Uni
လင်းထက်ရဲ့ခေါင်းပေါ်မှာ Question Markတွေအများကြီးပေါ်လာသည်။ စက်ရှိန်က သူ့အိမ်ကိုလာနေစရာ ဘာအကြောင်းရှိလို့လဲ။
“ဒေါက်တာ။ အပေါက်ဝကဖယ်ဦးမှာလား။”
“အယ်....နေပါဦး။ မင်းကဘာလို့ ဒီမှာလာနေမှာလဲ။”
“ဟာဗျာ ဒေါက်တာပဲလာနေဆို။”
“မဟုတ်.......အဲတာကဒီတိုင်း......”
“အာ..........ဒေါက်တာကလည်း ပြောပြီးစလစ်နံပါတ်၁ပဲ။ ဘာမှပူမနေပါနဲ့။ အိမ်လခကိုကျွန်တော်ရှင်းပါ့မယ်။ ကျွန်တော်ထောတာသိတယ်မို့လား။”
“အေးပါကွာ။ ဒါနဲ့ မင်းလာနေမယ်ဆိုတော့ မင်းမိန်းမကရော။”
“ဒေါက်တာ ထမင်းစားနေတာလား။”
စက်ရှိန်က စကားလမ်းကြောင်းလွှဲလိုက်တာမို့ သူတကယ်မပြောချင်တာမှန်း လင်းထက်ရိပ်မိပါသည်။ ခုနကအကြောင်းကို ခဏမေ့ထားကာ ထမင်းဝိုင်းဆီပြန်လှည့်သည်။
“အင်းလေ။ ငါစားနေတာ။ မင်းရော စားပြီးပြီလား။"
"ပြီး.....အာ...မပြီးသေးဘူး။ ကျွန်တော် ဒီမှာစားလို့ရတယ်မလား။”
ပါးစပ်ကသာခွင့်တောင်းနေတာ လူကထိုင်ပြီး ထမင်းတောင်ခူးနေပြီဖြစ်သည်။ လင်းထက်က မကျေမနပ်ကြည့်လိုက်ကာ ခုနကထမင်းကိုဆက်စားလိုက်သည်။ သူ့ရှေ့ကကောင်လေးကြောင့်ထင်ပါသည်။ ခုနက စားမဝင်သည့်ထမင်းတောင် အခုတော့ စားကောင်းနေပြီဖြစ်သည်။
“ကျွန်တော် ဒေါက်တာနဲ့ပဲတူတူအိပ်မယ်လေနော်။ ရတယ်မို့လား။”
စားရင်းသောက်ရင်းရုတ်တရက်ထ,ပြောလိုက်သော စက်ရှိန်စကားကြောင့် လင်းထက် ထမင်းသီးမလိုပင်ဖြစ်သွားသည်။
“ငါ.......ငါ အဲ့လိုမအိပ်တတ်ပါဘူး။ မင်းကလဲ။ တခြားနေရာသွားအိပ်စမ်းပါ။ အခန်းကဒီတစ်ခန်းပဲရှိပေမဲ့လို့ အိမ်ပေါ်ထပ်တစ်ထပ်လုံးကျန်သေးတာပဲကို။”
“ကျွန်တော့်မှာ စောင်တွေအပိုမှပါမလာတာ။ ခေါင်းအုံးတောင် ဘယ်လိုလုပ်ရမလဲမသိဘူး။”
လင်းထက်က အတူမအိပ်ချင်ပေမဲ့ စက်ရှိန်ရဲ့သနားစရာမျက်နှာလေးကိုကြည့်ပြီး မတတ်နိုင်စွာပဲခွင့်ပြုလိုက်ရသည်။
လရောင်မှိန်မှိန်လေးက ပြတင်းပေါက်မှတဆင့် ကုတင်ပေါ်ရှိလူငယ်လေးနှစ်ယောက်ဆီသို့ကျရောက်သည်။ အခန်းမီးပိတ်ထားတာမို့ လရောင်ရှိရာကုတင်ပေါ်မှလွဲ၍ ကျန်နေရာအားလုံးမှာ မှောင်နှင့်မဲမဲ။ စက်ရှိန်ကခေါင်းအုံးလေးကိုအပိုင်စီးထားကာ လင်းထက်အိပ်နေတာကတော့ စက်ရှိန်၏လက်မောင်းပေါ်တွင်ဖြစ်သည်။
စက်ရှိန်က သူ့ရင်ခွင်ထဲရှိ ကောင်လေးကိုကြည့်ရင်းနူးနူးညံ့ညံ့ပြုံးလိုက်သည်။ လရောင်သည် သူချစ်ရသောကောင်လေးအပေါ် ညင်သာစွာထိုးပြနေလျှက်ရှိသည်။ နှစ်ယောက်အတူမအိပ်တတ်ပါဘူးဆိုသည့် ကောင်လေးသည် သူ့ထက်စောစီးစွာပင်အိပ်ပျော်သွားပြီဖြစ်သည်။ အရင်ရက်တွေက ဘယ်လောက်အိပ်ရေးပျက်ခဲ့သလဲမသိ။ မျက်ကွင်းအောက်က အမဲရိပ်လေးက ပန်ဒါလေးသဖွယ်။
စက်ရှိန်က ကောင်လေး၏ နှဖူးကိုဖွဖွလေးနမ်းကာ မျက်လုံးတွေကိုပိတ်လိုက်သည်။ သူချစ်ရသော လူသားလေး သူ့ရင်ခွင်ထဲမှာ ရှိနေတာနဲ့တင် အရာအားလုံးပြည့်စုံနေပါသည်။
“အားးးးးးးသွားပါပြီ။ သေပြီသေပြီ။ နောက်ကျပါပြီနော်။”
လင်းထက်တစ်ယောက်နိုးနိုးချင်း နာရီအသေးလေးကိုကြည့်ကာ အသံဗြဲနှင့် ထအော်သည်။ နာရီလက်တံသည်၈နာရီ၄၅ပင်ရှိနေပြီဖြစ်သည်။ ဆေးရုံသွားရဦးမည်ဟူသော အသိစိတ်နှင့် နောက်ဖေးရေကန်ကိုပြေးမလို့အလုပ်မှာ မီးဖိုချောင်ဘက်က စက်ရှိန်၏အသံကိုကြားလိုက်ရသည်။
“ဒေါက်တာ ဒီနေ့လပြည့်နေ့လေ။ ဆေးရုံနားမယ်မလား။”
“ဟမ်?”
