Zawgyi version
Seoulၿမိဳ႕၏နာမည္ေက်ာ္clubတစ္ခုျဖစ္သည္မို႔လံုျခံဳေရးကေတာ့အေတာ္တင္းၾကပ္ေလသည္...သူေတာင္အလုပ္လာေလ်ွာက္သည့္သူဆိုမွအထဲသို႔ဝင္ခြင့္ရသည္။
Clubအတြင္းထဲေရာက္ေတာ့မ်က္စိေ႐ွ႕တြင္လက္ညႇိဳးထိုးမလြဲ႐ွိေနၾကသည့္စံုတြဲမ်ား....အေမွာင္ရိပ္က်သည့္ေနရာမ်ား၌သာမကပဲေနရာအႏွံ႔သူတို႔နဲ႔ျပည့္ေနသည္။
"ပိုက္ဆံေတြေပါေနၾကတဲ့သူေတြဆိုေတာ့လည္းဒီမွာလာျဖဳန္းၾကရတာေပါ့"
ထိုလူမ်ားကိုၾကည့္ရင္းမွတ္ခ်က္တစ္ခုသာေပးမိသည္...ဝင္လာရင္းမွာအလုပ္ေလ်ွာက္ရမယ္မွန္းမသိသည္မို႔နီးရာwaiterေလးတစ္ေယာက္ကိုသာဆြဲ၍ေမးလိုက္ရသည္။
"အစ္ကိုဒီclubကေခၚထားတဲ့waiterအလုပ္ေလအဲ့တာဘယ္မွာသြားေလ်ွာက္ရမလဲဗ်"
သူေမးလိုက္သည့္ေကာင္ေလးမွသူ႔အားျပံဳးျပရင္းအေသအခ်ာလမ္းၫႊန္ေပးသည္။
"ေဩာ္ညီေလးကအလုပ္လာေလ်ွာက္တာပဲ...ဒီကေနတည့္တည့္ေလ်ွာက္သြားၿပီးရင္ဘယ္ေကြ႔လိုက္ငါ့ညီ...အဲ့မွာဒီclubရဲ႕မန္ေနဂ်ာရံုးခန္း႐ွိတယ္သူ႔ဆီမွာသြားေမးလိုက္ေနာ္"
"ဟုတ္ေက်းဇူးပါအစ္ကို"
"ရပါတယ္ကြာဒါဆိုအစ္ကိုအလုပ္႐ွိေသးလို႔သြားၿပီေနာ္"
Waiterအစ္ကိုထြက္သြားေတာ့မွသူၫႊန္ျပသြားသည့္အတိုင္းေလ်ွာက္သြားလိုက္သည္...မန္ေနဂ်ာရံုးခန္းေတြ႔ေတာ့အခန္းေ႐ွ႕ရပ္ၿပီးတံခါးအသာေခါက္လိုက္သည္။
"ဘယ္သူလဲဝင္ခဲ့"
အထဲကဝင္ခဲ့ခိုင္းသံၾကားမွတံခါးဖြင့္ၿပီးသူဝင္သြားလိုက္သည္...အထဲေရာက္ေတာ့အလုပ္လုပ္ေနပံုရသည့္ဝဝဖိုင့္ဖိုင့္လူႀကီးတစ္ဦးကိုေတြ႔သည္...သူလဲဘာေျပာရမွန္းမသိေသးျဖင့္ရပ္ပဲရပ္ေနလိုက္သည္။
"မင္းဘာကိစၥ႐ွိလို႔လဲ"
"ကြၽန္ေတာ္အလုပ္လာေလ်ွာက္တာ...ခင္ဗ်ားတို႔ဆီကအလုပ္ေခၚစာေတြ႔လို႔"
သူ႔စကားဆံုးေတာ့သူ႔တစ္ကိုယ္လံုးကိုအကဲခတ္လာသည့္ထိုသူႀကီး
"ေကာင္ေလးမင္းအသက္ေရာျပည့္ေသးရဲ႕လား"
လာျပန္ၿပီဒီဟာပဲေမးေနလိုက္ၾကေတာ့
"ဆယ့္႐ွစ္ႏွစ္ျပည့္ၿပီးၿပီ"
"မထင္ရဘူးေနာ္အေကာင္ေသးလိုက္တာ"
