"သားငယ္ ဒါေလးစားလိုက္ပါဦး"
မေန႔ကကတည္းက ဘာမွမစားသလို အခုလည္း ညေနေရာက္တဲ့ထိကို ေရတစ္စက္မေသာက္...
ရတု ေခါင္းရမ္းျပေလသည္
"သား ခံစားေနရတယ္ဆိုတာ ေမေမသိပါတယ္ သားရယ္..ဒါေပမယ့္ ေမေမတို႔ဘက္ကိုလည္းၾကည့္ေပးပါဦး..
ေမေမတို႔မွာလည္း သားတစ္ေယာက္ဘဲရွိတာပါ"
ထိုစကာေၾကာင့္ သားက သူမကို ေမာ့ၾကည့္ေပမယ့္ ဘာမွေတာ့မေျပာခဲ့။
ေဒၚေအးေအးေအာင္မွာ သားကို ဘယ္လိုေဖ်ာင္းဖ်ရမလဲပင္မသိေတာ့..
သူမလည္း ငိုယုံကလႊဲ၍ ဘာမွမတတ္ႏိုင္ေတာ့။
"ေတာင္းပန္ပါတယ္အေမ..က်ေတာ္တစ္ကိုယ္ေကာင္းဆန္တယ္ ဆိုတာ သိပါတယ္..ဒါေပမယ့္ က်ေတာ္ တစ္ကယ္ မစားခ်င္ဖူး"
သူမ ဘာတတ္ႏိုင္မွာလဲ??
"အေဖေကာ"
႐ုတ္တရတ္ထဆိုလိုက္ေသာ စကားေၾကာင့္ ေဒၚေအးေအးေအာင္ ပ်က္ရြင္းသြားေသာ မ်က္ႏွာကို မထိန္းလိုက္ႏိုင္။
သူမရဲ႕ မ်က္ႏွာကို ၾကည့္ေနေသာ ရတုက တစ္ခုခုမူမမွန္တာ သတိထားမိသြားကာ
"အေဖ ဘယ္မွာလဲ??"
"သားအေဖ?? သားအေဖ သားအတြက္ ပစၥည္းေတြသြားယူတယ္ "
သူမ ညာလိုက္ေပမယ့္ ရတုက မယုံေတာ့။
"က်ေတာ့္ကို အမွန္အတိုင္းေျပာေပးပါ.. အေဖ ဘယ္မွာလဲ??"
"သားအေဖ.. ခနေန ျပန္လာလိမ့္မယ္.. ခနဘဲေနာ္"
ရတု စိတ္ထဲမွာ ထိတ္ခနဲ႔ျဖစ္သြားရသည္
သူ အေမ့အေၾကာင္းေကာင္းေကာင္းသိသည္
သူ႔အေမက မသိေစခ်င္တဲ့တစ္ခုခုကို ဖုန္းကြယ္ထားတိုင္း တုန္ယင္ေနတတ္သည္ေလ
အခုလည္း တစ္ကိုယ္လုံး တုန္ယင္ေနခဲ့ကာ လုံးဝမူမမွန္။
ရတု မ်က္ႏွာပ်က္သြားကာ
"က်ေတာ္ အေဖ့ဆီ လိုက္သြားမယ္"
"မသြားရဖူး..သားလုံးဝမလိုက္သြားရဖူး"
ရတု အေမ့ကို ဖယ္ၿပီး ေကာ္ရစ္တာ တစ္ေလွ်ာက္အားကုန္ေျပးေတာ့သည္
ေဒၚေအးေအးေအာင္ ေအာ္ရင္း ေနာက္ကေျပးလိုက္ေပမယ့္ ဘယ္လိုမွမမွီေတာ့။
တစ္ေန႔လုံးမစားမေသာက္နဲ႔ အားနည္းတဲ့ လူမမာ ပုံစံေပါက္ေနခဲ့ေသာ သားမွာ ဘယ္က အားအင္ေတြရွိေနသလဲ??
ရတု လမ္းမွာ ကယ္ရီေတြ တစ္စီးၿပီး တစ္စီးငွားေနေပမယ့္ ေဆး႐ုံဝတ္စုံႏွင့္ ဖိနပ္ပင္မပါေသာ သူ႔က္ို မည္သူမွ ရပ္မေပး..
ထိုအခ်ိန္ တစ္ေယာက္က သူ႔အနားရပ္လာကာ ေမးလာတာေၾကာင့္ ေပ်ာ္သြားသည္
"ဘယ္သြားမွာလဲ? ညိီေလး"
ရတူ ေမာင့္ရဲ႕ အိမ္လိပ္စာက္ို ရြတ္ျပလိုက္သည္
သိူ႔ေသာ္ ကယ္ရီသမားက ထိုအိမ္လိပ္စာကိုၾကားတာနဲ႔ ခ်က္ခ်င္းမ်က္ႏွာပ်က္သြားကာ
"အာ မလိုက္ဖူး..မလိုက္ဖူး"
ဆိုကာ ေျပးထြက္သြားေတာ့သည္
ရတု ဘယ္သူ႔ကိုမွေခၚမရေတာ့ တစ္ေယာက္တည္း ေျခက်င္ေလွ်ာက္ေနခဲ့ကာ ေမာင့္ ရဲ႕ အိမ္ဆီေျပးေနမိသည္
ေျခေထာက္ေတြ ေပါက္ၿပဲကုန္တာလည္း သူမသိ..
သူ သိတာ အခ်ိန္မွီေရာက္ဖို႔သာ။
"ရွင္းရတု "
ကားတစ္စီး သူ႔ေဘးမွာ ရပ္လာကာ ကားေပၚကေန အမ်ိဳးသမီးတစ္ဦးဆင္းလာခဲ့သည္
"အန္တီ"
သူမက ေမာင့္ရဲ႕ေမေမ။
"ဘယ္သြားမလို႔လဲ??"
"အန္တီ က်ေတာ့္ကို ေမာင့္ဆီလိုက္ပို႔ေပးပါ "
သူမက ရတုကို စိုက္ၾကည့္ေနခဲ့ၿပီးမွ
"တက္"
ခြင့္ျပဳခ်က္ရတာနဲ႔ ကားေပၚကို ေျပးတတ္လိုက္သည္
~~~~~~~~~~~~~~~~~~~~~~~
ေမွာင္ရီပ်ိဳးေနတဲ့အခ်ိန္ မွာ ဦးသီလ ရတုအေဖနဲ႔ လူႏွစ္ေယာက္ စုစုေပါင္း လူေလးေယာက္...
htut ရဲ႕ အုတ္ဂူေဘးမွာ အလုပ္႐ွဳပ္ေနသည္
ပရိတ္ႀကိဳးေတြ ေရမန္းေတြျဖင့္ ေနရာေသခ်ာယူကာ အစီအရင္ခ်ၿပီးတာနဲ႔ ဦးသီလက htut ကို ဖိတ္ေခၚလိုက္သည္
htut မ်က္လုံးေတြက ေဒါသထြက္ေနကာ
"ခင္ဗ်ား တို႔ ဘာလုပ္ေနတာလဲ "
"က်ဳပ္တို႔ မင္းကို လာကူညီတာပါ... "
Htut က မဲ့ျပဳံးတစ္ခ်က္ျပဳံးလိုက္ကာ
"လာကူညီတာ ေသခ်ာရဲ႕လား??"
htut ႐ဲ့အနားကေန အႏၲာရယ္ေပးမယ့္ အရိပ္အေယာင္ေတြေပၚထြက္လာေတာ့သည္
"ေမာင္ htut ! က်ဳပ္ေျပာတာနားေထာင္ပါ..
မင္းေနာက္ဘဝကို ေကာင္းေကာင္းကူးႏိုင္ေအာင္ က်ဳပ္တို႔ ကူညီပါရေစ..
ဒိီဘဝမွာ အတင္းမဖက္တြယ္ထားပါနဲ႔..
မင္း ဒီလိုဘဲ အတင္းဖက္တြယ္ထားရင္ ေနာက္က် မင္း ငရဲက်လိမ့္မယ္"
"က်ေတာ္ မေၾကာက္ဖူး"
"ဒါေပမယ့္ မင္းတို႔က ဘယ္လိုမွမျဖစ္ႏိုင္ဖူး..
