ဦးရဲ့သည်းငယ်လေး (Completed)
By Myuekhoe
2.1M 144K 3.8K
သည်းငယ်လေး မင်းကြိုက်သလောက်ဆိုးစမ်းပါ မင်းဆိုးနေတာလေးကို ဦးကချစ်တာမို့လို့ More
Part-1
Part-1(Uni)
Part-2
Part-2(Uni)
Part-3
Part-3(Uni)
Part-4
Part-4(Uni)
Part-5
Part-5(Uni)
Part-6
Part-6(Uni)
Part-7
Part-7(Uni)
Part-8
Part-8(Uni)
Part-9
Part-9(Uni)
Part-10
Part-10(Uni)
Part-11
Part-11(Uni)
Part-12
Part-12(Uni)
Part-13
Parr-13(Uni)
Part-14
Part-14(Uni)
Part-15
Part-15(Uni)
Part-16
Part-16(Uni)
Part-17
Part-17(Uni)
Part-18
Part-18(Uni)
Part-19
Part-19(Uni)
Part-20
Part-20(Uni)
Part-21
Part-21(Uni)
Part-22
Part-22(Uni)
Part-23
Part-24
Part-24(Uni)
Part-25
Part-25(Uni)
Part-26
Part-26(Uni)
Part-27
Part-27(Uni)
Part-28
Part-28(Uni)
Part-29
Part-29(Uni)
Part-30
Part-30(Uni)
Part-31
Part-31(Uni)
Part-32
Part-32(Uni)
Part-33
Part-33(Uni)
Part-34
Part-34(Uni)
Part-35
Part-35(Uni)
Parr-36
Part-36(Uni)
Part-37
Part-37(Uni)
Part-38
Part-38(Uni)
Part-39
Part-39(Uni)
Part-40
Part-40(Uni)
Part-41
Part-41(Uni)
Part-42
Part-42(Uni)
Part-43
Part-43(Uni)
Part-44
Part-44(Uni)
Part-45(Final)
Part-45(Uni)(Final)
Please!
Please!
Please!
Please!
Part-23(Uni)
26.2K 2.1K 87
By Myuekhoe
  မျက်နှာသစ်သွားတိုက်ပြီးတော့..ရေပါတခါတည်းချိုးလိုက်ကာ..အဝတ်အစားလဲပြီး အောက်ကိုဆင်းလာခဲ့တယ်..။ အောက်ရောက်တော့..ဖေဖေနဲ့ဦးလေးသီဟက စကားတွေပြောနေကြတယ်..။ မေမေကတော့ အန်တီသူဇာပြောသမျှကိုသာ..ခေါင်းညိတ်ခေါင်းခါလုပ်နေတယ်..။
ဦးကတော့..ဘာတစ်ခုမှဝင်မပြောဘဲ သူနေနေကျအတိုင်း မမှိတ်မသုန်ထိုင်နေတယ်..။ ကျွန်တော့်ကိုလည်းတွေ့ရော..ပြုံးပြလာတယ်..။
"ငယ်လေး...လာ...ထိုင်..." ဆိုပြီး မကြီးကခေါ်တာမို့..ကျွန်တော်လည်း လွတ်နေတဲ့ဦးရဲ့ဘေးမှာ ဝင်ထိုင်လိုက်တယ်..။ မေမေက တစ်ချက်လှည့်ကြည့်ပြီး..ဘာမှမပြောဘဲ အန်တီသူဇာနဲ့စကားပြန်ပြောနေတယ်..။
"အဟမ်း....ကိုဖုန်းမြင့်တို့ မသီတာတို့ကို ရှေ့မျက်နာနောက်ထားပြီးတော့ပဲ ပြောရတော့မှာပဲ.."
ဦးလေးသီဟက ချောင်းတစ်ချက်ဟန့်ကာ..ပြောချင်တဲ့စကားကို အစချီလိုက်တယ်..
"ကျွန်တော်တို့အခုလာတာကတော့...
အဟင်း...ကျွန်တော့်သား မောင်နေမင်းက..."