ဒီလူႀကီးမ်ားသြားၿပီ...ဒီအရပ္နဲ႔လူေကာင္ကိုပဲလာလာထိခိုက္ေနၾကတာအေတာ္ကိုမ်ားေနၿပီ
"ကဲခင္ဗ်ားေမးခြန္းေတြၿပီးၿပီလား..အခုကြၽန္ေတာ္ကအလုပ္ရမွာလားမရဘူးလား..မရဘူးဆိုလဲျမန္ျမန္ေျပာေနာက္တစ္ခုသြား႐ွာေအာင္"
"Ok..okမနက္ျဖန္ညေနစဆင္းလို႔ရၿပီ"
ထိုလူႀကီးစကားသံၾကားမွသူသက္ျပင္းအသာခ်ရသည္...ပါးစပ္ကသာအထက္စီးကေျပာေနတာတကယ့္ေတာ့ဒီအလုပ္ရမွျဖစ္မွာ
"အဲ့တာဆိုကြၽန္ေတာ္မနက္ျဖန္မွျပန္လာခဲ့ေတာ့မယ္...သြားခြင့္ျပဳပါဦး"
"ေကာင္းၿပီ"
တံခါးကိုအသာျပန္ပိတ္ေပးခဲ့ၿပီအျပင္ေရာက္မွသူအဝေပ်ာ္ရသည္
"ေတာ္ပါေသးရဲ့ကြာ...ရၿပီအခုကစၿပီးပိုက္ဆံအမ်ားႀကီး႐ွာၿပီးMin Yoongiရဲ႕အေႂကြးကိုဆပ္ရမယ္ဒါမွဒီလူႀကီးနဲ႔ငါမအိပ္ရမွာ...ငါကမိန္းမပဲယူမွာသူနဲ႔လံုးဝမအိပ္ႏိုင္ဘူး"
မန္ေနဂ်ာရံုးခန္းေ႐ွ႕ကေနျပန္ထြက္လာေတာ့ခုနကအစ္ကိုနဲ႔ျပန္ဆံုသည္။
"ဘယ္လိုလဲငါ့ညီ...အဆင္ေျပခဲ့လား"
"ေျပတယ္အစ္ကို..အလုပ္ရခဲ့ၿပီ"
"ေတာ္ေသးတာေပါ့ကြာ...ကဲေနာက္မွေတြ႔မယ္"
သူ႔အားအျမန္ႏႈတ္ဆက္သြားသည့္သူအားဘာမွေတာင္ျပန္မႏႈတ္ဆက္လိုက္ရ...သူပဲႏႈတ္ဆက္ၿပီးသူပဲအျမန္ျပန္ေျပးသြားသည္။
Clubအျပင္သို႔ေရာက္ေတာ့သူ႔ေျခလွမ္းေတြေပါ့ပါးေနသည္...အိမ္အျပန္လမ္းကလည္းဒီေန႔မွပိုေပ်ာ္စရာေကာင္းေနသေယာင္ပင္
"အေမလဲေနေကာင္းလာၿပီ...ဟိုလူႀကီးရဲ႕အေႀကြးဆပ္ၿပီးရင္ၿပီးၿပီ"
လက္ေတြ႔ျဖစ္မလာေသးသည့္အေတြးႏွင့္ပင္သူအလြန္ၾကည္ႏူးရပါသည္။
-
-
-
-
-
-
-
"ေတာက္ခ္"
Hong Kongမွာ႐ွိေနသည္ဆိုေသာသတင္းေၾကာင့္သူ႔မွာKoreaကေနပင္အျမန္ေျပးလာခဲ့ရသည္။
ဒါကိုအခုအဲ့လူကသူတို႔ေျခရာခံမိတာသိလို႔ထြက္ေျပးသြားသည္တဲ့...ဘယ္ေလာက္စိတ္တိုစရာေကာင္းလဲ
"မင္းတို႔ေစာက္သံုးက်တာဘာ႐ွိလဲ..ဟမ္"
"ကြၽန္..ကြၽန္ေတာ္တို႔ညံ့ဖ်င္းသြားပါတယ္Boss...အျပစ္ေပးပါ"
ေခါင္းကိုေျမႀကီးနဲ႔ထိမတတ္ငံု႔ကာအထစ္ထစ္အေငါ့ေငါ့နဲ႔ဆိုလာသည့္သူ
အသံုးမက်တာမွန္ေပမဲ့ဒီလူေတြကသူ႔အေပၚတကယ္သစၥာ႐ွိတာသူသိသည္...သူေသခိုင္းရင္ေတာင္ေသမည့္သူေတြ
