ခ်ဳိၿမိန္ေသာ ဇနီးဆိုးေလး(အတြဲ...

By god-dess11

933K 117K 8.1K

စာစဥ္ ၂၅ မွ စဖတ္ႏိုင္သည္ ။ စာစဉ် ၂၅ မှ စပြီး ဖတ်နိုင်ပါသည်။ More

စာစဥ္ ၂၅ ( ၁ + ၂ + ၃ + ၄ )
စာစဥ္ ၂၅ ( ၅ - ၁၆ )
စာစဥ္ ၂၅ ( ၁၇ - ၂၄ )
စာစဥ္ ၂၆ ( ၁ - ၁၀ )
စာစဥ္ ၂၆ ( ၁၁ - ၁၆ )
စာစဥ္ ၂၆ ( ၁၇ - ၂၂ )
စာစဥ္ ၂၆ ( ၂၃ - ၂၉ )
စာစဥ္ ၂၇ ( ၁ - ၈ )
စာစဥ္ ၂၇ ( ၉ - ၁၂ )
စာစဥ္ ၂၇ ( ၁၃ - ၁၈ )
စာစဥ္ ၂၇ ( ၁၉ - ၂၀ )
စာစဥ္ ၂၇ ( ၂၁ - ၂၄ )
စာစဥ္ ၂၇ ( ၂၅ - ၃၀ )
စာစဥ္ ၂၈ ( ၁ - ၄ )
စာစဥ္ ၂၈ ( ၅ - ၈ )
စာစဥ္ ၂၈ ( ၉ - ၁၄ )
စာစဥ္ ၂၈ ( ၁၅ - ၂၂ )
စာစဥ္ ၂၈ ( ၂၃ - ၂၈ )
စာစဥ္ ၂၉ ( ၁ - ၆ )
စာစဥ္ ၂၉ ( ၇ - ၁၂ )
စာစဥ္ ၂၉ ( ၁၃ - ၁၈ )
စာစဥ္ ၂၉ ( ၁၉ - ၂၄)
စာစဥ္ ၂၉ ( ၂၅ - ၂၈ )
စာစဥ္ ၃၀ ( ၁ - ၆ )
စာစဥ္ ၃၀ ( ၇ - ၁၀ )
စာစဥ္ ၃၀ ( ၁၁ - ၁၅ )
စာစဥ္ ၃၀ ( ၁၆ - ၂၁ )
စာစဥ္ ၃၀ ( ၂၂ - ၂၇ )
စာစဥ္ ၃၁ ( ၁ - ၆ )
စာစဥ္ ၃၁ ( ၇ - ၁၂ )
စာစဥ္ ၃၁ ( ၁၃ - ၁၈ )
စာစဥ္ ၃၁ ( ၁၉ - ၂၄ )
စာစဥ္ ၃၁ ( ၂၅ - ၂၈ )
စာစဥ္ ၃၂ ( ၁ - ၆ )
စာစဥ္ ၃၂ ( ၇ - ၁၂ )
စာစဥ္ ၃၂ ( ၁၃ - ၁၈ )
စာစဥ္ ၃၂ ( ၁၉ - ၂၄ )
စာစဥ္ ၃၂ ( ၂၅ + ၂၆ )
စာစဥ္ ၃၃ ( ၁ - ၆ )
စာစဥ္ ၃၃ ( ၇ - ၁၂ )
စာစဥ္ ၃၃ ( ၁၃ - ၁၈ )
စာစဥ္ ၃၃ ( ၁၉ - ၂၂ )
စာစဥ္ ၃၃ ( ၂၃ - ၂၆ )
စာစဥ္ ၃၄ ( ၁ - ၆ )
စာစဥ္ ၃၄ ( ၇ - ၁၂ )
စာစဥ္ ၃၄ ( ၁၃ - ၁၈ )
စာစဥ္ ၃၄ ( ၁၉ - ၂၅ )
စာစဥ္ ၃၅ ( ၁ - ၆ )
စာစဥ္ ၃၅ ( ၇ - ၁၂ )
စာစဥ္ ၃၅ ( ၁၃ - ၁၈ )
စာစဥ္ ၃၅ ( ၁၉ - ၂၅ )
စာစဥ္ ၃၆ ( ၁ - ၆ )
စာစဥ္ ၃၆ ( ၇ - ၁၂ )
စာစဥ္ ၃၆ ( ၁၃ - ၁၈ )
စာစဥ္ ၃၆ ( ၁၉ - ၂၆ )
စာစဥ္ ၃၇ ( ၁ - ၆ )
စာစဥ္ ၃၇ ( ၇ - ၁၂ )
စာစဥ္ ၃၇ ( ၁၃ - ၁၈ )
စာစဥ္ ၃၇ ( ၁၉ - ၂၂ )
Announcement !!!
စာစဥ္ ၃၈ ( ၁ - ၈ )
စာစဥ္ ၃၈ ( ၉ - ၁၆ )
စာစဥ္ ၃၈ ( ၁၇ - ၂၀ )
စာစဥ္ ၃၈ ( ၂၁ - ၂၈ )
စာစဥ္ ၃၉ ( ၁ - ၈ )
စာစဥ္ ၃၉ ( ၉ - ၁၆ )
စာစဥ္ ၃၉ ( ၁၇ - ၂၅ )
စာစဥ္ ၄၀ ( ၁ - ၆ )
စာစဥ္ ၄၀ ( ၇ - ၁၀ )
စာစဥ္ ၄၀ ( ၁၁ + ၁၈ )
စာစဥ္ ၄၀ (၁၉-၂၂)
စာစဥ္ ၄၀ (၂၃-၂၅) စာစဥ္ ၄၁ (၁-၄)
စာစဥ္ ၄၁ ( ၅ - ၁၀)
စာစဥ္ ၄၁ (၁၁-၁၈)
စာစဥ္ ၄၁ (၁၉-၂၂)
စာစဥ္ ၄၁ (၂၃+၂၄+၂၅)
စာစဥ္ ၄၂ (၁-၄)
စာစဥ္ ၄၂ ( ၅-၁၂ )
စာစဥ္ ၄၂ (၁၃-၁၈)
စာစဥ္ ၄၂ (၁၉-၂၄)
စာစဥ္ ၄၃ (၁-၆)
စာစဥ္ ၄၃ (၇-၁၄)
စာစဥ္ ၄၃ (၁၅-၁၈)
စာစဥ္ ၄၃ (၁၉-၂၆)
စာစဥ္ ၄၄ (၁-၆)
စာစဥ္ ၄၄ (၇-၁၄)
စာစဥ္ ၄၄ (၁၅+၁၆)
စာစဥ္ ၄၄ (၁၇-၂၅)
စာစဥ္ ၄၅ (၁-၈)
စာစဥ္ ၄၅ (၉-၁၄)
စာစဥ္ ၄၅ (၁၉-၂၅)
စာစဥ္ ၄၆ (၁-၁၄)
စာစဥ္ ၄၆ (၁၅-၂၅)
စာစဥ္ ၄၇ (၁-၁၀)
စာစဥ္ ၄၇ (၁၁-၂၀)
စာစဥ္ ၄၇ (၂၁-၂၄)
စာစဥ္ ၄၈ (၁-၁၄)
စာစဥ္ ၄၈ (၁၅-၂၅)
စာစဥ္ ၄၉ (၁ - ၁၆)
စာစဥ္ ၄၉ (၁၇-၂၅)
စာစဥ္ ၅၀ (၁-၁၄)
စာစဥ္ ၅၀ (၁၅-၂၆)
စာစဥ္ ၅၁ (၁-၁၄)
စာစဥ္ ၅၁ (၁၅ - ၃၀)
စာစဥ္ ၅၂ (၁ - ၁၆ )
စာစဥ္ ၅၂ ( ၁၇ - ၂၅ )
စာစဥ္ ၅၃ ( ၁ - ၈ )
စာစဥ္ ၅၃ ( ၉ - ၁၆ )
စာစဥ္ ၅၃ ( ၁၇ - ၂၅ )
စာစဥ် ၅၄ (၁ - ၈)
စာစဥ် ၅၄ (၉-၁၆)
စာစဥ် ၅၄ (၁၇-၂၅)
စာစဥ် ၅၅ (၁-၈)
စာစဥ် ၅၅ (၉-၁၆)
စာစဥ် ၅၅ (၁၇ - ၂၅ )
စာစဥ် ၅၆ (၁-၈)
စာစဥ် ၅၆ (၉-၁၆)
စာစဥ် ၅၆ (၁၇ - ၂၅)
စာစဥ် ၅၇ (၁-၈)
စာစဥ် ၅၇ (၉-၁၆)
စာစဥ် ၅၇ (၁၇-၂၅)
စာစဥ် ၅၈ (၁-၈)
စာစဥ် ၅၈ (၉-၁၆)
စာစဥ် ၅၈ (၁၇-၂၅)
စာစဥ္ ၅၉ (၁ - ၈)
စာစဥ္ ၅၉ (၉-၁၆)
စာစဥ္ ၅၉ (၁၇-၂၅)
စာစဥ္ ၆၀ (၁-၁၂)
စာစဥ္ ၆၀ (၁၃-၂၅)
စာစဥ္ ၆၁ (၁-၁၂)
စာစဥ္ ၆၁ (၁၃-၂၅)
စာစဥ္ ၆၂ (၁-၁၂)
စာစဥ္ ၆၂ (၁၃-၂၅)
စာစဥ္ ၆၃ (၁-၁၀)
စာစဥ္ ၆၃ (၁၁-၂၀)
စာစဥ္ ၆၃ (၂၁-၃၀)
စာစဥ္ ၆၄ (၁-၁၂)
စာစဥ္ ၆၄ (၁၃-၂၆)
စာစဥ္ ၆၅ (၁-၈)
စာစဥ္ ၆၅ (၉-၁၆)
စာစဥ္ ၆၅ (၁၇-၂၆)

စာစဥ္ ၄၅ (၁၅-၁၈)

5K 905 97
By god-dess11

💖 ခ်ဳိၿမိန္ေသာ ဇနီးဆိုးေလး 💖
Book.              :  45
Chapter.          :  15 - 18
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••

စာစဥ္ ၄၅၊ အခန္း ၁၅။  နိမိတ္ဖတ္ေပးရမလား

တစ္ခ်ိန္တည္းမွာပင္ အနားကကားထဲတြင္
စီရီဟန္၊ ရႊီရီ၊ အီလဲဗင္း၊ ဖန္ရႊမ္းယီနွင့္ စီ မိသားစု၏ ကုိယ္ရံေတာ္မ်ားအားလံုးသည္ ရီ၀မ္၀မ္၏ ထုိကားကို အခ်ိဳင့္ၾကီးခ်ိဳင့္၀င္သြားေအာင္ ထုခ်ပစ္လုိက္ၿခင္းကို ၿမင္လုိက္ၾကရေလရာ…

ကုိယ္ရံေတာ္မ်ားအားလံုး ။  “…”

ၿမတ္စြာဘုရား၊ က်ြန္ေတာ့္ကို ေစာင့္ေရွာက္ေပးပါ…!!!

ေနရာၾကီးတစ္ခုလံုး လံုး၀အတိ တိတ္ဆိတ္ၿငိမ္သက္သြားသည္ ။

လ်ိဳခ်န္းသည္ပင္…ကားေပၚက ထုိအခ်ိဳင့္ရာၾကီးကို စုိက္ၾကည့္ေနမိရင္း ၾကက္ေသေသေနမိကာ၊
ကုန္ရႊီကို တြန္းထုတ္ပစ္ဖုိ ့ပင္ ေမ့ေလ်ာ့ေနမိ သည္ထိ ။

ဒီညတြင္ လ်ိဳခ်န္းသည္ မ်ားမ်ားေသာက္ထားၿခင္းမရွိေသာေၾကာင့္ ထုိကားေပၚက အခ်ိဳင့္ရာၾကီးကုိ သဲသဲကြဲကြဲကုိ ၿမင္ေနရ၏ ။
လံုး၀ကုိ အၿမင္မွားၿခင္း မဟုတ္ပါေခ် ။

ဒါက လူသားတစ္ေယာက္က လုပ္သြားတာလား ။

ဟန္ရွန္းယြီ၏မ်က္နွာအမူအရာမွာလည္း လ်ိဳခ်န္းနွင့္ ထပ္တူပင္ ။ ရီပုိင္သည္ အရက္မူးလာၿပီဆုိလွ်င္ ေယာက်ာ္းမေရွာင္၊ မိန္းမမေရွာင္ ေတြ ့သမွ်သူကုိ လုိက္ပလူးေတာ့သည္ကုိသာ သူ သိထားပါ၏ ။
ရီပုိင္သည္ ဒီလုိမ်ိဳး… ဒီလိုမ်ိဳးလည္း ၾကမ္းတမ္းေသးသည္ကုိ…သူ မသိထားခဲ့ ။

ရီမူဖန္သည္ကား ထိုခ်ိဳင့္ရာၾကီးကို ၾကည့္ေနမိ၏ ။
ထုိ ့ေနာက္
သူ ့မ်က္လံုးတုိ ့ကို ကမူးရွဴးထူးပြတ္သပ္ပစ္လုိက္ကာ ထုိယိုင္ထိုးေနသည့္ညီမေလးအား ၿပန္ၾကည့္လုိက္သည္ ။

ကုန္ရႊီသည္ကေတာ့ ရီ၀မ္၀မ္နား လံုး၀ကုိ ကပ္ရဲၿခင္းမရွိေတာ့ ။ လ်ိဳခ်န္းေနာက္တြင္သာ အတင္းကုပ္ကပ္ၿပီး ပုန္းေနေတာ့ေလၿပီ ။
သူ လွမ္းေတာင္းပန္လာ၏ ။

