Unicode
Arc(2.42) - Saint Magus
လီလျိုကအဲလ်ဗစ်ရဲ့မျက်လုံးများကို တည့်တည့်စိုက်ကြည့်နေမိသည်။ နှစ်ယောက်သားတစ်ယောက်နဲ့တစ် ယောက်အချိန်တော်တော်ကြာသည် အထိကြည့်နေမိကြပြီးအဲလ်ဗစ်က ခေါင်းကိုအနည်းငယ်ငုံ့ကာသူ့လက်ကို ဆန့်ထုတ်၍လီလျိုရဲ့မျက်နှာတစ်ဖက် ခြမ်းအားကိုင်လိုက်မှသာလီလျိုရဲ့ ဝိဉာဉ်လေးပြန်ရောက်ရှိလာရ၏။
ပြန်မော့ကြည့်လိုက်သည့်အခါမှာ အဲလ်ဗစ်ရဲ့ရှည်လျားတဲ့ရွှေရောင် မျက်တောင်လေးများကအနည်း ငယ်နိမ့်ကျနေပြီးသူ့ရဲ့ထိုမျက်လုံး တစ်စုံရဲ့တစ်ဝက်လောက်အား ဖုန်းအုပ်နေသည်ကိုသာမြင်လိုက် ရလေသည်။
အရင်တုန်းကသူရခဲ့တဲ့ထူးဆန်းတဲ့ ခံစားချက်ကဘာလို့မရှိတော့လည်း ဆိုတာသူမသိသော်လည်းထိုမျက် လုံးတစ်စုံကတော့ကြည့်ရတာ အတော်လေးနူးညံ့သိမ်မွေ့နေသည်။
အဲလ်ဗစ်ရဲ့အသွင်အပြင်အားကြည့်နေ ရင်းဖြင့်လီလျိုမှာသူ့နှလုံးသားထဲက အနူးညံ့ဆုံးအစိတ်အပိုင်းကိုဓားနဲ့ထိုး ဆွနေရသလိုခံစားလိုက်ရတာကြောင့် မနေနိုင်တော့ပဲသူ့ကိုကိုင်ထားတဲ့ အဲလ်ဗစ်ရဲ့လက်အားသူ့မျက်နှာနဲ့ ပွတ်သပ်လိုက်မိတော့သည်။
"အဲလ်ဗစ်...ငါမင်းနဲ့အမြဲတမ်းအတူ ရှိနေမှာပါပြီးတော့မင်းကိုဘယ်တော့ မှမထားခဲ့ဘူး"လီလျိုကပြောနေရင်းမှ ခဏမျှဆိုင်းငံ့လိုက်ပြီးဆက်ပြော လိုက်သည်။
"ငါထွက်သွားမှာကိုမင်းထက်ပြီး ကြောက်လန့်နေစရာမလိုဘူးဘာဖြစ် လို့လဲဆိုတော့လက်ရှိငါကသေချာ ပေါက်မင်းကိုထားခဲ့မှာမဟုတ်ဘူး"
အဲ့ဒါအမှန်ပဲလက်ရှိသူကအရင်ကမ္ဘာ တုန်းကလိုမျိုးအဲလ်ဗစ်ကိုပြတ်ပြတ် သားသားထားခဲ့မယ့်သူမဟုတ်တော့ ဘူး။သူ့ရှေ့မှာရှိနေတဲ့ဒီလူကသူ့ရဲ့ချစ်သူ လေဘယ်လိုများသူနဲ့ဒီကမ္ဘာကိုထားခဲ့ နိုင်ပါ့မလဲ?
ကံမကောင်းစွာပဲသူဟာအမြဲတမ်း တုန့်ပြန်မှုအရမ်းနှေးနေပြီးအဲလ်ဗစ် ကသူရဲ့ပုံမှန်မဟုတ်တဲ့အရာတွေကို ရှာဖွေတွေ့ရှိခဲ့ပြီးနေပြီဆိုတာကို လုံးဝမသိခဲ့မိဘူး။
အကယ်၍အဲလ်ဗစ်စိတ်သက်သာရာ ရသွားအောင်သာသူလုပ်ပေးနိုင်မယ် ဆိုရင်ဘယ်လိုအာမခံချက်မျိုးမဆို ဘယ်လောက်ပဲဖြစ်ဖြစ်ပြောနိုင်ပါရဲ့
ထို့နောက်သူကမိန်းမောနေရင်းဖြင့်ပင် မူလကသူ့မျက်နှာကိုကိုင်ထားသည့် အဲလ်ဗစ်ရဲ့လက်တွေကိုဆုပ်ကိုင်လိုက် ပြီးသူ့ရဲ့တစ်ခြားလက်တစ်ဖက်ကို ဆန့်ထုတ်ကာအဲလ်ဗစ်ရဲ့လည်ပင်းကို ဆွဲချ၍သူ့ပါးစပ်ကိုဖွင့်ပြီးအဲလ်ဗစ်ရဲ့ နှုတ်ခမ်းအားနမ်းရှိုက်တော့သည်။
အဲလ်ဗစ်ကိုသူကစပြီးနမ်းနေရာမှခဏမျှ အကြာမှာသူ့ခါးကအဲလ်ဗစ်ရဲ့လက်မောင်း ကြားထဲရောက်သွားပြီးသူတို့ရဲ့အနမ်း ကိုထိန်းချုပ်နေတဲ့သူကလုံးဝကိုအဲလ်ဗစ် လက်ထဲပြောင်းသွားခဲ့တာကိုခံစားလိုက် ရသည်။
သို့သော်အဲလ်ဗစ်ကအရင်တုန်းက ပုံစံမျိုးမဟုတ်ပဲသူ့ကိုနမ်းနေခဲ့သည့် အနမ်းကအရမ်းကိုစွဲလမ်းမှုများနှင့် ပြည့်နှက်နေတာကြောင့်လီလျိုမှာ သူကတန်ဖိုးထားခံနေရသလိုမျိုး ခံစားရကာထိုခံစားချက်ကအစား ထိုးလို့မရနိုင်ပေ။အဲလ်ဗစ်ကတော့ သူ့အားပြန်လည်ရှာတွေ့လိုက်တဲ့ သူ့ရတနာလေးတစ်ပါးလိုသေချာ ဂရုတစိုက်နမ်းနေသည်။
ထိုအလွန်ကြာမြင့်လှတဲ့အနမ်းက လီလျိုအားသူ့တစ်ကိုယ်လုံးအဲလ်ဗစ်ရဲ့ အနမ်းအောက်မှာကျရံှုးသွားသလို ခံစားရစေသည်။
အချိန်ဘယ်လောက်ကြာသွားမှန်းမသိ တဲ့နောက်မှာလီလျိုရဲ့ခြေထောက်တွေ ကအဲလ်ဗစ်ရဲ့အနမ်းကြောင့်တစ်နည်း နည်းနဲ့ပျော့ခွေလာသလိုခံစားရသည်။ သူ့ပါးပြင်ပေါ်မှာလည်းအနီရောင် တစ်လွှာရှိနေပြီးရေငွေ့လေးများ ဖုံးလွှမ်းနေသည့်သူ့ရဲ့ထိုကြောင် မျက်လုံးတစ်စုံကြောင့်သူ့မျက်လုံး များကပိုပြီးတောက်ပကာပိုပြီး စင်ကြယ်ပုံပေါက်နေသည်။
လက်ရှိလီလျိုရဲ့ပုံစံကတစ်ကိုယ်လုံး ကိုဝိုင်ပုလင်းထဲနစ်မြှုပ်လိုက်ပြီးပြန် ထုတ်ထားသလိုပင်ကြည့်ရတာရီဝေဝေ ဖြစ်နေပြီးသူ့ပတ်ဝန်းကျင်ကပြောင်းလဲ မှုအလုံးစုံကိုလုံးဝသတိမပြုမိဘူးဖြစ် နေသည်။
သူနဲ့အဲလ်ဗစ်ရဲ့ပတ်ပတ်လည်က အဖြူရောင်မြူခိုးများကပျောက် ကွယ်သွားပြီဖြစ်ပြီးကျယ်ပြန့်လှ သည့်မြက်ခင်းပြင်ကြီးပြန်ပေါ်လာခဲ့သည်။
သူ့တစ်ကိုယ်လုံးကိုအဲလ်ဗစ်ရဲ့ရင်ခွင် ထဲမှာမှီထားရင်းဖြင့်ပင်အဲလ်ဗစ်က သူ့နှုတ်ခမ်းကိုမိနစ်အနည်းငယ်ကြာ လွှတ်လိုက်ပြီးနောက်လီလျိုရဲ့မြူဆိုင်း နေတဲ့ခေါင်းတစ်ခုလုံးကတစ်ဖြည်း ဖြည်းခြင်းဆီပြန်ကြည်လင်လာခဲ့သည်။
လီလျိုကသူ့မျက်လုံးများကိုမော့ ကြည့်လိုက်တဲ့အခါအကွာအဝေး တစ်နေရာမှာသူနဲ့အဲလ်ဗစ်ကိုဘယ် အချိန်ကတည်းကမှန်းမသိပဲမတ်တပ် ရပ်ကြည့်နေသည့်ဘရိုင်ယန်နှင့်သူ့ ခြေထောက်နားမှာအမြီးကိုရမ်းခါနေ ရင်းသူ့ခေါင်းကြီးဖြင့်ဘရိုင်ယန်ရဲ့ပေါင် ကိုပွတ်သပ်နေသည်အီလိုင်ဟုခေါ်သည့် ခြင်္သေအမျိုးအစားမှော်သားရဲတို့ကို တွေ့လိုက်ရသည်။
လီလျို : "......"
