Part-5

2K 265 34
                                    

Zawgyi version

နေ့လည်​ကTaehyung​ပြောသွားတဲ့စကား​ကြောင့်​ဒီ​နေ့အိမ်​ကို​စော​စောပြန်​ရန်​​တွေးထားသည်​....တကယ်​​တော့Taehyungကိုရှာသာရှာခိုင်းလိုက်​တာသူ​လိုချင်​​နေလို့​တော့မဟုတ်​...အခုအသက်​အရွယ်​အထိချစ်​သူရည်းစားထားဖို့မ​ပြောနှင့်​သူ့ဘက်​ကစိတ်​ဝင်​စားမိတဲ့သူကိုမရှိ

ဒါကိုသူခဏခဏဆန်းစစ်​ခဲ့ဖူးသည်​...အ​ကြောင်းပြချက်​​ရေ​ရေရာရာမရှိသလိုသူကိုယ်​တိုင်​လဲမသိခဲ့...အချစ်​ဦးမမည်​​သောအချစ်​ဦး​ကြောင့်​ပဲသူထပ်​မချစ်​တတ်​​တော့လား...ဒါမှမဟုတ်​ပဲသူကိုယ်​တိုင်​ကကိုမချစ်​ချင်​​တော့လားဆိုတာကိုသူကိုယ်​တိုင်​ပင်​မသိ

အထူးခြားဆုံးက​သွေးသားဆန္ဒ...အရွယ်​​ရောက်​ပြီး​ယောက်ျားတစ်​​ယောက်​အ​နေနဲ့ကိုဆန့်​ကျင်​ဘက်​လိင်​အ​ပေါ်မှာသူခံစားလို့မရ...​ယောက်ျား​လေး​တွေပဲနှစ်​သက်​လားဆို​တော့လဲမဟုတ်​ပြန်​ဘူး...အမှန်​အတိုင်း​ပြောရရင်​သူလိုအပ်​​နေခဲ့တာထိုသူတစ်​​ယောက်​တည်းရယ်​ပါ

Taehyungကို​တောင်းဆိုမိသည်​ကလည်းဒီအတိုင်းအ​တွေ့အကြုံရ​အောင်​စမ်းသပ်​ချင်​ရုံသက်​သက်​...မိန်းက​လေး​တွေနဲ့ပတ်​သက်​ရင်​​နောင်​အရှုပ်​အရှင်းရှိလာနိုင်​သည်​မို့​ယောက်ျား​လေးရှာခိုင်းမိခြင်း...တစ်​ခါပဲ​တွေ့ရမည့်​သူ​တွေမို့သူ့​ခေါင်းထဲထို​ကောင်​​လေးအ​ကြောင်းအများကြီးမထည့်​ချင်​...​အ​တွေးများ​နေတုန်းအိမ်​ပင်​ပြန်​​ရောက်​​နေပြီဖြစ်​​သော​ကြောင့်​ကား​ပေါ်ကဆင်းကာ

"ဦး​လေးLee...ဟိုတစ်​​ယောက်​​ရောက်​​နေပြီလား"

"ဟုတ်​ကဲ့သခင်​​လေး​ပြောတဲ့အတိုင်းစာကြည့်​ခန်းထဲ​စောင့်​ခိုင်းထားပါတယ်​"

"​ကောင်းပြီ..ဒါဆိုကျွန်​​တော်​အ​ပေါ်တက်​​တော့မယ်​"

"ဟုတ်ကဲ့သခင်​​လေး"

လှေကားအ​ပေါ်ဖြည်းညှင်းစွာတက်​​နေ​သောသခင်​​လေးကိုကြည့်​ရင်းသူသက်​ပြင်းချမိသည်​...သခင်​​လေးကနဂိုကတည်းကအ​နေအထိုင်​​အေးသူဖြစ်​​သော်​လည်းထိုသူမရှိ​တော့ကတည်းကလိုတာထက်​ပို​အေးစက်​သွားခဲ့သည်​...သခင်​​လေးဒီလိုဖြစ်​​နေတာသူဆက်​မမြင်​ချင်​​တော့​တာသူ့ရဲ့ဆန္ဒတစ်​ခု

Daffodils[Completed]Where stories live. Discover now