“အစ္ကုိ ရီ…က်ြန္ေတာ္ မွားပါတယ္ ။
အစ္ကုိ ရီ၊ က်ြန္ေတာ္ အရိုက္မခံခ်င္ေတာ့ဘူး ။
က်ြန္ေတာ္ လံုး၀ကုိ အစ္ကို ့ရဲ့အရုိက္ မခံခ်င္ေတာ့ဘူး ။ က်ြန္ေတာ့္ကုိ အထင္မလြဲပါနဲ ့…”

ရီပုိင္၏လက္သီးစာသာ မိလုိက္လ်ွင္ သူ အသက္ေရာ ရွင္ပါဦးမည္လား ။

“ေသာက္က်ိဳးနဲ…ဘာေတြ ၿဖစ္ေနတာလဲ ။ ဒါက…”

ရီမူဖန္သည္ ေနာက္ဆံုးမွ အသိၿပန္ကပ္သြားၿပီး လ်ွပ္စီးအလားနွယ္ ရီ၀မ္၀မ္ဆီကုိ ေၿပး၀င္သြားေတာ့သည္ ။

“၀မ္…အဲ..ရီပုိင္….ဘာ…ဘာၿဖစ္သြားေသးလဲ”

ဟန္ရွန္းယြီသည္လည္း ၿမန္ၿမန္ေရာက္လာၿပီး
ရီမူဖန္ကုိ တိတ္တိတ္ေလး ေမးလာသည္ ။

“သူ အရင္တုန္းက မူးရင္ေရာ ဒီလုိလုပ္ဖူးလား”
ရီမူဖန္ ေတြေ၀သြား၏ ။

“အမ္…အရမ္းမူးလာရင္ေတာ့ ေသာင္းက်န္းတတ္တယ္…ဒါေပမယ့္ တစ္ခါမွ ဒီေလာက္ထိ မဆိုးဖူးဘူး…”

ဒါ လံုး၀ကုိ ရူးစရာၾကီး…ငါ ညီမေလးခ်င္းမ်ား လြဲရထားတာလား။

ရီ၀မ္၀မ္သည္ ရီမူဖန္ အနားကပ္လာသည္ကုိ ၿမင္လုိက္သည့္အခါတြင္ မ်က္လံုးတုိ ့ က်ဥ္းေၿမာင္းသြားၿပီး…

“ဘာလဲ…မင္းကလဲ ခ်ခ်င္လုိ ့လား”

ရီမူဖန္၏စိတ္ထဲ မသိစိတ္တစ္ခု ဖ်တ္ခနဲ ၀င္လာ၏ ။
သုိ ့နွင့္ ၿမန္ၿမန္ဆန္ဆန္ပင္ လက္ကို ယမ္းၿပလုိက္၏ ။

“မဟုတ္ဘူး၊ မဟုတ္ဘူး၊ မဟုတ္ဘူး ။ မခ်ခ်င္ဘူး”

ရီ၀မ္၀မ္သည္ ရီမူဖန္ကုိ ၾကည့္လုိက္သည္ ။ ရီမူဖန္၏မ်က္နွာသည္ အင္မတိအင္မတန္ပင္ ရႈမၿငီးဖြယ္ေကာင္းလြန္းလွသည္ ။ သုိ ့နွင့္ ဆက္မေၿပာေတာ့ဘဲ လ်ိဳခ်န္းဆီကုိ ၀ွစ္ခနဲ သြားလုိက္ကာ…

“ဒါဆုိ…မင္းေရာ ခ်ခ်င္လား”

ရုတ္တရက္ၾကီး အေရွ့သုိ ့ ေရာက္ခ်လာသည့္ရီ၀မ္၀မ္ ေၾကာင့္ သူမေလး၏မယံုနိုင္ေလာက္ေအာင္လွပရက္လြန္းသည့္မ်က္၀န္းေလး တုိ့ကို လ်ိဳခ်န္း တေမ့တေမာေငးၾကည့္သြားမိရာမွ အသက္ရွဴရပ္တန္ ့သြားသလုိ ၊ စကားေၿပာဖို့ ေ၀းလုိ ့ အသက္ပင္ ရဲရဲရွဴမထုတ္ရဲေတာ့ ။

“က်ြန္ေတာ္…က်ြန္ေတာ္…”

ရီ၀မ္၀မ္သည္ ထိုလူငယ္ေလး၏ေခ်ာေမာသည့္မ်က္နွာ၊ ေၿခမကုိင္မိ လက္မကုိင္မိၿဖစ္ေနသည့္ မ်က္နွာ၊ ထုိမ်က္နွာေလးကို ေငးစိုက္ၾကည့္ေနရင္း အေနာက္သုိ ့ ၿပန္ဆုတ္သြားသည္ ။ သူမေလး၏ႏႈတ္ခမ္းနွစ္လႊာကို
ဖိကိုက္ လုိက္ၿပီး သူမေလး ေၿပာလာသည္မွာ…
“ထားလုိက္ပါေတာ့၊ မင္းက အရမ္းေခ်ာလြန္းတယ္၊ ငါ မင္းကို မရုိက္ရက္ဘူး”

လ်ိဳခ်န္း ။  “…”

ထိုသည္ကုိ ၾကားသြားသည့္ကုန္ရႊီ ။
တရႈံ ့ရႈံ ့ငို္ေနရာကေန ေမ့လဲက်မတတ္ ၿဖစ္သြား၏ ။

“အစ္ကုိ ရီ…က်ြန္ေတာ္လည္းပဲ အရမ္းေခ်ာပါတယ္ဗ်ာ ။ ၿဗဲ…အစ္ကုိ က်ြန္ေတာ့္ကိုက် ဘာလုိ ့ အက်င့္ပုတ္ရတာလဲ ။ ၿဗဲ…က်ြန္ေတာ့္ရဲ့ Land Rover ကားေလး၊ က်ြန္ေတာ့္ရဲ့ေဘဘီေလး… အီးဟီးဟီး…အစ္ကုိ က်ြန္ေတာ့္ကားကုိ ရုိက္လုိက္တာဆုိေပမယ့္ က်ြန္ေတာ့္နွလံုးသားေလး နာသြားရၿပီဗ်…”

ရီ၀မ္၀မ္သည္ ကုန္ရႊီကုိ မသိက်ိဳးက်ြံၿပဳလုိက္ၿပီး ထုိၾကက္ေသေသေနသည့္ ေဖးယန္ဆီ လွည့္လုိက္ေလၿပီ ။ ေဖးယန္ကို စုန္ခ်ည္ဆန္ခ်ည္ၾကည့္လုိက္ ၿပီး၊ ေနာက္ ဆံုးၿဖတ္ခ်က္ခ်လုိက္သည္မွာ ။

“ဒါဆုိ မင္း ! မင္းက ရုပ္ဆုိးတယ္”

“… ဟမ္”

ေဖးယန္ ငုိခ်င္စိတ္ေပါက္သြား၏ ။

“အစ္ကုိ…အစ္ကုိ က်ြန္ေတာ့္ကုိ ဒီလုိမ်ိဳး မေစာ္ကားပါနဲ့ လားဗ်ာ ။ က်ြန္ေတာ္က နဲနဲေလးၾကည့္မေကာင္းရံုေလးပါဗ် ။ မဟုတ္ေသးဘူး၊ ေနဦး၊ က်ြန္ေတာ္လဲပဲ ေခ်ာပါတယ္၊ ဟုတ္ပီလား ။ ေခ်ာတာ မေခ်ာတာကုိ ရုပ္ရည္ကိုပဲ ၾကည့္ၿပီး ဆံုးၿဖတ္လုိ ့မရဘူးေလ…”

ေဖးယန္ ေနာက္ဆံုးေတာ့ နားလည္သြားေလၿပီ ။
ရီပုိင္သည္ မူးလာသည့္အခ်ိန္တြင္ ရုပ္ေခ်ာသည့္သူမ်ားကုိ အင္မတိအင္မတန္ ခ်စ္ၿမတ္နုိ္းပါေၾကာင္း ။

ဒီေနရာတြင္ ရွိေနၾကသည့္သူတုိင္း၊ ရီမူဖန္ပါ အပါ၊
အကုန္လံုးသည္ အေခ်ာေတြခ်ည္း ၿဖစ္ၾက၏ ။
သူသာလ်ွင္ အနည္းငယ္သာမန္က်ေနၿခင္းပင္။ သုိ ့ေသာ္ ထုိေၾကာင့္နွင့္ေတာ့ သူမ သူ ့ကို ေစာ္ကားၿပီး ရုိက္ခ်င္တုိင္းရုိက္လုိ ့မရဘူးေလ၊ ဟုတ္တယ္မလား ။

တကယ့္အေရးၾကံဳေနခ်ိန္တြင္ ေဖးယန္ ထုိုသည္ကို ထုတ္ေၿပာလုိက္ခ်င္ေသာ္လည္း…

“ကယ္ပါဦး…ငါ့ကို ကယ္ပါဦး…”

ထုိကားေပၚက အခ်ိဳင့္အၾကီးၾကီးကုိ ၾကည့္ရင္း
ေဖးယန္ကား ေသးထြက္က်မတတ္ ၿဖစ္ေနေလၿပီ ။

ဟန္ရွန္းယြီက ေရွ့ထြက္လာသည္ ။

“ရီ ပုိင္ !”

ရီ၀မ္၀မ္ ဟန္ရွန္းယြီကုိ ေတြ ့လုိက္သည္နွင့္ ခ်က္ခ်င္းပင္ မ်က္လံုးတို ့ ၀င္းပသြား၏ ။

ထုိေယာက်ာ္းမွာ ေက်ာက္စိမ္းလုိ ၾကည္လင္ၿပီး စိတ္ထားႏူးညံ့ေပ်ာ့ေပ်ာင္းကာ ယဥ္ေက်းသိမ္ေမြ ့၏ ။ ေလၿပည္ေလညင္းေလး တုိက္ခတ္သြားသည့္ပမာ
သူ ့အနားတြင္ ရွိေနသည့္သူတုိင္းကို ေႏြးေထြးေစသည္…

ရီ၀မ္၀မ္ ။  “ကုိကုိေလး…ကိုကိုေလးရဲ့အခ်စ္လမ္းေၾကာင္း ကို နိမိတ္ဖတ္ၿပေပးရမလား ။ လံုး၀ကုိ မွန္ေအာင္ ေဟာေပးမယ္ေလ”

ဟန္ရွန္းယီြ ။  “…”

……………………………………………...........

စာစဥ္ ၄၅၊ အခန္း ၁၆ ။  မိန္းမ ရွိလား

ဟန္ရွန္းယြီသည္ ထုိသည္ကုိ ၾကားလုိက္သည့္အခါ နင္သြားၿပီး ေခ်ာင္းသီးလာေတာ့၏ ။  “…”

ထပ္ၿပီး နိမိတ္ဖတ္ဦးမွာလား…ဘာလုိ ့ ဒီအကြက္ပဲလဲ ။

ဟန္ရွန္းယြီမွာ ရီ၀မ္၀မ္၏ရႊန္းလက္ေနသည့္မ်က္၀န္းေလးတုိ ့ကို ၾကည့္လုိက္မိရင္း အေနရက်ဥ္းၾကပ္စြာၿဖင့္ ေၿပာလုိက္သည္ ။

“အဟမ္း…မလုိပါဘူး…”

“အာ…ဘာလုိ ့ မလုိရမွာလဲ”

ရီ၀မ္၀မ္က မေလွ်ာ့ေသာဇြဲၿဖင့္ ေမးၿပန္သည္ ။

“ဘာလို ့လဲဆုိေတာ့…မင္း ငါ့ကုိ နိမိတ္ဖတ္ၾကည့္ေပး ၿပီးသြားၿပီ”

ထိုသည္ကို ၾကားလုိက္သည္နွင့္ ရီ၀မ္၀မ္၏မ်က္နွာေလး မိႈင္ေတြသြားကာ…
“အာ…တကယ္ၾကီးလား ။ ဒါဆုိ ေနာက္တစ္ခု ဖတ္ေပးမယ္ေလ ။ ကုိကိုေလးရဲ့ဘ၀မွာ လုိအပ္ေန…”

ရီ၀မ္၀မ္ ဆက္ေၿပာေတာ့မည္ၿပဳေနခ်ိန္၊ ဟန္ရွန္းယြီသည္ သူမအေနာက္က တစ္ေယာက္ေသာသူကုိ ၿမင္သြားၿပီး မ်က္ေမွာင္ကုတ္လာကာ ၿမန္ၿမန္ဆန္ဆန္ ၿဖတ္ေၿပာလုိက္သည္ ။

“*အဟမ္း* ရီပုိင္…မင္းေနာက္မွာ…”

“ဟမ္”

ရီ၀မ္၀မ္က အေနာက္ကို လွည့္ၾကည့္လုိက္သည္ ။

သုိ ့တြင္ သူမအေနာက္ဘက္တြင္ ရပ္ေနသည့္အေနာက္ေရာင္ကားနံေဘးတြင္ မတ္တပ္ရပ္ေနေသာလူတစ္ေယာက္ ။ ထုိလူ၏အမူအရာမွာ ညခ်မ္းေလထက္ပင္ ပိုလုိ ့ေအးစက္ေနေလသည္ ။

ရီ၀မ္၀မ္ မ်က္ေတာင္မွိတ္ခတ္မွိတ္ခတ္ လုပ္လုိက္သည္ ။ တစ္ဖန္ ထပ္ၿပီး မွိတ္ခတ္မွိတ္ခတ္ လုပ္ၾကည့္လုိက္သည္ ။ ထုိ ့ေနာက္တြင္ သူမေလး၏ မ်က္၀န္းတုိ ့မွာ ထုိေယာက်ာ္း၏မ်က္နွာထက္ကေန လံုး၀ကုိ မခြာေတာ့…

ထိုရင္သပ္ရႈေမာစရာေကာင္းလွသည့္မ်က္နွာေခ်ာေခ်ာေလးကို ေငးၾကည့္ေနရင္း သူမ အစက ေၿပာဖုိ ့ရည္ရြယ္ထားသည့္စကားမွာ
“ကိုကိုေလးရဲ့ဘ၀မွာ လုိအပ္ေနတယ္…ကယ္စီယမ္….” ဟု စကားေၿပာင္းသြားေလၿပီ ။

