Unicode
အရှင့်အလိုတော်အတိုင်း(15)
"မင်းကြီး ကြွချီလာပါပြီ..."မိန်းမစိုးရဲ့ အသံနှင့်အတူ
ကြင်ယာတော် Way ရဲ အဆောင်တွင်းရှိ အစေခံများ အားလုံး ဒူးထောက် အရိုအသေ ပြုကြတယ်...
ကြင်ယာတော် Way ကလဲ..'မင်းကြီးကို ဂါဝရပြုပါတယ်.."
"ကြင်ယာတော် Way ကလွဲပြီး ကျန်တဲ့သူတွေ အကုန်ထွက်သွားကြ...."
မင်းကြီး အမိန့်ပေးတာနဲ့..ကြင်ယာတော် Wayနှင့် အစေခံများ အားလုံး ထကာ....အစေခံများအကုန် ထွက်သွားကြတယ်.....
"မင်းကြီး...ကျွန်တော် အဆောင်တော်ကို မရောက်တာ ကြာနေပြီ....မင်းကြီး လာတဲအတွက် ကျွန်တော်မျိုး...ဝမ်းမြောက်လှပါတယ်..."
မင်းကြီး မျက်နှာဟာ အရင်လို သူနဲ့တွေ့တိုင်း မနူးညံနေတော့.....
"ကြင်ယာတော် ကနာ နေမကောင်းဖြစ်တယ်..."
ကြင်ယာတော် Way ကလဲ အံသြစွာနဲ့...
"ဟမ်....ကြင်ယာတော်...နေမကောင်းဘူး..."မသိသလိုပုံစံဖြင့်သာ....
"အို့.....ကြင်ယာတော်က မသိချင်ဘူးလား...ကနာ ဘာကြောင့် နေမကောင်း ဖြစ်လဲဆိုတာ...."
"ဘာကြောင့်ပါလဲ...မင်းကြီး..."ကြင်ယာတော်က မတ်တပ်ရပ်လျက်သာ..မျက်နှာ မဖော်နိုင်....
မင်းကြီးလည်း...သောက်လက်စ ရေနွေးကြမ်းခွက်ကို..ကြမ်းပြင်ပေါ် ပေါက်ချလိုက်ရာ..ရေနွေးခွက်ကလေးမှာ အစိတ်စိတ်အမွှာမွှာ
ဖြစ်ခဲ့ပြီး...ကြင်ယာတော်မှာလည်း..ခန္ဓာကိုယ်လေး..တုန်သွားတယ်....
"ဟကမ...ဟန်ဆောင်ကောင်းလှချည်လား..."
ကြင်ယာတော်လည်း..ချက်ချင်းဒူးထောက်ကာ...
"မင်းကြီး စိတ်လျော့ပါ...."
"ကြင်ယာတော် ကနာကို အမွေးအိတ်ပေးတာ မင်းလား.."
"ဟုတ်ပါတယ်..မင်းကြီး...."
"ကြင်ယာတော် Way ငါ့ကိုယ်တော်..မင်းကို မြတ်နိုးမိလို့
ကြင်ယာတော် ဘွဲတောင် ချီးမြင့်ထားတာ...ဘာလဲ..မင်းက မကျေနပ်နိုင်တာလား......"
"မင်းကြီး ဘာပြောနေလဲ ကျွန်တော်မျိုး..မသိပါ...ကျွန်တော်
ကြင်ယာတော် ကနာကို အမွေးအိတ်ပေးခဲ့တာ မှန်ပေမယ့်..
ကြင်ယာတော် ကို ထိခိုက်နိုင်မယ့် အလုပ်မျိုး မလုပ်ခဲ့ပါ..မင်းကြီး..."
မင်းကြီးလည်း...ကြင်ယာတော် Way ရဲ့ မျက်နှာကို ကိုင်လိုက်ပြီး..လက်ညိုးနဲ့ မော့လိုက်ကာ...
"ငါ့ကိုယ်တော် သိတာပေါ...ကြင်ယာတော်မှာ အဲလို လုပ်ရဲတဲ့ သတ္တိ မရှိဘူးဆိုတာ....ဒါကြောင့် အမှန်တိုင်းပြောပါ....ဘယ်သူခိုင်းတာလဲ...."
ဒီကိစ္စကိုသာ သေတဲ့ အထိ နင်နဲ့အတူ ယူသွားရင် နင့်မိသားစုကို ငါ့စောင့်ရှောက်မှာပါ...မဟုတ်လို့ကတော့...
ဆိုတဲ့ မိဖုရားခေါင်းကြီးရဲ့ စကားကို ကြားယောင်ကာ...