သူအဲ့တော့မှစဉ်းစားမိသည်။ ပြက္ခဒိန်ကိုကြည့်လိုက်တော့ လပြည့်နေ့ဆိုသောစာသားနီနီက အထင်းသားလေး။ အလျင်မလိုတော့တာမို့ မျက်နှာအရင်သစ်ဖို့မစဉ်းစားဘဲ စက်ရှိန်ဘာလုပ်နေလဲဆိုတာ သွားကြည့်လိုက်သည်။ စက်ရှိန်က စွပ်ကျယ်တစ်ထည်နှင့် ပုဆိုးတိုတိုဝတ်ထားတာကြောင့် ကြည့်ရတာ တကယ့်သာမန်ဆန်လွန်းလှသည်။
ပဲဝါလေးကို ပြုတ်ထားတာမို့ အနံ့လေးကသင်းနေသည်။ စက်ရှိန်က ပဲအိုးကိုချလိုက်ကာ ဘေးနားမှထမင်းအိုးကိုပါ တစ်ခါတည်းခလုပ်ပိတ်လိုက်သည်။ အခုမှချပြီးကာစရေနွေးအိုးကိုပါ ထပ်ပေါင်းထည့်တော့ သူတောင်ဘာမှလုပ်စရာမလိုတော့။
“စက်ရှိန်။ ပဲဝါလေးက ဘာလုပ်ဖို့လဲ။”
“ဟင်? ထမင်းနဲ့နယ်စားကြမယ်။ ဆီလေးဆားလေးဖြူးပြီးတော့။ ရေနွေးကြမ်းလေးနဲ့လေ။”
စက်ရှိန်ပဲအပြောကောင်းတာလား။ သူပဲဗိုက်ဆာလာတာလားတော့မသိပေ။ မြင်ယောင်နေရင်းကို စားချင်စိတ်ကဖြစ်လာသည်။ စက်ရှိန်က သူနှုတ်ခမ်းသပ်လိုက်တာကိုကြည့်ကာ ရယ်နေရင်းသား သူ့ပါးနှစ်ဖက်ကိုလှမ်းဆွဲ၍ ရန်ဖြစ်လိုက်ရသေးသည်။ အရင်ကခြောက်ကပ်ကပ်အိမ်ကလေးဟာ ဒီနေ့တော့ မနက်လင်းတာနဲ့ ဆူညံလို့။
“စက်ရှိန်။ ဘုရားဆွမ်းတော်ကပ်ဖို့လည်း ချန်ထားဦးနော်။”
“ဟုတ်။”
သူသွားကိုသေချာတိုက်ရင်းစဉ်းစားနေမိသည်။ စက်ရှိန်က ဒီလောက်ချက်တတ်မယ်လို့ သူတစ်ခါမှမတွေးဖူး။ သူချက်တတ်တယ်ဆိုတာတောင် ဟိုဟာနဲနဲဒီဟာနဲနဲလောက်ပဲချက်တတ်တာမဟုတ်လား။ ဘာပဲဖြစ်ဖြစ် ဒီနေ့ရဲ့မနက်စာလေးကတော့ စိုပြေနေမှာအမှန်။ ဗိုက်လေးကိုပွတ်ကာ သွားတိုက်ခြင်းကိုလက်စသတ်၍ ထမင်းစားပွဲဆီပြေးတော့ စက်ရှိန်ကအားလုံးပြင်ဆင်ပြီးသားဖြစ်နေလေပြီ။
“ဟေးးးး ဒေါက်တာ မနက်ပိုင်းရေမချိုးဘူးလား။”
“အင်း။ ဒီနေ့တော့ ငါဗိုက်ဆာနေလို့။”
ထိုင်ခုံမှာဝင်ထိုင်လိုက်တော့ ပဲ၏အနံ့သင်းသင်းလေးက လူကို ကလူကျီစယ်သည်။ ပန်းကန်ထဲကမြင်ကွင်းကလည်း သူ့ကို စားပါစားပါဟူ၍ဖိတ်ခေါ်နေသကဲ့သို့ပင်။ ပဲဝါလေးတွေက ထမင်းအကြားမှာ နှံ့စပ်စွာအနယ်ခံထားရသည်။ ဆီဆမ်းထားသောကြောင့် ထမင်းလုံးလေးတွေက အိအိလေးနှင့်စားကောင်းမည့်ပုံလေးဖြစ်နေသည်။ ဘေးနားမှာလည်း အငွေ့တထောင်းထောင်းနဲ့ ရေနွေးခွက်လေးရှိသည်။ သူဒီရောက်ကတည်းက စားခဲ့သမျှမနက်စာထဲတွင် ဒီမနက်စာက အကောင်းဆုံးဆိုတာ သူရဲရဲကြီးဝန်ခံပါသည်။
အနောက်ကကျားလိုက်သလို ပလုတ်ပလောင်းစားနေသော လင်းထက်ကိုကြည့်ကာ စက်ရှိန်က သဘောတကျရယ်နေသည်။ သူလည်း စားတော့စားပေမဲ့လို့ လင်းထက်လောက်တော့မဟုတ်။ မနက်စာကို ရေနွေးနွေးလေးတစ်ခွက်နဲ့အဆုံးသတ်ပြီးချိန်မှာတော့ လင်းထက်ဗိုက်လည်း တင်းလှပြီ။ ကာတွန်းကားထဲမှာသာဆိုလျှင်တော့ ဖောင်းကားနေသည့်ဗိုက်ကြီးကိုတွေ့မြင်ရလောက်သည်။
“စက်ရှိန် ။ မင်းလုံးဝမိုက်တယ်ကွာ။ ငါမထင်ထားဘူး။ ဗဲရီးဂွတ်ပဲ။”
လင်းထက်က အိမ်ရှေ့ရှိထိုင်ခုံလေးမှာ ခပ်လျော့လျော့ထိုင်ကာ စက်ရှိန်ကို လက်မထောင်ပြရင်းပြောလိုက်သည်။
“အဟင်း ဒါကဘာမှမဟုတ်ပါဘူး။ ပဲပြုတ်တာလေးပဲကို။ ဒေါက်တာစားချင်ရင် ကျွန်တော် တခြားဟာတွေလဲချက်ကျေွးမယ်လေ။”
စက်ရှိန်မျက်နှာက ချီးကျူးခံလိုက်ရသဖြင့် ခပ်မော့မော့။ လင်းထက်က ဒါကိုမြင်ပေမဲ့ နောင်မှာချက်ကျေွးမဲ့သူရပြီမို့ ဝမ်းသာအားရဖြစ်သွားသည်။
“တကယ်လားစက်ရှိန်။ အာ့ဆို မင်းကိုပဲအားကိုးပါတယ်ကွာနော်။ ဟဲဟဲ။ ငါတစ်ယောက်ထဲဆို ဝယ်စားလိုက်ချက်စားလိုက်နဲ့။ ချက်တာက တအားပင်ပန်းတယ်ကွ။ ဒါနဲ့ မင်း.....ဘယ်လိုချက်တတ်နေတာလဲ”
“မေမေက ဟင်းချက်ဝါသနာသိပ်ပါတာ။”
“ဪ...........ဆောရီး ငါ့ကြောင့်စိတ်မကောင်းဖြစ်သွားပြီထင်တယ်။”
“ကိစ္စမရှိပါဘူး။ ဒါနဲ့ဒေါက်တာ ညကျရင် ကျွန်တော်တို့ ရွှေသက်လွတ်ဘုရားကိုသွားရအောင်လေ။ အဲ့ဘက်ကကမ်းနားမှာ ဆီမီးတွေမျှောတယ်။ ပျော်စရာကြီး။”
“တကယ်လား။ မင်းငါနဲ့လိုက်ပေးမှာပေါ့”
“ဒါပေါ့ ဒေါက်တာရ သွားရအောင်။”
“အိုခေ။ ငါအာ့ဆို အိင်္ကျီသွားရွေးလိုက်ဦးမယ်နော်။ ဟဲဟဲ။”
“ဟုတ်ကဲ့”
အိမ်ထဲကိုတက်ကြွစွာဝင်သွားသော ဆရာဝန်လေးကိုကြည့်ရင်းပြုံးလိုက်သည်။ သူ့ဘောင်းဘီအိတ်ကပ်ထဲကို နှိုက်လိုက်တော့ ငွေဆွဲကြိုးလေးတစ်ကုံးကပါလာသည်။ စက်ရှိန်က ထိုဆွဲကြိုးလေးကို အနဲငယ်ပွတ်သပ်ကာ အိတ်ထဲသို့ပြန်ထည့်လိုက်သည်။ သေချာကြည့်လျှင်တော့ သူ့မျက်ဝန်းထဲမှ စိုးရိမ်မှုတစ်စွန်းတစ်စကိုမြင်ရပါလိမ့်မည်။
