When You Were Mine(Completed)

By Kirara-16

169K 18.1K 901

What if I told you to be mine.... More

Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 26
Chapter 27
Chapter-28
Final
Thank you all💗💗
Extra❄

Chapter 25

4.4K 518 54
By Kirara-16

အေမွာင္ေၾကာက္တတ္တဲ့ ရိေပၚက မီးပိတ္ထားတဲ့
အခန္းက်ဥ္းေလးထဲမွာ ကိုယ့္ကိုယ္ကိုယ္ အက်ဥ္းခ်တယ္။

အမွားကို ျပန္သံုးသပ္ရေလာက္ေအာင္လည္း သူ႔ဘက္ကခ်ည္း မွားခဲ့တာလည္းမဟုတ္။

ႏွစ္ေယာက္လံုးအမွားကို သူတစ္ေယာက္တည္း
ျပင္ဆင္ရမယ္ဆိုရင္ မတရားဘူးလို႔ ရိ္ေပၚကသတ္မွတ္ထားတယ္။

သံေယာဇဥ္မျပတ္ႏိုင္ပါဘူး။
မာနေလးျခားထားမိတာတစ္ခုရယ္သာ။
ခင္ဗ်ားဘက္က တံခါးေခါက္ရံုေလးပါပဲ။
သိပ္အပန္းမႀကီးဘူးမဟုတ္လား။

နာက်င္ေစခဲ့ၿပီးရင္ ျပန္ကုစားေပးဖို႔သင့္ပါတယ္။
ဘာလို႔မ်ား ငါ့ကို ပစ္ထားရက္တာလဲ။

စခ်စ္ခဲ့ရတာက ရိေပၚျဖစ္သလို
ဆက္ခ်စ္ေနရတာကလည္း ရိေပၚပဲလား။
တစ္ဖက္သတ္ဆိုတဲ့ေခါင္းစဥ္ေအာက္ကို ေရာက္မွန္းမသိေရာက္ေနတဲ့ ခ်စ္ျခင္းတရားေတြကိုေတာင္
အားနာမိလာတယ္။

ခင္ဗ်ားက ငါ့ကို မခ်စ္ပါဘူး။
ဘယ္တုန္းကမွ၊ဘယ္ေတာ့မွ မခ်စ္ခဲ့ဖူးဘူးမဟုတ္လား။

---------------------------

ဧည့္ခန္းထဲမွာ TVထိုင္ၾကည့္ေနတဲ့ ရိေပၚက
ဘာမွ မထိခိုက္ထားတဲ့သူလို ဟန္ေဆာင္ေကာင္းတယ္။လြန္ခဲ့တဲ့သံုးေလးရက္ေလာက္က ကမၻာပ်က္မတပ္ ေအာ္ဟစ္ေနခဲ့တာ သူမဟုတ္သလို။

ပစၥည္းေတြကို ႐ိုက္ခ်ိဳးလည္း ခင္ဗ်ားမသိဘူး။
စီးကရက္ေတြ ေသာက္ျပေနလည္း ခင္ဗ်ားမျမင္ဘူး။
မျမင္ကြယ္ရာမွာ ဆိုးျပရတာ ပင္ပန္းတယ္။

ဆံုးမမယ့္သူမ႐ွိေတာ့ ဆိုးရတာ မေပ်ာ္ေတာ့ဘူး
ေ႐ွာင္းက်န္႔ရဲ႕။

ဧည့္ခန္းထဲကို အလန္႔တၾကားေျပးဝင္လာတဲ့
ေဟာက္ရႊမ္းက အသက္ကိုလု႐ွဴ ရင္း....

"ရိေပၚ...ေ႐ွာင္းက်န္႔ေကာ...ေ႐ွာင္းက်န္႔ေကာက"

"ငါ့ကို သူ႔အေၾကာင္းမေျပာနဲ႔ ေဟာက္ရႊမ္း။သူ႔နာမည္ေတာင္ ငါမၾကားခ်င္ဘူး"

"မေျပာလို႔မရဘူး ရိေပၚ။ေ႐ွာင္းက်န္႔ေကာက သူ႔ဆိုင္ကို ေရာင္းလိုက္ၿပီတဲ့"

ရိေပၚ အံ့အားသင့္သြားေပမယ့္ ဘာမွမျဖစ္သလို
ျပန္ဟန္ေဆာင္လိုက္တယ္။

သူ႔ဘက္က လိုက္ေနသေရြ႔ ေ႐ွာင္းက်န္႔က
ေျပးေနဦးမွာပဲ။
ဒီတစ္ခါေတာ့ သူ႔ဘက္က ေျပးၾကည့္မလားလို႔။
ေ႐ွာင္းက်န္႔က သူ႔ကိုဆြဲထားမလားဆိုတဲ့ ေမ်ွာ္လင့္ခ်က္ခပ္ယဲ့ယဲ့ေလးကိုပဲ အရာရာ ပံုအပ္ထားမိတယ္။

"အဲ့ေတာ့ ငါနဲ႔ဘာဆိုင္လဲ။သူ႔ဆိုင္သူ ေရာင္းတာပဲ။ေရာင္းပါေစေပါ့"

"အိမ္ကိုပါ ေရာင္းလိုက္တယ္ဆိုရင္ေရာ "

"ဘာ!!!!"

ဒီတစ္ခါ ေဟာက္ရႊမ္းစကားအဆံုးမွာေတာ့ ရိေပၚ
မတည္ၿငိမ္ႏုိင္ေတာ့။

"သူက ဘာလို႔ အိမ္ကိုေရာင္းရတာလဲ"

"မင္းဒီတိုင္းထိုင္မေနသင့္ေတာ့ဘူးလို႔ ငါထင္တယ္
ဝမ္ရိေပၚ.."