ကြင်ယာတော် မျက်လုံးတွင် မျက်ရည်များ ယိုစီးကျလျက်...
"ဘယ်သူမှခိုင်းတာမဟုတ်ပါဘူး..မင်းကြီး..စွပ်စွဲခံရတာပါ..မင်းကြီး..."
"ငါ့ကိုယ်တော် မင်းကို အခွင့်ရေး ပေးခဲ့သားနဲ့...လာကြစမ်း.."မင်းကြီး ခေါ်လိုက်သည်နှင့်..
ရဲမက်နှစ်ယောက် ရောက်လာပြီး...
"သူကို အကျဉ်းချထားလိုက်..."
မင်းကြီး အမိန့်ပေးပြီးသည်နှင့် ရဲမက်နှစ်ယောက်ကလည်း
ကြင်ယာတော် Wayကို ဆွဲခေါ်သွားရာ ကြင်ယာတော် Way ကေတာ့ 'မတရား ခံရတာပါ..မင်းကြီး.."
အော်ငိုရင်းသာ ပါသွားတယ်...
အပျိုတော် တစ်ယောက် ဝင်လာကာ"မင်းကြီး...ကြင်ယာတော် ကနာ သတိရလာပါပြီ.."
မင်းကြီးလည်း..ထိုနေရာမှ ကြင်ယာတော်အဆောင်ကို ထွက်လာတော့တယ်...
............
လရောင်အောက် ကြယ်ရောင်စုံအောက်မှာ ည အလှတရားကို ရူစားနေတဲ့ သူတို့နှစ်ယောက်
မင်းသားလေးSom ကို ပခုံးလေး ဖက်ထားပြီး..Somကတော့ မင်းသားလေး ရင်ခွင်ထဲမှ ခေါင်းလေးမှီရင်း....
"သခင်လေး...ကျွန်တော်လေ...သခင်လေးနဲ့ ညတိုင်း..
ဒီလိုလေး လမင်းကြီးကို ကြည့်ရင်း သခင်လေးနားမှာ အမြဲ
နေချင်တယ်...."
မင်းသားလည်း.အနူးညံဆုံးသော အပြုံးတစ်ခု ပြုးလိုက်၍
"ငါ့လည်း..မင်းကို အမြဲ ငါ့ရင်ခွင်ထဲ ထည့်ထားချင်တယ်...'
နှစ်ယောက်သား အပြုံးကိုယ်စီနဲ့ လရောင်ကို ပြန်လည် ရူစားနေတယ်...
"သခင်လေး...ကျွန်တော်ကို ချစ်လား..."Somက မင်းသား မျက်နှာကို မကြည့်ဘဲ လမင်းကြီး ကို ကြည့်ပြီးတော့သာ...မေးလိုက်တယ်...
"ကိုယ် မင်းကို ချစ်တာထက် ပိုတယ်...မင်းသိလား...မင်းနဲ့
တွေ့ပြီးတဲ့အချိန်က စပြီး ကိုယ့်ဘဝက ပိုပြီး ပြည့်စုံခဲ့တယ်..
အထီးကျန်လွန်းနေပေမဲ့ မင်းကို တွေ့လိုက်ရရင် ကိုယ် ပြည့်စုံနေခဲ့တယ်...မင်းက ကိုယ်ရဲ့ ဒီနေ့နဲ့ မနက်ဖြန်ပဲ..."
Som လည်း မင်းသားလေးကို ကြည့်ရင်း ပြုံးလိုက်တယ်....
မင်းသားလည်း.Somရဲ့ မျက်လုံးတွေကို ကြည့်ရင်း...
နှစ်ယောက်သားမျက်နှာဟာ နီကပ်လာပြီး...နှုတ်ခမ်းချင်းဟာလည်း.ထိကပ်လာတယ်..
မနူးညံလွန်း..မကြမ်းလွန်းသည့် အနမ်းများ....
"မင်းသား......!!!"ရုတ်တရက် ရောက်လာတဲ့ အလိုက်မသိတဲ့ မင်းသားရဲ အစေခံကြောင့် Som ရှက်ကာ မျက်နှာများ ပင် နီရဲလာလေသည်...
"ဘာလဲ......မင်းကို ဒီလိုမျိုး..ဝင်လာရမယ်လို့ ငါ့သင်ထားလို့လား...."
"ကျွန်တော်မှားမှန်း သိပါပြီ...မင်းသားကို အရေးကြီး ကိစ္စ
ပြောစရာရှိလို့ပါ...."
မင်းသားအစေခံလည်း...မင်းသားနားကပ်ကာ တိုးတိုးလေး ပြောလိုက်တယ်....