မိုးလေကင်းလွတ် သီတင်းကျွတ်ဆိုသလို ကောင်းကင်တစ်ခုလုံးက ကြည်လင်သန့်ရှင်းနေသည်။ လမင်းကြီးကလည်း မိုးပေါ်မှနေ၍ လောကတစ်ခွင်ကိုပြုံးပြုံးကြီးငုံ့ကြည့်နေသည့်အလား။ ရွှေရောင်အလင်းတန်းတွေက ကောင်းကင်တစ်ခုလုံးမှာ နှံ့နေလျှက်။ ဘေးဘီကိုကြည့်လိုက်ပြန်တော့လည်း အိမ်တိုင်းမှာ ဆီမီးတွေကိုယ်စီဖြင့်လှလေစွ။
ခြံစည်းရိုးတွေမှာလည်း ဆီမီးခွက်လေးတွေအစီအရီဖြင့် တလက်လက်တောက်နေသည်မှာ မိုးပေါ်က ကြယ်တွေအလားပင်။ သီတင်းကျွတ်ရာသီမို့ ဆောင်းဓာတ်ပါသော လေတို့က သူတို့ကို အနဲငယ်ချမ်းအေးစေပေမဲ့ ဆီမီးတို့၏အနွေးဓာတ်ကြောင့်ခံနိုင်ရည်ရှိနေသည်။ အိမ်တိုင်းက ဆီမီးခွက်တွေကို မြင်တိုင်း မြတ်စွာဘုရားကို မီးပူဇော်ထားတာဆိုသည့် စိတ်ကလေးနှင့် သာဓုခေါ်မိသည်မှာလည်းအခါခါပင်။
တချို့အိမ်တွေထဲမှာ မိဘတွေ၊ အဘိုးအဘွားတွေကို ရိုသေစွာကန်တော့နေကြတာကိုလှမ်းမြင်နေရသည်။ အဘိုးအဘွားတွေကလည်း ဆုပေးကာဖြင့် ၊သားသမီးတွေကလည်း ကြည်နူးစွာဖြင့်.......။ လင်းထက် ထိုမြင်ကွင်းကိုကြည့်ကာ ခုလေးတင်ဖုန်းပြောလာပါသောအမေ့ကို လွမ်းမိပြန်သည်။ စက်ရှိန်မျက်နှာမှာလည်း ကြည်နူးရိပ်နှင့် ဝမ်းနည်းမှုတို့ပေါင်းဆုံသော အပြုံးတစ်ခုနှင့်။
လင်းထက်က စက်ရှိန် လက်ကိုဖွဖွလေးဆုပ်ကိုင်ထားလိုက်သည်။ စက်ရှိန် အားငယ်နေမှာ သူ မလိုလားပါ။
စက်ရှိန်မှာဆိုင်ကယ်ရှိပေမဲ့ တမင်သက်သက်ကို လမ်းလျှောက်နေကြတာဖြစ်သည်။ ကလေးသေးသေးလေးတွေက လမ်းမတွေမှာ ပျော်ရွှင်စွာကစားနေကြသည်။ ကလေးထိန်းကြရင်း ဝင်ဆော့နေကြသည့် အစ်မကြီးတွေကိုလည်း မြင်တွေ့ရသည်။ ဘုရားဝင်းထဲအဝင်မှာ ညောင်ပင်ကြီးရှိသည်။
စက်ရှိန်၏ပြောပြချက်အရ ဤညောင်ပင်သည် ဒီမြို့လေး၏ညောင်ရေသွန်းပွဲတော်တွင် အခရာကျသည့် ညောင်ပင်ကြီးဟုသိရသည်။ ဘုရားဝင်းသည်ကား မီးထိန်ထိန်ရှိကာ ဈေးရောင်းသူတချို့ကိုလည်းတွေ့မြင်ရသည်။ ဘုရားသည်မြစ်ကမ်းနားတွင်ရှိကာ ဘုရားပေါ်မှ မြစ်ကမ်းစပ်သို့ ဆင်းသည့်လှေကားလေးလဲရှိသည်။
သူတို့နှစ်ယောက်ရှေးဦးစွာ ဘုရားဝတ်ပြုကြကာဆင်းတုတော်ကြီးရှေ့တွင် ဆီမီးကပ်လှူသည်။ အဝေးမှအမေ နေကောင်းပါစေကြောင်းနဲ့ တခြားသောအရာတွေကိုဆုတောင်းခဲ့ကြသည်။
ကမ်းနားဘက်မှာ ဝရန်တာသဖွယ်ကာထားသော လက်ရန်းကြီးနှစ်ခုရှိသည်။ အလယ်တွင်တော့ မြစ်ကမ်းစပ်ဆင်းရာလှေကားလေး။ လူတွေအများကြီးက လက်ရန်းကြီးကိုမှီ၍ မီးရှူးမီးပန်းဖောက်သူဖောက်၊ တချို့ .....ဆီမီးမျှောတာကြည့်သူကြည့်နှင့် စည်ကားလှသည်။ လင်းထက်နဲ့ စက်ရှိန် နှစ်ယောက်လုံးက အိင်္ကျီအဖြူလက်ရှည်နှင့် ပုဆိုးကွက်လေးတွေဝတ်ထားကြတာမို့ လူရည်သန့်ကာ ချောမောနေကြသည်။ မိန်းကလေးအများစုက သူတို့နှစ်ယောက်ဆီမှ တော်တော်နှင့်အကြည့်မခွာနိုင်ကြ။
လင်းထက်က စက်ရှိန် ဆီတစ်ချက်လှည့်ကြည့်သည်။
“ဟေ့ရောင် မမေ့ခဲ့ဘူးမလား။”
“မမေ့ပါဘူးဆို ဒေါက်တာကလဲ။ ကျွန်တော်ယူခဲ့ပါတယ်။”
စက်ရှိန်က ဆီမီးခွက်တွေ၊ မီးစာတွေထည့်ထားသော အိတ်ကိုမြှောက်ပြကာ ရယ်ကျဲကျဲနှင့်ပြန်ဖြေသည်။ သူတို့နှစ်ယောက်လှေကားကနေဆင်းလာတော့ မီးခွက်မျှောသူ အတော်များများပင် ပြန်တက်ကုန်ကြပြီဖြစ်သည်။ တချို့တဝက်သာ ကျန်ရှိနေသေးသည်။
လင်းထက်က မြစ်ကြီးကိုတွေ့နေရတာကြောင့် အတော်လေးစိတ်ပျော်ရွှင်နေသည်။ လေတဟူးဟူးကလည်း လတ်ဆတ်စွာ တိုက်ခတ်နေသည်။ ဒီပုံစံ၊ ဒီမြင်ကွင်းလေးသည် သူ့အတွက်လုံးဝperfect ဖြစ်နေသည်။ ကမ်းနားမှာ ထိုင်ချလိုက်တော့ စက်ရှိန်ကလည်း သူ့အနားမှာပင်လာထိုင်သည်။ သူ့မျက်စိထဲမှာ စက်ရှိန်က ဒီနေ့မှ ပိုချောနေသလိုပင်။
“စမျှောကြတော့မလား။”
“အင်းလေ။ လုပ်တော့ အမြန်။”
“အိုခေ။”
စက်ရှိန်ကဘေးနားမှနေ၍ မီးခွက်ထဲကိုဆီဖြည့်ကာ မီးစာကြိုးလေးထည့်ပေးထားသည်။ သူကတော့ မီးစာလေးကို မီးညှိကာ မြစ်ထဲသို့ဂရုတစိုက်မျှောလိုက်လေသည်။ တစ်ခွက်တစ်ခွက်မျှောပြီးတိုင်းလည်း လက်အုပ်လေးချီကာ မြတ်စွာဘုရားကိုအာရုံပြုဖို့လည်း မမေ့။ လင်းထက်ရဲ့မျက်နှာလေးက ကုသိုလ်ကောင်းမှုကြောင့် ပီတိဖြစ်ကာ အပြုံးချိုချိုလေးထင်ဟပ်နေသည်။
“ဒေါက်တာ”
“ဟင်?”
စက်ရှိန်က ရုတ်တရက် ဆီမီးမျှောမလို့ပြင်နေသည့် သူ့လက်ကိုဆုပ်ကိုင်လာသည်မို့ သူကြောင်တောင်တောင်လေးဖြစ်သွားသည်။
“ကျွန်တော် ကွာရှင်းခဲ့ပြီ။”
“ဪ.....”
