Black Memory(U+Z)(Completed )

By naykyihtun

1.1M 75.2K 2.9K

ဘုန္းထြဋ္ေခါင္လ်ွံ ႏိႈင္းသုတလ်ွံ ေဆာင္းရာသီေတြကုန္ဆံုးျပီးသြားရင္ ေႏြရာသီကိုေရာက္လာ မွာပဲ။ ငိုခ်င္ေနရင္ငိုခ်လ... More

Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
part-11
part-12
Part-13
Trailer
Part-14
part-15
Part-16
Part-17
Part-18
part-19
part- 20
part-21
Part-22
Part-23
part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Part-32
Part-33
Part-34
Part-35
Part-36
Part-37
Part-38
Part-39
Part-40
Part-41
Part-42
Part-43
Part-44
Part-45
Part-46
Part-47
Part-48(Ending)
Part-49
Part-50
Part- 51
Part-52
Part -53
Part-54
Part-55
Part-56
Part-57
Part-58
Part-59
Part-60
Part-61
Part-62
Part-63
Part-64
Part-65(The End)
Bonus Part( Only Zawgyi)
Bonus Part( Only Unicode )
18.11 Day
18.11 Day..end
For Extra
Interviews Part-1
Interview Part-2
Interview part-3(end)
အသိပေးခြင်း /အသိေပးျခင္း
Order Time
Hello
Extra 🛑

Author Heart

3.1K 225 30
By naykyihtun

Unicode

မင်္ဂလာပါနော်။ စကားနဲနဲလောက်ပြောချင်ပါတယ်။စာတော့ နဲနဲရှည်မှာပါ။

ဒီ Author Heartဆိုတာလေးက 48 Ending
ပြီးကတည်းက ကိုယ်တင်ခဲ့ဖူးပါတယ်။အရင် ကတည်းက ဖတ်ဖူးတဲ့သူတွေဆိုရင်တော့ သိပါလိမ့်မယ်။ဒီဇာတ်လမ်းက ဘယ်လိုအကြောင်းအရာတွေအပေါ်အခြေခံပြီး ဖြစ်လာလဲ ဆိုတာကိုပေါ့။ Unpublish လုပ်ပြီး ပြန်တင်တော့ အဲ့ဒီအပိုင်းကို ကိုယ်ချန်ခဲ့ပါတယ်။ အဆင်မပြေမှာ စိုးရိမ်တဲ့ အမျိုးမျိုးသော စိတ်ကြောင့်ပါ။

ဒါပေမယ့် အခု အားလုံး up ပြီးသွားတဲ့အချိန်မှာတော့ Author Heratကိုလည်း ပြန်တင်ဖို့ ဆုံးဖြတ်လိုက်ပါ တယ်။ Author Heartလို့ ဘာလို့ခေါင်းစဉ်တပ်ရလဲ ဆိုတော့ Black Memoryဆိုတာ နှလုံးသားနဲ့ ရင်းပြီး ရေးခဲ့တဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်လို့ပါ။ ကြီးကြီး ကျယ်ကျယ်ပြောတာမဟုတ်ပါဘူး။
ဒါပေမယ့် နှလုံးသား အတွက် ကြီးကျယ်ပါတယ်။

Readerလေးတို့ထင်ကြမှာပဲ ဒီဇာတ်လမ်းက စိတ်ကူး ယဉ်ပြီး လျှောက်ရေးထားတယ်လို့....တကယ်လည်း စိတ်ကူးယဉ်ပြီး ရေးထားတာပါပဲ။ဒါပေမယ့် နှလုံးသားနဲ့ရင်းပြီး အဖြစ်မှန်က တစ်ဝက်လောက်ရောထားတာပေါ့။

ကိုယ်ဇာတ်လမ်းအသစ်ရေးမယ်လို့ စစဉ်းစားထားတုန်းက ဒီလ်ိုရေးမယ်လို့စိတ်ကူးခဲ့တာမဟုတ်ပါဘူး။ ခေါင်လေး နဲ့နှိုင်းက သူငယ်ချင်းတွေဖြစ်ပြီး နှိုင်းက တိတ်တခိုးချစ်ရသူပါပဲ။ ဒါပေမယ့် နှိုင်းအိမ်က သဘောတူတဲ့သူနဲ့ လက်ထပ်မယ့်နေ့မှာ ခေါင်လေးက တစ်ဖက်မှာ ဘယ်သူမှမသိအောင် မင်္ဂလာပွဲ လုပ်ထားပြီး နှိုင်းကိုခိုးပြေး... မင်္ဂလာ ပွဲကျင်းပ... အဲ့ဒီမှာ ပြသနာတွေဖြစ်....အဲ့လိုမျိုး...ရိုးရိုးလေးပါပဲ။

ဒါပေမယ့် ကိုယ် စာမရေးခင် မန္တလေး ကို အလည်သွားဖြစ် ခဲ့တယ်။ ကိုယ့် သူငယ်ချင်း နဲ့အတူတူသွားတာ...ရှင်းရှင်းပြောရရင် သူက Seme Guyပေါ့။ ကိုယ် စာရေးတာကို သူသိတယ်။တစ်ခါတစ်လေ သူ့ကို မေးဖြစ်တယ်လေ...ယောကျာ်း လေးတွေရဲ့အမူအကျင့်
တွေရယ်ပြောပုံဆိုပုံလေးတွေရယ်။ ဒါပေမယ့် သူ့ဆီမှာ Wattpadမရှိလို့... ကိုယ့်စာတွေသူမဖတ်ဘူး။( ဒါပေမယ့် အခု ကိုယ်စာအုပ်ထုတ်တော့ သူ app install
လုပ်ပြီး ဖတ်နေပြီ။ သူဒီစာမြင်မှာ နဲနဲကြောက်တယ်။Heeex!XD။)

ထားပါ...ပြောချင်တာက ကိုယ့်မှာ ခေါင်လေးလိုပဲသူငယ်ချင်းတစ်ယောက်ရှိတယ်ဆိုပါတော့...ခေါင်လေးလိုတော့မမိုက်ဘူး။ အဓိကဇာတ်ကောင်က အားနဲနေလို့မဖြစ်ဘူးလေ ဟုတ်တယ်မ လား။

