"ရေး!!...နောက်ဆုံးတော့ စာမေးပွဲပြီးပြီကွ..."
"ဟေ့ကောင်..ဝေလင်း..ဘာလို့အကျယ်ကြီးအော်ပြောနေတာလဲ?...
စာမေးပွဲလေး ပြီးတဲ့ဟာကို..."
"ဘာပဲဖြစ်ဖြစ်ကွာ...
ငါတော့ ပျော်တယ်...
ငါတို့ကန်တင်းမှာဝင်စားဦးမလား..."
"မစားတော့ဘူး...
အပြင်မှာ ဦးစောင့်နေတယ်..."
"အေးအေး...အဲ့တာဆို သွားကြမယ်လေ..."
"အေးအေး..."
ကျွန်တော်တို့စာမေးပွဲဖြေတာ..ဒီနေ့က နောက်ဆုံးရက်ဖြစ်သည်..။ စာမေးပွဲပြီးသည့်နေမို့ ဝေလင်းကတော့..အပျော်ကြီးပျော်နေသည်..။ ဒီနှစ်ကကျွန်တော်တို့အတွက်နောက်ဆုံးနှစ်ပေမို့ ကျောင်းတော်ကြီးကိုခွဲရတော့မည်ပေါ့...။
ကျွန်တော်နဲ့ဝေလင်း အတူတူလျှောက်လာရင်း..ထွက်ပေါက်ရောက်ခါနီးရောက်တော့...
"သူရ..အဲ့တာ ထွန်းလင်းဇော်နဲ့သူ့သူငယ်ချင်းမလား..."
"အေး..ဟုတ်တယ်..."
ဝေလင်းပြောမှ ကြည့်လိုက်တော့..ထွန်းလင်းဇော်နဲ့သူ့ရဲ့သူငယ်ချင်း...
ဒီကောင် ကျွန်တော်နဲ့ပြသနာတက်ပြီးတဲ့နေ့ထဲက ပျောက်သွားလိုက်တာ..အခုမှပဲတွေ့တော့တယ်...
"ဟေ့...စိုးမင်း...သားကြီး ဖြေနိုင်လား..." ဆိုပြီး ဝေလင်းက ထွန်းလင်းဇော်ရဲ့သူငယ်ချင်း စိုးမင်းကိုလှမ်းမေးလိုက်တယ်..
စိုးမင်းဆိုတာက..ကျွန်တော်တို့နဲ့အရင်ကတည်းက သိတဲ့သူမို့..အခေါ်အပြောဆက်ဆံရေးတော့ရှိတယ်..။ အရင်က..ထွန်းလင်းဇော် ကျွန်တော့်ဆီလာတိုင်း ဒီကောင်က အမြဲပါလာနေကျလေ..
"အေး..ဖြေနိုင်တယ်...
မင်းတို့ရော..."
"ငါတို့လည်း ဖြေနိုင်ပါတယ်..."
ကျွန်တော်တို့၃ယောက်သာ ရပ်ပြီးစကားပြောနေကြပေမဲ့..ထွန်းလင်းဇော်ကတော့ ဘာမှမပြောဘဲ ဒီတိုင်းရပ်နေတယ်..။
"အဲ့တာဆို..ငါတို့သွားတော့မယ်နော်.." လို့ ပြောပြီး အပြင်ကိုထွက်မယ်လုပ်တော့..
"ဖုန်း...သူရဖုန်းမြင့်...
ဟို...ဟို...ငါတောင်းပန်ပါတယ်...
မင်းအပေါ်ကိုကျူးလွန်းခဲ့တဲ့လုပ်ရပ်မှန်သမျှအတွက် ငါ့ကိုခွင့်လွှတ်ပေးပါ.."
"ဟင်!..သြော်...အေးအေး..."
"အဲ့တာဆို ငါတို့သွားတော့မယ်နော်.."
"အေးအေး..."
ဒီကောင် ရူးသွားတာလား...
ကျွန်တော့်ကို အခုတောင်းပန်သွားတာလား...
ထွန်းလင်းဇော်လို တဇွတ်ထိုးသမားကလေ...
"ဝေလင်း...ထွန်းလင်းဇော် ရူးနေတာလား...
ဒါမှမဟုတ်..ငါပဲ နားကြားလွဲတာလား..."
"မင်းကြားတာ အမှန်ပဲ..."
"ဟင်...အဲ့တာဆို သူရူးသွားတာလား..."