ပါးစပ်မှ ဪဟူ၍သာထွက်သော်လည်း သူ့မျက်နှာကလေးက ခုနကထက်ပြုံးမိသွားတာကို သူကိုယ်တိုင်သတိထားမိလိုက်သည်။
“ဒေါက်တာကျွန်တော့်ကိုလက်ထပ်မလား။”
“ဟေးးးးးးးးးးမင်း နောက်မနေပါနဲ့။”
သူကဆုပ်ကိုင်ထားသည့် လက်ကိုရုန်းလိုက်ကာ ရှက်ကိုးရှက်ကန်းနှင့်ပြောလိုက်သည်။ ဒါက စနောက်မှုဆိုပေမဲ့ စိတ်ထဲမှာအမှန်လိုထင်မှတ်သွားသည်မို့ ဗရမ်းဗတာဖြစ်သွားသည့်နှလုံးသားလေးကို ငြိမ်နေအောင်မနဲဆုံးမနေရသည်။
“ကျွန်တော်မနောက်ဘူး။ အတည်ပြောနေတာ။ ဒေါက်တာကျွန်တော့်ကိုလက်ထပ်ပါလား။”
သူ့လက်ကိုနောက်တစ်ကြိမ်ဆုပ်ကိုင်ကာ ပြောလိုက်ချိန်မှာတော့ သူ့ခေါင်းထဲမှာ သွေးတွေတိုးလာသလို့တဒိန်းဒိန်းနဲ့ခံစားနေရသည်။ သူဒါကိုတကယ်အတည်ယူမိတော့မှာဖြစ်သည်။
စက်ရှိန်က မျက်နှာကိုတည်ထားကာ အိတ်ကပ်ထဲက ငွေရောင်ဆွဲကြိုးလေးကို တရိုတသေထုတ်၏။ ဆွဲကြိုးကိုင်ထားသည့်လက်လေးကို လင်းထက်ရှေ့ကိုကမ်းပေးကာ ပြောလိုက်သည်။
“ကျွန်တော်နဲ့ လက်ထပ်ပါလားဒေါက်တာ”
လင်းထက်က စက်ရှိန်ကိုအံ့အားသင့်နေသည့်မျက်ဝန်းအစုံဖြင့်ငေးကြည့်နေမိသည်။ လက်ထဲကဆွဲကြိုးလေးကို ငုံ့ကြည့်မိတော့ စက်ရှိန်၏ခပ်ရှရှအသံလေးကထွက်ပေါ်လာသည်။
“ဒါ......မေမေချန်ထားခဲ့တဲ့ကြိုးလေး။ ကျွန်တော်ချစ်တဲ့သူကိုပေးဖို့ဆိုပြီး အရင်ထဲကရည်ရွယ်ထားခဲ့တာ။ ယူမလား ဒေါက်တာ။”
လင်းထက်ခေါင်းထဲမှာ ဘဲဝါလေးတွေအများကြီးပတ်ပြေးကာအော်နေကြသည်။ ဒါက တကယ်ပါဆိုပြီးယုံချင်နေပေမဲ့ သူ မယုံရဲဖြစ်နေသည်။ ကိုယ်သဘောကျတဲ့လူတစ်ယောက်က ကိုယ့်ကိုဘလိုင်းကြီးလက်ထပ်ခွင့်တောင်းတယ်ဆိုတာ ယုံသင့်တဲ့ကိစ္စမှမဟုတ်ပဲ။ ဒါပေမဲ့ အသနားခံသလိုမျက်လုံးတွေနဲ့ ကြည့်နေသည့်စက်ရှိန်ကိုကြည့်မိတော့ သူ့ရင်ထဲဒိန်းကနဲဖြစ်သွားသည်။ စက်ရှိန်ကနောက်နေတယ်ဆိုရင်တောင် ဒီစနောက်မှုမှာ သူ ပါဝင်ဖို့ဆန္ဒရှိပါသည်။
“အိုခေ။ ပြီးရော။ ငါမင်းကိုလက်ထပ်မယ်။”
လင်းထက်က ဆွဲကြိုးလေးကိုဆွဲယူကာ ပြောလိုက်ပေမဲ့ စက်ရှိန်က ပြန်ဆွဲထားသည်။ လင်းထက်စိတ်ထဲမှာ ဒီစနောက်မှုကပြီးဆုံးသွားပြီလို့ တွေးလိုက်မိပေမဲ့ တကယ်တမ်းတော့ ဒီလိုဖြစ်မလာခဲ့ပေ။ စက်ရှိန်က ဆွဲကြိုးလေးကို ပြန်ဆွဲယူကာ လင်းထက် လည်ပင်းမှာ ဆွဲပေးလိုက်သည်။ ဆွဲကြိုးလေးက ငွေနဲ့လုပ်ထားတာကိုမှ ကွင်းဆက်သေးသေးလေးတွေနဲ့ဖြစ်သည်။ လင်းထက်က ထိုဆွဲကြိုးလေးကို ဖွဖွလေးထိကြည့်သည်။ ဒီဆွဲကြိုးလေးကို သူတသက်လုံးဝတ်ထားချင်မိပါသည်။
“ကျေးဇူးပါဒေါက်တာ။”
“အေးပါ။ ဒါပေမဲ့ မင်း.......မင်း ငါ့ရဲ့အိမ်ရှင်မဖြစ်ပေးရမယ်နော်။”
“ဟုတ်ကဲ့။”
“ပြီးတာပဲ။ ငါ့လက်ကိုလွှတ်တော့ ဆီမီးမျှောရဦးမယ်။”
“တူတူမျှောမယ်လေဒေါက်တာ။ ပြီးရင်ကျွန်တော်တို့အတွက်ဆုတောင်းကြတာပေါ့။”
“အင်း။”
ကမ်းစပ်မှာကောင်လေးနှစ်ယောက်ဆီမီးမျှောနေကြသည်။ကောင်လေးတစ်ယောက်က ကျေနပ်သည့်အပြုံးကြီးဖြင့် သူ့ဘေးက ပုပုသေးသေးကောင်လေးကို မကြာမကြာငုံ့ကြည့်နေသည်။ ဘေးကကောင်လေးကတော့ ခေါင်းကိုငုံ့ထားကာ ဆီမီးခွက်တွေဆီမှာပဲ အကြည့်ပို့ထားသည်။ သူ့ကြည့်ရတာ ရှက်နေသည့်ပုံပင်။
နှစ်စဉ်နှစ်တိုင်း သီတင်းကျွတ်ကာလရောက်လျှင် ထိုကောင်လေးနှစ်ယောက်သည် ဒီနေရာလေးမှာလာပြီး ဆီမီးမျှောလေ့ရှိသည်။ ရောက်လာတိုင်းလည်း အရပ်ရှည်ရှည်ကောင်လေးက သူ့ဘေးကပုပုသေးသေးကောင်လေးကို ပြုံးပြီးကြည့်နေလေ့ရှိသည်။ အကြည့်ခံရသည့်ကောင်လေးမှာတော့ ဆီမီးခွက်တွေဆီသာအကြည့်ပို့ရင်း ပြုံးစိစိလုပ်နေတတ်သည်။ ထို့အတူပင်။ ထိုကောင်လေးနှစ်ယောက်ကိုကြည့်ရင်း ပါးစပ်အဟောင်းသားဖြစ်နေကြသူတွေလည်း ဝရန်တာထက်မှနေ ငုံ့ကြည့်နေလျှက် ရှိကြပါသည်။
THE END.
……………………………………………………………………………………………………………………………………………………………….
Pick’s Note
ပျော်ရွှင်စရာသီတင်းကျွတ်လေးပါ။ ရောက်တော့မရောက်သေးပေမဲ့ ကြိုပြောထားမယ်နော်။ ဒီစာလေးကို တောင်းဆိုပေးကြလို့ ကြိုက်ပေးကြလို့ နောက်ပြီးချစ်ပေးကြလို့ ကျေးဇူးပါ။ မျှော်နေပေးခဲ့တာတွေ သဘောကျပေးခဲ့တာတွေအတွက် လုံးဝကိုပျော်ရပါတယ်။ တခြားတခြားသောဇာတ်လမ်းတွေဆက်ရေးဦးမှာပါ။ အရေးအသားကိုထောက်ပြပေးပါ။ ဝေဖန်ပေးပါ။ အကြံပေးကြပါ။ ဖတ်သူတွေရဲ့အကြံဉာဏ်ဟာ ရေးသူတွေအလိုချင်ဆုံးအရာတစ်ခုပါပဲ။
ချစ်ပါတယ်.....
အလေးထားပါတယ်.......
ကျန်းမာရေးဂရုစိုက်ကြပြီး ပျော်ရွှင်ကြပါစေလို့ဆန္ဒပြုပါတယ်။
ပြီးတော့.....
သီတင်းကျွတ်ရောက်တိုင်း ဒေါက်တာလေးနဲ့ သူ့ရဲ့ခပ်ဆိုးဆိုးကောင်လေးကို ဖျတ်ခနဲသတိရပေးပါ။
Love you ………
Zawgyi
လင္းထက္ရဲ့ေခါင္းေပၚမွာ Question Markေတြအမ်ားႀကီးေပၚလာသည္။ စက္ရွိန္က သူ႔အိမ္ကိုလာေနစရာ ဘာအေၾကာင္းရွိလို့လဲ။
“ေဒါက္တာ။ အေပါက္ဝကဖယ္ဦးမွာလား။”
“အယ္....ေနပါဦး။ မင္းကဘာလို့ ဒီမွာလာေနမွာလဲ။”
“ဟာဗ်ာ ေဒါက္တာပဲလာေနဆို။”
“မဟုတ္.......အဲတာကဒီတိုင္း......”