ေဟာက္ရႊမ္းစကားေတာင္ မဆံုးလိုက္။ရိေပၚက
ဆိုင္ကယ္ေသာ့ကို ယူရင္း ေ႐ွာင္းက်န္႔ဆီကို
အေျပးႏွင္တယ္။

ေ႐ွာင္းက်န့္အိမ္ေရာက္ေတာ့ ေသာ့ခတ္ထားတာကို
ျမင္လိုက္ရတာမို႔ ရိေပၚပိုစိတ္ပ်က္သြားရသည္။

ခင္ဗ်ားစိတ္ထဲမွာ ဘာေတြေတြးေနလဲဆိူတာကို
ငါတကယ္ နားမလည္ႏိုင္ေတာ့ဘူး ေ႐ွာင္းက်န္႔။

ရိေပၚ အိ္မ္ေ႐ွ႕ကေန လွည့္အထြက္မွာ မရင္းႏွီးတဲ့ နံပါတ္အစိမ္းတစ္ခုဆီက ဖုန္းေခၚဆိုမႈ
တစ္ခုဝင္လာတယ္။
ေ႐ွာင္းက်န္႔မ်ား ျဖစ္ေနမလားဆိုတဲ့ ေမ်ွာ္လင့္ခ်က္နဲ႔
ရိေပၚ ဖုန္းကိုင္မိလိုက္ေတာ့

"Hello"

"ငါပါ။မင္းအေဖရဲ႕ဇနီးေခ်ာေလး Yuuko"

"ခင္ဗ်ားက က်ြန္ေတာ့ဆီဘာလို႔ဖုန္းဆက္ရတာလဲ။က်ြန္ေတာ့မွာ ခင္ဗ်ားကို ေပးစရာအခ်ိန္မ႐ွိဘူး"

"ေနပါဦး။ဘာေတြေလာေနတာလဲ။သြားတဲ့သူက
သြားၿပီပဲကို"

"ခင္ဗ်ား....ခင္ဗ်ားတစ္ခုခုသိထားတယ္မလား"

"ဘယ္လိုလဲ။မင္းဆံုးျဖတ္ခ်က္အတြက္ ေနာင္တရေနၿပီမလား။မင္းက အရာအားလံုးကိုစြန္႔လြတ္ၿပီး
သူ႔ကို ေရြးခဲ့ေပမယ့္ သူက မင္းကိုမေရြးခ်ယ္ခဲ့ဘူးေလ"

"ခင္ဗ်ား....ေ႐ွာင္းက်န္႔ကို တစ္ခုခုလုပ္ထားတယ္မလား"

"ငါကဘာလုပ္ရမွာလဲ။ငါ ဘာမွမလုပ္ပါဘူး။
အဓိက တရားခံက မင္းပဲ။မင္းဒီေလာက္ ဆိုးသြမ္းေနတာ။ဘယ္သူမွ မင္းကိုၾကာၾကာသည္းခံႏိုင္မွာ
မဟုတ္မွန္းသိခဲ့သင့္တယ္။အခုပဲၾကည့္...ေ႐ွာင္းက်န္႔လည္း မင္းကိုစိတ္ကုန္ၿပီး သူ႔လြတ္ေျမာက္မႈကို
သူေရြးသြားၿပီ။မင္းအေမလိုေပါ့"

"ေ႐ွာင္းက်န္႔အခု ဘယ္မွာလဲ။ခင္ဗ်ားသိတယ္မလား။ေ႐ွာင္းက်န္႔ ဘယ္မွာလဲလို႔!!!"

"အခုအခ်ိန္ေလာက္ဆို ေလဆိပ္ကိုေရာက္ေနေလာက္ေရာေပါ့။မင္းကသူ႔ကို ျပန္သြားေခၚေတာ့ေရာ
သူက ျပန္လိုက္မွာတဲ့လား။သူက မင္းကိုသည္းမခံႏိုင္ေတာ့လို႔ စြန္႔ပစ္သြားတာေလ"

"ေ႐ွာင္းက်န္႔ကို ငါရေအာင္ျပန္ေခၚလာမွာ။သူက
ငါ့ကို ဘယ္ေတာ့မွထားသြားမွာမဟုတ္ဘူး။သူ႔စိတ္
ကို ငါအသိဆံုးမို႔....သူက ငါ့ကိုလံုးဝ ထားသြားမွာ
မဟုတ္ဘူးဆိုတာ ငါယံုတယ္"

ဖုန္းခ်လိုက္ၿပီးတာနဲ႔ ရိေပၚရဲ႕ဦးတည္ရာက ေလဆိပ္ကိုသာ။

ခင္ဗ်ားကို ဘယ္သူက ခြင့္ျပဳလို႔ ထြက္သြားဖို႔ဆံုးျဖတ္ရတာလဲ ေ႐ွာင္းက်န္႔။
ငါ ခင္ဗ်ားကို ထြက္သြားခြင့္မေပးႏိုင္ဘူး။

ေလဆိပ္ကိုေရာက္တာနဲ႔ ေ႐ွာင္းက်န္႔ကို အေျပးအလႊား ႐ွာရသည္။ဘယ္ေလယာဥ္ခ်ိန္မွန္းမသိတာမို႔
အခ်ိန္မွီေသးရဲ႕လားဆိုတာလည္း မေသခ်ာ။

ကံတရားက တစ္ခါေလာက္ေတာ့ မ်က္ႏွာသာေပးသင့္ပါတယ္။
ပိုင္ဆိုင္ဖူးသမ််ွအရာေတြထဲမွာ ဒီလူကိုတန္ဖိုးအထားရဆံုးမို႔ ဆံုး႐ွံုးလို႔မျဖစ္ဘူး။

လူအုပ္ၾကားထဲ တိုးေဝွ့႐ွာရင္း ခပ္လွမ္းလွမ္းမွာ
ျမင္လိုက္ရတဲ့ ျဖဴလြလြ ေက်ာျပင္ေလးေၾကာင့္
ရိေပၚ စိတ္သက္သာရာရသြားခဲ့သည္။

ေသခ်ာတယ္။လံုးဝမမွားႏိုင္ဘူး။အဲ့တာ ေ႐ွာင္းက်န္႔ပဲ။

အနားကို ေျပးသြားလိုက္ၿပီး လက္ကိုလွမ္းဆြဲလိုက္ေတာ့ လွည့္ၾကည့္လာတဲ့သူက ရိေပၚ႐ွာေနခဲ့တဲ့ ေ႐ွာင္းက်န္႔ပဲ။

"ေသာက္ေရးမပါတာေတြ လုပ္မေနနဲ႔ေတာ့ ေ႐ွာင္းက်န္႔။ငါနဲ႔ အခုျပန္လိုက္ခဲ့"

ရိေပၚဆြဲထားတဲ့လက္ကို ေ႐ွာင္းက်န္႔က အားနဲ႔
အတင္း႐ုန္းလိုက္ေတာ့ လြတ္သြားသည္။

"ငါ့ကို လာအမိန္႔ေပးမေနနဲ႔ ဝမ္ရိေပၚ။ငါ့ဘဝငါ
ဘယ္လိုေနေန မင္းနဲ႔ မဆိုင္ဘူး"

"ေ႐ွာင္းက်န္႔!!!"

