Me and My Suspicious Partner(...

By HninAung913

39.9K 4.2K 463

Story Title_ Me and My Suspicious Partner ဧကရာဇ်ပိုင်ဝူရှန့်သည် လုပ်ကြံခံရကာ ချီရုန်တို့ဓားပြစခန်းအနီးရှိရေကန... More

Part 1 ( အမည်ပေးခြင်း)
Part 2 ( ကံဆိုးသူသွားရာ မိုးလိုက်လို့ရွာ)
Part 3 (စည်းကမ်းဖောက်မိပြီ)
Part 4 (ပြဿနာကို ဗုံးဖောက်ရှာ)
Part 5 ( ခွေးသူခိုး)
Part 6 ( PaPaPa ကဘာကြီးလဲ)
part 7 (မျက်နှာမြင် သတ်ချင်)
Part 8 ( ထမင်းအလကားမကျွေးပါ)
Part 9 (နှုတ်ဆက်ရတော့မယ်)
Part 10 (ရင်ခုန်သံတွေ ပေါက်ကွဲထွက်)
Part 11 (၀မ်းကွဲအကိုကတော့ လုပ်ပြီ)
Part 12 ( လင်နောက်လိုက်ခြင်း)
Part 13 (တောသားမြို့တက်)
Part 14 (စားပြီးနားမလည် ၀ါးပြီးမြိုချ)
Part 15 (လက်စားချေခြင်း အနုပညာ)
Part 16 ( ငါတို့က ချစ်သူတွေ)
Part 17 ( သူ....ရက်စက်တယ်)
Part 18 (ခွင့်မလွှတ်နိုင်)
Part 19 (တစ်ခန်းရပ်ပြဇာတ်)
Part 20 (ကိုယ့်လမ်းကိုယ်လျှောက်ချိန်)
Art

Part 21 ( ကိုယ်မင်းကိုချစ်တယ်) ဇာတ်သိမ်းပိုင်း

1.8K 162 26
By HninAung913

" ဝမ်းကွဲအကိုက ဘာလို့အခုထိမလာသေးတာလဲ။ တပတ်နီးပါးရှိနေပြီကို။ နန်ဖုန်းတို့ပြောတော့ တပတ်တခါလောက်လာတယ်ဆိုပြီး...."

ချီရုန်က ပိုင်ဝူရှန့်ပေးလိုက်သည့်စာအိတ်အားကိုင်ထားလျက်ပင် စားပွဲပေါ်တွင် မေးကိုတင်ကာ ထိုစာအိတ်အားကြည့်နေသည်။ အမှန်တကယ်ကို သူစရောက်သည့်နေ့မှစ၍ ယနေ့ဆိုလျင် တပတ်နီးပါးပြည်လုနီးချေပြီ။ ထိုစာအိတ်ကိုဖွင့်ဖောက်ပြီး ဖတ်ရန်ရှဲ့လျန်ကိုသူလိုအပ်သည်။

အဘယ်ကြောင့်ဆိုသော် ချီရုန်သည်စာမဖတ်တတ်ပေ။ သူသည်သာမက သူတို့တစ်ဖွဲ့လုံးသည်လည်း မိဘမဲ့လေးများပီပီစာမတတ်ကြပါချေ။

ညနေစောင်းအချိန်လောက်ရောက်တော့ တကယ်ပင်ရှဲ့လျန်ကရောက်ကာလာသည်။

" စန်းလန်ဆီကနေ မင်းပြန်ရောက်ပြီဆိုတဲ့သတင်းကြားပါတယ်။"

ရှဲ့လျန်က သူ၏အမှိုက်အိတ်ကို စခန်း၏တိုင်တစ်တိုင်နားတွင် ချလိုက်ရင်း ချီရုန်ဆီသို့ရောက်ကာလာသည်။ ပျင်းရိနေသော ချီရုန်က ရှဲ့လျန်ကိုမြင်လေတော့ ချက်ချင်းခေါင်းထောင်လာသည်။ ရှဲ့လျန်က သူ့ဘေးရှိ ထိုင်ခုံတွင်ပင် ဝင်ထိုင်လိုက်ရင်း

" ဧကရာဇ်ပိုင်ဝူရှန့်က မင်းကိုအန္တာရာယ်မဖြစ်စေနိုင်မှန်း ငါသိလို့လွှတ်ပေးထားတာ။ မင်းက သူ့ဆီကနေ ပြန်လာခဲ့တယ်ပေါ့။ သူကတော့ ငသူ့အစား မင်းဒီလိုနေရာကိုရွေးလိူက်တာကို ဘယ်လိူမှမနေတာ တကယ်အံ့သြတယ်။"

ရှဲ့လျန်က ရေနွေးကြမ်းငှဲ့ကာသောက်လိုက်ရင်းဆိုသည်။ ချီရုန်၏လက်ထဲတွင်ကိုင်ကာထာသော စာအိတ်အားလှမ်းကြည့်လိုက်ရင်း

" အဲ့တာဘာလဲ။ "

ထိုအခါမှ ချီရုန်က ထိုစာအိတ်ကိုဖွင့်ဖောက်ပြလိုက်ရင်း

" ငါမင်းကိုမျှော်နေတာ။ ဒီစာဖတ်ခိုင်းမလို့။ ဒါကျွင်းဝူပေးလိုက်တာ။ ငါမဖတ်တတ်လို့။"

ချီရူန်က စာအားရှဲ့လျန်ထံသို့ပေးလိုက်သည်။ ရှဲ့လျန်က ထိုစာရွက်ကို ယူလိုက်ပြီးနောက် ကြည့်လိုက်ပြီး ချီရုန်ကိုလှမ်းကြည့်သည်။

" မင်းတကယ်ပဲငါ့ကိုဖတ်ပြစေချင်တာလား။"

" အင်း...ငါသိချင်နေတာကြာပြီ။ သူတစ်ခုခုပြောထားလို့လား။"

ရှဲ့လျန်က ခေါင်းကိုငုံ့ကာရီလိုက်သည်။ ချီရုန်က ရှဲ့လျန်အား ကြည့်ရင်း

" ဘာဖြစ်လို့လဲ။ ဘာရေးထားလို့လဲ။"

"အဲ့တာက......"