ဒါနဲ့ပဲ လမ်းတစ်ဝက်ရောက်တော့ နှစ်ယောက်သား နေ့လယ်စာ စားကြတယ်...အဲ့ချိန်ကိုယ့်ဖုန်းထဲmassageဝင်လာတယ်။ သူ့ရှေ့မှာပဲ ဖွင့်ဖတ်လိုက်မိတယ်ဆိုပါတော့။
သူကကိုယ့်ရည်းစားဟောင်းဆီက စာမြင်သွားပြီး.. နင်အဲ့ကောင်နဲ့ ပြန်ဆက်သွယ်နေတာလား တဲ့...။ကိုယ်က နဲနဲတော့သိုသ်ိပ်တတ်တယ်ဆ်ိုရမယ်။သူ့ကိုဂရုမစိုက်ပဲ...မတွဲပါဘူး ဒီတိုင်းစကားဆက်ပြောဖြစ်နေတာ လို့ ဖြေလိုက်တယ်။ အဲ့ချိန်ထူးထူးဆန်းဆန်းပဲ...
ကိုယ်လိမ်နေတာကို သူသိချင်သိမယ်...ခဏလောက် ပြောသင့်မပြောသင့်စဉ်းစားပြီးမှ....

အဲ့ကောင်က Ukeရုပ်တဲ့... ဘယ်လိုလဲငါ ဂေးဇာတ်သွင်း ပေးမယ်လို့ပြောတယ်။ပြီးတော့ ဟိုရောက်ရင် ငါအခန်းထဲ သာထည့်လိုက်တဲ့ ပြန်ထွက်တာနဲ့ဂေးပြီပဲ...ငါ့ကိုစွဲသွား
စေရမယ်တဲ့။ (အခုပြန်မေးတော့ သူက နင်စိတ်ပြောင်း သွားမလားလို့ စနောက်ပြီးပြောလိုက်တာပါတဲ့)

OMG ....မလုပ်ခိုင်းရက်ပါဘူး..Exကိုချစ်လွန်းလို့ မဟုတ်ဘူး.. ကိုယ့်သူငယ်ချင်းကိုမထိခိုက်စေချင်လို့...။ သူကဆက်ပြောသေးတယ်...အဲ့ကောင်ကို နင်ဘယ်လို
ကြိုက်မှန်းစဉ်းစားမရဘူး...တကယ်လူကောင်းရုပ်မဟုတ်ဘူးတဲ့။

အဲ့တာတော့ကိုယ်မခံဘူး.. ကိုယ်Exပုံစံလေးကအေးအေးလေးနဲ့သန့်သန့်လေး။ သူ့က်ို ဘုတောပြစ်လိုက်တယ်။ ငါ့ဟာငါ ဘယ်သူ့ကိုကြိုက်ကြိုက်နင့်အပူမပါဘူးလို့။
သူ့စိတ်ထဲတစ်မျိုးဖြစ်သွားမယ်ထင်တယ်...နောက်တော့သူ ဆက်မပြောတော့ဘူး။ ဒါနဲ့ပဲ ကိုယ်တို့ မန္တလေး ကို
ခရီးဆက်ခဲ့ကြတယ်။

နွေးနွေးငြိမ်းအောင် ဆိုတာက တစ်ခြားသူမဟုတ်ဘူး။ ကိုယ်ကိုယ်တိုင်ပဲ...ကိုယ့်စရိုက်ကို ကိုယ် ထည့်ရေးရတာ နဲနဲတော့ ရင်နာရတယ် ဆိုပေမယ့်ပေါ့။ စိတ်ကြီးတယ်လို့ ပြောရမလား.... မန္တလေး ရောက်တော့ ကိုယ်နဲ့ကိုယ့်Exနဲ့တွေ့ဖြစ်တယ်...ကိုယ့်သူငယ်ချင်းက အဲ့ချိန် သူ့ဘဲနဲ့ရှိနေတာမို့ ကိုယ့်ကိုယ်အာရုံမရှိဘူးပဲ ထားပါတော့ Dramaဆန်တယ်မလား။

Exကြီးက ကိုယ့်ကို တည်းခိုခန်း ခေါ်သွားတယ်။ ဦးနှောက် က ကျန်တဲ့အချိန်ရှေ့ပြေးနေပြီး အဲ့ချိန်ကျ ဘာမွေတြးမရ
တော့ဘူး ။ခြေဖျားလက်ဖျားတွေအေးလာပြီး
သူလက်ဆွဲခေါ်ရာနောက် လိုက်သွားမိသေးတယ်။ နောက်တော့ သူ ကိုယ့်ကို အရယူဖို့ကြိုးစားမှ...ကိုယ်ဆိုတာလေ ကံလေးကနဲနဲကပ်ကောင်းနေသေးတာ။....ရာသီလာနေတယ်။ အဟက်....(အစက နွေးနွေး ကို
အဓ္ဓမ ကျင့်တဲ့အခန်း အသေးစိတ်ရေးမလို့ပဲ... ရေးဖို့ ဟန်ပြင်တိုင်း လက်တုန်ပြီးငိုချင်လာတာမို့ ကျော်ပစ်လိုက်ရတယ်)။ ကိုယ်ထိခိုက်ခဲ့လို့လားလို့မေးရင်း မဟုတ်ပါဘူး။
အဲ့လောက်ထိလဲ အချစ်နွံကြီးတဲ့သူမဟုတ်ရပါဘူး။ တစ်ခုသော အကြောင်းပြချက်ကြောင့်ပဲ။

ငါနင့်ကိုသိပ်ချစ်ခဲ့တာ။ ဒါပေမယ့် နင်ကတော့ငါ့ကိုတန်ဖိုးမထားဘူး....အဲ့လောက်ပါပဲ...အချစ်ကို စော်ကားခံလိုက်ရသလိုပဲ နာကျင်တယ်လေ။ အဲ့မှာ ဇာတ်လမ်း စတာပဲ။