"သူ႔ကိုအခုခ်က္ခ်င္းရေအာင္လိုက္႐ွာခဲ့ၾက...ဒါေနာက္ဆံုးအခြင့္အေရးမို႔ေနာက္တစ္ခါဆိုတာမ႐ွိဘူး....ဒီတစ္ေခါက္ထပ္လြဲရင္မင္းတို႔ေသဖို႔သာျပင္ထား"
"ဟုတ္ကဲ့ပါBoss"
သူ႔ကိုအႏူးအၫြတ္အ႐ိုအေသေပးကာအျမန္ေျပးထြက္သြားသည္။
ထိုလူေတြမ႐ွိေတာ့မွထိုင္ခံုေနာက္မွီေပၚေခါင္းလွန္ခ်ၿပီးအနားယူရန္ျပင္သည္...ပင္ပန္းေနၿပီမို႔သူခဏေတာ့အနားယူရန္လိုအပ္သည္။
❀ ❀ ❀
သူဒီေန႔အလြန္ေပ်ာ္ေနသည္မို႔အိမ္ျပန္လမ္းတြင္ခုန္ဆြခုန္ဆြႏွင့္သီခ်င္းေလးပင္ညည္းလာလိုက္ေသးသည္။
တျခားလမ္းသြားလမ္းလာမ်ားကေတာ့သူ႔ကိုအထူးအဆန္းသဖြယ္ဝိုင္းၾကည့္ေနၾကသည္။
ပံုမွန္ဆို"ဘာၾကည့္တာလဲ"ဟူ၍ဘုေဘာက္ေျပာမည္ျဖစ္ေသာ္လည္းသူဒီေန႔အလြန္ေပ်ာ္ေနသည္မို႔တစ္ရက္ေလာက္လ်စ္လ်ဴ ႐ႈလိုက္ပါမယ္ေလ
"ကိုကိုJiminဘယ္ကျပန္လာတာလဲ"
သူ႔အားလွမ္းႏႈတ္ဆက္သံၾကားသည္မို႔အသံလာရာလွမ္းၾကည့္မိေတာ့ညီမေလး၏သူငယ္ခ်င္းျဖစ္ေသာYuri
သူ႔ထက္ႏွစ္ႏွစ္ငယ္ေသာညီမေလးႏွင့္ရြယ္တူမို႔ဒီေကာင္မေလးလည္းအလြန္ဆံုး႐ွိလွမွဆယ့္ေျခာက္ႏွစ္ေလာက္ျဖစ္မည္။
"ေဩာ္Yuri...Jiyeonဆီလာတာလားသူမ႐ွိဘူး"
"မဟုတ္ပါဘူးကိုကိုJiminရဲ႕..ညီမကဒီနားမွာပဲေနတာအခုကိုကို႔ကိုလွမ္းျမင္လိုက္လို႔ႏႈတ္ဆက္တာ"
"ေအာ္အင္းအဲ့တာဆိုကိုယ္သြားေတာ့မယ္ေနာ္..ေနာက္မွေတြ႔တာေပါ့"
"ဟုတ္ကိုကို"
ဟုတ္ဆိုတဲ့စကားေနာက္မွာခပ္တိုးတိုးေျပာလိုက္သည့္ကိုကိုေခၚသံကိုသူၾကားျဖစ္ေအာင္ၾကားလိုက္ပါေသးသည္။
သူလဲလူငယ္ပဲမို႔ဒီကေလးမေလးသူ႔အေပၚစိတ္ကစားေနတာရိပ္မိပါသည္...ဒါေပမဲ့ညီမေလးရဲ႕ငယ္သူငယ္ခ်င္းမို႔ငယ္ငယ္ကတည္းကျမင္လာရသည့္အတြက္ေၾကာင့္လားေတာ့မသိသူ႔အေနနဲ႔ညီမေလးတစ္ေယာက္ထက္ဘယ္လိုမွပို၍ခံစားေပးလို႔မရ
"ေ႐ွ႕ဆက္မတိုးလာပါနဲ႔Yuriေရ...မင္းပဲပိုပင္ပန္းလိမ့္မယ္"
အႏွီေကာင္မေလးကေတာ့သူ႔စကားကိုၾကားႏိုင္မည္မထင္။