သိမ်မွေ့တဲ့အပြုံးနှင့်သူ့ကိုကြည့်နေ သည့်ဘရိုင်ယန်ကိုမြင်လိုက်ရတဲ့အခါ လီလျိုမှာသူ့ကိုယ်သူခြေထောက် အောက်ကမြေကြီးထဲသာမြှုပ်ပစ် လိုက်ချင်မိတော့သည်။
မူလကနီနေခဲ့သည့်လီလျိုရဲ့မျက်နှာ ကပိုပြီးတောင်ရဲပတောင်းခတ်လာ ခဲ့သည်။လက်ရှိဘရိုင်ယန်ကသူချန် ထားခဲ့တဲ့စိတ်ဝိဉာဉ်သက်သက်သာ ဖြစ်ပြီးဝိဉာဏ်ခန္တာကိုယ်မှာဝိဉာဉ် အသိထည့်ထားတာသက်သက်ပဲဆိုတာ သူသိသော်လည်းလီလျိုကတော့အလွန် ရှက်ရွံ့နေမိဆဲပင်။ရိုးရိုးရှင်းရှင်းပင် ကျီစားနေသည့်မျက်ဝန်းများဖြင့် ကြည့်နေသောဘရိုင်ယန်အားသူ ထပ်မကြည့်ရဲတော့ပေ။
အဲလ်ဗစ်ကတော့ရှက်ရှံ့မှုအနည်း ငယ်ကိုပင်မခံစားရဘူးဖြစ် သည်။ဒီအချိန်မှာသူ့မျက်လုံးထဲ ကမျက်စံများကလည်းမူလကြည်ပြာ ရောင်ကိုပြန်ရောက်နေပြီဖြစ်ပြီးသူ့ နှုတ်ခမ်းထောင့်စွန်းမှာလည်းရှားပါး လှတဲ့အပြုံးတစ်ခုရှိနေသည်။
သူ့လက်ကလီလျိုရဲ့သွယ်ပြောင်းတဲ့ ခါးပေါ်မှာရှိနေဆဲဖြစ်ကာသူ့ရင်ခွင်ထဲ မှာပဲဆက်၍ပွေ့ဖက်ထားပြီးရှက်ရွံ့မှု ကြောင့်နီရဲနေသည့်သူ့ချစ်သူအားသူ့ လက်မောင်းများကြားထဲမှာကာကွယ် ပေးထားသည်။အဲလ်ဗစ်မှာမနေနိုင်ပဲ သူ့လက်ကိုဆန့်ထုတ်ပြီးလီလျိုရဲ့ ခေါင်းလေးကိုအကြိမ်အနည်းငယ် ထပ်ထိလိုက်မိပြန်သည်။သူ့ရင်ထဲ မှာတော့လီလျိုရဲ့တုန့်ပြန်မှုကတကယ် ကိုချစ်စရာကောင်းတယ်လို့ခံစားနေရသည်။
"အဟန်းအဟန်း"
ဘရိုင်ယန်ကတော့သူ့ရှေ့မှာတွန့်ဆုတ် မှုမရှိပဲချစ်ခြင်းမေတ္တာတွေပြနေကြ သည့်လူနှစ်ယောက်အားကြည့်ပြီး ဒီအတိုင်းဆက်မကြည့်နိုင်တော့ တာကြောင့်ချောင်းနှစ်ချက်လောက် ဟန့်ကာစကားပြောလိုက်ရသည်။
"အဲလ်ဗစ်....ရှေးဟောင်းမှော်နယ်မြေ ရဲ့စမ်းသပ်မှုတွေကိုကျော်ဖြတ်နိုင်သွား တဲ့အတွက်ဂုဏ်ပြုပါတယ်"ထိုနေရာ ထိပြောပြီးသွားသောအခါဘရိုင်ယန် ကအဲလ်ဗစ်အားလေးလေးနက်နက် ကြည့်ကာဆက်ပြောလာသည်။
"မင်းကငါ့ရဲ့စိတ်ကူးထက်ကျော်လွန် ပြီးထူးခြားတဲ့သူတစ်ယောက်ဆိုတာ ကိုတော့ဝန်ခံရမယ်"
အမှန်တော့အဲလ်ဗစ်ဒီမှော်နယ်မြေထဲ ဝင်သွားတဲ့အချိန်မှာသူမူလကအဲလ်ဗစ် ဒီမှော်နယ်မြေထဲကပြန်ထွက်လာနိုင်ဖို့ ဆယ်နှစ်လောက်တော့အချိန်ယူရမယ် လို့ထင်ခဲ့မိတာဖြစ်သည်။သို့သော် အဲလ်ဗစ်ကမျှော်လင့်ထားတာထက် ပိုစောပြီးပြီးသွားခဲ့မယ်လို့မထင်ခဲ့မိသ လိုအရမ်းကိုလည်းပိုစောနေခဲ့သေး တာကြောင့်အဲ့ဒါကသူ့ကိုတကယ်ပဲ အံ့အားသင့်သွားစေသည်။
ဒီကလေးကဤလောကကိုကြီးမားတဲ့ အပြောင်းအလဲကြီးတစ်ခုဆောင်ကြဉ်း ပေးနိုင်လိမ့်မည်။သူတို့ရဲ့စိန့်မေးဂတ်စ် အမွေအနှစ်သည်လည်းဒီကလေးရဲ့ လက်ထဲမှာနောက်တစ်ကြိမ်ပြီးပြည့်စုံ စွာပေါ်ပေါက်လာပြီးအရမ်းကိုတောက်ပ တဲ့ရောင်ခြည်တွေထွက်ပေါ်လာစေ တာကြောင့်လူတွေကိုတည့်တည့်မ ကြည့်နိုင်အောင်ပင်ဖြစ်စေလိမ့်မည်လေ။
ဘရိုင်ယန်ရဲ့ချီးမွမ်းမှုကိုကြားတဲ့အခါ အဲလ်ဗစ်ကဘာမှပြန်မဖြေသော်လည်း လီလျိုရဲ့ခါးတစ်ဝိုက်ကသူ့လက်များ ကတော့ပိုပြီးတင်းကြပ်သွားရသည်။ သူကဘယ်လောက်တောင်ထူးခြား ထူးချွန်မလဲဆိုတာသူမသိပေမယ့် သူ့လက်ထဲကဒီလူကိုကာကွယ်နိုင် သ၍သူသေချာပေါက်အခုထက်ပိုပြီး သန်မာမှဖြစ်မည်။အားကောင်းလွန်းလို့ ဘာကမှသူ့ကိုမတားဆီးနိုင်မကျော်ဖြတ် နိုင်ပဲသူ့ရင်ခွင်ထဲကဒီလူကိုမနာကျင်စေ နိုင်သည်အထိအစွမ်းထက်လာရမည်။