ငါလေ သူ့စကားကိုနားထောင်ခဲ့ရမှာ လို့ တွေးမိပြီး ကိုယ့်ပါးကိုယ်ပြန်ချချင်လာတယ်။အရင်ရည်းစားဟောင်းနဲ့ ပြန်ဆက်မသွယ်ပဲနေခဲ့ရမှာလို့ အကြိမ်ကြိမ်တွေးပြီး ဒီဇာတ်လမ်းကို ဖန်တီးဖို့ ဇာတ်ကောင်တွေကို ဖန်တီးတော့
တယ်။

လားရှိုး ပြန်ရောက်တော့ စာတွေနဲ့လုံးပန်း အိမ် ပြန်ရောက်တာနဲ့ အပြင်မှာဘာမှမလုပ်ခဲ့ရသမျှ Ficထဲမှာ ကလဲ့စားချေဖို့ကြိုးစားတော့တာပဲ။အငြိုးကြီးတဲ့မိန်းမပါ ကိုယ်က။
ကိုယ့်စိတ်ကူးထဲမှာ ကိုယ့်Exကအကြိမ်ကြိမ်အဓ္ဓမ အကျင့်ခံရပြီး သေသွားပြီ။

စိတ်ပုတ်စိတ်ယုတ်တွေနဲ့ ဇာတ်လမ်းကိုစရေးခဲ့တယ်။ အပြီးသတ်ခဲ့တဲ့နေ့မှာ ကိုယ့်ရဲ့စိတ်ထားဖြူဖြူလေး ပြန်ရောက်လာတယ်။(အမယ် စိတ်ထားဖြူဖြူလေးတဲ့)။
အတိတ်ဆိုးတွေကို မှတ်ဉာဏ်တွေထဲမှာသိမ်းမထာချင်လို့ထွက်ပေါက်အဖြစ် စာ ချရေးလိုက်တယ်။ ဇာတ်လမ်းနာမည်ကို ဘာပေးရမှန်းမသိလို့ Black Memoryလို့ ထွင်းခဲ့တယ်။ ဒါက ကိုယ့်အတွက် အတွေ့အကြုံ အသစ်ကြီးပဲ။ ပြီးတော့ အဲ့ဒီအတွေ့အကြုံကနေ သင်ခန်စာတွေ။လေ့လာစရာတွေအများကြီး ထပ်တိုးလာခဲ့တယ်။ အကောင်းဆုံးဖန်တီနိုင်ခဲ့တယ်လို့ ကိုယ့်ကိုယ်ကိုယ်
ယုံကြည်တယ်။

ယုံကြည်ခဲ့တဲ့အတိုင်းပဲ NaykyiHtun ဆိုတာကို readerတွေအများကြီး သိလာခဲ့တယ်။ Naykyihtun collectionဆိုပြီး Library သက်သက် ထားပေးခဲ့ကြတယ်။ ကိုယ်သဘာ ကျတဲ့ Author တွေရဲ့ fictionတွေနဲ့ library တစ်ခုတည်းအတူတူ ထားပေးကြတာက်ိုလည်း တွေ့ရတယ်။ တကယ်ပျော်ပြီးတော့ ပီတိတွေလည်း ဖြစ်ရတယ်။ ကျေးဇူးလည်းအများကြီးတင်ပါတယ်။

ဒါပေမယ့် BM ပြီးသွားတဲ့အချိန်မှာ မေးခွန်းမေးစရာတွေ အများကြီးရှိနေခဲ့မှန်း သိလိုက်ရတယ်။ တစ်ခါတလေ ပြန်စဉ်းစားမိတယ်။ ဘာလို့မေးစရာတွေရှိနေတာလဲပေါ့။
စဉ်းစားကြည့်လိုက်တော့ အရာအားလုံးရဲ့ အဓိက တရားခံက ဘုန်းထွဋ်ခေါင်လျှံ ဖြစ်နေတယ်။ ဒါနဲ့ပဲ မေးချင်တဲ့ မေးခွန်းတွေမေးဖို့ Readerတွေကို ကိုယ်ပြောခဲ့တယ်။ Readerလေးတွေ ကလည်း အများကြီးမေးပေးကြတယ်။ အဲ့လိုမေးခွန်းတွေ ဖြေပေးရတာကို တကယ်သဘောကျမိပါတယ်။ ဒါပေမယ့် အားလုံးရဲ့ မေးခွန်းတွေထဲမှာ မပါတာ
တစ်ခုရှိသေးတယ်။ ဘာလို့ ခေါင်လေးကနှိုင်းကို သေနတ်နဲ့ပစ်လိုက်တညလဲ ဆိုတာပါ။ အဲ့ဒါကို ကိုယ့်အစ်မက massagerထိ ဒေါပွပြီး လာမေးဖူးပါတယ်။

ဘာလို့ သေနတ်နဲ့ပစ်လိုက်တာလဲဆိုတော့  အမှတ်အသား လုပ်တဲ့သဘောမျိုးပါ။ နာကျင်မယ်ဆိုတာသိပေမယ့် အဲ့လိုမှမလုပ်ရင် အသက်ပါဆုံးရှုံးသွားနိုင်တဲ့အနေအထား
မို့လို့ပါ။

နောက်တစ်ခု အငြင်းပွားစရာက ခေါင်လေးရဲ့ဦးစားပေးက နှိုင်းမဟုတ်ဘူး ဆိုတာပါ။ ဇာတ်လမ်းအစကနေ အဆုံးထိ
ဒါက ပြဿနာပါပဲ။ ဒါပေမယ့် ကိုယ်ဖြေရှင်းဖို့ အသည်း အသန် မကြိုးစားထားပါဘူး။ ဘာလို့လဲဆိုတော့ နှိုင်း ဆိုတာ ခေါင်လေးရဲ့ အမြင်မှာ အားနဲတဲ့သူ တစ်ယောက်မဟုတ်ပါဘူး။ တည်ကြည်လေးနက်ပြီး လူကြီးဆန်တဲ့သူမို့လို့ သူ့ထက်အရာရာ ရင့်ကျက်လိမ့်မယ်လို့ သူတွေးခဲ့တာကြောင့်ပါ။ နှိုင်းထက်စာရင် ကျန်တဲ့သူတွေက ကိုယ့်ဟာကိုယ်မရပ်တည်နိုင်သေးဘူးလို့ သူစိတ်ထဲမှာ မှတ်သားထားတာကြောင့်.... နှိုင်း ကို မရွေးချယ်ခဲ့တာပါ။