"ကျွန်မသဘောမတူနိုင်ပါဘူး..."
"မေမေ!.."   "မသ်ီတာ!..."   "မိန်းမ!.."
"ဒီကိစ္စက မဖြစ်နိုင်တာမို့...
ကိုသီဟတို့မသူဇာတ်ုိ့ကို ကျွန်မတောင်းပန်ပါတယ်..."
"မေမေက သားတို့ကို ဘာလို့သဘောမတူချင်ရတာလဲ?..."
"သူရဖုန်းမြင့်...လူကြီးတွေစကားပြောနေတယ်လေ...တိတ်တိတ်နေစမ်း.."
"ဟွန့်..."
"ဟို...မသီတာ...
ကျွန်မတစ်ခုလောက်တော့ ပြောချင်ပါတယ်...
မသီတာ ဘာလို့ကလေးတွေကိုသဘောမတူချင်ရတာလဲကျွန်မမသ်ိပေမဲ့...
ကလေးတွေပျော်ရွှင်ဖို့အတွက် ကျွန်မတို့ခွင့်ပြုပေးသင့်တယ်လို့ထင်တယ်.."
"ဟုတ်ပါတယ် မိန်းမရယ်...
ကလေးတွေမှာလည်းလွတ်လပ်စွာချစ်ပိုင်ခွင့်ရှိတယ်လေ...
ခွင့်ပြုပေးလိုက်ပါ မိန်းမရယ်..."
"အို....ရှင်တို့မသိပါဘူး...
ပတ်ဝန်းကျင်ကပြောလာမဲ့ ဝေဖန်ကဲ့ရဲ့သံတွေကိုကျ ရှင်တို့ထည့်မစဉ်းစားတော့ဘူးလား...
ကျွန်မသားကို သူများတံထွေးခွက်ထဲမှာ ပက်လက်မျောစေချင်ရမှာလား..."
"သြော်...မသီတာရယ်....
ပတ်ဝန်းကျင်ဆိုတာကလည်း ချီးမွမ်း၇ရက်
ကဲ့ရဲ့၇ရက် ပါ...
အဓိကက ကျွန်မတို့သားတွေ စိတ်ချမ်းသာရင်ပြီးတာပဲမဟုတ်ဘူးလား..."
"ဘာပဲဖြစ်ဖြစ်ပါရှင်...
ကျွန်မကတော့ ဘယ်လိုမှသဘောမတူနိုင်ဘူး..."
"မေမေရယ်...ငယ်လေးကလည်း ငယ်တော့တာမှမဟုတ်တာကို..."
"မကြီး ဝင်မပြောစမ်းနဲ့..."
"မေမေ ဘာလို့ဒီလောက်တောင် သဘောမတူချင်ဖြစ်နေရတာလဲ?...
ဦးမှာ ဘာချို့ယွင်းချက်ရှိနေလို့လဲ?...
ဦးက ယောက်ျားလေးဖြစ်နေလို့လား...
ဦးကယောက်ျားလေးဖြစ်နေလည်း..သားကိုချစ်နေရင် ပြီးတာပဲလေ..."
"သူရဖုန်းမြင့်!..မင်းကိုဝင်မပြောနဲ့လို့ မေမေပြောထားတယ်လေ...
မင်းဘယ်လိုပြောပြော..မင်းတို့ကို မေမေသဘောမတူဘူး..."
"ရတယ်လေ...
မေမေဦးနဲ့သဘောမတူလည်းရတယ်...
ဒါပေမဲ့..တစ်ခုတော့ပြောမယ်...
မေမေ ဦးနဲ့သဘောမတူလို့..သားကိုမိန်းမပေးစားမယ်လို့တော့ မကြံလိုက်နဲ့...
အစကတော့ မပြောတော့ဘူးလို့တွေးထားတာ...
အဟမ်း......သား ဦးနဲ့အိပ်ပြီးပြီ..."
"ဘာ!!...သူရဖုန်းမြင့်!..."   "ကလေး..."