ဘဝျခားေနၿပီေလ..မင္း မင္းခ်စ္တဲ့သူကို နာက်င္ေစခ်င္လို႔လား??"
htut က တိတ္ဆိတ္သြားခဲ့တာေၾကာင့္ဦးသီလ မ်က္ႏွာမွာ ေမွ်ာ္လင့္ခ်က္ေရာင္ျခည္သန္းသြားကာ
"မင္း ေသခ်ာစဥ္းစားပါဦး! ေသၿပီး သရဲျဖစ္ေနရတဲ့ဘဝဟာ ဘယ္ေလာက္ၾကမ္းတမ္းလည္းမင္းသိပါတယ္..ဒီလို ဒုကၡေတြကို မင္းခ်စ္တဲ့သူကို ခံစားေစခ်င္လို႔လား??"
htut က တိတ္ဆိတ္ေနၿမဲ တိတ္ဆိတ္ေနၿမဲတိတ္ဆိတ္ေနေပမယ့္ ခနအၾကာမွာေတာ့ အသံထြက္လာခဲ့သည္
"က်ေတာ္ ရတု အနားမွာဘဲ ေနမယ္"
ထိုစကားေၾကာင့္ ဦးလူေမာ္ စိတ္တိုသြားကာ
"အဘ ဘာလုပ္ေနတာလဲ?? သူ ဘယ္ေတာ့မွ သားကို မစြန္႔လြတ္ဖူးလို႔ ေျပာေနတယ္ေလ"
ဦးသီလက ဦးလူေမာ္ စကားကို လစ္လ်ဴ႐ွဳ႕လိုက္ကာ
"မင္းဒီလို ဆက္လုပ္ေနရင္ ဒီကေန မလြတ္ေျမႇာက္ႏိုင္ဘဲ ရွိေနလိမ့္မယ္ "
"က်ေတာ္ ဂ႐ုမစိုက္ဖူး"
"အဘ"
htut ရဲ႕ မ်က္ဝန္းေတြက ဦးလူေမာ္ကို စိုက္ၾကည့္ေနရင္း ေအးစက္သြားကာ
"ခင္ဗ်ား တို႔သာ မရွိရင္ ရတုက က်ေတာ့္ဆီ ေရာက္လာမွာ"
"ေမာင္ Htut"
ဦးသီလ ျဖန္ေဖ်ရန္ ေခၚလိုက္ေပမယ့္ htut ရဲ႕ အနားမွာ အႏၲာရယ္ အေငြ႕အသက္ေတြ ႀကီးစိုးလာခဲ့သည္
"ေမာင္Htut မင္းအခုရပ္လိုက္..ဒီလိုဆက္လုပ္ေနမယ္ဆို က်ဳပ္တို႔ကို အဆိုးမဆိုပါနဲ႔"
"ခင္ဗ်ားတို႔က က်ဳပ္က္ို ကူညီ္မွာ မဟုတ္ဖူး..
ခင္ဗ်ားတို႔က က်ဳပ္နဲ႔ ရတုကို ခြဲပစ္ဖို႔ လုပ္ေနတာ "
"မဟုတ္ဖူး..က်ဳပ္ ေျပာတာ နားေထာင္ပါ..
က်ဳပ္ တစ္ကယ္မင္းကို ကူညီခ်င္တာပါ"
"မယုံဖူး"
Htut အသံက ကြဲအက္ေျခာက္ကပ္လာကာ ေလေတြလည္း တစ္ဝုန္းဝုန္းတိုက္လာတာေၾကာင့္ အစီအရင္ ဖေယာင္းတိုင္ေတ မၿငိမ္းေအာင္ အားစိုက္ေနရသည္
"က်ေတာ္နဲ႔ ရတုကို ဘယ္သူမွခြဲလို႔မရဖူး"
htut က ေရွ႕ကိုျဖည္းျဖည္းခ်င္းတိုးလာတာေၾကာင့္ ဦးသီလမွာ ဘာမွမတတ္ႏိုင္ေတာ့..
အစီအရင္စရန္ အခ်က္ျပလိုက္သည္
သူအခ်က္ျပလိုက္တာနဲ႔ သူနဲ႔အတူ ပါလာေသာ သူႏွစ္ေယာက္ပါ တရားထိုင္လိုက္ရင္း ဂါထာ တစ္ခုကို ရြတ္ဖက္လိုက္သည္
Htut ကေတာ့ ေရွ႕ကို တိုးလာေနရင္းမွ မီးခဲလို ပူေလာင္လာေသာ ပတ္ဝန္းက်င္ေၾကာင့္ တစ္ခ်က္ရပ္သြားေပမယ့္ တစ္ခနသာ..
ေရွ႕ကိူဆက္ၿပီးတိုးလာေနခဲ့သည္
"မင္း ရပ္လိုက္ပါ... မင္းမရပ္ရင္ မင္းဘဲ ထိခိုက္လိမ့္မယ္"
သို႔ေသာ္ Htut မ်က္ႏွာက ပိုမိုေအးစက္သြားကာ ဂ႐ုမစိုက္သလို ေရွ႕ကိုတိုးလာေနဆဲ...
ဦးသီလက သက္ျပင္းတစ္ခ်က္ကိုခ်လိုက္ကာ ပရိတ္ႀကိဳးထုံးႏွစ္ခုကို htut ဆီ ပစ္လႊတ္လိုက္သည္
ပရိတ္ႀကိဳးထုံးေတြ ေျမေပၚက်သြားတာနဲ႔ ဗလေကာင္းေကာင္းႏွင့္ လူႀကီး ႏွစ္ဦးအျဖစ္ေျပာင္းသြားကာ
Htut ကို ဖမ္းခ်ဳပ္ထားခဲ့သည္
htut မ်က္လုံးက ေဒါသမီးလွ်ံေတြက ပိုမိုေတာက္လာကာ
"က်ဳပ္ကို အဆိုးမဆိုနဲ႔"
ထိုလူႀကီးေတြၾကားက အားနဲ႔ ႐ုန္းကာ သူတို႔ထိုင္ေနရာဆီသို႔ ေဒါသတစ္ႀကီး လက္ျဖင့္ ရမ္းခ်လိုက္သည္
ဝုန္း ဆိုေသာ အသံႀကီးႏွင့္အတူ ဝိုင္းထားေသာ အစီအရင္စည္းက ပ်က္သြားေတာ့သည္
ဦးသီလတို႔မ်က္ႏွာအႀကီးအက်ယ္ပ်က္သြားကာ
"သူ႔ရဲ႕ အင္အားေတြ ဘယ္ေနရာက ရေနတာလဲ?? "
သို႔ေသာ္ သူဒီလိုေတြးေနခ်ိန္မရွိ..Htutက ဥွီးလူေမာ္ လည္ပင္းက္ို ဆုတ္ကိုင္လိုက္ကာ
"က်ဳပ္တို႔ကို ခြဲလို႔မရဖူး..."
ဥိီးလူေမာ္မွာ အသက္႐ွဴၾကပ္လာမႈ့ေၾကာင့္ မ်က္ျဖဴပင္လန္ခ်င္ေနၿပီ
ဦးသီလ ေရမန္းေတြျဖင့္ htut က္ို လွမ္းပတ္လ္ိုက္သည္
"အားးး"
ဆိုေသာ အသံနက္ႀကီးႏွင့္အတူ Htut က ေနာက္ဆုတ္သြားခဲ့သည္
သို႔ေသာ္ ခ်က္ခ်င္း ျပန္ထလာကာ ဦးလူေမာ္ကိုဘဲ ဦးတည္ကာ တိုက္ခိုက္လာတာေၾကာင့္ သူတိူ႔ ဦးလူေမာ္ဆီ သြားကူရန္ျပင္လိုက္တာနဲ႔ အေဝးဆီသို႔ လြႊင့္သြားေတာ့သည္
"အဘ က်ဳပ္တို႔ ဘယ္လိုလုပ္ၾကမလဲ သူက အင္အားအရမ္းႀကီးေနၿပီ"
"ဘာလုပ္ရမွာလဲ?? သူ႔ကို ရေအာင္ ဖမ္းခ်ဳပ္ရမွာေပါ့"
ထိုအခ်ိန္မွာပင္
"ေမာင္ အခုခ်က္ခ်င္းရပ္လိုက္"
ရတု အသံၾကားတာနဲ႔ ေမာင္က ခ်က္ခ်င္းရပ္သြားကာ လွည့္ျကည့္လာခဲ့သည္
"ေမာင္ အေဖ့ကို လႊတ္လိုက္ပါ"
htut က ရပ္သြားေပမယ့္ လြႊတ္ေတာ့မလြႊတ္ေပးေသး..