......................................

ချီရုန်က ထိုနေရာသိူ့အပြေးအလွှားသွားနေသည်။ သူ၏လက်ထဲတွင် ခေါက်ရိုးကျိုးကာနေသော စာကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားသည်။

စာလွှာထဲတွင်

*အချစ်ဆိုတာ အတင်းလုပ်ယူလို့မရတဲ့အရာမှန်းကိုယ်နားလည်သဘောပေါက်ပါတယ်။ မင်းလိုမျိုး အချစ်ကိုနားလည်ဖို့ခက်တဲ့သူတစ်ယောက်ကိုချစ်ရတဲ့ ကိုယ်ကတော့ အများကြီးပိုနားလည်ပေးရမှာပေါ့။မင်းရဲ့ သံယောဇဥ်ဆိုတဲ့အရာကို ကိုယ်ကအချစ်ဆိုပြီးအထင်မှားခဲ့မိလေသလားတော့ မသေချာဘူး။ ဖြစ်ခဲ့သမျှတွေအားလုံးအတွက်တောင်းပန်ပါတယ်။

ဒါကြောင့်မလို့ အကယ်၍မင်းသာကိုယ့် အပေါ်ချစ်တဲ့စိတ်အနည်းငယ်သာရှိလာခဲ့မယ်ဆိုရင် ကိုယ်တို့နှစ်​ယောက်ရဲ့ ပထမဆုံးအနမ်းခြွေခဲ့ကြတဲ့ နေရာမှာ ညတိုင်းကိုယ်မင်းကိုစောင့်နေပါတယ်။

မင်း မလာမချင်း နေ့ရက်တိုင်းကိုယ်အဲ့ဒီနေရာမှာ ရှိနေမှာမလို့ မင်းကိုယ့်ကို ပြန်ချစ်လာတဲ့တစ်နေ့ကိုယ့်ဆီကို လာခဲ့ပေးပါ။

တသက်လုံးကိုယ့်ကိုပြန်မချစ်နိုင်တော့ဘူးဆိုတာ သေချာရင်တော့ ဒီစာကိုဆုပ်ဖြဲပစ်လို​က်ပါ။ ပြီးတေယ့ ကိုယ့်ကိုမေ့ပစ်လိုက်ပါ။*

"ဟောဟဲ...ဟောဟဲ....ဟောဟဲ..."

ဆက်တိုက်ပြေးလာတာမလို့ မောဟိုက်ကာနေသော အသက်ရှုသံက ပဲ့တင်ထပ်နေလေ၏။ သူထိုနေရာအား သန်းခေါင်ယံမကျော်ခင်အရောက်သွားရန်လိုအပ်သည်။ သူထိုနေရာကို မရောက်နိုင်လျင် အရာအားလုံး ဆုံးရှုံးသွားရလိမ့်မည်ဟု ခံစားနေရသည်။ ထို့ကြောင့် သူအတတ်နိုင်ဆုံး ပြေးနေခြင်းပင်။

ရှဲ့လျန် ဖတ်ပြသောစာလွှာကိုနားထောင်ပြီးတဲ့နောက်မှာ ရင်ထဲမှလုံးထွေးနေတဲ့အရာကြီးကပေါက်ကွဲထွက်လာသလိုခံစားလိုက်ရသည်။ သူတကယ်ပဲ ထိုလူအား မျက်စိစုံမှိတ်ကာဥပေက္ခာပြုခဲ့မိသည်။ ထိုလူအား သူလွှတ်ချခဲ့မိသည်။

ချစ်သည်ဟူသော အရာကိုသေချာနားမလည်သည့်သူ့အဖို့ နန်းတော်ကထွက်မလာခင်အချိန်ထိဖြစ်နေခဲ့သော အရာအားလုံးက ပေါ့ပေါ့တန်တန်ပင်။ အနားမှာ အမြဲရှိနေချိန်သတိမထားမိခဲ့သည့် နှလုံးသားရဲ့ရင်ခုန်သံက နန်းတော်မှ ထွက်ခွာလာပြီးနောက် ထပ်မံကာကောင်းစွာခုန်နေခြင်းမရှိတော့သည်ကို သတိရမိသည်။

ထိုလူသားကို သူလိုအပ်သည်။ ကျန်သူများက သူ၏တစ်စိတ်တစ်ဒေသဟုဆိုလျင် ကျွင်းဝူသည် သူ၏ နှလုံးသားတစ်ခုလုံးဖြစ်ပေလိမ့်မည်။ ဤသည်ကိုလည်း ထိုစာကိုနားထောင်မပြီးမချင်း နားမလည်ခဲ့ပေ။ သူသည် ထိုသို့သောအရာများကို နားလည်ရန် အလွန်တရာတုံးအခဲ့သည်။

မျက်ရည်စက်များက ပြေးလွှားနေသော အရှိန်နှင့်အတူ နောက်တွင်လေအလွင့်ကျန်ခဲ့ကြလေ၏။

" ကျွင်းဝူ.....ငါ့ကိုစောင့်နေပါ...."

ချီရုန်က ပြေးရင်းနှင့်ပင် အသံကျယ်ကြီးဖြင့် အော်လိုက်လေ၏။

........................................

" ဧကရာဇ်....ကျွန်တော်တို့ ပြန်ကြရအောင်ပါ။ ဒီနေ့လည်းသူလာလိမ့်မယ်မထင်ဘူး။"

ချောက်ကမ်းပါးစောင်းနားတွင် ရပ်နေရင်း အောက်ရှိ ရေကန်ကိုလှမ်းကြည့်နေမိသည်။ အပေါ်ယံတွင် ထိန်ထိန်သာနေသော လမင်းကြီးက ထိုရေကန်တွင် အလင်းဖြာကျနေလေ၏။ နောက်တွင် ရပ်ကာနေသော ဖုန်းရှင့်၏ စကားကြောင့် ပိုင်ဝူရှန့်က ကောင်းကင်ကို ထပ်မံကာကြည့်လိုက်မိသည်။

" ခုနှစ်စဥ်ကြယ်တောင် အမြှီးထောင်တော့မှာပါလား။"

" ဖြစ်နိုင်ရင် မလာပါနဲ့တော့လား။ ဧကရာဇ် အရမ်းကိုပင်ပန်းနေပါတယ်။ "

" ငါ မပင်ပန်းပါဘူး။ ငါအဆင်ပြေပါတယ်။ ဒီနေ့တော့ ပြန်ကြတာပေါ့။"

ပိုင်ဝူရှန့်က တဖက်သို့လှည့်လာလိုက်တော့သည်။

" ကျွင်းဝူ.....ငါ့ကိုစောင့်...ဟောဟဲ...ဟောဟဲ.."