"အမ်...ငါ့သိပြီ...."အစေခံလည်း..မင်းသားကို အရိုအသေ ပေးကာ ထွက်သွားတယ်...
"မင်း ပင်းပန်နေရောပေါ...အနားယူကြရအောင်လေ..."
မင်းသားပြောတာကြောင့် Som ခေါင်းသာ ငြိမ့်ပြတယ်..
Som အတွေးထဲတွင်တော့ ခုနက သခင်လေး အစေခံက ခေါ်လိုက်တဲ့ နာမ်းစားကို ခေါင်းထဲ ဆွဲနေတယ်....
"မနက်ဖြန် ကြရင် ကိုယ် နန်းတွင်း ခဏပြန်ရမယ်..အဲတာ..
မင်းကို စိတ်မပူစေချင်လို့..ကိုယ်ပြောပြတာ..."
မင်းသားလည်း..Som ကို စောင်ခြုံပေးရင်းနဲ့...ပြောလိုက်တော့ Som က
"သခင်လေးနဲ့ နန်းတော်က ဘယ်လိုပတ်သက်တာလဲ..."
Somက မင်းသား လက်ကို အသာအယာကိုင်ကာ မေးလိုက်တော့ Somရဲ့ လက်ပေါ် ထပ်ကိုင်ပြီး..
"အချိန်တန်ရင် ပြောပြပါမယ်...အိပ်တော့နော်.."ဆိုပြီး..Som
နဖူးလေးအား နမ်းလိုက်တော့ Somကလည်း...ပြန်လည်ပြုံးပြီး..မျက်လုံးတစ်စုံမှိတ်ခဲ့တယ်....
မင်းသားလေး...မနီးမဝေးင ကုတင်ပေါ်သွားပြီး လိုက်ကာကို ဆွဲဲဲပြီး.....စိတ်ထဲမှာတော့
ကိုယ်ရဲ ဘဝအမှန်ကိုမင်းသိသွားရင် ရှောင်ပြေးသွားမှာ ကြောက်တယ်....
နန်းတွင်းဆိုတာ အဆိပ်တွေနဲ့ ပြည့်နက်နေတဲ့ ပန်းဥယျာဥ်ကြီးလိုပဲ။အဲလိုနေရာမျိုးက ရိုးစင်းပြီးအနေအေးတဲ့ Som နဲ့မသက်ဆိုင်ဘူး။
Somရဲ စိတ်ထဲမှာလည်း...သခင်လေးက နန်းတွင်းနဲ့
ပတ်သက်တဲလူ မဖြစ်ပါစေနဲ့လို့သာ ဆုတောင်းရင်း...
................
ကြင်ယာတော် ကနာ ကုတင်တိုင်ကို မှီရင်း..သူကို ဆေးခွံတိုက်နေရင်း ငိုနေတဲ့ Yoကို ကြည့်ကာ ရယ်ချင်နေမိတယ်...
"ကြင်ယာတော် သိလား...ကြင်ယာတော်သာ တစ်ခုခုဖြစ်သွားရင်လေး..ဟင့်..ဟင့်...ကျွန်တော်ဘယ်လို လုပ်ရမလဲတောင် မသိဘူး...ဟိး..."
"အရူးလေး...ငါ့က ဘာဖြစ်ရမှာလဲ...ဒီတိုင်း..ပုံမှန်လေး နေမကောင်းတာကို...."ဆိုပြီး Yoရဲ့ ခေါင်းလေးကို ပွတ်သပ်နေတယ်....
"ဟီး...ဟီး....ကြင်ယာတော်သာ နောက်ထပ် ဒီလို ထပ်ဖြစ်ရင် ကျွန်တော်အရင်သေမှာပဲ....အီး...ဟီး..."
Long တစ်ယောက်ကတော့ ပြောင်းလဲသွားတဲ့ Yoပုံကို ကြည့်ကာ...မျက်နှာအမှုအရာတွင် မဖော်ပြသော်လည်း...
အံသြနေမိတာ အမှန်....
"မင်းကြီး..ကြွချီလာပါပြီး...."ထိုအသံနှင့်အတူတူ မင်းကြီးက အမြန်အဆောင်တော်အတွင်း လျှောက်လှမ်းလာတယ်.....အဆောင်တော်အတွင်းရှိ ကိုယ်ရံတော်..အစေခံများကလည်း မင်းကြီးကို ဒူးထောက်ခစားနေတယ်....ကြင်ယာတော်လည်း ဂါဝရပြုဖို့ လုပ်ပေမဲ့...မင်းကြီးကလည်း.မြန်စွာ ကြင်ယာတော်ကို
ဆွဲထူလိုက်တယ်....
