

179K 36.3K 1.2K

Genre Action ,Adventure ,Comedy, Drama, Horror ,Mature ,Mystery, Psychological , Supernatural ,Tragedy Higit pa

သရဲအိမ်ထဲက ဖူးစာရှင် (Description )
သရဲအိမ်ထဲက ဖူးစာရှင် အကျဉ်း
Chapter (1) သရဲအိမ်၏ကျဆုံးခန်း
Chapter (1-2) - သရဲအိမ် Game Application
Chapter (2) - ထူးဆန်းသော နေ့စဉ်မစ်ရှင်များ
Chapter (3) - ခက်ခဲတဲ့မစ်ရှင်
Chapter (4) - အံ့အားသင့်စရာဆု- အလောင်းမိတ်ကပ်လိမ်းခြယ်ခြင်း
Chapter (5) :မှန်ထဲကလူ ဘယ်သူလဲ
Chapter (6) _ လူသေတစ်ယောက်ရဲ့ အလှတရား
Chapter (7) - မှုခင်းကျောင်းသားများနှင့် တစ္ဆေသတို့သမီး
Chapter (8) - ကြမ္မာဆိုးဝင်သည့်သောကြာနေ့
Chapter (9) - ထိတ်လန့်မျက်ရည်တို့ ယိုစီးချိန်
Chapter (10) - ကြေးမုံပြင်၏ လျှို့ဝှက်ချက်
Chapter (11) - မင်း ညမှာ ဘယ်လိုအိပ်ပျော်နိုင်တာလဲ..?
Chapter (12) - ကံကြမ္မာဘီးလုံး
Chapter (13) - ကံကောင်းခြင်းလား၊ ကျိန်စာလား
Chapter (14) လူပျောက်ကြေငြာ
Chapter (15) တိုက်ခန်းပိုင်ရှင်
Chapter (16) - ဒီမှာ ညမအိပ်နဲ့
Chapter (17) - Fu An တိုက်ခန်း
Chapter (18) - Livestream - တိုက်ရိုက်ထုတ်လွှင့်ခြင်း
Chapter (19) - လူကြိုက်များမှု တိုးလာခြင်း
Chapter (20) - ရာဇဝတ်မှုမြင်ကွင်း
Chapter (21) - Party of more than one? တစ်ယောက်ထက်ပိုတဲ့အဖွဲ့
Chapter (22) - သန်းခေါင်ယံညမှ လူသတ်သမား
hapter (23) - Real Killer (လူသတ်သမားအစစ်)
Chapter (24) - လူသတ်သမားကို ဖမ်းမိပြီ
Chapter (25) - ဇာတ်လမ်းသစ် ပွင့်လေပြီ
Chapter (26) - ဘော့စ်.. ရှင် TV ထဲမှာ ပါလာတယ်
Chapter (27) - ပစ္စည်းအသစ် ရရှိခြင်း
Chapter (28) - "မင်း ငါတို့ကိုပြောခဲ့တာနဲ့ မတူပါလား.."
Chapter (29) - Xiao Wan - ဒေါက်တာအရိုး၏ ဆေးရုံဂျူတီဝတ်စုံ
Chapter (30) - လူရှစ်ယောက်
Chapter (31) - သူ.. ဘယ်သူလဲ..?
Chapter (32) - အရုပ်မတွေ.. အရုပ်မတွေ..
Chapter (33) - လူပျောက်ကြေငြာစာရွက်ကို မှန်ကန်စွာ အသုံးချခြင်း
Chapter (34) - သရဲအိမ်၏နာမည်ကောင်း (Zawgyi+Unicode)
Chapter (35) ကျိုးပဲ့နေသော ကြေးမုံ
Chapter (36) - သရဲအိမ်ထဲက အန္တရာယ်
Chapter (37) - သရဲအိမ်ကို တိုးချဲ့ခြင်း
Chapter (38) - မြေအောက်ကားပါကင်
Chapter (39) - တတိယထပ်မှ ခြောက်ခြားစရာအသံများ
Chapter (40) - နောက်ထပ် ခက်ခဲသောမစ်ရှင်
Chapter (41) - အသက်အောင့်ထားပါ
Chapter (42) - စက္ကန့် ၆၀
Chapter (43) - မစ်ရှင် ပြီးဆုံးအောင်မြင်ပြီ
Chapter (44) - ပြန်လည်သုံးသပ်ချက်
Chapter (45) - တစ်ယောက်ယောက် ငါ့ကိုသတ်ဖို့ ကြိုးစားနေတယ်
Chapter (46) - သံသယဖြစ်ဖွယ်လူသား
Chapter (47) - စိတ်ခံစားချက်ကင်းမဲ့တဲ့ လူသတ်သမား
Chapter (48) - "ငါ့ကိုလွှတ်ပေးပါ"
Chapter (49) - "ရှောင်ချန်.. မင်း ဒဏ်ရာရသွားသေးလား"
Chapter (50) - ဂဏန်းများ၏ အဓိပ္ပါယ်
Chapter (51+52) (Zawgyi+unicode )
Chapter (53+54+55) ( Zawgyi+unicode )
Chapter (56) - အမည်မရှိတဲ့ မိန်းကလေး (Zawgyi+Unicode)
Chapter (57+58) (Z+U)
Chapter (59+60)(Z+U)
Chapter (61) - ကျန်းယာ့အတွက် တရားမျှတမှု ရှာပေးခြင်း (z+U)
Chapter (62) - 4 Star Level Game (Zawgyi + Unicode)
Chapter (63) - အိမ်ထဲမှာ တစ်ယောက်ယောက်ရှိနေတယ် (Zawgyi + Unicode)
မှန်ထဲက မကောင်းဆိုးဝါးရဲ့ နိဂုံး ဘယ်လိုဖြစ်မလဲ?
Chapter (64) - မှန်ထဲကမကောင်းဆိုးဝါး အစားခံရခြင်း (Z+U)
Chapter (65+66)(zawgyi+unicode)
Chapter (67+68+69) (Z+U)
Chapter (70+71+72+73+74)(Z+U)
Chapter (75+76)(Z+U)
Chapter (77+78+89+80)
Chapter (81+82+83+84)(Z+U)
Chapter (85+86+87+88+89+90) (Z+U)
Chapter (91+92+93+94+95) - (Zawgyi)
Chapter (96+97)(Z+U)
Chapter (98+99+100+101)(z+u)
Chapter (102+103)(Z+U)
Chapter (104+105+106)(Z+U)
Chapter (107+108) (Z+U)
သရဲအိမ်ထဲက ဖူးစာရှင် _Chapter (109+110)(U+Z)
Chapter (111+112) (Unicode+Zawgyi)
သရဲအိမ်ထဲက ဖူးစာရှင် /သရဲအိမ္ထဲက ဖူးစာရွင္ - Chapter (113+114)(U+Z)
သရဲအိမ်ထဲက ဖူးစာရှင် - Chapter (115+116) (unicode+Zawgy)
Chapter ( 117+118 )
သရဲအိမ်ထဲက ဖူးစာရှင် - Chapter (119+120)
သရဲအိမ်မှဖူးစာရှင် /သရဲအိမ္မွဖူးစာရွင္- Chapter (121+122)
Chapter (123+124) - လွတ်မြောက်ခြင်း+အနီရောင်အငြိုးအတေး ဝိဉာဉ်
သရဲအိမ်ထဲက ဖူးစာရှင် - Chapter (125+126)
သရဲအိမ်ထဲကဖူးစာရှင် - Chapter (127+128)
သရဲအိမ်ထဲကဖူးစာရှင်- Chapter (129+130)
သရဲအိမ်ထဲက ဖူးစာရှင် Chapter (131+132)
သရဲအိမ်ထဲမှ ဖူးစာရှင် - Chapter (133+134)
သရဲအိမ်ထဲက ဖူးစာရှင် - Chapter (135+136)
သရဲအိမ်ထဲက ဖူးစာရှင် - Chapter (137+138)
Chapter (139+140)
Chapter (141+142)
Chapter (143+144+145)
Chapter (146) _ Live-stream လွှင့်မယ့်အချိန် ကိုအတည်ပြုခြင်း
(U+Z) Chapter (147) _ ကြောင်ဖြူလေး၏ထောက်ခံချက်
(U+Z) Chapter (148) _ လူနာကိုးယောက်၊ အခန်းဆယ်ခန်း
(U+Z) Chapter (149) _အန္တရာယ်အရှိဆုံးလူနာ
( U+Z) Chapter (150) - ဒုတိယကံစမ်းမဲ
Chapter (151) - သေချာပေါက်သေမယ်
(U+Z) Chapter (152) - ထူးခြားသော ဆွဲဆောင်မှု
Chapter (153) - ကျုတ်ကျန်း စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေးစင်တာ
Chapter (154) - ခွေးလှောင်ချိုင့်လား..?
Chapter (155) - တစ်ဦးထက်ပိုသော လူများ
Chapter (156) - ဘယ်သူ ငါ့နောက် လိုက်နေတာလဲ..
Chapter (157) - သားကောင်များ
Chapter (158) - ရေဇလုံ ၂လုံး
Chapter (159) - လူနာနံပါတ် 8
Chapter (160) - ဒါလူ အစစ်ပဲ..!
Chapter (161)_ ကြောက်စရာကောင်းသော တိုက်ရိုက်ထုတ်လွှင့်မှု
Chapter (162)_ရွှီထုံ
Chapter (163)_ ဝမ်ဟိုင်မင် ၏ လျှို့ဝှက်ချက်
Chapter (164) - မကောင်းဆိုးဝါးနှင့် အပေးအယူ လုပ်ခြင်း
Chapter (165)_ ဘယ်သူက ဆရာဝန်နေရာက ကစားတာလဲ။
Chapter (166)_ သူမ မသေဘူးလား။
Chapter (167) _ ဝတ်စုံ
Chapter (168) _ အခန်းသုံးထဲမှာ ရှိတဲ့ လူနာ
Chapter (169) - ပရလောကနှင့် ချိတ်ဆက်နေသည့် တံခါး!
Chapter (170)_ တစ်ခုတည်းသောဖြေရှင်းချက်
Chapter (171) - ချင်ကွမ်း တစ်ခုခုမှားနေပြီ
Chapter (172) - တံခါးနောက်ကွယ်က မကောင်းဆိုးဝါး
Chapter (173) _ သူ့ကိုနှိုးလိုက်...
Chapter (174) _ မကောင်းဆိုးဝါး ရဲ့ အားနည်းချက်
Chapter (175) - နောက်ဆုံးဝှက်ဖဲ
Chapter (176) - သတိရအောင် လုပ်ပါ....
Chapter (177) - သူက တံခါးအတွင်းမှာ ရှိနေတယ်....
Chapter (178) -မကောင်းဆိုးဝါးကို ကျန်းယာ့က လိုက်ဖမ်းခြင်း
Chapter (179) - အဓိကပုဂ္ဂိုလ်
Chapter (180) - သူ့မျက်စိက မြင်ရတဲ့ ကမ္ဘာကြီး
Chapter (181) - မင်းက မကောင်းဆိုးဝါးကို နှိုးလိုက်ပြီ....
Chapter (182) - ဒေါက်တာ ချန်
Chapter (183) - တံခါးအတွင်းမှ ပြန်ထွက်လာနိုင်ခြင်း
Chapter (184) - စိတ်ခံစားချက်ဖြင့် ထိန်းချုပ်နိုင်သည့် အဆင့်
Chapter (185) _ မင်းဦးနှောက်ထဲမှာ ခဲတွေနဲ့ ပြည့်နေလား။
Chapter (186) - ပြိုင်ဖက်အသစ်
Chapter (187) - ထျန်ထန် ဆေးကျောင်း
Chapter (188) _ တစ်ယောက်တည်းဆို လုံလောက်ပြီ
Chapter (189) - သရဲအိမ်ပိုင်ရှင်နှစ်ဦးကြားက ပြိုင်ဆိုင်မှု
Chapter (190) _ မကြောက်ပါနဲ့၊ ငါပါ...
Chapter (191) _ ဒီနေ့ မိတ်ကပ်လိမ်းဖို့ မေ့နေပြီလား
Chapter (192)_ မင်းက တကယ် သရဲလို လန့်စရာကောင်းသားပဲ.....
Chapter (193) _ စိတ်ဝင်စားဖွယ်ကောင်းလာခြင်း
Chapter (194+195+196)
Chapter (197) - ဧည့်သည်က အထဲမှာရှိသေးလား။
Chapter (198+199+200)
Chapter (201) - ရူးနေတဲ့ အမျိုးသမီး
Chapter (202+203+204)
Chapter (205) - သူမက ငါ့အမကြီးပါ
Chapter (206) _ သူမက ငါ့အမကြီးပါ-2
Chapter (207) _ အဖြူလား အနက်လား?
Chapter (208) _ အချစ်သီချင်း
Chapter (209) _ မင်းဘာလို့ဒီကိုထပ်ရောက်နေတာလဲ။
Chapter (210) - ရပ်တန့်ပြီး အနားယူပါ
Chapter (211+212) _ ကြောက်စရာကောင်းသော အရုပ်များ
Chapter (213+214) ဘော့စ်ချန်+ အနာဂါတ် ပန်းခြံ
Chapter (215+216) မျက်နှာမဲ့ သူနာပြုဝတ်စုံ+ ငါ့မှာ မကောင်းတဲ့ ခံစားချက်ရှိတယ်။
Chapter (217+218) -ဧည့်သည်များကို ဦးစွာဦးစားပေးခြင်း။
Chapter (219+220) အစစ်အမှန်နဲ့ တူလွန်းတယ်...