“အာ..........ေဒါက္တာကလည္း ေျပာၿပီးစလစ္နံပါတ္၁ပဲ။ ဘာမွပူမေနပါနဲ႔။ အိမ္လခကိုကၽြန္ေတာ္ရွင္းပါ့မယ္။ ကၽြန္ေတာ္ေထာတာသိတယ္မို့လား။”
“ေအးပါကြာ။ ဒါနဲ႔ မင္းလာေနမယ္ဆိုေတာ့ မင္းမိန္းမကေရာ။”
“ေဒါက္တာ ထမင္းစားေနတာလား။”
စက္ရွိန္က စကားလမ္းေၾကာင္းလႊဲလိုက္တာမို့ သူတကယ္မေျပာခ်င္တာမွန္း လင္းထက္ရိပ္မိပါသည္။ ခုနကအေၾကာင္းကို ခဏေမ့ထားကာ ထမင္းဝိုင္းဆီျပန္လွည့္သည္။
“အင္းေလ။ ငါစားေနတာ။ မင္းေရာ စားၿပီးၿပီလား။"
"ၿပီး.....အာ...မၿပီးေသးဘူး။ ကၽြန္ေတာ္ ဒီမွာစားလို့ရတယ္မလား။”
ပါးစပ္ကသာခြင့္ေတာင္းေနတာ လူကထိုင္ၿပီး ထမင္းေတာင္ခူးေနၿပီျဖစ္သည္။ လင္းထက္က မေက်မနပ္ၾကည့္လိုက္ကာ ခုနကထမင္းကိုဆက္စားလိုက္သည္။ သူ႔ေရွ႕ကေကာင္ေလးေၾကာင့္ထင္ပါသည္။ ခုနက စားမဝင္သည့္ထမင္းေတာင္ အခုေတာ့ စားေကာင္းေနၿပီျဖစ္သည္။
“ကၽြန္ေတာ္ ေဒါက္တာနဲ႔ပဲတူတူအိပ္မယ္ေလေနာ္။ ရတယ္မို့လား။”
စားရင္းေသာက္ရင္း႐ုတ္တရက္ထ,ေျပာလိုက္ေသာ စက္ရွိန္စကားေၾကာင့္ လင္းထက္ ထမင္းသီးမလိုပင္ျဖစ္သြားသည္။
“ငါ.......ငါ အဲ့လိုမအိပ္တတ္ပါဘူး။ မင္းကလဲ။ တျခားေနရာသြားအိပ္စမ္းပါ။ အခန္းကဒီတစ္ခန္းပဲရွိေပမဲ့လို့ အိမ္ေပၚထပ္တစ္ထပ္လုံးက်န္ေသးတာပဲကို။”
“ကၽြန္ေတာ့္မွာ ေစာင္ေတြအပိုမွပါမလာတာ။ ေခါင္းအုံးေတာင္ ဘယ္လိုလုပ္ရမလဲမသိဘူး။”
လင္းထက္က အတူမအိပ္ခ်င္ေပမဲ့ စက္ရွိန္ရဲ့သနားစရာမ်က္ႏွာေလးကိုၾကည့္ၿပီး မတတ္နိုင္စြာပဲခြင့္ျပဳလိုက္ရသည္။
လေရာင္မွိန္မွိန္ေလးက ျပတင္းေပါက္မွတဆင့္ ကုတင္ေပၚရွိလူငယ္ေလးႏွစ္ေယာက္ဆီသို့က်ေရာက္သည္။ အခန္းမီးပိတ္ထားတာမို့ လေရာင္ရွိရာကုတင္ေပၚမွလြဲ၍ က်န္ေနရာအားလုံးမွာ ေမွာင္ႏွင့္မဲမဲ။ စက္ရွိန္ကေခါင္းအုံးေလးကိုအပိုင္စီးထားကာ လင္းထက္အိပ္ေနတာကေတာ့ စက္ရွိန္၏လက္ေမာင္းေပၚတြင္ျဖစ္သည္။
စက္ရွိန္က သူ႔ရင္ခြင္ထဲရွိ ေကာင္ေလးကိုၾကည့္ရင္းႏူးႏူးညံ့ညံ့ျပဳံးလိုက္သည္။ လေရာင္သည္ သူခ်စ္ရေသာေကာင္ေလးအေပၚ ညင္သာစြာထိုးျပေနလၽွက္ရွိသည္။ ႏွစ္ေယာက္အတူမအိပ္တတ္ပါဘူးဆိုသည့္ ေကာင္ေလးသည္ သူ႔ထက္ေစာစီးစြာပင္အိပ္ေပ်ာ္သြားၿပီျဖစ္သည္။ အရင္ရက္ေတြက ဘယ္ေလာက္အိပ္ေရးပ်က္ခဲ့သလဲမသိ။ မ်က္ကြင္းေအာက္က အမဲရိပ္ေလးက ပန္ဒါေလးသဖြယ္။
စက္ရွိန္က ေကာင္ေလး၏ ႏွဖူးကိုဖြဖြေလးနမ္းကာ မ်က္လုံးေတြကိုပိတ္လိုက္သည္။ သူခ်စ္ရေသာ လူသားေလး သူ႔ရင္ခြင္ထဲမွာ ရွိေနတာနဲ႔တင္ အရာအားလုံးျပည့္စုံေနပါသည္။
“အားးးးးးးသြားပါၿပီ။ ေသၿပီေသၿပီ။ ေနာက္က်ပါၿပီေနာ္။”
လင္းထက္တစ္ေယာက္နိုးနိုးခ်င္း နာရီအေသးေလးကိုၾကည့္ကာ အသံျဗဲႏွင့္ ထေအာ္သည္။ နာရီလက္တံသည္၈နာရီ၄၅ပင္ရွိေနၿပီျဖစ္သည္။ ေဆး႐ုံသြားရဦးမည္ဟူေသာ အသိစိတ္ႏွင့္ ေနာက္ေဖးေရကန္ကိုေျပးမလို့အလုပ္မွာ မီးဖိုေခ်ာင္ဘက္က စက္ရွိန္၏အသံကိုၾကားလိုက္ရသည္။
“ေဒါက္တာ ဒီေန႔လျပည့္ေန႔ေလ။ ေဆး႐ုံနားမယ္မလား။”
“ဟမ္?”
သူအဲ့ေတာ့မွစဥ္းစားမိသည္။ ျပကၡဒိန္ကိုၾကည့္လိုက္ေတာ့ လျပည့္ေန႔ဆိုေသာစာသားနီနီက အထင္းသားေလး။ အလ်င္မလိုေတာ့တာမို့ မ်က္ႏွာအရင္သစ္ဖို့မစဥ္းစားဘဲ စက္ရွိန္ဘာလုပ္ေနလဲဆိုတာ သြားၾကည့္လိုက္သည္။ စက္ရွိန္က စြပ္က်ယ္တစ္ထည္ႏွင့္ ပုဆိုးတိုတိုဝတ္ထားတာေၾကာင့္ ၾကည့္ရတာ တကယ့္သာမန္ဆန္လြန္းလွသည္။
ပဲဝါေလးကို ျပဳတ္ထားတာမို့ အနံ့ေလးကသင္းေနသည္။ စက္ရွိန္က ပဲအိုးကိုခ်လိုက္ကာ ေဘးနားမွထမင္းအိုးကိုပါ တစ္ခါတည္းခလုပ္ပိတ္လိုက္သည္။ အခုမွခ်ၿပီးကာစေရေႏြးအိုးကိုပါ ထပ္ေပါင္းထည့္ေတာ့ သူေတာင္ဘာမွလုပ္စရာမလိုေတာ့။
“စက္ရွိန္။ ပဲဝါေလးက ဘာလုပ္ဖို့လဲ။”
“ဟင္? ထမင္းနဲ႔နယ္စားၾကမယ္။ ဆီေလးဆားေလးျဖဴးၿပီးေတာ့။ ေရေႏြးၾကမ္းေလးနဲ႔ေလ။”