ဟန္ရွန္းယြီ ။  “…”

စီရီဟန္ ။  “…”

ရီ၀မ္၀မ္သည္ စီရီဟန္မ်က္နွာ တစ္ကမ႓ာအလားနွယ္ စီရီဟန္ကို တေမ့တေမာေငးၾကည့္ေနသည္ ။
ေနရာကေန တုပ္တုပ္မွ် လႈပ္ၿခင္း မရွိေတာ့ ။

“အေခ်ာေလး၊ မင္းကို အရမ္းရင္းနွီးေနသလုိပဲ ။
ငါတုိ ့ တစ္ေနရာရာမွာ ၿမင္ဖူးလား”

ဟန္ရွန္းယြီ ။  “…”

ထပ္ၿပီးေတာ့လား ။

ၿပီးေတာ့လဲ အဲ့ဒီလူကို ေတြ ့လုိက္ၿပီဆိုတာနဲ ့…အကုန္လံုးကုိ ေမ့သြားတာခ်ည္းပဲ…မသိရင္ သူမမ်က္လံုးထဲမွာ သူ ့တစ္ေယာက္ကိုပဲ ၿမင္ေတာ့တဲ့အတုိင္းပဲ…

စီရီဟန္သည္ မ်က္လံုးေထာင့္စြန္းနားကေန ဟန္ရွန္းယြီကို ၾကည့္လုိက္သည္ ။ သူ ့မ်က္နွာထက္တြင္ လံုး၀စိတ္ၾကည္သာမႈကေတာ့ မရွိေနဆဲပင္ ။

သူသာ ဒီကုိ ေရာက္မလာခ့ဲပါလ်ွင္ ထုိဟန္ရွန္းယြီက သူမဘ၀ထဲက လိုအပ္ေနသည့္သူ ၿဖစ္သြားေပလိမ့္ဦးမည္ မဟုတ္ပါလား ။

ရီ၀မ္၀မ္သည္ သူမအေရွ့မွ ထုိေယာက်ာ္းကုိ ၾကည့္ေနရင္း၊ ေလသံေပ်ာ့ေပ်ာ့ေလး ေမးလာသည္ ။

“အလွေလး၊ အလွေလး၊ မင္းမွာ မိန္းမ ရွိလား”

စီရီဟန္သည္ ထိုရီေ၀ေနသည့္မိန္းကေလးကုိ စုိက္ၾကည့္လုိက္ၿပီး ေအးစက္စြာၿဖင့္ ၿပန္ေၿဖေပးလုိက္သည္ ။

“ရွိတယ္”

စီရီဟန္ ထုိုသုိ ့ေၿဖလုိက္သည္နွင့္ ရီ၀မ္၀မ္၏မ်က္နွာမွာ ခ်က္ခ်င္း ေအးစက္လာေတာ့သည္ ။

ေနာက္တစ္စကၠန္ ့၊ ရီ၀မ္၀မ္က စီရီဟန္အေနာက္တြင္ ဓားတစ္ေခ်ာင္းလုိ မတ္မတ္ရပ္ေနသည့္ အီလဲဗင္းကို ၾကည့္လုိက္ေခ်ၿပီ ။

“သူလား”

အီလဲဗင္းသည္ ၿပဴးက်ယ္လာသည့္မ်က္စိအစံုၿဖင့္ သူ ့ႏႈတ္ေခါင္းသူ ထုိးၿပလုိက္ရင္း… “ဘ-ဘ-ဘာကိုလဲ ?”

ရီ၀မ္၀မ္၏မ်က္လံုးတုိ့သည္ကား အတိေအးစက္ေနလ်က္ ။ စကားတစ္ခြန္းခ်င္းစီတုိင္းကုိ ရွင္းရွင္းလင္းလင္း ေၿပာလာသည္ ။
“ဒါဆုိ မၾကာခင္မွာ မိန္းမရွိေတာ့မွာ မဟုတ္ဘူး”

အီလဲဗင္း၏ေသြးေတြ ေအးခဲသြားသလုိ ခံစားလုိက္ရ၏ ။

“ဘာလဲ…မဟုတ္ဘူးေနာ္၊ က်ြန္ေတာ္ မဟုတ္ဘူး”

ဘာေတြၿဖစ္ေနတာလဲ ။

ငါက ဒီတုိင္း ေဘးမွာ ၿငိမ္ၿငိမ္ေလးရပ္ေနတာေတာင္မွ ဘာလုိ ့ ဒီထဲဆြဲထည့္ခံလုိက္ရတာလဲ ။

ရီ၀မ္၀မ္သည္ အီလဲဗင္း၏ရွင္းၿပခ်က္တုိ ့ကို လံုးလံုး နားမ၀င္ေတာ့ ။ လွ်ပ္တစ္ၿပက္အတြင္းပင္ အီလဲဗင္းဆီ ဖ်တ္ခနဲ ေၿပး၀င္သြားေလၿပီ ။

ရီ၀မ္၀မ္၏တုိက္ခုိက္မႈတုိင္းသည္ ရက္စက္သည္၊
သူမဇနီးကုိ ခုိးယူသြားခံလုိက္ရသည့္နွယ္ သတ္ၿဖတ္လုိစိတ္အၿပည့္ ။ အီလဲဗင္းသည္ ၿပန္ခုခံရင္းမွ ႏႈတ္ကနဲ ဆက္တုိက္ၿငင္းဆုိေနသည္ ။

“မဟုတ္ဘူး…တကယ္ က်ြန္ေတာ္ မဟုတ္ဘူး”

တၿခားေသာအဖြဲ ့ေခါင္းေဆာင္မ်ားသည္လည္း သူတုိ ့အေရွ့မွ ထုိၿမင္ကြင္းေၾကာင့္ ပါးစပ္အေဟာင္းသား ၿဖစ္ေနၾကသည္ ။

ေသာက္က်ိဳးနဲ…ဒီလုိမ်ိဳးၾကီး စတုိက္တာလား ။
ဒါ…ဒါက ဘာၾကီးလဲ ။ သခင္မေလးက နဲနဲေလးေတာင္ က်ိဳးေၾကာင္းမဆီေလ်ာ္ပါလား ။

“အား !!!”

အီလဲဗင္း၏ေၿခေထာက္ေပၚ ကန္ခ်က္တစ္ခ်က္ က်ေရာက္သြားေခ်ၿပီ ။ အီလဲဗင္း၏သနားစရာေၿခေထာက္ေလးမွာ အရုပ္ၾကိဳးပ်က္လုနီးနီး ၿဖစ္သြားရ၏ ။

“သခင္ေလး ၉ ! ကယ္ပါဦး —”

ငါ မဟုတ္ပါဘူးလုိ ့ ဘာလုိ ့ သခင္ေလး ၉ ရွင္းမၿပရတာ လဲဗ်ာ ။

အီလဲဗင္းခမ်ာ ေသေတာ့မတတ္ၿဖစ္ေနသည့္တုိင္၊
သူ ့သခင္ေလး ၉ သည္ကေတာ့ သခင္မေလး ၀မ္၀မ္ အေစာနက ခ်ီးက်ဴးအမႊမ္းတင္ခဲ့သည့္၊ အေစာနက ေခၚသြားသည့္ “ကုိကိုေလး” ဆုိသူအေပၚတြင္သာ ၾကည့္ေနသည္ ။ ထုိ ့ၿပင္ သူ ့သခင္ေလး ၉ ၏ ရင္ထဲတြင္ ငရဲမီးလ်ွံေတြ တဖြားဖြားလ်ွံညီးေနေလရာ သူအကူအညီေတာင္းေနသံကို လံုး၀ကုိ မၾကားေနပါေခ် ။

ထုိ ့အတူပင္ ၊ သခင္မေလး ၀မ္၀မ္သည္ အရက္မူးလာၿပီး သည့္ေနာက္တြင္ သူမေလး၏ငရဲမေလးအသြင္ကုိ လံုး၀ေၿပာင္းလဲသြားေလၿပီ ။
အီလဲဗင္း မည္သုိ ့မွ မေတာင့္ခံနုိင္ေတာ့ ။

ဒီအတုိင္းသာ ဆက္သြားေနပါလ်ွင္ သူ အသက္ဆံုးရႈံးရ ေတာ့မည္ေလာ ။

အီလဲဗင္းမွာ ေၿပာစရာစကားတုိ ့ လံုး၀ေပ်ာက္ရွေနသည္ ။ ရီ၀မ္၀မ္သည္ လံုး၀ကို အတည္ၾကီးၿဖင့္ သူ၏ေသကြင္းေသကြက္ေနရာတုိ ့ကို လက္သီးရြယ္ကာ တုိက္ခုိက္လာသည္ကုိ ၿမင္လုိက္ရၿပီး သူ၊ ခ်က္ခ်င္းပင္ ကမန္းကတန္း သူ ့အေနာက္တြင္ ရွိေနသည့္ ကိုယ္ရံေတာ္ကို လက္ညွိဳးထုိးၿပလုိက္ေတာ့၏ ။

“က်ြန္ေတာ္ မဟုတ္ဘူး ! တကယ္ က်ြန္ေတာ္ မဟုတ္ဘူး  ! သူတုိ ့…အဲ့ဒါ သူတုိ ့!”

………………………………………………………

စာစဥ္ ၄၅၊ အခန္း ၁၇။  အရက္မ်ား မွားေသာက္ထား တာလား

သူတုိ ့လား ။

သူတုိ ့ေတြ အကုန္လံုးလား ။

ဒီေလာက္ လူအမ်ားၾကီးလား ။

ရီ၀မ္၀မ္သည္ အီလဲဗင္းေၿပာလုိက္သည့္စကားကို ၾကားလုိက္သည့္တစ္စကၠန္ ့၊
သူမေလး၏မ်က္နွာမွာ ေအးစက္လာေတာ့ကာ
သူမေလး၏ကိုယ္ကေန သတ္ၿဖတ္ေငြ ့တို ့ ၿဖာထြက္လာသည္…

အဖြဲ ့ေခါင္းေဆာင္တစ္ေယာက္က ဒိန္းခနဲ ထိတ္လန္ ့သြား ၿပီး လွမ္းေအာ္ေငါက္ေတာ့သည္ ။

“ခ်ီးပဲ…အီလဲဗင္း…မင္း စိတ္ပုတ္လွခ်ည္လားကြ”

အီလဲဗင္းသည္ ရီ၀မ္၀မ္ သူ ့ကို တုိက္ခုိက္ေနတာ ရပ္သြားတာကို ၿမင္လုိက္သည္နွင့္၊ ဘုန္းခနဲ ဒူးေကြးခ်လုိက္ကာ ဒူးနွစ္ဖက္ၾကား ေခါင္းတင္လုိက္ရင္း အသက္ကို ရွဴထုတ္လုိက္ေတာ့၏ ။
သူ ့ရဲေဘာ္ရဲဘက္ေတြ၏ဆဲဆုိၾကိမ္းေမာင္းသံတုိ ့ကို ဂရုမစုိက္ေတာ့ ။ ဆက္ကာသာ ေၿပာလုိက္သည္ ။

“ဟုတ္တယ္၊ သူတုိ ့ပဲ ! က်ြန္ေတာ္ မလိမ္ဘူး”

ညီအစ္ကိုေတြဆုိတာ ေသအတူရွင္မကြာ မဟုတ္ဘူးလား ။
ဘာလုိ ့ ငါတစ္ေယာက္ထဲ ကြက္ၿပီး အရုိက္ခံရမွာလဲ ။

“ေကာင္းတယ္”

ဒါဆုိ မင္းတုိ ့အားလံုးကို ရွင္းပစ္ရမွာေပါ့ ။

ရီ၀မ္၀မ္၏အသံမွာ ဟိုးအ၀ီစိက ဂ်ိဳးကပ္ကာ တလူလူထြက္လာသည့္ အသံနွယ္ ။

ေနာက္တစ္ခနအတြင္း ၊ ရီ၀မ္၀မ္သည္ ဖန္ရႊမ္းယီတုိ ့အဖြဲ ့ဆီ ေၿပး၀င္သြားေလၿပီ ။

သူတုိ ့၏ေဘာ့စ္ၿဖစ္သူ ၊ စီရီဟန္ သည္ကေတာ့…
ဖန္ရႊမ္းယီ ခန္ ့မွန္းထားခဲ့သည့္အတုိင္းပါပင္…
သူတုိ ့ေတြ ဖူးဖူးေယာင္ေယာင္၊ ေသလုေမ်ာပါးပင္ အရိုက္ခံေနရရ၊ ဂရုမစုိက္ဘဲကို အသာၾကည့္ေနေလသည္…

ရီ၀မ္၀မ္၏မ်က္နွာထက္တြင္မူ  “တစ္ေယာက္ရွိရင္ တစ္ေယာက္သတ္၊ နွစ္ေယာက္ရွိရင္ နွစ္ေယာက္သတ္” ဟု ေရးထားသည့္အလား ။ သူမ၏ငါစြဲမွာ အင္မတိအင္မတန္ပင္ ေၾကာက္စရာေကာင္းလြန္းလွေပစြ ။

ၿပီးေတာ့..သူတုိ ့ေတြ အၿမင္ပဲ မွားေနသည္လား ။

သခင္မေလး ၀မ္၀မ္၏ လူသတ္လုိရိပ္မွာ လံုး၀ကုိ တရိပ္ရပ္တုိးလာသည္ဟု ခံစားမိေနရ၏ ။

အနားတြင္မူ၊ ကုန္ရႊီတုိ ့အဖြဲ ့မွာ လံုး၀ ၾကက္ေသေသေနၾက ေလၿပီ ။

အေစာနက လက္သီးတစ္ခ်က္ထဲနွင့္ ကားၾကီး ခ်ိဳင့္၀င္သြားၿခင္းမွာ အံ့ၿသစရာေကာင္းသည္ဆုိလ်ွင္ အခုလက္ရွိအေၿခအေနမွာ လံုး၀ စြၾကမ္းၾကီးပင္၊ ေၾကာက္ဖြယ္လိလိ ။