"ကလေး...ဦးတို့ဘယ်တုန်းက...အ!..အ!..."
မေမေ့ကိုဒီလိုမှမပြောရင်..မေမေ့ဘက်က လက်ခံဖို့ကို နည်းလမ်းမရှိဘူး...
ကျွန်တော့်ဘက်ကတောင် အနစ်နာခံပြီးပြောတဲ့ဟာကို..အဖိုးကြီးက ဘယ်တုန်းကလဲ လာမေးနေသေးတယ်...
အလိုက်မသိတဲ့အဖိုးကြီး ခြေထောက်ကိုတက်နင်းပြစ်လိုက်မှပဲ အသံတိတ်သွားတော့တယ်..
"သူရဖုန်းမြင့်!...မင်းဘာပြောလိုက်တယ်...
သူရဖုန်းမြင့်!...အံမယ်လေး...
မွေးရကျိုးနပ်တဲ့သား....ဟင်း..ဟင်း..."
ဒေါ်သီတာပြောလည်းပြော..သွေးတိုးပြီး ဆိုဖာကိုမှီချလိုက်မိတယ်..။
"မေမေ...မလတ်ရေ မေမေသွေးတိုးနေလို့..
ဆေးအိတ်ယူပြီး ဒီကိုလာပါဦး..." ဆိုတဲ့ မကြီးရဲ့အော်သံကြောင့်..မလတ်မှာဆေးအိတ်ယူပြီးပြေးလာတယ်..။ မလတ်နဲ့အတူ မငယ်ပါ သံပရာသီးကိုင်လာပြီး အတူပါလာတယ်..။
"မသီတာ...သံပရာသီးလေး ရှူလိုက်.." ဆိုပြီး ဒေါ်သူဇာမှာ မငယ်ပါလာတဲ့သံပရာသီးကိုပွတ်ပြီး နှာခေါင်းမှာရှူစေလိုက်တယ်..။
သူရဖုန်းမြင့်ကတော့..လက်၂ဖက်ကို ပွတ်နေပြီး..ထိုင်ခုံမှာ ထိုင်နေတယ်..။ နေမင်းဧကရာဇ်ကတော့..သူရဖုန်းမြင့်ရဲ့လက်လေးကိုလှမ်းကိုင်လိုက်ပြီး ပြုံးပြလိုက်တယ်..။
ခဏကြာတော့..ဒေါ်သီတာလည်း သွေးတိုးတာသက်သာလာသလိုရှိလာတာမို့..အကုန်လုံးကို ဆိုဖာမှာပြန်ထိုင်စေလိုက်ပြီး..
"ဟင်း....ရတယ်လေ...
မင်းတို့အတူအိပ်လည်း ကိစ္စမရှိဘူး...
ယောကျာ်းလေးအချင်းချင်းပဲဟာ..."
"မေမေ...အတူအိပ်ပြီးပြီဆိုတဲ့ စကားရဲ့အနက်ကိုရော သိရဲ့လား..." ဆိုပြီး မလတ်ကပါ ဝင်ပြောလာတယ်...
"ဟုတ်တယ် မေမေ...
သမီးတို့..မေမေငယ်လေးတို့ကို အရင်ကသဘောမတူတာကိုဘာမှမပြောလိုဘူး....
ဒါပေမဲ့..အခု ငယ်လေးတို့က အတူတူတောင်အိပ်ပြီးပြီဆိုတော့....
ဘာပဲဖြစ်ဖြစ် သမီးတို့ဘက်က အနာကြီးပါ..
နေမင်းအနေနဲ့ ငယ်လေးကိုမယူရင်တောင် ဖြစ်တဲ့ဟာကို...
သူတို့ဘက်က လာရောက်တင်တောင်းနေတယ်လေ..." ဆိုပြီး မကြီးကပါ ဝင်ပြောလာတယ်...
"မေမေ သဘောမတူလည်း...
ငယ်လေးက အရင်လို လူပျိုပြန်မဖြစ်တော့ဘူး.." ဆိုပြီး မငယ်ရော ဝင်ပြောလာတယ်..
