Unicode
အရှင့်အလိုတော်အတိုင်း(6)
"ကနာ..ကိုယ်တို့ ထွက်ပြေးကြရအောင်...".
Kao၏ စကားကြောင့် ကနာ ဆွဲ့အလျက်...
တကယ်တမ်းသာဆိုလျှင် အကိုတော်ရဲ့ လက်ကိုဆွဲပြီး ရေမြေအဆုံးထိ ထွက်ပြေးချင်မိတယ်..သိုသော်လည်း....ကနာ လက်ကို ဖြုတ်ချလိုက်ပြီး
"ကနာ မလိုက်နိုင်ဘူး အကိုတော်..."
"ဘာလို့လဲ ကနာ...ဒီလိုမှ ထွက်မပြေးရင် ကိုယ်တို့ ဝေးရတော့မှာ....မင်းသိရဲ့လား...."
ကနာ Kao ကို ကျောခိုင်းလိုက်ပြီး ကျလာတဲ့ မျက်ရည်ကို သုတ်လိုက်၏။
"ကနာ သိပါတယ်...ဒါပေမယ့် ကနာ တို့အတွက်နဲ့ အပြစ်မဲ့
သူတွေရဲ့ အသက်နဲ့ အဖေနဲ့ အမေရဲ့ အသက်ကို မစတေးနိုင်ဘူး အကိုတော်..."
Kao ကနာ၏နောက်ကျောကို ဖက်လိုက်ပြီး...ကနာ ပခုံးထက် မျက်နှာအပ်လိုက်သည်။
"ကိုယ် ကနာကို ချစ်တယ်...ကနာလည်း ကိုယ်ကိုချစ်တယ်မလား"
ကနာ Kao ဘက်သို့ လှည့်လိုက်ပြီး ပြန်လည်ပွေ့ဖက်လိုက်၏။
"ကနာ အချစ်ဆုံးက အကိုတော်ပါ ဘယ်တော့မှ မပြောင်းလဲသွားမဲ့ အမှန်တရားပါ..."
"ကိုယ်တို့ ဒီလိုပဲ ဝေးရတော့မှာလား....ကိုယ် ကနာကို
အဆုံးရူံး မခံနိုင်လို့ပါ...."
"အကိုတော် ကနာကို ဘယ်တော့မှ မဆုံးရူံးပါဘူး....ကနာ နှလုံးသားထဲမှာ အကိုတော် တစ်ယောက် တည်းပါ.."
ဒီစကားလေးကိုတော့ ထာဝရအတွက်ဖြစ်စေချင်တယ် ကနာ.....
........
မင်းကြီး ညီလာခံ ပြီးကတည်းက စာဖတ်ဆောင်တွင် လျှောက်တင်လွှာများကို ဖတ်နေသည်။
"Lhong ဘယ်ချိန်ရှိပြီလဲ..."
မင်းကြီးက မေးလိုက်တော့
"ညနေစောင်း ချိန် ရောက်နေပါပြီ မင်းကြီး..."
မင်းကြီးလည်း..လျှောက်တင်လွှာများကို ချကာ အဆောင်တော်လှမ်းရန် အပြင်....
အပြင်အစောင့်မှ..."မင်းကြီး အမတ်ချုပ် ဝင်ခွင့်တောင်းပါတယ်..."
"ဝင်ခိုင်းလိုက်...."
"ကျွန်တော်မျိုး မင်းကြီးကို ဂါဝရပြုပါတယ်..."
မင်းကြီး က လက်ရမ်းပြီးသာ ရပြီ ဆိုပြီး အချက်ပြလိုက်တယ်...
"ဘာအကြောင်း လျှောက်တင်မှာမို့ ညီလာခံအထိတောင်.
မစောင့်နိုင်ဘဲ လာရတာလဲ..."
"ကျွန်တော်မျိုး အချိန်လွတ်နှောင်းမူအတွက် ခွင့်လွှတ်ပါ
မင်းကြီး...ကျွန်တော် လျှောက်တင်ရမှာက တောင်းပိုင်းက
ရေဘေးအတွက် စေလွှတ်ထားတဲ့ အရာရှိများ လာဘ်စားတဲ့ စာရင်းနဲ့ပတ်သက်ပြီးပါ....."
......
အနီရောင်တွေ ဆင်မြန်းထားတဲ့ အဆောင်တော်ရဲ့ အလယ်မှာ ကနာ တစ်ယောက် ကုတင်ပေါ် ထိုင်ကာ..