ဒါပေမယ့် နောက်ပိုင်း အချစ်ကိုအချစ်လို့ ကောင်းကောင်း မွန်မွန် သိရှိနာလည်လာတဲ့အခါ... အရာအားလုံးကို ပြုပြင်ဖို့
သူကြိုးစားခဲ့ပါတယ်။ ပြုပြင်တယ်ဆိုတာကလည်း လက်တွေ့မှာ ချက်ချင်းကြီး ပြောင်းလဲပစ်လို့မရတဲ့အရာတွေအများကြီးရှိပါတယ်။ ဒါကြောင့်ပဲ ချစ်သူရည်းစား လက်တွဲဖော်တွေနဲ့ပတ်သတ်ပြီး စကားများစရာတွေ
အမြဲတမ်းမကုန်နိုင်မခမ်းနိုင်ဖြစ်နေကြတယ်လို့ ထင်ပါတယ်။

ဒီလိုအကြောင်းကြောင်းတွေကြောင့်ပဲ ခံစားချက်တွေ သိပ်မဖော်ပြတတ်တဲ့ကောင်လေးအတွက် ကိုယ် ဖြေရှင်းတာတွေသိပ်မလုပ်ခဲ့ပါဘူး။နောက်ပြီး ဒီဇာတ်လမ်းမှာ
အချစ်တွေအများကြီးထည့်ရေးလိုက်တဲ့အခါ နောက်ဆုံး ကိုယ့်ဆီမှာ အချစ်တွေမကျန်တော့ပါဘူး။ ရင်ထဲမှာ ဘာမှမရှိတော့သလို ဗလာဖြစ်သွားခဲ့ပါတယ်။

ဇာတ်လမ်းအသစ်ရေးဖို့ ခံစားချက်တွေလည်း ဆွဲထုတ်လို့မရအောင် ဖြစ်သွားခဲ့ပါတယ်။ အဲ့ဒါကြောင့် ခံစားချက်တွေကို ပြန်လည်မွေးဖွားဖို့ Dear!Hunter
Guysကို ရေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ကိုယ်အခု မင်းစောရာပြည့် ရဲ့ ခံစားချက်မဲ့နေမူကို အသက်သွင်းပေမယ့် ဒီရေချင်းကို ဖန်တီးဖို့ ကြိုးစားနေပါတယ်။ (ကြော်ငြာပါ)

နောက်ပြီး Bookcoverနဲ့ပတ်သက်လို့ Fictionထဲ မှာထက် ခေါင်လေးဆံပင်က နဲနဲပိုရှည်နေပါတယ်။ ရှူ့ထောင်အမျိုးမျိုးက ကြည့်ရင် ဆံပင်အဲ့လိုလေးရှည်နေတာက ပိုပေါ်မယ်ထင်လို့ ကိုယ်မပြင်ပေးခိုင်းခဲ့တာပါ။ တွေးထားတာနဲ့တစ်ထပ်တည်း မကျရင် နားလည်ပေးကြပါဦး ။

နောက်ပြီး ကျန်သေးတာ တစ်ခုက စာအုပ်မှာ Author Sign မပါပါဘူး ။ ကိုယ်က ရှမ်းပြည်မှာနေတာဆိုတော့ ထိုးပေးလို့ အဆင်မပြေလို့ပါနော်။ အဲ့ဒီအတွက်လည်း တကယ်စိတ်မကောင်ပါဘူး။ နောက်ဆုံးအနေနဲ့အထူး သတိပေးချင်တာက Black Memoryဟာ
ကိုယ့်ရဲ့ ပထမဦးဆုံး နဲ့ နောက်ဆုံးအကြိမ် စာအုပ် ထုတ်ခြင်းပါ။ နောက်ထပ် ရေးသမျှတွေကို စာအုပ် ထုတ်မှာမဟုတ်တော့ပါဘူး။

နိဂုံးချုပ်အနေနဲ့ ပြောနေကြအတိုင်းပဲ love you allပါ။ Readerလေးတွေအားလုံးကို အရမ်းချစ်ပါတယ်။ ကျေးဇူးလည်း အများကြီးတင်ပါတယ်။ BLack Memory လေးကို အိမ်ခေါ်ထားပေးကြတဲ့အတွက် ကျေးဇူးပါ။ အကယ်၍များ ကိုယ် စာအုပ်အတွက်
စာမူခ... နဲသည်ဖြစ်စေ။များသည်ဖြစ်စေ...ရခဲ့သည်ရှိသော် Covid case အတွက် ဒါမှမဟုတ် အခြားအ လှူ တစ်ခုခုအတွက် ကလေးတွေကို ရည်ရွယ်ပြီး လှူဒါန်းသွားပါ့မယ်။ ကိုယ့်အတွက်တော့ ကိုယ့်ကောင်လေးတွေဟာ သက်ရှိလူသားလေးတွေနဲ့သိပ်တူပါတယ်။

စာအရှည်ကြီးကို ဖတ်ပေးလို့ ကျေးဇူးအများကြီး အများကြီးတင်ပါတယ်နော်။

Love you all💚💚💚

..................................................

