဝါးနဲ့အုပ်တယ်။ ခေါင်းတွေကိုခါယမ်းတယ်။ အရမ်းကျေနပ်နေတဲ့ သဘောမျိုး။ ပြီးတော့ ခေါင်းအုံးကို လက်သီးနဲ့ အဆက်မပြတ်ထိုးတယ်။
အူတွေအသည်းတွေယားပြီး ထိုးသလိုမျိုး။

တအောင့်လောက်ကြာတော့ အရယ်ရပ်သွားပြီး ရုတ်တရက်ကြီး ကျွန်တော့်ခြင်ထောင်ဘက်ကို လှည့်ကြည့်လိုက်တာကြောင့် ကျွန်တော့်ကိုယ်လေး တုန်တက်သွားရတယ်။ မောင်ထူးမျက်နှာက ပြုံးမနေတော့ဘူး။ စိမ်းစိမ်းဝါးဝါးနဲ့ စိုက်ကြည့်နေတယ်။ ပြီးတော့ ကျွန်တော့်ဘက်ကို ထပြီးလာနေတယ်။ ကျွန်တော်ကြောက်လွန်းလို့ တစ်ကိုယ်လုံးတုန်နေပြီ သူကြည့်တဲ့ဇာတ်ကားထဲကလို ကျွန်တော့်ကိုလုပ်လိုက်မှဖြင့် မတွေးရဲစရာ...

ကျွန်တော် မျက်လုံးတွေကို မှေးကျဉ်း​​ပစ်လိုက်တယ်။ အပြင်ကကြည့်ရင်တော့ ကျွန်တော်အိပ်နေတယ်ပေါ့။ မောင်ထူးက တဖြည်းဖြည်း ခြင်ထောင်နားကိုကပ်လာတယ်။ မျက်နှာကို ခြင်ထောင်နဲ့ကပ်ပြီး ကျွန်တော့်ကိုကြည့်တယ်။

ကျွန်တော်အိပ်ချင်ယောင်ဆောင်တာကို ယုံသွားလို့ထင်ပါတယ် မောင်ထူးက သူ့ဘက်ကိုပြန်သွားတယ်။ တအောင့်ကြာလို့ မောင်ထူးဘက်ကို ကျွန်တော်ကြည့်လိုက်တော့ အိပ်ပျော်နေပြီ။

မောင်ထူး အိပ်ပျော်သွားပေမယ့် ကျွန်တော် အိပ်မပျော်တော့ဘူး။ ကျွန်တော်အိပ်ပျော်သွားတုန်း မောင်ထူးက ထလာပြီး တစ်ခုခုလုပ်လိုက်ရင် ဘယ်လိုလုပ်မလဲ။

----------------------------------------------------------

ကျွန်တော် သုံး၊လေးရက် ဆက်တိုက်ဆိုသလို
ကောင်းကောင်းအိပ်မပျော်ဘူး။ ခဏလေးအိပ်ပျော်သွားရင်လည်း အိပ်မက်တွေမက်တယ်။ ကျွန်တော်က အောက်ကနေ ငိုယိုပြီး ကြောက်လန့်နေတယ်။ ပါးစပ်ကနေလည်း
"ငါတောင်းပန်ပါတယ်"
"မလုပ်ပါနဲ့..."
"ငါကြောက်လို့ပါ" ဆိုပြီး အသနားခံနေတယ်။

ကျွန်တော် ဘယ်လောက်ပြောပြော မောင်ထူးကတော့ ဂရုမစိုက်ဘူး။ အခု ကျွန်တော်အိပ်နေတဲ့ ခုတင်ပေါ်မှာပဲ ကျွန်တော့်လက်တစ်ဖက်စီကို ခုတင်တစ်ဖက်တစ်ချက်စီက တိုင်တွေမှာ ကြိုးတွေနဲ့ ချည်နေတယ်။ ခြေထောက်တွေကိုလည်း ထိုအတိုင်းပဲချည်တယ်။ ကျွန်တော်က ခုတင်ပေါ်မှာ ခြေကားယား လက်ကားယားနဲ့ ကြိုးအချည်ခံထားရတယ်။