သူတို႔တိုက္ခန္းက၃လႊာမွာပဲ႐ွိတာမို႔ဓာတ္ေလွကားနဲ႔တက္မေနေတာ့ပဲ႐ိုး႐ိုးေလွကားမွသာတက္သည္...ေလ့က်င့္ခန္းလဲလုပ္ျဖစ္ရာေရာက္တာေပါ့
ျဖည္းျဖည္းခ်င္းပဲတက္လာၿပီးတိုက္ခန္းေ႐ွ႕ေရာက္ေတာ့တံခါးဖြင့္ရန္လြယ္အိတ္ထဲမွေသာ့ထုတ္လိုက္သည္...ေသာ့ဖြင့္ၿပီးအိမ္ထဲဝင္လာေတာ့အရင္လိုေမေမႏွင့္ညီမေလးမ႐ွိလို႔ထင္သည္အိမ္ေလးကတိတ္ဆိတ္ေျခာက္ေသြ႔လ်က္
လြယ္အိတ္ကိုဧည့္ခန္းမွာပဲျဖစ္သလိုထားၿပီးေရဝင္ခ်ိဴ းလိုက္သည္...ေရခ်ိဴ းလိုက္မွပင္ပန္းႏြမ္းနယ္ေနတာေတြကယူပစ္သလိုသက္သာသြားရသည္။
ဒီေန႔စိတ္အေတာ္ၾကည္ေနသလိုစာလုပ္ခ်င္စိတ္လဲေပါက္ေနသည္မို႔လြယ္အိတ္အျမန္ယူကာစာထိုင္လုပ္ေနမိသည္။
သူစာလုပ္ေနတာသာJungkookျမင္ရင္ေတာ့အထူးအဆန္းဆိုၿပီးဓာတ္ပံုပါ႐ိုက္သိမ္းထားမလားမသိ။
Seoulၿမိဳ႕တြင္သူျဖစ္ခ်င္တာျဖစ္ရ၍ေပ်ာ္ေနေသာေကာင္ေလးတစ္ေယာက္႐ွိေနသလိုHong Kongမွာကေတာ့သူျဖစ္ခ်င္တိုင္းျဖစ္မလာ၍ေဒါသထြက္ေနေသာေကာင္ေလးတစ္ေယာက္လည္း႐ွိေလသည္။
Date-26.10.20
Unicode version
Seoulမြို့၏နာမည်ကျော်clubတစ်ခုဖြစ်သည်မို့လုံခြုံရေးကတော့အတော်တင်းကြပ်လေသည်...သူတောင်အလုပ်လာလျှောက်သည့်သူဆိုမှအထဲသို့ဝင်ခွင့်ရသည်။
Clubအတွင်းထဲရောက်တော့မျက်စိရှေ့တွင်လက်ညှိုးထိုးမလွဲရှိနေကြသည့်စုံတွဲများ....အမှောင်ရိပ်ကျသည့်နေရာများ၌သာမကပဲနေရာအနှံ့သူတို့နဲ့ပြည့်နေသည်။
"ပိုက်ဆံတွေပေါနေကြတဲ့သူတွေဆိုတော့လည်းဒီမှာလာဖြုန်းကြရတာပေါ့"
ထိုလူများကိုကြည့်ရင်းမှတ်ချက်တစ်ခုသာပေးမိသည်...ဝင်လာရင်းမှာအလုပ်လျှောက်ရမယ်မှန်းမသိသည်မို့နီးရာwaiterလေးတစ်ယောက်ကိုသာဆွဲ၍မေးလိုက်ရသည်။
"အစ်ကိုဒီclubကခေါ်ထားတဲ့waiterအလုပ်လေအဲ့တာဘယ်မှာသွားလျှောက်ရမလဲဗျ"
သူမေးလိုက်သည့်ကောင်လေးမှသူ့အားပြုံးပြရင်းအသေအချာလမ်းညွှန်ပေးသည်။
"ေဩာ်ညီလေးကအလုပ်လာလျှောက်တာပဲ...ဒီကနေတည့်တည့်လျှောက်သွားပြီးရင်ဘယ်ကွေ့လိုက်ငါ့ညီ...အဲ့မှာဒီclubရဲ့မန်နေဂျာရုံးခန်းရှိတယ်သူ့ဆီမှာသွားမေးလိုက်နော်"