ေျပာင္းလဲသြားတဲ့ ေ႐ွာင္းက်န္႔ေၾကာင့္ ရိေပၚဘာမွ
နားမလည္ႏိုင္ေတာ့။ေအးစက္စက္ အၾကည့္ေတြက
လည္း အဓိပၸါယ္ဖြင့္ဆိုဖို႔ ခက္တယ္။

"ငါတို႔ ေအးေအးေဆးေဆး ေျဖ႐ွင္းၾကရေအာင္။
ျဖစ္ခဲ့သမ်ွ ငါအကုန္ခြင့္လႊတ္တာမို႔ ငါနဲ႔ျပန္လိုက္ခဲ့ပါ"

"ခြင့္လႊတ္တယ္။ငါက ဘာမွားလို႔ မင္းကဘာကို
ခြင့္လႊတ္တာလဲ။မင္းဘက္က နစ္နာသလို လာမေျပာနဲ႔။ငါမင္းနဲ႔ ျပန္မလိုက္ႏိုင္ဘူး"

"ေ႐ွာင္းက်န္႔!!ခင္ဗ်ားဘာျဖစ္ေနတာလဲ"

"ဘာျဖစ္ေနတာလဲ ဟုတ္လား။႐ွင္း႐ွင္းေျပာရရင္
မင္းကို စိတ္ကုန္ေနတာ။မင္းအနားမွာေနရတာ
ငါအရမ္း ပင္ပန္းေနၿပီ ဝမ္ရိေပၚရဲ႕"

"ေကာင္းၿပီ။ငါ့ကို မေက်နပ္တာေတြ အကုန္ေျပာ။
ငါတို႔ ေအးေအးေဆးေဆး ေျဖ႐ွင္းၾကမယ္ေလေနာ္။ဒီလို လုပ္ဖို႔ မလိုပါဘူး"

"ဘယ္အခ်ိန္အထိ ဒီအတိုင္းဆက္သြားေနမွာလဲ။
အျမဲ ျပႆ  နာျဖစ္လိုက္၊ျပန္အဆင္ေျပသြားလိုက္နဲ႔
ျဖစ္ေနတာကို ငါစိတ္ပ်က္လာၿပီ။ေျခာက္ႏွစ္လံုးလံုး
ငါ့အခ်ိန္ေတြကို မင္းဆီမွာ ျမႇဳပ္ႏွံခဲ့တာေတြ၊မင္းဆိုးသမ်ွ သည္းခံေပးခဲ့တာေတြအတြက္ ငါဘာေတြမ်ား
ျပန္ရခဲ့လို႔လဲ"

"ဘယ္သူက ခင္ဗ်ားကိုအတင္းအၾကပ္ခိုင္းခဲ့လို႔လဲ။ခင္ဗ်ားကို ငါ့ဘဝထဲဝင္လာခဲ့ပါလို႔ ငါေခၚခဲ့ဖူးလို႔လား။ခင္ဗ်ားကိုယ္တိုင္ပဲ ငါ့ဘဝထဲမွာ အတင္း
တိုးဝင္ၿပီး ေနရာယူခဲ့တာေလ။အခုက် စိတ္႐ွိသလို
ထြက္သြားမယ္ဆိုေတာ့ ငါက ဘာလဲ။ခင္ဗ်ားငါ့ကို
ဘယ္လို သတ္မွတ္ထားတာလဲ။ေျဖစမ္းပါ ေ႐ွာင္းက်န္႔!!!"

"ငါတို႔ႏွစ္ေယာက္လံုး မွားခဲ့ၾကတာမို႔ ဒီေလာက္နဲ႔ပဲ
အဆံုးသတ္ရေအာင္"

"ဟင့္အင္း....ဒီအတိုင္းအဆံုးသတ္ခြင့္မေပးႏိုင္ဘူး။
ခင္ဗ်ားကိုေတာ့ လံုးဝလက္မလြတ္ႏိုင္ဘူး။ငါ့မွာ
ခင္ဗ်ားပဲ ႐ွိတာ ေ႐ွာင္းက်န္႔ရဲ႕"

"ဒါဆို ငါကေရာ....ငါ့မွာေရာ ဝမ္ရိေပၚ ကလြဲၿပီး ဘယ္သူ႐ွိခဲ့ဖူးလို႔လဲ!!။ဝမ္ရိေပၚ အတြက္ပဲ ေတြးေနခဲ့မိၿပီး၊ဝမ္ရိေပၚအတြက္ပဲ ႐ွင္သန္ေနခဲ့ၿပီး ကိုယ့္ကိုယ္ကိုယ္ေတာင္ ေမ့ေလ်ာ့ေနခဲ့မိတာ။ဒါေပမယ့္
ဝမ္ရိေပၚကေတာ့ ငါ့ဘက္ကို တစ္ခ်က္ေလးေတာင္ ေတြးမၾကည့္ခဲ့ဖူးဘူးေလ"

"ဒီတစ္ခါ တကယ္ကတိေပးပါတယ္။ငါ ခင္ဗ်ား
မႀကိဳက္တာ ဘာဆိုဘာမွမလုပ္ေတာ့ပါဘူး။
တကယ္ပါ။ေက်းဇူးျပဳၿပီး ငါ့ကိုေတာ့ မထားခဲ့ပါနဲ႔။
အနည္းဆံုးေတာ့ ငါျမင္ႏိုင္တဲ့ လက္တစ္ကမ္းအကြာမွာပဲ ႐ွိေနေပးလို႔မရဘူးလား"

