Chapter 3

6.4K 711 2
                                    

အဖြူရောင်ဟာ သန့်စင်ခြင်းကိုကိုယ်စားပြုတယ်တဲ့။
တကယ်တော့ အဖြူရောင်ဆိုတာ သိပ်ကိုညစ်ညမ်း
လွယ်တယ်။အစွန်းအထင်းသေးသေးလေးကအစ
ကြီးမားတဲ့အကျိုးသက်ရောက်မှုကိုဖြစ်ပေါ်စေနိုင်တယ်။ပတ်ဝန်းကျင်နဲ့မိဘအသိုင်းအဝိုင်းဆိုတဲ့ အညစ်
အကြေးတွေကြောင့် ဝမ်ရိပေါ်ဆိုတဲ့အဖြူရောင်လေး
ဟာလည်း စွန်းထင်းနေခဲ့ပြီးဖြစ်သည်။

တတီတီမြည်နေတဲ့နှိုးစက်သံက ဝမ်ရိပေါ်ရဲ့မနက်ခင်းအတွက် ပထမဆုံးအဖော်မွန်။နှိုးစက်သံကြားတာနဲ့ အကျင့်ပါနေကျ မျက်လုံးတွေကအလိုလိုပွင့်လာသည်။နာရီကိုကြည့်တော့ မနက်6:30။အချိန်ဆွဲမနေတော့ဘဲ အိပ်ယာပေါ်ကနေကုန်းရုန်းထလို့
ကျောင်းသွားဖို့ပြင်ဆင်သည်။ဗီရိုထဲက ကျောင်းဝတ်စုံကိုထုတ်ဝတ်လို့ လွယ်အိတ်ကိုလွယ်ပြီး အိမ်
အောက်ထပ်ကိုဆင်းလာတော့ ထုံးစံအတိုင်း တစ်ယောက်မှမရှိ။ဒါပေါ့....ဘယ်ရှိမလဲ။ဒါကနေ့တိုင်း
ပုံမှန်ပဲမဟုတ်လား။သူထွက်ခွာသွားတဲ့အခါ နှုတ်ဆက်မယ့်သူမရှိသလို ပြန်လာတဲ့အခါဆီးကြိုနေမယ့်သူလည်းမရှိခဲ့ဖူးဘူးလေ။

မနက်7နာရီဆိုတာ ကျောင်းသွားဖို့အရမ်းစောလွန်း
နေသေးပေမယ့် ရိပေါ်ခပ်သုတ်သုတ်ထွက်လာခဲ့တယ်။ဒီငရဲခန်းလိုအိမ်က မြန်မြန်ထွက်လာနိုင်ဖို့ကသာသူ့အတွက်အရေးအကြီးဆုံးပဲ။

အိမ်ကနေထွက်လာပြီး ဘတ်စ်ကားမှတ်တိုင်မှာ
ကားအလာကိုရပ်စောင့်နေရင်း လွယ်အိတ်ထဲက
ပေါင်မုန့်တစ်လုံးကိုထုတ်ပြီးစားလိုက်သည်။
ဒါက သူ့ရဲ့မနက်စာ။

ကားပေါ်ရောက်တာနဲ့ ပြတင်းပေါက်နားကထိုင်နေကျနေရာမှာဝင်ထိုင်လိုက်ရင်း ဖုန်းကိုဖွင့်လို့နားကြပ်
တပ်ကာ သီချင်းနားထောင်နေလိုက်သည်။
စကားပြောသံကျယ်ကျယ်တွေထပ် သီချင်းသံကျယ်ကျယ်ကို ရိပေါ်ကပိုနှစ်သက်တယ်။

ကျောင်းရောက်တော့ဦးတည်မိတာက စာကြည့်တိုက်ကို။စာအုပ်တွေကိုသဘောကျလွန်းလို့တော့မဟုတ်။တစ်ကျောင်းလုံးမှာအတိတ်ဆိတ်ဆုံးနေရာမို့။
စာကြည့်တိုက်ရောက်တာနဲ့ ချောင်ကျကျစားပွဲခုံ
တစ်ခုံကိုရှာပြီး မှောက်အိပ်နေလိုက်တယ်။
အေးချမ်းတဲ့နေရာတွေကိုရိပေါ်ကနှစ်သက်တယ်။
ပူလောင်ခြင်းတွေပြည့်နှက်နေတဲ့ဘဝမှာ အေးချမ်းမှု
ဆိုတာကိုယ်တိုင်ဖန်တီးယူမှသာ။

When You Were Mine(Completed)Where stories live. Discover now