"ကြင်ယာတော် သက်သာလာပြီလား....ငါ့ကိုယ်တော် စိုးရိမ်နေတာ..."
"မင်းကြီးကို စိုးရိမ်အောင် လုပ်မိလို့ တောင်းပန်ပါတယ်..."
မင်းကြီးလည်း ကနာ နဖူးထက် ဝဲနေသော ဆံပင်များကို လက်ကလေးနဲ့ သပ်ရင်း....
"နိုးလာပေးလို့ ကျေးဇူးပါ..."
"ကျွန်တော်ရဲ့ သာမာန် နေမကောင်းတာလေးကြောင့် မင်းကြီးကို စိတ်ပူစေမိပြီ...."
"ကြင်ယာတော် သိထားပါ...မင်းနဲ့ ပတ်သက်တာမှန်သမျှ
ကိုယ် အကုန်ဂရုစိုက်တယ်..."ဆိုပြီး..ကြင်ယာတော်ကို
ရင်ခွင်ထဲ ဆွဲပွေ့ဖက်ထားတယ်...
အလိုက်သိသည့် ကိုယ်ရံတော် Lhongက အားလုံးကို ထွက်သွားကြဖို့ ပုံစံလုပ်ပြတော့ အစေခံများအားလုံးင ထွက်သွားသော်လည်း..မထွက်သွားသေးဘဲ ကြင်ယာတော်တို့ကို ထိုင်ကြည့်နေသည်မှာ Yo ။
Lhongလည်း Yoကို ဂုတ်ကဆွဲကာ ခေါ်သွားတော့
ယှက်ကန်ယှက်ကန်နဲ့ပါလာတယ်....
"မင်းကြီး...ကျွန်တော်..တစ်ခုခွင့်တောင်းလို့ရမလား....'
"အမ်...ပြောကြည့် ငါ့ကိုယ်တော် လိုက်လျောလို့ရတာ ဆိုရင်...လိုက်လျောပါမယ်..."
"ကျွန်တော် အိမ်တော်က အမေကို လွှမ်းလို့ အိမ်တော်ကို
ရက်အနည်းငယ်လောက် ပြန်ခွင့်ပြုပါလား...."
ကနာ ခွင့်တောင်းတော့ မင်းကြီးလည်း စဉ်းစားကာ.....
"တကယ်လို့ ကနာ လွှမ်းတယ်ဆိုရင် ငါ့ကိုယ်တော် စစ်သူကြီး ကတော်ကို နန်းတွင်းထဲလာဖို့ ဖိတ်လိုက်ပါမယ်...ကနာ ကျန်းမာရေးလဲ မကောင်းသေးတော့...နန်းတော်အပြင်ကို မထွက်စေချင်လို့ပါ....."
". ...'
ကနာလည်း..ပြန်မဖြေ မျက်နှာငယ်လေးဖြင့်သာ...
"ငါ့ကိုယ်တော် စီစဉ်ပေးတာကို လက်ခံပါ....ကနာ..."
"အမိန့်တိုင်းပါ...မင်းကြီး...."
ငါ့ကိုယ်တော်မင်းကို နန်းပြင်မလွှတ်ချင်ဘူး...လူကသာ ပြန်လာပြီး စိတ်က နန်းတွင် အပြင်မှာ ကျန်ခဲ့မှာ စိုးလို့ပါ...
ငါ့ကိုယ်တော်ကဲ့ စိတ်ကို နားလည်စေချင်တယ် ကနာ......
.............
လိုအပ်ချက်များ ဖြည့်စွက်နိုင်ပါတယ်....😘
အရွင့္အလိုေတာ္အတိုင္း(15)
"မင္းႀကီး ႂကြခ်ီလာပါၿပီ..."မိန္းမစိုးရဲ႕ အသံႏွင့္အတူ
ၾကင္ယာေတာ္ Way ရဲ အေဆာင္တြင္းရွိ အေစခံမ်ား အားလုံး ဒူးေထာက္ အရိုအေသ ျပဳၾကတယ္...
ၾကင္ယာေတာ္ Way ကလဲ..'မင္းႀကီးကို ဂါဝရျပဳပါတယ္.."
"ၾကင္ယာေတာ္ Way ကလြဲၿပီး က်န္တဲ့သူေတြ အကုန္ထြက္သြားၾက...."
မင္းႀကီး အမိန႔္ေပးတာနဲ႕..ၾကင္ယာေတာ္ Wayႏွင့္ အေစခံမ်ား အားလုံး ထကာ....အေစခံမ်ားအကုန္ ထြက္သြားၾကတယ္.....