မ်က္ရည္ေတြေဝ့သီေနတဲ့ မ်က္ဝန္းညိဳေတြထဲမွာ
ေၾကာက္ရြံမႈေတြကို အတိုင္းသားျမင္ေနရတယ္။
ဆံုး႐ွံုးလိုက္ရမွာကို ေၾကာက္တဲ့စိတ္၊ထားသြားခံရမွာကို ေၾကာက္တဲ့စိတ္၊အဲ့ဒီစိတ္ေတြက ရိေပၚကို
အ႐ွင္လတ္လတ္ ငရဲက်ေနတဲ့ခံစားခ်က္မ်ိဳးကို ခံစားရေစတယ္။

ဒီတစ္ေယာက္ကိုေတာ့ျဖင့္ အဆံုးစြန္ထိ သူ႔အနားမွာ ႐ွိေစခ်င္ခဲ့တာ။
ဒီတစ္ေယာက္ကိုေတာ့ျဖင့္ တကယ္ကို ဆံုး႐ွံုးလို႔
မျဖစ္လို႔ပါ။

"ေတာင္းပန္ပါတယ္ ဝမ္ရိေပၚ။ငါ ဝမ္ရိေပၚကို
ပထမဆံုးနဲ႔ ေနာက္ဆံုးအႀကိမ္အျဖစ္ ေတာင္းဆိုတာပါ။ေက်းဇူးျပဳၿပီး ငါ့ကို လြတ္ေျမာက္ခြင့္ေပးပါေတာ့"

လွည့္ထြက္သြားတဲ့ ေက်ာျပင္ကို သူမတားႏိုင္ခဲ့ဘူး။ဒီလူ႔ကို ဒီအတိုင္းပဲ တကယ္ဆံုး႐ွံုးလိုက္ရေတာ့မွာလား။

"အခုလို ထြက္သြားမယ္ဆိုရင္ ဘာလို႔ ငါ့ဘဝထဲ
ဝင္လာခဲ့ေသးတာလဲ။ဘာလို႔ ဂ႐ုစိုက္ေပးခဲ့တာလဲ!!!!"

"......."

"အဲ့အခ်ိန္ကတည္းက ငါဘာျဖစ္ျဖစ္ ပစ္ထားခဲ့လိုက္ေလ။ဘာလို႔ ေသာက္ေရးမပါတဲ့ ေႏြးေထြးမႈေတြကို ေပးခဲ့ရတာလဲ!!!"

"........"

"ထြက္မသြားဘူးလို႔ ကတိေပးခဲ့တယ္ေလ။ခင္ဗ်ားကတိေပးခဲ့တာကို ေမ့သြားၿပီလား။ခင္ဗ်ားက လူလိမ္ပဲ!!!"

"......"

"ဒီတစ္ခါ ထြက္သြားရင္ လံုးဝျပန္မလာခဲ့နဲ႔ ေ႐ွာင္းက်န္႔။ငါ ခင္ဗ်ားကို ေသေတာင္ ခြင့္မလြတ္ဘူး!!
ေ႐ွာင္းက်န္႔ ငါေျပာတာၾကားလား။လံုးဝ လံုးဝ
ခြင့္မလြတ္ဘူး!!"

ေအာ္ဟစ္ေနတဲ့ ရိေပၚအသံေတြကို ၾကားေပမယ့္
ေ႐ွာင္းက်န္႔ လွည့္မၾကည့္မိ။ခက္ခက္ခဲခဲနဲ႔ ခ်ထားရတဲ့ ဆံုးျဖတ္ခ်က္မို႔ မယိုင္နဲ႔ေစခ်င္ေတာ့ဘူး။

လံုျခံဳေရးေတြေရာက္လာၿပီး ရိေပၚကို ဆြဲေခၚသြားတဲ့အထိ ေ႐ွာင္းက်န္႔ကေတာ့ လ်စ္လ်ဴ ႐ႈထားဆဲ။

"ေ႐ွာင္းက်န္႔!!..."

ဒီတစ္ခါ ​ေအာ္ေခၚသံအၾကားမွာေတာ့ ေ႐ွာင္းက်န္႔
ေျခလွမ္းေတြ ရပ္တန္႔သြားတယ္။

"ေက်းဇူးျပဳၿပီး ေနာက္ဆံုးအေနနဲ႔ပဲျဖစ္ျဖစ္ ကြၽန္ေတာ့ကို တစ္ခ်က္ေလာက္ လွည့္ၾကည့္ေပးသြားပါ"

႐ိႈက္သံစြက္တဲ့ အသံေလးက မႏူးညံ့ေပမယ့္ မၾကမ္းတမ္း။ဆို႔နင့္ေနတဲ့ အသံအက္႐ွ႐ွက ေ႐ွာင္းက်န္႔ကို မ်က္ရည္က်ေစေလာက္တဲ့အထိ စြမ္းေဆာင္ႏိုင္တယ္။

သူလွည့္ၾကည့္လိုက္လို႔ မျဖစ္ဘူး။သူလွည့္ၾကည့္မိ
လိုက္တာနဲ႔ အရာအားလံုးကို လြတ္ခ်ၿပီး ရိေပၚဆီကို ေျပးသြားမိမွာ။

ႏႈတ္ခမ္းကို ဖိကိုက္ထားရင္း လက္သီးကို က်စ္က်စ္ပါေအာင္ ဆုပ္ထားရတယ္။
မျဖစ္ဘူး အခ်စ္ရဲ႕။ငါထြက္သြားမွ ျဖစ္မယ့္
အေၾကာင္းကို မင္းနားလည္ေအာင္ ဘယ္လို
႐ွင္းျပရမလဲ။

အေကာင္းဆံုးေတြကိုပဲ ဒီလူက ေပးခ်င္ခဲ့တာပါ။
ငါက ဝမ္ရိေပၚကို သိပ္ခ်စ္ပါတယ္။
.
.
.