"ဟုတ်ကျေးဇူးပါအစ်ကို"
"ရပါတယ်ကွာဒါဆိုအစ်ကိုအလုပ်ရှိသေးလို့သွားပြီနော်"
Waiterအစ်ကိုထွက်သွားတော့မှသူညွှန်ပြသွားသည့်အတိုင်းလျှောက်သွားလိုက်သည်...မန်နေဂျာရုံးခန်းတွေ့တော့အခန်းရှေ့ရပ်ပြီးတံခါးအသာခေါက်လိုက်သည်။
"ဘယ်သူလဲဝင်ခဲ့"
အထဲကဝင်ခဲ့ခိုင်းသံကြားမှတံခါးဖွင့်ပြီးသူဝင်သွားလိုက်သည်...အထဲရောက်တော့အလုပ်လုပ်နေပုံရသည့်ဝဝဖိုင့်ဖိုင့်လူကြီးတစ်ဦးကိုတွေ့သည်...သူလဲဘာပြောရမှန်းမသိသေးဖြင့်ရပ်ပဲရပ်နေလိုက်သည်။
"မင်းဘာကိစ္စရှိလို့လဲ"
"ကျွန်တော်အလုပ်လာလျှောက်တာ...ခင်ဗျားတို့ဆီကအလုပ်ခေါ်စာတွေ့လို့"
သူ့စကားဆုံးတော့သူ့တစ်ကိုယ်လုံးကိုအကဲခတ်လာသည့်ထိုသူကြီး
"ကောင်လေးမင်းအသက်ရောပြည့်သေးရဲ့လား"
လာပြန်ပြီဒီဟာပဲမေးနေလိုက်ကြတော့
"ဆယ့်ရှစ်နှစ်ပြည့်ပြီးပြီ"
"မထင်ရဘူးနော်အကောင်သေးလိုက်တာ"
ဒီလူကြီးများသွားပြီ...ဒီအရပ်နဲ့လူကောင်ကိုပဲလာလာထိခိုက်နေကြတာအတော်ကိုများနေပြီ
"ကဲခင်ဗျားမေးခွန်းတွေပြီးပြီလား..အခုကျွန်တော်ကအလုပ်ရမှာလားမရဘူးလား..မရဘူးဆိုလဲမြန်မြန်ပြောနောက်တစ်ခုသွားရှာအောင်"
"Ok..okမနက်ဖြန်ညနေစဆင်းလို့ရပြီ"
ထိုလူကြီးစကားသံကြားမှသူသက်ပြင်းအသာချရသည်...ပါးစပ်ကသာအထက်စီးကပြောနေတာတကယ့်တော့ဒီအလုပ်ရမှဖြစ်မှာ
"အဲ့တာဆိုကျွန်တော်မနက်ဖြန်မှပြန်လာခဲ့တော့မယ်...သွားခွင့်ပြုပါဦး"
"ကောင်းပြီ"
တံခါးကိုအသာပြန်ပိတ်ပေးခဲ့ပြီအပြင်ရောက်မှသူအဝပျော်ရသည်
"တော်ပါသေးရဲ့ကွာ...ရပြီအခုကစပြီးပိုက်ဆံအများကြီးရှာပြီးMin Yoongiရဲ့အကြွေးကိုဆပ်ရမယ်ဒါမှဒီလူကြီးနဲ့ငါမအိပ်ရမှာ...ငါကမိန်းမပဲယူမှာသူနဲ့လုံးဝမအိပ်နိုင်ဘူး"
မန်နေဂျာရုံးခန်းရှေ့ကနေပြန်ထွက်လာတော့ခုနကအစ်ကိုနဲ့ပြန်ဆုံသည်။
"ဘယ်လိုလဲငါ့ညီ...အဆင်ပြေခဲ့လား"
"ပြေတယ်အစ်ကို..အလုပ်ရခဲ့ပြီ"
"တော်သေးတာပေါ့ကွာ...ကဲနောက်မှတွေ့မယ်"
