ဦးရဲ့သည်းငယ်လေး (Completed)

By Myuekhoe

2.1M 144K 3.8K

သည်းငယ်လေး မင်းကြိုက်သလောက်ဆိုးစမ်းပါ မင်းဆိုးနေတာလေးကို ဦးကချစ်တာမို့လို့ More

Part-1
Part-1(Uni)
Part-2
Part-2(Uni)
Part-3
Part-3(Uni)
Part-4
Part-4(Uni)
Part-5
Part-5(Uni)
Part-6
Part-6(Uni)
Part-7
Part-7(Uni)
Part-8
Part-8(Uni)
Part-9
Part-9(Uni)
Part-10
Part-10(Uni)
Part-11
Part-11(Uni)
Part-12
Part-12(Uni)
Part-13
Parr-13(Uni)
Part-14(Uni)
Part-15
Part-15(Uni)
Part-16
Part-16(Uni)
Part-17
Part-17(Uni)
Part-18
Part-18(Uni)
Part-19
Part-19(Uni)
Part-20
Part-20(Uni)
Part-21
Part-21(Uni)
Part-22
Part-22(Uni)
Part-23
Part-23(Uni)
Part-24
Part-24(Uni)
Part-25
Part-25(Uni)
Part-26
Part-26(Uni)
Part-27
Part-27(Uni)
Part-28
Part-28(Uni)
Part-29
Part-29(Uni)
Part-30
Part-30(Uni)
Part-31
Part-31(Uni)
Part-32
Part-32(Uni)
Part-33
Part-33(Uni)
Part-34
Part-34(Uni)
Part-35
Part-35(Uni)
Parr-36
Part-36(Uni)
Part-37
Part-37(Uni)
Part-38
Part-38(Uni)
Part-39
Part-39(Uni)
Part-40
Part-40(Uni)
Part-41
Part-41(Uni)
Part-42
Part-42(Uni)
Part-43
Part-43(Uni)
Part-44
Part-44(Uni)
Part-45(Final)
Part-45(Uni)(Final)
Please!
Please!
Please!
Please!

Part-14

17.5K 1K 17
By Myuekhoe

"နေမင်း...သား ဒီနှစ်သင်္ကြန် ဦးဇင်းဝတ်မယ်မလား...
မေမေ မနေ့က ဘုန်းဘုန်းကိုလျှောက်ခဲ့တယ်.."

"ဗျာ..."

"ဟုတ်တယ်လေ...မင်းဝတ်နေကျဆိုတော့ မေမေလည်းဝတ်မယ်ဆိုပြီးလျှောက်လာခဲ့တယ်...
ဘာလဲ မင်းကမဝတ်ချင်ဘူးလား..."

မေမေနော် မေမေ..လျှောက်ပြီးမှတော့ မဝတ်ချင်လို့ဘယ်ရတော့ပါ့မလဲ?...
ဒီနှစ်သင်္ကြန် ကလေးနဲ့လျှောက်လည်မယ်လို့တွေးထားခဲ့တာ...
အခုတော့ သာသနာ့ဘောင်ဝင်ပြီး တရားအားထုတ်ရတော့မှာပေါ့...

"မဟုတ်ပါဘူး မေမေရယ်...
ကျွန်တော် ဦးဇင်းဝတ်မှာပါ..."

"အေးအေး...ပြီးတာပဲ...
ဖေကြီးရော ဝတ်မှာလား..."

"ကိုယ်ကတော့ ဘုန်းကြီးကျောင်းသွားပြီး သီလပဲယူတော့မယ်...
ကိုယ်ပါဝတ်လိုက်ရင် မိန်းမတစ်ယောက်ပဲကျန်နေခဲ့တော့မှာပေါ့..."

"ရှင်ကတော့ ပြောတော့မယ်...
အိမ်မှာမအေးတို့လည်းရှိတာပဲ...ဝတ်ချင်ဝတ်ပေါ့..."

"ဟို...ကိုယ်က ရပ်ကွက်ထဲမှာလူကြီးလေ..
ရပ်ကွက်ထဲကကိစ္စတစ်ခုခုဖြစ်တယ်ဆို ဥက္ကဋ္ဌနဲ့အတူကိုယ်ပါရှိနေရမှာလေ...
အဲ့..အဲ့တာကြောင့်မို့လေ..."

"တော်ပါ...ကျွန်မမသိဘူးလို့ထင်နေတာလား...
ရှင် ဘုန်းဘုန်းဆူမှာကြောက်လို့မဟုတ်လား..."

"မ..မဟုတ်ပါဘူး မိန်းမရာ..."

"အပိုတွေ...ရှင့်အကြောင်း ကျွန်မမသိဘူးဆိုတော့...
ဘုန်းဘုန်းက ရှင့်ကိုဘုန်းကြီးကျောင်းလာခဲ့ဖို့တောင် မိန့်လိုက်သေးတယ်..."