ကုန္ရႊီမွာ ၾကက္ေသေသေနရင္းကေန တုိးတုိးေလးေၿပာလာသည္ ။
“အစ္ကုိ ရီ…အစ္ကုိ ရီ အရက္မ်ား မွားေသာက္ထားတာလား”

လ်ိဳခ်န္း ။  “…”

ရီမူဖန္၏ ညီမေလးခ်င္းမ်ား မွားရထားတာလား ဆုိသည့္ ခံစားခ်က္မွာ တစတစပုိၿမင့္တက္လာေနေလၿပီ ။
သူ၏ညီမေလးသည္ သိုင္းေတာ္သည္ဆုိသည္ကို သူ သိေသာ္လည္း၊ သင္တန္းနည္းၿပမ်ားစြာက သူ ့ညီမေလးကို ခ်ီးက်ဴးရသည္ကို သူ သိေသာ္လည္း ထုိေလာက္ထိ ေၾကာက္ဖြယ္အတိ ၿဖစ္ေနလိမ့္မည္ ဟုေတာ့ သူ မထင္ထားမိခဲ့ ။ သူမေလး တစ္ေယာက္ထဲနဲ ့ လူေပါင္းမ်ားစြာကုိ တစ္ကိုယ္ေတာ္ တုိက္ခုိက္ေနၿခင္း ။ ထုိတုိက္ခံေနရသည့္လူေတြသည္လည္း ေကာင္းေကာင္းထရိန္နင္ ရထားသည့္ ကုိယ္ရံေတာ္မ်ား ၿဖစ္ဟန္တူေပေသးသည္ ။

“၀ွစ္ခ်္”

အသံတစ္သံကုိ ၾကားလုိက္ရသည္ ။ ႏြားသုိးၾကီးအေကာင္တစ္ေထာင္အားနွင့္ ညီမ်ွေသာကန္ခ်က္တစ္ခုကို ထုတ္လာလ်က္
အေစာနက အမူးေၿပလက္ဖက္ရည္သြား၀ယ္ခဲ့သည့္ ပိန္ပိန္ရွည္ရွည္လူငယ္ေလးဆီကုိ ခ်ိန္လာသည့္အခုိက္…

ထိုပိန္ရွည္ရွည္လူငယ္ေလးသည္ အေစာနက
Land Rover ကားၾကီး ခ်ိဳင့္၀င္သြားသည္ကုိ ၿမင္လုိက္ရကတည္းက သူ ့မ်က္နွာမွာ
ရႊံ ့လုိ မည္းေမွာင္ေနၿခင္းပင္ ။ အခု ရီ၀မ္၀မ္၏အားၾကီးနွင့္ဆုိပါက ထိုကန္ခ်က္ကုိသာ မိလုိက္ပါက သူ ့ေခါင္း တစစီကြဲသြားေလာက္ေပၿပီ ။

“မဟုတ္ဘူး…မဟုတ္ဘူး…က်ြန္ေတာ္ မဟုတ္ဘူး”

ထုိလူငယ္ေလးက အခ်ိန္မွီပင္ ေအာ္ေၿပာလုိက္၏ ။
ထုိ ့ေနာက္ ထိုးမိထုိးရာကို လက္ညွိဳးထုိးလုိက္ၿပီး…

“သူ…အဲ့ဒါ သူ…”

ရီ၀မ္၀မ္၏ေရခဲအလားနွယ္ ေအးခဲေနသည့္မ်က္၀န္းတုိ ့မွာ ထိုကိုယ္ရံေတာ္ေလး၏လက္ညွိဳးညႊန္ရာဆီ လုိက္ၾကည့္လုိက္ရာ…

ကုန္ရႊီ

ရုတ္တရက္ၾကီး လက္ညွိုဳးထုိးခံလုိက္ရသည့္ကုန္ရႊီမွာ လံုး၀ကို ပါးစပ္ၾကီး ေဟာင္းေလာင္းၿဖစ္သြား၏ ။
သူ ့တစ္ကိုယ္လံုး ေအးစိမ့္လာေတာ့သည္ ။

“ေဘာပဲ !!!”

အရက္၀င္သြားလ်ွင္ အစ္ကုိ ရီ ဒီေလာက္ထိ ေၾကာက္စရာေကာင္းလိမ့္ မည္မွန္းသာ သူ ၾကိဳသိထားမိလ်ွင္ ဘယ္လုိပဲၿဖစ္ေနေန အစ္ကုိ ရီ ကုိ အတင္းေသာက္ခုိင္းလိမ့္မည္ မဟုတ္ေပ ။

ရီ၀မ္၀မ္၏ေအးခဲေနသည့္အၾကည့္မွာ ကုန္ရႊီဆီကုိ ထပ္ေရာက္လာေလၿပီ ။

ရီ၀မ္၀မ္၏စူးစူးရဲရဲအၾကည့္ေၾကာင့္ ကုန္ရႊီ ၾကက္သီးေမြးညင္းတုိ ့ တဖ်န္းဖ်န္းထသြား၏။ သံုးစကၠန္ ့ေလာက္ ေၾကာင္အေနမိၿပီးေနာက္ ဆံုးၿဖတ္ခ်က္ခ်လုိက္ကာ လ်ိဳခ်န္းကို ဆြဲဖက္လုိက္ေတာ့သည္ ။

“မဟုတ္ဘူး ! က်ြန္ေတာ္ မဟုတ္ဘူး !
က်ြန္ေတာ့္မွာ မိန္းမ ရွိၿပီးသား ! သူက က်ြန္ေတာ့္မိန္းမ”

လ်ိဳခ်န္း ။   “…”

လ်ိဳခ်န္း ထိုအဖက္ခံလုိက္ၿခင္းကို မသတီၿဖစ္လာၿပီး
ကုန္ရႊီကုိ တြန္းထုတ္ပစ္မည္လုပ္လုိက္ခ်ိန္ ။

ေႏြလယ္ေခါင္ သဲေသာင္ထက္တြင္ အိုေအစစ္ေလးတစ္ခု
ေတြ ့ထားရသည့္နွယ္ လ်ိဳခ်န္းကို အတင္းဖက္ထားသည့္ ကုန္ရႊီ၊ သူ ့ကုိ လႊတ္ကို မေပးေတာ့ ။

“မင္း ငါ့ကုိ တြန္းထုတ္ရဲရင္ တြန္းထုတ္ၾကည့္၊ 
မင္းပါလုိ ့ ငါ ေၿပာပစ္လုိက္မယ္”

လ်ိဳခ်န္း…တြန္းေနၿခင္း ရပ္သြားေလၿပီ…

အခ်ိန္ကိုက္ပင္ ကုန္ရႊီ၏အရွက္မရွိမႈက သူ ့အသက္ကို ၿပန္ကယ္သြားေလၿပီ ။

ရီ၀မ္၀မ္သည္ ပုိတုိးလာသည့္ေၾကာက္ခမန္းလိလိအစြမ္းတုိ ့ၿဖင့္ တၿခားေသာကုိယ္ရံေတာ္မ်ားကုိ ဆက္တုိက္လုိက္၏ ။ သူမ ရွာေနသည့္သူမွာ ဘယ္သူဘယ္၀ါဆုိသည္ကို ဂရုမစုိက္ေတာ့ ။
ဘယ္သူ ့ကိုမဆုိ သက္ညွာေနရမည္ထက္စာလ်ွင္
သူမ အေသသာ သတ္ပစ္လုိက္္ေပမည္ ။

“က်ြန္ေတာ္ မဟုတ္ဘူး ။ တကယ္ က်ြန္ေတာ္ မဟုတ္ဘူး”

“ဟုတ္တယ္ ။ က်ြန္ေတာ္တုိ့ မဟုတ္ဘူး”

သခင္ေလးရဲ့မိန္းမက သခင္မေလးကိုယ္တုိင္ေလ၊ ဟုတ္ပီလား ။

ဒီေလာက္ထိ တုိက္ေနရတာေတာင္ အားမရေသးဘူးလားဗ်ာ ။ ဘာလုိ ့ က်ြန္ေတာ္တုိ့ကို ဆြဲထည့္ရတာလဲ ။

“ကမ႓ာမီးေလာင္ သားေကာင္ခ်နင္း” ဆိုသကဲ့သုိ ့ လုပ္ၿခင္းမွာ မွန္ေပစြ…

……………………………………………………

စာစဥ္ ၄၅၊ အခန္း ၁၈ ။  ငါတုိ ့အဖြဲ ့ဖြဲ ့ရေအာင္

လူတုိင္း အသက္အႏၱရာယ္ရွိေနၾကၿပီ ။

ကုန္ရႊီ၏အရွက္မရွိသည့္အကြက္မွာ အမွန္ပင္ အေမွာင္ထဲက ထုိးထြက္လာသည့္ေမွ်ာ္လင့္ၿခင္းေရာင္ၿခည္တစ္ခုနွယ္ ။

ထုိပိန္ရွည္ရွည္ကိုယ္ရံေတာ္၏မ်က္လံုးထဲ ၀င္းလက္သြား၏ ။ သူသည္
ခါးကို ကိုင္းထားၿပီး ေဟာဟဲလုိက္ေအာင္ အသက္ရွဴေနရဆဲ ၿဖစ္သည္ ။ အီလဲဗင္းကို ၾကည့္လုိက္ၿပီး သူ ေမးလုိက္သည္ ။

“အီလဲဗင္း ! အဖြဲ ့ေခါင္းေဆာင္ အီလဲဗင္း !
ဒီမွာ မိန္းကေလးတစ္ေယာက္မွ ရွိမေနဘူးဆုိေတာ့ ငါတုိ့နွစ္ေယာက္ အဖြဲ ့ဖြဲ ့လုိက္ရင္ေရာ…ဘယ္လုိလဲ ။ အခုခနေလာက္ ငါ ေဂးေပးမယ္ေလ”

အီလဲဗင္း ထုိသည္ကို ၾကားလုိက္သည့္အခုိက္ သူ ့မ်က္နွာမွာ ဒယ္အုိးဖင္ထက္ပင္ ပုိလုိ ့မည္းပုတ္လာေတာ့သည္ ။

“ငါ သခင္မေလး ၀မ္၀မ္ ရဲ့အသတ္ပဲ ခံလုိက္မယ္…”

ကုန္ရႊီ၏အရွက္မရွိ၊ အီစီကလီရုိက္တတ္သည့္အကြက္ကို မည္သူကမွ လုိက္အတုမခုိးနုိင္ၾကပါေခ် ။

အစဦးက ရင္ထဲတြင္ ေဒါသတုိ ့ဗေလာင္ဆူေ၀လုိ ့ေနသည့္ စီရီဟန္ ။ သူ ့ေနာက္လုိက္တစ္ဖြဲ ့အား ရီ၀မ္၀မ္ ေဒါသတၾကီး သုတ္သင္ပစ္ေတာ့မည္ကို ၿမင္လုိက္ရသည့္အခ်ိန္တြင္ သူ၏ကဆုန္္ဆုိင္းေနသည့္ေဒါသၾကီးမွာ မသိမသာေၿပေလ်ာ့သြားေတာ့ ေလသည္ ။

ရႊီရီ ၊ သခင္မေလး ၀မ္၀မ္က ထုိလူအုပ္ၾကီးကို ရက္ရက္စက္စက္ အေသတြယ္ေနေလ
သူ ့သခင္ေလး၏အမူအရာမွာ စိတ္ေပါ့ပါးကာ အနည္းငယ္ပင္ ရႊင္ရႊင္ပ်ပ်ၿဖစ္လာသည္ကုိ ၿမင္လုိက္မိ၏ ။ သုိ ့နွင့္
သူ ့ရင္ထဲကေန ထုိကုိယ္ရံေတာ္တုိ့အတြက္ က်ိတ္ၿပီး ဖေယာင္းတုိင္ ထြန္းေပးထားလိုက္မိ၏ ။

ရႊီရီ၊ ထုိကုိယ္ရံေတာ္တုိ ့အတြက္ ရင္ထဲတြင္ ဖေယာင္းတုိင္မီးညွိေပးေနစဥ္ ဖ်တ္ခနဲ သူ ့ဆီေၿပးလာသည့္ အရိပ္တစ္ခုကို ၿမင္လုိက္မိရာ…

“အမေလး…”
ရီႊရီ ေၿမၾကီးေပၚ ဖင္ထုိင္ရၿပဳတ္က်လု နီးနီး ။

“မင္းက မယားၾကီးလား”

ရီ၀မ္၀မ္သည္ လူသတ္ေငြ ့ၿဖာေနသည့္မ်က္၀န္းတုိ ့ၿဖင့္ ရႊီရီကုိ စုိက္ၾကည့္ေနေလၿပီ ။

ရႊီရီ ၾကက္ေသေသသြား၏ ။

“မဟုတ္ဘူး…က်ြန္ေတာ္ မဟုတ္ဘူး ။ က်ြန္ေတာ္နဲ ့ ဘာမွ မပတ္သက္ဘူး  ။ အဲ့ဒါက…အဲ့ဒါ-အဲ့ဒါက သခင္ေလးပါ…!!!”

