"ငယ်လေး...နောက်ထပ်တစ်ဇွန်းပဲစားလိုက်နော်...ပြီးရင် ဆေးသောက်ရဦးမယ်လေ.."
"ဟင့်အင်း...မစားချင်တော့ဘူး...
ဆန်ပြုတ်ကြီးက အရသာမရှိဘူး...
ဆေးလည်း မသောက်ချင်ဘူး..ခါးတယ်..."
"ငယ်လေးကလည်းကွာ..ဆန်ပြုတ်မသောက်ရင် မေမေပြန်လာရင်ဆူလိမ့်မယ်...
ထနော်...မငယ် မဆူချင်ဘူး..."
နေမကောင်းလို့ ဆန်ပြုတ်တိုက်နေတာကို..၃ဇွန်းလောက်စားပြီး ဆက်မစားတော့ဘဲ..ပြန်အိပ်နေတဲ့ ငယ်လေးကို မငယ်အတင်းနှိုးပြီးဆန်ပြုတ်တိုက်နေခြင်းဖြစ်သည်..။
"မသောက်ချင်ပါဘူးဆို...
မလတ်ဆေးထိုးထားလို့ ပေါင်ကတန်းနေကကြားထဲ ဒီအရသာမရှိတဲ့ဆန်ပြုတ်ကြီးကိုလာတိုက်နေတယ်...မစားချင်ဘူးဆို..."
အမှန်တော့..ဆန်ပြုတ်ကအရသာမရှိတာမဟုတ်ဘူး..။ နေမကောင်းလို့ ခံတွင်းပျက်နေတဲ့ သူရဖုန်းမြင့်ကသာ အရသာမရှိဘူးလို့ ထင်နေခြင်းဖြစ်သည်..။
"အဲ့တာဆိုလည်း...ဆေးလေးတော့သောက်လိုက်...ပြီးရင် အိပ်လိုက်တော့လေ..."
"ဟင့်အင်း...ဆေးက နံလည်းနံတယ် ခါးလည်းခါးတယ် မသောက်ချင်ဘူး..."
"မေမေတို့ကလည်းနော်...
ငယ်လေးနေမကောင်းရင် ကျစ်တိုက်တတ်တယ်မှန်းသိရက်နဲ့ မငယ်နဲ့ထားသွားသေးတယ်...
ဟူး.....
ရတယ်လေ...မေမေတို့ပြန်လာမှ ငယ်လေးဘာသာကြည့်ရှင်း..မငယ်ကတော့ ငယ်လေးမသောက်ဘူးလို့မေမေ့ကိုတိုင်မှာ..."
"တိုင်တိုင်...မကြောက်ဘူး..."
"ဒီကောင်လေးကတော့..."
"တီ!...တီ!...တီ!..."
ငယ်လေးကိုဆေးချော့တိုက်နေရင်း..ခြံရှေ့က ကားဟွန်းတီးသံကြားတာမို့..
"မေမေပြန်လာပြီလားမသိဘူး...
ငယ်လေး မင်းတော့မလွယ်ဘူးမှတ်..." လို့ ပြောပြီး မငယ်က ဆန်ပြုတ်ပန်းကန်ကို စားပွဲခုံပေါ်တင်ပြီး အောက်ကိုဆင်းသွားတယ်...
"ကြောက်စရာလား...
လုံးဝမကြောက်ဘူး...ဟွန်း..." လို့ ပြောလိုက်ပြီး စောင်ကိုခေါင်းကမြှီးခြုံပြီး အိပ်လိုက်တယ်..။
....................
မငယ်လည်း ကားဟွန်းတီးသံကြားလို့...အိမ်အောက်ကိုဆင်းလာတော့ ခြံရှေ့မှာ ရပ်ထားတာကတော့ ကိုနေမင်းရဲ့ကားဖြစ်နေတယ်..။ မငယ်လည်း ခြံတံခါးကိုဖွင့်ပေးလိုက်ပြီး...
"ကိုနေမင်း...လူထွက်လာပြီလား..."
"အင်း..တင်ဇာ...
ကလေး..အဟမ်း...သူရဖုန်းမြင့် နေမကောင်းဖြစ်နေတယ်ဆိုလို့..."
"သြော်...ဟုတ်တယ်...