Chapter (91+92+93+94+95)(Unicode)

1.1K 218 12
Galing kay MayKingMK119

Chapter (91) – Live stream ကို လူကြိုက်များလာခြင်း (Z+U)

မစ်ရှင်နှင့်ပတ်သက်သည့် မက်ဆေ့ရောက်လာပြီးမှ Chen Ge စိတ်သက်သာရာရသွားသည်။ 2 star အဆင့်မစ်ရှင်က ထင်သလောက်မခက်ဟု ထင်ရသည်။ ဒီမုယန်အထက်တန်းကျောင်းက ဝိဉာဉ်တွေက အရမ်းဆိုးသွမ်းခြင်းမရှိဟု တွေးနေသည်။ Pen spirit အပါအဝင် စာသင်ခန်းထဲက ဝိဉာဉ်တို့တွင် မကောင်းသောရည်ရွယ်ချက် မရှိကြပေ။ ဖန်းယွီ၏အဖေဖြစ်သည့် ကိစ္စကတော့ သူ့မကောင်းမှုက ဝဋ်လည်တာပဲဖြစ်သည်။

အခက်ခဲဆုံးမစ်ရှင်က ရေတွင်းနက်နှင့် ချိတ်ပိတ်ထားသော စာသင်ခန်းဖြစ်သည်။ မစ်ရှင်ပြီးသည်အထိ စာသင်ခန်း၏ လျှို့ဝှက်ချက်ကို မဖော်ထုတ်နိုင်ခဲ့ပေ။ ရေတွင်းနက်ကလည်း ရဲများ၏အကူအညီကြောင့်သာ အောင်မြင်သွားခြင်းဖြစ်သည်။ သူ့ဘာသာဆိုလျှင် ရေတွင်းကို တစ်ညလုံး ရှာလို့တွေ့မည်မဟုတ်ပေ။ Chen Ge သည် သော့ပွင့်သွားသော ဂိမ်းများနှင့် ရရှိလိုက်သောဆုလာဘ် - ဘောပင်စောင့်ဝိဉာဉ်ကြောင့် စိတ်ကျေနပ်နေသည်။ ဘောပင်စောင့်ဝိဉာဉ်က အနာဂတ်ကို ကြိုတင်ခန့်မှန်းနိုင်တယ်ဆိုပေမယ့် သူရလိုက်သည့်ဟာက ဘာမှသိပုံမပေါ်ပေ။

တစ်ညလုံးမိုးရွာပြီး နောက်ဆုံးတော့ ရပ်သွားလေပြီ။ ရဲများက Chen Ge ၏ ကူညီမှုအတွက် ချီးကျူးနေကြသည်။ သက်သေထွက်ဆိုပြီးနောက် Chen Ge ကို ရဲတစ်ဦးက ပန်းခြံသို့ ကားမောင်းပို့လာစဉ် Chen Ge က ဘေးကနေ အိပ်ပျော်လျက်ပါလာသည်။ ယင်ယန်မျက်လုံးကို သုံးစွဲရလို့ အားကုန်သွားဟန်တူသည်။

သရဲအိမ်ကိုပြန်ရောက်တော့ ဖုန်းကိုထုတ်ကြည့်လိုက်စဉ် ဖုန်းခေါ်ဆိုမှု 10 ခုနှင့် စာများစွာရောက်နေသည်ကို တွေ့လိုက်ရသည်။ အများစုက He San ဆီကဖြစ်ပြီး Dr.ကောင်းဆီကလည်း စာတစ်စောင်ရှိနေသည်။ ဟော်စန်းက ရဲခေါ်ပေးဖို့လိုသလားဟု မေးထားပြီး ဒေါက်တာကောင်းက ဖန်းယွီဖြစ်သည့် ရောဂါလက္ခဏာက သူ့ဘေးက အနီးစပ်ဆုံးလူကြောင့်ဟု ဖြေကြားထားသည်။ ထိုကလေးဘေးကသူကို ဂရုစိုက်ဖို့မှာလိုက်သည်။ ထိုမက်ဆေ့ကို ည 12း30 က ပို့ထားပေမယ့် ထိုအချိန်က ဖန်းယွီ၏အဒေါ်ရောက်လာသောကြောင့် Chen Ge က ဖုန်းကို လုံးဝဖွင့်မကြည့်အားခဲ့ပေ။ ဟော်စန်းနှင့် ဒေါက်တာကောင်းတို့ဆီ စာပြန်ပြီး သူ့ internet page ကို ဖွင့်ကြည့်လိုက်တော့ live stream ကြည့်သူက 39000 ကျော်တိုးနေသည်ကိုတွေ့ရတော့ တုန်လှုပ်သွားသည်။ 4 နာရီကြာ live လွှင့်ပေမယ့် Chen Ge က ပရိသတ်ကြီးကို စကားပြောဆိုမိတ်ဆက်ခြင်း သိပ်မလုပ်ခဲ့ရပေ။ ဒါကြောင့် သူ့ live တော့ ကြည့်သူရှိမှာမဟုတ်ဟု ထင်ထားခဲ့သည်။ သူ live လွှင့်ချိန်က ကြည့်သူ 10000 ကျော်သာရှိရာမှ ဘယ်လိုလုပ် ခုလိုများသွားသည်ကို မသိဖြစ်ကာ ဟော်စန်းဆီကို ဖုန်းခေါ်လိုက်ဖို့ ဆုံးဖြတ်လိုက်သည်။

ဖန်းယွီ၏အဒေါ်ကို ဖမ်းမိပြီးသွားတော့ ကလေး၏အကျိုးအတွက် သူက live လွှင့်တာကို ပိတ်ချလိုက်ရသည်။ သူက side mission အတွက် အလုပ်များနေသောကြောင့် ကြည့်ရှုသူများနှင့် အပြန်အလှန် ပြောဆိုဖြေကြားခြင်းကို လုံးဝလုပ်ခွင့်မရခဲ့ပေ။ အချိန်အများစု သူ ပုန်းအောင်းနေချိန်၊ ပြေးနေရချိန်၊ သရဲများနှင့် ဖြေရှင်းနေရချိန်တွင် ဖုန်းကို သူ့ အင်္ကျီအိတ်ကပ်ထဲ ထည့်ထားလို့သာ Live ကို ဆက်တိုက်လွှင့်နိုင်ခြင်းဖြစ်သည်။ ဒါတောင် ဘယ်လိုလုပ်ခုလို ရလဒ်ကောင်းထွက်လာရတာလဲ။
ဟော်စန်းဆီဖုန်းဝင်သွားသည်နှင့် တစ်ဖက်ကကောက်ကိုင်ပြီး နားကွဲမတတ်အော်ဟစ်လိုက်သံကို ကြားလိုက်ရသည်။

"ဘော့စ်... ခင်ဗျားအသက်ရှင်သေးတယ်နော် ...ခင်ဗျားအသက်ရှင်မယ်ဆိုတာ ကျွန်တော်သေချာသိပါတယ် "

"မနေ့က live stream မှာ ဘာဖြစ်သွားတာလဲ.. ဘာကြောင့် ကြည့်တဲ့သူက အဲ့လောက်တိုးသွားတာလဲ.."

"ခင်ဗျား မနေ့က စလွှင့်ကတည်းက ကြည့်ရှုသူက ဆက်တိုက်တိုးနေခဲ့တာ.. ဒါပေမယ့် pen spirit game မကစားခင်တော့ ကြည့်ရှုနှုန်းနည်းနေသေးတယ်.. တစ်ယောက်ယောက်က ချင်ကွမ်းတို့ Live လွှင့်တာနဲ့ ခင်ဗျားရဲ့ Live ကို နှိုင်းယှဉ်ပြီး ပြလိုက်တယ်.. ချင်ကွမ်းတို့ဘက်က တစ်ယောက်က ခင်ဗျား Live Stream မှာပါတဲ့ အကြောင်းအရာတွေ၊ တင်ဆက်ပုံတွေက လူသတ်သမားအစစ်မဟုတ်ဘဲ သရုပ်ဆောင်တာတွေလို့ပြောဆိုပြီး ဝေဖန်သွားတယ်.. ဒါပေမယ့် သူတို့ဘာပြောပြော ပွဲကြည့်ပရိသတ်က ငြင်းဆိုသွားကြတယ်.. ဒါပေမယ့် ချင်ကွမ်းရဲ့ fan တွေက သူတို့စံပြပုဂ္ဂိုလ် Idol ကို တိုက်ခိုက်ပါတယ်ဆိုပြီး ခင်ဗျားကို ပုတ်ခတ်ပြောဆိုနေကြတယ်.."