"မင္းႀကီး...ကြၽန္ေတာ္ အေဆာင္ေတာ္ကို မေရာက္တာ ၾကာေနၿပီ....မင္းႀကီး လာတဲအတြက္ ကြၽန္ေတာ္မ်ိဳး...ဝမ္းေျမာက္လွပါတယ္..."
မင္းႀကီး မ်က္ႏွာဟာ အရင္လို သူနဲ႕ေတြ႕တိုင္း မႏူးညံေနေတာ့.....
"ၾကင္ယာေတာ္ ကနာ ေနမေကာင္းျဖစ္တယ္..."
ၾကင္ယာေတာ္ Way ကလဲ အံၾသစြာနဲ႕...
"ဟမ္....ၾကင္ယာေတာ္...ေနမေကာင္းဘူး..."မသိသလိုပုံစံျဖင့္သာ....
"အို႔.....ၾကင္ယာေတာ္က မသိခ်င္ဘူးလား...ကနာ ဘာေၾကာင့္ ေနမေကာင္း ျဖစ္လဲဆိုတာ...."
"ဘာေၾကာင့္ပါလဲ...မင္းႀကီး..."ၾကင္ယာေတာ္က မတ္တပ္ရပ္လ်က္သာ..မ်က္ႏွာ မေဖာ္နိုင္....
မင္းႀကီးလည္း...ေသာက္လက္စ ေရႏြေးၾကမ္းခြက္ကို..ၾကမ္းျပင္ေပၚ ေပါက္ခ်လိဳက္ရာ..ေရႏြေးခြက္ကေလးမွာ အစိတ္စိတ္အမႊာမႊာ
ျဖစ္ခဲ့ၿပီး...ၾကင္ယာေတာ္မွာလည္း..ခႏၶာကိုယ္ေလး..တုန္သြားတယ္....
"ဟကမ...ဟန္ေဆာင္ေကာင္းလွခ်ည္လား..."
ၾကင္ယာေတာ္လည္း..ခ်က္ခ်င္းဒူးေထာက္ကာ...
"မင္းႀကီး စိတ္ေလ်ာ့ပါ...."
"ၾကင္ယာေတာ္ ကနာကို အေမြးအိတ္ေပးတာ မင္းလား.."
"ဟုတ္ပါတယ္..မင္းႀကီး...."
"ၾကင္ယာေတာ္ Way ငါ့ကိုယ္ေတာ္..မင္းကို ျမတ္နိုးမိလို႔
ၾကင္ယာေတာ္ ဘြဲေတာင္ ခ်ီးျမင့္ထားတာ...ဘာလဲ..မင္းက မေက်နပ္နိုင္တာလား......"
"မင္းႀကီး ဘာေျပာေနလဲ ကြၽန္ေတာ္မ်ိဳး..မသိပါ...ကြၽန္ေတာ္
ၾကင္ယာေတာ္ ကနာကို အေမြးအိတ္ေပးခဲ့တာ မွန္ေပမယ့္..
ၾကင္ယာေတာ္ ကို ထိခိုက္နိုင္မယ့္ အလုပ္မ်ိဳး မလုပ္ခဲ့ပါ..မင္းႀကီး..."
မင္းႀကီးလည္း...ၾကင္ယာေတာ္ Way ရဲ႕ မ်က္ႏွာကို ကိုင္လိုက္ၿပီး..လက္ညိုးနဲ႕ ေမာ့လိုက္ကာ...
"ငါ့ကိုယ္ေတာ္ သိတာေပါ...ၾကင္ယာေတာ္မွာ အဲလို လုပ္ရဲတဲ့ သတၱိ မရွိဘူးဆိုတာ....ဒါေၾကာင့္ အမွန္တိုင္းေျပာပါ....ဘယ္သူခိုင္းတာလဲ...."
ဒီကိစၥကိုသာ ေသတဲ့ အထိ နင္နဲ႕အတူ ယူသြားရင္ နင့္မိသားစုကို ငါ့ေစာင့္ေရွာက္မွာပါ...မဟုတ္လို႔ကေတာ့...
ဆိုတဲ့ မိဖုရားေခါင္းႀကီးရဲ႕ စကားကို ၾကားေယာင္ကာ...
ၾကင္ယာေတာ္ မ်က္လုံးတြင္ မ်က္ရည္မ်ား ယိုစီးက်လ်က္...
"ဘယ္သူမွခိုင္းတာမဟုတ္ပါဘူး..မင္းႀကီး..စြပ္စြဲခံရတာပါ..မင္းႀကီး..."