"သူ့မှာလည်း သူ့အကြောင်းနဲ့သူရှိလို့နေမှာပါကွာ..."
"သူ့အကြောင်းနဲ့သူ?...ဟုတ်လား...
မင်းတစ်ခုခုကို သိထားတယ်မဟုတ်လား..."
"မ..မသိပါဘူးကွာ..."
"ပြော...ဝေလင်း မင်းငါ့ကို မင်းသိထားတာတွေ အခုပြောပြ..."
"ငါမသိပါဘူးဆိုကွာ..."
"ဝေလင်း!...မင်းမပြောဘူးလား..." လို့ ပြောပြီး ကျွန်တော့်ကိုစိုက်ကြည့်နေတဲ့ သူရဖုန်းမြင့်ကြောင့်..အနီးနားမှာရှိနေတဲ့အုတ်ခုံပေါ်မှာထိုင်လိုက်ပြီး...
"မင်းလူကြီးက အချိန်ရသေးတယ်မလား..."
"ရတယ်...မင်းပြောပြတော့..."
"အင်း...ဟို..ဟို...ဦးနေမင်းဧကရာဇ်ကိုတော့ ပြန်မပြောနဲ့နော်..."
"ဦးနဲ့က ဘာဆိုင်လို့လဲ?...
ဟင်း.....ရတယ်ကွာ...မပြောဘူး မပြောဘူး..."
"အင်း...ဒီလိုကွာ...
မင်းကို ထွန်းလင်းဇော်မကောင်းကြံတဲ့နေ့ကို မင်းသိတယ်မလား..."
"အင်း..သိတယ်..."
"အေး...အဲ့နေ့က ထွန်းလင်းဇော်အိမ်ပြန်တော့..
ချောင်းရိုက်တာခံလိုက်ရတယ်..."
"ဟမ်...ချောင်းရိုက်တယ်..."
"ဟုတ်တယ်...သူအိမ်ပြန်တဲ့အချိန်က လင်းသေးတယ်...
ဒါပေမဲ့..သူချောင်းရိုက်ခံလိုက်ရတယ်...
ချောင်းရိုက်လိုက်တဲ့သူကလေ..
မင်းဘယ်သူလို့ထင်လဲ?.."
"ငါက ဘယ်သိမှာလဲ?..ဘယ်သူလဲ?..."
"ဦး..ဦးနေမင်းဧကရာဇ် ပဲ..."
"ဟမ်!!..."
"ဟုတ်တယ်...
ထွန်းလင်းဇော်ရဲ့ဆိုင်ကယ်ရှေ့ကို သူ့ရဲ့ဆိုင်ကယ်နဲ့ပိတ်ရပ်ပြီး...ပါလာတဲ့ ဘေ့စ်ဘောတုတ်နဲ့ဆော်သွားတယ်တဲ့...
လက်ကျိုးသွားတယ်လို့ပြောတယ်...
၁လလောက် ပတ်တီးစီးလိုက်ရတယ်တဲ့..."
"အဲ့လောက်တောင်လား...
ဒါနဲ့..အဲ့လိုချောင်းရိုက်တာ ဦးလို့ဘာလို့တပ်အပ်သိတာလဲ?.."
"ဦးနေမင်းဧကရာဇ်က ရိုက်လည်းရိုက်ပြီးရော..
ဆောင်းထားတဲ့ဆိုင်ကယ်ဦးထုပ်ကိုချွတ်ပြီး..
'နောက်တစ်ခါ သူရဖုန်းမြင့်ကိုထိရဲထိကြည့်..
မင်းဒီ့ထက်ပိုဆိုးသွားမယ်...
မင်းကြိုက်တဲ့ဆေးရုံကိုသွား...
ကျသလောက် ငါရှင်းမယ်...´လို့ ပြောပြီး ဆိုင်ကယ်ကိုပြန်မောင်းထွက်သွားတယ်တဲ့...
ဒီမြို့မှာလည်း ဦးနေမင်းဧကရာဇ်ကို မသိတဲ့သူမှမရှိတာ...မြင်တာနဲ့သိတာပေါ့..."
"သြော်..."
သူရဖုန်းမြင့်ရဲ့အံ့သြသလိုပြောလာတဲ့အသံကြောင့်..ဝေလင်းမှာ ရှေ့ဆက်ပြောဖို့တောင် အားနာနေမိတယ်..။
"ဟို..ထပ်ရှိသေးတယ်.."
"ဦးက ဘာထပ်လုပ်ထားသေးတာလဲ?.."