"အခုငါအီလိုင်ကိုမင်းဆီလွှဲပေးခဲ့မယ် မင်းသူ့ကိုကောင်းကောင်းဆက်ဆံမယ် လို့မျှော်လင့်ပါတယ်ငါမဆုံးပါးသွားခင် တုန်းကငါ့ရဲ့အကြီးမားဆုံးစိတ်ပူပန်မှု ကငါ့ဘဝတစ်လျှောက်လုံးမှာအကောင်း ဆုံးဖန်တီးခဲ့တဲ့ဒီဂုဏ်အယူရဆုံးအရာပဲ"
ဘရိုင်ယန်ကပြောရင်းဖြင့်ခေါင်းကိုငုံ့ကာ သူ့ခြေထောက်ကိုပွတ်သပ်နေသည့်ခြင်္သေ အမျိုးအစားမှော်သားရဲ၏ခေါင်းအား ညင်ညင်သာသာပွတ်ပေးလိုက်သည်။ အီလိုင်မှာသူ့သခင်ရဲ့ထိတွေ့မှုကအရမ်း ကိုသက်တောင့်သက်သာရှိလွန်းလို့မနေ နိုင်ပဲသူ့လည်ချောင်းထဲမှနက်ရှိုင်းပြီး သန့်စင်လှသည့်အသံကိုထုတ်မိတော့သည်။
ထိုကြီးမားလှတဲ့ခြင်္သေကြီးအီလိုင်ကို ကြည့်နေတဲ့ဘရိုင်ယန်ရဲ့မျက်လုံးများ ကသိမ်မွေ့ညင်သာနေပြီးသူ့ခေါင်းကြီး ကိုလက်နဲ့ပုတ်ပေးလိုက်သည်။
"သွားတော့...မင်းရဲ့ပိုင်ရှင်အသစ်ဆီသွား"
အီလိုင်ကသူ့လည်ချောင်းမှမလိုလား သည့်အသံအနည်းငယ်ကိုထုတ်နေ သော်လည်းဘရိုင်ယန်ရဲ့တိုက်တွန်း စကားအနည်းငယ်အောက်မှာမြေပြင် မှထလိုက်ပြီးအဲလ်ဗစ်ရှိရာသို့တစ်လှမ်း ခြင်းဆီလျှောက်သွားလိုက်သည်။
အဲလ်ဗစ်ဆီသွားနေတဲ့လမ်းတောက် လျှောက်မှာလည်းအီလိုင်ကသူ့မူလ ပိုင်ရှင်ရှိရာဆီလှည့်လှည့်ကြည့်နေပြီး ခွဲခွာဖို့တွန့်ဆုတ်နေပုံရကာတစ်ချိန်လုံး နူးညံ့တဲ့တီးတိုးသံကိုလည်းထုတ်လွှင့် နေသည်။
ဘရိုင်ယန်နဲ့သိပ်မဝေးတဲ့နေရာက အဲလ်ဗစ်ဆီသို့ရောက်ရန်ဆယ်မိနစ် နီးပါးမျှကြာမြင့်လိုက်သည်။အီလိုင်က အဲလ်ဗစ်ရဲ့ဘေးမှာဝင်ခွေလိုက်ပြီး သူ့နောက်ကအမြှီးကမလှုပ်ရှားသော် လည်းမြေပေါ်မှာလဲလျောင်းကာသူ့ ခေါင်းကသူ့ရှေ့ခြေနှစ်ချောင်းပေါ်မှာ မှီချ၍မျက်တောင်တစ်ချက်ခတ်လိုက် ပြီးမှဘရိုင်ယန်အားမျက်တောင်မခတ်ပဲ ဆက်ကြည့်နေတော့သည်။
အဲလ်ဗစ်ကသူ့ခြေထောက်နှင့်သိပ်မဝေး တဲ့နေရာမှအီလိုင်ကိုတစ်ချက်ကြည့် လိုက်သည်။
"ခင်ဗျားနဲ့ခွဲခွာရဖို့သူအရမ်းတွန့်ဆုတ် နေတယ်ကျုပ်ထင်တာတော့သူခင်ဗျား ဘေးမှာပဲဆက်နေချင်သေးတယ်ထင်တယ်"
ဘရိုင်ယန်ကခေါင်းကိုခါယမ်းပြသည်။
"ငါ့ခန္တာကိုယ်ကမကြာခင်လုံးဝပျောက် ကွယ်သွားတော့မှာပြီးတော့ငါဆက်ပြီး မစောင့်ရှောက်နိုင်တော့ဘူး" ထိုနေရာထိပြောပြီးသွားသောအခါ ဘရိုင်ယန်ကကြည့်ရတာခပ်ဖွဖွ သက်ပြင်းချလိုက်ပုံ၇သည်။
"အဲလ်ဗစ်ငါမင်းကိုပေးလိုက်မယ် ကျေးဇူးပြုပြီးလက်ခံပေးပါ"
ဘရိုင်ယန်ကပြောလို့ပြီးသွားသည့် အခါသူ့ကိုယ်ကိုလှည့်လိုက်ပြီးသူ့ လက်ချောင်းများအားအကွာအဝေး တစ်နေရာမှမြက်ခင်းစိမ်းများနဲ့ဝိုင်း ရံနေသည့်အပြာရောင်ကန်ကြီးဆီသို့ ညွှန်လိုက်သည်။
"ဒီမှော်နယ်မြေကနေထွက်သွားနိုင်မယ့် ပို့ဆောင်ဆက်သွယ်ရေးအခင်းအကျင်း ကကန်ရဲ့အလည်မှာရှိတယ်ငါမင်းကို အဲ့ဒီကိုပို့ပေးမယ်"
လီလျိုကအဲလ်ဗစ်နဲ့ဘရိုင်ယန်ရဲ့ အပြောအဆိုများကိုတိတ်တဆိတ် နားထောင်နေရင်းဖြင့်သူ့လက်ကို ဆန့်ထုတ်ပြီးသူ့ပါးပြင်အားထိကြည့် လိုက်သောအခါသူ့ပါးပြင်ကအပူချိန် ကနောက်ဆုံးတော့ကျဆင်းသွားပြီ ဟုခံစားလိုက်ရသည်။သူဒီနေရာက မကြာခင်ထွက်သွားနိုင်တော့မယ် ဆိုတာကိုတွေးလိုက်မိသောအခါ သူ့စိတ်ထဲသက်တောင့်သက်သာ ဖြစ်သွားရ၏။ဘယ်လိုပဲဖြစ်ဖြစ်သူ ဘရိုင်ယန်ရှေ့မှာမျက်နှာပျက်ပြီး သွားပြီဖြစ်ပြီးဘရိုင်ယန်ကလည်း ဒီနေရာကနေထွက်မလာနိုင်ဘူးလေ။ ဒါပေမဲ့သူတို့ပို့ဆောင်ရေးအခင်း အကျင်းကိုသုံးပြီးတစ်ခြားတစ်နေရာ ကိုထွက်သွားပြီးတဲ့အချိန်မှာလည်း အဲလ်ဗစ်ကသူ့ကိုဆက်ဖက်ထားလို့ တစ်ခြားသူတွေမြင်သွားရင်သူဘယ်လို လုပ်ရမလဲ?
