ဦးရဲ့သည်းငယ်လေး (Completed)

By Myuekhoe

2.1M 144K 3.8K

သည်းငယ်လေး မင်းကြိုက်သလောက်ဆိုးစမ်းပါ မင်းဆိုးနေတာလေးကို ဦးကချစ်တာမို့လို့ More

Part-1
Part-1(Uni)
Part-2
Part-2(Uni)
Part-3
Part-3(Uni)
Part-4
Part-4(Uni)
Part-5
Part-5(Uni)
Part-6
Part-6(Uni)
Part-7
Part-7(Uni)
Part-8
Part-8(Uni)
Part-9
Part-9(Uni)
Part-10
Part-10(Uni)
Part-11
Part-11(Uni)
Part-12
Part-12(Uni)
Part-13
Parr-13(Uni)
Part-14
Part-14(Uni)
Part-15
Part-15(Uni)
Part-16
Part-16(Uni)
Part-17
Part-17(Uni)
Part-18
Part-18(Uni)
Part-19(Uni)
Part-20
Part-20(Uni)
Part-21
Part-21(Uni)
Part-22
Part-22(Uni)
Part-23
Part-23(Uni)
Part-24
Part-24(Uni)
Part-25
Part-25(Uni)
Part-26
Part-26(Uni)
Part-27
Part-27(Uni)
Part-28
Part-28(Uni)
Part-29
Part-29(Uni)
Part-30
Part-30(Uni)
Part-31
Part-31(Uni)
Part-32
Part-32(Uni)
Part-33
Part-33(Uni)
Part-34
Part-34(Uni)
Part-35
Part-35(Uni)
Parr-36
Part-36(Uni)
Part-37
Part-37(Uni)
Part-38
Part-38(Uni)
Part-39
Part-39(Uni)
Part-40
Part-40(Uni)
Part-41
Part-41(Uni)
Part-42
Part-42(Uni)
Part-43
Part-43(Uni)
Part-44
Part-44(Uni)
Part-45(Final)
Part-45(Uni)(Final)
Please!
Please!
Please!
Please!

Part-19

15.7K 934 32
By Myuekhoe

အချိန်တွေတဖြည်းဖြည်းကျော်ဖြတ်လာပြ်ီးနောက်..ကျွန်တော်တို့ second semester တက်ရမည့်အချိန်ကိုရောက်လာပြီ..။ ကျောင်းသွားကျောင်းပြန် ဦးကကြိုပို့လုပ်ပေးတာကြောင့် အရင်ကလို ကားငှားစီးစရာမလိုတော့ဘူး..။ ဦးနဲ့တွေ့တဲ့အချိန်ကလည်း ဒီအချိန်ပဲရှိတာလေ..။

"ယောက်ဖ ယောက်ဖ..ဟေ့ကောင်...
ဒီမှာ မင်းလူကြီးပုံ cute boy pageမှာ ပါလာတယ်..."

"ဟင်...cute boy page ?..."

"ဟုတ်တယ်...
မင်းလူကြီးကို တင်ထားတာ..
မယုံရင် ဒီမှာကြည့်..." ဆိုပြီး ဝေလင်းကသူ့ရဲ့ဖုန်းကိုထိုးပြလာတယ်....

ကျွန်တော်လည်း ဝေလင်းရဲ့ဖုန်းကိုယူပြီးကြည့်လိုက်တော့..မြင်ရတဲ့ပုံတွေက အေပရွန်ဝတ်ပြီးကော်ဖီဖျော်နေတဲ့ဦးရဲ့ပုံတွေ...
အံမယ် သူကဓာတ်ပုံရိုက်နေတာကိုသိသည့်အလား...ပြုံးတောင်ပြုံးနေသေးတယ်..။

တစ်ပုံချင်းစီကြည့်ရင်း ဦးရဲ့အပြုံးတွေက ပိုပြီးထင်ပေါ်လာလေလေဖြစ်သည်..။ ဘယ်ကောင်မလေးအတွက် ကော်ဖီကိုဖျော်ပေးနေရတာလဲ?..ဟွန်း.....

ရေးထားတဲ့captionကလည်း...ဘာတဲ့

* ကိုကြီးရဲ့အပြုံးအောက်မှာ...
ညီမလေးကျဆုံး🤒 *

ဟွန်း....အဖိုးကြီးနော်အဖိုးကြီး..
ဓာတ်ပုံရိုက်နေတာ မသိရအောင်..ဘယ်လောက်တောင် ပဲပေးနေလဲမသိဘူး...