" ရုန်အာ...."

သူတို့နှင့် မနီးမဝေးတွင် ရောက်ကာလာသော ချီရုန်အား ပိုင်ဝူရှန့်က တအံ့တသြကြည့်နေမိသည်။ သူ၏မျက်ဝန်းများသည် ပြူးကျယ်လျက်ရှိ၏။ ချီရုန်သည် လက်တစ်ဖက်ကို ဆန့်ကာကာထားရင်း စာရွက်ကိုင်ထားသောလက်က ရင်ဘက်ကိုဖိကာ အမောဖြေနေသည်။

" နေအုန်းနော်...ငါပြီးရင်ဆက်ပြောမယ်။ ခဏလေး...."

ဖုန်းရှင့်နှင့် ပိုင်ဝူရှန့်ကတစ်ယောက်ကိုတယောက်ကြည့်လိုက်ကြသည်။ သို့သော်လည်း ပိုင်ဝူရှန့်ကပင် ခပ်ဖြေးဖြေးဖြေလိုက်သည်။

" အင်း....အင်း...ရ...ရပါတယ်။"

"ဟူး...ရပြီ။"

ချီရုန်က အမောပြေသွားလေတော့ ခြေလှမ်းကျဲကြီးများဖြသ့် ပိုင်ဝူရှန့်ဆီသို့ ဝုန်းဆိုင်းရောက်ကာလာတော့သည်။ ဖုန်းရှင့်က နောက်သို့ဆူတ်ကာပေးလိုက်၏။ ချီရုန်က ပိုင်ဝူရှန့်အား လက်ထဲရှိဆုပ်ကာထားသော စာကိုထောင်ပြလိုက်ရင်း

" ကျွင်းဝူ...မင်းဦးနောက်ပျက်နေပြီလား။ ဒါမှမဟုတ် ငါ့ကို့အရှက်ခွဲတာလား။"

"ဘာ...ဘာကိုလဲ။"

ချီရုန်သည် အတင်းကပ်ကာလာလေ၏။ သူ၏ခြေဖျားကိုအတင်းထောက်ကာ ပိုင်ဝူရှန့်၏မျက်နှာနားအထိ မှီအောင်ကပ်ရင်း ရန်ရှာနေသည်။ ဖုန်းရှင့်က တဖက်သို့မျက်နှာလွှဲထားရင် ချောင်းဟန့်ကာနေသည်။

" ငါစာမဖတ်တတ်ဘူးလေ။ မင်းစာကို ငါဖတ်ရဖို့ ငါ့မှာ ဝမ်းကွဲအကိုလာမဲ့အချိန်ကိုစောင့်နေရတာကွ။ "

"အာ....."

" ထားလိုက်တော့...ထားလိုက်​တော့။ မင်းငါ့ကိုထပ်စမ်းသပ်နေတာပဲ။"

ချီရုန်က ထိုစာကိုလုံးချေရင်း ပိုင်ဝူရှန့်ရှေ့တွင်ပင်လွင့်ပစ်လိုက်သည်။ ထိုအမူအရာကြောင့် ပိုင်ဝူရှန်၏မျက်နှာက မှေးမှိန်သွားလေ၏။

" ကိုယ်နားလည်ပါပြီ။ ကိုယ်နောက်တနေ့ကစပြီး ဒီကိူထပ်လာမှာမဟုတ်တော့ပါဘူး။ မင်းကို ထပ်မနှောက်ယှက်တော့ဘူး။"

ချီရုန်က ကျွင်းဝူ၏လည်ပင်းအား သူ၏လက်နှစ်ဖက်ဖြင့် ချိန်တွယ်ပစ်လိုက်ရင်း ဆိုသည်။

" ဘာတွေပြောနေတာလဲ။ ငါဒီအထိတောင်ရောက်လာတာလေ။ မင်းက သွားတော့မလို့လား။"

"......."

ပိုင်ဝူရှန့်က ချီရုန်ကိုငုံ့ကြည့်ကာကြက်သေသေနေတုန်းပင် ချီရုန်ကလှမ်းခုံကာ ပိုင်ဝူရှန့်၏ခါးကို သူ၏ခြေနှစ်ဖက်ဖြင့် လှမ်းချိတ်လိုက်လေ၏။ ပိုင်ဝူရှန့်ကလည်း ချီရုန်၏ တင်ပါးကိုလှမ်းဖမ်းလိုက်ရင်း ပင်ထားလိုက်သည်။

ပိုင်ဝူရှန့်သည် ချီရုန်ကိုချီထားသည့်အနေအထားတွင်ရှိသည်။ ချီရုန်က အနည်းငယ်မြင့်သွားတာကြောင့် သူကပြုံးလျက်ပင် ပိုင်ဝူရှန့်ကိုကြည့်သည်။ ပိုင်ဝူရှန့်ကလည်း ချီရုန်ကိုပြန်ကြည့်နေရင်း နှစ်ဦးသားချစ်ကြည်နူးနေကြသည်။

" ကျွင်းဝူ...မင်းသိလား။ ငါ ဓားပြတိုက်တဲ့အလုပ်ကိုပြန်လုပ်ချင်လို့...."