ထိုအကြောင်းကိုစဉ်းစားမိတဲ့အခါ လီလျိုကချက်ချင်းသူ့ကိုယ်သူ အဲလ်ဗစ်ရဲ့ရင်ခွင်ထဲကတိုးထွက် လိုက်ပြီးအဲလ်ဗစ်ဘေးမှာရပ်လိုက်သည်။
အဲလ်ဗစ်ရဲ့မျက်လုံးထဲမှာတော့ဘာမှ မတတ်နိုင်ပဲနှမြောသွားမိသော်လည်း လီလျိုသူ့ကိုသိပ်မကြာခင်ကပြောခဲ့ တဲ့စကားများကိုပြန်စဉ်းစားမိသော အခါမနေနိုင်ပဲသူ့နှုတ်ခမ်းထောင့်စွန်း များကကွေးညွှတ်တက်သွားရပြန်သည်။
အဲလ်ဗစ်ကတော့လီလျိုသူ့ခံစားချက် တွေကိုနောက်ဆုံးတစ်ခေါက်ကဖွင့်ပြော ခဲ့တဲ့အချိန်ကလွဲရင်ဘယ်တုန်းကမှ ဒီလောက်ခံစားချက်မကောင်းဘူးဘူး ဟုပင်ခံစားနေရသည်။ဒီရက်တွေ အတွင်းမှာသူနဲ့လီလျိုတို့အတူတူ ရှိနေခဲ့ကြပေမယ့်ပြီးတော့သူဒီလူကို အမြဲတမ်းပိုင်ဆိုင်နေရပေမယ့်အဲ့ဒီ ပျော်ရွှင်ရတဲ့ခံစားချက်တွေရဲ့နောက် ကွယ်မှာအမြဲတမ်းဖော်ပြလို့မရတဲ့ အရေးကြီးမှုနဲ့မငြိမ်သက်လှတဲ့ စိတ်ခံစားချက်များရှိနေခဲ့ရသည်။
ဒီရက်တွေအတွင်းသူနဲ့လီလျိုတို့ အတူတူရှိနေခဲ့တာကတစ်ရက် ကုန်ဆုံးသွားရင်တစ်ရက်အတူတူ နေဖို့နည်းသွားသလိုပင်။သူနဲ့လီလျို တို့အတူတကွအချိန်အကြာကြီး အတူတူနေကြမယ်လို့မျှော်လင့်ထား မိပေမယ့်လီလျိုကတစ်နေ့နေ့မှာ စက္ကန့်ပိုင်းအတွင်းလုံးဝပျောက် ကွယ်သွားလိမ့်မယ်လို့လည်းခံစား နေခဲ့ရသည်။
ဒါပေမဲ့အခုသူ့ချစ်သူကသူ့ကိုစိတ်ချ ရအောင်လုပ်ပေးသည်။အဲလ်ဗစ်က ဘယ်တုန်းကမှဒီလောက်မပျော်ရွှင် ခဲ့မိပေ။သူကခေါင်းကိုလှည့်လိုက်ပြီး လီလျိုအားကြည့်လိုက်ပြီးမှလီလျိုရဲ့ ဘေးမှလက်အားသူ့လက်ဖြင့်ဆုပ်ကိုင် လိုက်သည်။
လီလျိကလည်းမငြင်းပယ်ပေ။သူက လိမ်လိမ်မာမာပဲအဲလ်ဗစ်သူ့ကိုခေါ် သွားသည်အားလက်ခံလိုက်ပြီး ဘရိုင်ယန်ရဲ့နောက်မှနီးနီးကပ်ကပ် လိုက်သွားလိုက်သည်။
လူအားလုံးကစတင်လမ်းလျှောက်နေ တာကိုမြင်သောအခါမူလနေရာမှာပဲ ခွေနေတဲ့အီလိုင်ကသူ့ခေါင်းကိုမော့ပြီး ရှေ့ဆုံးကလျှောက်နေသည့်ဘရိုင်ယန် အားလိုက်ကြည့်နေသည်။အီလိုင်က သူ့လည်ချောင်းမှအသံအနည်းငယ် ထုတ်လိုက်ပြီးမှနောက်ဆုံးတော့မြေ ပေါ်သို့ထရပ်လိုက်ပြီးအမြှီးကိုငိုက်စိုက် ချရင်းဖြင့်လီလျိုနှင့်အဲလ်ဗစ်တို့နောက် မှလိုက်သွားတော့လေသည်။
ဘရိုင်ယန်ကအဲလ်ဗစ်နှင့်လီလျိုတို့ အားကန်ဘေးကိုခေါ်သွားပေးလိုက် သည်။ပြီးနောက်မှာတော့လီလျိုက သူ့ဘေးပတ်ပတ်လည်ကလေပြင်း ထန်လာသည်ခံစားလိုက်ရပြီးသူ့ ခန္တာကိုယ်သည်လည်းရုတ်တရက် မြေင်ပေါ်မှမီတာတစ်ဝက်ကျော် ကျော်လောက်ထိမြောက်တက်သွားရသည်။
နောက်တစ်ခဏမှာပဲလီလျိုမှာသူ့ကို ကန်လည်ကပိုပြီးစိမ်းစိုနေတဲ့မြက်ခင်း တွေနေရာကိုညင်သာစွာပို့လွှတ်ခံလိုက် ရတယ်လို့ခံစားလိုက်ရ၏။
ဘရိုင်ယန်ကအဲလ်ဗစ်နဲ့အီလိုင်တို့ကို ပါမြက်ခင်းစိမ်းတွေပေါ်ပို့ပေးပြီးနောက် သူကမူလနေရာမှာပဲရပ်နေဆဲဖြစ်သည်။
ဘရိုင်ယန်ကကန်ဘေးမှာအပြုံးတစ်ခု နှင့်မျက်နှာမူ၍မတ်တပ်ရပ်နေကာသူ့ လက်များကိုဝှေ့ယမ်းပြ၍သူ့ပါးစပ် ကလည်းတစ်စုံတစ်ခုကိုပြောနေပုံရ သည်။လီလျိုမှာချက်ချင်းပင်သူ့အောက် မှမြေပြင်ကတောက်ပတဲ့အဖြူရောင် အလင်းတစ်ခုနှင့်မြင့်တက်လာသည် ကိုခံစားလိုက်ရပြီးစက္ကန့်အနည်းငယ် ကြာပြီးနောက်မှာကြီမားတဲ့ပို့ဆောင် ရေးအခင်းအကျင်းကြီးတစ်ခုက သူတို့အောက်မှာပေါ်လာခဲ့သည်။
အလင်းတန်းတစ်ခုကကောင်းကင်ပေါ် မှာပေါ်ပေါက်လာကာအထဲမှာရှိသည့် လူနှစ်ယောက်နှင့်သားရဲတစ်ကောင် အားအလျင်အမြန်ဖုန်းအုပ်လိုက်သည်။ ထို့နောက်အလင်းကဖြည်းညှင်းစွာ ပျောက်ကွယ်သွားသောအခါအထဲမှ ထိုလူနှစ်ယောက်နဲ့သားရဲတစ်ကောင် ကအစအနမကျန်အောင်ပျောက်ကွယ် သွားခဲ့လေပြီ။
ကန်ဘေးမှာရပ်နေဆဲဖြစ်သည့် ဘရိုင်ယန်ကအဲလ်ဗစ်နှင့်လီလျိုတို့ ပျောက်ကွယ်သွားတဲ့ဘက်အား စိုက်ကြည့်နေရင်းဖြင့်သူ့မျက်နှာ ပေါ်မှာသိမ်မွေ့တဲ့အပြုံးတစ်ခုရှိနေ ဆဲဖြစ်သည်။
"ငါထွက်သွားဖို့အချိန်ကျလာခဲ့ပြီပေါ့ ဒါပေမဲ့ငါထွက်မသွားခင်မှာဒီလိုထူး ချွန်တဲ့ကလေးတစ်ယောက်နဲ့တွေ့ဆုံ လိုက်ရတာတကယ့်ကိုကောင်းမွန်လှတယ်"
သူ့ခန္တာကိုယ်ကစတင်၍ကြည်လင် လာခဲ့ပြီးသူ့ခြေထောက်မှစ၍လေထဲ သို့ဖြည်းညှင်းစွာပျောက်ကွယ်သွား တော့သည်။
...................................
