P. 29

3.6K 285 3
                                    


Unicode

အရှင့်အလိုတော်အတိုင်း...(29)

ကနာ အစေခံမလေးရဲ့ သတင်းစကားအတိုင်း ရေခဲနန်းဆောင်ကို ရောက်နေခဲ့တယ်...

ထိုနန်းဆောင်ကြီးက နမည်နဲ့ လိုက်အောင်ကို ကျောချမ်းဖို့ ကောင်းလှတယ်...ထိုနန်းဆောင်က စွန့်ပစ်ခံ မိဖုရား မောင်းမ
တော် ကြင်ယာတော် စသည်ဖြင့် အပြစ်တစ်ခုခု လုပ်မိသည်ဖြစ်သော် ပေးပို့သော နေရာ တစ်ခုဖြစ်သည်..

ထိုနေရာ၌ပင် အသက်သေဆုံးသည်အထိ တစ်ယောက်တည်း အထီးကျန်စွာ နေရသည် ထိုနေရာ၌
ရောက်ရှိ အပြစ်ပေးခံရလျှင် ရှင်းကျယ်ခုံက အလုပ်သမား
လောက်ပင် အာဏာမရှိတော့ ထို့ကြောင့် ကိုယ့်ကို့ အဆုံး
စီရင်သည်က များလှသည်...

ကနာ အထဲသို့ လျှောက်ရင်း လမ်းကလဲ မြက်ပင်များက
လူတစ်ရပ်ကျော်အထိ ရှည်နေသည် ရေခဲနန်းဆောင်ကို
ကနာ ကြည့်လိုက်တော့ ကြက်သီးပင် ထနေမိသည်
ကိုယ့်လက်မောင်းကို ကိုယ် ပြန်ပွတ်ကာ ကြောက်စိတ်ဖြေရင်း
အကိုတော် Kao ရောက်လာမည့်အချိန်ကို စောင့်နေသည်..

အချိန်တခဏအကြာမှာ Kao ရောက်လာခဲ့သည်...
အမည်းရောင် ခေါင်းစွပ် ဝတ်ရုံအရှည်ကြီးနှင့် ရုပ်ဖျက်ကာ
ဝင်လာသည်...အကိုတော် ဘာကြောင့် ဒီလို နေရာမှ ချိန်းပြီး
ရုပ်ဖျက်လာသလဲ သူမသိ... ကနာသည်လည်း ဝတ်ထားသော် အဖြူရောင် ခေါင်းစွပ် ဝတ်ရုံရှည်ကို ချွတ်လိုက်သည်

ထို ဝတ်ရုံရှည် ချွတ်လိုက်တော့ ပေါ်လာတဲ့ မျက်နှာလေးကြောင့် Kaoစိတ်မထိန်းနိုင်...

လပေါင်းများစွာ ဝေးကွာခဲ့သော မျက်နှာလေးက သူအရှေ့မှာ
ပင်...ကနာကို ဆွဲ့ပွေ့ကာ ရင်ခွင်ထဲ ထည့်သွင်းထားလိုက်
သည်

ကနာလည်း မတွေ့ရတာ ကြာပြီဖြစ်တဲ့ Kao ကို ပြန်လည်ပွေ့ဖက် နှုတ်ဆက်နေတယ်...

ထိုမြင်ကွင်းကို ရေခဲနန်းဆောင်ရဲ့ တံခါးပေါက်ကနေ အစေခံမလေး တစ်ယောက်က ကြည့်နေပြီး...ပြန်လှည့်ထွက်
သွားတယ်...

Kao ဖက်ထားတာ လွှတ်လိုက်တော့မှ ကနာ အသက်ကိုပင်
ဝ အောင်ရူရသည်...

Kao က ကနာ ခေါင်းလေးကို ကိုင်ရင်း

"လွမ်းနေခဲ့တာ...ကနာကို..."

အရှင့်အလိုတော်အတိုင်း  (Complete)Where stories live. Discover now