"ငါ့ကိုယ္ေတာ္ မင္းကို အခြင့္ေရး ေပးခဲ့သားနဲ႕...လာၾကစမ္း.."မင္းႀကီး ေခၚလိုက္သည္ႏွင့္..
ရဲမက္ႏွစ္ေယာက္ ေရာက္လာၿပီး...
"သူကို အက်ဥ္းခ်ထားလိုက္..."
မင္းႀကီး အမိန႔္ေပးၿပီးသည္ႏွင့္ ရဲမက္ႏွစ္ေယာက္ကလည္း
ၾကင္ယာေတာ္ Wayကို ဆြဲေခၚသြားရာ ၾကင္ယာေတာ္ Way ေကတာ့ 'မတရား ခံရတာပါ..မင္းႀကီး.."
ေအာ္ငိုရင္းသာ ပါသြားတယ္...
အပ်ိဳေတာ္ တစ္ေယာက္ ဝင္လာကာ"မင္းႀကီး...ၾကင္ယာေတာ္ ကနာ သတိရလာပါၿပီ.."
မင္းႀကီးလည္း..ထိုေနရာမွ ၾကင္ယာေတာ္အေဆာင္ကို ထြက္လာေတာ့တယ္...
............
လေရာင္ေအာက္ ၾကယ္ေရာင္စုံေအာက္မွာ ည အလွတရားကို ႐ူစားေနတဲ့ သူတို႔ႏွစ္ေယာက္
မင္းသားေလးSom ကို ပခုံးေလး ဖက္ထားၿပီး..Somကေတာ့ မင္းသားေလး ရင္ခြင္ထဲမွ ေခါင္းေလးမွီရင္း....
"သခင္ေလး...ကြၽန္ေတာ္ေလ...သခင္ေလးနဲ႕ ညတိုင္း..
ဒီလိုေလး လမင္းႀကီးကို ၾကည့္ရင္း သခင္ေလးနားမွာ အၿမဲ
ေနခ်င္တယ္...."
မင္းသားလည္း.အႏူးညံဆုံးေသာ အၿပဳံးတစ္ခု ျပဳးလိုက္၍
"ငါ့လည္း..မင္းကို အၿမဲ ငါ့ရင္ခြင္ထဲ ထည့္ထားခ်င္တယ္...'
ႏွစ္ေယာက္သား အၿပဳံးကိုယ္စီနဲ႕ လေရာင္ကို ျပန္လည္ ႐ူစားေနတယ္...
"သခင္ေလး...ကြၽန္ေတာ္ကို ခ်စ္လား..."Somက မင္းသား မ်က္ႏွာကို မၾကည့္ဘဲ လမင္းႀကီး ကို ၾကည့္ၿပီးေတာ့သာ...ေမးလိုက္တယ္...
"ကိုယ္ မင္းကို ခ်စ္တာထက္ ပိုတယ္...မင္းသိလား...မင္းနဲ႕
ေတြ႕ၿပီးတဲ့အခ်ိန္က စၿပီး ကိုယ့္ဘဝက ပိုၿပီး ျပည့္စုံခဲ့တယ္..
အထီးက်န္လြန္းေနေပမဲ့ မင္းကို ေတြ႕လိုက္ရရင္ ကိုယ္ ျပည့္စုံေနခဲ့တယ္...မင္းက ကိုယ္ရဲ႕ ဒီေန႕နဲ႕ မနက္ျဖန္ပဲ..."
Som လည္း မင္းသားေလးကို ၾကည့္ရင္း ၿပဳံးလိုက္တယ္....
မင္းသားလည္း.Somရဲ႕ မ်က္လုံးေတြကို ၾကည့္ရင္း...
ႏွစ္ေယာက္သားမ်က္ႏွာဟာ နီကပ္လာၿပီး...ႏႈတ္ခမ္းခ်င္းဟာလည္း.ထိကပ္လာတယ္..
မႏူးညံလြန္း..မၾကမ္းလြန္းသည့္ အနမ္းမ်ား....
"မင္းသား......!!!"႐ုတ္တရက္ ေရာက္လာတဲ့ အလိုက္မသိတဲ့ မင္းသားရဲ အေစခံေၾကာင့္ Som ရွက္ကာ မ်က္ႏွာမ်ား ပင္ နီရဲလာေလသည္...
"ဘာလဲ......မင္းကို ဒီလိုမ်ိဳး..ဝင္လာရမယ္လို႔ ငါ့သင္ထားလို႔လား...."
"ကြၽန္ေတာ္မွားမွန္း သိပါၿပီ...မင္းသားကို အေရးႀကီး ကိစၥ
ေျပာစရာရွိလို႔ပါ...."