Zawgyi
Arc(2.42) - Saint Magus
လီလ်ိဳကအဲလ္ဗစ္ရဲ႔မ်က္လံုးမ်ားကို တည့္တည့္စိုက္ၾကည့္ေနမိသည္။ ႏွစ္ေယာက္သားတစ္ေယာက္နဲ႔တစ္ ေယာက္အခ်ိန္ေတာ္ေတာ္ၾကာသည္ အထိၾကည့္ေနမိၾကၿပီးအဲလ္ဗစ္က ေခါင္းကိုအနည္းငယ္ငံု႔ကာသူ႔လက္ကို ဆန္႔ထုတ္၍လီလ်ိဳရဲ႔မ်က္ႏွာတစ္ဖက္ ျခမ္းအားကိုင္လိုက္မွသာလီလ်ိဳရဲ႔ ဝိဉာဥ္ေလးျပန္ေရာက္ရွိလာရ၏။
ျပန္ေမာ့ၾကည့္လိုက္သည့္အခါမွာ အဲလ္ဗစ္ရဲ႔ရွည္လ်ားတဲ့ေရႊေရာင္ မ်က္ေတာင္ေလးမ်ားကအနည္း ငယ္နိမ့္က်ေနၿပီးသူ႔ရဲ႔ထိုမ်က္လံုး တစ္စံုရဲ႔တစ္ဝက္ေလာက္အား ဖုန္းအုပ္ေနသည္ကိုသာျမင္လိုက္ ရေလသည္။
အရင္တုန္းကသူရခဲ့တဲ့ထူးဆန္းတဲ့ ခံစားခ်က္ကဘာလို႔မရွိေတာ့လည္း ဆိုတာသူမသိေသာ္လည္းထိုမ်က္ လံုးတစ္စံုကေတာ့ၾကည့္ရတာ အေတာ္ေလးႏူးညံ့သိမ္ေမြ႕ေနသည္။
အဲလ္ဗစ္ရဲ႔အသြင္အျပင္အားၾကည့္ေန ရင္းျဖင့္လီလ်ိဳမွာသူ႔ႏွလံုးသားထဲက အႏူးညံ့ဆံုးအစိတ္အပိုင္းကိုဓားနဲ႔ထိုး ဆြေနရသလိုခံစားလိုက္ရတာေၾကာင့္ မေနႏိုင္ေတာ့ပဲသူ႔ကိုကိုင္ထားတဲ့ အဲလ္ဗစ္ရဲ႔လက္အားသူ႔မ်က္ႏွာနဲ႔ ပြတ္သပ္လိုက္မိေတာ့သည္။
"အဲလ္ဗစ္...ငါမင္းနဲ႔အၿမဲတမ္းအတူ ရွိေနမွာပါၿပီးေတာ့မင္းကိုဘယ္ေတာ့ မွမထားခဲ့ဘူး"လီလိ်ဳကေျပာေနရင္းမွ ခဏမွ်ဆိုင္းငံ့လိုက္ၿပီးဆက္ေျပာ လိုက္သည္။
"ငါထြက္သြားမွာကိုမင္းထက္ၿပီး ေၾကာက္လန္႔ေနစရာမလိုဘူးဘာျဖစ္ လို႔လဲဆိုေတာ့လက္ရွိငါကေသခ်ာ ေပါက္မင္းကိုထားခဲ့မွာမဟုတ္ဘူး"
အဲ့ဒါအမွန္ပဲလက္ရွိသူကအရင္ကမာၻ တုန္းကလိုမ်ိဳးအဲလ္ဗစ္ကိုျပတ္ျပတ္ သားသားထားခဲ့မယ့္သူမဟုတ္ေတာ့ ဘူး။သူ႔ေရွ႕မွာရွိေနတဲ့ဒီလူကသူ႔ရဲ႔ခ်စ္သူ ေလဘယ္လိုမ်ားသူနဲ႔ဒီကမာၻကိုထားခဲ့ ႏိုင္ပါ့မလဲ?
ကံမေကာင္းစြာပဲသူဟာအၿမဲတမ္း တုန႔္ျပန္မႈအရမ္းေႏွးေနၿပီးအဲလ္ဗစ္ ကသူရဲ႔႔ပုံမွန္မဟုတ္တဲ့အရာေတြကို ရွာေဖြေတြ႕ရွိခဲ့ၿပီးေနၿပီဆိုတာကို လုံးဝမသိခဲ့မိဘူး။
အကယ္၍အဲလ္ဗစ္စိတ္သက္သာရာ ရသြားေအာင္သာသူလုပ္ေပးႏိုင္မယ္ ဆိုရင္ဘယ္လိုအာမခံခ်က္မ်ိဳးမဆို ဘယ္ေလာက္ပဲျဖစ္ျဖစ္ေျပာႏိုင္ပါရဲ႕
ထို႔ေနာက္သူကမိန္းေမာေနရင္းျဖင့္ပင္ မူလကသူ႔မ်က္ႏွာကိုကိုင္ထားသည့္ အဲလ္ဗစ္ရဲ႔လက္ေတြကိုဆုပ္ကိုင္လိုက္ ၿပီးသူ႔ရဲ႔တစ္ျခားလက္တစ္ဖက္ကို ဆန္႔ထုတ္ကာအဲလ္ဗစ္ရဲ႔လည္ပင္းကို ဆြဲခ်၍သူ႔ပါးစပ္ကိုဖြင့္ၿပီးအဲလ္ဗစ္ရဲ႔ ႏႈတ္ခမ္းအားနမ္း႐ွိဳက္ေတာ့သည္။
အဲလ္ဗစ္ကိုသူကစျပီးနမ္းေနရာမွခဏမၽွ အၾကာမွာသူ႔ခါးကအဲလ္ဗစ္ရဲ႔လက္ေမာင္း ၾကားထဲေရာက္သြားၿပီးသူတို႔ရဲ႔အနမ္း ကိုထိန္းခ်ဳပ္ေနတဲ့သူကလံုးဝကိုအဲလ္ဗစ္ လက္ထဲေျပာင္းသြားခဲ့တာကိုခံစားလိုက္ ရသည္။
သို႔ေသာ္အဲလ္ဗစ္ကအရင္တုန္းက ပံုစံမ်ိဳးမဟုတ္ပဲသူ႔ကိုနမ္းေနခဲ့သည့္ အနမ္းကအရမ္းကိုစြဲလမ္းမွဳမ်ားႏွင့္ ျပည့္ႏွက္ေနတာေၾကာင့္လီလိ်ဳမွာ သူကတန္ဖိုးထားခံေနရသလိုမ်ိဳး ခံစားရကာထိုခံစားခ်က္ကအစား ထိုးလို႔မရႏိုင္ေပ။အဲလ္ဗစ္ကေတာ့ သူ႔အားျပန္လည္ရွာေတြ႕လိုက္တဲ့ သူ႔ရတနာေလးတစ္ပါးလိုေသခ်ာ ဂ႐ုတစိုက္နမ္းေနသည္။
ထိုအလြန္ၾကာျမင့္လွတဲ့အနမ္းက လီလ်ိဳအားသူ႔တစ္ကိုယ္လံုးအဲလ္ဗစ္ရဲ႔ အနမ္းေအာက္မွာက်ရံွဳးသြားသလို ခံစားရေစသည္။
အခ်ိန္ဘယ္ေလာက္ၾကာသြားမွန္းမသိ တဲ့ေနာက္မွာလီလ်ိဳရဲ႔႔ေျခေထာက္ေတြ ကအဲလ္ဗစ္ရဲ႔အနမ္းေၾကာင့္တစ္နည္း နည္းနဲ႔ေပ်ာ့ေခြလာသလိုခံစားရသည္။ သူ႔ပါးျပင္ေပၚမွာလည္းအနီေရာင္ တစ္လႊာရွိေနၿပီးေရေငြ႕ေလးမ်ား ဖံုးလႊမ္းေနသည့္သူ႔ရဲ႔ထိုေၾကာင္ မ်က္လံုးတစ္စံုေၾကာင့္သူ႔မ်က္လံုး မ်ားကပိုၿပီးေတာက္ပကာပိုၿပီး စင္ၾကယ္ပံုေပါက္ေနသည္။
လက္ရွိလီလ်ိဳရဲ႔ပံုစံကတစ္ကိုယ္လံုး ကိုဝိုင္ပုလင္းထဲနစ္ႁမွဳပ္လိုက္ၿပီးျပန္ ထုတ္ထားသလိုပင္ၾကည့္ရတာရီေဝေဝ ျဖစ္ေနၿပီးသူ႔ပတ္ဝန္းက်င္ကေျပာင္းလဲ မႈအလံုးစံုကိုလံုးဝသတိမျပဳမိဘူးျဖစ္ ေနသည္။
သူနဲ႔အဲလ္ဗစ္ရဲ႔ပတ္ပတ္လည္က အျဖဴေရာင္ျမဴခိုးမ်ားကေပ်ာက္ ကြယ္သြားၿပီျဖစ္ၿပီးက်ယ္ျပန္႔လွ သည့္ျမက္ခင္းျပင္ႀကီးျပန္ေပၚလာခဲ့သည္။
သူ႔တစ္ကိုယ္လံုးကိုအဲလ္ဗစ္ရဲ႔ရင္ခြင္ ထဲမွာမွီထားရင္းျဖင့္ပင္အဲလ္ဗစ္က သူ႔ႏႈတ္ခမ္းကိုမိနစ္အနည္းငယ္ၾကာ လႊတ္လိုက္ၿပီးေနာက္လီလ်ိဳရဲ႔ျမဴဆိုင္း ေနတဲ့ေခါင္းတစ္ခုလံုးကတစ္ျဖည္း ျဖည္းျခင္းဆီျပန္ၾကည္လင္လာခဲ့သည္။
လီလ်ိဳကသူ႔မ်က္လံုးမ်ားကိုေမာ့ ၾကည့္လိုက္တဲ့အခါအကြာအေဝး တစ္ေနရာမွာသူနဲ႔အဲလ္ဗစ္ကိုဘယ္ အခ်ိန္ကတည္းကမွန္းမသိပဲမတ္တပ္ ရပ္ၾကည့္ေနသည့္ဘ႐ိုင္ယန္ႏွင့္သူ႔ ေျခေထာက္နားမွာအၿမီးကိုရမ္းခါေန ရင္းသူ႔ေခါင္းႀကီးျဖင့္ဘ႐ိုင္ယန္ရဲ႔ေပါင္ ကိုပြတ္သပ္ေနသည္အီလိုင္ဟုေခၚသည့္ ျခေသၤအမ်ိဳးအစားေမွာ္သားရဲတို႔ကို ေတြ႕လိုက္ရသည္။
လီလ်ိဳ : "......"