သူတို့ပြောတာလည်း ဟုတ်တာပဲလေ...
ကတုံးကေနဲ့ဦးဟာ အရမ်းကိုခန့်ညားနေပါတယ်..ပြုံးလိုက်တော့ ပိုချောသွားတာပေါ့...

captionဖတ်ပြီးလောင်ရမလားမှတ်တယ်..။ commentsတွေဝင်ဖတ်မှ ပိုဆိုးသွားတယ်..။
ကျွန်တော်လည်း ဆက်ဖတ်မနေတော့ဘဲ ဦးရဲ့accountထဲဝင်ကြည့်လိုက်တော့..followersတွေ တိုးနေတာတွေ့ရတယ်..။ ဒါပေမဲ့ ဦးကတော့ လိုင်းပေါ်မှာတော့ရှိမနေဘူး..။ တော်သေးတာပေါ့လို့ပဲ တွေးရတယ်..။

"ရော့....မင်းဖုန်း.."

"မင်းလူကြီးက တော်တော်စန်းပွင့်တာပဲ...
အေးလေ...ရုပ်ကလည်းချော bodyကလည်းတောင့်တောင့်..ရုပ်ရှိရေလျှံသူဋ္ဌေးသားလေးဆိုတော့ မိန်းကလေးတိုင်းကြိုက်ကြတာမဆန်းပါဘူး...
ငါတော့ လုံးဝအားကျတယ်ကွာ...
မင်းလူကြီးက မိန်းကလေးတိုင်းလိုချင်တဲ့ boyfriend material type ပဲလေ..."

"မင်းအခုပြောနေတာ ဦးနေမင်းဧကရာဇ်ရဲ့ရည်းစားရှေ့မှာနော်...ဟင်းဟင်း..."

"အဟက်....ဘာလဲ?...
သဝန်တိုနေတာလား...
သဝန်တိုရင်လည်းကွာ မင်းအပိုင်မှန်းသိအောင် လုပ်ပြလိုက်ပေါ့..."

"သဝန်တိုစရာလား ဝေးသေး...ဟွန့်..."

"မတိုဘူးသာပြောနေတယ်...
ရုပ်ကြီးကလည်း စူပုတ်နေတာပဲ..."

သဝန်တိုနေမှန်း သိရက်သားနဲ့..တမင် ဒေါသမထွက်ထွက်အောင် လာစနေတဲ့ ဝေလင်းကို လက်ခလယ်သာထောင်ပြလိုက်တယ်..။ ဆရာမဝင်လာတာမို့..ပြောနေတဲ့စကားပြတ်သွားတော့တယ်..။ စာသင်နေရင်း တွေးနေမိတာကလည်း..ဦးမှာ အပိုင်ရှိတယ်ဆိုတာ အကုန်သိသွားအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာပါပဲ..။

..................................

ဒီနေ့ကတော့..ကျွန်တော်တို့ ဦးအိမ်မှာdateဖြစ်ကြတယ်..။ အကြောင်းကတော့..အန်တီသူဇာကလည်း ကျွန်တော့်ကိုတွေ့ချင်တယ်ဆိုပြီး..အိမ်ကိုခေါ်ခြင်းဖြစ်သည်..။ မေမေ့ကိုလည်း..အန်တီသူဇာက ကျွန်တော့်ကိုအိမ်ကိုလွှတ်လိုက်ပါဆိုပြီး ဖုန်းဆက်ပြီးလှမ်းပြောလိုက်လို့သာ..မေမေက မေးမြန်းခြင်းမရှိဘဲ လွှတ်ပေးလိုက်ခြင်းဖြစ်သည်..။

အစကတော့..ဦးဆိုင်မှာ dateမယ်ဆိုပြီးတွေးထားတာ..အန်တီသူဇာကခေါ်တော့လည်း ကျွန်တော်တို့လည်း အိမ်မှာပဲ dateဖြစ်ကြသည်ပေါ့..။

"သားငယ်လေး...ထည့်စားနော်...
အားမနာနဲ့..."

"ဟုတ်ကဲ့...အန်တီ...
အယ်...အမေ..."

"အဟက်....သားငယ်လေးက ချစ်ဖို့ကောင်းလိုက်တာ..." ဆိုပြီး ဒေါ်သူဇာက သူရဖုန်းမြင့်ရဲ့ပါးကိုဖဲ့လာတယ်..

"ဟီးဟီး..."