Zawgyi

မဂၤလာပါေနာ္။ စကားနဲနဲေလာက္ေျပာခ်င္ပါတယ္။စာေတာ့
နဲနဲ႐ွည္မွာပါ။

ဒီ Author Heartဆိုတာေလးက 48 Ending
ၿပီးကတည္းက ကိုယ္တင္ခဲ့ဖူးပါတယ္။အရင္ ကတည္းက
ဖတ္ဖူးတဲ့သူေတြဆိုရင္ေတာ့ သိပါလိမ့္မယ္။ဒီဇာတ္လမ္းက
ဘယ္လိုအေၾကာင္းအရာေတြအေပၚအေျခခံၿပီး ျဖစ္လာလဲ
ဆိုတာကိုေပါ့။ Unpublish လုပ္ၿပီး ျပန္တင္ေတာ့
အဲ့ဒီအပိုင္းကို ကိုယ္ခ်န္ခဲ့ပါတယ္။ အဆင္မေျပမွာ
စိုးရိမ္တဲ့ အမ်ိဳးမ်ိဳးေသာ စိတ္ေၾကာင့္ပါ။

ဒါေပမယ့္ အခု အားလံုး up ၿပီးသြားတဲ့အခ်ိန္မွာေတာ့
Author Heratကိုလည္း ျပန္တင္ဖို႔ ဆံုးျဖတ္လိုက္ပါ
တယ္။ Author Heartလို႔ ဘာလို႔ေခါင္းစဥ္တပ္ရလဲ
ဆိုေတာ့ Black Memoryဆိုတာ ႏွလံုးသားနဲ႔
ရင္းၿပီး ေရးခဲ့တဲ့ ဇာတ္လမ္းေလးတစ္ပုဒ္ျဖစ္လို႔ပါ။ ႀကီးႀကီး
က်ယ္က်ယ္ေျပာတာမဟုတ္ပါဘူး။ ဒါေပမယ့္ ႏွလံုးသား
အတြက္ ႀကီးက်ယ္ပါတယ္။

Readerေလးတို႔ထင္ၾကမွာပဲ ဒီဇာတ္လမ္းက စိတ္ကူး
ယဥ္ၿပီး ​ေလ်ွာက္ေရးထားတယ္လို႔....တကယ္လည္း စိတ္ကူးယဥ္ၿပီး ေရးထားတာပါပဲ။ဒါေပမယ့္ နွလံုးသားနဲ႕ရင္းျပီး
အျဖစ္မွန္က တစ္ဝက္ေလာက္ေရာထားတာေပါ့။

ကိုယ္ဇာတ္လမ္းအသစ္ေရးမယ္လို႔ စစဥ္းစားထားတုန္းက
ဒီလ္ုိေရးမယ္လို႔စိတ္ကူးခဲ့တာမဟုတ္ပါဘူး။ ေခါင္ေလး
နဲ႔ႏိႈင္းက သူငယ္ခ်င္းေတြျဖစ္ၿပီး ႏိႈင္းက တိတ္တခိုးခ်စ္ရသူပါပဲ။ ဒါေပမယ့္ ႏိႈင္းအိမ္က သေဘာတူတဲ့သူနဲ႔ လက္ထပ္
မယ့္ေန႔မွာ ေခါင္ေလးက တစ္ဖက္မွာ ဘယ္သူမွမသိေအာင္ မဂၤလာပြဲ လုပ္ထားၿပီး ႏိႈင္းကိုခိုးေျပး... မဂၤလာ ပြဲက်င္းပ... အဲ့ဒီမွာ ျပသနာေတြျဖစ္....အဲ့လိုမ်ိဳး...ရိုးရိုးေလးပါပဲ။

ဒါေပမယ့္ ကိုယ္ စာမေရးခင္ မႏၲေလး ကို အလည္သြားျဖစ္
ခဲ့တယ္။ ကိုယ့္ သူငယ္ခ်င္း နဲ႔အတူတူသြားတာ...
႐ွင္း႐ွင္းေျပာရရင္ သူက Seme Guyေပါ့။
ကိုယ္ စာေရးတာကို သူသိတယ္။တစ္ခါတစ္ေလ သူ႔ကို
ေမးျဖစ္တယ္ေလ...ေယာက်ာ္း ေလးေတြရဲ႕အမူအက်င့္
ေတြရယ္ေျပာပံုဆိုပံုေလးေတြရယ္။ ဒါေပမယ့္ သူ႔ဆီမွာ
Wattpadမရိွလို႔... ကိုယ့္စာေတြသူမဖတ္ဘူး။( ဒါေပမယ့္
အခု ကိုယ္စာအုပ္ထုတ္ေတာ့ သူ app install
လုပ္ၿပီး ဖတ္ေနၿပီ။ သူဒီစာျမင္မွာ နဲနဲေၾကာက္တယ္။
Heeex!XD။)

ထားပါ...ေျပာခ်င္တာက ကိုယ့္မွာ ေခါင္ေလးလိုပဲသူငယ္ခ်င္းတစ္ေယာက္ရိွတယ္ဆိုပါေတာ့...ေခါင္ေလးလိုေတာ့
မမိုက္ဘူး။ အဓိကဇာတ္ေကာင္က အားနဲေနလို႔မျဖစ္ဘူးေလ ဟုတ္တယ္မ လား။

ဒါနဲ႔ပဲ လမ္းတစ္ဝက္ေရာက္ေတာ့ ႏွစ္ေယာက္သား
ေန႔လယ္စာ စားၾကတယ္...အဲ့ခ်ိန္ကိုယ့္ဖုန္းထဲmassage
ဝင္လာတယ္။ သူ႔ေ႐ွ႕မွာပဲ ဖြင့္ဖတ္လိုက္မိတယ္ဆိုပါေတာ့။
သူကကိုယ့္ရည္းစားေဟာင္းဆီက စာျမင္သြားၿပီး..
နင္အဲ့ေကာင္နဲ႔ ျပန္ဆက္သြယ္ေနတာလား တဲ့...။
ကိုယ္က နဲနဲေတာ့သိုသ္ိပ္တတ္တယ္ဆ္ုိရမယ္။
သူ႔ကိုဂ႐ုမစိုက္ပဲ...မတြဲ ပါဘူး ဒီတိုင္းစကားဆက္ေျပာျဖစ္ေနတာ လို႔ ေျဖလိုက္တယ္။ အဲ့ခ်ိန္ထူးထူးဆန္းဆန္းပဲ...
ကိုယ္လိမ္ေနတာကို သူသိခ်င္သိမယ္...ခဏေလာက္
ေျပာသင့္မေျပာသင့္စဥ္းစားၿပီးမွ....