အပေါ်ထပ်က သူ့အခန်းထဲမှာ...
ဆေးမသောက်ဘူးဆိုပြီး ဂျီကျနေတယ်...
ဆန်ပြုတ်လည်း ကုန်အောင်မသောက်ဘူး..."
"ကျစ်...ဒီကလေးကတော့...
အမြဲစိတ်ပူအောင်လုပ်တယ်..."
"ဟို...ကိုနေမင်း ဆေးသောက်အောင်ချော့တိုက်ကြည့်ပေးပါလား..."
"အင်းအင်း...အဲ့တာဆို ကျွန်တော်တက်သွားလို့ရတယ်မလား..."
"အဟက်...ရပါတယ်...
အိမ်မှာ ဘယ်သူမှမရှိဘူး...
လွတ်လွတ်လပ်လပ်စကားပြောကြပေါ့...
ကျွန်မအောက်မှာရှိနေမယ်..."
"အင်း.." တစ်လုံးပဲပြောပြ်ီး..ကားကိုအထဲသို့မောင်းကာ ဝင်သွားတယ်..။
တင်ဇာ့ကိုတစ်ချက်မှမကြည့်ဘဲ..အိမ်ထဲဝင်သွားတဲ့ နေမင်းဧကရာဇ်ကိုကြည့်ပြီး တင်ဇာခေါင်းသာခါမိတယ်..။ စကားပြောရင်လည်း အေးစက်စက်နဲ့ပြောတတ်တဲ့ကိုနေမင်းက..ငယ်လေးနဲ့စကားပြောရင်လည်း ဒီလိုပဲပြောတတ်လား..။
.................
"ချလောက်.."
ကလေးအခန်းတံခါးကိုဖွင့်လိုက်တာနဲ့အတူ..မြင်လိုက်ရတာက ကုတင်ပေါ်မှာစောင်ကိုခေါင်းမြှီးခြုံပြီး လှဲနေတဲ့ကလေး...
"မငယ်...သားမသောက်ဘူးလို့ပြောထားပြီးပြီနော်...
မေမေတ်ို့မေးရင်လည်း သားမသောက်ချင်လို့မသောက်တာလို့ပဲပြောလိုက်..."
အခန်းထဲတောင်ခြေမကျရသေးဘူး..ဆီးကြိုကာပြောလိုက်တဲ့ကလေးရဲ့စကားကြောင့်..နည်းနည်းတော့ရယ်ချင်သွားတယ်..။ ဆေးကျတော့ ကြောက်ရှာသား..။
အခန်းထဲကိုဝင်လိုက်ပြီး..ကုတင်ပေါ်မှာထိုင်လိုက်ကာ..စောင်ကိုအောက်ကိုဆွဲချလိုက်ပြီး နဖူးကိုစမ်းလိုက်တော့..ကိုယ်ပူနေသေးတာပဲ..။
စောင်အောက်မှာ အောက်ချင်ယောင်ဆောင်နေတဲ့ သူရဖုန်းမြင့်မှာလည်း..စောင်ကိုအောက်ဆွဲချခံလိုက်ရတာကြောင့် စိတ်ဆိုးပြီး...
"မငယ်...သားအိပ်ချင်နေပြီလို့...လို့...
ဟင်...ဦး..."
"အင်း...ကိုယ်ပဲ...
အတော်လေးကိုဖျားနေတာပဲ...
ဘာလို့ ဒီလောက်တောင်လျှောက်ဆော့ရတာလဲ?...
၂ရက်လုံး တနေကုန်ကြီးပဲဆို...
ကိုယ့်ကိုစိတ်ပူပြီးရူးအောင်လုပ်နေတာလား..."
ပြောနေရင်းနဲ့ကို စိုးရိမ်စိတ်ကြောင့်ဒေါသသံတွေပါပါလာတယ်...
ဟူး....မင်းလေးနဲ့တော့ခက်ချေပြီ...။
"ရွှတ်...ရွှတ်..." ဆိုပြီး အောက်ကနှာရှုပ်သံကြားရတာကြောင့်..အောက်ကကောင်လေးငိုနေပြီဆိုတာ သိလိုက်ရပြီ...
"ကျစ်...ဘာလို့ငိုနေရတာလဲ?...