သိမ္ေမြ႕တဲ့အျပံဳးႏွင့္သူ႔ကိုၾကည့္ေန သည့္ဘ႐ိုင္ယန္ကိုုျမင္လိုက္ရတဲ့အခါ လီလ်ိဳမွာသူ႔ကိုယ္သူေျခေထာက္ ေအာက္ကေျမႀကီးထဲသာႁမွဳပ္ပစ္ လိုက္ခ်င္မိေတာ့သည္။
မူလကနီေနခဲ့သည့္လီလ်ိဳရဲ႔မ်က္ႏွာ ကပိုၿပီးေတာင္ရဲပေတာင္းခတ္လာ ခဲ့သည္။လက္ရွိဘ႐ိုင္ယန္ကသူခ်န္ ထားခဲ့တဲ့စိတ္ဝိဉာဥ္သက္သက္သာ ျဖစ္ၿပီးဝိဉာဏ္ခႏာၱကိုယ္မွာဝိဉာဥ္ အသိထည့္ထားတာသက္သက္ပဲဆိုတာ သူသိေသာ္လည္းလီလ်ိဳကေတာ့အလြန္ ရွက္ရြံ႔ေနမိဆဲပင္။႐ိုး႐ိုးရွင္းရွင္းပင္ က်ီစားေနသည့္မ်က္ဝန္းမ်ားျဖင့္ ၾကည့္ေနေသာဘ႐ိုင္ယန္အားသူ ထပ္မၾကည့္ရဲေတာ့ေပ။
အဲလ္ဗစ္ကေတာ့ရွက္ရွံ႔မႈအနည္း ငယ္ကိုပင္မခံစားရဘူးျဖစ္ သည္။ဒီအခ်ိန္မွာသူ႔မ်က္လံုးထဲ ကမ်က္စံမ်ားကလည္းမူလၾကည္ျပာ ေရာင္ကိုျပန္ေရာက္ေနၿပီျဖစ္ၿပီးသူ႔ ႏႈတ္ခမ္းေထာင့္စြန္းမွာလည္းရွားပါး လွတဲ့အျပံဳးတစ္ခုရွိေနသည္။
သူ႔လက္ကလီလ်ိဳရဲ႔သြယ္ေျပာင္းတဲ့ ခါးေပၚမွာရွိေနဆဲျဖစ္ကာသူ႔ရင္ခြင္ထဲ မွာပဲဆက္၍ေပြ႕ဖက္ထားၿပီးရွက္ရြံ႔မႈ ေၾကာင့္နီရဲေနသည့္သူ႔ခ်စ္သူအားသူ႔ လက္ေမာင္းမ်ားၾကားထဲမွာကာကြယ္ ေပးထားသည္။အဲလ္ဗစ္မွာမေနႏိုင္ပဲ သူ႔လက္ကိုဆန္႔ထုတ္ၿပီးလီလ်ိဳရဲ႔ ေခါင္းေလးကိုအႀကိမ္အနည္းငယ္ ထပ္ထိလိုက္မိျပန္သည္။သူ႔ရင္ထဲ မွာေတာ့လီလိ်ဳရဲ႔တုန္႔ျပန္မွဳကတကယ္ ကိုခ်စ္စရာေကာင္းတယ္လို႔ခံစားေနရသည္။
"အဟန္းအဟန္း"
ဘ႐ိုင္ယန္ကေတာ့သူ႔ေရွ႕မွာတြန္႔ဆုတ္ မႈမရွိပဲခ်စ္ျခင္းေမတၱာေတြျပေနၾက သည့္လူႏွစ္ေယာက္အားၾကည့္ၿပီး ဒီအတိုင္းဆက္မၾကည့္ႏိုင္ေတာ့ တာေၾကာင့္ေခ်ာင္းႏွစ္ခ်က္ေလာက္ ဟန္႔ကာစကားေျပာလိုက္ရသည္။
"အဲလ္ဗစ္....ေရွးေဟာင္းေမွာ္နယ္ေျမ ရဲ႔စမ္းသပ္မႈေတြကိုေက်ာ္ျဖတ္ႏိုင္သြား တဲ့အတြက္ဂုဏ္ျပဳပါတယ္"ထိုေနရာ ထိေျပာၿပီးသြားေသာအခါဘ႐ိုင္ယန္ ကအဲလ္ဗစ္အားေလးေလးနက္နက္ ၾကည့္ကာဆက္ေျပာလာသည္။
"မင္းကငါ့ရဲ႔စိတ္ကူးထက္ေက်ာ္လြန္ ၿပီးထူးျခားတဲ့သူတစ္ေယာက္ဆိုတာ ကိုေတာ့ဝန္ခံရမယ္"
အမွန္ေတာ့အဲလ္ဗစ္ဒီေမွာ္နယ္ေျမထဲ ဝင္သြားတဲ့အခ်ိန္မွာသူမူလကအဲလ္ဗစ္ ဒီေမွာ္နယ္ေျမထဲကျပန္ထြက္လာႏိုင္ဖို႔ ဆယ္ႏွစ္ေလာက္ေတာ့အခ်ိန္ယူရမယ္ လို႔ထင္ခဲ့မိတာျဖစ္သည္။သို႔ေသာ္ အဲလ္ဗစ္ကေမွ်ာ္လင့္ထားတာထက္ ပိုေစာၿပီးၿပီးသြားခဲ့မယ္လို႔မထင္ခဲ့မိသ လိုအရမ္းကိုလည္းပိုေစာေနခဲ့ေသး တာေၾကာင့္အဲ့ဒါကသူ႔ကိုတကယ္ပဲ အံ့အားသင့္သြားေစသည္။
ဒီကေလးကဤေလာကကိုႀကီးမားတဲ့ အေျပာင္းအလဲႀကီးတစ္ခုေဆာင္ၾကဥ္း ေပးႏိုင္လိမ့္မည္။သူတို႔ရဲ႔စိန္႔ေမးဂတ္စ္ အေမြအႏွစ္သည္လည္းဒီကေလးရဲ႔ လက္ထဲမွာေနာက္တစ္ႀကိမ္ၿပီးျပည့္စံု စြာေပၚေပါက္လာၿပီးအရမ္းကိုေတာက္ပ တဲ့ေရာင္ျခည္ေတြထြက္ေပၚလာေစ တာေၾကာင့္လူေတြကိုတည့္တည့္မ ၾကည့္ႏိုင္ေအာင္ပင္ျဖစ္ေစလိမ့္မည္ေလ။
ဘ႐ိုင္ယန္ရဲ႔ခ်ီးမြမ္းမွဳကိုၾကားတဲ့အခါ အဲလ္ဗစ္ကဘာမွျပန္မေျဖေသာ္လည္း လီလိ်ဳရဲ႔ခါးတစ္ဝိုက္ကသူ႔လက္မ်ား ကေတာ့ပိုၿပီးတင္းၾကပ္သြားရသည္။ သူကဘယ္ေလာက္ေတာင္ထူးျခား ထူးခၽြန္မလဲဆိုတာသူမသိေပမယ့္ သူ႔လက္ထဲကဒီလူကိုကာကြယ္ႏိုင္ သ၍သူေသခ်ာေပါက္အခုထက္ပိုၿပီး သန္မာမွျဖစ္မည္။အားေကာင္းလြန္းလို႔ ဘာကမွသူ႔ကိုမတားဆီးႏိုင္မေက်ာ္ျဖတ္ ႏိုင္ပဲသူ႔ရင္ခြင္ထဲကဒီလူကိုမနာက်င္ေစ ႏိုင္သည္အထိအစြမ္းထက္လာရမည္။