အျမင္အာရံုကေန တရိပ္ရိပ္နဲ႔ ေပ်ာက္ကြယ္သြားတဲ့
ေက်ာျပင္ေလးကို ၾကည့္ရင္း အဆက္မျပတ္က်ဆင္းလာတဲ့ မ်က္ရည္ေတြကို ရိေပၚမတားစီးႏိုင္ခဲ့။

ထြက္မသြားပါနဲ႔လို႔ ေအာ္ဟစ္ေနေပမယ့္ အသံက
ထြက္မလာေတာ့ဘူး။
တားမွျဖစ္မယ္ဆိုတဲ့အသိနဲ႔ အမွီေျပးလိုက္ခ်င္ေပမယ့္ ေျခေထာက္ေတြက အမိန္႔ကို မနာခံေတာ့ဘူး။

ေနာက္ဆံုးေတာ့ ေ႐ွာင္းက်န္႔က သူ႔ကို ထားသြားခဲ့ၿပီ။
ေ႐ွာင္းက်န္႔က သူ႔ကို တစ္ခ်က္ကေလးေတာင္
လွည့္မၾကည့္ဘဲ ထားသြားခဲ့ၿပီ။

______________________________

Unicode

အမှောင်ကြောက်တတ်တဲ့ ရိပေါ်က မီးပိတ္ထားတဲ့
အခန်းကျဉ်းလေးထဲမှာ ကိုယ့်ကိုယ်ကိုယ် အကျဉ်းချတယ်။

အမွားကို ပြန်သုံးသပ်ရလောက်အောင်လည်း သူ့ဘက်ကချည်း မှားခဲ့တာလည်းမဟုတ်။

နှစ်ယောက်လုံးအမှားကို သူတစ်ယောက်တည်း
ပြင်ဆင်ရမယ်ဆိုရင် မတရားဘူးလို့ ရိ်ပေါ်ကသတ်မှတ်ထားတယ်။

သံယောဇဉ်မပြတ်နိုင်ပါဘူး။
မာနလေးခြားထားမိတာတစ်ခုရယ်သာ။
ခင်ဗျားဘက်က တံခါးခေါက်ရုံလေးပါပဲ။
သိပ်အပန်းမကြီးဘူးမဟုတ်လား။

နာကျင်စေခဲ့ပြီးရင် ပြန်ကုစားပေးဖို့သင့်ပါတယ်။
ဘာလို့များ ငါ့ကို ပစ္ထားရက္တာလဲ။

စချစ်ခဲ့ရတာက ရိပေါ်ဖြစ်သလို
ဆက်ချစ်နေရတာကလည်း ရိပေါ်ပဲလား။
တစ်ဖက်သတ်ဆိုတဲ့ခေါင်းစဉ်အောက်ကို ရောက်မှန်းမသိရောက်နေတဲ့ ချစ်ခြင်းတရားတွေကိုတောင်
အားနာမိလာတယ်။

ခင်ဗျားက ငါ့ကို မချစ်ပါဘူး။
ဘယ်တုန်းကမှ၊ဘယ်တော့မှ မချစ်ခဲ့ဖူးဘူးမဟုတ်လား။

---------------------------

ဧည့်ခန်းထဲမှာ TVထိုင်ကြည့်နေတဲ့ ရိပေါ်က
ဘာမွ မထိခိုက္ထားတဲ့သူလို ဟန်ဆောင်ကောင်းတယ်။လွန်ခဲ့တဲ့သုံးလေးရက်လောက်က ကမ်ဘာပျက်မတပ် အော်ဟစ်နေခဲ့တာ သူမဟုတ္သလို။

ပစ္စည်းတွေကို ရိုက်ချိုးလည်း ခင်ဗျားမသိဘူး။
စီးကရက်တွေ သောက်ပြနေလည်း ခင်ဗျားမမြင်ဘူး။
မမြင်ကွယ်ရာမှာ ဆိုးပြရတာ ပင်ပန်းတယ်။

ဆုံးမမယ့်သူမရှိတော့ ဆိုးရတာ မပျော်တော့ဘူး
ရှောင်းကျန့်ရဲ့။

ဧည့်ခန်းထဲကို အလန့်တကြားပြေးဝင်လာတဲ့
ဟောက်ရွှမ်းက အသက်ကိုလုရှူ ရင်း....

"ရိပေါ်...ရှောင်းကျန့်ကော...ရှောင်းကျန့်ကောက"

"ငါ့ကို သူ့အကြောင်းမပြောနဲ့ ဟောက်ရွှမ်း။သူ့နာမည်တောင် ငါမကြားချင်ဘူး"

"မပြောလို့မရဘူး ရိပေါ်။ရှောင်းကျန့်ကောက သူ့ဆိုင်ကို ရောင်းလိုက်ပြီတဲ့"

ရိပေါ် အံ့အားသင့်သွားပေမယ့် ဘာမွမျဖစ္သလို
ပြန်ဟန်ဆောင်လိုက်တယ်။

သူ့ဘက်က လိုက်နေသရွေ့ ရှောင်းကျန့်က
ပြေးနေဦးမှာပဲ။
ဒီတစ်ခါတော့ သူ့ဘက်က ပြေးကြည့်မလားလို့။
ရှောင်းကျန့်က သူ့ကိုဆွဲထားမလားဆိုတဲ့ မျှော်လင့်ချက်ခပ်ယဲ့ယဲ့လေးကိုပဲ အရာရာ ပုံအပ်ထားမိတယ်။

"အဲ့တော့ ငါနဲ့ဘာဆိုင်လဲ။သူ့ဆိုင်သူ ရောင်းတာပဲ။ရောင်းပါစေပေါ့"

"အိမ္ကိုပါ ရောင်းလိုက်တယ်ဆိုရင်ရော "

"ဘာ!!!!"

ဒီတစ်ခါ ဟောက်ရွှမ်းစကားအဆုံးမှာတော့ ရိပေါ်
မတည်ငြိမ်နိုင်တော့။

"သူက ဘာလို့ အိမ်ကိုရောင်းရတာလဲ"

"မင်းဒီတိုင်းထိုင်မနေသင့်တော့ဘူးလို့ ငါထင်တယ်
ဝမ်ရိပေါ်.."

