Part-18

1.6K 237 52
                                    

Zawgyi version

နောက်​ဆုံးတစ်​​ခေါက်​​တွေ့ခဲ့တုန်းကMin Yoongiသူ့အ​ပေါ်လုပ်​လိုက်​​သောအပြုအမူ​ကြောင့်​အ​တော်​ကိုထိတ်​လန့်​သွားခဲ့မိသည်​။

အဲ့ဒီလူကသူ့ကိုအတင်း​လာ​ရောက်​မ​တွေ့ဆုံ​တော့သည်​ကကိုသူ့အတွက်​အ​ကောင်းဟုဆိုရ​ပေမည်​။

ထိုလူနှင့်​မဆုံမိ​အောင်​သူ့ဘက်​ကအမျိုးမျိုး​ရှောင်​​နေခဲ့မိသည်​..ထိုလူ့ကားအားသူ့​ကျောင်း​ရှေ့တွင်​​တွေ့သည့်​အခါမျိုး၊ညဆိုသူတို့တိုက်​​အောက်​မှာရပ်​ထားသည့်​အခါမျိုးဆို​ကြောက်​လွန်းလို့သူ့မှာဒူး​တွေပင်​မခိုင်​။

ကြောက်​လို့အတင်းရုန်းကန်​​နေခဲ့​တာ​တောင်အ​​ရေးမထားပဲ​​​​အရိုင်းဆန်​​ကာအတင်း​ပြုမူ​နေခဲ့သည့်​ထိုလူ့ရဲ့ပူံရိပ်​​တွေပြန်​မြင်​​ယောင်​လာမိတိုင်းသူ့မှာ​ကြောက်​လန့်​​နေရမြဲ။

အခုလည်းclubက​နေအလုပ်​ဆင်းလာပြီးအပြန်တွင်​​ည၁၀နာရီ​ကျော်​ပင်​ရှိ​နေပြီမို့အ​တော်​​နောက်​ကျ​နေပြီ။

လူ​ခြေတိတ်​​နေပြီမို့ခပ်​သုတ်​သုတ်​​လျှောက်​လာပြီးသူတို့တိုက်​ထဲအမြန်​ဝင်​ရန်​ပြင်​​တော့သူ့ကိုရုတ်​တရက်​လှမ်းဆွဲလာသည့်​လက်​​ကြောင့်​လန့်​ဖြန့်​ကာလှမ်းထိုးရန်​တစ်​ဖက်​ကလူကိုရွယ်​လိုက်​မိသည်​။

"Min Yoongi"

ပါးစပ်​ဖျားကထိုလူ့ရဲ့အမည်​နာမကိုရွတ်​ဖြစ်​​အောင်​ရွတ်​လိုက်​မိ​သေးသည်​။

"Jiminကိုယ်​​လေ"

ထိုလူပိန်​သွားသည်​..မျက်​လုံး​တွေကလည်းနီရဲ​နေကာအရင်​ကမြင်​​တွေ့​နေကြMin Yoongiနှင့်​တစ်​​နေရာမှမတူ။

"ခင်​ဗျားကိုမမြင်​ချင်​တာမို့ပြန်​​တော့"

သူ့ကိုဆွဲထားသည့်​လက်​တို့ကိုဖြုတ်​ချကာMin Yoongiကို​ကျောခိုင်းပြီးထွက်​သွားရန်​ပြင်​လိုက်​သည်​။

ထိုစဉ်​သူ့ကိုသိုင်းဖက်​လာသည့်​လက်​တစ်​စုံ​ကြောင့်​သူ့ခန္ဓာကိုယ်​​တောင့်​သွားရသည်​။

Daffodils[Completed]Where stories live. Discover now