ဦးပြောတဲ့စကားထဲမှာ ငိုစရာပါလို့လား..."
"ရွှတ်...ဦးက နေမကောင်းတဲ့သူကို လာဆူနေတဲ့ဟာ...ရွှတ်..မငိုချင်ဘဲနေပါ့မလား...ရွှတ်.."
"ဟင်း...တိတ်...မငိုနဲ့တော့...
ကိုယ်က စိတ်ပူလွန်းပြီး အသံမာသွားတာ...
မငိုနဲ့တော့...သက်သက်အားကုန်အောင်..."
ပါးစပ်ကလည်းပြောရင်း..မျက်ရည်တွေကိုလည်း သုတ်ပေးရသေးတယ်..။ အဖျားအရှိန်ကြောင့်ရော..ငိုထားတာကြောင့်ရော နှာသီးဖျားလေးတွေကရဲလို့..ချွေးတွေကလည်းစိုနေသေးတယ်..။
"ရွှတ်...ဦးက လာဆူနေတာကိုလို့...ရွှတ်...
သားလည်း ဘယ်ဖျားချင်ပါ့မလဲ?...
ဆေးထိုးလည်းမခံချင်ဘူး...ဆန်ပြုတ်လည်းမသောက်ချင်ဘူး...ဆေးလည်းမသောက်ချင်ဘူး...ရွှတ်...
မငယ်ကဆေးထိုးထားလို့ ပေါင်ကတန်းနေကကြားထဲ..ရွှတ်...ဦးက လာဆူတော့..အဟင့်...ရွှတ်..ရွှတ်..."
ဟင်း...နောက်ဆုံးတော့ ကျွန်တော်သာလက်နက်ချပြီး ပြန်ချော့ရမယ့်ကိန်းဖြစ်နေပြီ..
"အင်းအင်း...ဦးမဆူတော့ဘူး...
တိတ်တော့...နေမကောင်းဖြစ်နေတဲ့ဟာကို မငိုနဲ့တော့..."
"အင်း...ရွှတ်..."
အငိုတိတ်သွားပြီးတော့..ကုတင်ပေါ်ထိုင်နေတဲ့ကျွန်တော့်ရင်ဘက်ပေါ်မှီလာတယ်...
"ချက်ချင်းလိုက်လာတာလား...ရွှတ်..."
စပြီ...ဒီကနေမင်းဧကရာဇ်ရဲ့အားနည်းချက်ကိုသိသည့်အလား...သူရဖုန်းမြင့်ဆိုတဲ့ ကျွန်တော့်ရဲ့သည်းငယ်လေးကတော့ စချွဲပြီလေ...
"အင်း...အိမ်တောင်မပြန်ရသေးဘူး...
မေမေ့ကိုပြောပြီး လိုက်လာခဲ့တာ..."
"သားကိုစိတ်ပူနေတာလား..."
"သည်းငယ်လေးကလွဲရင် ဦးမှာစိတ်ပူစရာ ဘယ်သူရှိသေးလို့လဲ?..."
သည်းငယ်လေးလို့တောင် ခေါ်တယ်ဆိုရင်တော့..ဦးစိတ်ပြေသွားပြီဆိုတာ 100%သေချာသွားပြီ...
"အဟက်...
ဦး...သား ဘာလို့ဖျားတာလဲသိလား..."
"၂ရက်ဆက်တိုက်ရေဆော့မှတော့ ဖျားပြီပေါ့.."
"မဟုတ်ဘူး...ဦးကိုလွမ်းလို့...
လွမ်းဖျား ဖျားသွားတာ..."
နေမင်းဧကရာဇ်ရဲ့ရင်ဘက်ကကြယ်သီးကိုကိုင်ဆော့နေရင်းပြောနေတဲ့ သူရဖုန်းမြင့်ကတော့..သူပြောလိုက်စကားကြောင့် မျက်နှာလေးပန်းရောင်လွှမ်းကာ ခိုးပြုံးနေသည်..။ ဘာလို့ဆို..သူ့လူကြီးအကြောင်း သူအသိဆုံးမို့လို့ပါပဲ..။
အခုချိန် နေမင်းဧကရာဇ်ဆိုတဲ့ကျွန်တော့်ရဲ့ဦးမျက်နှာဟာ..နွားပြာကြီးအောက်သွားမရှိသလို ပြုံးဖြီးနေလိမ့်မယ်လို့ ကျွန်တော်မော့မကြည့်ရင်တောင် သိနေတယ်..။
တကယ်လည်း..နေမင်းဧကရာဇ်ရဲ့မျက်နှာဟာ သူရဖုန်းမြင့်နှိုင်းထားတဲ့ဥပမာထက်တောင် ပိုပြီးပြုံးဖြီးနေပါတယ်..။
"သည်းငယ်လေး ဦးကိုအသဲယားပြီးရူးစေချင်နေတာလားဟမ်...