ဟောက်ရွှမ်းစကားတောင် မဆုံးလိုက်။ရိပေါ်က
ဆိုင်ကယ်သော့ကို ယူရင်း ရှောင်းကျန့်ဆီကို
အပြေးနှင်တယ်။

ရှောင်းကျန့်အိမ်ရောက်တော့ သော့ခတ်ထားတာကို
မြင်လိုက်ရတာမို့ ရိပေါ်ပိုစိတ်ပျက်သွားရသည်။

ခင်ဗျားစိတ်ထဲမှာ ဘာတွေတွေးနေလဲဆိူတာကို
ငါတကယ် နားမလည်နိုင်တော့ဘူး ရှောင်းကျန့်။

ရိပေါ် အိ်မ်ရှေ့ကနေ လှည့်အထွက်မှာ မရင်းနှီးတဲ့ နံပါတ်အစိမ်းတစ်ခုဆီက ဖုန်းခေါ်ဆိုမှု
တစ်ခုဝင်လာတယ်။
ရှောင်းကျန့်များ ဖြစ်နေမလားဆိုတဲ့ မျှော်လင့်ချက်နဲ့
ရိပေါ် ဖုန်းကိုင်မိလိုက်တော့

"Hello"

"ငါပါ။မင်းအဖေရဲ့ဇနီးချောလေး Yuuko"

"ခင်ဗျားက ကျွန်တော့ဆီဘာလို့ဖုန်းဆက်ရတာလဲ။ကျွန်တော့မှာ ခင်ဗျားကို ပေးစရာအချိန်မရှိဘူး"

"နေပါဦး။ဘာတွေလောနေတာလဲ။သွားတဲ့သူက
သွားပြီပဲကို"

"ခင်ဗျား....ခင်ဗျားတစ်ခုခုသိထားတယ်မလား"

"ဘယ်လိုလဲ။မင်းဆုံးဖြတ်ချက်အတွက် နောင်တရနေပြီမလား။မင်းက အရာအားလုံးကိုစွန့်လွတ်ပြီး
သူ့ကို ရွေးခဲ့ပေမယ့် သူက မင်းကိုမရွေးချယ်ခဲ့ဘူးလေ"

"ခင်ဗျား....ရှောင်းကျန့်ကို တစ္ခုခုလုပ္ထားတယ္မလား"

"ငါကဘာလုပ်ရမှာလဲ။ငါ ဘာမှမလုပ်ပါဘူး။
အဓိက တရားခံက မင်းပဲ။မင်းဒီလောက် ဆိုးသွမ်းနေတာ။ဘယ်သူမှ မင်းကိုကြာကြာသည်းခံနိုင်မှာ
မဟုတ်မှန်းသိခဲ့သင့်တယ်။အခုပဲကြည့်...ရှောင်းကျန့်လည်း မင်းကိုစိတ်ကုန်ပြီး သူ့လွတ်မြောက်မှုကို
သူရွေးသွားပြီ။မင်းအမေလိုပေါ့"

"ရှောင်းကျန့်အခု ဘယ်မှာလဲ။ခင်ဗျားသိတယ်မလား။ရှောင်းကျန့် ဘယ်မှာလဲလို့!!!"

"အခုအချိန်လောက်ဆို လေဆိပ်ကိုရောက်နေလောက်ရောပေါ့။မင်းကသူ့ကို ပြန်သွားခေါ်တော့ရော
သူက ပြန်လိုက်မှာတဲ့လား။သူက မင်းကိုသည်းမခံနိုင်တော့လို့ စွန့်ပစ်သွားတာလေ"

"ရှောင်းကျန့်ကို ငါရအောင်ပြန်ခေါ်လာမှာ။သူက
ငါ့ကို ဘယ်တော့မှထားသွားမှာမဟုတ်ဘူး။သူ့စိတ်
ကို ငါအသိဆုံးမို့....သူက ငါ့ကိုလုံးဝ ထားသြားမွာ
မဟုတ္ဘူးဆိုတာ ငါယုံတယ်"

ဖုန်းချလိုက်ပြီးတာနဲ့ ရိပေါ်ရဲ့ဦးတည်ရာက လေဆိပ်ကိုသာ။

ခင်ဗျားကို ဘယ္သူက ခွင့်ပြုလို့ ထွက်သွားဖို့ဆုံးဖြတ်ရတာလဲ ရှောင်းကျန့်။
ငါ ခင်ဗျားကို ထွက်သွားခွင့်မပေးနိုင်ဘူး။

လေဆိပ်ကိုရောက်တာနဲ့ ရှောင်းကျန့်ကို အပြေးအလွှား ရှာရသည်။ဘယ်လေယာဉ်ချိန်မှန်းမသိတာမို့
အချိန်မှီသေးရဲ့လားဆိုတာလည်း မေသခ်ာ။

ကံတရားက တစ်ခါလောက်တော့ မျက်နှာသာပေးသင့်ပါတယ်။
ပိုင်ဆိုင်ဖူးသမျျှအရာတွေထဲမှာ ဒီလူကိုတန်ဖိုးအထားရဆုံးမို့ ဆုံးရှုံးလို့မဖြစ်ဘူး။

လူအုပ်ကြားထဲ တိုးဝှေ့ရှာရင်း ခပ်လှမ်းလှမ်းမှာ
မြင်လိုက်ရတဲ့ ဖြူလွလွ ကျောပြင်လေးကြောင့်
ရိပေါ် စိတ်သက်သာရာရသွားခဲ့သည်။

သေချာတယ်။လုံးဝမမှားနိုင်ဘူး။အဲ့တာ ရှောင်းကျန့်ပဲ။

အနားကို ပြေးသွားလိုက်ပြီး လက်ကိုလှမ်းဆွဲလိုက်တော့ လှည့်ကြည့်လာတဲ့သူက ရိပေါ်ရှာနေခဲ့တဲ့ ရှောင်းကျန့်ပဲ။

"သောက်ရေးမပါတာတွေ လုပ်မနေနဲ့တော့ ရှောင်းကျန့်။ငါနဲ့ အခုပြန်လိုက်ခဲ့"

ရိပေါ်ဆွဲထားတဲ့လက်ကို ရှောင်းကျန့်က အားနဲ့
အတင်းရုန်းလိုက်တော့ လွတ်သွားသည်။

"ငါ့ကို လာအမိန့်ပေးမနေနဲ့ ဝမ်ရိပေါ်။ငါ့ဘဝငါ
ဘယ်လိုနေနေ မင်းနဲ့ မဆိုင်ဘူး"

"ရှောင်းကျန့်!!!"