" ဘယ်လိုမျိုးလဲ။"

" ဒီတစ်ခါက တကယ်ကိုအချီကြီးဖြစ်လိမ့်မယ်ထင်တယ်။ ငါ ဒီနိုင်ငံရဲ့ ဧကရာဇ်ကို ဓားစာခံအဖြစ်ဓားပြတိုက်ပြီး ဖမ်းခေါ်ထားလိုက်မလို့....ငါခေါင်းဖြတ်အသတ်ခံရနိုင်လား။"

ပိုင်ဝူရှန့်ကရီလိုက်သည်။ သူ၏နှဖူးပြင်အား ချီရုန်၏နှဖူးပြင်နှင့် လှမ်းထိရင်း

" ဘယ်လောက်နဲ့ရွေးရမှာလဲတဲ့။"

" ဒီတစ်ခုက ပြန်ရွေးခွင့်မရှိဘူး။ ဓားပြခေါင်းဆောင်ရဲ့ မိန်းမအဖြစ်ခြေတော်တင်လိုက်မှာမလို့...."

" အကြံကောင်းပဲ။ အကောင်းအထည်ဖော်သင့်တယ်။"

"အဟမ်း...အဟမ်း... ဧကရာဇ် ဒါဆို ကျွန်တော်သွားလိုက်ပါအုန်းမယ်။"

ဖုန်းရှင့်၏အသံကိုကြားလေတော့မှ နှစ်ယောက်သားနှဖူးချင်း ထိထားလျက်ပင် စောင်းကာ ဖုန်းရှင့်အား ကြည့်လိုက်ကြသည်။ ပိုင်ဝူရှန့်က ပြုံးလျက်ပင် ဆို၏။

" ဖုန်းရှင့်....မင်းရဲ့ဧကရာဇ်က ရက်အကန့်အသက်မရှိထပ်ပြီးပျောက်သွားပြန်ပြီ။ ဒီတစ်ခါ မင်းကိုယ်တိုင်လည်း သူ့ကိုရှာတွေ့နိုင်မှာမဟုတ်ဘူး။ ငါပြောတာနားလည်လား။"

"........"

ဖုန်းရှင့်၏ မျက်နှာက အနည်းငယ်မဲ့သွားလေ၏။ သို့သော်လည်း သူက ဂါရဝပြုလျက်ပင် နှုတ်ဆက်လိူက်လေသည်။

" အမိန့်တော်အတိုင်းပါ ။"

ဖုန်းရှင့်က အတတ်နိုင်ဆုံး ထိုနေရာမှထွက်သွားလေတော့သည်။ ပိုင်ဝူရှန့်က ချီရုန်ကိုချီထားဆဲပင်။ နှစ်ယောက်သာ အကြည့်ချင်းပြန်ဆုံလိုက်လေ၏။ တောက်ပနေသော လရောင်အောက်တွင် ပိုင်ဝူရှန့်က ချီရုန်ကို တောက်ပနေသောမျက်ဝန်းများဖြင့်ကြည့်ကာဆိုသည်။

" ရုန်အာ....ကိူယ့်ကိုချစ်လား။"

" အင်း....ကျွင်းဝူ ငါမင်းကိုချစ်တယ်။"

ချီရုန်ကပင် ဦးဆောင်လျက်သူ၏နှုတ်ခမ်းဖြင့် ပိုင်ဝူရှန့်၏နှူတ်ခမ်းအား စတင်နမ်းရှိူက်လိုက်သည်။ ပိုင်ဝူရှန့်က မျက်စိများကို ဖွင့်ကာထားမိသော်လည်း စတင်ကာ နမ်းရှိုက်နေပြီဖြစ်သော ချီရုန်ကြောင့် သူကိုယ်တိုင်လည်း မျက်လုံးများကိုပိတ်ချလိုက်ပြီး အနမ်းတို့ကိုကြာရှည်စေလိုက်သည်။

ထိန်ထိန်သာနေသော လမင်းကြီး၏အလင်းရောင်အောက် နှုတ်ခမ်းနှစ်စုံခွာလိုက်ရာမှထွက်ပေါ်လာသော အချစ်ရည်အမျှင်တန်းများက ဝင်းလဲ့နေလျက်ရှိသည်။

" ဒီက ဓားပြခေါင်းဆောင်ကို အလုပ်အကျွေးပြုမယ်မလား....ကိုယ့်ရဲ့မယားအသစ်လေး။"

" အမိန့်အတိုင်းပါ.....ခေါင်းဆောင်။ ဟားဟားဟားဟားဟားဟား "

"ဟားဟားဟား ဟားဟားဟား ....."

နှစ်ဦးသား၏ မျက်နှာချင်းဆိုင်ပြီး ရီမောသံက ထိုနေရာတစ်ဝိုက်တွင် ပျံ့လွင့်ကာနေလေတော့သည်။