"အဲ့တာက...
အခု ဦးနေမင်းဧကရာဇ်ကလေ..ထွန်းလင်းဇော်အဖေရဲ့ဆိုင်ကယ်ရောင်းဝယ်ရေးဆိုင်က..သူထုတ်ပေးထားတဲ့အရင်းအနှီးတစ်ဝက်ကိုပြန်တောင်းနေတယ်တဲ့..."
"ဟမ်!!..."
"ဟုတ်တယ်...အစက ဦးဇော်ကိုထွန်းလင်းဇော်ရဲ့အဖေမှန်းမသိသေးလို့ ဘာမှမလုပ်တာ..
သိလည်းသိသွားရော ပြန်တောင်းနေတယ်တဲ့..
ဒီမြို့က လုပ်ငန်းရှင်တော်တော်များများက ဦးနေမင်းဧကရာဇ်နဲ့မကင်းကြဘူးလေ...
အဲ့တာကြောင့်မို့..ထွန်းလင်းဇော်က မင်းနဲ့မျက်နှာချင်းမဆိုင်ရဲလောက်အောင် ရှောင်နေနေတာ...
ငါ့ကိုတောင် ဟိုနေ့က စိုးမင်းနဲ့တွေ့လို့ စိုးမင်းပြောပြတာ..."
"......."
"မင်း ဦးနေမင်းဧကရာဇ်ကို နည်းနည်းပြောကြည့်လိုက်ပါလားကွာ...
ထွန်းလင်းဇော်တို့မိသားစု အခုစိုးရိမ်နေကြတယ်တဲ့...
ဦးနေမင်းဧကရာဇ်ထုတ်ပေးထားတဲ့အရင်းအနှီးသာ ပြန်ထုတ်သွားရင်..သူတို့လုပ်ငန်း အရှုံးပေါ်တော့မှာ...
မင်းပြောရင်ရမှာပါကွာ..."
"အေးပါကွာ...ငါပြောကြည့်လိုက်ပါဦးမယ်...
ဦးကလည်းလေ..ကိစ္စသေးသေးလေးကို ဒီလောက်ထိလုပ်စရာမှမလိုတာကို..."
"အဲ့တာ မင်းကိုချစ်လို့လေ...
ငါတော့ ဦးနေမင်းဧကရာဇ်ကို တကယ်ကိုအားကျတယ်...
ကိုယ့်ချစ်သူကိုထိလာတဲ့လူမှန်သမျှကို နောက်တစ်ခါထပ်မလုပ်ရဲအောင် လုပ်ပြစ်တာ...
ငါတကယ်အားကျတယ်..."
"မင်းက တစ်မျိုးကွာ..."
ဦးက ထွန်းလင်းဇော်အပေါ်ကိုဒီလောက်လုပ်လိုက်မယ်လို့မထင်ထားတာမို့..ထွန်းလင်းဇော်အတွက် စိတ်မကောင်းဖြစ်နေတဲ့ဟာကို..ဘေးက ဝေလင်းက အားကျတယ်လုပ်နေသေးတယ်..။
"ဟူး....ဦးနဲ့တော့ခက်တယ်..."
..................................
"ကလေး...စာမေးပွဲဖြေနိုင်လား..."
"ဟုတ်..."
"အိမ်ကိုသွားမှာလား..ဆိုင်ကိုသွားမှာလား..."
"ဟုတ်...အိမ်ကိုပဲသွားလေ..."
ကားပေါ်ရောက်တဲ့အချိန်ထဲက စကားတစ်ခွန်းမှမပြောဘဲ..မေးသမျှကိုသာ ခေါင်းညိတ်ခေါင်းခါသာ လုပ်ပြနေတယ်..။ ဘာဖြစ်လာတာလဲမသိဘူး...။
အိမ်ရောက်တော့..ကားရပ်လိုက်တာနဲ့ ကားပေါ်ကဆင်းသွားပြီး ကျွန်တော့်ထက်အရင် ကျွန်တော့်အခန်းထဲကိုဝင်သွားတယ်..။
ဟင်း...တစ်ခုခုတော့တစ်ခုခုပဲ...
ကားရပ်ပြီးလို့..အခန်းထဲဝင်လာတော့ ကလေးက ကုတင်ပေါ်မှာမလှဲဘဲ..ဆိုဖာမှာထိုင်ပြီး ဆိုဖာကိုမှီထားကာ..မျက်လုံးကိုမှိတ်ထားတယ်..။
ကျွန်တော်လည်း..ကလေးရဲ့အနားမှာ သွားထိုင်လိုက်ပြီး..နားထင်လေးကိုထဖွဖွလေးနှိပ်လိုက်ပြီး...