အဲ့ေကာင္က Uke႐ုပ္တဲ့... ဘယ္လိုလဲငါ ေဂးဇာတ္သြင္း
ေပးမယ္လို႔ေျပာတယ္။ၿပီးေတာ့ ဟိုေရာက္ရင္ ငါအခန္းထဲ
သာထည့္လိုက္တဲ့ ျပန္ထြက္တာနဲ႔ေဂးၿပီပဲ...ငါ့ကိုစြဲသြား
ေစရမယ္တဲ့။ (အခုျပန္ေမးေတာ့ သူက နင္စိတ္ေျပာင္း
သြားမလားလို႔ စေနာက္ၿပီးေျပာလိုက္တာပါတဲ့)

OMG ....မလုပ္ခိုင္းရက္ပါဘူး..Exကိုခ်စ္လြန္းလို႔
မဟုတ္ဘူး.. ကိုယ့္သူငယ္ခ်င္းကိုမထိခိုက္ေစခ်င္လို႔...။
သူကဆက္ေျပာေသးတယ္...အဲ့ေကာင္ကို နင္ဘယ္လို
ႀကိဳက္မွန္းစဥ္းစားမရဘူး...တကယ္လူေကာင္း႐ုပ္မဟုတ္
ဘူးတဲ့။

အဲ့တာေတာ့ကိုယ္မခံဘူး.. ကိုယ္Exပံုစံေလးကေအးေအးေလးနဲ႔သန္႔သန္႔ေလး။ သူ႔က္ုိ ဘုေတာျပစ္လိုက္တယ္။
ငါ့ဟာငါ ဘယ္သူ႔ကိုႀကိဳက္ႀကိဳက္နင့္အပူမပါဘူးလို႔။
သူ႔စိတ္ထဲတစ္မ်ိဳးျဖစ္သြားမယ္ထင္တယ္...ေနာက္ေတာ့သူ
ဆက္မေျပာေတာ့ဘူး။ ဒါနဲ႔ပဲ ကိုယ္တို႔ မႏၲေလး ကို
ခရီးဆက္ခဲ့ၾကတယ္။

ေႏြးေႏြးၿငိမ္းေအာင္ ဆိုတာက တစ္ျခားသူမဟုတ္ဘူး။
ကိုယ္ကိုယ္တိုင္ပဲ...ကိုယ့္စ႐ိုက္ကို ကိုယ္ ထည့္ေရးရတာ
နဲနဲေတာ့ ရင္နာရတယ္ ဆိုေပမယ့္ေပါ့။ စိတ္ႀကီးတယ္လို႔
ေျပာရမလား.... မႏၲေလး ေရာက္ေတာ့ ကိုယ္နဲ႔ကိုယ္႔Exနဲ႔
ေတြ႔ျဖစ္တယ္...ကိုယ့္သူငယ္ခ်င္းက အဲ့ခ်ိန္ သူ႔ဘဲနဲ႔ရိွေနတာမို႔
ကိုယ့္ကိုယ္အာရံုမရိွဘူးပဲ ထားပါေတာ့ Dramaဆန္တယ္မလား။

Exႀကီးက ကိုယ့္ကို တည္းခိုခန္း ေခၚသြားတယ္။ ဦးေနွာက္ က က်န္တဲ့အခ်ိန္ေ႐ွ႕ေျပးေနၿပီး အဲ့ခ်ိန္က် ဘာမွေတြးမရ
ေတာ့ဘူး ။ေျခဖ်ားလက္ဖ်ားေတြေအးလာၿပီး
သူလက္ဆြဲေခၚရာေနာက္ လိုက္သြားမိေသးတယ္။
ေနာက္ေတာ့ သူ ကိုယ့္ကို အရယူဖို႔ႀကိဳးစားမွ...
ကိုယ္ဆိုတာေလ ကံေလးကနဲနဲကပ္ေကာင္းေနေသးတာ။
...ရာသီလာေနတယ္။ အဟက္....(အစက ေႏြးေႏြး ကို
အဓၶမ က်င့္တဲ့အခန္း အေသးစိတ္ေရးမလို႔ပဲ... ေရးဖို႔
ဟန္ျပင္တိုင္း လက္တုန္ၿပီးငိုခ်င္လာတာမို႔ ေက်ာ္ပစ္လိုက္ရတယ္)။ ကိုယ္ထိခိုက္ခဲ့လို႔လားလို႔ေမးရင္း မဟုတ္ပါဘူး။
အဲ့ေလာက္ထိလဲ အခ်စ္ႏြံႀကီးတဲ့သူမဟုတ္ရပါဘူး။
တစ္ခုေသာ အေၾကာင္းျပခ်က္ေၾကာင့္ပဲ။

ငါနင့္ကိုသိပ္ခ်စ္ခဲ့တာ။ ဒါေပမယ့္ နင္ကေတာ့ငါ့ကို
တန္ဖိုးမထားဘူး....အဲ့ေလာက္ပါပဲ...အခ်စ္ကို
ေစာ္ကားခံလိုက္ရသလိုပဲ နာက်င္တယ္ေလ။
အဲ့မွာ ဇာတ္လမ္း စတာပဲ။

ငါေလ သူ႕စကားကိုနားေထာင္ခဲ့ရမွာ လို႔ ေတြးမိၿပီး
ကိုယ့္ပါးကိုယ္ျပန္ခ်ခ်င္လာတယ္။အရင္ရည္းစားေဟာင္းနဲ႔
ျပန္ဆက္မသြယ္ပဲေနခဲ့ရမွာလို႔ အႀကိမ္ႀကိမ္ေတြးၿပီး
ဒီဇာတ္လမ္းကို ဖန္တီးဖို႔ ဇာတ္ေကာင္ေတြကို ဖန္တီးေတာ့
တယ္။

လားရိွဳး ျပန္ေရာက္ေတာ့ စာေတြနဲ႔လံုးပန္း အိမ္ ျပန္ေရာက္
တာနဲ႔ အျပင္မွာဘာမွမလုပ္ခဲ့ရသမ်ွ Ficထဲမွာ ကလဲ့စား
ေခ်ဖို႔ႀကိဳးစားေတာ့တာပဲ။အၿငိဳးႀကီးတဲ့မိန္းမပါ ကိုယ္က။
ကုိယ့္စိတ္ကူးထဲမွာ ကိုယ့္Exကအႀကိမ္ႀကိမ္အဓၶမ အက်င့္ခံရၿပီး ေသသြားၿပီ။