"အခုငါအီလိုင္ကိုမင္းဆီလႊဲေပးခဲ့မယ္ မင္းသူ႔ကိုေကာင္းေကာင္းဆက္ဆံမယ္ လို႔ေမွ်ာ္လင့္ပါတယ္ငါမဆံုးပါးသြားခင္ တုန္းကငါ့ရဲ႔အႀကီးမားဆံုးစိတ္ပူပန္မႈ ကငါ့ဘဝတစ္ေလွ်ာက္လံုးမွာအေကာင္း ဆံုးဖန္တီးခဲ့တဲ့ဒီဂုဏ္အယူရဆံုးအရာပဲ"
ဘ႐ိုင္ယန္ကေျပာရင္းျဖင့္ေခါင္းကိုငံု႔ကာ သူ႔ေျခေထာက္ကိုပြတ္သပ္ေနသည့္ျခေသၤ အမ်ိဳးအစားေမွာ္သားရဲ၏ေခါင္းအား ညင္ညင္သာသာပြတ္ေပးလိုက္သည္။ အီလိုင္မွာသူ႔သခင္ရဲ႔ထိေတြ႕မႈကအရမ္း ကိုသက္ေတာင့္သက္သာရွိလြန္းလို႔မေန ႏိုင္ပဲသူ႔လည္ေခ်ာင္းထဲမွနက္႐ွိဳင္းၿပီး သန္႔စင္လွသည့္အသံကိုထုတ္မိေတာ့သည္။
ထိုႀကီးမားလွတဲ့ျခေသၤႀကီးအီလိုင္ကို ၾကည့္ေနတဲ့ဘ႐ိုင္ယန္ရဲ႔မ်က္လံုးမ်ား ကသိမ္ေမြ႕ညင္သာေနၿပီးသူ႔ေခါင္းႀကီး ကိုလက္နဲ႔ပုတ္ေပးလိုက္သည္။
"သြားေတာ့...မင္းရဲ႔ပိုင္ရွင္အသစ္ဆီသြား"
အီလိုင္ကသူ႔လည္ေခ်ာင္းမွမလိုလား သည့္အသံအနည္းငယ္ကိုထုတ္ေန ေသာ္လည္းဘ႐ိုင္ယန္ရဲ႔တိုက္တြန္း စကားအနည္းငယ္ေအာက္မွာေျမျပင္ မွထလိုက္ၿပီးအဲလ္ဗစ္ရွိရာသို႔တစ္လွမ္း ျခင္းဆီေလွ်ာက္သြားလိုက္သည္။
အဲလ္ဗစ္ဆီသြားေနတဲ့လမ္းေတာက္ ေလွ်ာက္မွာလည္းအီလိုင္ကသူ႔မူလ ပိုင္ရွင္ရွိရာဆီလွည့္လွည့္ၾကည့္ေနၿပီး ခြဲခြာဖို႔တြန္႔ဆုတ္ေနပံုရကာတစ္ခ်ိန္လံုး ႏူးညံ့တဲ့တီးတိုးသံကိုလည္းထုတ္လႊင့္ ေနသည္။
ဘ႐ိုင္ယန္နဲ႔သိပ္မေဝးတဲ့ေနရာက အဲလ္ဗစ္ဆီသို႔ေရာက္ရန္ဆယ္မိနစ္ နီးပါးမွ်ၾကာျမင့္လိုက္သည္။အီလိုင္က အဲလ္ဗစ္ရဲ႔ေဘးမွာဝင္ေခြလိုက္ၿပီး သူ႔ေနာက္ကအႃမွီးကမလႈပ္ရွားေသာ္ လည္းေျမေပၚမွာလဲေလ်ာင္းကာသူ႔ ေခါင္းကသူ႔ေရွ႕ေျခႏွစ္ေခ်ာင္းေပၚမွာ မွီခ်၍မ်က္ေတာင္တစ္ခ်က္ခတ္လိုက္ ၿပီးမွဘ႐ိုင္ယန္အားမ်က္ေတာင္မခတ္ပဲ ဆက္ၾကည့္ေနေတာ့သည္။
အဲလ္ဗစ္ကသူ႔ေျခေထာက္ႏွင့္သိပ္မေဝး တဲ့ေနရာမွအီလိုင္ကိုတစ္ခ်က္ၾကည့္ လိုက္သည္။
"ခင္ဗ်ားနဲ႔ခြဲခြာရဖို႔သူအရမ္းတြန္႔ဆုတ္ ေနတယ္က်ဳပ္ထင္တာေတာ့သူခင္ဗ်ား ေဘးမွာပဲဆက္ေနခ်င္ေသးတယ္ထင္တယ္"
ဘ႐ိုင္ယန္ကေခါင္းကိုခါယမ္းျပသည္။
"ငါ့ခႏာၱကိုယ္ကမၾကာခင္လံုးဝေပ်ာက္ ကြယ္သြားေတာ့မွာၿပီးေတာ့ငါဆက္ၿပီး မေစာင့္ေရွာက္ႏိုင္ေတာ့ဘူး" ထိုေနရာထိေျပာၿပီးသြားေသာအခါ ဘ႐ိုင္ယန္ကၾကည့္ရတာခပ္ဖြဖြ သက္ျပင္းခ်လိုက္ပံု၇သည္။
"အဲလ္ဗစ္ငါမင္းကိုေပးလိုက္မယ္ ေက်းဇူးျပဳၿပီးလက္ခံေပးပါ"
ဘ႐ိုင္ယန္ကေျပာလို႔ၿပီးသြားသည့္ အခါသူ႔ကိုယ္ကိုလွည့္လိုက္ၿပီးသူ႔ လက္ေခ်ာင္းမ်ားအားအကြာအေဝး တစ္ေနရာမွျမက္ခင္းစိမ္းမ်ားနဲ႔ဝိုင္း ရံေနသည့္အျပာေရာင္ကန္ႀကီးဆီသို႔ ၫႊန္လိုက္သည္။
"ဒီေမွာ္နယ္ေျမကေနထြက္သြားႏိုင္မယ့္ ပို႔ေဆာင္ဆက္သြယ္ေရးအခင္းအက်င္း ကကန္ရဲ႔အလည္မွာရွိတယ္ငါမင္းကို အဲ့ဒီကိုပို႔ေပးမယ္"
လီလိ်ဳကအဲလ္ဗစ္နဲ႔ဘ႐ိုင္ယန္ရဲ႔ အေျပာအဆိုမ်ားကိုတိတ္တဆိတ္ နားေထာင္ေနရင္းျဖင့္သူ႔လက္ကို ဆန္႔ထုတ္ၿပီးသူ႔ပါးျပင္အားထိၾကည့္ လိုက္ေသာအခါသူ႔ပါးျပင္ကအပူခ်ိန္ ကေနာက္ဆံုးေတာ့က်ဆင္းသြားၿပီ ဟုခံစားလိုက္ရသည္။သူဒီေနရာက မၾကာခင္ထြက္သြားႏိုင္ေတာ့မယ္ ဆိုတာကိုေတြးလိုက္မိေသာအခါ သူ႔စိတ္ထဲသက္ေတာင့္သက္သာ ျဖစ္သြားရ၏။ဘယ္လိုပဲျဖစ္ျဖစ္သူ ဘ႐ိုင္ယန္ေရွ႕မွာမ်က္ႏွာပ်က္ၿပီး သြားၿပီျဖစ္ၿပီးဘ႐ိုင္ယန္ကလည္း ဒီေနရာကေနထြက္မလာႏိုင္ဘူးေလ။ ဒါေပမဲ့သူတို႔ပို႔ေဆာင္ေရးအခင္း အက်င္းကိုသံုးၿပီးတစ္ျခားတစ္ေနရာ ကိုထြက္သြားၿပီးတဲ့အခ်ိန္မွာလည္း အဲလ္ဗစ္ကသူ႔ကိုဆက္ဖက္ထားလို႔ တစ္ျခားသူေတြျမင္သြားရင္သူဘယ္လို လုပ္ရမလဲ?