ရီ၀မ္၀မ္ သည္ သူ ့စကားကုိ ဘယ္လုိလုပ္ နား၀င္ပါ့မလဲ ။ သူမမ်က္၀န္းတုိ့ မွာ ေဒါသတုိ ့ေၾကာင့္ ရဲတြတ္ေနၿပီး အေသတြယ္ေတာ့မည့္ဟန္ၿဖင့္ သူ ့ဆီ ေဒါသတၾကီး ေၿပး၀င္လာေခ်ၿပီ ။

“အား ! သ-သခင္ေလး ၉ —” ရႊီရီ ထိတ္လန္ ့သြား၏ ။

ရီ၀မ္၀မ္၏လက္သီး ရႊီရီ ေပၚ က်ေရာက္လာသည့္အခုိက္၊ စီရီဟန္သည္ သူမေလး၏လက္ေကာက္၀တ္ကုိ ဆြဲဖမ္းလုိက္ကာ သူမေလးကုိ တားပစ္ လုိက္ေလသည္ ။

ရႊီရီ၊ သူ ့မ်က္နွာနွင့္ တစ္စင္တီမီတာေလာက္ အလိုတြင္ ရပ္သြားသည့္ ထုိလက္သီးအား ၾကည့္ေနရင္း၊ သက္ၿပင္းခ်မိသြား၏ ။ ယုိင္လဲက်လုမတတ္ ၿဖစ္သြား၏ ။

ရီ၀မ္၀မ္သည္ကေတာ့၊ ရႊီႊရီကုိ ကယ္လုိက္သည့္ စီရီဟန္ကုိ ေဒါသတၾကီး စူးစုိက္ၾကည့္ေနကာ ေစြ ့ေစြ ့ခုန္ေနေလၿပီ ။
သူမေလး ေဒါသေပါက္ကြဲစြာၿဖင့္ ေမးလိုက္သည္ ။

“သူ ့ကို ထိေတာ့ နာတယ္လား”

ေသာက္…ေသာက္က်ိဳးနဲ…

ရႊီရီ လံုး၀လဲက်မတတ္ ၿဖစ္သြားရရွာၿပီ ။
သူ ့ေခါင္းကိုသူ ဆြဲဆုပ္ပစ္လုိက္ၿပီး..

“မဟုတ္ဘူး…မဟုတ္ဘူး…အ့ဲလုိ လံုး၀ မဟုတ္ပါဘူး !!!”

ဒါက ဘယ္လုိစကားၾကီးလဲ ။ ငါ သူမေၿခေထာက္ကို ဆြဲၿပီး ဒူးေထာက္ေတာင္းပန္ရမလား…

စီရီဟန္သည္ အရူးမီး၀ုိင္းၿဖစ္လာသည့္ ရီ၀မ္၀မ္ကို ၾကည့္ေနမိရင္း
သူ ့ရင္ထဲက တြယ္ကပ္ေနေသးသည့္ေဒါသတုိ ့မွာ တမုဟုတ္ခ်င္း ေၿပေပ်ာက္သြား၏ ။ သူမေလး၏ေသးသြယ္သည့္လက္ေလးကို
သူ၏ အေၿပာက်ယ္ေသာလက္ဖ၀ါးၾကီးၿဖင့္ ဆုပ္ကိုင္လုိက္ၿပီး သူ၏အနက္ေရာင္ မ်က္လံုးထဲတြင္ သူမေလး၏ေဒါသတၾကီးပံုရိပ္ေလး အေရာင္ဟပ္ေနသည္ ။ ထုိ ့ေနာက္ သူ၏ၿသရွသည့္အသံသည္ ညထုထဲတြင္ တုိးညင္းစြာ ထြက္ေပၚ လာသည္ ။

“ကုိယ့္နွလံုးသားက မင္းအတြက္ပဲ နာတာ ။ လက္နာေနၿပီလား”

သူမ၏လက္သီးခ်က္ေၾကာင့္ ကားသည္ပင္ အခ်ိဳင့္ၾကီးခ်ိဳင့္သြားေလ၏ ။ သို ့ေသာ္၊ သူမေလးလက္ကေတာ့ က်ိဳးၿခင္း၊ ပဲ့ၿခင္း တစ္စက္ေလး မရွိဘဲ ပကတိအေကာင္းအတုိင္း ရွိေန၏ ။

ရီ၀မ္၀မ္ စီရီဟန္၏အလွေအာက္ ခ်က္ခ်င္း လက္နက္ခ်မလို ၿဖစ္သြား၏ ။ သူမေလး၏အမူအရာမွာ တြန္ ့ဆုတ္လာၿပီး ေမးလာသည္ ။

“ရွင္…ရွင္…က်ြန္မကို ေၾကြသြားၿပီလားဟင္”

ေယာက်ာ္းလုိလုိ မိန္းမိလုိလုိ အသံေပါက္ေနခဲ့သည့္ ရီ၀မ္၀မ္မွာ အခုေတာ့ မိန္းကေလးတစ္ေယာက္၏ႏူးညံ့ေပ်ာ့ေပ်ာင္းၿပီး အၿဖဴထည္လြန္းသည့္ အသံေလးအသြင္ကုိ ၿပန္ေၿပာင္းသြားေတာ့ေလၿပီ ။

သူမေလးသည္ တုိးတုိးညင္းညင္းေလး ေၿပာလုိက္မိၿခင္း ၿဖစ္သၿဖင့္ ဟုိးအေ၀းတြင္ ပုန္းေနၾကသည့္ ကုန္ရႊီတုိ ့ မၾကားလုိက္ၾကေပ ။

စီရီဟန္၏မ်က္၀န္းတုိ့မွာ လိႈင္းၾကက္ခြပ္ေလးေတြ တလက္လက္ထေနသည့္ ပင္လယ္ေရၿပင္နွယ္ ။

“ကုိယ္က အစကတည္းက မင္းဟာ”

ရီ၀မ္၀မ္၏မ်က္လံုးတို ့ ၿပဴးက်ယ္၀ုိင္းစက္လာသည္ ။

“ဟီးဟီး...တကယ္ၾကီးလား ။ ဘယ္ကတည္းကလဲ ။
က်ြန္မ ဘာလို ့ မသိရတာလဲ”

စီရီဟန္၏ႏႈတ္ခမ္းတုိ ့မသိမသာ တြန္ ့ခ်ိတ္သြားသည္ ။

“မင္း အမူးေၿပရင္ သိသြားလိမ့္မယ္”

ရီ၀မ္၀မ္ သိပ္စိတ္မရႊင္ပ်ေတာ့ ။

“ဘာလုိ ့လဲ ။ ဘာလို ့ အမူးေၿပမွလဲ ။
အခုလဲ အဆင္ေၿပေနတာပဲဟာ”

ရႊီရီနွင့္ ကိုယ္ရံေတာ္မ်ား ။  ‘အခု လံုး၀ကုိ အဆင္မေၿပဘူးဗ် !!!’

အခုအရုိက္ခံရတာက…လံုး၀ကို ဘာမွမဟုတ္ဘဲ သက္သက္မဲ့ၾကီး အရုိက္ခံရတာ…

ပိုဆုိးတာက ငါတုိ ့သခင္ေလးက ခံရတဲ့သူေတြ အဆင္ေၿပရဲ့လား တစ္ခ်က္ေလးေတာင္ ေမးေဖာ္မရဘူး ။
ရုိက္တဲ့သူကိုေတာ့ လက္နာသြားလား ဘယ္နာသြားလဲနဲ ့ !

အရမ္းကို ရက္စက္လြန္းပါတယ္ဗ်ာ !

သုိ ့တုိင္ေအာင္ သူတုိ ့ အရမ္း စိတ္လႈပ္ရွားသြားခဲ့ရသည္သာ… သခင္ေလးက ေနာက္ဆံုးေတာ့ သူမေလးကို ေခ်ာ့ဖုိ ့ ထြက္လာၿပီ မဟုတ္ပါလား !

ဒီတစ္ၾကိမ္သည္ကေတာ့ သူတုိ့ စိတ္လုိလက္ရကို
ထုိ Rs စာကို စားပုိးနင့္ေအာင္ စားေပးလုိသည့္ ပထမဆံုးအၾကိမ္တည္း ။
ဒီတစ္ေခါက္ Rs စာမွာ အသက္ကယ္ Rs ေဆး ၿဖစ္ေနသည္ မဟုတ္ပါလား ။

………………………………………………………
T/N : ေပ်ာ္ရႊင္စရာ သီတင္းကြၽတ္ေလး ျဖစ္ၾကပါေစ 😍

.....

Unicode

💖 ချိုမြိန်သော ဇနီးဆိုးလေး 💖
Book.              :  45
Chapter.          :  15 - 18
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၄၅၊ အခန်း ၁၅။  နိမိတ်ဖတ်ပေးရမလား

တစ်ချိန်တည်းမှာပင် အနားကကားထဲတွင်
စီရီဟန်၊ ရွှီရီ၊ အီလဲဗင်း၊ ဖန်ရွှမ်းယီနှင့် စီ မိသားစု၏ ကိုယ်ရံတော်များအားလုံးသည် ရီဝမ်ဝမ်၏ ထိုကားကို အချိုင့်ကြီးချိုင့်ဝင်သွားအောင် ထုချပစ်လိုက်ခြင်းကို မြင်လိုက်ကြရလေရာ…

ကိုယ်ရံတော်များအားလုံး ။  “…”

မြတ်စွာဘုရား၊ ကျွန်တော့်ကို စောင့်ရှောက်ပေးပါ…!!!

နေရာကြီးတစ်ခုလုံး လုံးဝအတိ တိတ်ဆိတ်ငြိမ်သက်သွားသည် ။

လျိုချန်းသည်ပင်…ကားပေါ်က ထိုအချိုင့်ရာကြီးကို စိုက်ကြည့်နေမိရင်း ကြက်သေသေနေမိကာ၊
ကုန်ရွှီကို တွန်းထုတ်ပစ်ဖို့ပင် မေ့လျော့နေမိ သည်ထိ ။

ဒီညတွင် လျိုချန်းသည် များများသောက်ထားခြင်းမရှိသောကြောင့် ထိုကားပေါ်က အချိုင့်ရာကြီးကို သဲသဲကွဲကွဲကို မြင်နေရ၏ ။
လုံးဝကို အမြင်မှားခြင်း မဟုတ်ပါချေ ။

ဒါက လူသားတစ်ယောက်က လုပ်သွားတာလား ။

ဟန်ရှန်းယွီ၏မျက်နှာအမူအရာမှာလည်း လျိုချန်းနှင့် ထပ်တူပင် ။ ရီပိုင်သည် အရက်မူးလာပြီဆိုလျှင် ယောကျာ်းမရှောင်၊ မိန်းမမရှောင် တွေ့သမျှသူကို လိုက်ပလူးတော့သည်ကိုသာ သူ သိထားပါ၏ ။
ရီပိုင်သည် ဒီလိုမျိုး… ဒီလိုမျိုးလည်း ကြမ်းတမ်းသေးသည်ကို…သူ မသိထားခဲ့ ။

ရီမူဖန်သည်ကား ထိုချိုင့်ရာကြီးကို ကြည့်နေမိ၏ ။
ထို့နောက်
သူ့မျက်လုံးတို့ကို ကမူးရှူးထူးပွတ်သပ်ပစ်လိုက်ကာ ထိုယိုင်ထိုးနေသည့်ညီမလေးအား ပြန်ကြည့်လိုက်သည် ။

ကုန်ရွှီသည်ကတော့ ရီဝမ်ဝမ်နား လုံးဝကို ကပ်ရဲခြင်းမရှိတော့ ။ လျိုချန်းနောက်တွင်သာ အတင်းကုပ်ကပ်ပြီး ပုန်းနေတော့လေပြီ ။
သူ လှမ်းတောင်းပန်လာ၏ ။

“အစ်ကို ရီ…ကျွန်တော် မှားပါတယ် ။
အစ်ကို ရီ၊ ကျွန်တော် အရိုက်မခံချင်တော့ဘူး ။
ကျွန်တော် လုံးဝကို အစ်ကို့ရဲ့အရိုက် မခံချင်တော့ဘူး ။ ကျွန်တော့်ကို အထင်မလွဲပါနဲ့…”

ရီပိုင်၏လက်သီးစာသာ မိလိုက်လျှင် သူ အသက်ရော ရှင်ပါဦးမည်လား ။

“သောက်ကျိုးနဲ…ဘာတွေ ဖြစ်နေတာလဲ ။ ဒါက…”

ရီမူဖန်သည် နောက်ဆုံးမှ အသိပြန်ကပ်သွားပြီး လျှပ်စီးအလားနှယ် ရီဝမ်ဝမ်ဆီကို ပြေးဝင်သွားတော့သည် ။

“ဝမ်…အဲ..ရီပိုင်….ဘာ…ဘာဖြစ်သွားသေးလဲ”

ဟန်ရှန်းယွီသည်လည်း မြန်မြန်ရောက်လာပြီး
ရီမူဖန်ကို တိတ်တိတ်လေး မေးလာသည် ။

“သူ အရင်တုန်းက မူးရင်ရော ဒီလိုလုပ်ဖူးလား”
ရီမူဖန် တွေဝေသွား၏ ။

“အမ်…အရမ်းမူးလာရင်တော့ သောင်းကျန်းတတ်တယ်…ဒါပေမယ့် တစ်ခါမှ ဒီလောက်ထိ မဆိုးဖူးဘူး…”

ဒါ လုံးဝကို ရူးစရာကြီး…ငါ ညီမလေးချင်းများ လွဲရထားတာလား။

ရီဝမ်ဝမ်သည် ရီမူဖန် အနားကပ်လာသည်ကို မြင်လိုက်သည့်အခါတွင် မျက်လုံးတို့ ကျဉ်းမြောင်းသွားပြီး…

“ဘာလဲ…မင်းကလဲ ချချင်လို့လား”

ရီမူဖန်၏စိတ်ထဲ မသိစိတ်တစ်ခု ဖျတ်ခနဲ ဝင်လာ၏ ။
သို့နှင့် မြန်မြန်ဆန်ဆန်ပင် လက်ကို ယမ်းပြလိုက်၏ ။

“မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဟုတ်ဘူး ။ မချချင်ဘူး”

ရီဝမ်ဝမ်သည် ရီမူဖန်ကို ကြည့်လိုက်သည် ။ ရီမူဖန်၏မျက်နှာသည် အင်မတိအင်မတန်ပင် ရှုမငြီးဖွယ်ကောင်းလွန်းလှသည် ။ သို့နှင့် ဆက်မပြောတော့ဘဲ လျိုချန်းဆီကို ဝှစ်ခနဲ သွားလိုက်ကာ…