စိတ္ပုတ္စိတ္ယုတ္ေတြနဲ႔ ဇာတ္လမ္းကိုစေရးခဲ့တယ္။
အၿပီးသတ္ခဲ့တဲ့ေန႔မွာ ကိုယ့္ရဲ႕စိတ္ထားျဖဴျဖဴေလး
ျပန္ေရာက္လာတယ္။(အမယ္ စိတ္ထားျဖဴျဖဴေလးတဲ့)။
အတိတ္ဆိုးေတြကို မွတ္ဥာဏ္ေတြထဲမွာသိမ္းမထာခ်င္လို႔
ထြက္ေပါက္အျဖစ္ စာ ခ်ေရးလိုက္တယ္။
ဇာတ္လမ္းနာမည္ကို ဘာေပးရမွန္းမသိလို႔ Black
Memoryလို႔ ထြင္းခဲ့တယ္။ ဒါက ကိုယ့္အတြက္
အေတြ႔အၾကံဳ အသစ္ႀကီးပဲ။ ၿပီးေတာ့ အဲ့ဒီအေတြ႔အၾကံဳကေန
သင္ခန္စာေတြ။ေလ့လာစရာေတြအမ်ားႀကီး ထပ္တိုးလာခဲ့
တယ္။ အေကာင္းဆံုးဖန္တီႏိုင္ခဲ့တယ္လို႔ ကိုယ့္ကိုယ္ကိုယ္
ယံုၾကည္တယ္။

ယံုၾကည္ခဲ့တဲ့အတိုင္းပဲ NaykyiHtun ဆိုတာကို readerေတြအမ်ားႀကီး သိလာခဲ့တယ္။ Naykyihtun collectionဆိုၿပီး Library သက္သက္ ထားေပးခဲ့ၾကတယ္။ ကိုယ္သေဘာ က်တဲ့ Author ေတြရဲ႕ fictionေတြနဲ႔ library တစ္ခုတည္းအတူတူ ထားေပးၾကတာက္ုိ
လည္း ေတြ႔ရတယ္။ တကယ္ေပ်ာ္ၿပီးေတာ့ ပီတိေတြလည္း
ျဖစ္ရတယ္။ ေက်းဇူးလည္းအမ်ားႀကီးတင္ပါတယ္။

ဒါေပမယ့္ BM ၿပီးသြားတဲ့အခ်ိန္မွာ ေမးခြန္းေမးစရာေတြ
အမ်ားႀကီးရိွေနခဲ့မွန္း သိလိုက္ရတယ္။ တစ္ခါတေလ
ျပန္စဥ္းစားမိတယ္။ ဘာလို႔ေမးစရာေတြရိွေနတာလဲေပါ့။
စဥ္းစားၾကည့္လိုက္ေတာ့ အရာအားလံုးရဲ႕ အဓိက တရားခံက ဘုန္းထြဋ္ေခါင္လ်ွံ ျဖစ္ေနတယ္။ ဒါနဲ႔ပဲ ေမးခ်င္တဲ့
ေမးခြန္းေတြေမးဖို႔ Readerေတြကို ကိုယ္ေျပာခဲ့တယ္။ Readerေလးေတြ ကလည္း အမ်ားႀကီးေမးေပးၾကတယ္။ အဲ့လိုေမးခြန္းေတြ ေျဖေပးရတာကို တကယ္သေဘာက်မိပါတယ္။ ဒါေပမယ့္ အားလံုးရဲ႕ ေမးခြန္းေတြထဲမွာ မပါတာ
တစ္ခုရိွေသးတယ္။ ဘာလို႔ ေခါင္ေလးကႏိႈင္းကို ေသနတ္နဲ႔
ပစ္လိုက္တာလဲ ဆိုတာပါ။ အဲ့ဒါကို ကိုယ့္အစ္မက massagerထိ ​ေဒါပြၿပီး လာေမးဖူးပါတယ္။

ဘာလို႔ ေသနတ္နဲ႔ပစ္လိုက္တာလဲဆိုေတာ့  အမွတ္အသား
လုပ္တဲ့သေဘာမ်ိဳးပါ။ နာက်င္မယ္ဆိုတာသိေပမယ့္
အဲ့လိုမွမလုပ္ရင္ အသက္ပါဆံုး႐ွံုးသြားႏိုင္တဲ့အေနအထား
မို႔လို႔ပါ။

ေနာက္တစ္ခု အျငင္းပြားစရာက ေခါင္ေလးရဲ႕ဦးစားေပးက
ႏိႈင္းမဟုတ္ဘူး ဆိုတာပါ။ ဇာတ္လမ္းအစကေန အဆံုးထိ
ဒါက ျပႆနာပါပဲ။ ဒါေပမယ့္ ကိုယ္ေျဖ႐ွင္းဖို႔ အသည္း
အသန္ မႀကိဳးစားထားပါဘူး။ ဘာလို႔လဲဆိုေတာ့
ႏိႈင္း ဆိုတာ ေခါင္ေလးရဲ႕ အျမင္မွာ အားနဲတဲ့သူ
တစ္ေယာက္မဟုတ္ပါဘူး။ တည္ၾကည္ေလးနက္ၿပီး
လူႀကီးဆန္တဲ့သူမို႔လို႔ သူ႔ထက္အရာရာ ရင့္က်က္လိမ့္မယ္လို႔
သူေတြးခဲ့တာေၾကာင့္ပါ။ ႏိႈင္းထက္စာရင္ က်န္တဲ့သူေတြက
ကိုယ့္ဟာကိုယ္မရပ္တည္ႏိုင္ေသးဘူးလို႔ သူစိတ္ထဲမွာ
မွတ္သားထားတာေၾကာင့္.... ႏိႈင္း ကို မေရြးခ်ယ္ခဲ့တာပါ။