ထိုအေၾကာင္းကိုစဥ္းစားမိတဲ့အခါ လီလ်ိဳကခ်က္ခ်င္းသူ႔ကိုယ္သူ အဲလ္ဗစ္ရဲ႔ရင္ခြင္ထဲကတိုးထြက္ လိုက္ၿပီးအဲလ္ဗစ္ေဘးမွာရပ္လိုက္သည္။
အဲလ္ဗစ္ရဲ႔မ်က္လံုးထဲမွာေတာ့ဘာမွ မတတ္ႏိုင္ပဲႏွေျမာသြားမိေသာ္လည္း လီလ်ိဳသူ႔ကိုသိပ္မၾကာခင္ကေျပာခဲ့ တဲ့စကားမ်ားကိုျပန္စဥ္းစားမိေသာ အခါမေနႏိုင္ပဲသူ႔ႏွဳတ္ခမ္းေထာင့္စြန္း မ်ားကေကြးၫႊတ္တက္သြားရျပန္သည္။
အဲလ္ဗစ္ကေတာ့လီလ်ိဳသူ႔ခံစားခ်က္ ေတြကိုေနာက္ဆံုးတစ္ေခါက္ကဖြင့္ေျပာ ခဲ့တဲ့အခ်ိန္ကလြဲရင္ဘယ္တုန္းကမွ ဒီေလာက္ခံစားခ်က္မေကာင္းဘူးဘူး ဟုပင္ခံစားေနရသည္။ဒီရက္ေတြ အတြင္းမွာသူနဲ႔လီလ်ိဳတို႔အတူတူ ရွိေနခဲ့ၾကေပမယ့္ၿပီးေတာ့သူဒီလူကို အၿမဲတမ္းပိုင္ဆိုင္ေနရေပမယ့္အဲ့ဒီ ေပ်ာ္ရႊင္ရတဲ့ခံစားခ်က္ေတြရဲ႔ေနာက္ ကြယ္မွာအၿမဲတမ္းေဖာ္ျပလို႔မရတဲ့ အေရးႀကီးမွဳနဲ႔မၿငိမ္သက္လွတဲ့ စိတ္ခံစားခ်က္မ်ားရွိေနခဲ့ရသည္။
ဒီရက္ေတြအတြင္းသူနဲ႔လီလ်ိဳတို႔ အတူတူရွိေနခဲ့တာကတစ္ရက္ ကုန္ဆံုးသြားရင္တစ္ရက္အတူတူ ေနဖို႔နည္းသြားသလိုပင္။သူနဲ႔လီလ်ိဳ တို႔အတူတကြအခ်ိန္အၾကာႀကီး အတူတူေနၾကမယ္လို႔ေမွ်ာ္လင့္ထား မိေပမယ့္လီလိ်ဳကတစ္ေန႔ေန႔မွာ စကၠန္႔ပိုင္းအတြင္းလံုးဝေပ်ာက္ ကြယ္သြားလိမ့္မယ္လို႔လည္းခံစား ေနခဲ့ရသည္။
ဒါေပမဲ့အခုသူ႔ခ်စ္သူကသူ႔ကိုစိတ္ခ် ရေအာင္လုပ္ေပးသည္။အဲလ္ဗစ္က ဘယ္တုန္းကမွဒီေလာက္မေပ်ာ္ရႊင္ ခဲ့မိေပ။သူကေခါင္းကိုလွည့္လိုက္ၿပီး လီလ်ိဳအားၾကည့္လိုက္ၿပီးမွလီလ်ိဳရဲ႔ ေဘးမွလက္အားသူ႔လက္ျဖင့္ဆုပ္ကိုင္ လိုက္သည္။
လီလ်ိကလည္းမျငင္းပယ္ေပ။သူက လိမ္လိမ္မာမာပဲအဲလ္ဗစ္သူ႔ကိုေခၚ သြားသည္အားလက္ခံလိုက္ၿပီး ဘ႐ိုင္ယန္ရဲ႔ေနာက္မွနီးနီးကပ္ကပ္ လိုက္သြားလိုက္သည္။
လူအားလံုးကစတင္လမ္းေလွ်ာက္ေန တာကိုျမင္ေသာအခါမူလေနရာမွာပဲ ေခြေနတဲ့အီလိုင္ကသူ႔ေခါင္းကိုေမာ့ၿပီး ေရွ႕ဆံုးကေလွ်ာက္ေနသည့္ဘ႐ိုင္ယန္ အားလိုက္ၾကည့္ေနသည္။အီလိုင္က သူ႔လည္ေခ်ာင္းမွအသံအနည္းငယ္ ထုတ္လိုက္ၿပီးမွေနာက္ဆံုးေတာ့ေျမ ေပၚသို႔ထရပ္လိုက္ၿပီးအႃမွီးကိုငိုက္စိုက္ ခ်ရင္းျဖင့္လီလ်ိဳႏွင့္အဲလ္ဗစ္တို႔ေနာက္ မွလိုက္သြားေတာ့ေလသည္။
ဘ႐ိုင္ယန္ကအဲလ္ဗစ္ႏွင့္လီလ်ိဳတို႔ အားကန္ေဘးကိုေခၚသြားေပးလိုက္ သည္။ၿပီးေနာက္မွာေတာ့လီလ်ိဳက သူ႔ေဘးပတ္ပတ္လည္ကေလျပင္း ထန္လာသည္ခံစားလိုက္ရၿပီးသူ႔ ခႏာၱကိုယ္သည္လည္း႐ုတ္တရက္ ေျမင္ေပၚမွမီတာတစ္ဝက္ေက်ာ္ ေက်ာ္ေလာက္ထိေျမာက္တက္သြားရသည္။
ေနာက္တစ္ခဏမွာပဲလီလ်ိဳမွာသူ႔ကို ကန္လည္ကပိုၿပီးစိမ္းစိုေနတဲ့ျမက္ခင္း ေတြေနရာကိုညင္သာစြာပို႔လႊတ္ခံလိုက္ ရတယ္လို႔ခံစားလိုက္ရ၏။
ဘ႐ိုင္ယန္ကအဲလ္ဗစ္နဲ႔အီလိုင္တို႔ကို ပါျမက္ခင္းစိမ္းေတြေပၚပို႔ေပးၿပီးေနာက္ သူကမူလေနရာမွာပဲရပ္ေနဆဲျဖစ္သည္။
ဘ႐ိုင္ယန္ကကန္ေဘးမွာအျပံဳးတစ္ခု ႏွင့္မ်က္ႏွာမူ၍မတ္တပ္ရပ္ေနကာသူ႔ လက္မ်ားကိုေဝွ႕ယမ္းျပ၍သူ႔ပါးစပ္ ကလည္းတစ္စံုတစ္ခုကိုေျပာေနပံုရ သည္။လီလ်ိဳမွာခ်က္ခ်င္းပင္သူ႔ေအာက္ မွေျမျပင္ကေတာက္ပတဲ့အျဖဴေရာင္ အလင္းတစ္ခုႏွင့္ျမင့္တက္လာသည္ ကိုခံစားလိုက္ရၿပီးစကၠန္႔အနည္းငယ္ ၾကာၿပီးေနာက္မွာႀကီမားတဲ့ပို႔ေဆာင္ ေရးအခင္းအက်င္းႀကီးတစ္ခုက သူတို႔ေအာက္မွာေပၚလာခဲ့သည္။
အလင္းတန္းတစ္ခုကေကာင္းကင္ေပၚ မွာေပၚေပါက္လာကာအထဲမွာရွိသည့္ လူႏွစ္ေယာက္ႏွင့္သားရဲတစ္ေကာင္ အားအလ်င္အျမန္ဖုန္းအုပ္လိုက္သည္။ ထို႔ေနာက္အလင္းကျဖည္းၫွင္းစြာ ေပ်ာက္ကြယ္သြားေသာအခါအထဲမွ ထိုလူႏွစ္ေယာက္နဲ႔သားရဲတစ္ေကာင္ ကအစအနမက်န္ေအာင္ေပ်ာက္ကြယ္ သြားခဲ့ေလၿပီ။
ကန္ေဘးမွာရပ္ေနဆဲျဖစ္သည့္ ဘ႐ိုင္ယန္ကအဲလ္ဗစ္ႏွင့္လီလ်ိဳတို႔ ေပ်ာက္ကြယ္သြားတဲ့ဘက္အား စိုက္ၾကည့္ေနရင္းျဖင့္သူ႔မ်က္ႏွာ ေပၚမွာသိမ္ေမြ႕တဲ႔အျပံဳးတစ္ခုရွိေန ဆဲျဖစ္သည္။
"ငါထြက္သြားဖို႔အခ်ိန္က်လာခဲ့ၿပီေပါ့ ဒါေပမဲ့ငါထြက္မသြားခင္မွာဒီလိုထူး ခၽြန္တ့ဲကေလးတစ္ေယာက္နဲ႔ေတြ႕ဆံု လိုက္ရတာတကယ့္ကိုေကာင္းမြန္လွတယ္"
သူ႔ခႏာၱကိုယ္ကစတင္၍ၾကည္လင္ လာခဲ့ၿပီးသူ႔ေျခေထာက္မွစ၍ေလထဲ သို႔ျဖည္းၫွင္းစြာေပ်ာက္ကြယ္သြား ေတာ့သည္။
...................................