မောင်ထူးက ကျွန်တော်အဝတ်အစားတွေကို ဆွဲဖြဲတယ်။ ကိုယ်တုံးလုံးဖြစ်သွားတဲ့ ကျွန်တော့်ကို လူယုတ်မာအပြုံးကြီးနဲ့ အရသာခံပြီး ကြည့်နေတယ်။ ပြီးတော့ ကျွန်တော့်မျက်လုံးတွေကို အဝတ်စနဲ့စည်းလိုက်တယ်။

မောင်ထူးက ကျွန်တော့် တစ်ကိုယ်လုံးကို နေရာအနှံ့ ပွတ်သပ်နေတယ်။ ကြောက်လွန်းလို့ ကျွန်တော့်ကိုယ်က တုန်နေတယ်။ နောက်တော့ မောင်ထူးက မာမာအချောင်းကြီးနဲ့ ကျွန်တော့်ကိုယ်ထဲကို ထိုးထည့်လိုက်တယ်။

"အားးးး"

ကျွန်တော်လန့်ပြီးနိုးလာတယ်။ မောင်ထူးက ရေတစ်ခွက်ခပ်လာပြီး ကျွန်တော့်ကိုကမ်းပေးတယ်။ အိပ်မက်ဆိုးတွေမက်နေတာလားတဲ့ မောင်ထူးကမေးတယ်။ ကျွန်တော်ခေါင်းညိတ်ပြလိုက်တော့ ဘုရားရှစ်ခိုးပြီးအိပ်တဲ့။ ပြီးတော့ ဆက်အိပ်ဖို့အဆင်မပြေရင် သူနဲ့လာအိပ်ပါလားဆိုပြီး ပြောလာတယ်။ ကျွန်တော်ခေါင်းယမ်းပြလိုက်တယ်။ မအိပ်ရဲပါဘူး။

ဒီပုံစံအတိုင်းဆို ကျွန်တော်အခန်းပြောင်းမှ ဖြစ်တော့မယ်ထင်တယ်။

----------------------------------------------------------

တစ်လကြာပြီးနောက်....

ကျွန်တော်အခန်းပြောင်းပြီး မောင်ထူးနဲ့ မတွေ့ဖြစ်အောင်ရှောင်တယ်။
ကြောက်လည်းကြောက်သလို ရွံလည်းရွံလို့။ မောင်ထူးလည်း ရိပ်မိမယ်ထင်ပါတယ် ကျွန်တော်သူ့ကိုရှောင်နေတာကို။
တစ်ခါတလေဆို သူ ကျွန်တော့်ကို အဝေးကနေ ကြည့်နေတတ်တယ်။ စကားတော့လာမပြောဘူး။ ဘာလို့အခန်းပြောင်းတာလဲဆိုတာလည်း မမေးခဲ့ဘူး။ သူငယ်ချင်းတွေကလည်းမေးကြတယ်။ အရင်ကတော့ မင်းနဲ့မောင်ထူးက တအားပေါင်းပြီး အခုဘာလို့ သူစိမ်းတွေလိုဖြစ်သွားရတာလဲတဲ့။ကျွန်တော်ရယ်ပြီး ခေါင်းပဲယမ်းပြဖြစ်တယ်။

--------------------------------------

အရမ်းတိတ်ဆိတ်လွန်းတဲ့ သစ်ပင်ကြီးအောက်မှာ ကျွန်တော်ထိုင်နေတယ်။ တပေါင်းလမို့ထင်ပါတယ် လေလေးကတဖြူးဖြူးနဲ့ဆိုတော့ သစ်ရွက်လေးတွေက အဆက်မပြတ် မြေပေါ်ကိုကြွေကျနေတယ်။ ကျွန်တော်က စိတ်ကူးယဉ်အတွေးသမားမို့ ဒီလိုရာသီဥတုမျိုးကို အရမ်းနှစ်ကြိုက်တယ်။ အရမ်းကိုပြီးပြည့်စုံတယ်လို့ ခံစားရတာမို့။

"ထူးအောင်"