"သွားလိုက်ပါမယ်ကွာ..."

"ပြီးတာပဲ...
အဲ့တာဆို..နေမင်း မေမေ ပြင်ထားစရာရှိတာပြင်ထားတော့မယ်..."

"ဟုတ်...မေမေ..."

ကျွန်တော် ဦးဇင်းဝတ်မယ့်ဘုန်းကြီးကျောင်းက..မေမေ့အကို ကျွန်တော့်ရဲ့ဦးလေးကျောင်းဖြစ်တာကြောင့်..ကျွန်တော့်အတွက် အစဉ်မပြေစရာတော့မရှိပါဘူး..။ နှစ်တိုင်းလည်း ဝတ်နေကျဖြစ်သည်..။

ဒီနှစ်ကိုတော့ မဝတ်တော့ဘူးလို့ စဉ်းစားထားပေမဲ့..မေမေက ဘုန်းဘုန်းကိုလျှောက်ခဲ့ပြီးပြီဆိုတော့..ကျွန်တော်က မဝတ်တော့ဘူးလို့ငြင်းလိုက်ရင် ဘုန်းဘုန်းကဆူတော့မှာ..
ဖေဖေတောင် ဘုန်းဘုန်းဆူမှာကိုကြောက်လို့..ဦးဇင်းတောင်မဝတ်ရဲသည်အထိ...

"ဟူး........"

ဆိုပြီး သက်ပြင်းသာအခါခါချနေမိတော့သည်..။ သင်္ကြန်တွင်းမှာ ဟိုကလေးကိုလည်း..အိမ်မှာနေခိုင်းလို့ရမှာမဟုတ်ဘူး...

အပူတွေ...အပူတွေ...
ကလေးနဲ့တွေ့မှ အပြင်မထွက်ဖို့ကို ကောင်းကောင်းနားချရမယ်...။

............................

"အဲ့တာဆို..ဦးက ဦးဇင်းဝတ်မှာပေါ့ဟုတ်လား...
သားက ဦးနဲ့လျှောက်လည်မယ်လို့တွေးထားတာ...ဝေလင်းကိုတောင် ကားစီစဉ်ခိုင်းတာ..
ဟူး.......
ဘုရားတရားလုပ်တာပဲ သားမဖျက်တော့ပါဘူး.."

"ဟင်း....ဦးလည်း ကလေးနဲ့လျှောက်လည်မယ်လို့ စဉ်းစားထားတာ...
မေမေက ဘုန်းဘုန်းကိုလျှောက်ပြီးပြီလေ...
မဝတ်ရင် ဘုန်းဘုန်းက ဦးကိုဆူမှာ..."

"ဟုတ်ပါတယ်လေ...
ဦးလည်း အသက်ကြီးနေပြီပဲ..ဘုရားတရားလုပ်သင့်တာပေါ့..."

"ဘာပြောလိုက်တယ်...ကိုယ့်ကို အိုနေပြီလို့ ပြောချင်တဲ့သဘောပေါ့လေ..ဒီက ၃၀တောင်မပြည့်တာသေးတာကို...
လာခဲ့..ကိုယ့်ကို အိုနေပြီလို့ပြောတဲ့ကလေးကို အပြစ်ပေးရမယ်.." လို့ ဘေးနားမှာထိုင်နေတဲ့ကလေးရဲ့ကိုယ်လေးကို ပေါင်ပေါ်ဆွဲတင်လိုက်ပြီး..ကလိထိုးလိုက်တယ်...

"ခစ်ခစ်...ခစ်ခစ်...ဟားတယ်...
ဦး မလုပ်နဲ့တော့..ယားတယ်ဆို...ခစ်ခစ်..."

"အဲ့တာဆို..ဦးကို ချစ်တယ်လို့ပြော..."

"ခစ်ခစ်...ချစ်တယ်...ချစ်တယ်လို့...တော်တော့..." လို့ ပြောလိုက်တော့မှပဲ ကလိထိုးနေတာကို ရပ်ပေးတော့တယ်..

"နောက်တစ်ခါ အိုနေပြီပြောလို့ကတော့...ဒီလိုကလိပဲထိုးမှာမဟုတ်တော့ဘူး...ဟင်းဟင်း..."

"လူယုတ်မာအသံကြီးနဲ့...
ကလိပဲထိုးမှာမဟုတ်တော့ဘူးဆိုတော့..ခင်ဗျားက ဘာလုပ်ချင်လဲပြော...ဟမ်..." ဆိုပြီး မျက်နှာကိုမော်ကာပြောလာတဲ့ ကောင်လေးကြောင့်...

"သိချင်တယ်ပေါ့လေ..ဟင်းဟင်း..." လို့ပြောလိုက်ပြီး ကလေးကိုထိုင်နေတဲ့ဆိုဖာပေါ့လှဲချကာ...