"ဖြစ်နိုင်တာတော့ သူတို့ထဲကတစ်ဝက်က ငှားထားတဲ့ ရေတပ်တွေပဲဖြစ်မှာပါ.. တခြားဘာဖြစ်သွားသေးလဲ.."

"ကြည့်ရှုသူအများစုက ချင်ကွမ်းအဖွဲ့ရဲ့ Live အောက်မှာ ဒီကိစ္စကို သေချာရှင်းပြဖို့ သွားတောင်းဆိုပေမယ့် သူတို့က အဖက်တောင်မလုပ်ကြဘူး.. ပြီးတော့ သူတို့ page အောက်မှာ ခင်ဗျားနာမည်ကို ပြောတဲ့သူတိုင်းကို Bun ပစ်လိုက်ကြတယ်.. သူရဲ့နာမည်ကျော်ကြားမှုကြောင့် ချင်ကွမ်းရဲ့ Live က ကြည့်ရှုသူ 800000 ရှိပေမယ့် 500000 လောက်က ပိုက်ဆံပေးထားလို့ ဝင်ကြည့်တဲ့သူတွေသက်သက်ပဲ.. သူတို့ admin team အဖွဲ့က မေးမြန်းလာသမျှကို ပြန်တုံ့ပြန်တာမြန်တယ်ဆိုပေမယ့် ခင်ဗျား Live အကြောင်းပြောတဲ့လူတချို့ရဲ့ comment ကို ဖျက်ချိန်မရလိုက်ဘူး.. ဒါကြောင့် အဲ့ page က Live ကိုကြည့်တဲ့သူတချို့က ခင်ဗျား Live ကိုလာကြည့်ကြပြီး ခင်ဗျားရဲ့ fan ဖြစ်ကုန်ကြတာပဲ.. ဒါကြောင့် ခင်ဗျားရဲ့ Live က ကြည့်ရှုသူ တောက်လျှောက်တိုးလာခဲ့တာပဲ.. ဂုဏ်ယူပါတယ်ဗျာ.. ခင်ဗျားတော့ တစ်ညတည်းနဲ့ ရှာဖွေမှုအများဆုံး ထိပ်ဆုံးစာရင်းထဲ ဝင်သွားခဲ့ပြီဗျ.."

Chen Ge က ညက သူ့ရဲ့ Live မှာ ဗရမ်းဗတာဖြစ်ခဲ့ပေမယ့် နာမည်ပျက်မသွားတဲ့အပြင် follower တိုးလာတာကြောင့် ကံကောင်းသည်ဟု တွေးနေသည်။

"လျှော့ပြောပါဦးကွ.. ဒါက ငါ့ရဲ့ ဒုတိယ Live Stream ပဲရှိပါသေးတယ်.."

Chen Ge က ဟော်စန်းနှင့်ခဏပြောကာ ဖုန်းချလိုက်သည်။ Chen Ge က သူ့ Page က chat box တွင် ပရိသတ်၏စာများကို ကြည့်လိုက်သည်။ အများစုက ချင်ကွမ်းဖန်တွေ လာရောက်ဆဲဆိုထားသော fan ဆီကဖြစ်ပြီး အတော်များများက အနိုင်ကျင့်တာခံရတဲ့ Chen Ge ကို သူတို့ထောက်ပံ့ပေးမည်ဖြစ်ကြောင်း အားပေးထားကြသည်။ ဒီစာတွေထဲမှာ သူရင်းနှီးနေသော profile ပါသည့် အကောင့်တစ်ခုဆီကနေ သူ့ကို ညစ်ပတ်သောလှည့်ကွက်ကိုမသုံးဖို့ သတိပေးဆဲဆိုထားပြီး ဒီ platform မှာ ဆက်လက်မရပ်တည်နိုင်အောင် လုပ်မည်ဟု ခြိမ်းခြောက်ထားသည်။ ထို profile က သူ့ကိုဖိနှိပ်နေသော ချင်ကွမ်း studio ရဲ့ profile ပုံဖြစ်သည်။

တခြားလူသာဆိုရင် ဒီခြိမ်းခြောက်မှုကြောင့် ကြောက်ရွံ့သွားမည်ဖြစ်ပေမယ့် Chen Ge ကတော့ လုံးဝမကြောက်ပေ။ ဒီလို video တိုကိုတင်တာက သူ့သရဲအိမ်ကို promotion လုပ်တာဖြစ်သောကြောင့် သူက ရပ်တန့်မှာမဟုတ်ပေ။ Chen Ge က ထို account ကို bun လိုက်ပြီး ထို application မှထွက်လိုက်သည်။ ပြီးတော့ သူ့ဖုန်းအနက်ကိုယူပြီး ကြည့်လိုက်သည်။

>>2star အဆင့် မုယန်အထက်တန်းကျောင်း သရဲအိမ်ခြောက်လှန့်မှုပြကွက်ကို ဆောက်လုပ်ပြီးသွားပါပြီ။ အောက်ဆင်းပြီး စစ်ဆေးကြည့်လို့ရပါပြီ။<<

>>သတိပေးချက် - မုယန်ကျောင်းက ကြယ်လေးပွင့်အဆင့် ဇာတ်လမ်း၏ တစိတ်တဒေသဖြစ်သောကြောင့် ပုံမှန်အခန်းထက် ၂ဆပိုကျယ်ပြန့်သည်။ ဒါကြောင့် အတွင်းပိုင်းအပြင်အဆင်နှင့် နေရာများကို ရင်းနှီးမှုရှိစေဖို့ ကိုယ့်ဘာသာလေ့လာပါ။<<

ဒီမက်ဆေ့ချ်ကို ဖတ်ချိန်မှာ Chen Ge က အိပ်မလို့ အိပ်ယာထဲရောက်နေပေမယ့် သူက ချက်ချင်းထလိုက်သည်။

"နေဦး.. ပုံမှန်ထက် ၂ဆပိုကျယ်တယ်ဆိုတော့ မုယန်ကျောင်းတစ်ခုလုံး ဒီကိုရွှေ့လာတာလား.."

သူက ဖိနပ်စီးကာ အောက်ထပ်ကို အပြေးအလွှားဆင်းလာခဲ့သည်။ စွန့်ပစ်မြေအောက်ကားပါကင်ကို ပေါက်သည့်လှေကားက မီးလောင်ထားသလိုမည်းနေပြီး ထိုအောက်ဘက် စင်္ကြန်လမ်းတလျှောက် စွန့်ပစ်စာရွက်များပြန့်ကျဲနေကာ ပိတ်ထားသည့်စာသင်ခန်းများ အောက်ထပ်တွင် ရောက်ရှိလို့နေလေပြီ။

==========================

Chapter (92) –လူသတ်သမား၏  တောင်းဆိုမှု

သရဲအိမ်ပိုင်ရှင် Chen Ge တစ်ယောက် မြင်လိုက်ရသောရှုခင်းကြောင့် အံ့သြသွားရသည်။ 'မုယန်အထက်တန်းကျောင်း' မြင်ကွင်းက 'သန်းခေါင်ယံည လူသတ်သမား' မြင်ကွင်းထက် ပိုကျယ်ပြန့်ပြီး ဒီနေရာကိုလျှောက်ကြည့်စဉ် Chen Ge ၏ကျောမှာ အေးစိမ့်စိမ့်ခံစားလိုက်ရသည်။ အမှောင်ထဲမှာပုန်းနေသော တစ်စုံတစ်ရာက အချိန်မရွေးခုန်ထွက်လာတော့မလို ထင်နေမိသည်။

စာသင်ခန်း ၄ခု၊ ကော်ရစ်တာများ၊ အိမ်သာ၊ ရုံးခန်းများ...

မုယန်အထက်တန်းကျောင်းကို ပုံတူကူးကာ ဒီသရဲအိမ်ထဲမှာ တစ်စုတစ်စည်းတည်း သေချာနေရာချထားသည်ကို တွေ့လိုက်ရသည်။ Chen Ge က အောက်ဘက်စင်္ကြန်မှာ လျှောက်ပြီး စာသင်ခန်းများကို လိုက်ကြည့်နေမိသည်။ နံရံများက ဘိလပ်မြေနဲ့ဆောက်ထားပြီး ပြတင်းတံခါးများက လေတိုက်သောကြောင့် တကျွီကျွီလှုပ်ယမ်းနေသည်။ ပထမဆုံးစာသင်ခန်း၏ပုံစံက လက်ခံနိုင်လောက်အောင် ချောက်ချားမှုပေးနိုင်သည်။ သူက ဆက်ကြည့်ရင်း နောက်ဆုံးက ချိပ်ပိတ်ထားသည့် စာသင်ခန်းရှေ့ရောက်တော့ ဆံပင်များထောင်သွားသလို ခံစားလိုက်ရသည်။ ဒါက သရဲအိမ်ကိုပိုင်ပြီးနောက် ပထမဆုံး ချောက်ချားခြင်းဖြစ်သည်။ ဒီစာသင်ခန်းက မုယန်အထက်တန်းကျောင်းက အခန်းအစစ်နဲ့ တစ်ထပ်တည်းမတူပေမယ့် စားပွဲတိုင်းမှာ ဆေးနီသုတ်ထားပြီး စာသင်ခုံတစ်ခုချင်းမှာ ကျောင်းဝတ်စုံတစ်စုံစီ ချထားသောကြောင့် ပိုချောက်ချားရခြင်းဖြစ်သည်။

ဖန်းယွီအဖေ၏ဓာတ်ပုံထဲမှာ ကျောင်းဝတ်စုံအပြည့်ဝတ်ထားသည့် ကျောင်းသားများက ကင်မရာဘက်ကိုကြည့်နေခဲ့ပေမယ့် အခုစားပွဲပေါ်မှာရှိသည့် ကျောင်းဝတ်စုံများက အခု အခန်းဝမှာရပ်နေသည့် Chen Ge ဘက်ကို လှည့်ကြည့်နေသလို ထင်ရသည်။ အသက်ကိုပြင်းပြင်းရှိုက်ပြီး Chen Ge က အခန်းထဲကို ဇွတ်ဝင်သွားခဲ့သည်။ စားပွဲပေါ်က ကျောင်းဝတ်စုံတွေက သူ့ကိုလိုက်ကြည့်နေသလို ထင်ရသည်။

ဘာကြောင့် စာသင်ခန်းထဲမှာ ကျောင်းဝတ်စုံတွေ ပါလာရတာလဲ..။ ဒီဝတ်စုံမှာ ဝိညာဉ်တွေကပ်ပါလာတာလား..။ Chen Ge က ကျောင်းဝတ်စုံတွေကို တိတ်တဆိတ်ရေတွက်လိုက်စဉ် ၂၄ ခုရှိသည်ကို တွေ့လိုက်ရသည်။

'သန်းခေါင်ယံညလူသတ်သမား' ရာဇဝတ်မှုကို ဖြေရှင်းပြီးချိန်တွင် ယောင်းယောင်းနှင့် သူ့မိသားစုက ဒီသရဲအိမ်မှာ ရောက်ရှိလာကြသည်။ ဒါဆို မုယန်အထက်တန်းကျောင်းကိစ္စ ဖြေရှင်းပြီးတော့ ချိပ်ပိတ်ထားသည့်စာသင်ခန်းထဲက ဝိညာဉ် ၂၄ ခုက သရဲအိမ်ကို ရောက်လာတာများလား။ Chen Ge ၏ မျက်နှာက တွန့်သွားခဲ့သည်။ ဒါဆို အဆင်မပြေလောက်ဘူး။

ငါမှားတာဖြစ်မှာပါ..

Chen Ge က ဒီလိုတွေးပြီး တံခါးကိုပိတ်ကာ ထိုစာသင်ခန်းမှ ထွက်လာခဲ့သည်။ စင်္ကြန်၏အဆုံးတွင် အိမ်သာရှိပြီး ဘယ်ဘက်ကွေ့လိုက်တော့ ရုံးခန်းရှိရာကို ဦးတည်သွားပြီး ညာဘက်တွင် အမျိုးသမီးအိပ်ဆောင်သို့ ရောက်သွားသည်။ Chen Ge သည် စင်္ကြန်လမ်းကျဉ်းကျဉ်းကိုကြည့်ကာ သူ့ကိုပိတ်ဆို့ထားသလို ခံစားလိုက်ရသည်။ ကြယ်နှစ်ပွင့်အဆင့် သရဲအိမ်မြင်ကွင်းက ရှုပ်ထွေးနေပြီး သူသာ နောက်ထပ် side mission ကိုဖြေရှင်းလိုက်လျှင် ဒီမြေအောက်ကားပါကင်တွင် ချောက်ချားဖွယ်ဝင်္ကပါကြီးတစ်ခု ဖြစ်လာနိုင်တော့မည်။

Chen Ge က ကြုံရာအိပ်ဆောင်ထဲက တစ်ခန်းကိုဖွင့်ကာ ဝင်ကြည့်လိုက်တော့ ဒီအခန်းထဲမှာ ရှုပ်ပွနေပြီး ရာဇဝတ်မှုဖြစ်ပုံပေါက်နေသည်။ အမှတ်မထင် Chen Ge က ထိုအိပ်ခန်း၏စားပွဲပေါ်တွင် စက္ကူအပိုင်းအစနှင့် ဘောလ်ပင်တစ်ချောင်း တင်ထားသည်ကို တွေ့လိုက်ရသည်။

မုယန်အထက်တန်းကျောင်းမြင်ကွင်း Lock ပွင့်ဖို့ အဓိကလျှို့ဝှက်ချက်က ဒီဘောလ်ပင်ဖြစ်သည်။ Chen Ge က ဘောလ်ပင်ကို ဂရုတစိုက်ကောက်ကိုင်လိုက်သည်။ ဒီဟာက ကျိုးပဲ့အက်ကွဲနေလို့ တစ်စစီမဖြစ်အောင် သေချာလေးကိုင်လိုက်သည်။ ဝမ့်ချီး၏ လူပျောက်ကြေငြာက ယောင်းယောင်းတို့မိသားစုနှင့် Chen Ge ကို ရင်းနှီးသွားစေသည်။ ဒီလိုလျှို့ဝှက်ပစ္စည်းက သူတို့ကိုယ်ပိုင်ရည်ရွယ်ချက် ရှိကြသည်။ ဒီဘောလ်ပင်က ချိပ်ပိတ်ထားသည့်စာသင်ခန်းက ကျောင်းသားများနှင့် ရင်းနှီးအောင် ကူညီပေးနိုင်မလား။

Chen Ge က ဘောလ်ပင်ကိုကောက်ယူပြီး ပြန်ပြင်ဖို့ဆုံးဖြတ်ကာ ထိုအဆောင်မှထွက်လာသည်။

"ဘောလ်ပင်နတ်.. ငါ့ကို မင်း သဘောမကျတာသိပေမယ့် မင်းရဲ့ဘောလ်ပင်ကို ငါ ပြင်ပေးချင်ပါတယ်.. သဘောတူရင် စာရွက်ပေါ်မှာ စက်ဝိုင်းပုံဆွဲပြပါ.."

"ဘောလ်ပင်နတ်.. မင်းက ငါ့ရဲ့အရင်ဘဝက ဝိညာဉ်ဖြစ်ပြီး ငါက မင်းရဲ့ အရင်ဘဝက ဝိညာဉ်ဖြစ်တယ်.. တကယ်လို့ မင်း ငါနဲ့ရှိနေရင် စက်ဝိုင်းပုံဆွဲပြပါ.."

Chen Ge ဘယ်လောက်ရွတ်ရွတ် ဘောလ်ပင်က ဘာမှမလှုပ်ရှားပေ။

"ဘာကြောင့် အရမ်းတိတ်နေတာလဲ.. ငါလည်း ဒီကိစ္စမှာ မတရားခံရတဲ့သူပါကွာ.. ဟုတ်ပြီလား.."

Chen Ge လည်း မပြန်ခင် ပထမထပ်ကို လျှောက်ကြည့်လိုက်သည်။ စာသင်ခန်းထဲက ကျောင်းဝတ်စုံ ၂၄ စုံက လူတွေကို သိပ်မခြောက်လှန့်နိုင်ပေ။ နောက်မှ သရုပ်ဆောင်တချို့ငှားကာ ထိုဝတ်စုံများကို ဝတ်ခိုင်းပြီး ခြောက်လှန့်စေလျှင် ဧည့်သည်တွေကို ပိုကြောက်သွားစေနိုင်သည်ဟု တွေးနေသည်။ Chen Ge က သူ့အိပ်ခန်းကိုပြန်လာစဉ် ဖုန်းမြည်လာခဲ့သည်။ နံပါတ်ကြည့်လိုက်တော့ အင်စပက်တာလီထံမှ ဖြစ်နေသည်။

"အန်ကယ်စန်းပေါင်.. ကျွန်တော် ဘာကူညီပေးရမလဲ.."

မုယန်ကျောင်းကပြန်လာစဉ်က အင်စပက်တာလီနှင့် စကားပြောခဲ့ရသေးသည်။

"မင်း အလုပ်မများရင် ရဲစခန်းကိုလာပြီး ငါ့ကို ခဏလောက်ကူညီပေးပါလား.. လူသတ်သမားက မင်းနဲ့စကားပြောချင်နေတယ်တဲ့.."

"ကျွန်တော်နဲ့လား.. ကောင်းပါပြီ.. ခဏနေ ရောက်လာမယ်.."

Chen Ge ရဲစခန်းရောက်တော့ အင်စပက်တာလီက စစ်ဆေးရေးခန်းထဲထိုင်နေသော ဖန်းယွီ၏အဒေါ်ဆီ ခေါ်သွားပေးသည်။ သူမကို လက်ထိပ်ခတ်ထားသည်။

"အလောင်းတွေက ခွဲစိတ်စစ်ဆေးထားတုန်းပဲ.. သူမက မင်းနဲ့ပဲ စကားပြောချင်တယ် ပြောတယ်.. တခြားသူတွေ ဘာမေးမေး မပြောဘူး.. သူမက စိတ်မတည်မငြိမ် ဖြစ်နေပုံရတယ်.. ဒါကြောင့် မင်းကို လှမ်းခေါ်လိုက်ရတာပဲ.. မင်းတို့ စကားပြောကြဦး.."

သက်လတ်ပိုင်းရဲအရာရှိတစ်ဦးက ရှင်းပြကာ Chen Ge ကို စစ်ဆေးရေးခန်းထဲ တရားခံနှင့် ထားရစ်ခဲ့သည်။

"ကျွန်တော် အကောင်းဆုံးကြိုးစားပါ့မယ်.."

Chen Ge လှမ်းပြောလိုက်သည်။ အမျိုးသမီးက ဆံပင်ရှုပ်ပွနေပြီး ခေါင်းငုံ့ထားသည်။ သူမကိုကြည့်ရတာ ပင်ပန်းနေပုံရသည်။ ဆံပင်တွေက သူမမျက်နှာရှေ့မှာ ဖုံးကွယ်ထားသည်။ အနားကို လူကပ်လာသည်ကို ခံစားရပုံဖြင့် အမျိုးသမီးက ခေါင်းမော့ကြည့်ကာ Chen Ge ကို စိုက်ကြည့်လိုက်သည်။

"ခင်ဗျား ကျွန်တော့်ကို တွေ့ချင်လို့ဆို.."

Chen Ge က နည်းနည်းခွာပြီး သတိနှင့်မေးလိုက်သည်။ ဖန်းယွီ၏အဒေါ်က ခေါင်းကို လေးပင်စွာညိတ်ကာ ပြောလိုက်သည်။

"မင်းကို အိမ်သာထဲမှာ ငါပေးလိုက်တဲ့ပုံ ပါလာရဲ့လား.."

ဒီအမျိုးသမီးသာမပြောလျှင် Chen Ge မေ့နေလောက်ပြီ။ သူက အိတ်ကပ်ထဲမှာပါသည့်ပုံကို ဖြန့်ကာ ပေးလိုက်သည်။ ဖန်းယွီအဒေါ်က တန်ဖိုးကြီးရတနာကဲ့သို့ ပုံကို တယုတယ ပွတ်သပ်လိုက်သည်။

"၃နှစ်လုံးလုံး ငါ ဖန်းယွီအတွက် လုပ်ပေးသင့်တာအကုန် လုပ်ပေးခဲ့ပြီးပြီ.. ဒီပုံထဲက သက်ရှိလူသားက ၃နှစ်အတွင်း ငါမြင်ဖူးတဲ့ ပထမဆုံးပုံပဲ.."

ဖန်းယွီအဒေါ်က သူ့မိသားစု ကားမှောက်သေသွားပြီးကတည်းက စိတ်ကယောက်ကယက်ဖြစ်ကာ လမ်းပျောက်နေခဲ့ပုံရသည်။

"ဒီအရာတွေက ခင်ဗျားထင်သလောက် မရိုးရှင်းဘူး.. ဖန်းယွီက ကျွန်တော်နဲ့သူက တူတယ်လို့ယူဆတာပါ.. ကျွန်တော်က သူ့လိုပဲ တချို့အရာတွေကို မြင်နိုင်တယ်လေ.."

"အဲ့ဒီလိုလား.."

ဖန်းယွီအဒေါ်က ခေါင်းငုံ့သွားပြီး အခန်းထဲက တိတ်ဆိတ်သွားတော့သည်။

"ခင်ဗျား ဘာကြောင့် ကျွန်တော့်ကို လှမ်းခေါ်လိုက်တာလဲ.."

ဖန်းယွီအဒေါ်က စိတ်ပိုင်းဖြတ်ထားဟန်ဖြင့် Chen Ge ကို နူးညံ့စွာကြည့်ကာ ပြောလိုက်သည်။

"ကျွန်မက ဖန်းယွီရဲ့ တစ်ယောက်တည်းသော ဆွေမျိုးပါ.. ဒါပေမယ့် မကြာခင် သူ့ကို စွန့်ခွာသွားရတော့မယ်.. သူက တခြားကလေးနဲ့ မတူဘူး.. ဒါကြောင့် ရှင်အားတဲ့အချိန်ဆိုရင် သူ့ဆီသွားလည်ပေးဖို့ တောင်းဆိုချင်လို့ပါ.. တခြားကလေးတွေ သူ့ကိုအနိုင်မကျင့်အောင် ကာကွယ်ပေးပါ.."

========================

Chapter (93) – ဝိညာဉ် ၂၄ ဦးအတွက် အမည်များ

အရင်က ဖန်းယွီအဒေါ်က ရာဇဝတ်မှုကို ဆောင်ရွက်ခဲ့ပေမယ့် အနည်းဆုံးတော့ သူက ဖန်းယွီအပေါ်ကို တကယ်ကောင်းပေးခဲ့သူဖြစ်သည်။

"ကျွန်တော် ဖန်းယွီကို အကောင်းဆုံးကြည့်ရှုပေးဖို့ ကြိုးစားပါ့မယ်.."

ဘာဖြစ်ဖြစ် ဖန်းယွီက အပြစ်ကင်းသော ကလေးတစ်ယောက်ဖြစ်လို့ Chen Ge ကတိပေးလိုက်သည်။

"တကယ်တော့ ခင်ဗျား စိုးရိမ်စရာမလိုပါဘူး.. ကျွန်တော်တို့ ကလေးသူငယ် စောင့်ရှောက်ရေးဌာနနဲ့ ဆက်သွယ်ပြီးသွားပါပြီ.. ခင်ဗျားသာ အမှန်တိုင်းဝန်ခံရင် နောင်မှာ ခင်ဗျားကလေးနဲ့တွေ့ဖို့ အခွင့်အရေးရှိပါသေးတယ်.."

"ကျွန်မရဲ့ကလေးလား.."

ဖန်းယွီ၏အဒေါ်က ထိုအရာရှိကို ခပ်ငေးငေးကြည့်ကာ နောက်ဆုံး ခေါင်းညိတ်ကာ ဝန်ခံဖို့သဘောတူလိုက်သည်။

Chen Ge လည်း ရဲစခန်းမှာ ဆက်နေစရာမလိုတော့သဖြင့် ဖန်းယွီကိုသွားကြည့်ဖို့ Taxi ငှားလိုက်သည်။ အရင်ကလာသည့်လမ်းအတိုင်း ဖန်းယွီအဒေါ်ငှားထားသောအိမ်ဆီ ရောက်တော့ အပေါ်ထပ်ကိုတက်ခဲ့သည်။ Chen Ge က တံခါးခေါက်လိုက်တော့ တံခါးက အလွယ်တကူပွင့်သွားပြီး ဘယ်သူမှမရှိသည်ကို တွေ့လိုက်ရသည်။ ဧည့်ခန်းနှင့် မီးဖိုခန်းက လူသူကင်းမဲ့ကာ နေရောင်က ပြတင်းပေါက်ကတိုးဝင်လာပေမယ့် ပတ်ဝန်းကျင်တစ်ခုလုံး အေးစက်ကာ ကြက်သီးထချင်စဖွယ် ခံစားလိုက်ရသည်။

Chen Ge က အိမ်ခန်းတံခါးလေးကို ဖွင့်ဝင်လိုက်တော့ လိုက်ကာအပြည့်ချထားပြီး မှောင်မည်းသောအိပ်ခန်းလေးထဲက စားပွဲလေးမှာ ဖန်းယွီထိုင်ကာ ပုံဆွဲနေသည်ကို တွေ့လိုက်ရသည်။ Chen Ge က ကြမ်းပြင်ပေါ်ပြန့်ကျဲနေသော စာရွက်ထဲက တစ်ရွက်ကိုကောက်ယူလိုက်တော့ အိမ်အမည်းထဲမှာ လူမည်းတစ်ဦးတည်းသာရှိပြီး လူနီများ ပျောက်ကွယ်သွားသည့်ပုံကို ဆွဲထားသည်။

"ဖန်းယွီ.. မင်း ဘာကြောင့် ဒီပုံတွေ ထပ်တလဲလဲ ဆွဲနေတာလဲ.. သူတို့ သဘောမကျသေးလို့လား.."

ကောင်လေးက သူနှင့်အလှမ်းဝေးနေသလို Chen Ge ခံစားလိုက်ရသည်။

"လူနီတွေ ဘယ်ရောက်သွားတာလဲ.."

"သူတို့ အိမ်သစ်ရသွားကြပြီ.."

Chen Ge က သရဲအိမ်ကိုပြောင်းလာကြသော ဝိညာဉ် ၂၄ ဦးကို သတိရသွားခဲ့သည်။

"သူတို့ထွက်သွားကြပြီပေါ့.. သူတို့က မင်းရဲ့မိတ်ဆွေတွေလား.."

သူက ခေါင်းခါလိုက်သည်။ ပြီးတော့ Chen Ge ကို အံဆွဲထဲက စက္ကူဗူးလေးတစ်ခု ထုတ်ပေးလိုက်သည်။

"ငါ့ကိုပေးတာလား.."

Chen Ge သေတ္တာလေးကိုဖွင့်ကြည့်လိုက်တော့ နာမည် ၂၄ ခုရေးထားသည်ကို တွေ့လိုက်ရသည်။ သေတ္တာထဲမှာ ကျောင်းသား ၂၄ ယောက်ပါသော ဓာတ်ပုံတစ်ပုံလည်း ပါရှိသည်။ ထိုစက္ကူဗူးထဲက အမည်များက ချိပ်ပိတ်ထားသောစာသင်ခန်းထဲက ကျောင်းသားများ၏ အမည်များဖြစ်ပုံရသည်။ အခု ထိုအမည်ကို ဖန်းယွီက သူ့ကိုလွှဲပေးနေလေပြီ။ ကောင်လေး ဘာကိုတွေးနေသလဲ Chen Ge မသိတော့ပေ။

ဖန်းယွီကိုကြည့်ပြီး Chen Ge သူ့စိတ်ထဲကမေးခွန်းကို မမေးရက်တော့ပေ။ ထိုစဉ် အခန်းအပြင်ဘက်မှ ခြေသံနှစ်စုံကြားလိုက်ရပြီး ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက်အသံ ကြားလိုက်ရသည်။

"ဒီနေရာဖြစ်မယ်ထင်တယ်.."

"တံခါးက ဘာကြောင့် သော့မခတ်ထားတာလဲ.. ဖန်းယွီ.. မင်း အတွင်းခန်းထဲမှာလား.."

ဒီအသံကြားတော့ Chen Ge က အပြင်ထွက်လိုက်ကာ သူတို့ကိုမေးလိုက်သည်။

"ခင်ဗျားတို့က.."

"ကျွန်မတို့က ကလေးသူငယ်စောင့်ရှောက်ရေးဂေဟာက ဝန်ထမ်းတွေပါ.. ဒါ ကျွန်မတို့ဝန်ထမ်းကဒ်တွေပါ.. ဖန်းယွီကိုစောင့်ရှောက်ဖို့ လာခေါ်တာပါ.."

အမျိုးသမီးက ပြန်ဖြေရင်း ထိုနေရာကိုရောက်နေသော Chen Ge ကို သံသယဝင်စွာ ကြည့်လိုက်သည်။

"ဖန်းယွီက အိပ်ခန်းထဲမှာပါ.. ဒီကလေးက အရမ်းကို အမှီအခိုကင်းပါတယ်.. သူ့ကို သေချာဂရုစိုက်ပေးပါ.."

"စိတ်ချပါ.. ဒါ ကျွန်မတို့အလုပ်တာဝန်ပါ.."

အမျိုးသမီးက ဖန်းယွီကိုခေါ်ဖို့ အခန်းထဲဝင်သွားစဉ် ဖန်းယွီက စားပွဲခုံကိုတွန်းလှဲကာ အခန်းပြင်ကိုပြေးထွက်လာတော့သည်။

"သူ့ကိုဖမ်းလိုက်.."

အခန်းပြင်မှယောက်ျားက ပြဿနာကောင်လေးများကို ကိုင်တွယ်ရာမှာ ဝါရင့်နေပုံရသည်။ သူက ဖန်းယွီ၏လက်မောင်းနှစ်ဖက်ကို ဆုပ်ကိုင်ကာ ဖိထားသောကြောင့် ဖန်းယွီက ဘယ်လိုမှ လက်သည်းနှင့်ကုတ်လို့မရတော့ပေ။ ဖန်းယွီက သေဘေးကလွတ်အောင်ရုန်းသလို အသည်းအသန်ရုန်းကန်နေသောကြောင့် Chen Ge က မကြည့်ရက်နိုင်တော့သဖြင့် အပေးအယူလုပ်လိုက်ကာ ဖန်းယွီကို စာရွက်နှင့်ပုံဆွဲခဲတံ ပေးလိုက်သည်။ ဖန်းယွီက ခုနက ထွက်ပြေးဖို့မကြိုးစားခဲ့ဖူးသလို ပုံကိုသာ ငုံ့ဆွဲနေတော့သည်။ ဖန်းယွီပုံဆွဲနေသည့်နား ထိုင်ချကာ Chen Ge ၏စိတ်ကို အမြဲတမ်းနှောင့်ယှက်နေသော မေးခွန်းကို မေးလိုက်သည်။

"ရေတွင်းထဲမှာ ကောင်းကင်ဘုံရှိတယ်ဆိုတာ..၊ သက်သေတွေကို သိပါလျက်နဲ့ မင်း ဘာကြောင့် ဘာမှမပြောခဲ့တာလဲ.."

Chen Ge က ဖန်းယွီကို အိမ်ထဲကလူနီများ တားဆီးထားလို့များလားဆိုတာ သိချင်နေသည်။ ဖန်းယွီက ဘာမှမသိသလို မျက်လုံးများဖြင့် မော့ကြည့်ကာ Chen Ge ကို ဖြူစင်စွာပြုံးပြလိုက်သည်။ ဖန်းယွီပြုံးပြလိုက်သောကြောင့် Chen Ge ချွေးပြန်လာခဲ့ပြီး သူတို့ထွက်သွားသည်ကို ငေးကြည့်ကာ ကျန်ရစ်ခဲ့သည်။ Chen Ge က နာမည်စာရင်းနှင့် ဓာတ်ပုံပါသောဗူးလေးကို ယူကာ ပန်းခြံကိုပြန်လာခဲ့သည်။

ပန်းခြံရောက်တော့ 10:30 am ရှိနေပြီဖြစ်သည်။ တစ်ညလုံး မိုးရွာထားပေမယ့် ယခုတော့ နေရောင်က တောက်ပလို့နေသည်။ သရဲအိမ်ရှေ့တွင် လူအုပ်ကြီးကိုတွေ့လိုက်လို့ ဧည့်သည်များဟုထင်ရပေမယ့် အနားရောက်တော့ တချို့လူများက လက်မှတ်ဝယ်ဖို့မဟုတ်ကြောင်း သိလိုက်ရသည်။ သူတို့က ဧည့်သည်တွေကိုတောင် ဝိုင်းပိတ်ဆို့ထားကြသေးသည်။

ဘာတွေဖြစ်နေတာလဲ..။

Chen Ge လျှောက်လာတော့ မန်နေဂျာဦးလေး Xu က ထိုလူများနှင့်ညှိနှိုင်းဖို့ ကြိုးစားနေတာ တွေ့လိုက်ရသည်။ Chen Ge သူတို့ဆီလာနေတာတွေ့ရတော့ ထိုလူများက Chen Ge ကို ဝိုင်းလိုက်ကြသည်။


=======================

Chapter (94) – သရဲအိမ်၏ ဖောက်သည်အသစ်များ

"ရှောင်ချန်.. မင်း ဘယ်သွားနေတာလဲ.. ဘာကြောင့် အလုပ်နောက်ကျရတာလဲ.."

အန်ကယ် Xu က မေးလိုက်ပေမယ့် Chen Ge ကို ထိခိုက်မည်စိုးသောကြောင့် သူ့နောက်ကိုဆွဲယူလိုက်သည်။

"ကျွန်တော် ခုလေးတင် ရဲစခန်းကပြန်လာတာ.. လူသတ်မှုအတွက် သွားကူပေးနေရလို့.."

"ဟမ်.."

အန်ကယ် Xu သာမက ဝိုင်းထားသောလူအားလုံး အံ့သြသွားကြသည်။ ဗိုက်နာနေလို့၊ ကားလမ်းပိတ်နေလို့ဆိုပြီး ဆင်ခြေပေးမယ်ထင်ထားပေမယ့် ရဲစခန်းမှာ လူသတ်မှုဖြေရှင်းရာမှာ ကူညီနေလို့ဆိုသည့်စကားက အားလုံးကို အံ့အားသင့်သွားစေသည်။

"လူသတ်မှု ဟုတ်လား.. "

အန်ကယ် Xu က မေးလိုက်သည်။

"ဟုတ်တယ်.. ဒါက တိုက်ခန်းကလူသတ်မှုနဲ့မတူလို့ သတင်းဌာနတွေက ထုတ်လွှင့်မှာမဟုတ်ဘူး.."

ဒီလူက လူသတ်မှုနှစ်ခုမှာ ကူညီဖြေရှင်းခဲ့တာပေါ့။ ဒီအချက်ကြောင့် ထိုလူများ ငြိမ်ကျသွားခဲ့သည်။

"ဒီကိစ္စကို ကျွန်တော် ဆက်ဖြေရှင်းလိုက်ပါ့မယ်.."

Chen Ge က အန်ကယ် Xu ကို ပြောလိုက်သည်။

"ခင်ဗျားတို့ ကျွန်တော့်ကိုလာရှာတာ ဘာကိစ္စလဲ.."

ဒီမေးခွန်းကြောင့် Chen Ge ကိုဝန်းရံထားသူများ ရှိန်သွားကြပြီး သူတို့နောက်က အရပ်ပုပုလူလတ်ပိုင်းတစ်ယောက် ထွက်လာခဲ့သည်။

"ငါတို့က ချင်ကွမ်း studio ကပါ.. မနေ့ညက Live မှာ မင်းက ရေတပ်ကိုငှားပြီး ငါတို့ studio ကို ပုတ်ခတ်ပြောဆိုပြီး သိက္ခာချခဲ့တဲ့ကိစ္စကို ရှင်းဖို့လာခဲ့တာပဲ.."

"ကျွန်တော်က ဥပဒေကိုချိုးဖောက်ခဲ့တယ်ပေါ့.. ခင်ဗျားတို့က ဘယ်လို drama ခင်းရမလဲဆိုတာ ကောင်းကောင်းသိတာပဲ.. ဘယ်သူက တရားမဝင်လုပ်ခဲ့သလဲဆိုတာ ခင်ဗျားတို့ အသိဆုံးပါ.. ကဲ.. ကိစ္စမရှိရင် ဖယ်ကြတော့.. ကျွန်တော့်စီးပွားရေးကို ခင်ဗျားတို့ ဖျက်ဆီးနေကြတာပဲ.."

" ချင်ကွမ်းက မင်းရိုက်ကူးခဲ့တဲ့နေရာမှာ ရိုက်ကူးခဲ့တယ်.. ဒီကိစ္စကို အစောပိုင်းကတည်းက ငါတို့တွေ ရှင်းပြထားပြီးသား.. ဒီကိစ္စမှာ  ချင်ကွမ်းက ဒီကိစ္စကို ဆန်းစစ်ဝေဖန်ပြချင်ရုံသက်သက်ပဲ.. ဒါပေမယ့် ငါတို့ Live လွှင့်တာနဲ့ မင်းလည်း တစ်ပြိုင်တည်း Live လွှင့်ပြီး ငါတို့က မင်းလုပ်တာကို ခိုးချတယ်ဆိုပြီး ပြောခဲ့တယ်.. ဒါပေမယ့် အိပ်ခန်းထဲမှာ ပိတ်မိနေတဲ့အခန်းက မင်းက ငါတို့လုပ်တာကို တစ်ထပ်တည်းလိုက်ကူးချတာ မဟုတ်ဘူးလား.."

" ချင်ကွမ်းဘက်က မင်းရိုက်ကူးခဲ့တဲ့နေရာကိုပဲ အသုံးပြုပေမယ့် နောက်ပိုင်းဖန်တီးမှုက ငါတို့ဟာစစ်စစ်ပါ.. ဒါကို ကူးချတယ်လို့ ပြောလို့မရဘူး.. ပြီးတော့ ဒီလိုလုပ်တာက မင်းအတွက် ပိုတောင်ဂုဏ်ရှိစေသေးတယ်.."

Chen Ge က ဒီလောက်အရှက်ကင်းမဲ့ကာ စကားကို ပြောင်းပြန်ပြောတတ်သူကို မတွေ့ဖူးပေ။ ဒါကြောင့် ဒီလူတွေနဲ့ အချိန်ဖြုန်းမနေတော့ဘဲ ဂိတ်တံခါးကိုဖွင့်ကာ အလုပ်စဖို့ ရှောင်ဝမ်ကိုပြင်ခိုင်းလိုက်သည်။ Chen Ge ကတော့ အရှေ့ဘက်မှာ လက်မှတ်ထိုင်ရောင်းနေလိုက်သည်။

"မင်းက ဒီနယ်ပယ်မှာ လူသစ်ပဲရှိသေးတယ်.. အောင်မြင်ဖို့ကြိုးစားရမယ်ဆိုတာ ငါနားလည်တယ်.. ဒါပေမယ့် ဒီနယ်ပယ်က အောင်မြင်ဖို့ဆိုတာ ထင်သလောက်မလွယ်ကူဘူး.."

သက်လတ်ပိုင်းလူက စာရွက်တစ်ရွက်ဆွဲထုတ်ကာ ပြောလိုက်တော့ Chen Ge က ရှေ့ဆီက တရားစွဲဖို့စာထင်လိုက်သည်။

"မင်းက ဒီနယ်ပယ်မှာ လူသစ်ဆိုတော့ တချို့ကိစ္စကို နားလည်မှာမဟုတ်ဘူး.. တင်ဆက်သူအများစုက သူတို့ video ကိုကြည့်ရှုသူရအောင်လုပ်နိုင်တာ တကယ်တန်ဖိုးရှိပါပေတယ်.. မင်းက လတ်တလော နာမည်ကြီးလာပေမယ့် ငါတို့ချင်ကျွမ်းက ငါတို့ကို ဆန့်ကျင်တဲ့သူတွေကို ဘယ်တော့မှမထောက်ခံဘူး.. မင်းရဲ့တရားဝင်အကောင့်ကနေ ငါတို့ဂုဏ်သိက္ခာကို ထိခိုက်အောင်ပြောဆိုခဲ့တဲ့အတွက် တောင်းပန်ရမယ်.. ဒါဆိုရင် ငါတို့က မင်းအတွက် သင့်တော်တဲ့အရာကို စီစဉ်ပေးမယ်.. ဒါပေမယ့် မင်းက ငါတို့ကိုမတောင်းပန်ဘဲ ဆက်ပြီးဆန့်ကျင်နေရင် ဒီ platform မှာ ဘာမှတင်လို့မရအောင် Block လိုက်ဖို့ ငါတို့ပြောလိုက်မယ်.."

"မင်းတို့ဘက်က ကြည့်ရှုသူတွေ ကျွန်တော့်ဘက်ကိုပြောင်းလာတဲ့အတွက် သူတို့ကို ဘာမှအပြစ်တင်စရာမလိုဘူး.. ဒါက သူတို့ရဲ့လွတ်လပ်ခွင့်ပဲ.. သူတို့ကို ဒီလိုအနိုင်ကျင့်လို့မရဘူးဆိုတာ မှတ်ထားလိုက်ပါ.."

Chen Ge က ဒီခြိမ်းခြောက်မှုကို ဂရုမစိုက်ပါ။ Platform က သူ့ကို တစ်ခါမှမကူညီဖူးပေ။ ခုလိုနာမည်ကြီးလာအောင် သူ့ဘာသာပဲ လုပ်ခဲ့ရတာဖြစ်သည်။

"ဘယ်သူမှ အကျိုးမရှိအောင်လုပ်မယ့်အစား မင်း ဒီအချက်ကို အရင်စဉ်းစားလိုက်ပါဦး.."

သက်လတ်ပိုင်းလူ၏ သဘောထားက အတော်ပျော့ပြောင်းကာ ခုလိုပြောလိုက်သဖြင့် သူနှင့်ပါလာသော လူ၆ယောက်က ပြဿနာရှာချင်ပေမယ့် မလုပ်ရဲတော့ပေ။ ပြီးတော့ ဒီလူက လူသတ်မှု၂ခုမှာ တကယ်ကို ပါဝင်ဖြေရှင်းခဲ့တယ်မဟုတ်လား။

"ဘာမှစဉ်းစားစရာ မလိုတော့ဘူး.. ကျွန်တော့် video ကို လူကြိုက်များတာ၊ သူများနဲ့မတူတဲ့အမှတ်ကို ရောက်နေတာ သိပြီးပါပြီ.. တကယ်လို့ ဒီ platform မှာမတင်ရလည်း ကိုယ့်ဘာသာ တခြားနေရာကိုရှာပြီး တင်လိုက်မှာပါ.."