မင္းသားအေစခံလည္း...မင္းသားနားကပ္ကာ တိုးတိုးေလး ေျပာလိုက္တယ္....
"အမ္...ငါ့သိၿပီ...."အေစခံလည္း..မင္းသားကို အရိုအေသ ေပးကာ ထြက္သြားတယ္...
"မင္း ပင္းပန္ေနေရာေပါ...အနားယူၾကရေအာင္ေလ..."
မင္းသားေျပာတာေၾကာင့္ Som ေခါင္းသာ ၿငိမ့္ျပတယ္..
Som အေတြးထဲတြင္ေတာ့ ခုနက သခင္ေလး အေစခံက ေခၚလိုက္တဲ့ နာမ္းစားကို ေခါင္းထဲ ဆြဲေနတယ္....
"မနက္ျဖန္ ၾကရင္ ကိုယ္ နန္းတြင္း ခဏျပန္ရမယ္..အဲတာ..
မင္းကို စိတ္မပူေစခ်င္လို႔..ကိုယ္ေျပာျပတာ..."
မင္းသားလည္း..Som ကို ေစာင္ၿခဳံေပးရင္းနဲ႕...ေျပာလိုက္ေတာ့ Som က
"သခင္ေလးနဲ႕ နန္းေတာ္က ဘယ္လိုပတ္သက္တာလဲ..."
Somက မင္းသား လက္ကို အသာအယာကိုင္ကာ ေမးလိုက္ေတာ့ Somရဲ႕ လက္ေပၚ ထပ္ကိုင္ၿပီး..
"အခ်ိန္တန္ရင္ ေျပာျပပါမယ္...အိပ္ေတာ့ေနာ္.."ဆိုၿပီး..Som
နဖူးေလးအား နမ္းလိုက္ေတာ့ Somကလည္း...ျပန္လည္ၿပဳံးၿပီး..မ်က္လုံးတစ္စုံမွိတ္ခဲ့တယ္....
မင္းသားေလး...မနီးမေဝးင ကုတင္ေပၚသြားၿပီး လိုက္ကာကို ဆြဲဲဲၿပီး.....စိတ္ထဲမွာေတာ့
ကိုယ္ရဲ ဘဝအမွန္ကိုမင္းသိသြားရင္ ေရွာင္ေျပးသြားမွာ ေၾကာက္တယ္....
နန္းတြင္းဆိုတာ အဆိပ္ေတြနဲ႕ ျပည့္နက္ေနတဲ့ ပန္းဥယ်ာဥ္ႀကီးလိုပဲ။အဲလိုေနရာမ်ိဳးက ရိုးစင္းၿပီးအေနေအးတဲ့ Som နဲ႕မသက္ဆိုင္ဘူး။
Somရဲ စိတ္ထဲမွာလည္း...သခင္ေလးက နန္းတြင္းနဲ႕
ပတ္သက္တဲလူ မျဖစ္ပါေစနဲ႕လို႔သာ ဆုေတာင္းရင္း...
................
ၾကင္ယာေတာ္ ကနာ ကုတင္တိုင္ကို မွီရင္း..သူကို ေဆးခြံတိုက္ေနရင္း ငိုေနတဲ့ Yoကို ၾကည့္ကာ ရယ္ခ်င္ေနမိတယ္...
"ၾကင္ယာေတာ္ သိလား...ၾကင္ယာေတာ္သာ တစ္ခုခုျဖစ္သြားရင္ေလး..ဟင့္..ဟင့္...ကြၽန္ေတာ္ဘယ္လို လုပ္ရမလဲေတာင္ မသိဘူး...ဟိး..."
"အ႐ူးေလး...ငါ့က ဘာျဖစ္ရမွာလဲ...ဒီတိုင္း..ပုံမွန္ေလး ေနမေကာင္းတာကို...."ဆိုၿပီး Yoရဲ႕ ေခါင္းေလးကို ပြတ္သပ္ေနတယ္....
"ဟီး...ဟီး....ၾကင္ယာေတာ္သာ ေနာက္ထပ္ ဒီလို ထပ္ျဖစ္ရင္ ကြၽန္ေတာ္အရင္ေသမွာပဲ....အီး...ဟီး..."
Long တစ္ေယာက္ကေတာ့ ေျပာင္းလဲသြားတဲ့ Yoပုံကို ၾကည့္ကာ...မ်က္ႏွာအမႈအရာတြင္ မေဖာ္ျပေသာ္လည္း...
အံၾသေနမိတာ အမွန္....
