All my life time with you(Com...

By pickpachacon333

5.8K 672 116

Doctor and his bad boy(mini story) More

Part(1)
Part(3)
Part(4)
Final

Part(2)

873 127 11
By pickpachacon333

Uni

“ဒေါက်တာ........ဟိုလေ.......ဟို”

ဖျားနေသည့်ဆယ်ကျော်သက်ကောင်မလေးကို ဆေးထိုးပေးနေတုန်း ရှိသေးသည်။ nurse မလေးက အခန်းထဲဝင်လာ၍ တစ်ခုခုကို ပြောချင်နေသည့်ဟန်ကြောင့် သူလုပ်လက်စတွေကိုလက်စသတ်ကာ ပြောလေ ဟူသောသဘောဖြင့် မေးငေါ့ပြလိုက်သည်။

“အပြင်မှာ မင်းစက်ရှိန်ဆိုတဲ့ကောင်လေးရောက်နေတယ်ဆရာ။”

Nurseမလေးက သူ့နား နားကပ်ကာ လေသံလေးနှင့်ပြောသည်။
ဆေးကုခန်းနှင့် အပြင်ကထိုင်စောင့်သည့်ခုံတန်းလေးတွေကြား ကန့်လန့်ကာလေးခြားထားသည်မို့ မမြင်ရတာကြောင့် မင်းစက်ရှိန်ဆိုတာ ဘယ်သူလဲ သူ မသိ။

“မင်းစက်ရှိန်က ဘယ်သူတုန်းဆရာမရဲ့။”

“ဟို......ဟို......”

Nurse မလေးကပြောရခက်နေဟန်နှင့် ကန့်လန့်ကာလေးကို အနဲငယ်ဟကာ သူ့ကိုညွှန်ပြသည်။

“အဲ့ကောင်လေးလေ ဒေါက်တာ။မစောင့်နိုင်ဘူးလုပ်နေလို့။”

သူကြည့်လိုက်တော့ ဟိုလူဆိုးကောင်မှ ဟိုလူဆိုးကောင်အစစ်။ ဒီတစ်ခါမှာတော့ All black ဝတ်ထားတာမို့ ပထမလာတုန်းကထက် ပို၍လူဆိုးရုပ်ပေါက်နေသည်။ သူက ဒီကောင်လေးပြန်မလာ‌တော့လောက်ဘူးလို့ထင်ခဲ့မိပေမဲ့ မထင်မှတ်ဘဲ ဒီကောင်လေးကရောက်လာပြန်သည်။ သွေးထွက်နေပုံရသော ခြေထောက်ကိုဖိကာ ဂဏှာမငြိမ်ဖြစ်နေပုံအရ လုံးဝမစောင့်နိုင်ဟူသော အသွင်အပြင်ကိုဖော်ပြသည်။

“ဆရာမ ဒီကောင်မလေးပြီးရင်သူ့ကိုပဲ အရေးကြီးလူနာဆိုပြီးခေါ်လိုက်ပါနော်။”

“ဖြစ်ပါ့မလားဒေါက်တာ။ အနောက်မှာ သုံးယောက်လောက်ကျန်သေးတယ်လေ။”

“ကြည့်ကျက်ပြီးပြောလိုက်ပါဆရာမရယ်။ ဟိုမှာ သွေးတွေနဲ့မို့ပါ။”

စေတနာရှိလွန်းလို့တော့ မဟုတ်သော်ငြား ဒီကောင်လေး သွေးထွက်နေတာကိုမြင်တိုင်း မနေနိုင်မထိုင်နိုင်သောစိတ်က ဖိစီးနေသည်ဖြစ်ရာ nurseလေးကိုပဲ တိတ်တိတ်လေးကြိတ်မှာရသည်။ မသမာသလို ဖြစ်သွားပေမဲ့ မတတ်နိုင်။ နောက်ပြီး နောက်ကစောင့်နေသည့် သုံးယောက်ဆိုတာက နေမကောင်းရုံပဲမဟုတ်လား။ ဟိုကသွေးတွေပါထွက်နေတာလေ။