စက္ရွိန္ပဲအေျပာေကာင္းတာလား။ သူပဲဗိုက္ဆာလာတာလားေတာ့မသိေပ။ ျမင္ေယာင္ေနရင္းကို စားခ်င္စိတ္ကျဖစ္လာသည္။ စက္ရွိန္က သူႏွုတ္ခမ္းသပ္လိုက္တာကိုၾကည့္ကာ ရယ္ေနရင္းသား သူ႔ပါးႏွစ္ဖက္ကိုလွမ္းဆြဲ၍ ရန္ျဖစ္လိုက္ရေသးသည္။ အရင္ကေျခာက္ကပ္ကပ္အိမ္ကေလးဟာ ဒီေန႔ေတာ့ မနက္လင္းတာနဲ႔ ဆူညံလို့။
“စက္ရွိန္။ ဘုရားဆြမ္းေတာ္ကပ္ဖို့လည္း ခ်န္ထားဦးေနာ္။”
“ဟုတ္။”
သူသြားကိုေသခ်ာတိုက္ရင္းစဥ္းစားေနမိသည္။ စက္ရွိန္က ဒီေလာက္ခ်က္တတ္မယ္လို့ သူတစ္ခါမွမေတြးဖူး။ သူခ်က္တတ္တယ္ဆိုတာေတာင္ ဟိုဟာနဲနဲဒီဟာနဲနဲေလာက္ပဲခ်က္တတ္တာမဟုတ္လား။ ဘာပဲျဖစ္ျဖစ္ ဒီေန႔ရဲ့မနက္စာေလးကေတာ့ စိုေျပေနမွာအမွန္။ ဗိုက္ေလးကိုပြတ္ကာ သြားတိုက္ျခင္းကိုလက္စသတ္၍ ထမင္းစားပြဲဆီေျပးေတာ့ စက္ရွိန္ကအားလုံးျပင္ဆင္ၿပီးသားျဖစ္ေနေလၿပီ။
“ေဟးးးး ေဒါက္တာ မနက္ပိုင္းေရမခ်ိဳးဘူးလား။”
“အင္း။ ဒီေန႔ေတာ့ ငါဗိုက္ဆာေနလို့။”
ထိုင္ခုံမွာဝင္ထိုင္လိုက္ေတာ့ ပဲ၏အနံ့သင္းသင္းေလးက လူကို ကလူက်ီစယ္သည္။ ပန္းကန္ထဲကျမင္ကြင္းကလည္း သူ႔ကို စားပါစားပါဟူ၍ဖိတ္ေခၚေနသကဲ့သို့ပင္။ ပဲဝါေလးေတြက ထမင္းအၾကားမွာ ႏွံ့စပ္စြာအနယ္ခံထားရသည္။ ဆီဆမ္းထားေသာေၾကာင့္ ထမင္းလုံးေလးေတြက အိအိေလးႏွင့္စားေကာင္းမည့္ပုံေလးျဖစ္ေနသည္။ ေဘးနားမွာလည္း အေငြ႕တေထာင္းေထာင္းနဲ႔ ေရေႏြးခြက္ေလးရွိသည္။ သူဒီေရာက္ကတည္းက စားခဲ့သမၽွမနက္စာထဲတြင္ ဒီမနက္စာက အေကာင္းဆုံးဆိုတာ သူရဲရဲႀကီးဝန္ခံပါသည္။
အေနာက္ကက်ားလိုက္သလို ပလုတ္ပေလာင္းစားေနေသာ လင္းထက္ကိုၾကည့္ကာ စက္ရွိန္က သေဘာတက်ရယ္ေနသည္။ သူလည္း စားေတာ့စားေပမဲ့လို့ လင္းထက္ေလာက္ေတာ့မဟုတ္။ မနက္စာကို ေရေႏြးေႏြးေလးတစ္ခြက္နဲ႔အဆုံးသတ္ၿပီးခ်ိန္မွာေတာ့ လင္းထက္ဗိုက္လည္း တင္းလွၿပီ။ ကာတြန္းကားထဲမွာသာဆိုလၽွင္ေတာ့ ေဖာင္းကားေနသည့္ဗိုက္ႀကီးကိုေတြ႕ျမင္ရေလာက္သည္။
“စက္ရွိန္ ။ မင္းလုံးဝမိုက္တယ္ကြာ။ ငါမထင္ထားဘူး။ ဗဲရီးဂြတ္ပဲ။”
လင္းထက္က အိမ္ေရွ႕ရွိထိုင္ခုံေလးမွာ ခပ္ေလ်ာ့ေလ်ာ့ထိုင္ကာ စက္ရွိန္ကို လက္မေထာင္ျပရင္းေျပာလိုက္သည္။
“အဟင္း ဒါကဘာမွမဟုတ္ပါဘူး။ ပဲျပဳတ္တာေလးပဲကို။ ေဒါက္တာစားခ်င္ရင္ ကၽြန္ေတာ္ တျခားဟာေတြလဲခ်က္ေကၽြးမယ္ေလ။”
စက္ရွိန္မ်က္ႏွာက ခ်ီးက်ဴးခံလိုက္ရသျဖင့္ ခပ္ေမာ့ေမာ့။ လင္းထက္က ဒါကိုျမင္ေပမဲ့ ေနာင္မွာခ်က္ေကၽြးမဲ့သူရၿပီမို့ ဝမ္းသာအားရျဖစ္သြားသည္။
“တကယ္လားစက္ရွိန္။ အာ့ဆို မင္းကိုပဲအားကိုးပါတယ္ကြာေနာ္။ ဟဲဟဲ။ ငါတစ္ေယာက္ထဲဆို ဝယ္စားလိုက္ခ်က္စားလိုက္နဲ႔။ ခ်က္တာက တအားပင္ပန္းတယ္ကြ။ ဒါနဲ႔ မင္း.....ဘယ္လိုခ်က္တတ္ေနတာလဲ”
“ေမေမက ဟင္းခ်က္ဝါသနာသိပ္ပါတာ။”
“ဪ...........ေဆာရီး ငါ့ေၾကာင့္စိတ္မေကာင္းျဖစ္သြားၿပီထင္တယ္။”
“ကိစၥမရွိပါဘူး။ ဒါနဲ႔ေဒါက္တာ ညက်ရင္ ကၽြန္ေတာ္တို့ ေရႊသက္လြတ္ဘုရားကိုသြားရေအာင္ေလ။ အဲ့ဘက္ကကမ္းနားမွာ ဆီမီးေတြေမၽွာတယ္။ ေပ်ာ္စရာႀကီး။”
“တကယ္လား။ မင္းငါနဲ႔လိုက္ေပးမွာေပါ့”
“ဒါေပါ့ ေဒါက္တာရ သြားရေအာင္။”
“အိုေခ။ ငါအာ့ဆို အိကၤ်ီသြားေရြးလိုက္ဦးမယ္ေနာ္။ ဟဲဟဲ။”
“ဟုတ္ကဲ့”
အိမ္ထဲကိုတက္ႂကြစြာဝင္သြားေသာ ဆရာဝန္ေလးကိုၾကည့္ရင္းျပဳံးလိုက္သည္။ သူ႔ေဘာင္းဘီအိတ္ကပ္ထဲကို ႏွိုက္လိုက္ေတာ့ ေငြဆြဲႀကိဳးေလးတစ္ကုံးကပါလာသည္။ စက္ရွိန္က ထိုဆြဲႀကိဳးေလးကို အနဲငယ္ပြတ္သပ္ကာ အိတ္ထဲသို့ျပန္ထည့္လိုက္သည္။ ေသခ်ာၾကည့္လၽွင္ေတာ့ သူ႔မ်က္ဝန္းထဲမွ စိုးရိမ္မွုတစ္စြန္းတစ္စကိုျမင္ရပါလိမ့္မည္။
မိုးေလကင္းလြတ္ သီတင္းကၽြတ္ဆိုသလို ေကာင္းကင္တစ္ခုလုံးက ၾကည္လင္သန႔္ရွင္းေနသည္။ လမင္းႀကီးကလည္း မိုးေပၚမွေန၍ ေလာကတစ္ခြင္ကိုျပဳံးျပဳံးႀကီးငုံ႔ၾကည့္ေနသည့္အလား။ ေရႊေရာင္အလင္းတန္းေတြက ေကာင္းကင္တစ္ခုလုံးမွာ ႏွံ့ေနလၽွက္။ ေဘးဘီကိုၾကည့္လိုက္ျပန္ေတာ့လည္း အိမ္တိုင္းမွာ ဆီမီးေတြကိုယ္စီျဖင့္လွေလစြ။