ထို႔ေနာက္ ရတုအေနာက္မွာ ရပ္ေနေသာ ေဒၚသိဂႌက္ို ျမင္ခ်ိန္မွာေတာ့ ဦးလူေမာ္ကို ဆုပ္ကိုင္ထားေသာ လက္ေတြက္ို လႊတ္ခ်လိုက္သည္
ေဒၚသိဂႌက ေသြးေတြ ရႊဲစိုေနေသာ ခႏၲာကိုယ္ႏွင့္ သားျဖစ္သူက္ို ေတြ႕လိုက္ရေတာ့ သူမရင္ထဲမွာ ေျပာမျပႏိုင္..
ဝမ္းနည္းဝမ္းသာစိတ္ကရင္မွာ ျပည့္ႏွက္ေနကာ သားက ထိကိုင္ခ်င္ေနခဲ့သည္
တစ္ခါေလာက္ေလးျဖစ္ျဖစ္ သားမ်က္ႏွာကို ေတြ႕ခ်င္ေနခဲ့ေသာ သူမ ဆႏၵေလးက...
"သား!"
ထိုအခ်ိန္မွာဘဲ ရတု အေဖက ရတုကို သူ႔ဘက္က္ို ဆြဲေခၚလိုက္သည္
ထိုအခ်င္းအရာကို ေတြ႕တာနဲ႔ တစ္ခနမွ် ေပ်ာ့ေပ်ာင္းသြားေသာ htut မ်က္ႏွာက ျပန္လည္တင္းမာလာကာ
ဦးလူေမာ္ကို တိုက္ခိုက္ရန္ ဥိးတည္လာေတာ့ ရတု အေဖ့ေရွ႕ကေန ပိတ္ရပ္လိုက္သည္
"ေမာင္!"
Htut ကရပ္သြားကာ ရတု မ်က္ဝန္းေတြကိုၾကည့္လာခဲ့သည္
"ဒါေတြက အျခားလူေတြနဲ႔ မဆိုင္ပါဖူး..
ဒါေၾကာင့္ အျခားလူေတြကို ဒုကၡမေပးပါနဲ႔ေတာ့"
"သူတို႔က ေမာင္တို႔ကို ခြဲဖို႔ လုပ္ေနတာ"
"ဒါေပမယ့္ ငါ မင္းကို ခြဲသြားမွာ မဟုတ္ဖူးေလ"
ရတုစကားေၾကာင့္ ေမာင့္မ်က္လုံးေတြက အေရာင္ေျပာင္းသြားသလို ဦးလူေမာ္က ရတု လက္ကို ဆြဲလိုက္ကာ
"မင္း ဘာေတြ ေျပာေနတာလဲ?? မင္း ပါးစပ္ကို ပိတ္ထားစမ္း"
""ေတာင္းပန္ပါတယ္အေဖ...က်ေတာ္ အၿမဲ တစ္ကိုယ္ေကာင္းဆန္ခဲ့တယ္ ဆိုတာ သိပါတယ္.. ဒါေပမယ့္ က်ေတာ္ ေမာင့္ကို ဒီလိူႀကီး မခံစားေစခ်င္ဖူး..
အရာအားလူံးက က်ေတာ့္ေၾကာင့္ျဖစ္လာတာဘဲ..
ေမာင္က်ေတာ့္အတြက္ ေပးဆပ္လာတာ ဒီေလာက္ဆိုေတာ္သင့္ပါၿပီ
ထပ္ၿပီး က်ေတာ့္ေၾကာင့္ ေမာင့္ကို ဒုကၡမေရာက္ေစခ်င္ေတာ့ဖူး
တစ္ခါေလာက္ဘဲျဖစ္ျဖစ္ ေမာင့္ကို မွ်တမႈ့ ေပးခ်င္တယ္"
အားလုံးက ရတုစကားေတြေၾကာင့္ တိတ္ဆိတ္ကာ မည္သူမွ ဘာမွဝင္မေျပာၾက။
"အန္တီ ! ေတာင္းပန္စကားတစ္ခုက ဘယ္အရာမွျပင္လို႔မရဖူးဆိုတာသိေပမယ့္ က်ေတ္ာ ေတာင္းပန္ပါရေစ..
ေမာင့္ကို အန္တီ့ ရင္ခြင္ကေန ဆြဲထုတ္သြားခဲ့မိလို႔ ေတာင္းပန္ပါတယ္"
ေဒၚသိဂႌက ဘာစကားမွ မဆိုေပမယ့္ သူမက ရတုကို စိူက္ၾကည့္ေနခဲ့သည္
"ရွင္းရတု.. မင္း ေတာ္ေတာ့ !"
ဦးလူေမာ္ ေျပာလိုက္ေတာ့ ရတုက ဦးလူေမာ္ ဘက္လွည့္ကာ
"ေတာင္းပန္ပါတယ္အေဖ...က်ေတာ္ အေဖနဲ႔ အေမကိုခ်စ္ပါတယ္ ဒါေပမယ့္ က်ေတာ္ ထပ္ၿပီး တစ္ကိုယ္ေကာင္းဆန္ပါရေစ"
ရတုစကားေၾကာင့္ ဦးလူေမာ္ ရင္ထဲထိတ္ခနဲ႔ ျဖစ္သြားမိစဥ္
ရတု လည္ပင္းက ေသြးေတြ ဖ်ာထြက္လာတာေၾကာင့္ ေၾကာင္အသြားေတာ့သည္
ရတုက သူ႔လည္ပင္းက္ိုသူ လွီးပစ္လိုက္ျခင္း။
"အားးးးး"
ဘယ္သူမွ မထင္မွတ္ထားတာေၾကာင့္ အားလုံးကလည္းေၾကာင္အလွ်က္။
သူတို႔အသိဝင္လာေတာ့ ရတုက ေျမျပင္ေပၚမွာ ေသြးေတြနဲ႔ လဲက်ေနခဲ့ၿပီ
ဦးလူေမာ္သားကို ေျပးဖက္လိုက္ကာ
"သား သား !! မင္းဘာလို႔ ဒီလို လုပ္ရတာလဲ???
သားး တစ္ေယာက္ေယာက္ က်ေတာ့္သားေလးကို ကယ္ပါဦး ကယ္ၾကပါဦးဗ်ာ"
"အေဖ ! ေနာက္ ဘဝ ဆိုတာ ရွိခဲ့ရင္ အေဖတို႔အေႂကြးကိုေသခ်ာေပါက္ဆပ္ပါ့မယ္"
ရတုက အသက္ငင္ေနတဲ့ၾကားက ဦးလူေမာ္ ကိုေျပာလိုက္သည္
လည္ပင္းက နာက်င္မႈ့က အသဲခိုက္မတတ္...
ေမာင္ေကာ ဒီလို နာက်င္ခဲ့တာလား??
သူ႔အနားကိုလူေတြဝိုင္းအုံလာေတာ့ လူေတြၾကားထဲမွာ ေမာင္က သူ႔ကိူျပဳံးျပေနတာေၾကာင့္ ရတု ေနာက္ဆုံးလက္က်န္ အင္အားျဖင့္ ျပဳံးျပလိုက္သည္
*ေမာင္ ငါမင္းကိုထပ္ၿပီး ထားမသြားေတာ့ဖူး*
ဦးလူေမာ္မွာေတာ့ အ႐ူးလို ဟစ္ေအာ္ကာ ငိုေႂကြးေနခဲ့သည္
"မင္း ဘာလို႔ ဒီေလာက္ မိုက္မဲရတာလဲ?? သားရယ္..