"ဦး...ဘာလုပ်..အု...အွတ်...အွန်း..."

"မရုန်းနဲ့လေးကွာ...ဦးက နမ်းရုံပဲနမ်းမှာ..."

"အင်း...ပြီးရော..."

"မတွေ့ရမယ့်ရက်တွေအတွက်..အခုထဲက ကြို ပြီးယူထားရမယ်.." လို့ ပြောလိုက်ပြီး ကလေးရဲ့နှုတ်ခမ်းလေးကို စတင်နမ်းလိုက်တယ်..။

အပေါ်နှုတ်ခမ်း အောက်နှုတ်ခမ်း တလှည့်စီစုပ်ယူနမ်းပြီး...လည်တိုင်ဖွေးဖွေးလေးကို အဆင့်တက်မိတယ်..။ လည်တိုင်ကနေတဆင့် ရင်ညွန့်ရိုးထိပါရောက်လာတော့..ကလေးဆီက အသံတွေထွက်လာတယ်...

"အင်း!...အာ့!..ဦး မကိုက်နဲ့...အာ့!...
အရာပေါ်လိမ့်မယ်...အာ့!...အင်း!.."

ဆိုတဲ့ ကလေးရဲ့အသံကိုတောင် ဂရုမစိုက်မိဘဲ...ကျွန်တော့်ရဲ့လက်တွေက ကလေးရဲ့ကျောပြင်တလျှောက်ကို ပွတ်သပ်နေမိတယ်..။ ကျွန်တော့်လက်က ဘောင်းဘီတိုဝတ်လာတဲ့ကလေးရဲ့ပေါင်ဖြူဖြူလေးကို ပွတ်သပ်မိလိုက်တဲ့အချိန်....

*မရဘူး...မရဘူး...နေမင်းဧကရာဇ် မင်းဒီလိုမလုပ်သင့်ဘူး...
ကလေးအပေါ်ကို မင်းအခွင့်အရေးမယူသင့်ဘူး...

ချစ်သူရည်းစားဘဝမှာ မင်းဒီလိုအဆင့်မကျော်သင့်ဘူး...
ဟုတ်တယ်..မင်း လူကြီးလူကောင်းဆန်သင့်တယ်...

ကလေးက မင်းကိုချစ်တာ ဖြူဖြူစင်စင်ချစ်တာ..
မင်းမှာအခုလို ညစ်နွမ်းတဲ့စိတ်မျိုးမထားသင့်ဘူး...ဟုတ်တယ်..*

"ဟုတ်တယ်..."

"ဦး...ဘာဖြစ်လို့လဲ?..."

ကျွန်တော့်ကိုအုပ်မိုးထားကနေ..မျက်လုံးကြီးမှိတ်ပြီး တစ်ခုခုကိုရေရွတ်နေတာမို့...ကျွန်တော်မေးလိုက်ခြင်းဖြစ်သည်..။

"ဟင်....သြော်...ပြွတ်....နမ်းလို့ပြီးပြီ...
ထ...မုန့်စားကြမယ်..."

"အင်းအင်း.." ဆိုပြီး သူဝတ်လာတဲ့ ဂျိုင်းပြတ်အနီလေးကို သေချာပြင်ဝတ်ပြီး ကုန်းထလာတဲ့ကလေးကတော့..ကျွန်တော့်ရဲ့မကောင်းတဲ့စိတ်တွေကို မသိရှာလေဘူး...

"ဦး...သား ထမင်းလိပ်ဝယ်လာတယ်..."

"ဟာ...ဘာလို့ဝယ်လာတာလဲ?...
စားချင် ဦးဝယ်ကျွေးမှာပေါ့...
အဲ့တာကြောင့်..လာကြိုပါမယ်ဆိုတော့လည်း မေမေကလိုက်မေးနေတယ်ဆိုပြီး မလာခိုင်း...
အခုလည်း ကိုယ့်ပိုက်ဆံနဲ့ကိုယ်ဝယ်လာတယ်..
ကလေး မုန့်ဖိုးတွေကုန်တော့မှာပေါ့..."

"မကုန်ပါဘူး...
ဒီပိုက်ဆံက အောက်ဆိုဒ်ရထားတာ...ဟဲဟဲ..."

"အောက်ဆိုဒ်?..."

"ဟုတ်တယ်...ရပ်ကွက်ထဲက အတွဲ၁တွဲကိုအောင်သွယ်ပေးလိုက်တာ...အခုကြိုက်သွားကြပြီ...အဲ့တာ အောင်သွယ်ခပေးတာ..."

