Part (56)

3.2K 249 6
                                    


Unicode

အရှင့်အလိုတော်အတိုင်း (56)

"အပြစ်သား Kao အမိန့်နာခံစေ..."

မိန်းမစိုး၏ မင်းအမိန့်စာနှင့် အတူ Kao တစ်ယောက်
မြေပြင်ပေါ်သို့ ဒူးထောက်ချလိုက်သည်။

"အ​ပြစ်သား Kao သည် တရားမဝင် လက်နက်များအား
ထုတ်လုပ်ပြီး နိုင်ငံပုန်ကုန်မှုတွင်ပါဝင်သည်ဟု သံသယရှိသဖြင့် စစ်ဆေးခဲ့ရာ မဟုတ်ကြောင်း တွေ့ရှိရသည်။
သို့သော်လည်း တရားမဝင် လက်နက်ထုတ်လုပ်မှု၏ အပြစ်ဒဏ်ကာ မလွဲမသွေ သေဒဏ်။

နိုင်ငံအကျိုးဆောင်ကာ ဆုံးပါးသွားပြီ ဖြစ်တဲ့ စစ်သူကြီး၏ မျက်နှာကို ထောက်ထား၍ အပြစ်သား Kaoအား သေဒဏ်မှ
ကင်းလွတ်ခွင့်..။

အ​ပြစ်သား Kao အသက်ရှင်နေစဉ်အတွင်းနှင့် အသက်သေဆုံးပြီးသည်အထိ ဤမြို့တော်အား ပြန်လာခွင့်မရှိ...။

ပြည်နှင်ဒဏ်ချလိုက်သည်။"

"ကျွန်တော်မျိုး အမိန့်နာခံကြောင်းပါ...မင်းကြီး"

Kao သည်လည်း အမိန့်စာဆုံးသည်နှင့် မြေပြင်နှင့် နဖူးနှင့် ထိကာ အရိုအသေပေးပြီး အမိန့်စာအား လက်ခံလိုက်သည်။

"ဒီနေ့ညပဲ ထွက်ခွာရန် မင်းကြီးက အမိန့်ပေးလိုက်ပါတယ်.."

"ကျွန်တော် သိပါပြီ.."

မိန်းမစိုး ထွက်သွားသည်နှင့် Kaoသည် အမိန့်စာအား ကြမ်းခင်းပေါ်သို့ ပစ်ချလိုက်သည်။

သူပါ တိုင်ကာ မှီကာ ထိုင်ချလိုက်ရင်း ကိုယ့်ကို လှောင်ပြုံး
ပြုံးလိုက်သည်။

ကြိုးစားထားသမျှ ဒီလိုပဲ လက်လျော့လိုက်ရမှာလား။

Kao သိသည်။ သူ၏ လမ်းရွေးချယ်ခြင်းဟာ အစတည်းက
မှားယွင်းနေသည်ဆိုတာကို။

မွားလက်စနဲ့ ဆက်မှားပါစေတော့ ဆိုပြီး မပြင်ဘဲ ထားလိုက်သည့်က သူ၏ တကယ့်အမှားပင်။

လူဆိုတာ အတ္တနဲ့ ဖွဲ့စည်းထားပေမဲ့ အမှားအမှန်ခွဲခြားနိုင်တဲ့ နှလုံးသား တစ်စုံတော့ ပါပြီသားမလား။

သူနှလုံးသားလေးက  လက်ခံချင်ပေမဲ့လဲ အတ္တကြောင့် အမှောင်ဖုံးနေတဲ့ သူနှလုံးသားကို သူ မမြင်နိုင်သေးဘူး။

အရှင့်အလိုတော်အတိုင်း  (Complete)Where stories live. Discover now