ပြီးပါပြီ

Hello အခုဆို ဒီ Fanfiction လေးကပြီးဆုံးသွားပါပြီနော်။ ဒီအတောအတွင်း ဒီလိုမျိုး ကိုယ်ရောက်တတ်ရာရာရေးဖြစ်တဲ့ Ficလေးကို ဖတ်ပေးကြလို့ အားလုံးကို ကျေးဇူးအထူးတင်ပါတယ် ။ အဆုံးထိလိုက်ပါပေးတဲ့ သူတွေကိုလည်း ကျေးဇူးတင်ပါတယ် ။ တကယ်လို့ ဒီ Fiction လေးကို Update ver တစ်ခုခုလုပ်ဖြစ်ခဲ့မယ်ဆိုရင် ကိုယ်ထပ်ပြီးအသိပေးပါမယ်လို့။ ကျေးဇူးပါ ။ 🙆🙆❤

~~~~~~~~~~~~~~~~~~~~

" ဝမ္းကြဲအကိုက ဘာလို႔အခုထိမလာေသးတာလဲ။ တပတ္နီးပါးရွိေနၿပီကို။ နန္ဖုန္းတို႔ေျပာေတာ့ တပတ္တခါေလာက္လာတယ္ဆိုၿပီး...."

ခ်ီ႐ုန္က ပိုင္ဝူရွန္႔ေပးလိုက္သည့္စာအိတ္အားကိုင္ထားလ်က္ပင္ စားပြဲေပၚတြင္ ေမးကိုတင္ကာ ထိုစာအိတ္အားၾကည့္ေနသည္။ အမွန္တကယ္ကို သူစေရာက္သည့္ေန႔မွစ၍ ယေန႔ဆိုလ်င္ တပတ္နီးပါးျပည္လုနီးေခ်ၿပီ။ ထိုစာအိတ္ကိုဖြင့္ေဖာက္ၿပီး ဖတ္ရန္ရွဲ႕လ်န္ကိုသူလိုအပ္သည္။

အဘယ္ေၾကာင့္ဆိုေသာ္ ခ်ီ႐ုန္သည္စာမဖတ္တတ္ေပ။ သူသည္သာမက သူတို႔တစ္ဖြဲ႕လုံးသည္လည္း မိဘမဲ့ေလးမ်ားပီပီစာမတတ္ၾကပါေခ်။

ညေနေစာင္းအခ်ိန္ေလာက္ေရာက္ေတာ့ တကယ္ပင္ရွဲ႕လ်န္ကေရာက္ကာလာသည္။

" စန္းလန္ဆီကေန မင္းျပန္ေရာက္ၿပီဆိုတဲ့သတင္းၾကားပါတယ္။"

ရွဲ႕လ်န္က သူ၏အမွိုက္အိတ္ကို စခန္း၏တိုင္တစ္တိုင္နားတြင္ ခ်လိုက္ရင္း ခ်ီ႐ုန္ဆီသို႔ေရာက္ကာလာသည္။ ပ်င္းရိေနေသာ ခ်ီ႐ုန္က ရွဲ႕လ်န္ကိုျမင္ေလေတာ့ ခ်က္ခ်င္းေခါင္းေထာင္လာသည္။ ရွဲ႕လ်န္က သူ႔ေဘးရွိ ထိုင္ခုံတြင္ပင္ ဝင္ထိုင္လိုက္ရင္း

" ဧကရာဇ္ပိုင္ဝူရွန္႔က မင္းကိုအႏၲာရာယ္မျဖစ္ေစနိုင္မွန္း ငါသိလို႔လႊတ္ေပးထားတာ။ မင္းက သူ႔ဆီကေန ျပန္လာခဲ့တယ္ေပါ့။ သူကေတာ့ ငသူ႔အစား မင္းဒီလိုေနရာကိုေရြးလိူက္တာကို ဘယ္လိူမွမေနတာ တကယ္အံ့ၾသတယ္။"

ရွဲ႕လ်န္က ေရေႏြးၾကမ္းငွဲ႕ကာေသာက္လိုက္ရင္းဆိုသည္။ ခ်ီ႐ုန္၏လက္ထဲတြင္ကိုင္ကာထာေသာ စာအိတ္အားလွမ္းၾကည့္လိုက္ရင္း

" အဲ့တာဘာလဲ။ "

ထိုအခါမွ ခ်ီ႐ုန္က ထိုစာအိတ္ကိုဖြင့္ေဖာက္ျပလိုက္ရင္း

" ငါမင္းကိုေမၽွာ္ေနတာ။ ဒီစာဖတ္ခိုင္းမလို႔။ ဒါကၽြင္းဝူေပးလိုက္တာ။ ငါမဖတ္တတ္လို႔။"

ခ်ီ႐ူန္က စာအားရွဲ႕လ်န္ထံသို႔ေပးလိုက္သည္။ ရွဲ႕လ်န္က ထိုစာရြက္ကို ယူလိုက္ၿပီးေနာက္ ၾကည့္လိုက္ၿပီး ခ်ီ႐ုန္ကိုလွမ္းၾကည့္သည္။

" မင္းတကယ္ပဲငါ့ကိုဖတ္ျပေစခ်င္တာလား။"

" အင္း...ငါသိခ်င္ေနတာၾကာၿပီ။ သူတစ္ခုခုေျပာထားလို႔လား။"

ရွဲ႕လ်န္က ေခါင္းကိုငုံ႔ကာရီလိုက္သည္။ ခ်ီ႐ုန္က ရွဲ႕လ်န္အား ၾကည့္ရင္း

" ဘာျဖစ္လို႔လဲ။ ဘာေရးထားလို႔လဲ။"

"အဲ့တာက......"

......................................

ခ်ီ႐ုန္က ထိုေနရာသိူ႔အေျပးအလႊားသြားေနသည္။ သူ၏လက္ထဲတြင္ ေခါက္ရိုးက်ိဳးကာေနေသာ စာကိုက်စ္က်စ္ပါေအာင္ဆုပ္ကိုင္ထားသည္။

စာလႊာထဲတြင္

*အခ်စ္ဆိုတာ အတင္းလုပ္ယူလို႔မရတဲ့အရာမွန္းကိုယ္နားလည္သေဘာေပါက္ပါတယ္။ မင္းလိုမ်ိဳး အခ်စ္ကိုနားလည္ဖို႔ခက္တဲ့သူတစ္ေယာက္ကိုခ်စ္ရတဲ့ ကိုယ္ကေတာ့ အမ်ားႀကီးပိုနားလည္ေပးရမွာေပါ့။မင္းရဲ့ သံေယာဇဥ္ဆိုတဲ့အရာကို ကိုယ္ကအခ်စ္ဆိုၿပီးအထင္မွားခဲ့မိေလသလားေတာ့ မေသခ်ာဘူး။ ျဖစ္ခဲ့သမၽွေတြအားလုံးအတြက္ေတာင္းပန္ပါတယ္။

