Chapter 26

4.5K 535 49
                                    

4years later.....

အဆုံးသတ်သွားတဲ့ ဇာတ်လမ်းတစ်ပုဒ်မှာ
နိုင်တဲ့သူနဲ့ ရှုံးတဲ့သူဆိုတာမရှိဘူး။
ရှေ့ဆက်လျှောက်သွားတဲ့သူနဲ့ ရပ်ကျန်နေခဲ့တဲ့သူပဲရှိတယ်။

ရှောင်းကျန့်က ရှေ့ဆက်လျှောက်ဖို့ ရွေးချယ်ခဲ့ပေမယ့် လက်တွေ့မှာတော့ သူက ခပ်ဝေးဝေး မပြေးနိုင်ခဲ့ဘူး။

Tokyo....
ဒါက ဝမ်ရိပေါ်ဆီကနေ သူထွက်ပြေးနိုင်ခဲ့တဲ့
အဝေးဆုံး အကွာအဝေးပဲ။

လေးနှစ်လုံးလုံး သူနေနိုင်ခဲ့တယ်။ဟင့်အင်း..နေနိုင်အောင် နေခဲ့တယ်။ဝမ်ရိပေါ်ရဲ့ သတင်းအစအနလေးကိုတောင် မစုံစမ်းပဲ သူနေနိုင်ခဲ့တယ်။

အဆင်ပြေနေရဲ့လား၊ကောင်းကောင်းမွန်မွန်နေထိုင်နေတယ်မဟုတ်လား....မေးခွင့်မရတော့မယ့်
မေးခွန်းတွေရဲ့ အဖြေကို သိချင်ပေမယ့် သိအောင်တော့ မကြိုးစားမိ။

သေချာပေါက် အဆင်ပြေနေမှာပါ။
သူ့ရဲ့လူဆိုးလေးက သိပ်စိတ်ဓာတ်မာတာလေ။

သူကတော့ အဆင်ပြေအောင် ကြိုးစားနေထိုင်ရမှာပေါ့။
နင့်နင့်သီးသီး လွမ်းနေရင်တောင် သူ့မှာထုတ်ပြောပိုင်ခွင့်မရှိဘူး။ဒါဟာ သူရွေးချယ်ခဲ့တဲ့လမ်းမို့ ဘယ်သူ့ကိုမှလည်း အပြစ်တင်မရ။

ကော်ဖီဖျော်တဲ့အချိန်တိုင်း သကြားပိုမထည့်တော့ဘူး။
မိုးရွာတဲ့အချိန်တိုင်းလည်း အိမ်ပြင်ထွက်ရပ်မနေ
တော့ဘူး။
ကြွေကျလာတဲ့mapleရွက်တွေကိုလည်း
လိုက်မဖမ်းတော့ဘူး။
တွေ့လား......ငါ ဝမ်ရိပေါ်ကို မလွမ်းတော့ဘူး။

-----------------------------

အိမ်ရော၊ဆိုင်ရော ​ရောင်းလိုက်ရတဲ့အတွက်
အဘိုးကို အားနာမိပေမယ့် သူ့မှာတခြားရွေးချယ်စရာ လမ်းမရှိခဲ့ဘူး။

အဲ့ဒီကရတဲ့ ပိုက်ဆံနဲ့ Tokyoမှာအခြေကျအောင်
ကြိုးစားရတယ်။နေရာသစ်မှာမို့ အစပိုင်းမှာတော့
သူ့အတွက် ခက်ခဲခဲ့ပေမယ့် တဖြည်းဖြည်းနဲ့ အသားကျလာခဲ့တယ်။

သူရထားတဲ့ဘွဲ့နဲ့ ကုမ္ပဏီတစ်ခုမှာ အလုပ်ဝင်လျှောက်တော့ အလုပ်ရခဲ့တယ်။ချက်ချင်းတန်းရတာတော့
မဟုတ်ခဲ့။ကုမ္ပဏီပေါင်းများစွာကို အလုပ်လျှောက်ခဲ့
ပြီးမှ ကံကောင်းထောက်မစွာ ရခဲ့တဲ့အလုပ်။

When You Were Mine(Completed)Where stories live. Discover now