ကိုယ့်ဟာကိုယ် မတရားတာလုပ်ပြီး အပြစ်ပေါ့အောင်လျှောက်တွေးနေရသည့်အဖြစ်ကလည်း ရယ်ချင်စရာ။ ဒီလောက်တောင် ပ,စားပေးထားတာကိုမှ ဒီလဒ‌ကောင်အချိုးမပြေရင်တော့လား အဲ့ခြေထောက်ကြီးကို ဖြတ်ကိုပစ်ဦးမယ်။

“ဆေးပုံမှန်သောက်နော် သမီး။ မသက်သာရင်တော့ထပ်လာခဲ့ပေါ့။ သက်သာရင်တော့ လာစရာမလိုတော့ပါဘူးနော်။”

သူစကားပြောနေသည့်တလျှောက် ကောင်မလေးက သူ့ကိုအပီအပြင်ငေး၏။ ဒါတောင်မိဘတွေပါလာလို့ဖြစ်ကာ မိဘတွေများမပါရင် ဓာတ်ပုံများတောင်ရိုက်ယူသွားဦးမလားမသိ။ သူက ဘဝင်လေးများတောင်မြင့်ချင်သွားသည်။ နှစ်ယောက်မရှိတဲ့ဆရာဝန်ချောချောလေးဆိုတာ သူပဲလေ ဟင်းဟင်း။

“ကို မင်းစက်ရှိန်။ အထဲကိုဝင်ပါနော်။ ဟိုလေ သူကအစထဲကဖုန်းဆက်ပြီးတုံကင်ယူထားလို့ပါရှင်။”

ဒေါက်တာနှင့်ပေါင်းကာ မဟုတ်ကဟုတ်ကပြောလိုက်ရသောကြောင့် nurseမလေး၏မျက်နှာက နီရဲနေသည်။ အပြင်မှာ ထိုင်စောင့်နေသူများကလည်း ခွင့်လွှတ်ကြပါသည်။သွေးတွေထွက်နေတာကို မြင်နေရတာကိုး။

“ဒီတစ်ခါလက်တင်မဟုတ်ဘဲ ဓားတွေများပါနေလားနော်။ သတိထားဦး မင်း။ တော်ကြာ ခြေထောက်ကရှရာက လည်ပင်းတက်လာမှ အသက်မရှင်နိုင်ဖြစ်သွားမယ်။”

ပါးစပ်ကစေတနာမရှိသည့်အလျှောက် ချိုချိုသာသာတွေ ပြောမိပြန်တော့ သူကမျက်စောင်းထိုး၍ ဟိုဘက်ကိုမျက်နှာလွှဲသွားသည်။ မျက်နှာက ဟိုနေ့ကအတိုင်း မှုန်ကုပ်ကုပ်၊အချိုးမပြေဖြစ်နေတုန်း။

ပတ်တီးကိုတင်းနေအောင်ပတ်ပေးကာ အရက်ပြန်ကိုလည်း ဘူးလိုက်သိပ်ပစ်၏။ ကိုယ်ကဆရာဝန်ဖြစ်နေတာမို့ ပြောချင်တာတောင် မပြောဘဲမျိုသိပ်နေရဟန်ရှိသည့် ထိုကောင်လေးမျက်နှာက ရယ်စရာတော့အကောင်းသား။ ဒါပေမဲ့ ရှေ့တော့သွားရယ်လို့မဖြစ်တာကြောင့် ခပ်တည်တည်မျက်နှာထားကို ထိန်းထားကာ ထိုကောင်လေးထွက်သွားတော့မှ အားရပါးရခွီလိုက်သည်။

ဆေးခန်းအပြင်မှာစောင့်နေသည့်လူနာများကတော့ အလိုလိုနေရင်းထ,ရယ်သည့် ဆရာဝန်လေးကြောင့် ထပဲပြေးရမလို၊ ဆေးကုဖို့ပဲဆက်စောင့်ရမလိုဖြစ်သွားကြလေသည်။

...........................................................................................................................................................................