ငါ ဘယ္လိုစိတ္နဲ႔ ရွင္သန္ရမွာလဲ"
ဦးသီလမွာ သက္ျပင္းခ်လိုက္ကာ မ်က္လုံးေတြကို မွိတ္ထားလိုက္သည္
"ဝဠ္ေႂကြးရွိရင္ ေက်ေအာင္ ဆပ္ၾကရတာဘဲ"
သူတို႔ ဘယ္လိုဘဲၾကဳိးစားခဲ့ ၾကဳိးစားခဲ့ ကံတရားကို သူတိူ႔မေျပာင္းႏိုင္ခဲ့ၾကပါဖူး...
ထို႔ေနာက္မွာေတာ့ေကာင္ေလးႏွစ္ေယာက္ရဲ႕ဝိညဥ္ဟာ တစ္ေယာက္လက္တစ္ေယာက္ဆြဲကာ လူေတြဝိုင္းအုံေနတဲ့ေနရာကို ေက်ာခိုင္းကာ အေမွာင္ထုထဲ တစ္ျဖည္းျဖည္း
တိုးဝင္သြားေတာ့သည္
ရတုအေဖမွာေတာ့ အ႐ူးတစ္ပိုင္းျဖစ္ကာ က်န္ခဲ့လွ်က္ ။
ရတု အေၾကာင္းကို ၾကားရတဲ့လူေတြကလည္း ႐ူးမတတ္ပင္..
ရတု အေမနဲ႔ သူဇီက မူးလဲသြားခဲ့ကာ ရတု အေဖကေတာ့ သားရဲ႕အေလာင္းကို ဖက္ကာ ငိုေနခဲ့တာ အ႐ူးတစ္ေယာက္လို။
ထိုအေၾကာင္းက တစ္ၿမိဳ႕လုံးမွာေျခာက္ျခားစရာဇာတ္လမ္းတစ္ပုဒ္ျဖစ္လာခဲ့ကာ ထိုအိမ္ႀကီးက လူတိုင္းရဲ႕ အိမ္မက္ဆိုးျဖစ္လာခဲ့သည္
ေနာက္ဆုံးမွာ ရတု မိဘေတြက ရာသတ္ပန္ တရားေဘာင္က္ို ဝင္သြားခဲ့သလို သူဇီကလည္း ရာသတ္ပန္ မယ္သီလရွင္ ဝတ္သြားခဲ့ကာ
သူမရဲ႕က်န္ရွိေနတဲ့ ဘဝတစ္ေလွ်ာက္လုံးကို
htut နဲ႔ ရတုအတြက္ ကုသိုလ္ေကာင္းမႈ့ေတြ လုပ္ေပးရင္း ကုန္ဆုံးေစခဲ့သည္
ဒီဝဠ္ေႂကြးေတြကို ျဖစ္ႏိုင္လွ်င္ ဒီဘဝမွာ အၿပီးဆပ္သြားခ်င္သည္
လူေတြရဲ႕ ပါးစပ္ဖ်ားက ထိုအေၾကာင္းအရာကလည္း ရက္ေတြ လေတြ ႏွစ္ေတြ ၾကာျမင့္ၿပီးေနာက္မွာေတာ့ တစ္ျဖည္းျဖည္းေပ်ာက္ကြယ္လာခဲ့သည္
ႏွစ္မ်ားစြာၾကာလာၿပီးေနာက္>>>>
ေကာင္ေလးတစ္အုပ္ ကုတ္ေခ်ာင္း ကုတ္ေခ်ာင္းျဖင့္ အိမ္ႀကီးဆီကို ဝင္လာၾကသည္
"မင္းေျပာတာ ဒီအိမ္ႀကီးဆိုတာ ေသခ်ာလား??"
"ေသခ်ာပါတယ္... ငါ ေသခ်ာစုံစမ္းၿပီးၿပီ..
ဒီအိမ္ႀကီးမွာ ခ်စ္သူႏွစ္ေယာက္ ကိုယ့္ကိုယ္ကို သတ္ေသသြားတာတဲ့"
"ျဖစ္ရဲ႕လား ဟိတ္ေကာင္ေတြ ငါေၾကာက္တယ္ေနာ္ "
"ဟာ မင္းကလည္း သရဲ channel လြႊင့္တဲ့လူလုပ္ေနၿပီး
ဒီေလာက္ေလးကို လာေၾကာက္ေနေသးတယ္"
သူတိူ႔လည္း နာမည္ႀကီးခ်င္လို႔သာ.. ေၾကာက္စိတ္က အျပည့္။
ေၾကာက္ေၾကာက္ႏွင့္ ကင္မရာ လိုက္႐ိုက္ေနရင္း ပါးစပ္ကလည္း
"က်ေတာ္တို႔ အခုေရာက္ေနတာ ပုဏက တိုက္တယ္လို႔ အရမ္းနာမည္ႀကီးတဲ့ အိမ္ႀကီးတစ္ခုဆီမွာေပါ့ေနာ္..
ဒီအိမ္ႀကီးမွာ ေျပာၾကတာက ခ်စ္သူႏွစ္ေယာက္ ေသသြားတယ္တဲ့..
ပါးစပ္ရာဇဝင္ေတြအမ်ားႀကီးရွိေပမယ့္ က်ေတာ္ အာ့ရာဇဝင္ေတြ သိပ္မေျပာေတာ့ဖူး..အိမ္ထဲကိုဘဲ ပတ္ၾကည့္လိုက္ရေအာင္.. အမ်ားေျပာေနသလို ဟုတ္သလားလို႔ေပါ့ဗ်ာ"
"အိမ္ထဲမွာၾကည့္ၾကည့္ပါဦး!! က်ေတာ္ ေတြ႕ဖူးသမွ် သရဲအိမ္ေတြထဲမွာ ဒီအိမ္က ေတာ္ေတာ္ေကာင္းတာဗ်..
အိမ္မွာ လုံးဝလူေနတဲ့အတိုင္း လုပ္ထားတာ...
အသုံးအေဆာင္ေတြကေတာင္ အသစ္ေတြဘဲ.. သရဲေျခာက္တဲ့ အိမ္ေကာ ဟုတ္ရဲ႕လားေတာင္ မသိဖူး"
သို႔ေသာ္ သူေျပာေနတုန္း အေနာက္က တိုင္ကပ္ နာရီက ျပဳတ္က်လာခဲ့သည္
အားလုံးတစ္ေယာက္ကိုတစ္ေယာက္ၾကည့္လိုက္ကာ
"ေလတိုက္တာ ေနမွာ "
ထြန္းထြန္း အေၾကာက္ေျပ ေျပာလိုက္ေပမယ့္ သူရိန္က သူ႔ဆီသို႔ တုန္ယင္ေနေသာ လက္ေခ်ာင္းေတြျဖင့္ ထိုးျပကာ
"ထြန္းထြန္း မင္းေနာက္မွာ"
အားလူံးအလန္႔တၾကား ၾကည့္လိုက္ေတာ့ စားပြဲေပၚက ပန္းအိုးက ေလေပၚမွာ ပ်ံဝဲလွ်က္
"အားးး! အေမေရ တစ္ကယ္သရဲရွိတယ္ဗ်"
ေအာ္ဟစ္ကာ ေျပးၾကေတာ့သည္။
"ဟားဟားဟား"
"သူမ်ားက္ို စေနတာ ေတာ္ေတာ့ေလ"
"ေမာင္ကလည္း ၾကည့္ပါဦး! သရဲ channel လြႊင့္တဲ့ေကာင္ေတြတဲ့..ေၾကာက္တတ္လိုက္တာ ဖင္ေတာင္ တုန္လို႔ ဟားဟား"
ေမာင္က ေတာ့ ခုန္ေပါက္ကာ ရယ္ေနေသာ ရတုေခါင္းကိူပုတ္လိုက္သည္
သူတို႔ ဒီအိမ္ထဲမွာ ရွိေနတာ ဆယ္စုႏွစ္ တစ္ခု ရွိေနခဲ့ၿပီ။
ထိုအခ်ိန္ သူတို႔အိမ္ထဲသို႔ ပုဆိုးအကြက္ ဖ်င္ၾကမ္းအက်ႌႏွင့္ ခေမာက္ကိုခပ္ငိုက္ငိုက္ေဆာင္းထားေသာ လူႀကီး သုံးေယာက္ ဝင္ေရာက္လာခဲ့သည္
"ေမာင္တို႔ အခ်ိန္ေတာင္ ေရာက္ၿပီဘဲ"
ထိုလူႀကီးေတြက သူတို႔ဆီေရာက္လာကာ
"ရွင္းရတု နဲ႔ Htut မင္းတို႔ အခ်ိန္ကုန္သြားၿပီ...
