P. 32

3.6K 287 9
                                    


Unicode

အရှင့်အလိုတော်အတိုင်း..32

Som ရောက်သွားတဲ့အချိန် ရေပြင်ကျယ်ကြီးရဲ့ အလှကို
ရူစားနေတဲ့ သူရဲ့ သခင်လေး..

မတွေ့ရတာ လပေါင်းများစွာ ကြာနေပေမယ့် တွေ့ရပြန်တော့
လဲ ခွဲခွာရအုံးမည်...ဒီနေ့တော့ ဒီနောက်ကျောလေးကို ဖက်တွယ်ထားပါရစေ

"သခင်လေး..."

Som ခေါ်လိုက်တော့ မင်းသားM ဟာ နောက်ကို လှည့်ကြည်လာတယ်...ပြီးတော့ သူ့ကို အရင်လိုပဲ ပြုံးပြတယ်...

အရမ်းချစ်တယ် သခင်လေးရဲ့ ဒီအပြုံးတွေကို ကြောက်မိတယ် နောက်ထပ်မမြင်ရတော့မှာ စိုးရွံမိတယ်
နောက်ထပ် ဒီအပြုံးတွေကို မုန်းမိတယ် စွဲလမ်းမိတဲ့ ဒီအပြုံးတွေကို...

"ရောက်လာပြီလား..ငါ့မင်းကို သတိရနေတာ....."

ပြောပြီးပြီးချင် လှမ်းဖက်ကာ ရင်ခွင်ထဲကို ထည့်လိုက်တဲ့ သခင်လေး...

"သ...သ..သခင်လေး..."

ဒီရင်ခွင်လေးက ဒီနေတော့ ကျွန်တော်ပိုင်ဆိုင်ပါရစေ..

"ကျွန်တော်လည်း သတိရပါတယ်..."

"ဒီနေ့တော့ ငါ့နဲ့အတူ နေပေးနော်..."

ရင်ခွင်ထဲမှ ကောင်လေးက ခေါင်းငြိမ့်ပြတယ်..

ထိုနဂါးပွဲတော်အတွင်း ခွဲခွာရမည့် အသိစိတ်ကို ဖယ်ကာ
သာမာန်ချစ်သူစုံတွဲတွေလို လွတ်လပ်စွာ ပျော်ရွှင်နေတဲ့
ချစ်သူနှစ်ဦး...

ကံကြမ္မာက တစ်ကယ်ပဲ ရက်စက်တာလား.....

မင်းသား Mနဲ့ Somဟာ ဒီနေ့ သာမာန်စုံတွဲတွေလိုများ
ထိုပွဲတော်ကို အတူဖြတ်သန်းခဲ့ကြတယ်..

မီးပုံးလဲ မျှောတယ်...မီးပုံးပေါ်က ဉာဏ်စမ်းတွေလဲ ဖြေတယ်
...မျက်နှာဖုံးတပ်ပြီးတော့လဲ လျှောက်လည်ကြတယ်..

ထို့နောက် Mဟာ Somကို သူတို့ နှစ်ဦး အတူနေထိုင်ရန်
ဆောက်ခဲ့တဲ့ အိမ်လေးဆီ နောက်ဆုံးတစ်ခေါက်အနေနဲ့
လာခဲ့တယ်...

အိမ်လေးဟာ ဒီနေ့မှ ထူးခြားလွန်းနေတယ်..အနီရောင်များနဲ့
အိမ်ကို အလှဆင်မြန်းထားတယ်..Mက Som ရဲ့လက်ကို
ဆွဲကာ ထိုအိမ်ထဲ ဝင်ခဲ့တယ်...

အရှင့်အလိုတော်အတိုင်း  (Complete)Where stories live. Discover now