“စော်နဲ့ကွဲလို့လား။”

“အင်း။ ဒါဖြစ်နိုင်တာပဲ။ ခုခေတ်လူငယ်တွေက စော်နဲ့ပြတ်တာနဲ့ အသဲကွဲတယ်ဆိုပြီး ဆိုးကြမိုက်ကြရော။”

“ဒါမှမဟုတ် ဆုံးမမဲ့ မိဘတွေပဲမရှိလို့လား။”

“အင်း။ဒါလဲဟုတ်နိုင်တာပဲ။ ဆေးခန်းလာပြတိုင်း မိဘတွေမှမပါတာ။ များသောအားဖြင့် ဒါမျိုးဆို မိဘတွေပါကြတယ်လေ။”

လင်းထက်တစ်ယောက် ဆေးရုံကော်ရစ်တာလေး၌ ထိုင်နေရင်း ပွစိပွစိရေရွတ်နေသည်။ နေ့လည်ထမင်းစားချိန်မို့ လူရှင်းနေခြင်းဖြစ်သည်။ သူကတော့ ခုနလေးကမှ ဆေးရုံနားကဆိုင်မှာ ပြေးစားထားသူမို့ အေးအေးဆေးဆေးထိုင်နေလို့ရသည်။ တင်းနေသောဗိုက်လေးကိုပွတ်ကာ ဘာရယ်မဟုတ်ဘဲ မင်းစက်ရှိန်ဆိုသည့် ကောင်လေးဆီအတွေးရောက်၏။

သူ့စိတ်ထဲမှာ ဒီကောင်လေးကို ကောင်းကောင်းမွန်မွန်လေးနေစေချင်သည့်စိတ်ကအပြည့်ဖြစ်နေသည်။ ခုတော့ ရှေ့ကဒဏ်ရာမပျောက်သေးခင် နောက်ဒဏ်ရာကဆက်၏။ တော်သေးတာတစ်ခုက ဒီကောင်လေးကအရက်မူး၍ ရန်ဖြစ်သည့်ပုံမပေါ်။ လာတိုင်းလည်း သူ့အနားကအရက်နံ့တစ်ခါမှမရဖူးပေ။ ဒီတစ်ချက်တော့ တော်သည်ဟုပြောရမည်။ ကောင်းသည့်အချက်ကိုမရမကရှာ၍ ချီးကျူးပြီးနောက် ဝရန်တာဘက်ကိုမျှော်ကြည့်လိုက်သည်။

သူက ဝရန်တာတွေကနေ အောက်ကိုငုံ့ကြည့်ရတာကြိုက်သည်။ လေတွေလဲတိုက်သလို ဆေးရုံနံ့တွေကနေ ခဏတော့လွတ်ကင်းနိုင်တာမို့လို့ပင်။ သို့ပေမဲ့ မမျှော်လင့်သောမြင်ကွင်းကိုတွေ့လိုက်ရတာကြောင့် သူ့မျက်လုံးတွေပြူးသွားသည်။

အောက်ကလမ်းမပေါ်မှာ သူ့ရဲ့လူဆိုးကောင်နဲ့ ကောင်မလေးတစ်ယောက်ကိုတွဲလျက်မြင်နေရသည်။ လူဆိုးကောင်က ရှေ့မှဘောက်ဆတ်ဆတ်လျှောက်သွားတာဖြစ်ကာ ကောင်မလေးက အနောက်မှလိုက်ချော့နေသည့်ပုံပင်။
စိတ်ထဲမှ မနှစ်သက်မှုတွေက မြင့်တက်လာတာကြောင့် နှာခေါင်းကိုရှုံ့ကာ ဝရန်တာကိုကျောခိုင်းမိ၏။

‘ဒီကောင်စုတ်က ဘာလား။’

...................................................................................................................................................................................

Pick’s Note

အဟိ။ငါးပိုင်းမပြည့်ပြည့်အောင်‌ရေးရတာမို့ တိုသည်ရှိသော် ခွင့်လွှတ်နော်။ လပ်ယူ

Zawgyi

“ေဒါက္တာ........ဟိုေလ.......ဟို”

ဖ်ားေနသည့္ဆယ္ေက်ာ္သက္ေကာင္မေလးကို ေဆးထိုးေပးေနတုန္း ရွိေသးသည္။ nurse မေလးက အခန္းထဲဝင္လာ၍ တစ္ခုခုကို ေျပာခ်င္ေနသည့္ဟန္ေၾကာင့္ သူလုပ္လက္စေတြကိုလက္စသတ္ကာ ေျပာေလ ဟူေသာသေဘာျဖင့္ ေမးေငါ့ျပလိုက္သည္။

“အျပင္မွာ မင္းစက္ရွိန္ဆိုတဲ့ေကာင္ေလးေရာက္ေနတယ္ဆရာ။”