ထမင်းကိုပလုတ်ပလောင်းစာနေရင်း..ပြုံးပြနေတဲ့ သူရဖုန်းမြင့်ကို..ဒေါ်သူဇာတို့မှမဟုတ်ဘူး မြင်ရသူတိုင်းကချစ်ဖို့ကောင်းသည်ဟု တွေးကြပေလိမ့်မည်..။

ထမင်းစားပြီးတော့..အန်တီသူဇာကျွေးတဲ့ စပျစ်သီးတွေနဲ့ပန်းသီးတွေကိုစားရင်း စကားခဏပြောလိုက်ဖြစ်ကြတယ်..။ ထို့နောက်..ဦးကပဲ စကားဖြတ်လိုက်ပြီး ဦးရဲ့အခန်းထဲကိုသွားလိုက်ကြတယ်..။

ဦးရဲ့အခန်းကိုရောက်ပြီဆိုတာနဲ့..wifiကိုဖွင့်လိုက်ပြီး ကုတင်ပေါ်မှာထိုင်လိုက်ကာ..downစရာရှိတဲ့ကားတွေကို downလိုက်တယ်..။ ဦးကတော့ TVကိုသွားဖွင့်နေတယ်..။ ထို့နောက်..ကုတင်ပေါ်တက်လာပြီး ကျွန်တော်ထိုင်နေတဲ့ဘေးနားမှာ လှဲလာတယ်...။ ကျွန်တော့်ခါးကိုဖက်ထားပြီး..TVမှာလာနေတဲ့ရုပ်ရှင်ကိုကြည့်နေတယ်..။

"ကလေး...သည်းငယ်လေး ဇာတ်ကားdownတာခုထိမပြီးသေးဘူးလား..
စရောက်ထဲက downနေတာ တော်တော်ကြာနေပြီ..
ဦးနဲ့အတူတူရုပ်ရှင်ကြည့်မယ်လေ..
ဖုန်းလေးကိုခနချပြီး ဦးရဲ့ဘေးနားမှာ လာလှဲပါလား.."

"ခဏလေးနော်...ဒီတစ်ကားပြီးရင် တော်ပြီ.."

"ဟင်း...ပြီးရော ပြီးရော..." လို့ ပြောလိုက်ပြီး ကလေးခါးကိုဖက်လိုက်ကာ..ရုပ်ရှင်ကိုဆက်ကြည့်နေလိမ့်တယ်..။
ဖက်ထားရင်းနဲ့ လက်ကလျှောကျလာပြီး..ပရာတစ်ခုပေါ်ကျမိသွားတယ်...

"ဟင်....ဒါ ဘာကြီးလဲ?.." ဆိုပြီး လက်အောက်အရာကိုဆုပ်ကိုင် မာမာကြီးဖြစ်နေတယ်..

"အာ....မေ့နေတာ...
ခုနက အမေပေးတဲ့ ပန်းသီးတစ်လုံးကို ဘောင်းဘီအိတ်ကပ်ထဲထည့်ထားလိုက်တာ...
စားမယ်ဆိုပြီး မေ့သွားတယ်...
ဦးသတိပေးမှပဲ သတိရသွားတော့မယ်..
အခုစားတော့မယ်..." လို့ ပြောပြီး ပန်းသီးကို အင်္ကျီနဲ့ပွတ်ကာ ကိုက်စားနေတဲ့ကလေးကိုကြည့်ပြီး ကျွန်တော့်မှာပါးစပ်အဟောင်းသား...

ခုနလေးတင် မေမေနဲ့အတူတူပန်းသီးတွေရောစပျစ်သီးရောအများကြီးစားထားတာလေ...
ထမင်းဆိုလည်း လူကောင်းလေးကသေးသလောက် စားချက်က ကျွန်တော့်နီးပါးပဲ...
ဒီဗိုက်သေးသေးလေးနဲ့ ဒီလောက်ထိစားနိုင်တာ ထင်တောင်မထင်ထားဘူး...

"ကလေး ဒီလောက်ထိစားနေတာ..ဘာလို့မဝတာလဲ?..."

"အဲ့တာတော့ သားလည်းမသိဘူး...
မကြီးတို့ကိုလည်းကြည့်ပါလား ဘယ်မှာဝလို့လဲ?..ကြည့်ရတာ သားတို့က အပိန်မျိုးရိုးတွေလားမသိဘူး...ဟီးဟီး..."

"အဟက်...ပြောတတ်တယ်...
ကလေးကမပိန်ပါဘူး...ပြည့်ပြည့်လေးဖြစ်နေတာ...
ပါးဖောင်းဖောင်းလေးနဲ့ ဘယ်လောက်ချစ်ဖို့ကောင်းလိုက်သလဲ?...
ပြောရင်းနဲ့တောင် ပါးလေးကို နမ်းချင်လာပြီ..." လို့လည်း ပြောလိုက်ရော..ပန်းသီးကိုပလုတ်ပလောက်ကိုက်ထားရင်း ပါးလေးကိုထိုးပေးလာတယ်...

"ချစ်ဖို့ကောင်းလိုက်တာကွာ..ရွှတ်..."

ပန်းသီးက ပါးစပ်ထဲမှာအပြည့်ဖြစ်တာကြောင့်..ဖောင်းနေတဲ့ပါးဖွေးဖွေးလေးက သွေးကြောလေးတွေတောင် မြင်နေရတယ်...