သူ့အားအမြန်နှုတ်ဆက်သွားသည့်သူအားဘာမှတောင်ပြန်မနှုတ်ဆက်လိုက်ရ...သူပဲနှုတ်ဆက်ပြီးသူပဲအမြန်ပြန်ပြေးသွားသည်။
Clubအပြင်သို့ရောက်တော့သူ့ခြေလှမ်းတွေပေါ့ပါးနေသည်...အိမ်အပြန်လမ်းကလည်းဒီနေ့မှပိုပျော်စရာကောင်းနေသယောင်ပင်
"အမေလဲနေကောင်းလာပြီ...ဟိုလူကြီးရဲ့အကြွေးဆပ်ပြီးရင်ပြီးပြီ"
လက်တွေ့ဖြစ်မလာသေးသည့်အတွေးနှင့်ပင်သူအလွန်ကြည်နူးရပါသည်။
-
-
-
-
-
-
-
"တောက်ခ်"
Hong Kongမှာရှိနေသည်ဆိုသောသတင်းကြောင့်သူ့မှာKoreaကနေပင်အမြန်ပြေးလာခဲ့ရသည်။
ဒါကိုအခုအဲ့လူကသူတို့ခြေရာခံမိတာသိလို့ထွက်ပြေးသွားသည်တဲ့...ဘယ်လောက်စိတ်တိုစရာကောင်းလဲ
"မင်းတို့စောက်သုံးကျတာဘာရှိလဲ..ဟမ်"
"ကျွန်..ကျွန်တော်တို့ညံ့ဖျင်းသွားပါတယ်Boss...အပြစ်ပေးပါ"
ခေါင်းကိုမြေကြီးနဲ့ထိမတတ်ငုံ့ကာအထစ်ထစ်အငေါ့ငေါ့နဲ့ဆိုလာသည့်သူ
အသုံးမကျတာမှန်ပေမဲ့ဒီလူတွေကသူ့အပေါ်တကယ်သစ္စာရှိတာသူသိသည်...သူသေခိုင်းရင်တောင်သေမည့်သူတွေ
"သူ့ကိုအခုချက်ချင်းရအောင်လိုက်ရှာခဲ့ကြ...ဒါနောက်ဆုံးအခွင့်အရေးမို့နောက်တစ်ခါဆိုတာမရှိဘူး....ဒီတစ်ခေါက်ထပ်လွဲရင်မင်းတို့သေဖို့သာပြင်ထား"
"ဟုတ်ကဲ့ပါBoss"
သူ့ကိုအနူးအညွတ်အရိုအသေပေးကာအမြန်ပြေးထွက်သွားသည်။
ထိုလူတွေမရှိတော့မှထိုင်ခုံနောက်မှီပေါ်ခေါင်းလှန်ချပြီးအနားယူရန်ပြင်သည်...ပင်ပန်းနေပြီမို့သူခဏတော့အနားယူရန်လိုအပ်သည်။
❀ ❀ ❀
သူဒီနေ့အလွန်ပျော်နေသည်မို့အိမ်ပြန်လမ်းတွင်ခုန်ဆွခုန်ဆွနှင့်သီချင်းလေးပင်ညည်းလာလိုက်သေးသည်။
တခြားလမ်းသွားလမ်းလာများကတော့သူ့ကိုအထူးအဆန်းသဖွယ်ဝိုင်းကြည့်နေကြသည်။
ပုံမှန်ဆို"ဘာကြည့်တာလဲ"ဟူ၍ဘုဘောက်ပြောမည်ဖြစ်သော်လည်းသူဒီနေ့အလွန်ပျော်နေသည်မို့တစ်ရက်လောက်လျစ်လျူ ရှုလိုက်ပါမယ်လေ
"ကိုကိုJiminဘယ်ကပြန်လာတာလဲ"
သူ့အားလှမ်းနှုတ်ဆက်သံကြားသည်မို့အသံလာရာလှမ်းကြည့်မိတော့ညီမလေး၏သူငယ်ချင်းဖြစ်သောYuri
သူ့ထက်နှစ်နှစ်ငယ်သောညီမလေးနှင့်ရွယ်တူမို့ဒီကောင်မလေးလည်းအလွန်ဆုံးရှိလှမှဆယ့်ခြောက်နှစ်လောက်ဖြစ်မည်။
"ေဩာ်Yuri...Jiyeonဆီလာတာလားသူမရှိဘူး"
"မဟုတ်ပါဘူးကိုကိုJiminရဲ့..ညီမကဒီနားမှာပဲနေတာအခုကိုကို့ကိုလှမ်းမြင်လိုက်လို့နှုတ်ဆက်တာ"
"အော်အင်းအဲ့တာဆိုကိုယ်သွားတော့မယ်နော်..နောက်မှတွေ့တာပေါ့"
"ဟုတ်ကိုကို"
ဟုတ်ဆိုတဲ့စကားနောက်မှာခပ်တိုးတိုးပြောလိုက်သည့်ကိုကိုခေါ်သံကိုသူကြားဖြစ်အောင်ကြားလိုက်ပါသေးသည်။
သူလဲလူငယ်ပဲမို့ဒီကလေးမလေးသူ့အပေါ်စိတ်ကစားနေတာရိပ်မိပါသည်...ဒါပေမဲ့ညီမလေးရဲ့ငယ်သူငယ်ချင်းမို့ငယ်ငယ်ကတည်းကမြင်လာရသည့်အတွက်ကြောင့်လားတော့မသိသူ့အနေနဲ့ညီမလေးတစ်ယောက်ထက်ဘယ်လိုမှပို၍ခံစားပေးလို့မရ
"ရှေ့ဆက်မတိုးလာပါနဲ့Yuriရေ...မင်းပဲပိုပင်ပန်းလိမ့်မယ်"
အနှီကောင်မလေးကတော့သူ့စကားကိုကြားနိုင်မည်မထင်။
သူတို့တိုက်ခန်းက၃လွှာမှာပဲရှိတာမို့ဓာတ်လှေကားနဲ့တက်မနေတော့ပဲရိုးရိုးလှေကားမှသာတက်သည်...လေ့ကျင့်ခန်းလဲလုပ်ဖြစ်ရာရောက်တာပေါ့
ဖြည်းဖြည်းချင်းပဲတက်လာပြီးတိုက်ခန်းရှေ့ရောက်တော့တံခါးဖွင့်ရန်လွယ်အိတ်ထဲမှသော့ထုတ်လိုက်သည်...သော့ဖွင့်ပြီးအိမ်ထဲဝင်လာတော့အရင်လိုမေမေနှင့်ညီမလေးမရှိလို့ထင်သည်အိမ်လေးကတိတ်ဆိတ်ခြောက်သွေ့လျက်
လွယ်အိတ်ကိုဧည့်ခန်းမှာပဲဖြစ်သလိုထားပြီးရေဝင်ချိူ းလိုက်သည်...ရေချိူ းလိုက်မှပင်ပန်းနွမ်းနယ်နေတာတွေကယူပစ်သလိုသက်သာသွားရသည်။
ဒီနေ့စိတ်အတော်ကြည်နေသလိုစာလုပ်ချင်စိတ်လဲပေါက်နေသည်မို့လွယ်အိတ်အမြန်ယူကာစာထိုင်လုပ်နေမိသည်။
သူစာလုပ်နေတာသာJungkookမြင်ရင်တော့အထူးအဆန်းဆိုပြီးဓာတ်ပုံပါရိုက်သိမ်းထားမလားမသိ။
Seoulမြို့တွင်သူဖြစ်ချင်တာဖြစ်ရ၍ပျော်နေသောကောင်လေးတစ်ယောက်ရှိနေသလိုHong Kongမှာကတော့သူဖြစ်ချင်တိုင်းဖြစ်မလာ၍ဒေါသထွက်နေသောကောင်လေးတစ်ယောက်လည်းရှိလေသည်။