မင်းကြီးကို စောင့်နေရတယ်...
အချိန်သာ လစ်နှောင်းသွားတယ်....မင်းကြီး ရောက်မလာ။
ကနာ ကုတင်ပေါ် ထိုင် အိပ်ငိုက်နေသော်လည်း မအိပ်ရဲ။
ကနာ ဘေးနားမှ အေစခံ ကောင်လေး ဟာလဲ အိပ်ငိုက်နေသည်။
ဒီလိုနဲ့ မိုးသာ လင်းသွားတယ်...မင်းကြီး ရောက်မလာ...
မနက်မိုးလင်းခါနီးတော့ အထိန်းတော်နှင့်တကွ အစေခံများ ရောက်လာပြီး ကနာအား ရေချိုး သန့်ရှင်းပေးကြသည့။
အပြင်နန်းဆောင်မှာ အစေခံမလေးတွေ တစ်ရောက်တစ်ပေါက် ပြောနေကြသည်။
"မင်းကြီး က မနေ့က အဆောင်တော်ကို ခြေတစ်လှမ်း မကြွဘူး..."
"ငါ့တို့ ကြင်ယာတော်ကတော့ သနားဖို့ကောင်းတာ ပထမဆုံးနေ့မှာ တင် ..."
"မင်းကြီးရဲ့ ချစ်မြတ်နိုးမှုသာ မရရင် ငါ့တို့ နန်းဆောင်က
ရေခဲ နန်းဆောင်နဲ့ ဘာကွားခြားမှာလဲ..."
စသည်ဖြင့် အစေခံမလေးများ ပြောနေကြသည့်အသံကို အဆောင်တွင်းမှ ကနာ ကြားသော်လည်း ပြုံးပြုံးလေးသာ
"ကြင်ယာတော်...ဘာကြောင့် သူတို့ပြောတာကို စိတ်မဆိုးရတာလဲ...'လို့ Yo က မေးတော့
"ဘာလို့ စိတ်ဆိုးရမှာလဲ.....သူတို့ ပြောတာလဲ မှန်နေတာပဲကို...."
.......
ကနာ နန်းတွင် ဝင်တာ တစ်လရှိနေပေမယ် မင်းကြီးကို
မတွေ့ရသေး။မင်းကြီးကို မတွေ့ရသော်လည်း...ကနာ..စိတ်မကောင်းမဖြစ်ယ
ကနာ ဖတ်ဖူးသော် ဝတ္ထုစာအုပ်တွေမှာ မင်းကြီးအချစ်ခံရရင်
ကောင်းတဲ့ အဆုံးသတ်တော့ မဟုတ်။
"ကြင်ယာတော် ဒီနေ့ နေသာတယ်...ကျွန်တော်တို့ ဥယျာဉ်တော်ကို လမ်းလျှောက်ထွက် ရအောင်နော်..နော်..."
ကနာ ငြင်းချင်သော်လည်း Yo ဆိုတဲ့ ကောင်လေးက မျက်နှာ
ငယ်လေး ဖြစ်သွားကြောင့် ကနာ လိုက်ပါခဲ့ရ၏။
နန်းတွင်း ဝင်စချိန်က စပြီး အဖေနဲ့အမေကိုလဲလွှမ်းသလို
အကိုတော်ကို လဲ သတိရနေခဲ့တယ်...
ဒါပေမယ့် နန်းတွင်း ဟာ ရှုပ်ထွေးတာကြောင့် သတိရရင်တောင် လွတ်လပ်စွာ တွေ့ခွင့်မရှိ...
ကနာ ဥယျာဉ်တော်အတွင်း..လမ်းလျှောက်ရင်းနဲ့
အရင်က အကိုတော်နဲ့ အတူ နှင်းစက် စုခဲ့တာကို သတိတရဖြစ်မိပြန်တယ်....
လေထဲမှ မြားတစ်စင်း ကနာဆီကို လာနေခဲ့တယ်
ရုတ်တရက် လှမ်းဆွဲလိုက်သော် လက်တစ်စုံကြောင့်
ကနာ တစ်စုံတစ်ယောက်ရဲ ရင်ခွင်ထဲ ရောက်သွားခဲ့တယ်...
ကနာ မော့ကြည့်လိုက်တော့....
.......
😘
Zawgyi
........
"ဝင်ခိုင်းလိုက်...."
......
.......
.......
😘