“ဒါဆို…မင်းရော ချချင်လား”

ရုတ်တရက်ကြီး အရှေ့သို့ ရောက်ချလာသည့်ရီဝမ်ဝမ် ကြောင့် သူမလေး၏မယုံနိုင်လောက်အောင်လှပရက်လွန်းသည့်မျက်ဝန်းလေး တို့ကို လျိုချန်း တမေ့တမောငေးကြည့်သွားမိရာမှ အသက်ရှူရပ်တန့်သွားသလို ၊ စကားပြောဖို့ ဝေးလို့ အသက်ပင် ရဲရဲရှူမထုတ်ရဲတော့ ။

“ကျွန်တော်…ကျွန်တော်…”

ရီဝမ်ဝမ်သည် ထိုလူငယ်လေး၏ချောမောသည့်မျက်နှာ၊ ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေသည့် မျက်နှာ၊ ထိုမျက်နှာလေးကို ငေးစိုက်ကြည့်နေရင်း အနောက်သို့ ပြန်ဆုတ်သွားသည် ။ သူမလေး၏နှုတ်ခမ်းနှစ်လွှာကို
ဖိကိုက် လိုက်ပြီး သူမလေး ပြောလာသည်မှာ…
“ထားလိုက်ပါတော့၊ မင်းက အရမ်းချောလွန်းတယ်၊ ငါ မင်းကို မရိုက်ရက်ဘူး”

လျိုချန်း ။  “…”

ထိုသည်ကို ကြားသွားသည့်ကုန်ရွှီ ။
တရှုံ့ရှုံ့ငိုနေရာကနေ မေ့လဲကျမတတ် ဖြစ်သွား၏ ။

“အစ်ကို ရီ…ကျွန်တော်လည်းပဲ အရမ်းချောပါတယ်ဗျာ ။ ဗြဲ…အစ်ကို ကျွန်တော့်ကိုကျ ဘာလို့ အကျင့်ပုတ်ရတာလဲ ။ ဗြဲ…ကျွန်တော့်ရဲ့ Land Rover ကားလေး၊ ကျွန်တော့်ရဲ့ဘေဘီလေး… အီးဟီးဟီး…အစ်ကို ကျွန်တော့်ကားကို ရိုက်လိုက်တာဆိုပေမယ့် ကျွန်တော့်နှလုံးသားလေး နာသွားရပြီဗျ…”

ရီဝမ်ဝမ်သည် ကုန်ရွှီကို မသိကျိုးကျွံပြုလိုက်ပြီး ထိုကြက်သေသေနေသည့် ဖေးယန်ဆီ လှည့်လိုက်လေပြီ ။ ဖေးယန်ကို စုန်ချည်ဆန်ချည်ကြည့်လိုက် ပြီး၊ နောက် ဆုံးဖြတ်ချက်ချလိုက်သည်မှာ ။

“ဒါဆို မင်း ! မင်းက ရုပ်ဆိုးတယ်”

“… ဟမ်”

ဖေးယန် ငိုချင်စိတ်ပေါက်သွား၏ ။

“အစ်ကို…အစ်ကို ကျွန်တော့်ကို ဒီလိုမျိုး မစော်ကားပါနဲ့ လားဗျာ ။ ကျွန်တော်က နဲနဲလေးကြည့်မကောင်းရုံလေးပါဗျ ။ မဟုတ်သေးဘူး၊ နေဦး၊ ကျွန်တော်လဲပဲ ချောပါတယ်၊ ဟုတ်ပီလား ။ ချောတာ မချောတာကို ရုပ်ရည်ကိုပဲ ကြည့်ပြီး ဆုံးဖြတ်လို့မရဘူးလေ…”

ဖေးယန် နောက်ဆုံးတော့ နားလည်သွားလေပြီ ။
ရီပိုင်သည် မူးလာသည့်အချိန်တွင် ရုပ်ချောသည့်သူများကို အင်မတိအင်မတန် ချစ်မြတ်နိုးပါကြောင်း ။

ဒီနေရာတွင် ရှိနေကြသည့်သူတိုင်း၊ ရီမူဖန်ပါ အပါ၊
အကုန်လုံးသည် အချောတွေချည်း ဖြစ်ကြ၏ ။
သူသာလျှင် အနည်းငယ်သာမန်ကျနေခြင်းပင်။ သို့သော် ထိုကြောင့်နှင့်တော့ သူမ သူ့ကို စော်ကားပြီး ရိုက်ချင်တိုင်းရိုက်လို့မရဘူးလေ၊ ဟုတ်တယ်မလား ။

တကယ့်အရေးကြုံနေချိန်တွင် ဖေးယန် ထိုသည်ကို ထုတ်ပြောလိုက်ချင်သော်လည်း…

“ကယ်ပါဦး…ငါ့ကို ကယ်ပါဦး…”

ထိုကားပေါ်က အချိုင့်အကြီးကြီးကို ကြည့်ရင်း
ဖေးယန်ကား သေးထွက်ကျမတတ် ဖြစ်နေလေပြီ ။

ဟန်ရှန်းယွီက ရှေ့ထွက်လာသည် ။

“ရီ ပိုင် !”

ရီဝမ်ဝမ် ဟန်ရှန်းယွီကို တွေ့လိုက်သည်နှင့် ချက်ချင်းပင် မျက်လုံးတို့ ဝင်းပသွား၏ ။

ထိုယောကျာ်းမှာ ကျောက်စိမ်းလို ကြည်လင်ပြီး စိတ်ထားနူးညံ့ပျော့ပျောင်းကာ ယဉ်ကျေးသိမ်မွေ့၏ ။ လေပြည်လေညင်းလေး တိုက်ခတ်သွားသည့်ပမာ
သူ့အနားတွင် ရှိနေသည့်သူတိုင်းကို နွေးထွေးစေသည်…

ရီဝမ်ဝမ် ။  “ကိုကိုလေး…ကိုကိုလေးရဲ့အချစ်လမ်းကြောင်း ကို နိမိတ်ဖတ်ပြပေးရမလား ။ လုံးဝကို မှန်အောင် ဟောပေးမယ်လေ”

ဟန်ရှန်းယွီ ။  “…”

……………………………………………...........

စာစဉ် ၄၅၊ အခန်း ၁၆ ။  မိန်းမ ရှိလား

ဟန်ရှန်းယွီသည် ထိုသည်ကို ကြားလိုက်သည့်အခါ နင်သွားပြီး ချောင်းသီးလာတော့၏ ။  “…”

ထပ်ပြီး နိမိတ်ဖတ်ဦးမှာလား…ဘာလို့ ဒီအကွက်ပဲလဲ ။

ဟန်ရှန်းယွီမှာ ရီဝမ်ဝမ်၏ရွှန်းလက်နေသည့်မျက်ဝန်းလေးတို့ကို ကြည့်လိုက်မိရင်း အနေရကျဉ်းကြပ်စွာဖြင့် ပြောလိုက်သည် ။

“အဟမ်း…မလိုပါဘူး…”

“အာ…ဘာလို့ မလိုရမှာလဲ”

ရီဝမ်ဝမ်က မလျှော့သောဇွဲဖြင့် မေးပြန်သည် ။

“ဘာလို့လဲဆိုတော့…မင်း ငါ့ကို နိမိတ်ဖတ်ကြည့်ပေး ပြီးသွားပြီ”

ထိုသည်ကို ကြားလိုက်သည်နှင့် ရီဝမ်ဝမ်၏မျက်နှာလေး မှိုင်တွေသွားကာ…
“အာ…တကယ်ကြီးလား ။ ဒါဆို နောက်တစ်ခု ဖတ်ပေးမယ်လေ ။ ကိုကိုလေးရဲ့ဘဝမှာ လိုအပ်နေ…”

ရီဝမ်ဝမ် ဆက်ပြောတော့မည်ပြုနေချိန်၊ ဟန်ရှန်းယွီသည် သူမအနောက်က တစ်ယောက်သောသူကို မြင်သွားပြီး မျက်မှောင်ကုတ်လာကာ မြန်မြန်ဆန်ဆန် ဖြတ်ပြောလိုက်သည် ။

“*အဟမ်း* ရီပိုင်…မင်းနောက်မှာ…”

“ဟမ်”

ရီဝမ်ဝမ်က အနောက်ကို လှည့်ကြည့်လိုက်သည် ။

သို့တွင် သူမအနောက်ဘက်တွင် ရပ်နေသည့်အနောက်ရောင်ကားနံဘေးတွင် မတ်တပ်ရပ်နေသောလူတစ်ယောက် ။ ထိုလူ၏အမူအရာမှာ ညချမ်းလေထက်ပင် ပိုလို့အေးစက်နေလေသည် ။

ရီဝမ်ဝမ် မျက်တောင်မှိတ်ခတ်မှိတ်ခတ် လုပ်လိုက်သည် ။ တစ်ဖန် ထပ်ပြီး မှိတ်ခတ်မှိတ်ခတ် လုပ်ကြည့်လိုက်သည် ။ ထို့နောက်တွင် သူမလေး၏ မျက်ဝန်းတို့မှာ ထိုယောကျာ်း၏မျက်နှာထက်ကနေ လုံးဝကို မခွာတော့…

ထိုရင်သပ်ရှုမောစရာကောင်းလှသည့်မျက်နှာချောချောလေးကို ငေးကြည့်နေရင်း သူမ အစက ပြောဖို့ရည်ရွယ်ထားသည့်စကားမှာ
“ကိုကိုလေးရဲ့ဘဝမှာ လိုအပ်နေတယ်…ကယ်စီယမ်….” ဟု စကားပြောင်းသွားလေပြီ ။

ဟန်ရှန်းယွီ ။  “…”

စီရီဟန် ။  “…”

ရီဝမ်ဝမ်သည် စီရီဟန်မျက်နှာ တစ်ကမ္ဘာအလားနှယ် စီရီဟန်ကို တမေ့တမောငေးကြည့်နေသည် ။
နေရာကနေ တုပ်တုပ်မျှ လှုပ်ခြင်း မရှိတော့ ။

“အချောလေး၊ မင်းကို အရမ်းရင်းနှီးနေသလိုပဲ ။
ငါတို့ တစ်နေရာရာမှာ မြင်ဖူးလား”

ဟန်ရှန်းယွီ ။  “…”

ထပ်ပြီးတော့လား ။

ပြီးတော့လဲ အဲ့ဒီလူကို တွေ့လိုက်ပြီဆိုတာနဲ့…အကုန်လုံးကို မေ့သွားတာချည်းပဲ…မသိရင် သူမမျက်လုံးထဲမှာ သူ့တစ်ယောက်ကိုပဲ မြင်တော့တဲ့အတိုင်းပဲ…

စီရီဟန်သည် မျက်လုံးထောင့်စွန်းနားကနေ ဟန်ရှန်းယွီကို ကြည့်လိုက်သည် ။ သူ့မျက်နှာထက်တွင် လုံးဝစိတ်ကြည်သာမှုကတော့ မရှိနေဆဲပင် ။

သူသာ ဒီကို ရောက်မလာခဲ့ပါလျှင် ထိုဟန်ရှန်းယွီက သူမဘဝထဲက လိုအပ်နေသည့်သူ ဖြစ်သွားပေလိမ့်ဦးမည် မဟုတ်ပါလား ။

ရီဝမ်ဝမ်သည် သူမအရှေ့မှ ထိုယောကျာ်းကို ကြည့်နေရင်း၊ လေသံပျော့ပျော့လေး မေးလာသည် ။

“အလှလေး၊ အလှလေး၊ မင်းမှာ မိန်းမ ရှိလား”

စီရီဟန်သည် ထိုရီဝေနေသည့်မိန်းကလေးကို စိုက်ကြည့်လိုက်ပြီး အေးစက်စွာဖြင့် ပြန်ဖြေပေးလိုက်သည် ။

“ရှိတယ်”

စီရီဟန် ထိုသို့ဖြေလိုက်သည်နှင့် ရီဝမ်ဝမ်၏မျက်နှာမှာ ချက်ချင်း အေးစက်လာတော့သည် ။

နောက်တစ်စက္ကန့်၊ ရီဝမ်ဝမ်က စီရီဟန်အနောက်တွင် ဓားတစ်ချောင်းလို မတ်မတ်ရပ်နေသည့် အီလဲဗင်းကို ကြည့်လိုက်ချေပြီ ။

“သူလား”

အီလဲဗင်းသည် ပြူးကျယ်လာသည့်မျက်စိအစုံဖြင့် သူ့နှုတ်ခေါင်းသူ ထိုးပြလိုက်ရင်း… “ဘ-ဘ-ဘာကိုလဲ ?”