Nurseမေလးက သူ႔နား နားကပ္ကာ ေလသံေလးႏွင့္ေျပာသည္။
ေဆးကုခန္းႏွင့္ အျပင္ကထိုင္ေစာင့္သည့္ခုံတန္းေလးေတြၾကား ကန႔္လန႔္ကာေလးျခားထားသည္မို့ မျမင္ရတာေၾကာင့္ မင္းစက္ရွိန္ဆိုတာ ဘယ္သူလဲ သူ မသိ။

“မင္းစက္ရွိန္က ဘယ္သူတုန္းဆရာမရဲ့။”

“ဟို......ဟို......”

Nurse မေလးကေျပာရခက္ေနဟန္ႏွင့္ ကန႔္လန႔္ကာေလးကို အနဲငယ္ဟကာ သူ႔ကိုညႊန္ျပသည္။

“အဲ့ေကာင္ေလးေလ ေဒါက္တာ။မေစာင့္နိုင္ဘူးလုပ္ေနလို့။”

သူၾကည့္လိုက္ေတာ့ ဟိုလူဆိုးေကာင္မွ ဟိုလူဆိုးေကာင္အစစ္။ ဒီတစ္ခါမွာေတာ့ All black ဝတ္ထားတာမို့ ပထမလာတုန္းကထက္ ပို၍လူဆိုး႐ုပ္ေပါက္ေနသည္။ သူက ဒီေကာင္ေလးျပန္မလာ‌ေတာ့ေလာက္ဘူးလို့ထင္ခဲ့မိေပမဲ့ မထင္မွတ္ဘဲ ဒီေကာင္ေလးကေရာက္လာျပန္သည္။ ေသြးထြက္ေနပုံရေသာ ေျခေထာက္ကိုဖိကာ ဂဏွာမၿငိမ္ျဖစ္ေနပုံအရ လုံးဝမေစာင့္နိုင္ဟူေသာ အသြင္အျပင္ကိုေဖာ္ျပသည္။

“ဆရာမ ဒီေကာင္မေလးၿပီးရင္သူ႔ကိုပဲ အေရးႀကီးလူနာဆိုၿပီးေခၚလိုက္ပါေနာ္။”

“ျဖစ္ပါ့မလားေဒါက္တာ။ အေနာက္မွာ သုံးေယာက္ေလာက္က်န္ေသးတယ္ေလ။”

“ၾကည့္က်က္ၿပီးေျပာလိုက္ပါဆရာမရယ္။ ဟိုမွာ ေသြးေတြနဲ႔မို့ပါ။”

ေစတနာရွိလြန္းလို့ေတာ့ မဟုတ္ေသာ္ျငား ဒီေကာင္ေလး ေသြးထြက္ေနတာကိုျမင္တိုင္း မေနနိုင္မထိုင္နိုင္ေသာစိတ္က ဖိစီးေနသည္ျဖစ္ရာ nurseေလးကိုပဲ တိတ္တိတ္ေလးႀကိတ္မွာရသည္။ မသမာသလို ျဖစ္သြားေပမဲ့ မတတ္နိုင္။ ေနာက္ၿပီး ေနာက္ကေစာင့္ေနသည့္ သုံးေယာက္ဆိုတာက ေနမေကာင္း႐ုံပဲမဟုတ္လား။ ဟိုကေသြးေတြပါထြက္ေနတာေလ။

ကိုယ့္ဟာကိုယ္ မတရားတာလုပ္ၿပီး အျပစ္ေပါ့ေအာင္ေလၽွာက္ေတြးေနရသည့္အျဖစ္ကလည္း ရယ္ခ်င္စရာ။ ဒီေလာက္ေတာင္ ပ,စားေပးထားတာကိုမွ ဒီလဒ‌ေကာင္အခ်ိဳးမေျပရင္ေတာ့လား အဲ့ေျခေထာက္ႀကီးကို ျဖတ္ကိုပစ္ဦးမယ္။

“ေဆးပုံမွန္ေသာက္ေနာ္ သမီး။ မသက္သာရင္ေတာ့ထပ္လာခဲ့ေပါ့။ သက္သာရင္ေတာ့ လာစရာမလိုေတာ့ပါဘူးေနာ္။”