Chen Ge က ပြောပြီး လက်မှတ်များကို စရောင်းလိုက်သည်။ ပထမအသုတ် ဧည့်သည်များ သရဲအိမ်ထဲဝင်သွားပြီးတော့  ချင်ကွမ်း studio အုပ်စုက ထပ်ရောက်လာပြန်သည်။

"ခင်ဗျားတို့ မပြီးနိုင်သေးဘူးလား.. တကယ်လို့ ခင်ဗျားတို့ သရဲအိမ်ထဲမဝင်ဘူးဆိုရင် သွားကြတော့.. ကျွန်တော့်ဧည့်သည်တွေကို လမ်းပိတ်မနေနဲ့တော့.."

ခုလိုနှောင့်ယှက်ခံရလို့ Chen Ge စိတ်မရှည်ဖြစ်ကာ ခပ်ရိုင်းရိုင်းပဲပြောလိုက်သည်။

"သရဲအိမ်ထဲ ငါတို့မဝင်ဘူးလို့ ဘယ်သူပြောလဲ.. JiuJiang က ကြောက်စရာအကောင်းဆုံး သရဲအိမ်အတွေ့အကြုံကို ငါတို့လည်း ခံစားကြည့်ချင်တာပေါ့.."

Studio က လူငယ်နှစ်ဦးက ဝင်ပေါက်မှာပိတ်ကာ ပြောလိုက်သည်။

"မင်းတို့ သရဲအိမ်ထဲ ဝင်ကြည့်ချင်တာလား.."

သူတို့က သဘောရိုးနှင့်မဟုတ်တာကို Chen Ge ရိပ်မိသည်။

"မင်းရဲ့လိမ်ညာကြေငြာထားတာ ပေါ်မှာစိုးရိမ်နေတာဆိုရင် ငါတို့ မဝင်ဘဲနေပေးပါ့မယ်.."

ထိုနှစ်ယောက်မှာ တစ်ယောက်က ခန္ဓာကိုယ်တောင့်တင်းကာ သေချာလေ့ကျင့်ထားပုံရသည်။ သူက ရည်ရွယ်ချက်ရှိရှိ ထွက်လာကာ ပြောလိုက်ခြင်းဖြစ်သည်။

"အရင်တစ်ခါက မင်းလိုလေကျယ်တဲ့ကောင်လေးကို ကျောပိုးပြီး ထုတ်ခဲ့ရတယ်.."

"မင်းက လူစိတ်ဝင်စားအောင် တကယ်နှိုးဆွနိုင်တာပဲ.."

ကြွက်သားနှင့်လူငယ်ဘေးက မျက်မှန်နှင့်တစ်ယောက်က ဝင်ပြောလိုက်သည်။

"ငါက ငယ်ကတည်းက ကြောက်စရာအကောင်းဆုံးသရဲကားတွေပဲ ကြည့်ခဲ့ပြီး ခုလည်း ဒီလိုသရဲခြောက်တယ်ဆိုတာ ရိုက်ကူးတဲ့ studio ဝန်ထမ်းဖြစ်လာတယ်.. ဘယ်လောက်ကြောက်စရာနေရာဖြစ်ဖြစ် အားလုံး လူတွေက သရုပ်ဆောင်နေတဲ့ အတုတွေချည်းပါပဲ.. ဘာမှကြောက်စရာ မကောင်းပါဘူးကွာ.."

"ငါက ဒီလိုကြောက်စရာအတွေ့အကြုံကို ရှာဖွေနေတဲ့ ဖောက်သည်တွေကို တကယ်သဘောကျတာ.. ကဲ.. မဝင်ခင် အထဲကဖြစ်ပျက်သမျှ သရဲအိမ်နဲ့မသက်ဆိုင်ကြောင်း လက်မှတ်လေးတော့ တစ်ချက်လောက်ထိုးသွားပေးလိုက်ပါဦး.."

ကိုယ့်သဘောနဲ့ကိုယ် စမ်းသပ်ခန်းထဲပြေးဝင်လာချင်တဲ့ ကြွက်ကလေးတွေကို Chen Ge အလွတ်မပေးနိုင်ပေ။ Chen Ge ၏မျက်နှာပေါ်က အပြုံးကြီးကြီးကိုတွေ့လိုက်တော့ ဘေးကအန်ကယ် Xu က ဟိုတစ်ခေါက်က မြေကြီးပေါ်လဲပြိုကျနေသော ဆေးကျောင်းသားအုပ်စုကို ပြေးမြင်ကာ ကြက်သီးထသွားပြီး Chen Ge နားတိုးကပ်ကာ သတိပေးလိုက်သည်။

"ရှောင်ချန်.. သူတို့ကို မခြောက်ပါနဲ့.. သူတို့က ပန်းခြံကိုလာတဲ့ ဧည့်သည်ဆိုတာ သတိရပါဦး.."

Chen Ge ဘာမှမပြောရသေးခင် ထိုအုပ်စုက ဝင်ပြောလာသည်။

"ကောင်းပြီ.. ဒါက အတော်ကောင်းတဲ့ လက်ဝါးချင်းရိုက် သရုပ်ဆောင်မှုပဲ.. ဒါက သရဲအိမ်ထဲမဝင်ခင်ကတည်းက ငါတို့ကို ကြောက်သွားစေချင်တာပေါ့လေ.."

"ဒီကိုမလာခင်ကတည်းက ဒီသရဲအိမ်ပိုင်ရှင်က စိတ်ပညာကိုနားလည်တယ်လို့ ကြားဖူးတယ်.. သူတို့လိမ်မပြောဘူးပဲ.."

အန်ကယ် Xu က ထိုလူငယ်ကိုစိုက်ကြည့်ကာ ပြောလိုက်သည်။

"ငါက မင်းတို့ကို ကူညီဖို့ကြိုးစားနေတာပါ.. တကယ်လို့ မင်းတို့ အထဲမှာသေသွားနိုင်တာမဟုတ်ရင် ငါ ဂရုမစိုက်ပါဘူး.."

"အန်ကယ် Xu.. ကျွန်တော်တို့က အတိုင်းအတာရှိပါတယ်.. ဒီလောက်မလုပ်ပါဘူး.. စိတ်မပူပါနဲ့.."

Chen Ge ကပြောပြီး သူတို့ကို လက်မှတ်ထိုးဖို့ခေါ်သွားခဲ့သည်။ ကြွက်သားနဲ့လူငယ်က ကျူးကျင့်နင်ဖြစ်ပြီး မျက်မှန်နှင့်တစ်ယောက်က ဖိန်းယို့လျောင်ဖြစ်သည်။

=====================

Chapter (95) – သရဲအိမ်ထဲက ဆင်တူကျောင်းဝတ်စုံများ

"သရဲအိမ်ထဲမှာ ဓာတ်ပုံ၊ ဗွီဒီယိုရိုက်လို့မရပါဘူး.. အခု ခင်ဗျားတို့တွေ့ရမှာက ချိပ်ပိတ်ထားတဲ့စာသင်ခန်း၊ အိမ်သာခန်း၊ ဘောလ်ပင်နတ်နဲ့ နက်ရှိုင်းတဲ့ရေတွင်းပဲ ဖြစ်ပါတယ်.. ဒီ၄နေရာမှာ ထွက်ပေါက်ရှိပါတယ်.. ထွက်ပေါက်ကိုရှာတွေ့မှ ခင်ဗျားတို့ ဒီထဲက ထွက်လို့ရမှာပါ.. ဒါကို တွေ့ကြုံခံစားကြည့်ကြပါ.."

"ဒါက ငါတို့ရဲ့ ပထမဆုံး သရဲအိမ်အတွေ့အကြုံမဟုတ်ဘူး.. သဘာဝလွန်ပတ်ဝန်းကျင်က တကယ်မဆိုးဘူးပဲ.."

ဖိန်းယို့လျောင်က မျက်မှန်ကိုပင့်ကာ ပြောလိုက်သည်။

"ဒါဆိုလည်း ကျွန်တော် အချိန်မဖြုန်းတော့ပါဘူး.. ကျွန်တော့်နောက်က လိုက်ခဲ့ကြပါ.."

Chen Ge က တစ်ခန်းစီကို မိတ်ဆက်ပေးဖို့လုပ်ပေမယ့် သူတို့ပြောစကားကြောင့် အထဲကို တန်းခေါ်လာတော့သည်။

Chen Ge က 'သက်ရှိတို့သေဆုံးသောည' setting ခန်းထဲခေါ်ခဲ့တော့ ထိုတစ်ခန်းလုံး ဖုန်တက်ကာ ပစ္စည်းများဖရိုဖရဲဖြစ်နေသည်ကိုကြည့်ပြီး လူငယ်နှစ်ဦးက အထင်သေးစွာ ဝေဖန်ကြသည်။

"ဒီ setting က ခေတ်နောက်ကျပြီး လွန်ခဲ့တဲ့ 10 နှစ်ကတည်းက အပြင်အဆင်တွေပဲ.. ဒီလောက်လေးနဲ့ဆိုရင် ငါတို့ပိုက်ဆံကို လိမ်ယူလို့ မင်းကို တရားစွဲလို့ရတယ်.."

"ဒီနေရာက ဖုန်တက်နေတာဆိုတော့ စီးပွားရေးအခြေအနေ မကောင်းတဲ့ပုံပဲ.. ဒါတောင် ရေတပ်ကို ဘယ်လိုဝယ်သလဲ စဉ်းစားလို့မရဘူး.."

"မင်းတို့ ပြောလို့ပြီးပြီလား.. မင်းတို့သွားရမယ့်ဝင်ပေါက်က ဒီမှာပါ.."

"မြေအောက်မှာလား.."

ထိုလူနှစ်ယောက်က တက်ကြွလာကြသည်။ သူတို့က အောက်ထပ်ကို လှေကားကနေဆင်းလာတော့ ပိတ်ထားသောစာသင်ခန်းနှင့် စင်္ကြန်မှောင်မှောင်က ဆီးကြိုနေတာတွေ့တော့ သဘောကျသွားသည်။

"ဒါ မဆိုးဘူးပဲ.."

သူတို့အောက်ဆင်းလာတော့ ဖြတ်တိုက်လာသည့်လေအေးများက ကြက်သီးထသွားစေသည်။ သူတို့ဝင်သွားတော့ Chen Ge အော်ပြောလိုက်သည်။

"မင်းတို့ကြောက်ရင် ကင်မရာရှေ့မှာ လက်ယမ်းပြလိုက်.. ဝန်ထမ်းက လာခေါ်ပေးလိမ့်မယ်.."