ပြောင်းလဲသွားတဲ့ ရှောင်းကျန့်ကြောင့် ရိပေါ်ဘာမှ
နားမလည်နိုင်တော့။အေးစက်စက် အကြည့်တွေက
လည်း အဓိပ္ပါယ်ဖွင့်ဆိုဖို့ ခက်တယ်။

"ငါတို့ အေးအေးဆေးဆေး ဖြေရှင်းကြရအောင်။
ဖြစ်ခဲ့သမျှ ငါအကုန်ခွင့်လွှတ်တာမို့ ငါနဲ့ပြန်လိုက်ခဲ့ပါ"

"ခွင့်လွှတ်တယ်။ငါက ဘာမှားလို့ မင်းကဘာကို
ခွင့်လွှတ်တာလဲ။မင်းဘက်က နစ္နာသလို လာမပြောနဲ့။ငါမင်းနဲ့ ပြန်မလိုက်နိုင်ဘူး"

"ရှောင်းကျန့်!!ခင်ဗျားဘာဖြစ်နေတာလဲ"

"ဘာဖြစ်နေတာလဲ ဟုတ်လား။ရှင်းရှင်းပြောရရင်
မင်းကို စိတ်ကုန်နေတာ။မင်းအနားမှာနေရတာ
ငါအရမ်း ပင်ပန်းနေပြီ ဝမ်ရိပေါ်ရဲ့"

"ကောင်းပြီ။ငါ့ကို မကျေနပ်တာတွေ အကုန်ပြော။
ငါတို့ အေးအေးဆေးဆေး ဖြေရှင်းကြမယ်လေနော်။ဒီလို လုပ်ဖို့ မလိုပါဘူး"

"ဘယ်အချိန်အထိ ဒီအတိုင်းဆက်သွားနေမှာလဲ။
အျမဲ ပြဿ နာဖြစ်လိုက်၊ပြန်အဆင်ပြေသွားလိုက်နဲ့
ဖြစ်နေတာကို ငါစိတ်ပျက်လာပြီ။ခြောက်နှစ်လုံးလုံး
ငါ့အချိန်တွေကို မင်းဆီမှာ မြှုပ်နှံခဲ့တာတွေ၊မင်းဆိုးသမျှ သည်းခံပေးခဲ့တာတွေအတွက် ငါဘာတွေများ
ပြန်ရခဲ့လို့လဲ"

"ဘယ္သူက ခင်ဗျားကိုအတင်းအကြပ်ခိုင်းခဲ့လို့လဲ။ခင်ဗျားကို ငါ့ဘဝထဲဝင်လာခဲ့ပါလို့ ငါခေါ်ခဲ့ဖူးလို့လား။ခင်ဗျားကိုယ်တိုင်ပဲ ငါ့ဘဝထဲမွာ အတင်း
တိုးဝင်ပြီး နေရာယူခဲ့တာလေ။အခုကျ စိတ်ရှိသလို
ထွက်သွားမယ်ဆိုတော့ ငါက ဘာလဲ။ခင်ဗျားငါ့ကို
ဘယ္လို သတ်မှတ်ထားတာလဲ။ဖြေစမ်းပါ ရှောင်းကျန့်!!!"

"ငါတို့နှစ်ယောက်လုံး မှားခဲ့ကြတာမို့ ဒီလောက်နဲ့ပဲ
အဆုံးသတ်ရအောင်"

"ဟင့်အင်း....ဒီအတိုင်းအဆုံးသတ်ခွင့်မပေးနိုင်ဘူး။
ခင်ဗျားကိုတော့ လုံးဝလက်မလွတ်နိုင်ဘူး။ငါ့မှာ
ခင်ဗျားပဲ ရှိတာ ရှောင်းကျန့်ရဲ့"

"ဒါဆို ငါကေရာ....ငါ့မှာရော ဝမ်ရိပေါ် ကလွဲပြီး ဘယ်သူရှိခဲ့ဖူးလို့လဲ!!။ဝမ်ရိပေါ် အတွက်ပဲ တွေးနေခဲ့မိပြီး၊ဝမ်ရိပေါ်အတွက်ပဲ ရှင်သန်နေခဲ့ပြီး ကိုယ့်ကိုယ်ကိုယ်တောင် မေ့လျော့နေခဲ့မိတာ။ဒါပေမယ့်
ဝမ်ရိပေါ်ကတော့ ငါ့ဘက္ကို တစ်ချက်လေးတောင် တွေးမကြည့်ခဲ့ဖူးဘူးလေ"

"ဒီတစ်ခါ တကယ်ကတိပေးပါတယ်။ငါ ခင်ဗျား
မကြိုက်တာ ဘာဆိုဘာမှမလုပ်တော့ပါဘူး။
တကယ်ပါ။ကျေးဇူးပြုပြီး ငါ့ကိုတော့ မထားခဲ့ပါနဲ့။
အနည်းဆုံးတော့ ငါမြင်နိုင်တဲ့ လက်တစ်ကမ်းအကွာမှာပဲ ရှိနေပေးလို့မရဘူးလား"

မျက်ရည်တွေဝေ့သီနေတဲ့ မျက်ဝန်းညိုတွေထဲမှာ
ကြောက်ရွံမှုတွေကို အတိုင်းသားမြင်နေရတယ်။
ဆုံးရှုံးလိုက်ရမှာကို ကြောက်တဲ့စိတ်၊ထားသွားခံရမှာကို ကြောက်တဲ့စိတ်၊အဲ့ဒီစိတ်တွေက ရိပေါ်ကို
အရှင်လတ်လတ် ငရဲကျနေတဲ့ခံစားချက်မျိုးကို ခံစားရစေတယ်။

ဒီတစ်ယောက်ကိုတော့ဖြင့် အဆုံးစွန်ထိ သူ့အနားမှာ ရှိစေချင်ခဲ့တာ။
ဒီတစ်ယောက်ကိုတော့ဖြင့် တကယ္ကို ဆုံးရှုံးလို့
မဖြစ်လို့ပါ။

"တောင်းပန်ပါတယ် ဝမ်ရိပေါ်။ငါ ဝမ်ရိပေါ်ကို
ပထမဆုံးနဲ့ နောက်ဆုံးအကြိမ်အဖြစ် တောင်းဆိုတာပါ။ကျေးဇူးပြုပြီး ငါ့ကို လွတ်မြောက်ခွင့်ပေးပါတော့"

လှည့်ထွက်သွားတဲ့ ကျောပြင်ကို သူမတားနိုင်ခဲ့ဘူး။ဒီလူ့ကို ဒီအတိုင်းပဲ တကယ်ဆုံးရှုံးလိုက်ရတော့မှာလား။

"အခုလို ထွက်သွားမယ်ဆိုရင် ဘာလို့ ငါ့ဘဝထဲ
ဝင်လာခဲ့သေးတာလဲ။ဘာလို့ ဂရုစိုက်ပေးခဲ့တာလဲ!!!!"

