Final

2.9K 270 43
                                    

Zawgyi version

Luggageကို​ဘေးချပြီး ​လေဆိပ်​ထဲမှာ အချိန်​အ​တော်​ကြာ ထိုင်​​နေခဲ့မိတယ်​။ ဒီ​မြေ​ပေါ်ကို ​နောက်​တစ်​ခါ​ ​ခြေချဖို့ဆိုတာ မဖြစ်​နိုင်​​တော့ပြီမို့ ထွက်​မသွားခင်​​လေး အမိ​မြေကို အဝကြည့်​သွားချင်​​သေးတယ်​။

အပြည်​ပြည်​ဆိုင်​ရာ​လေဆိပ်​မို့ ဆိုက်​​ရောက်​/ထွက်​ခွာ ခရီးသည်​​တွေနဲ့ မြင်​ကွင်းကအပြည့်​။ သူက​ရော၊ သူဟာလည်း မကြာခင်​အချိန်​အတွင်းမှာ ဒီ​မြေ​ပေါ်က​နေ စွန့်​ခွာရ​တော့မှာပါလား။

"CEO​လေယာဉ်​ချိန်​နီးပါပြီ"

ဘေးနားလာရပ်​ကာ သတိ​ပေး​နေ​သော Taehyungကို စိတ်​လိုလက်​ရ ပြုံးပြလိုက်​မိသည်​။

"Taehyung"

"ဟုတ်​ကဲ့CEO"

"Hygပဲ​ခေါ်ပါ..ဒီအ​တောအတွင်းမှာငါမင်းအ​ပေါ်လွန်​ခဲ့တာ​တွေရှိရင်​​တောင်းပန်​ပါတယ်​..ပြီး​တော့သူ့ကို​စောင့်​​ရှောက်​​ပေးပါသူကအပြင်​ပန်းသာကြံ့ခိုင်​တာ..တကယ့်​တကယ်​ကအဲ့က​လေးကအရမ်းစိတ်​​ပျော့တယ်​"

"Jiminအတွက်​​တော့စိတ်​ချပါhyg...ဟိုမှာကျန်းမာ​ရေးဂရုစိုက်​ပါ"

"အခါခါမှာခဲ့ပြီး​ပေမဲ့ထပ်​မှာရဦးမယ်​..သူလုံးဝမသိပါ​စေနဲ့"

"ကျွန်​​တော်​နားလည်​ပါတယ်​"

နှုတ်​ဆက်​ထွက်​ခွာခဲ့သူက ကိုယ်​တိုင်​ဆို​ပေမဲ့ အထီးကျန်​မှု​လေး​တော့ အနည်းငယ်​ခံစားရသား။

"​​ဟောhygသွားရ​တော့မယ်​...ကျန်းမာ​ရေးဂရုစိုက်​​နော်​Taehyung"

Taehyungကိုနှုတ်ဆက်ပြီးတာနှင့် ​​​Wheel chairကို ကိုယ့်​ဖာသာ တွန်းသွားရင်း ​လေယာဉ်​လက်​မှတ်​ပြလိုက်​သည်​။ ​လေယာဉ်​မယ်​​လေးတစ်​​ယောက်​က သူ့ကိုကူညီကာ ​လေယာဉ်​​ပေါ်​ရောက်​သည်​အထိ တွန်း​ပေးသွားသည်​။

လေယာဉ်​​ပေါ်​ရောက်​​တော့လည်း ​နေရာပါ တစ်​ခါတည်းရှာ​ပေးသွား​တာမို့ အဆင်​​ပြေသွားသည်​။ သူ့​နေရာက ပြတင်း​ပေါက်​ဘက်​မှာမို့ အပြင်​ကို လှမ်းကြည့်​လို့ရသည်​။ ​တော်​​သေးတာ​ပေါ့ မပျင်းရ​တော့ဘူး။

Daffodils[Completed]Donde viven las historias. Descúbrelo ahora