ထိုဝင်ပေါက်ကို ပိတ်လိုက်ပြီးမှ Chen Ge က အောက်ထပ်မှာ CCTV မတပ်ရသေးသည်ကို သတိရလိုက်သည်။ သူက အကျင့်ပါပြီး ပြောလိုက်မိခြင်းပင်။ ပြီးတော့ တစ်ခန်းစီမှာလည်း ထွက်ပေါက်မရှိပေ။

"ငါ သူတို့နဲ့ အတူလိုက်သွားသင့်လား.. ဒါပေမယ့် ဒီနှစ်ယောက်က ကြောက်တတ်ပုံမပေါ်တော့ ကိစ္စမရှိလောက်ပါဘူးလေ.."

Chen Ge က ရှောင်ဝမ်ကို Dr. Skull ဝတ်စုံဝတ်ခိုင်းပြီး စောင့်ဆိုင်းစေပြီး သူက ထိန်းချုပ်ခန်းထဲသွားကာ မြေအောက် မုယန်ကျောင်း setting ခန်းထဲမှာ 'Black Friday' သီချင်းကို ဖွင့်လိုက်သည်။

••••••••••••••••••••

ကျူးကျင့်နင်နှင့် ဖန်းယို့လျောင်က အောက်ထပ်ရောက်တော့ Chen Ge ထွက်သွားချိန်စောင့်ကာ ကျောပိုးအိတ်ထဲ ထည့်လာသော Bluetooth ကင်မရာအသေးလေးများကို ရင်ဘတ်မှာ ကိုယ်စီ တပ်ဆင်လိုက်ကြသည်။

"ငါတို့သရဲအိမ်ထဲက setting တိုင်းကို မှတ်တမ်းတင်မယ်.. ပြီးရင် ဖြေရှင်းနည်းကို အွန်လိုင်းပေါ်တင်လိုက်ရင် သေချာပေါက် ဒီသရဲအိမ်က စိတ်ဝင်စားမှုကျဆင်းပြီး ဧည့်သည်တွေ မလာတော့ဘူး.."

"ဒီနည်းက အောင်မြင်ပါ့မလားကွ.."

"သရဲအိမ်ဆိုတာ ထူးခြားတဲ့ settingနဲ့ လျှို့ဝှက်တဲ့ခြောက်လှန့်မှုတွေထည့်ပြီး ဧည့်သည်ကို ဆွဲဆောင်နေတာပါကွ.. ဒါတွေကို လူတွေကြိုသိထားရင် ဘယ်သူက ကြောက်တော့မလဲ.. ဒါဆို ဒီနေရာကို ဘယ်သူမှထပ်မလာတော့ဘူးပေါ့ကွ.. ဒါကြောင့် သရဲအိမ်တွေက ကင်မရာနဲ့မရိုက်ဖို့ တားကြတာပဲ.."

ဖန်းယို့လျောင်က ကင်မရာကိုတပ်ပြီး ရှေ့ကလျှောက်ရင်း ပြောလိုက်သည်။

"ငါတို့က ဒီဗွီဒီယိုကို ပျင်းစရာကောင်းပုံပေါက်အောင် ပြန်တည်းဖြတ်ပြီး လျှို့ဝှက်ချက်နဲ့အတူ အွန်လိုင်းပေါ်တင်လိုက်မယ်.. ပြီးတော့ မကောင်းတဲ့မှတ်ချက်ပေးဖို့ ရေတပ်ကိုငှားလိုက်ရင် ဒီကောင် ငါတို့ကို ဘယ်တော့မှ ထပ်ယှဉ်ပြိုင်နိုင်မှာမဟုတ်တော့ဘူး.."

"ကောင်းပြီ.. ဒါပေမယ့် ဒီ setting က စွန့်ပစ်ထားတဲ့ အထက်တန်းကျောင်းနဲ့ တူသလိုပဲ.. ဒီလူက setting ကို သေချာတော့လုပ်ထားတာပဲ.."

"ဒါပေမယ့် ဒါတွေအားလုံးက အတုတွေချည်းပါပဲ.. 3D သရဲကားနဲ့ယှဉ်ရင် ကြောက်စရာမကောင်းပါဘူး.. ကဲ.. ငါတို့ ဒီကနေ သွားကြစို့.."

ဖိန်းယို့လျောင်က ဒီပတ်ဝန်းကျင်ကို ပျင်းရိစွာကြည့်ကာ ပြောလိုက်သည်။

သူတို့နှစ်ယောက်က မီးမှိန်သောစင်္ကြန်က လျှောက်လာတော့ ဘေးဘက်ကစာသင်ခန်းမှ တံခါးများက တကျွီကျွီမြည်လာသည်။ စာသင်ခန်းထဲမှာ ထူးဆန်းသောအသံများ ထွက်နေသည်။

"ထွက်ပေါက်က စာသင်ခန်းထဲမှာရှိမယ်လို့ ပိုင်ရှင်ကပြောလိုက်တယ်.."

"မင်း သူ့စကားကို ခေါင်းထဲထည့်ထားရင် သူ့ထောင်ချောက်ထဲရောက်သွားလိမ့်မယ်..

ဖိန်းယို့လျောင်က စကားပြောရင်း ကင်မရာကို သေချာရိုက်ကူးဖို့မမေ့ပေ။ သူက တကယ်ကျွမ်းကျင်သော ကင်မရာမန်းတစ်ယောက်ဖြစ်သည်။

"တကယ်တော့ သရဲအိမ်တွေက ပျင်းစရာကြီးပါ.. မသိတဲ့လူတွေကသာ ကြောက်နေကြတာ.. မင်း ဒါကို စိတ်ထဲထည့်မထားနဲ့.."

သူတို့က ပြောရင်း ရှေ့ဆက်လာကြပေမယ့် စင်္ကြန်လမ်း၏အဆုံးကို မတွေ့ရသေးပေ။ နေရာတိုင်း မီးလောင်ထားပုံရပြီး မီးခိုးနံ့ပင်ရနေသေးသည်။ ဘယ်လိုပဲ မကြောက်ဘူးပြောပေမယ့် သူတို့နှစ်ယောက် ခြေလှမ်းတွေနှေးလာကြသည်။

သက်ရှိလူသားတွေ မုယန်ကျောင်းထဲကိုဝင်လာသည်နှင့် မှောင်နေသောထောင့်တွေမှ မမြင်ရသောမျက်လုံးများစွာ ပွင့်လာကြသည်။

ရှေ့ကလျှောက်နေသော ဖိန်းယို့လျောင်က ကြောက်စရာဇာတ်ဝင်ခန်းထဲက setting နဲ့ ဒါကို နှိုင်းယှဉ်ကာ ပြောဆိုနေပေမယ့် သူ့နောက်က ကျူးကျင့်နင်က ကြောက်လာပြီး ဖန်းယို့လျောင်၏နောက်ကသာ လိုက်ပါလာခဲ့သည်။ သူ့မျက်လုံးတွေက မှောင်နေတဲ့ထောင့်တွေကိုပဲ ရောက်ရောက်သွားသည်။

နောက်ခံတေးဂီတက ကြောက်စရာမကောင်းပေမယ့် ကြားရသူကို နှလုံးခုန်မြန်လာပြီး အသက်ရှူမဝဖြစ်လာစေသည်။ ဖိန်းယို့လျောင်က ရုတ်တရက်ရပ်လိုက်တော့ နောက်ကလိုက်လာသော ကျူးကျင့်နင်က သူ့ကိုဝင်တိုက်မိတော့သည်။

"ဘာဖြစ်လို့လဲ.."

ကျူးကျင့်နင်က ခပ်တိုးတိုးသာ မေးနိုင်တော့သည်။

"ဒီစာသင်ခန်းက တခြားဟာနဲ့မတူဘူး.."

ဖိန်းယို့လျောင်က ချိပ်ပိတ်ထားသောစာသင်ခန်းကို ညွှန်ပြကာ ပြောလိုက်သည်။ ထိုစာသင်ခန်းထဲက ခုံတိုင်းပေါ်မှာ ကျောင်းယူနီဖောင်းများ တင်ထားပုံက လူတွေရှိနေသလိုပင်။

"ယူနီဖောင်းတွေက ဆင်တူတွေပဲ.. ငါတို့ တခြားနေရာ အရင်သွားသင့်လား.."

ကျူးကျင့်နင်က လန့်ကာ ပြောလိုက်သည်။

"မကြောက်နဲ့.. သရဲအိမ်ထဲက အလုပ်သမားက ဒီထဲမှာပုန်းနေလို့ တခြားအခန်းနဲ့မတူအောင် လုပ်ထားတာ.."

ဖန်းယို့လျောင်က သူ၏တည်ငြိမ်မှုကို ဆက်ထိန်းကာ ပြောလိုက်သည်။

"ငါတို့က အတွေ့အကြုံ၄ခုကို တွေ့ရမယ်လို့ ပိုင်ရှင်ကပြောခဲ့တယ်.. ဒီထဲမှာပဲရှိပုံရတယ်.. ဒါတွေအားလုံး ရိုက်ကူးပြီးရင် အွန်လိုင်းပေါ်တင်လိုက်ရင် ပွဲသိမ်းပြီ.."

သူတို့စကားပြောနေစဉ် တံခါးက ဖြည်းညင်းစွာပွင့်သွားပြီး မမြင်ရသောလက်က ဖွင့်လိုက်သလိုပင်။

"ဒါတွေကို ထိန်းချုပ်ထားတဲ့စက်ရှိတယ်.. သရဲကားတွေရိုက်ရင် သုံးတတ်တဲ့အကွက်တွေပဲ.."

ဖိန်းယို့လျောင်နှင့် ကျူးကျင့်နင်က အဝမှာခဏနေပြီး အထဲကိုဝင်သွားခဲ့တော့သည်။

===================




Ipagpatuloy ang Pagbabasa

Magugustuhan mo rin

53.2K 5.3K 52
#ဘာသာပြန် မဟုတ်ပါ# ရေးသားဖန်တီးသူ - စွဲညို့ ဟယ်ရီပေါ်တာ၊ Halo..၊ Underworld..၊ ပြီးတော့ Marlin.. နောက်ထပ်.. Twilight စသဖြင့် အင်္ဂလိပ်မှော်ကားတွေကို...
25.3K 3.5K 42
ဘာသာပြန်သူ- စွဲညို့အသင်း ခေတ်ကာလ အပြောင်းအလဲ နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက် ရုတ်တရက် စည်းပွင့်သွားလို့ နိုးထလာရတဲ့ သရဲဘုရင်ကြီးတစ်ယောက် လူသားလောကမ...
269K 13.3K 54
မင်းဆိုးချင်သလောက် ဆိုးစမ်းပါ သဲငယ်လေးရယ် တစ်ခုပဲ ဦးဆိုတဲ့ငါ့ကိုမေ့မသွားရင်ရပြီ 💗💗မုဏ်းစေတန်💗💗 ကမ္ဘာတွေ အဆက်ဆက်ပြောင်းသွားမယ်ဆိုရင်တောင် သားရဲ့...
79.4K 12.5K 100
Traslation all credit to Original Author and E Translator horror type uodate -mon.wed and Friday