Chapter 20

4.3K 527 22
                                    

အချိန်တွေကြာသွားတာတောင် ဘယ်တော့မှ
ခြေပြန်မချချင်တော့တဲ့ နေရာတွေထဲမှာ ဒီနေရာက
ထိပ်ဆုံးကပါတယ်။

မခေါ်ချင်လို့်ရပေမယ့် မတော်ချင်လို့မရဘူးတဲ့။
ရွေးချယ်ခွင့်ဆိုတာ မွေးဖွားလာကတည်းက ပျောက်ဆုံးနေခဲ့ရတာ။

မျက်နှာချင်းမဆိုင်ချင်တဲ့မျက်နှာတွေကို မြင်နေရတာက အတော်ကို စိတ်ကသိကအောက်ဖြစ်စေတယ်။
သူအစကတည်းက ဒီကိုမလာခဲ့သင့်ဘူး။

"မင်းအလေလိုက်လို့ဝရင် အိမ်ပြန်ခဲ့တော့ ဝမ်ရိပေါ်"

"အိမ်....ဘယ်အိမ်ကို ကျွန်တော်ကပြန်လာရမှာလဲ။ဒီစိတ်ပျက်စရာ ငရဲခန်းကိုပြောတာတော့မဟုတ်လောက်ပါဘူးနော်"

"ဝမ်ရိပေါ်!!ဒီအတောအတွင်း မင်းကိုငါဒီအတိုင်း
လွတ်ထားတယ်လို့များထင်နေတာလား"

"ဒါဆို အဖေက ကျွန်တော့အတွက် ဘာတွေများလုပ်ပေးထားတာတုန်း"

"ဝမ်ရိပေါ်....ငါလည်းအသက်ကြီးပြီ။မင်းကလည်း ငါ့ရဲ့တစ်ဦးတည်းသော မျိုးဆက်။ဒါကြောင့် ရှေ့လျှောက် ငါ့လုပ်ငန်းတွေကို မင်းကိုဦးစီးဖို့တာဝန်ပေး
မယ်လို့ ငါဆုံးဖြတ်ထားတယ်"

"နေပါဦး....အဲ့ဟာတွေကို လိုချင်ပါတယ်လို့ ကျွန်တော်ဘယ်တုန်းက ပြောခဲ့ဖူးလို့်လဲ။အဖေ့ရဲ့ ဇနီးအချောအလှလေးတစ်ယောက်လုံးရှိနေတာပဲ။သူလည်း ဒီပိုင်ဆိုင်မှုတွေကို လိုချင်ရှာမှာပေါ့"

"မင်းထင်ရာလျှောက်ပြောမနေနဲ့ ဝမ်ရိပေါ်။Yuuko
က မင်းထင်သလိုမဟုတ်ဘူး။မင်းကိုဒီနေရာပေးဖို့
သူကိုယ်တိုင်ငါ့ကို အကြံပေးခဲ့တာ"

"အိုးဟိုး....ကျေးဇူးတင်လွန်းလို့ ထိုင်တောင်ကန်တော့ချင်သွားတယ်။ဒါပေမယ့် စိတ်မကောင်းပါဘူး။
အဲ့ပိုင်ဆိုင်မှုတွေကို ကျွန်တော်မလိုချင်ဘူး"

"ဝမ်ရိပေါ်!!မင်းဟာ အရင်လို ရိုင်းဆိုင်းနေတုန်းပါပဲလား"

"ကျွန်တော်လိမ္မာအောင် အဖေက သွန်သင်ပေးခဲ့ဖူးလို့လား"

"ဝမ်ရိပေါ်!!!"

"တော်ပါတော့ အစ်ကိုရယ်။ရိပေါ်လေးက လူငယ်ဆိုတော့ လုပ်ငန်းကိစ္စတွေဘာတွေ ဘယ်စိတ်ဝင်စားမလဲ။သူစိတ်ဝင်စားလာအောင် ဘေဘီတို့က
ဆွဲခေါ်ရမှာပေါ့။ဘေဘီ့ညီမဝမ်းကွဲAikoနဲ့အတူ
အလုပ်တွဲလုပ်ရင်းနဲ့ ရိပေါ်လေးလည်းတဖြည်းဖြည်း
စိတ်ဝင်စားလာမှာပါ"

When You Were Mine(Completed)Where stories live. Discover now