မင္းတို႔ ေနာက္ဘဝကိုသြားရမယ္"
ေမာင္က ရတု လက္ကေလးကိုဆုပ္ကိုင္လိုက္ကာ
"ေမာင္ မင္းကို လာရွာမယ္ "
ရတု ေခါင္းညိတ္ျပလိုက္သည္။
ထို႔ေနာက္မွာေတာ့ ထိုလူႀကီးေတြက ရတုနဲ႔ htut ကို ေခၚေဆာင္သြားေတာ့သည္
~~~~~~~~~~~~~~~
ျမဳိ႕တစ္ၿမိဳ႕ရဲ႕ ျခံခ်င္းကပ္ရပ္ အိမ္ႏွစ္အိမ္မွာ တစ္ရက္တည္းတစ္ခ်ိန္တည္း ကေလးႏွစ္ေယာက္ ဖြားျမင္လာခဲ့သည္
ထိုကေလးေတြထဲက တစ္ေယာက္မွာ လည္ပင္းမွာ အနီစင္းအမွတ္ေလးႏွင့္။
<<<The end >>>
စိတ္အေႏွာက္အယွက္ အမွားတစ္စုံတစ္ရာပါဝင္ခဲ့လွ်င္ နားလည္ခြင့္လႊတ္ေပးပါရန္။
Unicode
"သားငယ် ဒါလေးစားလိုက်ပါဦး"
မနေ့ကကတည်းက ဘာမှမစားသလို အခုလည်း ညနေရောက်တဲ့ထိကို ရေတစ်စက်မသောက်...
ရတု ခေါင်းရမ်းပြလေသည်
"သား ခံစားနေရတယ်ဆိုတာ မေမေသိပါတယ် သားရယ်..ဒါပေမယ့် မေမေတို့ဘက်ကိုလည်းကြည့်ပေးပါဦး..
မေမေတို့မှာလည်း သားတစ်ယောက်ဘဲရှိတာပါ"
ထိုစကာကြောင့် သားက သူမကို မော့ကြည့်ပေမယ့် ဘာမှတော့မပြောခဲ့။
ဒေါ်အေးအေးအောင်မှာ သားကို ဘယ်လိုဖျောင်းဖျရမလဲပင်မသိတော့..
သူမလည်း ငိုယုံကလွှဲ၍ ဘာမှမတတ်နိုင်တော့။
"တောင်းပန်ပါတယ်အမေ..ကျတော်တစ်ကိုယ်ကောင်းဆန်တယ် ဆိုတာ သိပါတယ်..ဒါပေမယ့် ကျတော် တစ်ကယ် မစားချင်ဖူး"
သူမ ဘာတတ်နိုင်မှာလဲ??
"အဖေကော"
ရုတ်တရတ်ထဆိုလိုက်သော စကားကြောင့် ဒေါ်အေးအေးအောင် ပျက်ရွင်းသွားသော မျက်နှာကို မထိန်းလိုက်နိုင်။
သူမရဲ့ မျက်နှာကို ကြည့်နေသော ရတုက တစ်ခုခုမူမမှန်တာ သတိထားမိသွားကာ
"အဖေ ဘယ်မှာလဲ??"
"သားအဖေ?? သားအဖေ သားအတွက် ပစ္စည်းတွေသွားယူတယ် "
သူမ ညာလိုက်ပေမယ့် ရတုက မယုံတော့။
"ကျတော့်ကို အမှန်အတိုင်းပြောပေးပါ.. အဖေ ဘယ်မှာလဲ??"
"သားအဖေ.. ခနနေ ပြန်လာလိမ့်မယ်.. ခနဘဲနော်"
ရတု စိတ်ထဲမှာ ထိတ်ခနဲ့ဖြစ်သွားရသည်
သူ အမေ့အကြောင်းကောင်းကောင်းသိသည်
သူ့အမေက မသိစေချင်တဲ့တစ်ခုခုကို ဖုန်းကွယ်ထားတိုင်း တုန်ယင်နေတတ်သည်လေ
အခုလည်း တစ်ကိုယ်လုံး တုန်ယင်နေခဲ့ကာ လုံးဝမူမမှန်။
ရတု မျက်နှာပျက်သွားကာ
"ကျတော် အဖေ့ဆီ လိုက်သွားမယ်"
"မသွားရဖူး..သားလုံးဝမလိုက်သွားရဖူး"
ရတု အမေ့ကို ဖယ်ပြီး ကော်ရစ်တာ တစ်လျှောက်အားကုန်ပြေးတော့သည်
ဒေါ်အေးအေးအောင် အော်ရင်း နောက်ကပြေးလိုက်ပေမယ့် ဘယ်လိုမှမမှီတော့။
တစ်နေ့လုံးမစားမသောက်နဲ့ အားနည်းတဲ့ လူမမာ ပုံစံပေါက်နေခဲ့သော သားမှာ ဘယ်က အားအင်တွေရှိနေသလဲ??
ရတု လမ်းမှာ ကယ်ရီတွေ တစ်စီးပြီး တစ်စီးငှားနေပေမယ့် ဆေးရုံဝတ်စုံနှင့် ဖိနပ်ပင်မပါသော သူ့ကို မည်သူမှ ရပ်မပေး..
ထိုအချိန် တစ်ယောက်က သူ့အနားရပ်လာကာ မေးလာတာကြောင့် ပျော်သွားသည်
"ဘယ်သွားမှာလဲ? ညီလေး"
ရတူ မောင့်ရဲ့ အိမ်လိပ်စာကို ရွတ်ပြလိုက်သည်
သိူ့သော် ကယ်ရီသမားက ထိုအိမ်လိပ်စာကိုကြားတာနဲ့ ချက်ချင်းမျက်နှာပျက်သွားကာ
"အာ မလိုက်ဖူး..မလိုက်ဖူး"
ဆိုကာ ပြေးထွက်သွားတော့သည်
ရတု ဘယ်သူ့ကိုမှခေါ်မရတော့ တစ်ယောက်တည်း ခြေကျင်လျှောက်နေခဲ့ကာ မောင့် ရဲ့ အိမ်ဆီပြေးနေမိသည်
ခြေထောက်တွေ ပေါက်ပြဲကုန်တာလည်း သူမသိ..
သူ သိတာ အချိန်မှီရောက်ဖို့သာ။
"ရှင်းရတု "
ကားတစ်စီး သူ့ဘေးမှာ ရပ်လာကာ ကားပေါ်ကနေ အမျိုးသမီးတစ်ဦးဆင်းလာခဲ့သည်
"အန်တီ"
သူမက မောင့်ရဲ့မေမေ။
"ဘယ်သွားမလို့လဲ??"
"အန်တီ ကျတော့်ကို မောင့်ဆီလိုက်ပို့ပေးပါ "
သူမက ရတုကို စိုက်ကြည့်နေခဲ့ပြီးမှ
"တက်"
ခွင့်ပြုချက်ရတာနဲ့ ကားပေါ်ကို ပြေးတတ်လိုက်သည်
~~~~~~~~~~~~~~~~~~~~~~~
မှောင်ရီပျိုးနေတဲ့အချိန် မှာ ဦးသီလ ရတုအဖေနဲ့ လူနှစ်ယောက် စုစုပေါင်း လူလေးယောက်...
htut ရဲ့ အုတ်ဂူဘေးမှာ အလုပ်ရှုပ်နေသည်
ပရိတ်ကြိုးတွေ ရေမန်းတွေဖြင့် နေရာသေချာယူကာ အစီအရင်ချပြီးတာနဲ့ ဦးသီလက htut ကို ဖိတ်ခေါ်လိုက်သည်
htut မျက်လုံးတွေက ဒေါသထွက်နေကာ
"ခင်ဗျား တို့ ဘာလုပ်နေတာလဲ "
"ကျုပ်တို့ မင်းကို လာကူညီတာပါ... "
Htut က မဲ့ပြုံးတစ်ချက်ပြုံးလိုက်ကာ
"လာကူညီတာ သေချာရဲ့လား??"
htut ရဲ့အနားကနေ အန္တာရယ်ပေးမယ့် အရိပ်အယောင်တွေပေါ်ထွက်လာတော့သည်
"မောင် htut ! ကျုပ်ပြောတာနားထောင်ပါ..
