Part. 51

2.8K 248 11
                                    


Unicode

အရှင့်အလိုတော်အတိုင်း (51)

"အာ.....အား....အာ...."

နာကျင်၍ ကျယ်လောင်စွာ အော်ဟစ်နေသည့်အသံသည်
တခြားတော့မဟုတ်။

တရားမဝင်လက်နက်ထုတ်လုပ်သည့် နေရာကို ဝင်ရောက်
ဖမ်းဆီးရာမှ မိခဲ့သည့် Kaoပင်။

"ပြော....မင်း နိုင်ငံတော်ကို ပုန်ကန်ဖို့ လုပ်နေတာမလား.."

"ဟား...ဟား...ထွီ..."

"ခွေးကောင်တော့...."

ပြစ်ဒဏ်စီရင်သည့်သူကို တံထွေးဖြင့် ထွေးလိုက်တာကြောင့်
ဒေါသထွက်ကာ မီးများ ရဲရဲဖြင့်ကင်ထားသည့် သံပြားအား
ယူ၍ ရင်ဘက်နေရာသို့ ကပ်လိုက်သည်။

ပူလွန်းအားကြီးလို့ အော်ဟစ်နေသော်လည်း ဝန်ခံဖို့ စိတ်ကူး
မရှိ..။တစ်ခု ဒီနေရာမှာ သေသွားခဲ့မယ်ဆိုရင် နောက်ဆုံးအနေနဲ့ ကနာအား တစ်ခါလောက်တော့ တွေ့ချင်မိသည်။

နာကျင်လွန်းတာကြောင့် သတိပင်မေ့သွားသော်လည်း ဆား
ရေနှင့် ပက်ကာ နိုးခံရသဖြင့် နာကျင်မှု ထပ်ဆထပ်ဆ တိုးလာသည်။

"ကောင်းပြီးလေ....မင်းမပြောရင် ငါ့လည်း မင်းကို ပြောအောင် လုပ်ရတော့မှာပေါ့....Kaoလူကြီးမင်း
အပြစ်ပြုမိပါတယ်.."

Kao၏ လက်နှစ်ဖက်အား ဆန့်တန်းလျက် နံရံကို ကပ်လိုက်ပြီး ကွဲနေသော ဝါးလုံးများဖြင့် ရိုက်လေသည်။

"ရပ်လိုက်စမ်း......!"

အာဏာရှိသည့် အသံကြောင့် ရိုက်နေသူများ၏ လက်များ
ရပ်တန့်သွားရသည်။

*ဘာလို့လာတာလဲ...မြန်မြန်...ထွက်သွားတော့...မြန်မြန်.*
မသေခင်မြင်ချင်သေးပေမယ့် ဒီလိုအခြေအနေမျိုးမှာ တဇွတ်ထိုးလုပ်နေရင် လာတွေ့ရင်
ကြင်ယာတော့်ကို ထိခိုက်နိုင်တယ်မလား...။

"ကြင်ယာတော် ဒီလို နိမ့်ကျတဲ့ နေရာမျိုးကို ဘာကြောင့် လာရတာပါလဲ.."

အပြစ်စီရင်သည့် အမှုထမ်းက ကနာအား မေးလိုက်သည်။

"အခု တံခါးသော့ဖွင့်..."

သို့သော်လည်း မဖွင့်ပေးချင်သည့် အမှုထမ်းက ကြင်ယာတော်ကို ထိုနေရာမှ ထွက်သွားရန် ပထုတ်နေမိသည်။

အရှင့်အလိုတော်အတိုင်း  (Complete)Where stories live. Discover now