"မင္းႀကီး..ႂကြခ်ီလာပါၿပီး...."ထိုအသံႏွင့္အတူတူ မင္းႀကီးက အျမန္အေဆာင္ေတာ္အတြင္း ေလွ်ာက္လွမ္းလာတယ္.....အေဆာင္ေတာ္အတြင္းရွိ ကိုယ္ရံေတာ္..အေစခံမ်ားကလည္း မင္းႀကီးကို ဒူးေထာက္ခစားေနတယ္....ၾကင္ယာေတာ္လည္း ဂါဝရျပဳဖို႔ လုပ္ေပမဲ့...မင္းႀကီးကလည္း.ျမန္စြာ ၾကင္ယာေတာ္ကို
ဆြဲထူလိုက္တယ္....
"ၾကင္ယာေတာ္ သက္သာလာၿပီလား....ငါ့ကိုယ္ေတာ္ စိုးရိမ္ေနတာ..."
"မင္းႀကီးကို စိုးရိမ္ေအာင္ လုပ္မိလို႔ ေတာင္းပန္ပါတယ္..."
မင္းႀကီးလည္း ကနာ နဖူးထက္ ဝဲေနေသာ ဆံပင္မ်ားကို လက္ကေလးနဲ႕ သပ္ရင္း....
"နိုးလာေပးလို႔ ေက်းဇူးပါ..."
"ကြၽန္ေတာ္ရဲ႕ သာမာန္ ေနမေကာင္းတာေလးေၾကာင့္ မင္းႀကီးကို စိတ္ပူေစမိၿပီ...."
"ၾကင္ယာေတာ္ သိထားပါ...မင္းနဲ႕ ပတ္သက္တာမွန္သမွ်
ကိုယ္ အကုန္ဂ႐ုစိုက္တယ္..."ဆိုၿပီး..ၾကင္ယာေတာ္ကို
ရင္ခြင္ထဲ ဆြဲေပြ႕ဖက္ထားတယ္...
အလိုက္သိသည့္ ကိုယ္ရံေတာ္ Lhongက အားလုံးကို ထြက္သြားၾကဖို႔ ပုံစံလုပ္ျပေတာ့ အေစခံမ်ားအားလုံးင ထြက္သြားေသာ္လည္း..မထြက္သြားေသးဘဲ ၾကင္ယာေတာ္တို႔ကို ထိုင္ၾကည့္ေနသည္မွာ Yo ။
Lhongလည္း Yoကို ဂုတ္ကဆြဲကာ ေခၚသြားေတာ့
ယွက္ကန္ယွက္ကန္နဲ႕ပါလာတယ္....
"မင္းႀကီး...ကြၽန္ေတာ္..တစ္ခုခြင့္ေတာင္းလို႔ရမလား....'
"အမ္...ေျပာၾကည့္ ငါ့ကိုယ္ေတာ္ လိုက္ေလ်ာလို႔ရတာ ဆိုရင္...လိုက္ေလ်ာပါမယ္..."
"ကြၽန္ေတာ္ အိမ္ေတာ္က အေမကို လႊမ္းလို႔ အိမ္ေတာ္ကို
ရက္အနည္းငယ္ေလာက္ ျပန္ခြင့္ျပဳပါလား...."
ကနာ ခြင့္ေတာင္းေတာ့ မင္းႀကီးလည္း စဥ္းစားကာ.....
"တကယ္လို႔ ကနာ လႊမ္းတယ္ဆိုရင္ ငါ့ကိုယ္ေတာ္ စစ္သူႀကီး ကေတာ္ကို နန္းတြင္းထဲလာဖို႔ ဖိတ္လိုက္ပါမယ္...ကနာ က်န္းမာေရးလဲ မေကာင္းေသးေတာ့...နန္းေတာ္အျပင္ကို မထြက္ေစခ်င္လို႔ပါ....."
". ...'
ကနာလည္း..ျပန္မေျဖ မ်က္ႏွာငယ္ေလးျဖင့္သာ...
"ငါ့ကိုယ္ေတာ္ စီစဥ္ေပးတာကို လက္ခံပါ....ကနာ..."
"အမိန႔္တိုင္းပါ...မင္းႀကီး...."
ငါ့ကိုယ္ေတာ္မင္းကို နန္းျပင္မလႊတ္ခ်င္ဘူး...လူကသာ ျပန္လာၿပီး စိတ္က နန္းတြင္ အျပင္မွာ က်န္ခဲ့မွာ စိုးလို႔ပါ...
ငါ့ကိုယ္ေတာ္ကဲ့ စိတ္ကို နားလည္ေစခ်င္တယ္ ကနာ......
.............
လိုအပ္ခ်က္မ်ား ျဖည့္စြက္နိုင္ပါတယ္....😘