ဒါေၾကာင့္မလို႔ အကယ္၍မင္းသာကိုယ့္ အေပၚခ်စ္တဲ့စိတ္အနည္းငယ္သာရွိလာခဲ့မယ္ဆိုရင္ ကိုယ္တို႔ႏွစ္​ေယာက္ရဲ့ ပထမဆုံးအနမ္းေႁခြခဲ့ၾကတဲ့ ေနရာမွာ ညတိုင္းကိုယ္မင္းကိုေစာင့္ေနပါတယ္။

မင္း မလာမခ်င္း ေန႔ရက္တိုင္းကိုယ္အဲ့ဒီေနရာမွာ ရွိေနမွာမလို႔ မင္းကိုယ့္ကို ျပန္ခ်စ္လာတဲ့တစ္ေန႔ကိုယ့္ဆီကို လာခဲ့ေပးပါ။

တသက္လုံးကိုယ့္ကိုျပန္မခ်စ္နိုင္ေတာ့ဘူးဆိုတာ ေသခ်ာရင္ေတာ့ ဒီစာကိုဆုပ္ျဖဲပစ္လို​က္ပါ။ ၿပီးေတယ့ ကိုယ့္ကိုေမ့ပစ္လိုက္ပါ။*

"ေဟာဟဲ...ေဟာဟဲ....ေဟာဟဲ..."

ဆက္တိုက္ေျပးလာတာမလို႔ ေမာဟိုက္ကာေနေသာ အသက္ရွုသံက ပဲ့တင္ထပ္ေနေလ၏။ သူထိုေနရာအား သန္းေခါင္ယံမေက်ာ္ခင္အေရာက္သြားရန္လိုအပ္သည္။ သူထိုေနရာကို မေရာက္နိုင္လ်င္ အရာအားလုံး ဆုံးရွုံးသြားရလိမ့္မည္ဟု ခံစားေနရသည္။ ထို႔ေၾကာင့္ သူအတတ္နိုင္ဆုံး ေျပးေနျခင္းပင္။

ရွဲ႕လ်န္ ဖတ္ျပေသာစာလႊာကိုနားေထာင္ၿပီးတဲ့ေနာက္မွာ ရင္ထဲမွလုံးေထြးေနတဲ့အရာႀကီးကေပါက္ကြဲထြက္လာသလိုခံစားလိုက္ရသည္။ သူတကယ္ပဲ ထိုလူအား မ်က္စိစုံမွိတ္ကာဥေပကၡာျပဳခဲ့မိသည္။ ထိုလူအား သူလႊတ္ခ်ခဲ့မိသည္။

ခ်စ္သည္ဟူေသာ အရာကိုေသခ်ာနားမလည္သည့္သူ႔အဖို႔ နန္းေတာ္ကထြက္မလာခင္အခ်ိန္ထိျဖစ္ေနခဲ့ေသာ အရာအားလုံးက ေပါ့ေပါ့တန္တန္ပင္။ အနားမွာ အျမဲရွိေနခ်ိန္သတိမထားမိခဲ့သည့္ ႏွလုံးသားရဲ့ရင္ခုန္သံက နန္းေတာ္မွ ထြက္ခြာလာၿပီးေနာက္ ထပ္မံကာေကာင္းစြာခုန္ေနျခင္းမရွိေတာ့သည္ကို သတိရမိသည္။

ထိုလူသားကို သူလိုအပ္သည္။ က်န္သူမ်ားက သူ၏တစ္စိတ္တစ္ေဒသဟုဆိုလ်င္ ကၽြင္းဝူသည္ သူ၏ ႏွလုံးသားတစ္ခုလုံးျဖစ္ေပလိမ့္မည္။ ဤသည္ကိုလည္း ထိုစာကိုနားေထာင္မၿပီးမခ်င္း နားမလည္ခဲ့ေပ။ သူသည္ ထိုသို႔ေသာအရာမ်ားကို နားလည္ရန္ အလြန္တရာတုံးအခဲ့သည္။

မ်က္ရည္စက္မ်ားက ေျပးလႊားေနေသာ အရွိန္ႏွင့္အတူ ေနာက္တြင္ေလအလြင့္က်န္ခဲ့ၾကေလ၏။

" ကၽြင္းဝူ.....ငါ့ကိုေစာင့္ေနပါ...."

ခ်ီ႐ုန္က ေျပးရင္းႏွင့္ပင္ အသံက်ယ္ႀကီးျဖင့္ ေအာ္လိုက္ေလ၏။

........................................

" ဧကရာဇ္....ကၽြန္ေတာ္တို႔ ျပန္ၾကရေအာင္ပါ။ ဒီေန႔လည္းသူလာလိမ့္မယ္မထင္ဘူး။"

ေခ်ာက္ကမ္းပါးေစာင္းနားတြင္ ရပ္ေနရင္း ေအာက္ရွိ ေရကန္ကိုလွမ္းၾကည့္ေနမိသည္။ အေပၚယံတြင္ ထိန္ထိန္သာေနေသာ လမင္းႀကီးက ထိုေရကန္တြင္ အလင္းျဖာက်ေနေလ၏။ ေနာက္တြင္ ရပ္ကာေနေသာ ဖုန္းရွင့္၏ စကားေၾကာင့္ ပိုင္ဝူရွန္႔က ေကာင္းကင္ကို ထပ္မံကာၾကည့္လိုက္မိသည္။

" ခုႏွစ္စဥ္ၾကယ္ေတာင္ အျမႇီးေထာင္ေတာ့မွာပါလား။"

" ျဖစ္နိုင္ရင္ မလာပါနဲ႔ေတာ့လား။ ဧကရာဇ္ အရမ္းကိုပင္ပန္းေနပါတယ္။ "

" ငါ မပင္ပန္းပါဘူး။ ငါအဆင္ေျပပါတယ္။ ဒီေန႔ေတာ့ ျပန္ၾကတာေပါ့။"

ပိုင္ဝူရွန္႔က တဖက္သို႔လွည့္လာလိုက္ေတာ့သည္။

" ကၽြင္းဝူ.....ငါ့ကိုေစာင့္...ေဟာဟဲ...ေဟာဟဲ.."

" ႐ုန္အာ...."