ချစ်လိုက်တာကွာ..."
ကျွန်တော့်မှာ အသဲယားလွန်းလို့..ပြောလည်းပြော ကိုယ်လုံးလေးကိုလည်း ဖျစ်ညှစ်လိုက်တယ်..။
"အ!..နာနေပြီ...
ဦးကလည်း ဖြေးဖြေးလုပ်ပါ...
ကိုယ်လက်တွေကိုက်ခဲနေသေးတယ်.."
"sorry sorry...
ဦး အသဲယားသွားလို့..."
"ဦးကိုဖက်ချင်နေတာ အခုမှပဲဖက်ရတော့တယ်.." ဆိုပြီး ကျွန်တော့်ကိုတိုးဖက်လာတဲ့ကလေးကို အလိုက်သင့်လေးပြန်ဖက်ထားလိုက်တယ်..။
ဘေးနားကိုမျက်လုံးဝေ့ကြည့်လိုက်တော့..ဆန်ပြုတ်ပန်းကန်ကိုတွေ့တာမို့..ခုနက တင်ဇာရဲ့စကားတွေကိုပြန်ကြားလာပြီး..ကလေးဆေးမသောက်ရသေးတာမို့..
"သည်းငယ်လေး..ကလေး ဆေးသောက်လိုက်ဦးလေ...
အဲ့တာမှ နေမကောင်းဖြစ်နေတာသက်သာမှာပေါ့...
ခဏထဦးနော်..."
"ဟင့်အင်း..မသောက်ချင်ဘူး ဆေးကခါးတယ်..."
"မသောက်လို့မရဘူးလေ...
ဆေးမသောက်ရင် နောက်ထပ်ဆေးထိုးခံရဦးမယ်..."
"ဟွန်း..."
ဆေးထိုးခံဦးမယ်လို့လည်းပြောလိုက်ရော..အသံပိစိလေးထွက်လာတယ်...
"ထ..လိမ္မာတယ်နော်...
ဆန်ပြုတ်လေး လေးငါးဇွန်းလောက်သောက်လိုက်..ပြီးမှ ဆေးသောက်မယ်..."
"ဆန်ပြုတ်က အရသာမှမရှိတာ..မသောက်ချင်ဘူး ဆေးပဲသောက်ပြီးအိပ်တော့မယ်..."
"လေးငါးဇွန်းပဲသောက်လိုက်နော်...
အစာရှိထားတော့ ဆေးသောက်လို့အဆင်ပြေတာပေါ့..."
"အွန်း..."
ကလေးဆီက အွန်းဆိုတဲ့အသံကြားတာနဲ့တပြိုင်နက်...ဆန်ပြုတ်ပန်းကန်လေးကိုလှမ်းယူလိုက်ပြီး..ကလေးကိုခွန့်ပေးလိုက်တယ်..။ လေးငါဇွန်းလောက်ကျွေးပြီးတဲ့အချိန်မှာတော့..
"တော်ပြီ..မစားနိုင်တော့ဘူး..."
"ကလေးကလည်း..ဒီမှာ ၃ဇွန်းစာလောက်ပဲကျန်တော့တာ စားလိုက်နော်..."
ဟွန်းဆိုပြီးနှုတ်ခမ်းဆူပုတ်ကာပြောပြီးတဲ့နောက်..အင်းဆိုတဲ့စကားလေးပါလာတာမို့ ကျွန်တော်လည်း ကျန်သေးတဲ့ဆန်ပြုတ်ကိုခွန့်ပေးလိုက်တယ်..။
ဆန်ပြုတ်သောက်ပြီးတဲ့အချိန်မှာတော့...ဆေးကိုတိုက်လိုက်တယ်..။
"အာ...ခါးလိုက်တာ..."