"ကလေး..ဘာဖြစ်လာတာလဲ?...
နေမကောင်းဘူးလား..."လို့ ပြောလိုက်တော့..မျက်လုံးလေးဖွင့်လာပြီး..
"ဦး..."
"အင်း.."
"ဦးဘာလ်ို့ အဲ့လိုလုပ်လိုက်တာလဲ?..
"ဟင်...ကလေး ဘာပြောတာလဲ?.."
"ဦး ထွန်းလင်းဇော်တို့မိသားစုကို ဘာလို့ဒီလိုလုပ်ရတာလဲ?..."
"ကလေးကို ဘယ်သူကဘာပြောလိုက်လို့လဲ?.."
"ဘယ်သူမှ ဘာမှမပြောဘူး...
ဦး ဒီလောက်ထိလုပ်ဖို့မလိုဘူးလို့ သားထင်တယ်...
ထွန်းလင်းဇော်တို့မိသားစုခမျာမှာ..."
"ကလေး ဘာမှမပြောနဲ့တော့...
ကလေးကို မကောင်းတာလုပ်ထားတဲ့အကောင်ကို ကိုယ်က လွယ်လွယ်ကူကူလွှတ်ပေးထားရမှာလား..."
"ဒါပေမဲ့..ဦး ဒီလောက်ထိမလုပ်သင့်ဘူးလေ...
ထွန်းလင်းဇော်က အကျင့်မကောင်းတာလေ..သူ့မိသားစုနဲ့မှ မဆိုင်တာ..."
"မသိဘူးကွာ မသိဘူး...
ကိုယ်ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူး အလေးလည်းမထားဘူး...
ကိုယ်ဂရုစိုက်ပြီးအလေးထားတဲ့လူက ကလေးတစ်ယောက်ပဲရှိတယ်..."
"ကျစ်....ဦးက အရမ်းပြောရခက်တာပဲ...
ထွန်းလင်းဇော်လုပ်လိုက်တဲ့လုပ်ရပ်ကလည်း..ဒီလောက်ထိလုပ်ဖို့လောက်ထိမလိုဘူးလို့ထင်တယ်..."
"ကလေးက အဲ့ကောင်ဘက်ကနာပေးနေတာလား..."
"ကျစ်...ကျွန်တော်ပြောတာ အဲ့လိုမှမဟုတ်တာ.."
"မဟုတ်ရင် ကလေးဘာလို့ဒီလိုစကားတွေပြောနေတာလဲ?...
ကလေးက ကိုယ့်ဘက်ကိုဘယ်တော့မှမတွေးပေးဘူး...
ကိုယ့်အနေနဲ့ ကိုယ့်မျက်စိရှေ့မှာ ကိုယ်ချစ်တဲ့သူကိုမကောင်းကြံနေတဲ့လူကို ဒီတိုင်းပြီးပြီးရောထားလိုက်ရမှာလား...
ကိုယ့်ဘက်ကိုကျ နည်းနည်းလေးမကြည့်ပေးဘူး...သြော်..အဲ့တာကြောင့်မို့ ကားပေါ်မှာ ကလေးက ဘာစကားမှမဆိုဘဲ ငြိမ်နေတာပေါ့...
သူများအတွက်ကြောင့်နဲ့ ဦးကိုစကားတောင်မပြောချင်ဘူးဆိုတဲ့သဘောပေါ့...
ကိုယ်စိတ်မကောင်းဖြစ်တယ်..ကလေးက ကိုယ်ဘက်မှာမရှိပေးလို့စိတ်မကောင်းဖြစ်မိတယ်.."
နေမင်းဧကရာဇ် ပြောလည်းပြော..စိတ်မကောင်းလည်းဖြစ်လာတာမို့ ကုတင်ပေါ်မှာသွားလှဲလိုက်တယ်..။ အခုမှ သူရဖုန်းမြင့်ကလည်း..သူပြောပြီး သူစိတ်မကောင်းဖြစ်ကာ..နေမင်းဧကရာဇ်လှဲအိပ်နေတဲ့ဘေးနားမှာသွားထိုင်လိုက်တယ်..။
"ဦး..."
"....."
"ဦး ဆို..."
"......"
"ဦး လို့..."