"......."

"အဲ့အချိန်ကတည်းက ငါဘာဖြစ်ဖြစ် ပစ်ထားခဲ့လိုက်လေ။ဘာလို့ သောက်ရေးမပါတဲ့ နွေးထွေးမှုတွေကို ပေးခဲ့ရတာလဲ!!!"

"........"

"ထွက်မသွားဘူးလို့ ကတိပေးခဲ့တယ်လေ။ခင်ဗျားကတိပေးခဲ့တာကို မေ့သွားပြီလား။ခင်ဗျားက လူလိမ်ပဲ!!!"

"......"

"ဒီတစ်ခါ ထွက်သွားရင် လုံးဝပြန်မလာခဲ့နဲ့ ရှောင်းကျန့်။ငါ ခင်ဗျားကို သေတောင် ခွင့်မလွတ်ဘူး!!
ရှောင်းကျန့် ငါပြောတာကြားလား။လုံးဝ လုံးဝ
ခွင့်မလွတ်ဘူး!!"

အော်ဟစ်နေတဲ့ ရိပေါ်အသံတွေကို ကြားပေမယ့်
ရှောင်းကျန့် လှည့်မကြည့်မိ။ခက်ခက်ခဲခဲနဲ့ ခ်ထားရတဲ့ ဆုံးဖြတ်ချက်မို့ မယိုင်နဲ့စေချင်တော့ဘူး။

လုံခြုံရေးတွေရောက်လာပြီး ရိပေါ်ကို ဆွဲခေါ်သွားတဲ့အထိ ရှောင်းကျန့်ကတော့ လျစ်လျူ ရှုထားဆဲ။

"ရှောင်းကျန့်!!..."

ဒီတစ်ခါ အော်ခေါ်သံအကြားမှာတော့ ရှောင်းကျန့်
ခြေလှမ်းတွေ ရပ်တန့်သွားတယ်။

"ကျေးဇူးပြုပြီး နောက်ဆုံးအနေနဲ့ပဲဖြစ်ဖြစ် ကျွန်တော့ကို တစ်ချက်လောက် လှည့်ကြည့်ပေးသွားပါ"

ရှိုက်သံစွက်တဲ့ အသံလေးက မနူးညံ့ပေမယ့် မကြမ်းတမ်း။ဆို့နင့်နေတဲ့ အသံအက်ရှရှက ရှောင်းကျန့်ကို မျက်ရည်ကျစေလောက်တဲ့အထိ စွမ်းဆောင်နိုင်တယ်။

သူလှည့်ကြည့်လိုက်လို့ မဖြစ်ဘူး။သူလှည့်ကြည့်မိ
လိုက်တာနဲ့ အရာအားလုံးကို လွတ်ချပြီး ရိပေါ်ဆီကို ပြေးသွားမိမှာ။

နှုတ်ခမ်းကို ဖိကိုက်ထားရင်း လက္သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရတယ်။
မျဖစ္ဘူး အချစ်ရဲ့။ငါထွက်သွားမှ ဖြစ်မယ့်
အကြောင်းကို မင်းနားလည်အောင် ဘယ္လို
ရှင်းပြရမလဲ။

အကောင်းဆုံးတွေကိုပဲ ဒီလူက ပေးချင်ခဲ့တာပါ။
ငါက ဝမ်ရိပေါ်ကို သိပ်ချစ်ပါတယ်။
.
.
.

အမြင်အာရုံကနေ တရိပ်ရိပ်နဲ့ ပျောက်ကွယ်သွားတဲ့
ကျောပြင်လေးကို ကြည့်ရင်း အဆက်မပြတ်ကျဆင်းလာတဲ့ မျက်ရည်တွေကို ရိပေါ်မတားစီးနိုင်ခဲ့။

ထွက်မသွားပါနဲ့လို့ အော်ဟစ်နေပေမယ့် အသံက
ထွက်မလာတော့ဘူး။
တားမှဖြစ်မယ်ဆိုတဲ့အသိနဲ့ အမှီပြေးလိုက်ချင်ပေမယ့် ခြေထောက်တွေက အမိန့်ကို မနာခံတော့ဘူး။

နောက်ဆုံးတော့ ရှောင်းကျန့်က သူ့ကို ထားသွားခဲ့ပြီ။
ရှောင်းကျန့်က သူ့ကို တစ်ချက်ကလေးတောင်
လှည့်မကြည့်ဘဲ ထားသွားခဲ့ပြီ။

______________________________

Continue Reading

You'll Also Like

12.9K 587 30
တစ်ယောက်တည်းငါအထပ်ထပ်အခါခါစဥ်းစားနေမိတယ်။(😇) အဲ့ဒီအချိန်တွေကိုစဥ်းစားမိလိုက်တိုင်း(😔) ကမ်းခြေနဲ့ဒီရေတွေလို(🌊) ငါသဲလွန်စတွေကိုအမှတ်ရနေတုန်းပဲ(🤔) င...
53.1K 9.3K 46
මන්දාරම් අහස යට දී එකතු වුන ඒ ආදරය .. ඒ මන්දාරම් අහස යටදීම වෙන් වුනොතින් ..! රෂාන් ♡ මිහික Start = 2023. 11. 12 End = .................. Cover by...
257K 45.6K 57
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)
5.9K 345 17
ဒီမှာအရင်ဆုံး သတိပေးချင်တာက မားမော့သားတွေ နာမည်ပါတာမလို့ ဒီfic တစ်ပုဒ်လုံးက characters တွေအကုန်လုံးကို မားမော့အား crdပေးပါတယ်လို့ MDZSနဲ့ လုံးဝကွာခြာ...