ရီဝမ်ဝမ်၏မျက်လုံးတို့သည်ကား အတိအေးစက်နေလျက် ။ စကားတစ်ခွန်းချင်းစီတိုင်းကို ရှင်းရှင်းလင်းလင်း ပြောလာသည် ။
“ဒါဆို မကြာခင်မှာ မိန်းမရှိတော့မှာ မဟုတ်ဘူး”

အီလဲဗင်း၏သွေးတွေ အေးခဲသွားသလို ခံစားလိုက်ရ၏ ။

“ဘာလဲ…မဟုတ်ဘူးနော်၊ ကျွန်တော် မဟုတ်ဘူး”

ဘာတွေဖြစ်နေတာလဲ ။

ငါက ဒီတိုင်း ဘေးမှာ ငြိမ်ငြိမ်လေးရပ်နေတာတောင်မှ ဘာလို့ ဒီထဲဆွဲထည့်ခံလိုက်ရတာလဲ ။

ရီဝမ်ဝမ်သည် အီလဲဗင်း၏ရှင်းပြချက်တို့ကို လုံးလုံး နားမဝင်တော့ ။ လျှပ်တစ်ပြက်အတွင်းပင် အီလဲဗင်းဆီ ဖျတ်ခနဲ ပြေးဝင်သွားလေပြီ ။

ရီဝမ်ဝမ်၏တိုက်ခိုက်မှုတိုင်းသည် ရက်စက်သည်၊
သူမဇနီးကို ခိုးယူသွားခံလိုက်ရသည့်နှယ် သတ်ဖြတ်လိုစိတ်အပြည့် ။ အီလဲဗင်းသည် ပြန်ခုခံရင်းမှ နှုတ်ကနဲ ဆက်တိုက်ငြင်းဆိုနေသည် ။

“မဟုတ်ဘူး…တကယ် ကျွန်တော် မဟုတ်ဘူး”

တခြားသောအဖွဲ့ခေါင်းဆောင်များသည်လည်း သူတို့အရှေ့မှ ထိုမြင်ကွင်းကြောင့် ပါးစပ်အဟောင်းသား ဖြစ်နေကြသည် ။

သောက်ကျိုးနဲ…ဒီလိုမျိုးကြီး စတိုက်တာလား ။
ဒါ…ဒါက ဘာကြီးလဲ ။ သခင်မလေးက နဲနဲလေးတောင် ကျိုးကြောင်းမဆီလျော်ပါလား ။

“အား !!!”

အီလဲဗင်း၏ခြေထောက်ပေါ် ကန်ချက်တစ်ချက် ကျရောက်သွားချေပြီ ။ အီလဲဗင်း၏သနားစရာခြေထောက်လေးမှာ အရုပ်ကြိုးပျက်လုနီးနီး ဖြစ်သွားရ၏ ။

“သခင်လေး ၉ ! ကယ်ပါဦး —”

ငါ မဟုတ်ပါဘူးလို့ ဘာလို့ သခင်လေး ၉ ရှင်းမပြရတာ လဲဗျာ ။

အီလဲဗင်းခမျာ သေတော့မတတ်ဖြစ်နေသည့်တိုင်၊
သူ့သခင်လေး ၉ သည်ကတော့ သခင်မလေး ဝမ်ဝမ် အစောနက ချီးကျူးအမွှမ်းတင်ခဲ့သည့်၊ အစောနက ခေါ်သွားသည့် “ကိုကိုလေး” ဆိုသူအပေါ်တွင်သာ ကြည့်နေသည် ။ ထို့ပြင် သူ့သခင်လေး ၉ ၏ ရင်ထဲတွင် ငရဲမီးလျှံတွေ တဖွားဖွားလျှံညီးနေလေရာ သူအကူအညီတောင်းနေသံကို လုံးဝကို မကြားနေပါချေ ။

ထို့အတူပင် ၊ သခင်မလေး ဝမ်ဝမ်သည် အရက်မူးလာပြီး သည့်နောက်တွင် သူမလေး၏ငရဲမလေးအသွင်ကို လုံးဝပြောင်းလဲသွားလေပြီ ။
အီလဲဗင်း မည်သို့မှ မတောင့်ခံနိုင်တော့ ။

ဒီအတိုင်းသာ ဆက်သွားနေပါလျှင် သူ အသက်ဆုံးရှုံးရ တော့မည်လော ။

အီလဲဗင်းမှာ ပြောစရာစကားတို့ လုံးဝပျောက်ရှနေသည် ။ ရီဝမ်ဝမ်သည် လုံးဝကို အတည်ကြီးဖြင့် သူ၏သေကွင်းသေကွက်နေရာတို့ကို လက်သီးရွယ်ကာ တိုက်ခိုက်လာသည်ကို မြင်လိုက်ရပြီး သူ၊ ချက်ချင်းပင် ကမန်းကတန်း သူ့အနောက်တွင် ရှိနေသည့် ကိုယ်ရံတော်ကို လက်ညှိုးထိုးပြလိုက်တော့၏ ။

“ကျွန်တော် မဟုတ်ဘူး ! တကယ် ကျွန်တော် မဟုတ်ဘူး  ! သူတို့…အဲ့ဒါ သူတို့!”

………………………………………………………

စာစဉ် ၄၅၊ အခန်း ၁၇။  အရက်များ မှားသောက်ထား တာလား

သူတို့လား ။

သူတို့တွေ အကုန်လုံးလား ။

ဒီလောက် လူအများကြီးလား ။

ရီဝမ်ဝမ်သည် အီလဲဗင်းပြောလိုက်သည့်စကားကို ကြားလိုက်သည့်တစ်စက္ကန့်၊
သူမလေး၏မျက်နှာမှာ အေးစက်လာတော့ကာ
သူမလေး၏ကိုယ်ကနေ သတ်ဖြတ်ငွေ့တို့ ဖြာထွက်လာသည်…

အဖွဲ့ခေါင်းဆောင်တစ်ယောက်က ဒိန်းခနဲ ထိတ်လန့်သွား ပြီး လှမ်းအော်ငေါက်တော့သည် ။

“ချီးပဲ…အီလဲဗင်း…မင်း စိတ်ပုတ်လှချည်လားကွ”

အီလဲဗင်းသည် ရီဝမ်ဝမ် သူ့ကို တိုက်ခိုက်နေတာ ရပ်သွားတာကို မြင်လိုက်သည်နှင့်၊ ဘုန်းခနဲ ဒူးကွေးချလိုက်ကာ ဒူးနှစ်ဖက်ကြား ခေါင်းတင်လိုက်ရင်း အသက်ကို ရှူထုတ်လိုက်တော့၏ ။
သူ့ရဲဘော်ရဲဘက်တွေ၏ဆဲဆိုကြိမ်းမောင်းသံတို့ကို ဂရုမစိုက်တော့ ။ ဆက်ကာသာ ပြောလိုက်သည် ။

“ဟုတ်တယ်၊ သူတို့ပဲ ! ကျွန်တော် မလိမ်ဘူး”

ညီအစ်ကိုတွေဆိုတာ သေအတူရှင်မကွာ မဟုတ်ဘူးလား ။
ဘာလို့ ငါတစ်ယောက်ထဲ ကွက်ပြီး အရိုက်ခံရမှာလဲ ။

“ကောင်းတယ်”

ဒါဆို မင်းတို့အားလုံးကို ရှင်းပစ်ရမှာပေါ့ ။

ရီဝမ်ဝမ်၏အသံမှာ ဟိုးအဝီစိက ဂျိုးကပ်ကာ တလူလူထွက်လာသည့် အသံနှယ် ။

နောက်တစ်ခနအတွင်း ၊ ရီဝမ်ဝမ်သည် ဖန်ရွှမ်းယီတို့အဖွဲ့ဆီ ပြေးဝင်သွားလေပြီ ။

သူတို့၏ဘော့စ်ဖြစ်သူ ၊ စီရီဟန် သည်ကတော့…
ဖန်ရွှမ်းယီ ခန့်မှန်းထားခဲ့သည့်အတိုင်းပါပင်…
သူတို့တွေ ဖူးဖူးယောင်ယောင်၊ သေလုမျောပါးပင် အရိုက်ခံနေရရ၊ ဂရုမစိုက်ဘဲကို အသာကြည့်နေလေသည်…

ရီဝမ်ဝမ်၏မျက်နှာထက်တွင်မူ  “တစ်ယောက်ရှိရင် တစ်ယောက်သတ်၊ နှစ်ယောက်ရှိရင် နှစ်ယောက်သတ်” ဟု ရေးထားသည့်အလား ။ သူမ၏ငါစွဲမှာ အင်မတိအင်မတန်ပင် ကြောက်စရာကောင်းလွန်းလှပေစွ ။

ပြီးတော့..သူတို့တွေ အမြင်ပဲ မှားနေသည်လား ။

သခင်မလေး ဝမ်ဝမ်၏ လူသတ်လိုရိပ်မှာ လုံးဝကို တရိပ်ရပ်တိုးလာသည်ဟု ခံစားမိနေရ၏ ။

အနားတွင်မူ၊ ကုန်ရွှီတို့အဖွဲ့မှာ လုံး၀ ကြက်သေသေနေကြ လေပြီ ။

အစောနက လက်သီးတစ်ချက်ထဲနှင့် ကားကြီး ချိုင့်ဝင်သွားခြင်းမှာ အံ့သြစရာကောင်းသည်ဆိုလျှင် အခုလက်ရှိအခြေအနေမှာ လုံး၀ စွကြမ်းကြီးပင်၊ ကြောက်ဖွယ်လိလိ ။

ကုန်ရွှီမှာ ကြက်သေသေနေရင်းကနေ တိုးတိုးလေးပြောလာသည် ။
“အစ်ကို ရီ…အစ်ကို ရီ အရက်များ မှားသောက်ထားတာလား”

လျိုချန်း ။  “…”

ရီမူဖန်၏ ညီမလေးချင်းများ မှားရထားတာလား ဆိုသည့် ခံစားချက်မှာ တစတစပိုမြင့်တက်လာနေလေပြီ ။
သူ၏ညီမလေးသည် သိုင်းတော်သည်ဆိုသည်ကို သူ သိသော်လည်း၊ သင်တန်းနည်းပြများစွာက သူ့ညီမလေးကို ချီးကျူးရသည်ကို သူ သိသော်လည်း ထိုလောက်ထိ ကြောက်ဖွယ်အတိ ဖြစ်နေလိမ့်မည် ဟုတော့ သူ မထင်ထားမိခဲ့ ။ သူမလေး တစ်ယောက်ထဲနဲ့ လူပေါင်းများစွာကို တစ်ကိုယ်တော် တိုက်ခိုက်နေခြင်း ။ ထိုတိုက်ခံနေရသည့်လူတွေသည်လည်း ကောင်းကောင်းထရိန်နင် ရထားသည့် ကိုယ်ရံတော်များ ဖြစ်ဟန်တူပေသေးသည် ။

“ဝှစ်ချ်”

အသံတစ်သံကို ကြားလိုက်ရသည် ။ နွားသိုးကြီးအကောင်တစ်ထောင်အားနှင့် ညီမျှသောကန်ချက်တစ်ခုကို ထုတ်လာလျက်
အစောနက အမူးပြေလက်ဖက်ရည်သွားဝယ်ခဲ့သည့် ပိန်ပိန်ရှည်ရှည်လူငယ်လေးဆီကို ချိန်လာသည့်အခိုက်…

ထိုပိန်ရှည်ရှည်လူငယ်လေးသည် အစောနက
Land Rover ကားကြီး ချိုင့်ဝင်သွားသည်ကို မြင်လိုက်ရကတည်းက သူ့မျက်နှာမှာ
ရွှံ့လို မည်းမှောင်နေခြင်းပင် ။ အခု ရီဝမ်ဝမ်၏အားကြီးနှင့်ဆိုပါက ထိုကန်ချက်ကိုသာ မိလိုက်ပါက သူ့ခေါင်း တစစီကွဲသွားလောက်ပေပြီ ။

“မဟုတ်ဘူး…မဟုတ်ဘူး…ကျွန်တော် မဟုတ်ဘူး”

ထိုလူငယ်လေးက အချိန်မှီပင် အော်ပြောလိုက်၏ ။
ထို့နောက် ထိုးမိထိုးရာကို လက်ညှိုးထိုးလိုက်ပြီး…

“သူ…အဲ့ဒါ သူ…”

ရီဝမ်ဝမ်၏ရေခဲအလားနှယ် အေးခဲနေသည့်မျက်ဝန်းတို့မှာ ထိုကိုယ်ရံတော်လေး၏လက်ညှိုးညွှန်ရာဆီ လိုက်ကြည့်လိုက်ရာ…

ကုန်ရွှီ

ရုတ်တရက်ကြီး လက်ညှိုုးထိုးခံလိုက်ရသည့်ကုန်ရွှီမှာ လုံးဝကို ပါးစပ်ကြီး ဟောင်းလောင်းဖြစ်သွား၏ ။
သူ့တစ်ကိုယ်လုံး အေးစိမ့်လာတော့သည် ။

“ဘောပဲ !!!”