သူတို႔ႏွင့္ မနီးမေဝးတြင္ ေရာက္ကာလာေသာ ခ်ီ႐ုန္အား ပိုင္ဝူရွန္႔က တအံ့တၾသၾကည့္ေနမိသည္။ သူ၏မ်က္ဝန္းမ်ားသည္ ျပဴးက်ယ္လ်က္ရွိ၏။ ခ်ီ႐ုန္သည္ လက္တစ္ဖက္ကို ဆန္႔ကာကာထားရင္း စာရြက္ကိုင္ထားေသာလက္က ရင္ဘက္ကိုဖိကာ အေမာေျဖေနသည္။

" ေနအုန္းေနာ္...ငါၿပီးရင္ဆက္ေျပာမယ္။ ခဏေလး...."

ဖုန္းရွင့္ႏွင့္ ပိုင္ဝူရွန္႔ကတစ္ေယာက္ကိုတေယာက္ၾကည့္လိုက္ၾကသည္။ သို႔ေသာ္လည္း ပိုင္ဝူရွန္႔ကပင္ ခပ္ေျဖးေျဖးေျဖလိုက္သည္။

" အင္း....အင္း...ရ...ရပါတယ္။"

"ဟူး...ရၿပီ။"

ခ်ီ႐ုန္က အေမာေျပသြားေလေတာ့ ေျခလွမ္းက်ဲႀကီးမ်ားျဖသ့္ ပိုင္ဝူရွန္႔ဆီသို႔ ဝုန္းဆိုင္းေရာက္ကာလာေတာ့သည္။ ဖုန္းရွင့္က ေနာက္သို႔ဆူတ္ကာေပးလိုက္၏။ ခ်ီ႐ုန္က ပိုင္ဝူရွန္႔အား လက္ထဲရွိဆုပ္ကာထားေသာ စာကိုေထာင္ျပလိုက္ရင္း

" ကၽြင္းဝူ...မင္းဦးေနာက္ပ်က္ေနၿပီလား။ ဒါမွမဟုတ္ ငါ့ကို႔အရွက္ခြဲတာလား။"

"ဘာ...ဘာကိုလဲ။"

ခ်ီ႐ုန္သည္ အတင္းကပ္ကာလာေလ၏။ သူ၏ေျခဖ်ားကိုအတင္းေထာက္ကာ ပိုင္ဝူရွန္႔၏မ်က္ႏွာနားအထိ မွီေအာင္ကပ္ရင္း ရန္ရွာေနသည္။ ဖုန္းရွင့္က တဖက္သို႔မ်က္ႏွာလႊဲထားရင္ ေခ်ာင္းဟန္႔ကာေနသည္။

" ငါစာမဖတ္တတ္ဘူးေလ။ မင္းစာကို ငါဖတ္ရဖို႔ ငါ့မွာ ဝမ္းကြဲအကိုလာမဲ့အခ်ိန္ကိုေစာင့္ေနရတာကြ။ "

"အာ....."

" ထားလိုက္ေတာ့...ထားလိုက္​ေတာ့။ မင္းငါ့ကိုထပ္စမ္းသပ္ေနတာပဲ။"

ခ်ီ႐ုန္က ထိုစာကိုလုံးေခ်ရင္း ပိုင္ဝူရွန္႔ေရွ႕တြင္ပင္လြင့္ပစ္လိုက္သည္။ ထိုအမူအရာေၾကာင့္ ပိုင္ဝူရွန္၏မ်က္ႏွာက ေမွးမွိန္သြားေလ၏။

" ကိုယ္နားလည္ပါၿပီ။ ကိုယ္ေနာက္တေန႔ကစၿပီး ဒီကိူထပ္လာမွာမဟုတ္ေတာ့ပါဘူး။ မင္းကို ထပ္မေႏွာက္ယွက္ေတာ့ဘူး။"

ခ်ီ႐ုန္က ကၽြင္းဝူ၏လည္ပင္းအား သူ၏လက္ႏွစ္ဖက္ျဖင့္ ခ်ိန္တြယ္ပစ္လိုက္ရင္း ဆိုသည္။

" ဘာေတြေျပာေနတာလဲ။ ငါဒီအထိေတာင္ေရာက္လာတာေလ။ မင္းက သြားေတာ့မလို႔လား။"

"......."

ပိုင္ဝူရွန္႔က ခ်ီ႐ုန္ကိုငုံ႔ၾကည့္ကာၾကက္ေသေသေနတုန္းပင္ ခ်ီ႐ုန္ကလွမ္းခုံကာ ပိုင္ဝူရွန္႔၏ခါးကို သူ၏ေျခႏွစ္ဖက္ျဖင့္ လွမ္းခ်ိတ္လိုက္ေလ၏။ ပိုင္ဝူရွန္႔ကလည္း ခ်ီ႐ုန္၏ တင္ပါးကိုလွမ္းဖမ္းလိုက္ရင္း ပင္ထားလိုက္သည္။

ပိုင္ဝူရွန္႔သည္ ခ်ီ႐ုန္ကိုခ်ီထားသည့္အေနအထားတြင္ရွိသည္။ ခ်ီ႐ုန္က အနည္းငယ္ျမင့္သြားတာေၾကာင့္ သူကျပဳံးလ်က္ပင္ ပိုင္ဝူရွန္႔ကိုၾကည့္သည္။ ပိုင္ဝူရွန္႔ကလည္း ခ်ီ႐ုန္ကိုျပန္ၾကည့္ေနရင္း ႏွစ္ဦးသားခ်စ္ၾကည္ႏူးေနၾကသည္။

" ကၽြင္းဝူ...မင္းသိလား။ ငါ ဓားျပတိုက္တဲ့အလုပ္ကိုျပန္လုပ္ခ်င္လို႔...."

" ဘယ္လိုမ်ိဳးလဲ။"

" ဒီတစ္ခါက တကယ္ကိုအခ်ီႀကီးျဖစ္လိမ့္မယ္ထင္တယ္။ ငါ ဒီနိုင္ငံရဲ့ ဧကရာဇ္ကို ဓားစာခံအျဖစ္ဓားျပတိုက္ၿပီး ဖမ္းေခၚထားလိုက္မလို႔....ငါေခါင္းျဖတ္အသတ္ခံရနိုင္လား။"

ပိုင္ဝူရွန္႔ကရီလိုက္သည္။ သူ၏ႏွဖူးျပင္အား ခ်ီ႐ုန္၏ႏွဖူးျပင္ႏွင့္ လွမ္းထိရင္း

" ဘယ္ေလာက္နဲ႔ေရြးရမွာလဲတဲ့။"

" ဒီတစ္ခုက ျပန္ေရြးခြင့္မရွိဘူး။ ဓားျပေခါင္းေဆာင္ရဲ့ မိန္းမအျဖစ္ေျခေတာ္တင္လိုက္မွာမလို႔...."