မင်းနောက်ဘဝကို ကောင်းကောင်းကူးနိုင်အောင် ကျုပ်တို့ ကူညီပါရစေ..
ဒီဘဝမှာ အတင်းမဖက်တွယ်ထားပါနဲ့..
မင်း ဒီလိုဘဲ အတင်းဖက်တွယ်ထားရင် နောက်ကျ မင်း ငရဲကျလိမ့်မယ်"
"ကျတော် မကြောက်ဖူး"
"ဒါပေမယ့် မင်းတို့က ဘယ်လိုမှမဖြစ်နိုင်ဖူး..
ဘဝခြားနေပြီလေ..မင်း မင်းချစ်တဲ့သူကို နာကျင်စေချင်လို့လား??"
htut က တိတ်ဆိတ်သွားခဲ့တာကြောင့်ဦးသီလ မျက်နှာမှာ မျှော်လင့်ချက်ရောင်ခြည်သန်းသွားကာ
"မင်း သေချာစဉ်းစားပါဦး! သေပြီး သရဲဖြစ်နေရတဲ့ဘဝဟာ ဘယ်လောက်ကြမ်းတမ်းလည်းမင်းသိပါတယ်..ဒီလို ဒုက္ခတွေကို မင်းချစ်တဲ့သူကို ခံစားစေချင်လို့လား??"
htut က တိတ်ဆိတ်နေမြဲ တိတ်ဆိတ်နေမြဲတိတ်ဆိတ်နေပေမယ့် ခနအကြာမှာတော့ အသံထွက်လာခဲ့သည်
"ကျတော် ရတု အနားမှာဘဲ နေမယ်"
ထိုစကားကြောင့် ဦးလူမော် စိတ်တိုသွားကာ
"အဘ ဘာလုပ်နေတာလဲ?? သူ ဘယ်တော့မှ သားကို မစွန့်လွတ်ဖူးလို့ ပြောနေတယ်လေ"
ဦးသီလက ဦးလူမော် စကားကို လစ်လျူရှု့လိုက်ကာ
"မင်းဒီလို ဆက်လုပ်နေရင် ဒီကနေ မလွတ်မြှောက်နိုင်ဘဲ ရှိနေလိမ့်မယ် "
"ကျတော် ဂရုမစိုက်ဖူး"
"အဘ"
htut ရဲ့ မျက်ဝန်းတွေက ဦးလူမော်ကို စိုက်ကြည့်နေရင်း အေးစက်သွားကာ
"ခင်ဗျား တို့သာ မရှိရင် ရတုက ကျတော့်ဆီ ရောက်လာမှာ"
"မောင် Htut"
ဦးသီလ ဖြန်ဖျေရန် ခေါ်လိုက်ပေမယ့် htut ရဲ့ အနားမှာ အန္တာရယ် အငွေ့အသက်တွေ ကြီးစိုးလာခဲ့သည်
"မောင်Htut မင်းအခုရပ်လိုက်..ဒီလိုဆက်လုပ်နေမယ်ဆို ကျုပ်တို့ကို အဆိုးမဆိုပါနဲ့"
"ခင်ဗျားတို့က ကျုပ်ကို ကူညီ်မှာ မဟုတ်ဖူး..
ခင်ဗျားတို့က ကျုပ်နဲ့ ရတုကို ခွဲပစ်ဖို့ လုပ်နေတာ "
"မဟုတ်ဖူး..ကျုပ် ပြောတာ နားထောင်ပါ..
ကျုပ် တစ်ကယ်မင်းကို ကူညီချင်တာပါ"
"မယုံဖူး"
Htut အသံက ကွဲအက်ခြောက်ကပ်လာကာ လေတွေလည်း တစ်ဝုန်းဝုန်းတိုက်လာတာကြောင့် အစီအရင် ဖယောင်းတိုင်တေ မငြိမ်းအောင် အားစိုက်နေရသည်
"ကျတော်နဲ့ ရတုကို ဘယ်သူမှခွဲလို့မရဖူး"
htut က ရှေ့ကိုဖြည်းဖြည်းချင်းတိုးလာတာကြောင့် ဦးသီလမှာ ဘာမှမတတ်နိုင်တော့..
အစီအရင်စရန် အချက်ပြလိုက်သည်
သူအချက်ပြလိုက်တာနဲ့ သူနဲ့အတူ ပါလာသော သူနှစ်ယောက်ပါ တရားထိုင်လိုက်ရင်း ဂါထာ တစ်ခုကို ရွတ်ဖက်လိုက်သည်
Htut ကတော့ ရှေ့ကို တိုးလာနေရင်းမှ မီးခဲလို ပူလောင်လာသော ပတ်ဝန်းကျင်ကြောင့် တစ်ချက်ရပ်သွားပေမယ့် တစ်ခနသာ..
ရှေ့ကိူဆက်ပြီးတိုးလာနေခဲ့သည်
"မင်း ရပ်လိုက်ပါ... မင်းမရပ်ရင် မင်းဘဲ ထိခိုက်လိမ့်မယ်"
သို့သော် Htut မျက်နှာက ပိုမိုအေးစက်သွားကာ ဂရုမစိုက်သလို ရှေ့ကိုတိုးလာနေဆဲ...
ဦးသီလက သက်ပြင်းတစ်ချက်ကိုချလိုက်ကာ ပရိတ်ကြိုးထုံးနှစ်ခုကို htut ဆီ ပစ်လွှတ်လိုက်သည်
ပရိတ်ကြိုးထုံးတွေ မြေပေါ်ကျသွားတာနဲ့ ဗလကောင်းကောင်းနှင့် လူကြီး နှစ်ဦးအဖြစ်ပြောင်းသွားကာ
Htut ကို ဖမ်းချုပ်ထားခဲ့သည်
htut မျက်လုံးက ဒေါသမီးလျှံတွေက ပိုမိုတောက်လာကာ
"ကျုပ်ကို အဆိုးမဆိုနဲ့"
ထိုလူကြီးတွေကြားက အားနဲ့ ရုန်းကာ သူတို့ထိုင်နေရာဆီသို့ ဒေါသတစ်ကြီး လက်ဖြင့် ရမ်းချလိုက်သည်
ဝုန်း ဆိုသော အသံကြီးနှင့်အတူ ဝိုင်းထားသော အစီအရင်စည်းက ပျက်သွားတော့သည်
ဦးသီလတို့မျက်နှာအကြီးအကျယ်ပျက်သွားကာ
"သူ့ရဲ့ အင်အားတွေ ဘယ်နေရာက ရနေတာလဲ?? "
သို့သော် သူဒီလိုတွေးနေချိန်မရှိ..Htutက ဥှီးလူမော် လည်ပင်းကို ဆုတ်ကိုင်လိုက်ကာ
"ကျုပ်တို့ကို ခွဲလို့မရဖူး..."
ဦးလူမော်မှာ အသက်ရှူကြပ်လာမှု့ကြောင့် မျက်ဖြူပင်လန်ချင်နေပြီ
ဦးသီလ ရေမန်းတွေဖြင့် htut ကို လှမ်းပတ်လိုက်သည်
"အားးး"
ဆိုသော အသံနက်ကြီးနှင့်အတူ Htut က နောက်ဆုတ်သွားခဲ့သည်
သို့သော် ချက်ချင်း ပြန်ထလာကာ ဦးလူမော်ကိုဘဲ ဦးတည်ကာ တိုက်ခိုက်လာတာကြောင့် သူတိူ့ ဦးလူမော်ဆီ သွားကူရန်ပြင်လိုက်တာနဲ့ အဝေးဆီသို့ လွှင့်သွားတော့သည်
"အဘ ကျုပ်တို့ ဘယ်လိုလုပ်ကြမလဲ သူက အင်အားအရမ်းကြီးနေပြီ"
"ဘာလုပ်ရမှာလဲ?? သူ့ကို ရအောင် ဖမ်းချုပ်ရမှာပေါ့"
ထိုအချိန်မှာပင်
"မောင် အခုချက်ချင်းရပ်လိုက်"
ရတု အသံကြားတာနဲ့ မောင်က ချက်ချင်းရပ်သွားကာ လှည့်ကြည့်လာခဲ့သည်
"မောင် အဖေ့ကို လွှတ်လိုက်ပါ"
htut က ရပ်သွားပေမယ့် လွတ်တော့မလွတ်ပေးသေး..