ခဏကြာတော့..ဇာတ်ကားdownလို့ပြီးပြီထင်တယ် ဖုန်းကိုချကာ..ကျွန်တော့်ကိုဖက်ပြီး ကျွန်တော်နဲ့အတူတူရုပ်ရှင်ကြည့်နေတယ်..။ ကျွန်တော်လည်း ကလေးခေါင်းလေးကို အသာမွှေးလိုက်တော့..shampooနံ့သင်းသင်းလေးကိုရတယ်..။

ကလေးကိုဖက်ထားကာTVဆက်ကြည့်နေရင်း..မျက်လုံးတွေက ဝေးဝါးလာကာ အိပ်မက်ကမ္ဘာထဲရောက်သွားတယ်...။

"ဦး...ဒီ မင်းသမီးချောတယ်နော်...
ဦး..."

ခေါ်နေတာကို ပြန်မထူးတာကြောင့် ခေါင်းတစ်လုံးစာ ပိုမြင့်နေတဲ့လူကြီးကိုမော့ကြည့်လိုက်တော့...အိပ်တောင်ပျော်နေပြီ..။ သူရဖုန်းမြင့်တစ်ချက်ပြုံးကာ ကုန်းထလိုက်ပြီး ဘေးနားက ဖုန်းကိုယူလိုက်တယ်..။

ယူလိုက်တဲ့ဖုန်းက သူ့ဖုန်းတော့ ဟုတ်မနေပါဘူး..။ နေမင်းဧကရာဇ်ရဲ့ဖုန်းကိုပါ..။ passwordကိုအလွတ်ရနေတဲ့သူရဖုန်းမြင့်အတွက် နေမင်းဧကရာဇ်ရဲ့ဖုန်းကို အလွယ်တကူဖွင့်လိုက်ပြီး..အရင်ဆုံးဖွင့်လိုက်တာကတော့ camera ကိုပါပဲ..။

camera ကို ဖွင့်လိုက်ပြီး..နေမင်းဧကရာဇ်ရဲ့ရင်ခွင်ထဲကို ပြန်ဝင်ကာ..နေမင်းဧကရာဇ်ရဲ့လက်ကို သူ့ကိုယ်ပေါ်တင်လိုက်ပြီး လက်၂ချောင်းထောင်ကာ ဓာတ်ပုံတစ်ပုံရိုက်လိုက်တယ်..။ ချစ်ဖို့ကောင်းအောင် ယုန်နားရွက်လေးနဲ့ရိုက်လိုက်တယ်..။

ဓာတ်ပုံရိုက်ပြီးတော့..ပြန်ကုန်းထကာ ပုံလေးကိုကြည့်ပြီး ရယ်မိတယ်..။

"အဟက်...ချစ်စရာလေး..."

ယုန်နားရွက်နဲ့ဦးက တကယ်ကိုချစ်ဖို့ကောင်းပါတယ်..။ ကျွန်တော့်ရဲ့မျက်နှာကို emoji တစ်ခုနဲ့ဖုံးထားပြီး ဦးရဲ့facebook accountမှာ တင်လိုက်တယ်..။

တပ်လိုက်တဲ့captionကတော့...

* Sold out💯‼️*

သူ့စိတ်ကြိုက်postတင်ပြီးတာနဲ့...အိပ်နေတဲ့နေမင်းဧကရာဇ်ရဲ့ခါးကိုပြန်ဖက်ပြီး..သူရဖုန်းမြင့် ပြန်အိပ်နေသည်..။ တရှူးရှူးနဲ့ အိပ်မောကျသံကြားတော့မှပဲ..အပေါ်ကကောင်လေးကမျက်လုံးအသာဖွင့်ပြီး အောက်ကကောင်လေးရဲ့ခေါင်းလေးကိုနမ်းလိုက်ကာ..တိုးဖက်လိုက်ပြီး မျက်နှာထက်အပြုံးတစ်ခုကို ဖန်ဆင်းလိုက်သည်..။

************************

မျက်လုံးထဲမြင်အောင် ပြောပြတာပါ....
သူရဖုန်းမြင့်ရိုက်လိုက်တဲ့ပုံလေးက fic coverပုံလေးကို ကြည့်လိုက်နော်😁

Continue Reading

You'll Also Like

319K 33.5K 105
ဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်
212K 15.1K 72
" ရှင်က ၀န်ကြီးချုပ် ဖြစ်တယ် ဆိုတိုင်း ကျွန်မက ကြောက်ရမှာလား " " ဟင့်အင်း မကြောက်ရပါဘူး။လုံးဝကို ကြောက်စရာမလိုတာ။ထက်သာ ကသာ မကြီးကို သက်ဆုံးတိုင် ချစ...
159K 16.8K 106
ဘာသာပြန်သူ - စွဲညို့အသင်း