Chapter 22

4.1K 504 29
                                    

တစ်လမ်းလုံးတိတ်ဆိတ်လာတဲ့ ရှောင်းကျန့်က ရိပေါ်နဲ့ အကြည့်ချင်းတောင် မဆုံအောင် မျက်နှာလွှဲထားခဲ့တယ်။

အားပြင်းတဲ့ ရိုက်ချက်ကြောင့် နီရဲနေတဲ့ ပါးပြင်ဟာလည်း ယောင်ကိုင်းလို့။
ခေါင်းမာလွန်းတဲ့ ရှောင်းကျန့်ကတော့ ကိုယ့်နာကျင်မှုကိုယ်တောင် သတိပြုမိရဲ့လားမသိ။

အိမ်ပြန်ရောက်ရောက်ချင်း အခန်းဆီကို ဦးတည်နေတဲ့ ရှောင်းကျန့်လက်ကို လှမ်းဆွဲလိုက်ရင်း..

"နာနေတယ်မလား။အရင် ဆေးလိမ်းရအောင်"

"မလိုဘူး ဝမ်ရိပေါ်။အခုလို ဖြစ်ရတာ မင်းကြောင့်။မင်းသာ စိတ်လိုက်မာန်ပါ မလုပ်ခဲ့ရင်၊မင်းသာ
ငါ့စကားကို နားထောင်ခဲ့ရင် အခုလိုမဖြစ်ဘူး။
မင်းလုပ်ချင်တာလုပ်လိုက်ရလို့ ကျေနပ်တယ်မလား"

"မဟုတ်ဘူး ရှောင်းကျန့်။ငါက...ငါက ခင်ဗျားဘက်က ရပ်တည်ပြီး ခင်ဗျားကို ကာကွယ်ပေးချင်ခဲ့တာ"

"မလိုဘူး ဝမ်ရိပေါ်။မင်းကာကွယ်ပေးစရာမလိုဘူး။
မင်းမျက်လုံးထဲမှာ ငါ့ကိုဘယ်လိုမြင်နေလဲမသိပေမယ့် ငါက မင်းကာကွယ်ပေးတာခံရမယ့် ခပ်ညံ့ညံ့လူစားမျိုးမဟုတ်ဘူး။ငါ့အတွက်ဆိုတဲ့ အကြောင်းပြချက်နဲ့ မင်းရဲ့အတ္တတွေ၊ခေါင်းမာမှုတွေကို လမ်းကြောင်းမလွှဲနဲ့"

"......."

ရှောင်းကျန့်က ရိပေါ်အခန်းထဲ ဝင်သွားပြီး ဗီရိုထဲက အဝတ်တွေကို ထုတ်ကာ suitcaseထဲထည့်တယ်။ရှောင်းကျန့်လုပ်သမျှကို ရိပေါ်မျက်လုံးအပြူးသားနဲ့ ကြည့်နေမိတယ်။

"ရှောင်းကျန့်....ဒါဘာလုပ်တာလဲ"

"မင်း..ဟောက်ရွှမ်းအိမ်မှာပဲဖြစ်ဖြစ်၊မင်းအဖေအိမ်မှာပဲ ဖြစ်ဖြစ် ခနလောက်သွားနေလိုက်"

"ခင်ဗျားက အခု ငါ့ကို နှင်ထုတ်နေတာလား"

"ဝမ်ရိပေါ်....ငါတို့ ဒီရက်ပိုင်းအတွင်း မျက်နှာချင်းမဆိုင်ဘဲနေကြရအောင်။မင်းနဲ့ငါ အချိန်တစ်ခုလိုအပ်တယ်။မင်းလည်း မင်းအမှားကို မင်းသိပြီး မင်းရဲ့
အကျင့်ဆိုးတွေကို ပြင်နိုင်ဖို့၊ငါလည်း မင်းကို ဒီ့ထပ်ပိုပြီး သည်းခံနိုင်ဖို့ အချိန်အတိုင်းအတာတစ်ခု လိုအပ်တယ်"

When You Were Mine(Completed)Where stories live. Discover now