ၿခံစည္းရိုးေတြမွာလည္း ဆီမီးခြက္ေလးေတြအစီအရီျဖင့္ တလက္လက္ေတာက္ေနသည္မွာ မိုးေပၚက ၾကယ္ေတြအလားပင္။ သီတင္းကၽြတ္ရာသီမို့ ေဆာင္းဓာတ္ပါေသာ ေလတို့က သူတို့ကို အနဲငယ္ခ်မ္းေအးေစေပမဲ့ ဆီမီးတို့၏အေႏြးဓာတ္ေၾကာင့္ခံနိုင္ရည္ရွိေနသည္။ အိမ္တိုင္းက ဆီမီးခြက္ေတြကို ျမင္တိုင္း ျမတ္စြာဘုရားကို မီးပူေဇာ္ထားတာဆိုသည့္ စိတ္ကေလးႏွင့္ သာဓုေခၚမိသည္မွာလည္းအခါခါပင္။
တခ်ိဳ့အိမ္ေတြထဲမွာ မိဘေတြ၊ အဘိုးအဘြားေတြကို ရိုေသစြာကန္ေတာ့ေနၾကတာကိုလွမ္းျမင္ေနရသည္။ အဘိုးအဘြားေတြကလည္း ဆုေပးကာျဖင့္ ၊သားသမီးေတြကလည္း ၾကည္ႏူးစြာျဖင့္.......။ လင္းထက္ ထိုျမင္ကြင္းကိုၾကည့္ကာ ခုေလးတင္ဖုန္းေျပာလာပါေသာအေမ့ကို လြမ္းမိျပန္သည္။ စက္ရွိန္မ်က္ႏွာမွာလည္း ၾကည္ႏူးရိပ္ႏွင့္ ဝမ္းနည္းမွုတို့ေပါင္းဆုံေသာ အျပဳံးတစ္ခုႏွင့္။
လင္းထက္က စက္ရွိန္ လက္ကိုဖြဖြေလးဆုပ္ကိုင္ထားလိုက္သည္။ စက္ရွိန္ အားငယ္ေနမွာ သူ မလိုလားပါ။
စက္ရွိန္မွာဆိုင္ကယ္ရွိေပမဲ့ တမင္သက္သက္ကို လမ္းေလၽွာက္ေနၾကတာျဖစ္သည္။ ကေလးေသးေသးေလးေတြက လမ္းမေတြမွာ ေပ်ာ္ရႊင္စြာကစားေနၾကသည္။ ကေလးထိန္းၾကရင္း ဝင္ေဆာ့ေနၾကသည့္ အစ္မႀကီးေတြကိုလည္း ျမင္ေတြ႕ရသည္။ ဘုရားဝင္းထဲအဝင္မွာ ေညာင္ပင္ႀကီးရွိသည္။
စက္ရွိန္၏ေျပာျပခ်က္အရ ဤေညာင္ပင္သည္ ဒီၿမိဳ့ေလး၏ေညာင္ေရသြန္းပြဲေတာ္တြင္ အခရာက်သည့္ ေညာင္ပင္ႀကီးဟုသိရသည္။ ဘုရားဝင္းသည္ကား မီးထိန္ထိန္ရွိကာ ေဈးေရာင္းသူတခ်ိဳ့ကိုလည္းေတြ႕ျမင္ရသည္။ ဘုရားသည္ျမစ္ကမ္းနားတြင္ရွိကာ ဘုရားေပၚမွ ျမစ္ကမ္းစပ္သို့ ဆင္းသည့္ေလွကားေလးလဲရွိသည္။
သူတို့ႏွစ္ေယာက္ေရွးဦးစြာ ဘုရားဝတ္ျပဳၾကကာဆင္းတုေတာ္ႀကီးေရွ႕တြင္ ဆီမီးကပ္လွူသည္။ အေဝးမွအေမ ေနေကာင္းပါေစေၾကာင္းနဲ႔ တျခားေသာအရာေတြကိုဆုေတာင္းခဲ့ၾကသည္။
ကမ္းနားဘက္မွာ ဝရန္တာသဖြယ္ကာထားေသာ လက္ရန္းႀကီးႏွစ္ခုရွိသည္။ အလယ္တြင္ေတာ့ ျမစ္ကမ္းစပ္ဆင္းရာေလွကားေလး။ လူေတြအမ်ားႀကီးက လက္ရန္းႀကီးကိုမွီ၍ မီးရွူးမီးပန္းေဖာက္သူေဖာက္၊ တခ်ိဳ့ .....ဆီမီးေမၽွာတာၾကည့္သူၾကည့္ႏွင့္ စည္ကားလွသည္။ လင္းထက္နဲ႔ စက္ရွိန္ ႏွစ္ေယာက္လုံးက အိကၤ်ီအျဖဴလက္ရွည္ႏွင့္ ပုဆိုးကြက္ေလးေတြဝတ္ထားၾကတာမို့ လူရည္သန႔္ကာ ေခ်ာေမာေနၾကသည္။ မိန္းကေလးအမ်ားစုက သူတို့ႏွစ္ေယာက္ဆီမွ ေတာ္ေတာ္ႏွင့္အၾကည့္မခြာနိုင္ၾက။
လင္းထက္က စက္ရွိန္ ဆီတစ္ခ်က္လွည့္ၾကည့္သည္။
“ေဟ့ေရာင္ မေမ့ခဲ့ဘူးမလား။”
“မေမ့ပါဘူးဆို ေဒါက္တာကလဲ။ ကၽြန္ေတာ္ယူခဲ့ပါတယ္။”
စက္ရွိန္က ဆီမီးခြက္ေတြ၊ မီးစာေတြထည့္ထားေသာ အိတ္ကိုေျမႇာက္ျပကာ ရယ္က်ဲက်ဲႏွင့္ျပန္ေျဖသည္။ သူတို့ႏွစ္ေယာက္ေလွကားကေနဆင္းလာေတာ့ မီးခြက္ေမၽွာသူ အေတာ္မ်ားမ်ားပင္ ျပန္တက္ကုန္ၾကၿပီျဖစ္သည္။ တခ်ိဳ့တဝက္သာ က်န္ရွိေနေသးသည္။
လင္းထက္က ျမစ္ႀကီးကိုေတြ႕ေနရတာေၾကာင့္ အေတာ္ေလးစိတ္ေပ်ာ္ရႊင္ေနသည္။ ေလတဟူးဟူးကလည္း လတ္ဆတ္စြာ တိုက္ခတ္ေနသည္။ ဒီပုံစံ၊ ဒီျမင္ကြင္းေလးသည္ သူ႔အတြက္လုံးဝperfect ျဖစ္ေနသည္။ ကမ္းနားမွာ ထိုင္ခ်လိုက္ေတာ့ စက္ရွိန္ကလည္း သူ႔အနားမွာပင္လာထိုင္သည္။ သူ႔မ်က္စိထဲမွာ စက္ရွိန္က ဒီေန႔မွ ပိုေခ်ာေနသလိုပင္။
“စေမၽွာၾကေတာ့မလား။”
“အင္းေလ။ လုပ္ေတာ့ အျမန္။”
“အိုေခ။”
စက္ရွိန္ကေဘးနားမွေန၍ မီးခြက္ထဲကိုဆီျဖည့္ကာ မီးစာႀကိဳးေလးထည့္ေပးထားသည္။ သူကေတာ့ မီးစာေလးကို မီးညႇိကာ ျမစ္ထဲသို့ဂ႐ုတစိုက္ေမၽွာလိုက္ေလသည္။ တစ္ခြက္တစ္ခြက္ေမၽွာၿပီးတိုင္းလည္း လက္အုပ္ေလးခ်ီကာ ျမတ္စြာဘုရားကိုအာ႐ုံျပဳဖို့လည္း မေမ့။ လင္းထက္ရဲ့မ်က္ႏွာေလးက ကုသိုလ္ေကာင္းမွုေၾကာင့္ ပီတိျဖစ္ကာ အျပဳံးခ်ိဳခ်ိဳေလးထင္ဟပ္ေနသည္။
“ေဒါက္တာ”
“ဟင္?”
စက္ရွိန္က ႐ုတ္တရက္ ဆီမီးေမၽွာမလို့ျပင္ေနသည့္ သူ႔လက္ကိုဆုပ္ကိုင္လာသည္မို့ သူေၾကာင္ေတာင္ေတာင္ေလးျဖစ္သြားသည္။
“ကၽြန္ေတာ္ ကြာရွင္းခဲ့ၿပီ။”
“ဪ.....”