ဒါေပမယ့္ ေနာက္ပိုင္း အခ်စ္ကိုအခ်စ္လို႔ ေကာင္းေကာင္း
မြန္မြန္ သိရိွနာလည္လာတဲ့အခါ... အရာအားလံုးကို ျပဳျပင္ဖို႔
သူႀကိဳးစားခဲ့ပါတယ္။ ျပဳျပင္တယ္ဆိုတာကလည္း လက္ေတြ႔
မွာ ခ်က္ခ်င္းႀကီး ေျပာင္းလဲပစ္လို႔မရတဲ့အရာေတြ
အမ်ားႀကီးရိွပါတယ္။ ဒါေၾကာင့္ပဲ ခ်စ္သူရည္းစား
လက္တြဲေဖာ္ေတြနဲ႔ပတ္သတ္ၿပီး စကားမ်ားစရာေတြ
အျမဲတမ္းမကုန္ႏိုင္မခမ္းႏိုင္ျဖစ္ေနၾကတယ္လို႔ ထင္ပါတယ္။

ဒီလိုအေၾကာင္းေၾကာင္းေတြေၾကာင့္ပဲ ခံစားခ်က္ေတြ
သိပ္မေဖာ္ျပတတ္တဲ့ေကာင္ေလးအတြက္ ကိုယ္
ေျဖ႐ွင္းတာေတြသိပ္မလုပ္ခဲ့ပါဘူး။ေနာက္ၿပီး ဒီဇာတ္လမ္းမွာ
အခ်စ္ေတြအမ်ားႀကီးထည့္ေရးလိုက္တဲ့အခါ ေနာက္ဆံုး
ကိုယ့္ဆီမွာ အခ်စ္ေတြမက်န္ေတာ့ပါဘူး။ ရင္ထဲမွာ
ဘာမွမရိွေတာ့သလို ဗလာျဖစ္သြားခဲ့ပါတယ္။

ဇာတ္လမ္းအသစ္ေရးဖို႔ ခံစားခ်က္ေတြလည္း
ဆြဲထုတ္လို႔မရေအာင္ ျဖစ္သြားခဲ့ပါတယ္။ အဲ့ဒါေၾကာင့္
ခံစားခ်က္ေတြကို ျပန္လည္ေမြးဖြားဖို႔ Dear!Hunter
Guysကို ေရးဖို႔ ဆံုးျဖတ္လိုက္ပါတယ္။ကိုယ္အခု
မင္းေစာရာျပည့္ ရဲ႕ ခံစားခ်က္မဲ့ေနမူကို အသက္သြင္းေပမယ့္ ဒီေရခ်င္းကို ဖန္တီးဖို႔ ႀကိဳးစားေနပါတယ္။ (ေၾကာ္ျငာပါ)

ေနာက္ၿပီး Bookcoverနဲ႔ပတ္သက္လို႔ Fictionထဲ
မွာထက္ ေခါင္ေလးဆံပင္က နဲနဲပို႐ွည္ေနပါတယ္။
႐ွဴ႕ေထာင္အမ်ိဳးမ်ိဳးက ၾကည့္ရင္ ဆံပင္အဲ့လိုေလး႐ွည္ေနတာက ပိုေပၚမယ္ထင္လို႔ ကိုယ္မျပင္ေပးခိုင္းခဲ့တာပါ။ ေတြးထားတာနဲ႔တစ္ထပ္တည္း မက်ရင္ နားလည္ေပးၾကပါဦး ။

ေနာက္ၿပီး က်န္ေသးတာ တစ္ခုက စာအုပ္မွာ Author
Sign မပါပါဘူး ။ ကိုယ္က ႐ွမ္းျပည္မွာေနတာဆိုေတာ့
ထိုးေပးလို႔ အဆင္မေျပလို႔ပါေနာ္။ အဲ့ဒီအတြက္လည္း
တကယ္စိတ္မေကာင္ပါဘူး။ ေနာက္ဆံုးအေနနဲ႔
အထူး သတိေပးခ်င္တာက Black Memoryဟာ
ကိုယ့္ရဲ႕ ပထမဦးဆံုး နဲ႔ ေနာက္ဆံုးအႀကိမ္ စာအုပ္
ထုတ္ျခင္းပါ။ ေနာက္ထပ္ ေရးသမ်ွေတြကို စာအုပ္
ထုတ္မွာမဟုတ္ေတာ့ပါဘူး။

နိဂံုးခ်ဳပ္အေနနဲ႔ ေျပာေနၾကအတိုင္းပဲ love you allပါ။
Readerေလးေတြအားလံုးကို အရမ္းခ်စ္ပါတယ္။
ေက်းဇူးလည္း အမ်ားႀကီးတင္ပါတယ္။ BLack
Memory ေလးကို အိမ္ေခၚထားေပးၾကတဲ့အတြက္
ေက်းဇူးပါ။ အကယ္၍မ်ား ကိုယ္ စာအုပ္အတြက္
စာမူခ... နဲသည္ျဖစ္ေစ။မ်ားသည္ျဖစ္ေစ...ရခဲ့သည္ရိွေသာ္
Covid case အတြက္ ဒါမွမဟုတ္ အျခားအလွဴတစ္ခုခု
အတြက္ ကေလးေတြကို ရည္ရြယ္ၿပီး လွဴဒါန္းသြားပါ့မယ္။
ကိုယ့္အတြက္ေတာ့ ကိုယ့္ေကာင္ေလးေတြဟာ
သက္ရိွလူသားေလးေတြနဲ႔သိပ္တူပါတယ္။

စာအ႐ွည္ႀကီးကို ဖတ္ေပးလို႔ ေက်းဇူးအမ်ားႀကီး
အမ်ားႀကီးတင္ပါတယ္ေနာ္။

Love you all💚💚💚







Continue Reading

You'll Also Like

739K 41.8K 26
Jk - Possessive type #Warning Cv_ Pinterest
10.8K 944 30
ချစ်မေတ္တာဖြင့်အေးစေနွေးစေ ချစ်ခြင်းတို့ဖြင့်ရှင်သန်စေ မျှော်လင့်ကင်းကွာချစ်ခြင်းများ ငါ၏နှလုံးသား၌ တည်စေသား......
151K 14.6K 27
ငါတို့နှစ်ယောက် မေတ္တာစစ်တမ်းကစားကြည့်ကြမလား။
303K 36.8K 54
First Chapter Published : Nov 19 2020 Last Chapter Published : Dec 29 2020💌 စိန်ပလိန်တိန် မုန့်လင်မယား မှား​နေတယ် မုန့်လင်လင်ကွ... ဪ​အေး ဟုတ်သား...