"တော်တော်ခါးလို့လား..."
"မယုံရင် ဦးသောက်ကြည့်ပါလား.." ဆိုပြီး မျက်နှာကိုစူပုတ်ကာပြောလာတာကိုကြည့်ရတာတော့ ဆေးကတော်တော်ခါးပုံပါပဲ..
"ဟုတ်လား...ဦး အခါးပျောက်အောင်လုပ်ပေးရမလား.."
"သကြားလုံးပါလို့လား..."
"သကြားလုံးထက်ပိုချိုတယ်.."
"ဟုတ်လား..."
"အင်း..."
"ဦး တကယ်ပြော..အု..ဘာလုပ်..အွန်း..."
အခါးပျောက်အောင်လုပ်ပေးဖို့က ဒီနည်းကအကောင်းဆုံးပဲလို့ ကျွန်တော်ထင်တယ်..။
ကျွန်တော်နမ်းလို့ပြီးလို့အောက်ငုံ့ကြည့်တော့..ကလေးက အသက်ကိုဝအောင်မနည်းရှူနေတယ်..။
"ဦးက အရမ်းအရမ်းပဲ...ဟူး..."
"အခါးပျောက်သွားပြီလား.."
"မသိဘူး...လာမပြောနဲ့...ဟွန်း..."
"ဘာလဲ?..စိတ်ဆိုးသွားတာလား...
စိတ်မဆိုးပါနဲ့..ဦးက ကလေးကိုမနမ်းရတာကြာတော့ နမ်းချင်တာပေါ့လို့...
ကလေးက စိတ်ဆိုးသွားတာလား.."
"မဟုတ်ပါဘူး...နမ်းချင်သေးလား..
ထပ်နမ်း..အင့်..." ဆိုပြီး သူပြောပြီးသူစိတ်မကောင်းဖြစ်ကာ နှုတ်ခမ်းလေးကိုထိုးပေးလာတယ်..
"အဟက်...ချစ်ဖို့ကောင်းလိုက်တာ ကိုယ့်ကလေးလေးက.." လို့ ပြောလိုက်ပြီး ကလေးရဲ့နှုတ်ခမ်းသေးသေးလေးကို ထပ်မံနှုမ်းရှိုက်လိုက်တယ်..။
ဒီနှုတ်ခမ်းသေးသေးလေးကိုထိမိလိုက်တာနဲ့တင်..မခွာချင်လောက်အောင် စုပ်ယူနှုမ်းချင်မိတယ်..။ ၂မိနစ်လောက်နမ်းပြီးတဲ့အခါမှာတော့..အနမ်းခံနေသည့်ကောင်လေးက သူ့ကိုချော့သိပ်နေသည်အလား အိပ်ပျော်သွားလေပြီ..။
နဖူးလေးကိုတစ်ချက်နမ်းလိုက်ပြီး..စောင်သေချာခြုံပေးလိုက်ကာ အခန်းထဲကနေ ထွက်လာခဲ့လိုက်တယ်..။
အပြင်ရောက်တော့တင်ဇာနဲ့တွေ့ပြီး..တင်ဇာ့ကိုနှုတ်ဆက်ပြီး အိမ်ကိုပြန်လာလိုက်တယ်..။
ကျန်နေခဲ့တဲ့တင်ဇာမှာတော့..သူရဖုန်းမြင့်ရဲ့အခန်းထဲကိုသွားကာ ဝင်လိုက်တော့..ကောင်းကောင်းအိပ်ပျော်နေတဲ့သူရဖုန်းမြင့်နဲ့အတူ ကုန်နေတဲ့ဆန်ပြုတ်ပန်းကန်ပါတွေ့ရတာမို့..ပြုံးမိလိုက်တယ်..။ သူရဖုန်းမြင့်ကိုစိတ်ရှည်လက်ရှည်တိုက်ပေးနိုင်တဲ့ နေမင်းဧကရာဇ်ကိုလည်း ချီးကျူးမိပါတယ်..။ ဒီလောက်ဆို ငယ်လေးအတွက် စိတ်ချနေပါပြီ..။
*************************
sweet ကြရဲ့လားဟင်😁
အရှည်ကြီးတင်ပေးလိုက်တယ်နော်😁☺️