ပါးစပ္မွ ဪဟူ၍သာထြက္ေသာ္လည္း သူ႔မ်က္ႏွာကေလးက ခုနကထက္ျပဳံးမိသြားတာကို သူကိုယ္တိုင္သတိထားမိလိုက္သည္။
“ေဒါက္တာကၽြန္ေတာ့္ကိုလက္ထပ္မလား။”
“ေဟးးးးးးးးးးမင္း ေနာက္မေနပါနဲ႔။”
သူကဆုပ္ကိုင္ထားသည့္ လက္ကို႐ုန္းလိုက္ကာ ရွက္ကိုးရွက္ကန္းႏွင့္ေျပာလိုက္သည္။ ဒါက စေနာက္မွုဆိုေပမဲ့ စိတ္ထဲမွာအမွန္လိုထင္မွတ္သြားသည္မို့ ဗရမ္းဗတာျဖစ္သြားသည့္ႏွလုံးသားေလးကို ၿငိမ္ေနေအာင္မနဲဆုံးမေနရသည္။
“ကၽြန္ေတာ္မေနာက္ဘူး။ အတည္ေျပာေနတာ။ ေဒါက္တာကၽြန္ေတာ့္ကိုလက္ထပ္ပါလား။”
သူ႔လက္ကိုေနာက္တစ္ႀကိမ္ဆုပ္ကိုင္ကာ ေျပာလိုက္ခ်ိန္မွာေတာ့ သူ႔ေခါင္းထဲမွာ ေသြးေတြတိုးလာသလို့တဒိန္းဒိန္းနဲ႔ခံစားေနရသည္။ သူဒါကိုတကယ္အတည္ယူမိေတာ့မွာျဖစ္သည္။
စက္ရွိန္က မ်က္ႏွာကိုတည္ထားကာ အိတ္ကပ္ထဲက ေငြေရာင္ဆြဲႀကိဳးေလးကို တရိုတေသထုတ္၏။ ဆြဲႀကိဳးကိုင္ထားသည့္လက္ေလးကို လင္းထက္ေရွ႕ကိုကမ္းေပးကာ ေျပာလိုက္သည္။
“ကၽြန္ေတာ္နဲ႔ လက္ထပ္ပါလားေဒါက္တာ”
လင္းထက္က စက္ရွိန္ကိုအံ့အားသင့္ေနသည့္မ်က္ဝန္းအစုံျဖင့္ေငးၾကည့္ေနမိသည္။ လက္ထဲကဆြဲႀကိဳးေလးကို ငုံ႔ၾကည့္မိေတာ့ စက္ရွိန္၏ခပ္ရွရွအသံေလးကထြက္ေပၚလာသည္။
“ဒါ......ေမေမခ်န္ထားခဲ့တဲ့ႀကိဳးေလး။ ကၽြန္ေတာ္ခ်စ္တဲ့သူကိုေပးဖို့ဆိုၿပီး အရင္ထဲကရည္ရြယ္ထားခဲ့တာ။ ယူမလား ေဒါက္တာ။”
လင္းထက္ေခါင္းထဲမွာ ဘဲဝါေလးေတြအမ်ားႀကီးပတ္ေျပးကာေအာ္ေနၾကသည္။ ဒါက တကယ္ပါဆိုၿပီးယုံခ်င္ေနေပမဲ့ သူ မယုံရဲျဖစ္ေနသည္။ ကိုယ္သေဘာက်တဲ့လူတစ္ေယာက္က ကိုယ့္ကိုဘလိုင္းႀကီးလက္ထပ္ခြင့္ေတာင္းတယ္ဆိုတာ ယုံသင့္တဲ့ကိစၥမွမဟုတ္ပဲ။ ဒါေပမဲ့ အသနားခံသလိုမ်က္လုံးေတြနဲ႔ ၾကည့္ေနသည့္စက္ရွိန္ကိုၾကည့္မိေတာ့ သူ႔ရင္ထဲဒိန္းကနဲျဖစ္သြားသည္။ စက္ရွိန္ကေနာက္ေနတယ္ဆိုရင္ေတာင္ ဒီစေနာက္မွုမွာ သူ ပါဝင္ဖို့ဆႏၵရွိပါသည္။
“အိုေခ။ ၿပီးေရာ။ ငါမင္းကိုလက္ထပ္မယ္။”
လင္းထက္က ဆြဲႀကိဳးေလးကိုဆြဲယူကာ ေျပာလိုက္ေပမဲ့ စက္ရွိန္က ျပန္ဆြဲထားသည္။ လင္းထက္စိတ္ထဲမွာ ဒီစေနာက္မွုကၿပီးဆုံးသြားၿပီလို့ ေတြးလိုက္မိေပမဲ့ တကယ္တမ္းေတာ့ ဒီလိုျဖစ္မလာခဲ့ေပ။ စက္ရွိန္က ဆြဲႀကိဳးေလးကို ျပန္ဆြဲယူကာ လင္းထက္ လည္ပင္းမွာ ဆြဲေပးလိုက္သည္။ ဆြဲႀကိဳးေလးက ေငြနဲ႔လုပ္ထားတာကိုမွ ကြင္းဆက္ေသးေသးေလးေတြနဲ႔ျဖစ္သည္။ လင္းထက္က ထိုဆြဲႀကိဳးေလးကို ဖြဖြေလးထိၾကည့္သည္။ ဒီဆြဲႀကိဳးေလးကို သူတသက္လုံးဝတ္ထားခ်င္မိပါသည္။
“ေက်းဇူးပါေဒါက္တာ။”
“ေအးပါ။ ဒါေပမဲ့ မင္း.......မင္း ငါ့ရဲ့အိမ္ရွင္မျဖစ္ေပးရမယ္ေနာ္။”
“ဟုတ္ကဲ့။”
“ၿပီးတာပဲ။ ငါ့လက္ကိုလႊတ္ေတာ့ ဆီမီးေမၽွာရဦးမယ္။”
“တူတူေမၽွာမယ္ေလေဒါက္တာ။ ၿပီးရင္ကၽြန္ေတာ္တို့အတြက္ဆုေတာင္းၾကတာေပါ့။”
“အင္း။”
ကမ္းစပ္မွာေကာင္ေလးႏွစ္ေယာက္ဆီမီးေမၽွာေနၾကသည္။ေကာင္ေလးတစ္ေယာက္က ေက်နပ္သည့္အျပဳံးႀကီးျဖင့္ သူ႔ေဘးက ပုပုေသးေသးေကာင္ေလးကို မၾကာမၾကာငုံ႔ၾကည့္ေနသည္။ ေဘးကေကာင္ေလးကေတာ့ ေခါင္းကိုငုံ႔ထားကာ ဆီမီးခြက္ေတြဆီမွာပဲ အၾကည့္ပို့ထားသည္။ သူ႔ၾကည့္ရတာ ရွက္ေနသည့္ပုံပင္။
ႏွစ္စဥ္ႏွစ္တိုင္း သီတင္းကၽြတ္ကာလေရာက္လၽွင္ ထိုေကာင္ေလးႏွစ္ေယာက္သည္ ဒီေနရာေလးမွာလာၿပီး ဆီမီးေမၽွာေလ့ရွိသည္။ ေရာက္လာတိုင္းလည္း အရပ္ရွည္ရွည္ေကာင္ေလးက သူ႔ေဘးကပုပုေသးေသးေကာင္ေလးကို ျပဳံးၿပီးၾကည့္ေနေလ့ရွိသည္။ အၾကည့္ခံရသည့္ေကာင္ေလးမွာေတာ့ ဆီမီးခြက္ေတြဆီသာအၾကည့္ပို့ရင္း ျပဳံးစိစိလုပ္ေနတတ္သည္။ ထို့အတူပင္။ ထိုေကာင္ေလးႏွစ္ေယာက္ကိုၾကည့္ရင္း ပါးစပ္အေဟာင္းသားျဖစ္ေနၾကသူေတြလည္း ဝရန္တာထက္မွေန ငုံ႔ၾကည့္ေနလၽွက္ ရွိၾကပါသည္။
THE END.
……………………………………………………………………………………………………………………………………………………………….
Pick’s Note
ေပ်ာ္ရႊင္စရာသီတင္းကၽြတ္ေလးပါ။ ေရာက္ေတာ့မေရာက္ေသးေပမဲ့ ႀကိဳေျပာထားမယ္ေနာ္။ ဒီစာေလးကို ေတာင္းဆိုေပးၾကလို့ ႀကိဳက္ေပးၾကလို့ ေနာက္ၿပီးခ်စ္ေပးၾကလို့ ေက်းဇူးပါ။ ေမၽွာ္ေနေပးခဲ့တာေတြ သေဘာက်ေပးခဲ့တာေတြအတြက္ လုံးဝကိုေပ်ာ္ရပါတယ္။ တျခားတျခားေသာဇာတ္လမ္းေတြဆက္ေရးဦးမွာပါ။ အေရးအသားကိုေထာက္ျပေပးပါ။ ေဝဖန္ေပးပါ။ အႀကံေပးၾကပါ။ ဖတ္သူေတြရဲ့အႀကံဉာဏ္ဟာ ေရးသူေတြအလိုခ်င္ဆုံးအရာတစ္ခုပါပဲ။
ခ်စ္ပါတယ္.....
အေလးထားပါတယ္.......
က်န္းမာေရးဂ႐ုစိုက္ၾကၿပီး ေပ်ာ္ရႊင္ၾကပါေစလို့ဆႏၵျပဳပါတယ္။
ၿပီးေတာ့.....
သီတင္းကၽြတ္ေရာက္တိုင္း ေဒါက္တာေလးနဲ႔ သူ႔ရဲ့ခပ္ဆိုးဆိုးေကာင္ေလးကို ဖ်တ္ခနဲသတိရေပးပါ။
Love you ………