ရုတ်တရက် နာမည်ခေါ်သံကြားလို့ လှည့်ကြည့်လိုက်တော့ မောင်ထူး။ သူက ကျွန်တော့်ဆီကို လာနေတယ်။ ကျွန်တော် ဘေးဘီကို လျှောက်ကြည့်တော့ ဘယ်သူမှ ရှိမနေတာကြောင့် ကြည်နူးမှုနေရာမှာ ကြောက်စိတ်တွေ အစားထိုးဝင်လာတယ်။ ဒီနေရာက လူရှင်းတော့ သူကြည့်တဲ့ဇာတ်ကားတွေထဲကလို လုပ်လိုက်ရင် ဘယ်လိုလုပ်မလဲ။ မဖြစ်ဘူး ကျွန်တော်ထပြန်ရမယ်။
ကျွန်တော်တွေးလို့မဆုံးခင်မှာပဲ မောင်ထူးကကျွန်တော့်အနားကို ရောက်လာခဲ့ပြီ။ ထပြန်ဖို့လည်း အချိန်မီမနေတော့။

မတွေ့တာကြာပြီနော်တဲ့ မောင်ထူးကနှုတ်ဆက်တယ်။ ကျွန်တော်ခေါင်းညိတ်ပြလိုက်တော့ အိပ်မက်ဆိုးတွေမက်သေးလားတဲ့ ဆက်ပြီးတော့မေးတယ်။

"မမက်တော့ပါဘူး" ကျွန်တော်ပြန်ဖြေလိုက်တယ်။

အချိန်အတော်ကြာကြာထိ မောင်ထူးဆီက ဘာစကားမှ ထပ်ထွက်မလာခဲ့ဘူး။ အဲ့ဒါကြောင့် အကြောင်းတစ်ခုခုပြပြီး ပြန်မယ်လို့ ကျွန်တော်တွေးလိုက်တယ်။ ကျွန်တော် မောင်ထူးနဲ့ ကြာကြာမနေချင်ဘူးလေ။

ငါလုပ်စရာလေးတွေရှိသေးလို့ အရင်ပြန်နှင့်တော့မယ်လို့ ကျွန်တော်ပြောလိုက်တော့ မောင်ထူးက အင်းလို့ပဲပြန်ဖြေတယ်။ တော်ပါသေးရဲ့။ နို့မို့ဆို ကြောက်တာနဲ့ ကျွန်တော်သေမှာ။

"ချစ်တယ်"

"......"

ထိုင်နေရာကနေ အမြန်ထလိုက်ပြီး
ပြန်ဖို့အလှည့်မှာ မောင်ထူးက ပြောလိုက်ခြင်းဖြစ်တာကြောင့် ကျွန်တော် ကြောင်အ,စွာနဲ့ မောင်ထူးကိုငုံ့ကြည့်ဖြစ်တယ်။ မောင်ထူးကလည်း ကျွန်တော့်ကိုမော့ပြီး ပြန်ကြည့်နေတာမို့ အကြည့်ချင်းကဆုံတယ်။

ဒါ ဘယ်လို အခြေနေကြီးလဲလေ...

Continue Reading

You'll Also Like

1.1M 89.3K 102
All photos I use in this story are not mine. It's all from google. both unicode and zawgyi "mission တေလုပ်ကြမယ် let's go!!!" "အော်... ငါ့ရဲ့hostလေးယေ...
3.6M 538K 118
Title - Legendary Phoenix Book cover by Narcissus A beautiful romance story of God of Phoneix and extremely handsome God of Dreams ~♥~ Type- OWN CRE...
904K 65K 42
Stivan Victor + Khon Shao Zin
2.7M 75.2K 20
"ညိုလဲ လူတွေထဲက လူသားတစ်ယောက်ပါ ညို့ရဲ့ ဖြစ်တည်မှုက ဘယ်သူတွေကို ထိခိုက်နေလို့လဲ..မေမေ" "ညို မရှင်သန်ချင်တော့ဘူး... ဒီလောကကြီးမှာ ညိုတို့လိုလူတွေအတွက်...