"......"
ကျွန်တော်ခေါ်နေတာကို ပြန်မထူးဘဲဟိုဘက်လှည့်ပြီး..အိပ်ချင်ယောင်ဆောင်တဲ့ဦးက...
ဒါ..သူစိတ်ကောက်တယ်ဆိုတဲ့သဘော...
"ဟူး.....
ဦး ဒီဘက်လှည့်ဦးဆို...
ဦးဘက်ကိုမတွေးပေးလို့ အခုလိုပြောတာမဟုတ်ပါဘူး...
ဦးကို တခြားလူတွေက မကောင်းတဲ့လူလို့ မြင်မှာစိုးလို့ပါ..."
"ကလေးကတောင် ဦးကိုမကောင်းတဲ့လူမြင်နေတာမလား...
အဲ့တာကြောင့်မို့..ဒီလိုစကားမျိုးပြောတာပေါ့..."
"မဟုတ်ပါဘူး...
သားက အမြဲဦးဘက်ကပဲ...
သားကိုချစ်လို့ ဒီလိုလုပ်တယ်ဆိုတာကိုလည်း သားသိတယ်....
ဒါပေမဲ့...ဦး သူများမိသားစုကို ဆင်းရဲတွင်းရောက်အောင်ဆွဲချရင် ကိုယ်လည်းဝဋ်လည်ပြီး ပြန်ဆင်းရဲတယ်တဲ့...
သားစာအုပ်ထဲမှာ ဖတ်ဖူးတယ်..."
ကျွန်တော့်ဘက်ကမပူပေးဘဲ..ဟိုကောင့်ဘက်ကိုပူပေးနေလို့ စိတ်ကောက်ပြလိုက်တာကို..ဒီကလေးက ကိုယ့်ကိုတရားတောင်လာဟောနေတယ်...။
"ဘယ်စာအုပ်လဲ?..."
"ဟင်...နာမည်တော့မမှတ်မိတော့ဘူး...
ဒါပေမဲ့ ဝဋ်ဆိုတာတကယ်ရှိတယ်..."
"အဲ့တော့...ကလေးက ဦးကိုဘာလုပ်စေချင်လဲ?..."
"ထွန်းလင်းဇော်ရဲ့အဖေဆိုင်မှာထည့်ထားတဲ့ ဦးရဲ့အရင်းအနှီးတစ်ဝက်ကိုပြန်မထုတ်လိုက်ပါနဲ့လား...
ထွန်းလင်းဇော်ခမျာ သားကိုတောင်မကြည့်ရဲတော့ဘူး..."
"ဘာလဲ?...ကလေးက အကြည့်ခံချင်တာလား..."
"မဟုတ်ပါဘူး...စကားအဖြစ်ပြောတာပါ..."
"ဟင်း....ဟုတ်ပါပြီ...
ဦးဘက်က ဒီလိုလုပ်ပေးလိုက်လို့ ကလေးဘက်ကတစ်ခုပြန်ပေးရမယ်..."
"ဘာပေးရမှာလဲ?..."
"အဲ့တာကို ကလေးနဲ့ဦး မင်္ဂလာဆောင်တဲ့နေ့ကျမှ တောင်းမယ်...
ဘယ်လိုလဲ?...သဘောတူလား..."
"သားပေးနိုင်တဲ့အရာဆိုရင်တော့ သဘောတူတယ်..."
"ကလေးပေးနိုင်တဲ့အရာပဲတောင်းမှာ..."
"Ok လေ...သဘောတူတယ်..."
သဘောတူညီချက်ရပြီးပြီဆိုတော့..ကလေးဘက်ကပေးဖို့ပဲကျန်တော့တယ်..။ ဦးဇော်ဆီကိုဖုန်းတစ်ချက်လှမ်းဆက်ပြီး..နှုတ်ခမ်းထက်အပြုံးတစ်ခုဖန်တီးလိုက်သည်..။
**********************
နေမင်းဧကရာဇ်က ပင်ကိုယ်စရိုက်အရ အေးအေးဆေးဆေးနေတတ်ပေမဲ့..ကိုယ့်ချစ်သူအပေါ်ကို မကောင်းကြံခဲ့တဲ့ကောင်ကို ဘာမှမလုပ်ဘဲငြိမ်နေအောင်..အဲ့လောက်ထိသဘောထားကြီးတတ်တဲ့သူမဟုတ်မှန်း ကလေးကလွဲရင်အကုန်လုံးသိပါတယ်...