ထို့နောက် ရတုအနောက်မှာ ရပ်နေသော ဒေါ်သိင်္ဂီကို မြင်ချိန်မှာတော့ ဦးလူမော်ကို ဆုပ်ကိုင်ထားသော လက်တွေကို လွှတ်ချလိုက်သည်
ဒေါ်သိင်္ဂီက သွေးတွေ ရွှဲစိုနေသော ခန္တာကိုယ်နှင့် သားဖြစ်သူကို တွေ့လိုက်ရတော့ သူမရင်ထဲမှာ ပြောမပြနိုင်..
ဝမ်းနည်းဝမ်းသာစိတ်ကရင်မှာ ပြည့်နှက်နေကာ သားက ထိကိုင်ချင်နေခဲ့သည်
တစ်ခါလောက်လေးဖြစ်ဖြစ် သားမျက်နှာကို တွေ့ချင်နေခဲ့သော သူမ ဆန္ဒလေးက...
"သား!"
ထိုအချိန်မှာဘဲ ရတု အဖေက ရတုကို သူ့ဘက်ကို ဆွဲခေါ်လိုက်သည်
ထိုအချင်းအရာကို တွေ့တာနဲ့ တစ်ခနမျှ ပျော့ပျောင်းသွားသော htut မျက်နှာက ပြန်လည်တင်းမာလာကာ
ဦးလူမော်ကို တိုက်ခိုက်ရန် ဥိးတည်လာတော့ ရတု အဖေ့ရှေ့ကနေ ပိတ်ရပ်လိုက်သည်
"မောင်!"
Htut ကရပ်သွားကာ ရတု မျက်ဝန်းတွေကိုကြည့်လာခဲ့သည်
"ဒါတွေက အခြားလူတွေနဲ့ မဆိုင်ပါဖူး..
ဒါကြောင့် အခြားလူတွေကို ဒုက္ခမပေးပါနဲ့တော့"
"သူတို့က မောင်တို့ကို ခွဲဖို့ လုပ်နေတာ"
"ဒါပေမယ့် ငါ မင်းကို ခွဲသွားမှာ မဟုတ်ဖူးလေ"
ရတုစကားကြောင့် မောင့်မျက်လုံးတွေက အရောင်ပြောင်းသွားသလို ဦးလူမော်က ရတု လက်ကို ဆွဲလိုက်ကာ
"မင်း ဘာတွေ ပြောနေတာလဲ?? မင်း ပါးစပ်ကို ပိတ်ထားစမ်း"
""တောင်းပန်ပါတယ်အဖေ...ကျတော် အမြဲ တစ်ကိုယ်ကောင်းဆန်ခဲ့တယ် ဆိုတာ သိပါတယ်.. ဒါပေမယ့် ကျတော် မောင့်ကို ဒီလိူကြီး မခံစားစေချင်ဖူး..
အရာအားလူံးက ကျတော့်ကြောင့်ဖြစ်လာတာဘဲ..
မောင်ကျတော့်အတွက် ပေးဆပ်လာတာ ဒီလောက်ဆိုတော်သင့်ပါပြီ
ထပ်ပြီး ကျတော့်ကြောင့် မောင့်ကို ဒုက္ခမရောက်စေချင်တော့ဖူး
တစ်ခါလောက်ဘဲဖြစ်ဖြစ် မောင့်ကို မျှတမှု့ ပေးချင်တယ်"
အားလုံးက ရတုစကားတွေကြောင့် တိတ်ဆိတ်ကာ မည်သူမှ ဘာမှဝင်မပြောကြ။
"အန်တီ ! တောင်းပန်စကားတစ်ခုက ဘယ်အရာမှပြင်လို့မရဖူးဆိုတာသိပေမယ့် ကျတေ်ာ တောင်းပန်ပါရစေ..
မောင့်ကို အန်တီ့ ရင်ခွင်ကနေ ဆွဲထုတ်သွားခဲ့မိလို့ တောင်းပန်ပါတယ်"
ဒေါ်သိင်္ဂီက ဘာစကားမှ မဆိုပေမယ့် သူမက ရတုကို စိူက်ကြည့်နေခဲ့သည်
"ရှင်းရတု.. မင်း တော်တော့ !"
ဦးလူမော် ပြောလိုက်တော့ ရတုက ဦးလူမော် ဘက်လှည့်ကာ
"တောင်းပန်ပါတယ်အဖေ...ကျတော် အဖေနဲ့ အမေကိုချစိယ်ပါတယ် ဒါပေမယ့် ကျတော် ထပ်ပြီး တစ်ကိုယ်ကောင်းဆန်ပါရစေ"
ရတုစကားကြောင့် ဦးလူမော် ရင်ထဲထိတ်ခနဲ့ ဖြစ်သွားမိစဉ်
ရတု လည်ပင်းက သွေးတွေ ဖျာထွက်လာတာကြောင့် ကြောင်အသွားတော့သည်
ရတုက သူ့လည်ပင်းကိုသူ လှီးပစ်လိုက်ခြင်း။
"အားးးးး"
ဘယ်သူမှ မထင်မှတ်ထားတာကြောင့် အားလုံးကလည်းကြောင်အလျှက်။
သူတို့အသိဝင်လာတော့ ရတုက မြေပြင်ပေါ်မှာ သွေးတွေနဲ့ လဲကျနေခဲ့ပြီ
ဦးလူမော်သားကို ပြေးဖက်လိုက်ကာ
"သား သား !! မင်းဘာလို့ ဒီလို လုပ်ရတာလဲ???
သားး တစ်ယောက်ယောက် ကျတော့်သားလေးကို ကယ်ပါဦး ကယ်ကြပါဦးဗျာ"
"အဖေ ! နောက် ဘဝ ဆိုတာ ရှိခဲ့ရင် အဖေတို့အကြွေးကိုသေချာပေါက်ဆပ်ပါ့မယ်"
ရတုက အသက်ငင်နေတဲ့ကြားက ဦးလူမော် ကိုပြောလိုက်သည်
လည်ပင်းက နာကျင်မှု့က အသဲခိုက်မတတ်...
မောင်ကော ဒီလို နာကျင်ခဲ့တာလား??
သူ့အနားကိုလူတွေဝိုင်းအုံလာတော့ လူတွေကြားထဲမှာ မောင်က သူ့ကိူပြုံးပြနေတာကြောင့် ရတု နောက်ဆုံးလက်ကျန် အင်အားဖြင့် ပြုံးပြလိုက်သည်
*မောင် ငါမင်းကိုထပ်ပြီး ထားမသွားတော့ဖူး*
ဦးလူမော်မှာတော့ အရူးလို ဟစ်အော်ကာ ငိုကြွေးနေခဲ့သည်
"မင်း ဘာလို့ ဒီလောက် မိုက်မဲရတာလဲ?? သားရယ်..
ငါ ဘယ်လိုစိတ်နဲ့ ရှင်သန်ရမှာလဲ"
ဦးသီလမှာ သက်ပြင်းချလိုက်ကာ မျက်လုံးတွေကို မှိတ်ထားလိုက်သည်
"ဝဠ်ကြွေးရှိရင် ကျေအောင် ဆပ်ကြရတာဘဲ"
သူတို့ ဘယ်လိုဘဲကြိုးစားခဲ့ ကြိုးစားခဲ့ ကံတရားကို သူတိူ့မပြောင်းနိုင်ခဲ့ကြပါဖူး...