ငင့်...မငယ်တို့ကတော့ ပြောချလိုက်ရင် တနင့်တပိုးကြီး...
အမှန်တော့..မကြီးရော မလတ်ရော မငယ်ရော..ဒေါ်သီတာကို တမင်သက်သက် ချဲ့ကားပြီးပြောဆိုခြင်းဖြစ်သည်..။
မကြီးတို့ပြောတဲ့စကားတွေကြားမှသာ..ဒေါ်သီတာ တစ်ချက်တွေသွားတယ်..။
"ဟုတ်သားပဲ...မိန်းမရယ်...
သားဆိုရင်လည်း..သူ့ခမျာ မင်းအပြင်မထွက်နဲ့ဆိုလို့လည်း မထွက်ဘူး...
မင်းဖုန်းမကိုင်နဲ့ဆိုတော့လည်း မကိုင်ဘူး...
မောင်နေမင်း ခြံရှေ့မှာရောက်နေတာတောင် ထွက်မတွေ့ရှာဘူး...
မင်းစကားကိုလည်း နားထောင်တဲ့ကလေးပါ...
ကျောင်းတက်တုန်းကလည်း မင်းသူ့ကြောင့်ရုံးခန်းတွေသွားရလို့လား...
သူ့ဘာသာ တစ်နှစ်တစ်တန်းအောင်အောင်ကြိုးစားတယ်လေ...
အခု သူ့အချစ်ရေးကိုတော့..သူ့ဘာသာ လွတ်လပ်စွာချစ်ခွင့်ပေးလိုက်ပါ..."
"ဟင်း.......ကောင်းပြီ...
မေမေ မင်းတို့ကိုသဘောတူပေးမယ်..."
"မေမေ...မေမေတကယ်ပြောနေတာလား..."
"အင်း..."
"အဟက်..ရွှတ်....မေမေ ကျေးဇူးတင်ပါတယ်..
အဟင့်...ရွှတ်ရွှတ်..."
သဘောတူပေးမယ်လည်း ပြောရော..သူရဖုန်းမြင့်မှာထိုင်နေရာကနေထပြီး...ဒေါ်သီတာကိုပြေးဖက်လိုက်တယ်..။ ငိုနေရင်း..နှပ်တွေထွက်လာတော့ ဒေါ်သီတာကပဲ သူမအင်္ကျီနဲ့သုတ်ပေးလိုက်တယ်..။
"အဟက်...မေမေ့ သားငယ်လေးက ဒီလောက်မြန်မြန်ဆန်ဆန်အရွယ်ရောက်လာလိမ့်မယ်လို့ မေမေမထင်ထားဘူး..."
"အဟင့်...မေမေကလည်း...."
ဒေါ်သီတာတို့သားမိ၂ယောက်ကိုကြည့်နေကြတဲ့ လူတွေမှာလည်း..ကြည်နူးလွန်းလို့ မျက်ရည်တွေဝဲနေကြတယ်..။
"ကဲ...သွားပြန်ထိုင်...
လူကြီးတွေ စကားပြောဦးမယ်..."
"ဟုတ်..."
သူရဖုန်းမြင့်လည်း..နေမင်းဧကရာဇ်ရဲ့အနားမှာ ဝင်ထိုင်လိုက်တော့..နေမင်းဧကရာဇ်က သူရဖုန်းမြင့်ရဲ့လက်လေးကိုဆုပ်ကိုင်ပြီး..ဒေါ်သီတာတို့ ပြောသမျှကိုနားထောင်နေလိုက်တယ်...
"အင်း...အဲ့တာဆို မသီတာရေ...
ကျွန်မတို့ မင်္ဂလာပွဲစီစဉ်လိုက်တော့မယ်...
ကလေးတွေကလည်း..အင်း..."
"မသူဇာတို့ဘက်က ကြိုက်သလိုစီစဉ်ပါ...
ဒါပေမဲ့..သားငယ်စာမေးပွဲပြီးမှပဲ မင်္ဂလာပွဲကိုစီစဉ်စေချင်တယ်..."
"ဟို...မေမေ...
မင်္ဂလာပွဲက အဲ့လောက်မလောလည်းရတယ်လေ..."
"ဘယ်လိုလုပ်ရမှာလဲ?...
မင်းတို့က အတူအိပ်...အင်း...
မေမေတို့စီစဉ်သလိုသာနာခံပါ သားငယ်..."
"ဟုတ်..."
ကျွန်တော့်အသက်က ငယ်ငယ်လေးပဲရှိသေးတာကို..အခုတော့ အိမ်ထောင်သည်ဘဝရောက်ခါနီးပြီ...
ဒီလိုမှန်းသိ ခုနကလိုမပြောလိုက်ပါဘူး...ဟွန့်...
ဘေးက အဖိုးကြီးကတော့..မျက်နှာကြီးပြုံးဖြီးပြီး မေမေတို့ပြောသမျှကိုနားထောင်နေတယ်..
မေမေတို့စကားပြောနေတာက မပြီးသေးတာမို့..ကျွန်တော့်မှာမနက်စာမစားရသေးကာ ဗိုက်ကအတော်လေးဆာနေပြီ..။
အရှေ့ကကိတ်မုန့်ကိုလှမ်းယူမယ်လုပ်တော့..ဦးက ညာဘက်လက်ကိုဆုပ်ကိုင်ထားတာမို့..ဦးကိုပဲအကူအညီတောင်းရတော့မှာပဲ...
"ဦး...ဦး..."
"ဟင်...ကလေး ဘာဖြစ်လို့လဲ?..."
"ဗိုက်ဆာလို့...အရှေ့က ကိတ်မုန့်ပန်းကန်လေးယူပေးပါ.."
"အင်းအင်း.."
နေမင်းဧကရာဇ်လည်း..ကိတ်မုန့်ပန်းကန်ကိုယူပြီး သူရဖုန်းမြင့်ရဲ့အရှေ့ကိုချပေးလိုက်တယ်..။ အဲ့တော့မှ ကိတ်မုန့်အတုံးကြီးကြိးတစ်ခုကို တစ်ကိုက်တည်း ဝါးစားပြစ်လိုက်တယ်..။
နောက်တစ်ကြိမ်းပြန်လှည့်ကြည့်လိုက်တော့..ကိတ်မုန့်ပန်းကန်က ပြောင်သွားပြီ..။
ဘယ်လိုတောင်စားလိုက်တာလဲ?..ကလေးရယ်...
သူအကုန်စားလိုက်တာမို့လို့..ကျွန်တော်လည်း လှည့်ကြည့်လိုက်ရော..နှုတ်ခမ်းထောင့်မှာ ကိတ်မုန့်အစတွေကပ်နေပြီး သွားဖြဲပြလာတယ်..။
ဘယ်လိုလေးမှန်းကိုမသိဘူး..
နှုတ်ခမ်းထောင့်က ကိတ်မုန့်အစလေးတွေကိုလက်နဲ့သုတ်ပေးလိုက်ပြီး..ကလေးရဲ့လက်ကိုတဖန်ဆုပ်ကိုင်လိုက်ပြီး..ပြန်ထိုင်နေလိုက်တယ်..။
နောက်ဆုံးမှာ..မင်္ဂလာပွဲကို ကလေးရဲ့စာမေးပွဲပြီးလို့ နောက်တစ်လမှသာ ဘုန်းကြီးဆွမ်းကပ်ပြီး..dinner partyလေးပဲကျင်းပလိုက်မယ်လို့ သတ်မှတ်လိုက်ကြလေတယ်...။
Continue Reading
You'll Also Like
413K 21.7K 47
196K 20.2K 68
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...
193K 4.7K 71
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
1.8M 119K 73
# Scribe _ Aster_Rain # Start Date [ 5.1.2021] # End Date [ 26.5.2021] # Total Chapters _ [52 ]- Extra [15 ] Complete # Cv photo credit to orginal...