"ဟင်း...ကလေးရာ...
ကလေးမုန့်စားချင်ရင် ကိုယ်ဝယ်ကျွေးမယ်နော်...နောက်တစ်ခါ အဲ့လိုမလုပ်နဲ့ကြားလား...
သူတို့အိမ်က မိဘတွေမကြိုက်ရင်..ကြားထဲက ကလေးပဲ ပြသနာတက်မှာ...
နောက်တစ်ခါ ဒီလိုမလုပ်ရဘူးနော်..."

"အင်းပါ...ဒါနောက်ဆုံးပဲနော်..."

"အင်းအင်း...ဦးရဲ့သည်းငယ်လေးက လိမ္မာတယ်..." လို့ ပြောလိုက်ပြီး ခေါင်းလေးကိုပွတ်ပေးလိုက်တယ်..

"ဘာ!!!...ဘယ်က သည်းငယ်လေးလဲ?...
ဦးနေမင်းဧကရာဇ်...
ဒါ ခင်ဗျားဘယ်နှယောက်မြောက်ကိုခေါ်တဲ့နာမည်လဲ?..." လို့ ပြောပြီး ဗိုက်ခေါက်က်ုဆွဲလိမ်လာတဲ့ကလေးကြောင့်...

"အ!...အ!...မဟုတ်ပါဘူး ကလေးရာ...
ဒါ ကလေးကိုချစ်စနိုးနဲ့ခေါ်တာပါ...
မယုံရင် ဦးဖုန်းရဲ့ contact nameကို ဖွင့်ကြည့်လိုက်ပါ..."

"မဟုတ်လို့ကတော့..မလွယ်ဘူးမှတ်..."

ဦးရဲ့ဖုန်းကိုစဖွင့်လိုက်တော့...ပေါ်လာက ကျွန်တော်အိပ်နေတဲ့ပုံ...

"password ပြော.."

"၅၂၉၈ (5298) "

ဟွန့်...passwordတောင် အသားယူထားသေးတယ်...ဦးပြောတဲ့အတိုင်းနှိပ်လိုက်တော့..ပေါ်လာတာက ကျွန်တော်တို့၂ယောက်တွဲရိုက်ထားတဲ့ပုံ...
contact nameကို ဖွင့်ကြည့်လိုက်တော့..ထပ်ဆုံးကပေါ်လာတာက ဦးပြောတဲ့ သည်းငယ်လေး

ကျွန်တော်လည်း အဲ့သည်းငယ်လေးကိုခေါ်လိုက်တော့...ဘေးနားမှာချထားတဲ့ ကျွန်တော့်ရဲ့ဖုန်းက ထမြည်လာတယ်...

"ဟွန်း...သက်သာသွားတယ်မှတ်...
အဖိုးကြီး နောက်မီးလင်းလို့ကတော့နော်...
သူရဖုန်းမြင့်အကြောင်းကောင်းကောင်းသိသွားမယ်..."

"မလင်းရဲ့ပါဘူးဗျာ...
ဒီတစ်ယောက်တောင်ချစ်မဝဖြစ်နေတဲ့ဟာကို.."

"ပြီးတာပဲ...
အဟမ်း...ဒါနဲ့...သားကို ခုနကလိုပဲခေါ်...
သားသဘောကျတယ်.."

"ဘာကို....သြော်...သည်းငယ်လေးလား..."

"အင်း..."

"အား!...ချစ်လိုက်တာ ကလေးရာ...
အယ် မှားလို့ သည်းငယ်လေးရာ...ရွှတ်..ရွှတ်..." လို့ပြောပြီး ကလေးရဲ့ပါးလေးကိုနမ်းလိုက်တယ်...

"အင်းအင်း..သားလည်း ချစ်တယ်..." လို့ ပြောပြီး အပြစ်ကင်းစွာ ထမင်းလိပ်ကိုယူစားနေတယ်...။

ဒီလောက်အပြစ်ကင်းတဲ့ကလေးအပေါ်မှာတောင်...မင်းဘာလို့ မကောင်းတဲ့စိတ်ထားခဲ့ရတာလဲ?...နေမင်းဧကရာဇ်ရာ....

Continue Reading

You'll Also Like

207K 7.8K 36
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
196K 4.8K 71
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
259K 13.1K 42
အမျိုးသမီးတစ်ယောက်ရဲ့အကြီးမားဆုံးသောလျှို့ဝှက်ချက်ဟာ သူမချစ်တဲ့ယောကျာ်းတစ်ယောက်ပဲတဲ့...
135K 19.9K 111
ဘာသာပြန်သူ - စွဲညို့အသင်း။ တစ်ဦးတည်း ပြန်ဆိုခြင်း မဟုတ်ပါ။ ရုတ်တရက်ကြီး ABO လောကကို ကူးပြောင်းလာတဲ့ ပရိုကစားသမားလေး အကြောင်း ဖြစ်ပြီးတော့ ဖယ်ရိုမုန်...