" အႀကံေကာင္းပဲ။ အေကာင္းအထည္ေဖာ္သင့္တယ္။"

"အဟမ္း...အဟမ္း... ဧကရာဇ္ ဒါဆို ကၽြန္ေတာ္သြားလိုက္ပါအုန္းမယ္။"

ဖုန္းရွင့္၏အသံကိုၾကားေလေတာ့မွ ႏွစ္ေယာက္သားႏွဖူးခ်င္း ထိထားလ်က္ပင္ ေစာင္းကာ ဖုန္းရွင့္အား ၾကည့္လိုက္ၾကသည္။ ပိုင္ဝူရွန္႔က ျပဳံးလ်က္ပင္ ဆို၏။

" ဖုန္းရွင့္....မင္းရဲ့ဧကရာဇ္က ရက္အကန္႔အသက္မရွိထပ္ၿပီးေပ်ာက္သြားျပန္ၿပီ။ ဒီတစ္ခါ မင္းကိုယ္တိုင္လည္း သူ႔ကိုရွာေတြ႕နိုင္မွာမဟုတ္ဘူး။ ငါေျပာတာနားလည္လား။"

"........"

ဖုန္းရွင့္၏ မ်က္ႏွာက အနည္းငယ္မဲ့သြားေလ၏။ သို႔ေသာ္လည္း သူက ဂါရဝျပဳလ်က္ပင္ ႏွုတ္ဆက္လိူက္ေလသည္။

" အမိန္႔ေတာ္အတိုင္းပါ ။"

ဖုန္းရွင့္က အတတ္နိုင္ဆုံး ထိုေနရာမွထြက္သြားေလေတာ့သည္။ ပိုင္ဝူရွန္႔က ခ်ီ႐ုန္ကိုခ်ီထားဆဲပင္။ ႏွစ္ေယာက္သာ အၾကည့္ခ်င္းျပန္ဆုံလိုက္ေလ၏။ ေတာက္ပေနေသာ လေရာင္ေအာက္တြင္ ပိုင္ဝူရွန္႔က ခ်ီ႐ုန္ကို ေတာက္ပေနေသာမ်က္ဝန္းမ်ားျဖင့္ၾကည့္ကာဆိုသည္။

" ႐ုန္အာ....ကိူယ့္ကိုခ်စ္လား။"

" အင္း....ကၽြင္းဝူ ငါမင္းကိုခ်စ္တယ္။"

ခ်ီ႐ုန္ကပင္ ဦးေဆာင္လ်က္သူ၏ႏွုတ္ခမ္းျဖင့္ ပိုင္ဝူရွန္႔၏ႏွူတ္ခမ္းအား စတင္နမ္းရွိူက္လိုက္သည္။ ပိုင္ဝူရွန္႔က မ်က္စိမ်ားကို ဖြင့္ကာထားမိေသာ္လည္း စတင္ကာ နမ္းရွိုက္ေနၿပီျဖစ္ေသာ ခ်ီ႐ုန္ေၾကာင့္ သူကိုယ္တိုင္လည္း မ်က္လုံးမ်ားကိုပိတ္ခ်လိုက္ၿပီး အနမ္းတို႔ကိုၾကာရွည္ေစလိုက္သည္။

ထိန္ထိန္သာေနေသာ လမင္းႀကီး၏အလင္းေရာင္ေအာက္ ႏွုတ္ခမ္းႏွစ္စုံခြာလိုက္ရာမွထြက္ေပၚလာေသာ အခ်စ္ရည္အမၽွင္တန္းမ်ားက ဝင္းလဲ့ေနလ်က္ရွိသည္။

" ဒီက ဓားျပေခါင္းေဆာင္ကို အလုပ္အေကၽြးျပဳမယ္မလား....ကိုယ့္ရဲ့မယားအသစ္ေလး။"

" အမိန္႔အတိုင္းပါ.....ေခါင္းေဆာင္။ ဟားဟားဟားဟားဟားဟား "

"ဟားဟားဟား ဟားဟားဟား ....."

ႏွစ္ဦးသား၏ မ်က္ႏွာခ်င္းဆိုင္ၿပီး ရီေမာသံက ထိုေနရာတစ္ဝိုက္တြင္ ပ်ံ႕လြင့္ကာေနေလေတာ့သည္။

ၿပီးပါၿပီ

Hello အခုဆို ဒီ Fanfiction ေလးကၿပီးဆုံးသြားပါၿပီေနာ္။ ဒီအေတာအတြင္း ဒီလိုမ်ိဳး ကိုယ္ေရာက္တတ္ရာရာေရးျဖစ္တဲ့ Ficေလးကို ဖတ္ေပးၾကလို႔ အားလုံးကို ေက်းဇူးအထူးတင္ပါတယ္ ။ အဆုံးထိလိုက္ပါေပးတဲ့ သူေတြကိုလည္း ေက်းဇူးတင္ပါတယ္ ။ တကယ္လို႔ ဒီ Fiction ေလးကို Update ver တစ္ခုခုလုပ္ျဖစ္ခဲ့မယ္ဆိုရင္ ကိုယ္ထပ္ၿပီးအသိေပးပါမယ္လို႔။ ေက်းဇူးပါ ။ 🙆🙆❤

Continue Reading

You'll Also Like

4.2K 556 6
Title : [အပျင်းကြီးတဲ့ 'ဂျင်းနီ' က ချစ်မိသွားပြီ] [SYSTEM] [အပ်င္းႀကီးတဲ့ 'ဂ်င္းနီ' က ခ်စ္မိသြားၿပီ] [SYSTEM] ************** အပျင်းကြီးပြီး အားနွဲ့ဟန...
111K 11.6K 57
"ខ្ញុំមិនចេះកើតទុក្ខនោះទេហើយខ្ញុំក៏មិនខ្វល់ដែរបើគាត់មិនស្រលាញ់ខ្ញុំខ្ញុំនឹងពង្វក់គាត់ដោយកែវភ្នែកដ៍ស្រស់ស្អាតនឹងភាពផ្អែមល្ហែមរបស់ខ្ញុំ"ថេហ្យុង ពួកគេកើ...
133K 14.1K 9
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."
226K 41.5K 53
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)