ထို့နောက်မှာတော့ကောင်လေးနှစ်ယောက်ရဲ့ဝိညဉ်ဟာ တစ်ယောက်လက်တစ်ယောက်ဆွဲကာ လူတွေဝိုင်းအုံနေတဲ့နေရာကို ကျောခိုင်းကာ အမှောင်ထုထဲ တစ်ဖြည်းဖြည်း
တိုးဝင်သွားတော့သည်
ရတုအဖေမှာတော့ အရူးတစ်ပိုင်းဖြစ်ကာ ကျန်ခဲ့လျှက် ။
ရတု အကြောင်းကို ကြားရတဲ့လူတွေကလည်း ရူးမတတ်ပင်..
ရတု အမေနဲ့ သူဇီက မူးလဲသွားခဲ့ကာ ရတု အဖေကတော့ သားရဲ့အလောင်းကို ဖက်ကာ ငိုနေခဲ့တာ အရူးတစ်ယောက်လို။
ထိုအကြောင်းက တစ်မြို့လုံးမှာခြောက်ခြားစရာဇာတ်လမ်းတစ်ပုဒ်ဖြစ်လာခဲ့ကာ ထိုအိမ်ကြီးက လူတိုင်းရဲ့ အိမ်မက်ဆိုးဖြစ်လာခဲ့သည်
နောက်ဆုံးမှာ ရတု မိဘတွေက ရာသတ်ပန် တရားဘောင်ကို ဝင်သွားခဲ့သလို သူဇီကလည်း ရာသတ်ပန် မယ်သီလရှင် ဝတ်သွားခဲ့ကာ
သူမရဲ့ကျန်ရှိနေတဲ့ ဘဝတစ်လျှောက်လုံးကို
htut နဲ့ ရတုအတွက် ကုသိုလ်ကောင်းမှု့တွေ လုပ်ပေးရင်း ကုန်ဆုံးစေခဲ့သည်
ဒီဝဠ်ကြွေးတွေကို ဖြစ်နိုင်လျှင် ဒီဘဝမှာ အပြီးဆပ်သွားချင်သည်
လူတွေရဲ့ ပါးစပ်ဖျားက ထိုအကြောင်းအရာကလည်း ရက်တွေ လတွေ နှစ်တွေ ကြာမြင့်ပြီးနောက်မှာတော့ တစ်ဖြည်းဖြည်းပျောက်ကွယ်လာခဲ့သည်
နှစ်များစွာကြာလာပြီးနောက်>>>>
ကောင်လေးတစ်အုပ် ကုတ်ချောင်း ကုတ်ချောင်းဖြင့် အိမ်ကြီးဆီကို ဝင်လာကြသည်
"မင်းပြောတာ ဒီအိမ်ကြီးဆိုတာ သေချာလား??"
"သေချာပါတယ်... ငါ သေချာစုံစမ်းပြီးပြီ..
ဒီအိမ်ကြီးမှာ ချစ်သူနှစ်ယောက် ကိုယ့်ကိုယ်ကို သတ်သေသွားတာတဲ့"
"ဖြစ်ရဲ့လား ဟိတ်ကောင်တွေ ငါကြောက်တယ်နော် "
"ဟာ မင်းကလည်း သရဲ channel လွှင့်တဲ့လူလုပ်နေပြီး
ဒီလောက်လေးကို လာကြောက်နေသေးတယ်"
သူတိူ့လည်း နာမည်ကြီးချင်လို့သာ.. ကြောက်စိတ်က အပြည့်။
ကြောက်ကြောက်နှင့် ကင်မရာ လိုက်ရိုက်နေရင်း ပါးစပ်ကလည်း
"ကျတော်တို့ အခုရောက်နေတာ ပုဏက တိုက်တယ်လို့ အရမ်းနာမည်ကြီးတဲ့ အိမ်ကြီးတစ်ခုဆီမှာပေါ့နော်..
ဒီအိမ်ကြီးမှာ ပြောကြတာက ချစ်သူနှစ်ယောက် သေသွားတယ်တဲ့..
ပါးစပ်ရာဇဝင်တွေအများကြီးရှိပေမယ့် ကျတော် အာ့ရာဇဝင်တွေ သိပ်မပြောတော့ဖူး..အိမ်ထဲကိုဘဲ ပတ်ကြည့်လိုက်ရအောင်.. အများပြောနေသလို ဟုတ်သလားလို့ပေါ့ဗျာ"
"အိမ်ထဲမှာကြည့်ကြည့်ပါဦး!! ကျတော် တွေ့ဖူးသမျှ သရဲအိမ်တွေထဲမှာ ဒီအိမ်က တော်တော်ကောင်းတာဗျ..
အိမ်မှာ လုံးဝလူနေတဲ့အတိုင်း လုပ်ထားတာ...
အသုံးအဆောင်တွေကတောင် အသစ်တွေဘဲ.. သရဲခြောက်တဲ့ အိမ်ကော ဟုတ်ရဲ့လားတောင် မသိဖူး"
သို့သော် သူပြောနေတုန်း အနောက်က တိုင်ကပ် နာရီက ပြုတ်ကျလာခဲ့သည်
အားလုံးတစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကာ
"လေတိုက်တာ နေမှာ "
ထွန်းထွန်း အကြောက်ပြေ ပြောလိုက်ပေမယ့် သူရိန်က သူ့ဆီသို့ တုန်ယင်နေသော လက်ချောင်းတွေဖြင့် ထိုးပြကာ
"ထွန်းထွန်း မင်းနောက်မှာ"
အားလူံးအလန့်တကြား ကြည့်လိုက်တော့ စားပွဲပေါ်က ပန်းအိုးက လေပေါ်မှာ ပျံဝဲလျှက်
"အားးး! အမေရေ တစ်ကယ်သရဲရှိတယ်ဗျ"
အော်ဟစ်ကာ ပြေးကြတော့သည်။
"ဟားဟားဟား"
"သူများကို စနေတာ တော်တော့လေ"
"မောင်ကလည်း ကြည့်ပါဦး! သရဲ channel လွှင့်တဲ့ကောင်တွေတဲ့..ကြောက်တတ်လိုက်တာ ဖင်တောင် တုန်လို့ ဟားဟား"
မောင်က တော့ ခုန်ပေါက်ကာ ရယ်နေသော ရတုခေါင်းကိူပုတ်လိုက်သည်
သူတို့ ဒီအိမ်ထဲမှာ ရှိနေတာ ဆယ်စုနှစ် တစ်ခု ရှိနေခဲ့ပြီ။
ထိုအချိန် သူတို့အိမ်ထဲသို့ ပုဆိုးအကွက် ဖျင်ကြမ်းအင်္ကျီနှင့် ခမောက်ကိုခပ်ငိုက်ငိုက်ဆောင်းထားသော လူကြီး သုံးယောက် ဝင်ရောက်လာခဲ့သည်
"မောင်တို့ အချိန်တောင် ရောက်ပြီဘဲ"
ထိုလူကြီးတွေက သူတို့ဆီရောက်လာကာ
"ရှင်းရတု နဲ့ Htut မင်းတို့ အချိန်ကုန်သွားပြီ...
မင်းတို့ နောက်ဘဝကိုသွားရမယ်"
မောင်က ရတု လက်ကလေးကိုဆုပ်ကိုင်လိုက်ကာ
"မောင် မင်းကို လာရှာမယ် "
ရတု ခေါင်းညိတ်ပြလိုက်သည်။
ထို့နောက်မှာတော့ ထိုလူကြီးတွေက ရတုနဲ့ htut ကို ခေါ်ဆောင်သွားတော့သည်
~~~~~~~~~~~~~~~
မြို့တစ်မြို့ရဲ့ ခြံချင်းကပ်ရပ် အိမ်နှစ်အိမ်မှာ တစ်ရက်တည်းတစ်ချိန်တည်း ကလေးနှစ်ယောက် ဖွားမြင်လာခဲ့သည်
ထိုကလေးတွေထဲက တစ်ယောက်မှာ လည်ပင်းမှာ အနီစင်းအမှတ်လေးနှင့်။
<<<The end >>>
စိတ်အနှောက်အယှက် အမှားတစ်စုံတစ်ရာပါဝင်ခဲ့လျှင် နားလည်ခွင့်လွှတ်ပေးပါရန်။