သူစကားေျပာေနသည့္တေလၽွာက္ ေကာင္မေလးက သူ႔ကိုအပီအျပင္ေငး၏။ ဒါေတာင္မိဘေတြပါလာလို့ျဖစ္ကာ မိဘေတြမ်ားမပါရင္ ဓာတ္ပုံမ်ားေတာင္ရိုက္ယူသြားဦးမလားမသိ။ သူက ဘဝင္ေလးမ်ားေတာင္ျမင့္ခ်င္သြားသည္။ ႏွစ္ေယာက္မရွိတဲ့ဆရာဝန္ေခ်ာေခ်ာေလးဆိုတာ သူပဲေလ ဟင္းဟင္း။

“ကို မင္းစက္ရွိန္။ အထဲကိုဝင္ပါေနာ္။ ဟိုေလ သူကအစထဲကဖုန္းဆက္ၿပီးတုံကင္ယူထားလို့ပါရွင္။”

ေဒါက္တာႏွင့္ေပါင္းကာ မဟုတ္ကဟုတ္ကေျပာလိုက္ရေသာေၾကာင့္ nurseမေလး၏မ်က္ႏွာက နီရဲေနသည္။ အျပင္မွာ ထိုင္ေစာင့္ေနသူမ်ားကလည္း ခြင့္လႊတ္ၾကပါသည္။ေသြးေတြထြက္ေနတာကို ျမင္ေနရတာကိုး။

“ဒီတစ္ခါလက္တင္မဟုတ္ဘဲ ဓားေတြမ်ားပါေနလားေနာ္။ သတိထားဦး မင္း။ ေတာ္ၾကာ ေျခေထာက္ကရွရာက လည္ပင္းတက္လာမွ အသက္မရွင္နိုင္ျဖစ္သြားမယ္။”

ပါးစပ္ကေစတနာမရွိသည့္အေလၽွာက္ ခ်ိဳခ်ိဳသာသာေတြ ေျပာမိျပန္ေတာ့ သူကမ်က္ေစာင္းထိုး၍ ဟိုဘက္ကိုမ်က္ႏွာလႊဲသြားသည္။ မ်က္ႏွာက ဟိုေန႔ကအတိုင္း မွုန္ကုပ္ကုပ္၊အခ်ိဳးမေျပျဖစ္ေနတုန္း။

ပတ္တီးကိုတင္းေနေအာင္ပတ္ေပးကာ အရက္ျပန္ကိုလည္း ဘူးလိုက္သိပ္ပစ္၏။ ကိုယ္ကဆရာဝန္ျဖစ္ေနတာမို့ ေျပာခ်င္တာေတာင္ မေျပာဘဲမ်ိဳသိပ္ေနရဟန္ရွိသည့္ ထိုေကာင္ေလးမ်က္ႏွာက ရယ္စရာေတာ့အေကာင္းသား။ ဒါေပမဲ့ ေရွ႕ေတာ့သြားရယ္လို့မျဖစ္တာေၾကာင့္ ခပ္တည္တည္မ်က္ႏွာထားကို ထိန္းထားကာ ထိုေကာင္ေလးထြက္သြားေတာ့မွ အားရပါးရခြီလိုက္သည္။

ေဆးခန္းအျပင္မွာေစာင့္ေနသည့္လူနာမ်ားကေတာ့ အလိုလိုေနရင္းထ,ရယ္သည့္ ဆရာဝန္ေလးေၾကာင့္ ထပဲေျပးရမလို၊ ေဆးကုဖို့ပဲဆက္ေစာင့္ရမလိုျဖစ္သြားၾကေလသည္။

...........................................................................................................................................................................

“ေစာ္နဲ႔ကြဲလို့လား။”

“အင္း။ ဒါျဖစ္နိုင္တာပဲ။ ခုေခတ္လူငယ္ေတြက ေစာ္နဲ႔ျပတ္တာနဲ႔ အသဲကြဲတယ္ဆိုၿပီး ဆိုးၾကမိုက္ၾကေရာ။”

“ဒါမွမဟုတ္ ဆုံးမမဲ့ မိဘေတြပဲမရွိလို့လား။”

“အင္း။ဒါလဲဟုတ္နိုင္တာပဲ။ ေဆးခန္းလာျပတိုင္း မိဘေတြမွမပါတာ။ မ်ားေသာအားျဖင့္ ဒါမ်ိဳးဆို မိဘေတြပါၾကတယ္ေလ။”