အရက်ဝင်သွားလျှင် အစ်ကို ရီ ဒီလောက်ထိ ကြောက်စရာကောင်းလိမ့် မည်မှန်းသာ သူ ကြိုသိထားမိလျှင် ဘယ်လိုပဲဖြစ်နေနေ အစ်ကို ရီ ကို အတင်းသောက်ခိုင်းလိမ့်မည် မဟုတ်ပေ ။

ရီဝမ်ဝမ်၏အေးခဲနေသည့်အကြည့်မှာ ကုန်ရွှီဆီကို ထပ်ရောက်လာလေပြီ ။

ရီဝမ်ဝမ်၏စူးစူးရဲရဲအကြည့်ကြောင့် ကုန်ရွှီ ကြက်သီးမွေးညင်းတို့ တဖျန်းဖျန်းထသွား၏။ သုံးစက္ကန့်လောက် ကြောင်အနေမိပြီးနောက် ဆုံးဖြတ်ချက်ချလိုက်ကာ လျိုချန်းကို ဆွဲဖက်လိုက်တော့သည် ။

“မဟုတ်ဘူး ! ကျွန်တော် မဟုတ်ဘူး !
ကျွန်တော့်မှာ မိန်းမ ရှိပြီးသား ! သူက ကျွန်တော့်မိန်းမ”

လျိုချန်း ။   “…”

လျိုချန်း ထိုအဖက်ခံလိုက်ခြင်းကို မသတီဖြစ်လာပြီး
ကုန်ရွှီကို တွန်းထုတ်ပစ်မည်လုပ်လိုက်ချိန် ။

နွေလယ်ခေါင် သဲသောင်ထက်တွင် အိုအေစစ်လေးတစ်ခု
တွေ့ထားရသည့်နှယ် လျိုချန်းကို အတင်းဖက်ထားသည့် ကုန်ရွှီ၊ သူ့ကို လွှတ်ကို မပေးတော့ ။

“မင်း ငါ့ကို တွန်းထုတ်ရဲရင် တွန်းထုတ်ကြည့်၊ 
မင်းပါလို့ ငါ ပြောပစ်လိုက်မယ်”

လျိုချန်း…တွန်းနေခြင်း ရပ်သွားလေပြီ…

အချိန်ကိုက်ပင် ကုန်ရွှီ၏အရှက်မရှိမှုက သူ့အသက်ကို ပြန်ကယ်သွားလေပြီ ။

ရီဝမ်ဝမ်သည် ပိုတိုးလာသည့်ကြောက်ခမန်းလိလိအစွမ်းတို့ဖြင့် တခြားသောကိုယ်ရံတော်များကို ဆက်တိုက်လိုက်၏ ။ သူမ ရှာနေသည့်သူမှာ ဘယ်သူဘယ်ဝါဆိုသည်ကို ဂရုမစိုက်တော့ ။
ဘယ်သူ့ကိုမဆို သက်ညှာနေရမည်ထက်စာလျှင်
သူမ အသေသာ သတ်ပစ်လိုက်ပေမည် ။

“ကျွန်တော် မဟုတ်ဘူး ။ တကယ် ကျွန်တော် မဟုတ်ဘူး”

“ဟုတ်တယ် ။ ကျွန်တော်တို့ မဟုတ်ဘူး”

သခင်လေးရဲ့မိန်းမက သခင်မလေးကိုယ်တိုင်လေ၊ ဟုတ်ပီလား ။

ဒီလောက်ထိ တိုက်နေရတာတောင် အားမရသေးဘူးလားဗျာ ။ ဘာလို့ ကျွန်တော်တို့ကို ဆွဲထည့်ရတာလဲ ။

“ကမ္ဘာမီးလောင် သားကောင်ချနင်း” ဆိုသကဲ့သို့ လုပ်ခြင်းမှာ မှန်ပေစွ…

……………………………………………………

စာစဉ် ၄၅၊ အခန်း ၁၈ ။  ငါတို့အဖွဲ့ဖွဲ့ရအောင်

လူတိုင်း အသက်အန္တရာယ်ရှိနေကြပြီ ။

ကုန်ရွှီ၏အရှက်မရှိသည့်အကွက်မှာ အမှန်ပင် အမှောင်ထဲက ထိုးထွက်လာသည့်မျှော်လင့်ခြင်းရောင်ခြည်တစ်ခုနှယ် ။

ထိုပိန်ရှည်ရှည်ကိုယ်ရံတော်၏မျက်လုံးထဲ ဝင်းလက်သွား၏ ။ သူသည်
ခါးကို ကိုင်းထားပြီး ဟောဟဲလိုက်အောင် အသက်ရှူနေရဆဲ ဖြစ်သည် ။ အီလဲဗင်းကို ကြည့်လိုက်ပြီး သူ မေးလိုက်သည် ။

“အီလဲဗင်း ! အဖွဲ့ခေါင်းဆောင် အီလဲဗင်း !
ဒီမှာ မိန်းကလေးတစ်ယောက်မှ ရှိမနေဘူးဆိုတော့ ငါတို့နှစ်ယောက် အဖွဲ့ဖွဲ့လိုက်ရင်ရော…ဘယ်လိုလဲ ။ အခုခနလောက် ငါ ဂေးပေးမယ်လေ”

အီလဲဗင်း ထိုသည်ကို ကြားလိုက်သည့်အခိုက် သူ့မျက်နှာမှာ ဒယ်အိုးဖင်ထက်ပင် ပိုလို့မည်းပုတ်လာတော့သည် ။

“ငါ သခင်မလေး ဝမ်ဝမ် ရဲ့အသတ်ပဲ ခံလိုက်မယ်…”

ကုန်ရွှီ၏အရှက်မရှိ၊ အီစီကလီရိုက်တတ်သည့်အကွက်ကို မည်သူကမှ လိုက်အတုမခိုးနိုင်ကြပါချေ ။

အစဦးက ရင်ထဲတွင် ဒေါသတို့ဗလောင်ဆူဝေလို့နေသည့် စီရီဟန် ။ သူ့နောက်လိုက်တစ်ဖွဲ့အား ရီဝမ်ဝမ် ဒေါသတကြီး သုတ်သင်ပစ်တော့မည်ကို မြင်လိုက်ရသည့်အချိန်တွင် သူ၏ကဆုန်ဆိုင်းနေသည့်ဒေါသကြီးမှာ မသိမသာပြေလျော့သွားတော့ လေသည် ။

ရွှီရီ ၊ သခင်မလေး ဝမ်ဝမ်က ထိုလူအုပ်ကြီးကို ရက်ရက်စက်စက် အသေတွယ်နေလေ
သူ့သခင်လေး၏အမူအရာမှာ စိတ်ပေါ့ပါးကာ အနည်းငယ်ပင် ရွှင်ရွှင်ပျပျဖြစ်လာသည်ကို မြင်လိုက်မိ၏ ။ သို့နှင့်
သူ့ရင်ထဲကနေ ထိုကိုယ်ရံတော်တို့အတွက် ကျိတ်ပြီး ဖယောင်းတိုင် ထွန်းပေးထားလိုက်မိ၏ ။

ရွှီရီ၊ ထိုကိုယ်ရံတော်တို့အတွက် ရင်ထဲတွင် ဖယောင်းတိုင်မီးညှိပေးနေစဉ် ဖျတ်ခနဲ သူ့ဆီပြေးလာသည့် အရိပ်တစ်ခုကို မြင်လိုက်မိရာ…

“အမလေး…”
ရွီှရီ မြေကြီးပေါ် ဖင်ထိုင်ရပြုတ်ကျလု နီးနီး ။

“မင်းက မယားကြီးလား”

ရီဝမ်ဝမ်သည် လူသတ်ငွေ့ဖြာနေသည့်မျက်ဝန်းတို့ဖြင့် ရွှီရီကို စိုက်ကြည့်နေလေပြီ ။

ရွှီရီ ကြက်သေသေသွား၏ ။

“မဟုတ်ဘူး…ကျွန်တော် မဟုတ်ဘူး ။ ကျွန်တော်နဲ့ ဘာမှ မပတ်သက်ဘူး  ။ အဲ့ဒါက…အဲ့ဒါ-အဲ့ဒါက သခင်လေးပါ…!!!”

ရီဝမ်ဝမ် သည် သူ့စကားကို ဘယ်လိုလုပ် နားဝင်ပါ့မလဲ ။ သူမမျက်ဝန်းတို့ မှာ ဒေါသတို့ကြောင့် ရဲတွတ်နေပြီး အသေတွယ်တော့မည့်ဟန်ဖြင့် သူ့ဆီ ဒေါသတကြီး ပြေးဝင်လာချေပြီ ။

“အား ! သ-သခင်လေး ၉ —” ရွှီရီ ထိတ်လန့်သွား၏ ။

ရီဝမ်ဝမ်၏လက်သီး ရွှီရီ ပေါ် ကျရောက်လာသည့်အခိုက်၊ စီရီဟန်သည် သူမလေး၏လက်ကောက်ဝတ်ကို ဆွဲဖမ်းလိုက်ကာ သူမလေးကို တားပစ် လိုက်လေသည် ။

ရွှီရီ၊ သူ့မျက်နှာနှင့် တစ်စင်တီမီတာလောက် အလိုတွင် ရပ်သွားသည့် ထိုလက်သီးအား ကြည့်နေရင်း၊ သက်ပြင်းချမိသွား၏ ။ ယိုင်လဲကျလုမတတ် ဖြစ်သွား၏ ။

ရီဝမ်ဝမ်သည်ကတော့၊ ရွှွီှရီကို ကယ်လိုက်သည့် စီရီဟန်ကို ဒေါသတကြီး စူးစိုက်ကြည့်နေကာ စွေ့စွေ့ခုန်နေလေပြီ ။
သူမလေး ဒေါသပေါက်ကွဲစွာဖြင့် မေးလိုက်သည် ။

“သူ့ကို ထိတော့ နာတယ်လား”

သောက်…သောက်ကျိုးနဲ…

ရွှီရီ လုံးဝလဲကျမတတ် ဖြစ်သွားရရှာပြီ ။
သူ့ခေါင်းကိုသူ ဆွဲဆုပ်ပစ်လိုက်ပြီး..

“မဟုတ်ဘူး…မဟုတ်ဘူး…အဲ့လို လုံး၀ မဟုတ်ပါဘူး !!!”

ဒါက ဘယ်လိုစကားကြီးလဲ ။ ငါ သူမခြေထောက်ကို ဆွဲပြီး ဒူးထောက်တောင်းပန်ရမလား…

စီရီဟန်သည် အရူးမီးဝိုင်းဖြစ်လာသည့် ရီဝမ်ဝမ်ကို ကြည့်နေမိရင်း
သူ့ရင်ထဲက တွယ်ကပ်နေသေးသည့်ဒေါသတို့မှာ တမုဟုတ်ချင်း ပြေပျောက်သွား၏ ။ သူမလေး၏သေးသွယ်သည့်လက်လေးကို
သူ၏ အပြောကျယ်သောလက်ဖဝါးကြီးဖြင့် ဆုပ်ကိုင်လိုက်ပြီး သူ၏အနက်ရောင် မျက်လုံးထဲတွင် သူမလေး၏ဒေါသတကြီးပုံရိပ်လေး အရောင်ဟပ်နေသည် ။ ထို့နောက် သူ၏သြရှသည့်အသံသည် ညထုထဲတွင် တိုးညင်းစွာ ထွက်ပေါ် လာသည် ။

“ကိုယ့်နှလုံးသားက မင်းအတွက်ပဲ နာတာ ။ လက်နာနေပြီလား”

သူမ၏လက်သီးချက်ကြောင့် ကားသည်ပင် အချိုင့်ကြီးချိုင့်သွားလေ၏ ။ သို့သော်၊ သူမလေးလက်ကတော့ ကျိုးခြင်း၊ ပဲ့ခြင်း တစ်စက်လေး မရှိဘဲ ပကတိအကောင်းအတိုင်း ရှိနေ၏ ။

ရီဝမ်ဝမ် စီရီဟန်၏အလှအောက် ချက်ချင်း လက်နက်ချမလို ဖြစ်သွား၏ ။ သူမလေး၏အမူအရာမှာ တွန့်ဆုတ်လာပြီး မေးလာသည် ။

“ရှင်…ရှင်…ကျွန်မကို ကြွေသွားပြီလားဟင်”

ယောကျာ်းလိုလို မိန်းမိလိုလို အသံပေါက်နေခဲ့သည့် ရီဝမ်ဝမ်မှာ အခုတော့ မိန်းကလေးတစ်ယောက်၏နူးညံ့ပျော့ပျောင်းပြီး အဖြူထည်လွန်းသည့် အသံလေးအသွင်ကို ပြန်ပြောင်းသွားတော့လေပြီ ။

သူမလေးသည် တိုးတိုးညင်းညင်းလေး ပြောလိုက်မိခြင်း ဖြစ်သဖြင့် ဟိုးအဝေးတွင် ပုန်းနေကြသည့် ကုန်ရွှီတို့ မကြားလိုက်ကြပေ ။

စီရီဟန်၏မျက်ဝန်းတို့မှာ လှိုင်းကြက်ခွပ်လေးတွေ တလက်လက်ထနေသည့် ပင်လယ်ရေပြင်နှယ် ။

“ကိုယ်က အစကတည်းက မင်းဟာ”

ရီဝမ်ဝမ်၏မျက်လုံးတို့ ပြူးကျယ်ဝိုင်းစက်လာသည် ။

“ဟီးဟီး...တကယ်ကြီးလား ။ ဘယ်ကတည်းကလဲ ။
ကျွန်မ ဘာလို့ မသိရတာလဲ”

စီရီဟန်၏နှုတ်ခမ်းတို့မသိမသာ တွန့်ချိတ်သွားသည် ။

“မင်း အမူးပြေရင် သိသွားလိမ့်မယ်”

ရီဝမ်ဝမ် သိပ်စိတ်မရွှင်ပျတော့ ။

“ဘာလို့လဲ ။ ဘာလို့ အမူးပြေမှလဲ ။
အခုလဲ အဆင်ပြေနေတာပဲဟာ”

ရွှီရီနှင့် ကိုယ်ရံတော်များ ။  ‘အခု လုံးဝကို အဆင်မပြေဘူးဗျ !!!’

အခုအရိုက်ခံရတာက…လုံးဝကို ဘာမှမဟုတ်ဘဲ သက်သက်မဲ့ကြီး အရိုက်ခံရတာ…

ပိုဆိုးတာက ငါတို့သခင်လေးက ခံရတဲ့သူတွေ အဆင်ပြေရဲ့လား တစ်ချက်လေးတောင် မေးဖော်မရဘူး ။
ရိုက်တဲ့သူကိုတော့ လက်နာသွားလား ဘယ်နာသွားလဲနဲ့ !

အရမ်းကို ရက်စက်လွန်းပါတယ်ဗျာ !

သို့တိုင်အောင် သူတို့ အရမ်း စိတ်လှုပ်ရှားသွားခဲ့ရသည်သာ… သခင်လေးက နောက်ဆုံးတော့ သူမလေးကို ချော့ဖို့ ထွက်လာပြီ မဟုတ်ပါလား !

ဒီတစ်ကြိမ်သည်ကတော့ သူတို့ စိတ်လိုလက်ရကို
ထို Rs စာကို စားပိုးနင့်အောင် စားပေးလိုသည့် ပထမဆုံးအကြိမ်တည်း ။
ဒီတစ်ခေါက် Rs စာမှာ အသက်ကယ် Rs ဆေး ဖြစ်နေသည် မဟုတ်ပါလား ။

………………………………………………………
T/N : ပျော်ရွှင်စရာ သီတင်းကျွတ်လေး ဖြစ်ကြပါစေ 😍

Continue Reading

You'll Also Like

325K 12.9K 40
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
255K 6.8K 68
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
1.4M 59.4K 70
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
918K 10.1K 100
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...