လင္းထက္တစ္ေယာက္ ေဆး႐ုံေကာ္ရစ္တာေလး၌ ထိုင္ေနရင္း ပြစိပြစိေရရြတ္ေနသည္။ ေန႔လည္ထမင္းစားခ်ိန္မို့ လူရွင္းေနျခင္းျဖစ္သည္။ သူကေတာ့ ခုနေလးကမွ ေဆး႐ုံနားကဆိုင္မွာ ေျပးစားထားသူမို့ ေအးေအးေဆးေဆးထိုင္ေနလို့ရသည္။ တင္းေနေသာဗိုက္ေလးကိုပြတ္ကာ ဘာရယ္မဟုတ္ဘဲ မင္းစက္ရွိန္ဆိုသည့္ ေကာင္ေလးဆီအေတြးေရာက္၏။

သူ႔စိတ္ထဲမွာ ဒီေကာင္ေလးကို ေကာင္းေကာင္းမြန္မြန္ေလးေနေစခ်င္သည့္စိတ္ကအျပည့္ျဖစ္ေနသည္။ ခုေတာ့ ေရွ႕ကဒဏ္ရာမေပ်ာက္ေသးခင္ ေနာက္ဒဏ္ရာကဆက္၏။ ေတာ္ေသးတာတစ္ခုက ဒီေကာင္ေလးကအရက္မူး၍ ရန္ျဖစ္သည့္ပုံမေပၚ။ လာတိုင္းလည္း သူ႔အနားကအရက္နံ့တစ္ခါမွမရဖူးေပ။ ဒီတစ္ခ်က္ေတာ့ ေတာ္သည္ဟုေျပာရမည္။ ေကာင္းသည့္အခ်က္ကိုမရမကရွာ၍ ခ်ီးက်ဴးၿပီးေနာက္ ဝရန္တာဘက္ကိုေမၽွာ္ၾကည့္လိုက္သည္။

သူက ဝရန္တာေတြကေန ေအာက္ကိုငုံ႔ၾကည့္ရတာႀကိဳက္သည္။ ေလေတြလဲတိုက္သလို ေဆး႐ုံနံ့ေတြကေန ခဏေတာ့လြတ္ကင္းနိုင္တာမို့လို့ပင္။ သို့ေပမဲ့ မေမၽွာ္လင့္ေသာျမင္ကြင္းကိုေတြ႕လိုက္ရတာေၾကာင့္ သူ႔မ်က္လုံးေတြျပဴးသြားသည္။

ေအာက္ကလမ္းမေပၚမွာ သူ႔ရဲ့လူဆိုးေကာင္နဲ႔ ေကာင္မေလးတစ္ေယာက္ကိုတြဲလ်က္ျမင္ေနရသည္။ လူဆိုးေကာင္က ေရွ႕မွေဘာက္ဆတ္ဆတ္ေလၽွာက္သြားတာျဖစ္ကာ ေကာင္မေလးက အေနာက္မွလိုက္ေခ်ာ့ေနသည့္ပုံပင္။
စိတ္ထဲမွ မႏွစ္သက္မွုေတြက ျမင့္တက္လာတာေၾကာင့္ ႏွာေခါင္းကိုရွုံ႔ကာ ဝရန္တာကိုေက်ာခိုင္းမိ၏။

‘ဒီေကာင္စုတ္က ဘာလား။’

...................................................................................................................................................................................

Pick’s Note

အဟိ။ငါးပိုင္းမျပည့္ျပည့္ေအာင္‌ေရးရတာမို့ တိုသည္ရွိေသာ္ ခြင့္လႊတ္ေနာ္။ လပ္ယူ

Continue Reading

You'll Also Like

2.2M 146K 91
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
4.8K 428 13
LeeChanYoung & ParkWonBin
2.5M 248K 40
1920ခုနှစ်လောက်က လူနေမှုပုံစံတွေကို inspireယူပြီး ရေးဖွဲ့ထားတဲ့ Own Creation rebirth fictionလေးပါ။ _________# Starting date_26.6.2020 Ending date_6.1...
1.2M 41.5K 60
Myanmar × BL Uni/Zaw Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd