ကြွေကြိုး ေျကြျကိဳး (Zawgyi+U...

By Lyne_Ne

460K 57.3K 8K

စိတ္ကူး အိမ္မက္ နဲ႕ လက္ေတြ႕ အားလံုးမွာ ျဖစ္တည္မႈက ခ်ည္ေနွာင္ထားတဲ႔ ႀကိဳး ေၾကြ ႀကိဳး စိတ်ကူး အိမ်မက် နဲ့ လက်တွ... More

Teaser
Ep- 1
Ep - 2
Ep - 3
Ep - 4
Ep - 5
Ep - 6
Ep - 7
Ep - 8
Ep - 9
Ep - 10
Ep - 11
Ep - 12
Ep - 13
Ep - 14
Ep - 15
Ep - 16
Ep - 17
Ep - 18
Ep - 19
Ep - 20
Ep - 21
Ep - 22
Ep - 23
Ep - 24
Part - 25
Part - 26
Part -27
Part - 28
Part - 29
Part -30
Part - 31
Part - 32
Part-33 (X'mas Special)
Part - 34
Part-35
Part -36
Part- 37
part -38
Part -39
part -40
part -41
part -42
part -43
part -44
part - 45
part - 46
part - 47
part - 48
part - 49
part - 50
part - 51
Review time
Part - 52
Part - 54
Excuse!
Part - 55
Announce!
Part - 56
Thanks note
Part - 57 (Final Part)

Part - 53

2.7K 551 89
By Lyne_Ne

Zawgyi ver..

" အဲ့ဒီေတာ့ ေႂကြက Daddy ျမန္ျမန္ေသဖို႔ ဆုေတာင္းေနရမယ့္ ဘဝ ေရာက္မသြားဘူးလား...
Daddy ကေလ တကယ္ ငရဲလာေပးေနတာပဲ "

" ဖေအတစ္ေယာက္လံုး ေသမွာထက္ သူနဲ႔
လက္ထပ္ရဖို႔ ျပင္းျပေနတဲ့ မင္းရဲ႕ စိတ္ကို
Daddy အံ့ၾသမိတယ္ "

ေႂကြ sofa ကို မွီထိုင္ေနရင္း မ်က္စိစံုမွိတ္ကာ
Daddy ေျပာသမွ်နားေထာင္ေနမိသည္။
ဒါကို Daddy က သူ႔စကားနားေထာင္ခ်င္သည္ဟု
ထင္မွတ္သြားပံုပင္။

ဆက္တိုက္ကို ဆက္ေျပာေနေတာ့တာ..

" Daddy စကားကို ဒီတစ္ခါပဲ နားေထာင္ေပးပါ
ေႂကြရယ္.... Daddy ေႂကြ႕ကို စိတ္ခ် ခ်င္တယ္"

......

" Daddy ေႂကြ႕ကို သိပ္ခ်စ္တယ္ "

ေႂကြ ပိတ္ထားတဲ့ မ်က္လံုးေလး ေျဖးညႇင္းစြာ
ပြင့္လာၿပီး Daddy မ်က္နွာကို ေစ့ေစ့ၾကည့္ၿပီး
ျဖည္းျဖည္းခ်င္း ၿပံဳးလိုက္မိသည္။

ထို႔ေနာက္ ဘာစကားတစ္ခြန္းမွ မဆိုပဲ
ေႂကြ အေပၚထပ္ ျပန္တက္ဖို႔ ေျခလွမ္းျပင္လိုက္
စဥ္...

" Daddy ေျပာလို႔မၿပီးေသးဘူးေလ ေႂကြ "

"  ေႂကြ လက္ထပ္ဖို႔က လိုပါေသးတယ္
Daddy ေနာက္မွ ေျပာလည္း မွီပါေသးတယ္ "

Daddy ဆီက သက္ျပင္းခ်သံ သဲ့သဲ့ ကို
ေႂကြ ၾကားေပမယ့္ အေပၚထပ္ အိပ္ခန္းဆီကိုသာ
ေလွ်ာက္လာလိုက္သည္။

.
.
.
.
.
ေစာင္ကို တစ္ကိုယ္လံုး အလံု ၿခံဳထားၿပီး
ဘာသံမွ မၾကားရေအာင္ နားၾကပ္တပ္ထားေသးတဲ့ ေႂကြ.....

ဘာေတြေတြးေနပါလိမ့္...
ဒါမွမဟုတ္
ဘာေတြ ႀကံစည္ေနျပန္တာလဲ...

ဘယ္သူသိနိုင္ပါ့မလဲ...

" ေျကြ Mommy လာတယ္ "

တံခါးမေခါက္ပဲ က်ဴးက်ဴးေက်ာ္ေက်ာ္ လာျပန္ၿပီ
ေႂကြ မၾကားခ်င္ေယာင္ေဆာင္ၿပီး ေစာင္ပံုထဲမွာ
ၿငိမ္ေနလိုက္သည္။

ဒါေပမယ့္ ....
ေျချမန္လက္ျမန္ နဲ႔ Mommy က ေစာင္ကို
အတင္း ဆြဲဖယ္လိုက္ေတာ့ ေႂကြ မထခ်င္ ထခ်င္ နဲ႔ပဲ ထထိုင္လိုက္ရသည္။

" Mommy ေျပာစရာရွိတယ္ ေႂကြ "

ေႂကြ ဘာမွ မေျပာပဲ ၿငိမ္ေနေတာ့
နားက နားၾကပ္ကို ဆြဲျဖဳတ္လာျပန္တဲ့ mommy
သီခ်င္းနားေထာင္ေနတာ မဟုတ္လို႔ အကုန္ၾကား
ေနရတာကို ဘာျဖစ္ခ်င္ေနတာလဲ....

" ေႂကြ႕ Daddy ေနမေကာင္းဘူးဆို ?"

" အဲ့ေတာ့ ... "

" အဲ့ဒါေတာင္ ဟိုေကာင္နဲ႔ အတူေနရဖို႔ပဲ
ေတြးေနတုန္းလား ေႂကြ ?"

" mommy..."

" နင့္ Daddy မွာ နင္ပဲ ရွိတာ ...
အဲ့ဒါကို နည္းနည္းေလး စဥ္းစားေပး..."

" Mommy ဘာျဖစ္ေနတာလဲ ...
ကြၽန္ေတာ္ ဘာလုပ္လုပ္ေပါ့ ... mommy နဲ႔မွ
မဆိုင္တာ "

" ငါသိပါတယ္ ... ငါလည္း ေကာင္းမွ မေကာင္း ခဲ့တာ... ဒါေပမယ့္ ငါက အားလံုးအဆင္ေျပေနတဲ့
လက္ရွိအေျခေနေလးကို ထိန္းထားေစခ်င္တာ..
အဲ့ ေကာင္ေလး ေပၚမလာခင္က ငါတို႔အားလံုး
အဆင္ေျပေနခဲ့ၾကတာပဲေလ...."

အဆင္ေျပတယ္?

ဒီေလာက္စုတ္ျပတ္ေနတာကို အဆင္ေျပတယ္ လို႔
ထင္ေနခဲ့တာေပါ့ေလ....

ေႂကြ တစ္ခုခု ျပန္ေျပာခ်င္ေပမယ့္
ပါးစပ္က ဘာမွ ထြက္မလာနိုင္ပဲ တစ္စို႔ေနတဲ့
ခံစားခ်က္....

" နင့္ကို ေစာင့္ေရွာက္ဖို႔ အစြမ္းကုန္ ႀကိဳးစားခဲ့တဲ့
နင့္ Daddy ကို နင္ကေတာ့ ေက်းဇူးကန္းလို႔မရဘူးေႂကြ...
အဲ့တုန္းက နင့္ Daddy သာ မေတာင္းဆိုခဲ့ရင္
mommy နင့္ကို ေမြးဖို႔ ဆံုးျဖတ္ျဖစ္ခဲ့မယ္
မထင္ဘူး .... mommy ဝန္ခံပါတယ္ mommy မွားခဲ့တယ္... ဒါေပမယ့္ နင့္ Daddy ကေတာ့
နင့္ကို ေ႐ြးခ်ယ္ခဲ့တာ ေႂကြ"

....
....

" မျဖစ္မေန လက္ထပ္မယ္ဆိုရင္ေတာင္
သူမဟုတ္တဲ့ တျခားတစ္ေယာက္ကို
ေ႐ြးခ်ယ္ေပးပါ...ဒါ ေႂကြ႕ Daddy အေပၚ
ေႂကြ ေက်းဇူးဆပ္နိုင္မယ့္ နည္းလမ္းပဲ"

အခန္းတံခါးပိတ္သံနဲ႔အတူ ျပန္တိတ္ဆိတ္သြားတဲ့
အခန္းေလး...

.
.
.
.
ခုန mommy က ဘာေတြ လာေျပာသြားတာပါလိမ့္...

ဘာမွကို မၾကားလိုက္ဘူး
ဟုတ္တယ္...
ငါဘာမွကို မၾကားဘူး

စားပြဲခံုေပၚက ေဆးလိပ္ဘူးကို ယူဖို႔
လက္လွမ္းလိုက္ေပမယ့္ လက္က
လိုရာမေရာက္ပဲ တိုက္မိသြားတဲ့
Snow ball ေလး...
.
.
ခြမ္း!
.
.
ေႂကြ ခ်က္ခ်င္း ကုတင္ေပၚက ေျပးဆင္းလိုက္မိ
သည္။
ဒါ ..... ကိုးမာန္ Christmas အမွတ္တရေပး
ထားတဲ့ Snow Ball ေလး...

ေႂကြ ငုတ္တုပ္ေလးထိုင္ၿပီး ဖန္ကြဲစေလးေတြကို
ေကာက္ဖို႔ ျပင္လိုက္ေပမယ့္
.
လက္ဖမိုးေပၚ က်လာတဲ့ ေရစက္ တစ္စက္...
.
.
ဟင္?

ေႂကြ ငိုေနမိတာလား....
ဘာလို႔ ငိုေနတာလဲ?

ေႂကြ မွန္ေရွ႕ အေျပးသြားၾကည့္မိေတာ့လည္း
ေႂကြ႕မ်က္ဝန္းက က်လုဆဲဆဲ မ်က္ရည္ေတြ...

ဘာလို႔ ငိုေနမိတာလဲ?

ဒီ Snow ball ေလးကြဲ သြားတာေၾကာင့္
ငိုေနတာလား...
.
.

မျဖစ္နိုင္လိုက္တာ.....

ငါက ဘာလို႔ငိုရမွာလဲ?

ေႂကြ ခ်က္ခ်င္း ဖန္ကြဲစေတြ ျပန္ေကာက္ဖို႔
ျပင္လိုက္ေပမယ့္ လက္ေတြက ဖန္ကြဲစ ဆီ
မေရာက္ပဲ မ်က္ရည္က်လုနီးနီးျဖစ္ေနတဲ့
မ်က္ဝန္းေတြဆီ ေရာက္သြားၿပီး
ခပ္ၾကမ္းၾကမ္း ပြတ္သုတ္ လိုက္မိသည္။

ဒါေလး ကြဲသြားတာကို ငါက ဘာလို႔
ဒီေလာက္ေတာင္ ငိုခ်င္ေနရတာလဲ?

ေႂကြႀကိဳးက လြယ္လြယ္မငိုမွ ျဖစ္မွာကို....

ဟင့္အင္း....

မငိုစမ္းနဲ႔ ေႂကြ.....

ငိုတယ္ဆိုလည္း လံုေလာက္တဲ့ အေၾကာင္းျပခ်က္ ရွိမွ ရမွာ....
ငိုတယ္ ဆိုတာ နာက်င္မွ ငိုလို႔ရတာ....
နာက်င္ဖို႔ ဒဏ္ရာေတာင္ ျပဖို႔ မရွိပဲ
ဘာလို႔ အလကား ငိုခ်င္ေနရတာလဲ....

ငါ နာက်င္ေနရမယ္...
ငါ နာက်င္မွ ငိုလို႔ရမွာ...

နာက်င္ေအာင္ ဘယ္လိုလုပ္ရမလဲ....

ေက်းဇူးျပဳၿပီး

ေခါင္းထဲက အႀကံထြက္စမ္းပါ...

ရုတ္တရက္ မ်က္လံုးေထာင့္မွာ ျမင္လိုက္ရတဲ့
အရာေတြေၾကာင့္ ေႂကြ ခဏ ၿငိမ္သက္သြားသည္
.
.
.
ဖန္ကြဲစေတြ...

ေႂကြ ဘာမွထပ္မစဥ္းစားေတာ့ပဲ လက္နဲ႔ ဆုပ္ကိုင္
လိုက္တဲ့ တစ္ခဏ.....

အေရျပားကို စူးခနဲ ျဖစ္သြားတဲ့ ခံစားခ်က္နဲ႔အတူ
လႈိက္တက္လာတဲ့ ရင္ဘတ္ထဲ က နာက်င္မႈ..

အင္း....
ရၿပီ

ဒဏ္ရာရၿပီ...
နာက်င္လို႔ရၿပီ...
.
.
.
.
.
.

ေနာက္ဆံုးေတာ့..
ငါငိုလို႔ရၿပီ......

~~~~~~~~~~~~~~~~~~~~~

At Pinky Cafe

Latte တစ္ငံုေသာက္ရင္း သြန္းမာန္
မ်က္စိေရွ႕က အေကာင္ေပါက္ေလးကို အကဲခပ္ေနမိသည္။

ထူးဆန္းတယ္....
ေသာက္ေနက် Black coffee မေသာက္ပဲ
hot tea တစ္ခြက္ကို မွာၿပီး
ေသာက္လည္းမေသာက္ပဲ ေခါင္း ငိုက္စိုက္ ထိုင္
ေနတဲ့ ႀကိဳးေလး...

အေငြ႕တေထာင္းေထာင္း ထ ေနတဲ့ Hot tea
ခြက္ကို နည္းနည္းမွ မပူသည့္အလား လက္နဲ႔
က်စ္က်စ္ပါေအာင္ ဆုပ္ကိုင္ထားျပန္ေသးတာ..

ဒီကေလး ဘာျဖစ္ေနျပန္ၿပီလဲ....

အိမ္နဲ႔ ျပသနာတက္လာျပန္တာလား....

အခုေနာက္ပိုင္း ဦးမင္းေနာင္ ဘက္က
သြန္းမာန္ကို ဆက္သြယ္လာတာ လံုးဝ မရွိေတာ့
တာေၾကာင့္ သူေတာင္ ႀကိဳးေလးနဲ႔ သူ႔ကို
ၾကည္ျဖဴလိုက္တာလားလို႔ ထင္ေနမိတာ....

အခု ႀကိဳးေလးပံုစံ ၾကည့္ရတာေတာ့
သူ႔အထင္မွန္ပံုမရ....

" ႀကိဳးေလး..."

သြန္းမာန္ ေခၚသံနဲ႔ အတူ..
လက္ေလးကိုပါ လွမ္းကိုင္ေတာ့ တုန္သြားသလို
ထင္ရတဲ့ ႀကိဳးေလး..

ဒီကေလး တကယ္ပဲ ဘာျဖစ္ေနတာလဲ....

" ေနမေကာင္းဘူးလား ႀကိဳးေလး ?"

.
.
ဘာမွ ျပန္မေျဖလာ....
ေနာက္တစ္မ်ိဳး ေျပာင္းေမးရမေပါ့

" Hot tea ေသာက္ေနက် မဟုတ္ပဲ
ဘာလို႔လဲ ..."

.
.
" ႀကိဳးေလး...အား"

ႀကိဳးေလးဆီက အေျဖမရေတာ့ လက္ကိုနည္းနည္း
လႈပ္ရမ္းလိုက္တဲ့အခါ မေတာ္တဆ hot tea ခြက္ကို တိုက္မိသြားတဲ့ သြန္းမာန္...

အားပါး ပူခ်က္...

ဒီေလာက္ ပူေနတဲ့ ခြက္ကို ကိုင္ေနတဲ့
ႀကိဳးေလး လက္က ဘာမွ မျဖစ္ဘူးလား!

အေတြးနဲ႔အတူ ႀကိဳးေလး လက္ကို
ဆြဲယူလိုက္ေတာ့ နီရဲ ပူက်စ္ ေနတဲ့ အျပင္
ေဆးမလိမ္းထားတဲ့ ျပတ္ရွ ဒဏ္ရာ အခ်ိဳ႕...

ဒါ.... ဘာေတြလဲ....

ႀကိဳးေလးက အဲ့ေလာက္ထိေတာ့ မလုပ္ဘူးမလား

ကိုယ့္ကိုယ္ကိုယ္ နာက်င္ရမွာ ေၾကာက္တဲ့
ကေလးေလ...

အခုမွ ေသခ်ာၾကည့္မိတယ္

ႀကိဳးေလး မ်က္ရည္ေတြ ဝိုင္းေနတာပဲ...

10 min ေလာက္ အတူ ထိုင္ၿပီး
အေျခေနလံုးဝ မရိပ္စားမိခဲ့ပါေသာ သြန္းမာန္သစ္
ပါေလ....

" ႀကိဳး... ႀကိဳးေလး .. ဘာလို ငိုေနတာလဲ ?"

" နာလို႔ "
ေလသံ တိုးတိုးနဲ႔ ျပန္ေျဖခဲ့ၿပီ

" ဟင္? .. နာတာေပါ့ ဒီေလာက္ ဒဏ္ရာေတြ
ဘယ္လိုျဖစ္ၿပီး ရလာတာလဲ ႀကိဳးေလးရယ္ "

သြန္းမာန္ကသာ ဒဏ္ရာေတြ ၾကည့္ရင္း
မခ်ိတင္ကဲ ျဖစ္ေနတာ ႀကိဳးေလးကေတာ့ ျဖင့္
မ်က္ရည္ဝိုင္းေနတာက လြဲရင္ မ်က္နွာတစ္ခုလံုး
ခံစားခ်က္မရွိသလိုပင္....

" ကိုယ္ ေဆးထည့္ေပးမယ္ ခဏေလး "

" Snow ball ေလး ကြဲသြားတယ္ "

" ဟင္?"

ရုတ္တရက္ဆိုေတာ့ သြန္းမာန္
ေသခ်ာနားမလည္...

" Christmas လက္ေဆာင္.. မရွိေတာ့ဘူး "

အခုမွ သြန္းမာန္ ေသခ်ာ နားလည္သြားေတာ့
တယ္
သြန္းမာန္ လက္ေဆာင္ေပးထားတဲ့ Snow ball ေလး ကြဲသြားတာ ျဖစ္မယ္...
ဒါဆို ဒီ ဒဏ္ရာေတြက က်ိန္းေသ အဲ့ ဖန္ကြဲစ
ေတြ ေကာက္ရင္း ျဖစ္တာေပါ့....

" ႀကိဳးေလးရယ္ ဒါ ငိုစရာမွ မဟုတ္ပဲ
ကိုယ္က အမ်ားႀကီးဝယ္ေပးမွာေပါ့....
အေရးႀကီးတာက လက္ကို ေဆးထည့္ရမွာ
အနာရင္း ရင္ ဒုကၡမ်ားမယ္ "

ေျပာေျပာဆိုဆို အိတ္ထဲကေန ေဆးေတြ
ပလာစတာေတြ ထုတ္ၿပီး အနာကို ေသခ်ာေလး
သန္႔ရွင္းေပးေနတဲ့ ကိုးမာန္ ကို ေႂကြ ေငး
ၾကည့္ေနမိေလသည္။

.
.
.
ခင္ဗ်ားကို ဒီလိုေလး ေငးေနရတာလည္း
ကြၽန္ေတာ္ ပဲ ျဖစ္ခ်င္တယ္
ကိုးမာန္...
.
.
" လက္ေလးက ႏုႏုဖတ္ဖတ္ ေလးကို ဂရုစိုက္မွ
ေပါ့ ႀကိဳးေလးရဲ႕ ..."

.
.
အဖိုးႀကီးေလးလို တစ္တြတ္တြတ္ ဆံုးမေနတဲ့
ကိုးမာန္....
.
.
.
ခင္ဗ်ားရဲ႕ ဆံုးမ စကားေတြ
ၾကားရသူကလည္း ကြၽန္ေတာ္ပဲ ျဖစ္ခ်င္တယ္
ကိုးမာန္
.
.
ပတ္တီးအေဖြးသား လက္ေလးကို ၾကည့္ၿပီး
ၿပံဳးေနတဲ့ ႀကိဳးေလးကို ၾကည့္ရင္း
အသည္းယားလာတာေၾကာင့္
ေခါင္းက ဆံႏြယ္ အရွည္ေတြကို ထိုးဖြလိုက္ျပန္
ေတာ့ အူေၾကာင္ေၾကာင္ေလး ျပန္ေငးလာျပန္တာ

" အထူးအဆန္းေတြ လာလုပ္ေနတယ္... ဒီလိုနဲ႔
ကြၽန္ေတာ္ ရူးသြားရင္ ဘယ္လိုလုပ္မလဲ ကိုးမာန္ "

" ရူးလည္း တာဝန္ယူရမွာေပါ့.... မၾကာခင္ပဲ
တရားဝင္ တာဝန္ယူရေတာ့မယ္မလား..."

ေႂကြ ၿပံဳးလိုက္မိသည္။
ကိုးမာန္ရာ.... ခင္ဗ်ားကေတာ့ တကယ္ပဲ...

" ၿပီးေတာ့ ဘာလဲ Hot tea...
Black coffee ပဲ ေသာက္ခ်င္ေနတာမလား.."

ေႂကြ ေခါင္းၿငိမ့္ျပလိုက္မိလားမသိ...
ခ်က္ခ်င္းထၿပီး သြားမွာေနျပန္တဲ့ ကိုးမာန္..

ခင္ဗ်ားရယ္...
ခင္ဗ်ားကို ကြၽန္ေတာ္ ခ်စ္လိုက္တာ....

.
.
.
.
" ေဟာ ျပန္မယ္ ဆိုကာမွ မိုး႐ြာေနပါလား.."

ဆိုင္မွာထိုင္ေနတဲ့ ၂ နာရီလံုးလံုး လက္ထပ္ပြဲ အေၾကာင္း ေျပာေနၾကတာ
အေၾကာင္းအရာ ေတာ္ေတာ္မ်ားမ်ားက
ကိုးမာန္ စီစဥ္ၿပီးသားကို ေႂကြက ဟို ဖ်က္
သည္ေ႐ႊ့  လိုက္လုပ္ျခင္းသာ....

ေႂကြေျပာသမွ်ကိုလည္း မညီးမညဴ လိုက္ ျပင္ေပးတဲ့ ကိုးမာန္ေၾကာင့္ ေႂကြ ရစ္ရတာ
တကယ္ေကာင္း....

တစ္ေလာကလံုး ေႂကြနဲ႔ ကိုးမာန္ နွစ္ေယာက္
တည္းရွိေနရသလိုပင္...

ႀကိဳက္လိုက္တာ.... ဒီလိုေလးေနရတာ..

" ႀကိဳးေလးကို ဒီလို ဆိုင္မ်ိဳးေလး တစ္ဆိုင္
ဝယ္ေပးရမယ္ "

" ဒီလိုဆိုင္? Pinky cafe လိုမ်ိဳးလား "

" အင္း.... ႀကိဳးေလးက ဒီလိုဆိုင္မွာ ထိုင္ရတာ
ႀကိဳက္တယ္မလား? အျပင္သြားဖို႔ေခၚတိုင္း ဒီမွာပဲ
အၿမဲ ခ်ိန္းေတာ့ ႀကိဳးေလးနဲ႔ ဒီဆိုင္ ကို
ခြဲလို႔ေတာင္ မရေတာ့ဘူး "

" ဒါဆို ဒီဆိုင္ပဲ ဝယ္လိုက္ေလ "

" ကိုယ္လိုခ်င္တဲ့ ေလာဘ တစ္ခုတည္းနဲ႔
ဒီဆိုင္အေပၚ ရင္းနွီးထားရတဲ့ စိတ္ေတြကို တန္ဖိုး
ျဖတ္လို႔ဘယ္ျဖစ္မလဲ "

ေႂကြ ခပ္ေတြေတြေလး ျဖစ္သြားရျပန္တယ္....
ရိုးရွင္းလိုက္တာ ... ဒီလူႀကီးစိတ္က....

" မိုးဖြဲေလးရယ္... black coffee ရယ္နဲ႔
ႀကိဳးေလးက အလိုက္ဖက္ဆံုးပဲ..."
.
.
.
.
!!!!
.
.
ျမန္ျမန္ဆန္ဆန္ ျပဳမူလိုက္တဲ့ ေႂကြ႕ေၾကာင့္
ေၾကာင္ေတာင္ေတာင္ေလး က်န္ခဲ့တဲ့ ကိုးမာန္
ကို ၾကည့္ၿပီး ေႂကြ ၿပံဳးလိုက္မိသည္။

စိုစြတ္သြားတဲ့ နႈတ္ခမ္းအထိ ေတြ႕ေၾကာင့္
ေယာင္ယမ္းၿပီး နႈတ္ခမ္းကို ကိုင္မိေတာ့ အိမ္မက္
မဟုတ္ေၾကာင္း သက္ေသက ေဘးဝိုင္းေတြရဲ႕
မ်က္ဝန္းေတြ..

.
.
" ကြၽန္ေတာ့္ေၾကာင့္ အူေၾကာင္ေၾကာင္ ျဖစ္သြား
ရတာေလးလည္း ခင္ဗ်ားနဲ႔ အလိုက္ဖက္ဆံုးပဲ
ကိုးမာန္ "

~~~~~~~~~~~~~~
tbc..

အဆံုးထိတင္ေပးမွာပါ ...

ႀကိဳးေလးကို မေမ့ေပးၾကတာ ေက်းဇူး Xoxo
cmt မ်ားက အားေဆးပါပဲ
~~~~~~~~~~~~~~~
Unicode ver...

" အဲ့ဒီတော့ ကြွေက Daddy မြန်မြန်သေဖို့ ဆုတောင်းနေရမယ့် ဘဝ ရောက်မသွားဘူးလား...
Daddy ကလေ တကယ် ငရဲလာပေးနေတာပဲ "

" ဖအေတစ်ယောက်လုံး သေမှာထက် သူနဲ့
လက်ထပ်ရဖို့ ပြင်းပြနေတဲ့ မင်းရဲ့ စိတ်ကို
Daddy အံ့သြမိတယ် "

ကြွေ sofa ကို မှီထိုင်နေရင်း မျက်စိစုံမှိတ်ကာ
Daddy ပြောသမျှနားထောင်နေမိသည်။
ဒါကို Daddy က သူ့စကားနားထောင်ချင်သည်ဟု
ထင်မှတ်သွားပုံပင်။

ဆက်တိုက်ကို ဆက်ပြောနေတော့တာ..

" Daddy စကားကို ဒီတစ်ခါပဲ နားထောင်ပေးပါ
ကြွေရယ်.... Daddy ကြွေ့ကို စိတ်ချ ချင်တယ်"

......

" Daddy ကြွေ့ကို သိပ်ချစ်တယ် "

ကြွေ ပိတ်ထားတဲ့ မျက်လုံးလေး ဖြေးညှင်းစွာ
ပွင့်လာပြီး Daddy မျက်နှာကို စေ့စေ့ကြည့်ပြီး
ဖြည်းဖြည်းချင်း ပြုံးလိုက်မိသည်။

ထို့နောက် ဘာစကားတစ်ခွန်းမှ မဆိုပဲ
ကြွေ အပေါ်ထပ် ပြန်တက်ဖို့ ခြေလှမ်းပြင်လိုက်
စဉ်...

" Daddy ပြောလို့မပြီးသေးဘူးလေ ကြွေ "

"  ကြွေ လက်ထပ်ဖို့က လိုပါသေးတယ်
Daddy နောက်မှ ပြောလည်း မှီပါသေးတယ် "

Daddy ဆီက သက်ပြင်းချသံ သဲ့သဲ့ ကို
ကြွေ ကြားပေမယ့် အပေါ်ထပ် အိပ်ခန်းဆီကိုသာ
လျှောက်လာလိုက်သည်။

.
.
.
.
.
စောင်ကို တစ်ကိုယ်လုံး အလုံ ခြုံထားပြီး
ဘာသံမှ မကြားရအောင် နားကြပ်တပ်ထားသေးတဲ့ ကြွေ.....

ဘာတွေတွေးနေပါလိမ့်...
ဒါမှမဟုတ်
ဘာတွေ ကြံစည်နေပြန်တာလဲ...

ဘယ်သူသိနိုင်ပါ့မလဲ...

" ကြွေ Mommy လာတယ် "

တံခါးမခေါက်ပဲ ကျူးကျူးကျော်ကျော် လာပြန်ပြီ
ကြွေ မကြားချင်ယောင်ဆောင်ပြီး စောင်ပုံထဲမှာ
ငြိမ်နေလိုက်သည်။

ဒါပေမယ့် ....
ခြေမြန်လက်မြန် နဲ့ Mommy က စောင်ကို
အတင်း ဆွဲဖယ်လိုက်တော့ ကြွေ မထချင် ထချင် နဲ့ပဲ ထထိုင်လိုက်ရသည်။

" Mommy ပြောစရာရှိတယ် ကြွေ "

ကြွေ ဘာမှ မပြောပဲ ငြိမ်နေတော့
နားက နားကြပ်ကို ဆွဲဖြုတ်လာပြန်တဲ့ mommy
သီချင်းနားထောင်နေတာ မဟုတ်လို့ အကုန်ကြား
နေရတာကို ဘာဖြစ်ချင်နေတာလဲ....

" ကြွေ့ Daddy နေမကောင်းဘူးဆို ?"

" အဲ့တော့ ... "

" အဲ့ဒါတောင် ဟိုကောင်နဲ့ အတူနေရဖို့ပဲ
တွေးနေတုန်းလား ကြွေ ?"

" mommy..."

" နင့် Daddy မှာ နင်ပဲ ရှိတာ ...
အဲ့ဒါကို နည်းနည်းလေး စဉ်းစားပေး..."

" Mommy ဘာဖြစ်နေတာလဲ ...
ကျွန်တော် ဘာလုပ်လုပ်ပေါ့ ... mommy နဲ့မှ
မဆိုင်တာ "

" ငါသိပါတယ် ... ငါလည်း ကောင်းမှ မကောင်း ခဲ့တာ... ဒါပေမယ့် ငါက အားလုံးအဆင်ပြေနေတဲ့
လက်ရှိအခြေနေလေးကို ထိန်းထားစေချင်တာ..
အဲ့ ကောင်လေး ပေါ်မလာခင်က ငါတို့အားလုံး
အဆင်ပြေနေခဲ့ကြတာပဲလေ...."

အဆင်ပြေတယ်?

ဒီလောက်စုတ်ပြတ်နေတာကို အဆင်ပြေတယ် လို့
ထင်နေခဲ့တာပေါ့လေ....

ကြွေ တစ်ခုခု ပြန်ပြောချင်ပေမယ့်
ပါးစပ်က ဘာမှ ထွက်မလာနိုင်ပဲ တစ်စို့နေတဲ့
ခံစားချက်....

" နင့်ကို စောင့်ရှောက်ဖို့ အစွမ်းကုန် ကြိုးစားခဲ့တဲ့
နင့် Daddy ကို နင်ကတော့ ကျေးဇူးကန်းလို့မရဘူးကြွေ...
အဲ့တုန်းက နင့် Daddy သာ မတောင်းဆိုခဲ့ရင်
mommy နင့်ကို မွေးဖို့ ဆုံးဖြတ်ဖြစ်ခဲ့မယ်
မထင်ဘူး .... mommy ဝန်ခံပါတယ် mommy မှားခဲ့တယ်... ဒါပေမယ့် နင့် Daddy ကတော့
နင့်ကို ရွေးချယ်ခဲ့တာ ကြွေ"

....
....

" မဖြစ်မနေ လက်ထပ်မယ်ဆိုရင်တောင်
သူမဟုတ်တဲ့ တခြားတစ်ယောက်ကို
ရွေးချယ်ပေးပါ...ဒါ ကြွေ့ Daddy အပေါ်
ကြွေ ကျေးဇူးဆပ်နိုင်မယ့် နည်းလမ်းပဲ"

အခန်းတံခါးပိတ်သံနဲ့အတူ ပြန်တိတ်ဆိတ်သွားတဲ့
အခန်းလေး...

.
.
.
.
ခုန mommy က ဘာတွေ လာပြောသွားတာပါလိမ့်...

ဘာမှကို မကြားလိုက်ဘူး
ဟုတ်တယ်...
ငါဘာမှကို မကြားဘူး

စားပွဲခုံပေါ်က ဆေးလိပ်ဘူးကို ယူဖို့
လက်လှမ်းလိုက်ပေမယ့် လက်က
လိုရာမရောက်ပဲ တိုက်မိသွားတဲ့
Snow ball လေး...
.
.
ခွမ်း!
.
.
ကြွေ ချက်ချင်း ကုတင်ပေါ်က ပြေးဆင်းလိုက်မိ
သည်။
ဒါ ..... ကိုးမာန် Christmas အမှတ်တရပေး
ထားတဲ့ Snow Ball လေး...

ကြွေ ငုတ်တုပ်လေးထိုင်ပြီး ဖန်ကွဲစလေးတွေကို
ကောက်ဖို့ ပြင်လိုက်ပေမယ့်
.
လက်ဖမိုးပေါ် ကျလာတဲ့ ရေစက် တစ်စက်...
.
.
ဟင်?

ကြွေ ငိုနေမိတာလား....
ဘာလို့ ငိုနေတာလဲ?

ကြွေ မှန်ရှေ့ အပြေးသွားကြည့်မိတော့လည်း
ကြွေ့မျက်ဝန်းက ကျလုဆဲဆဲ မျက်ရည်တွေ...

ဘာလို့ ငိုနေမိတာလဲ?

ဒီ Snow ball လေးကွဲ သွားတာကြောင့်
ငိုနေတာလား...
.
.

မဖြစ်နိုင်လိုက်တာ.....

ငါက ဘာလို့ငိုရမှာလဲ?

ကြွေ ချက်ချင်း ဖန်ကွဲစတွေ ပြန်ကောက်ဖို့
ပြင်လိုက်ပေမယ့် လက်တွေက ဖန်ကွဲစ ဆီ
မရောက်ပဲ မျက်ရည်ကျလုနီးနီးဖြစ်နေတဲ့
မျက်ဝန်းတွေဆီ ရောက်သွားပြီး
ခပ်ကြမ်းကြမ်း ပွတ်သုတ် လိုက်မိသည်။

ဒါလေး ကွဲသွားတာကို ငါက ဘာလို့
ဒီလောက်တောင် ငိုချင်နေရတာလဲ?

ကြွေကြိုးက လွယ်လွယ်မငိုမှ ဖြစ်မှာကို....

ဟင့်အင်း....

မငိုစမ်းနဲ့ ကြွေ.....

ငိုတယ်ဆိုလည်း လုံလောက်တဲ့ အကြောင်းပြချက် ရှိမှ ရမှာ....
ငိုတယ် ဆိုတာ နာကျင်မှ ငိုလို့ရတာ....
နာကျင်ဖို့ ဒဏ်ရာတောင် ပြဖို့ မရှိပဲ
ဘာလို့ အလကား ငိုချင်နေရတာလဲ....

ငါ နာကျင်နေရမယ်...
ငါ နာကျင်မှ ငိုလို့ရမှာ...

နာကျင်အောင် ဘယ်လိုလုပ်ရမလဲ....

ကျေးဇူးပြုပြီး

ခေါင်းထဲက အကြံထွက်စမ်းပါ...

ရုတ်တရက် မျက်လုံးထောင့်မှာ မြင်လိုက်ရတဲ့
အရာတွေကြောင့် ကြွေ ခဏ ငြိမ်သက်သွားသည်
.
.
.
ဖန်ကွဲစတွေ...

ကြွေ ဘာမှထပ်မစဉ်းစားတော့ပဲ လက်နဲ့ ဆုပ်ကိုင်
လိုက်တဲ့ တစ်ခဏ.....

အရေပြားကို စူးခနဲ ဖြစ်သွားတဲ့ ခံစားချက်နဲ့အတူ
လှိုက်တက်လာတဲ့ ရင်ဘတ်ထဲ က နာကျင်မှု..

အင်း....
ရပြီ

ဒဏ်ရာရပြီ...
နာကျင်လို့ရပြီ...
.
.
.
.
.
.

နောက်ဆုံးတော့..
ငါငိုလို့ရပြီ......

~~~~~~~~~~~~~~~~~~~~~

At Pinky Cafe

Latte တစ်ငုံသောက်ရင်း သွန်းမာန်
မျက်စိရှေ့က အကောင်ပေါက်လေးကို အကဲခပ်နေမိသည်။

ထူးဆန်းတယ်....
သောက်နေကျ Black coffee မသောက်ပဲ
hot tea တစ်ခွက်ကို မှာပြီး
သောက်လည်းမသောက်ပဲ ခေါင်း ငိုက်စိုက် ထိုင်
နေတဲ့ ကြိုးလေး...

အငွေ့တထောင်းထောင်း ထ နေတဲ့ Hot tea
ခွက်ကို နည်းနည်းမှ မပူသည့်အလား လက်နဲ့
ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြန်သေးတာ..

ဒီကလေး ဘာဖြစ်နေပြန်ပြီလဲ....

အိမ်နဲ့ ပြသနာတက်လာပြန်တာလား....

အခုနောက်ပိုင်း ဦးမင်းနောင် ဘက်က
သွန်းမာန်ကို ဆက်သွယ်လာတာ လုံးဝ မရှိတော့
တာကြောင့် သူတောင် ကြိုးလေးနဲ့ သူ့ကို
ကြည်ဖြူလိုက်တာလားလို့ ထင်နေမိတာ....

အခု ကြိုးလေးပုံစံ ကြည့်ရတာတော့
သူ့အထင်မှန်ပုံမရ....

" ကြိုးလေး..."

သွန်းမာန် ခေါ်သံနဲ့ အတူ..
လက်လေးကိုပါ လှမ်းကိုင်တော့ တုန်သွားသလို
ထင်ရတဲ့ ကြိုးလေး..

ဒီကလေး တကယ်ပဲ ဘာဖြစ်နေတာလဲ....

" နေမကောင်းဘူးလား ကြိုးလေး ?"

.
.
ဘာမှ ပြန်မဖြေလာ....
နောက်တစ်မျိုး ပြောင်းမေးရမပေါ့

" Hot tea သောက်နေကျ မဟုတ်ပဲ
ဘာလို့လဲ ..."

.
.
" ကြိုးလေး...အား"

ကြိုးလေးဆီက အဖြေမရတော့ လက်ကိုနည်းနည်း
လှုပ်ရမ်းလိုက်တဲ့အခါ မတော်တဆ hot tea ခွက်ကို တိုက်မိသွားတဲ့ သွန်းမာန်...

အားပါး ပူချက်...

ဒီလောက် ပူနေတဲ့ ခွက်ကို ကိုင်နေတဲ့
ကြိုးလေး လက်က ဘာမှ မဖြစ်ဘူးလား!

အတွေးနဲ့အတူ ကြိုးလေး လက်ကို
ဆွဲယူလိုက်တော့ နီရဲ ပူကျစ် နေတဲ့ အပြင်
ဆေးမလိမ်းထားတဲ့ ပြတ်ရှ ဒဏ်ရာ အချို့...

ဒါ.... ဘာတွေလဲ....

ကြိုးလေးက အဲ့လောက်ထိတော့ မလုပ်ဘူးမလား

ကိုယ့်ကိုယ်ကိုယ် နာကျင်ရမှာ ကြောက်တဲ့
ကလေးလေ...

အခုမှ သေချာကြည့်မိတယ်

ကြိုးလေး မျက်ရည်တွေ ဝိုင်းနေတာပဲ...

10 min လောက် အတူ ထိုင်ပြီး
အခြေနေလုံးဝ မရိပ်စားမိခဲ့ပါသော သွန်းမာန်သစ်
ပါလေ....

" ကြိုး... ကြိုးလေး .. ဘာလို ငိုနေတာလဲ ?"

" နာလို့ "
လေသံ တိုးတိုးနဲ့ ပြန်ဖြေခဲ့ပြီ

" ဟင်? .. နာတာပေါ့ ဒီလောက် ဒဏ်ရာတွေ
ဘယ်လိုဖြစ်ပြီး ရလာတာလဲ ကြိုးလေးရယ် "

သွန်းမာန်ကသာ ဒဏ်ရာတွေ ကြည့်ရင်း
မချိတင်ကဲ ဖြစ်နေတာ ကြိုးလေးကတော့ ဖြင့်
မျက်ရည်ဝိုင်းနေတာက လွဲရင် မျက်နှာတစ်ခုလုံး
ခံစားချက်မရှိသလိုပင်....

" ကိုယ် ဆေးထည့်ပေးမယ် ခဏလေး "

" Snow ball လေး ကွဲသွားတယ် "

" ဟင်?"

ရုတ်တရက်ဆိုတော့ သွန်းမာန်
သေချာနားမလည်...

" Christmas လက်ဆောင်.. မရှိတော့ဘူး "

အခုမှ သွန်းမာန် သေချာ နားလည်သွားတော့
တယ်
သွန်းမာန် လက်ဆောင်ပေးထားတဲ့ Snow ball လေး ကွဲသွားတာ ဖြစ်မယ်...
ဒါဆို ဒီ ဒဏ်ရာတွေက ကျိန်းသေ အဲ့ ဖန်ကွဲစ
တွေ ကောက်ရင်း ဖြစ်တာပေါ့....

" ကြိုးလေးရယ် ဒါ ငိုစရာမှ မဟုတ်ပဲ
ကိုယ်က အများကြီးဝယ်ပေးမှာပေါ့....
အရေးကြီးတာက လက်ကို ဆေးထည့်ရမှာ
အနာရင်း ရင် ဒုက္ခများမယ် "

ပြောပြောဆိုဆို အိတ်ထဲကနေ ဆေးတွေ
ပလာစတာတွေ ထုတ်ပြီး အနာကို သေချာလေး
သန့်ရှင်းပေးနေတဲ့ ကိုးမာန် ကို ကြွေ ငေး
ကြည့်နေမိလေသည်။

.
.
.
ခင်ဗျားကို ဒီလိုလေး ငေးနေရတာလည်း
ကျွန်တော် ပဲ ဖြစ်ချင်တယ်
ကိုးမာန်...
.
.
" လက်လေးက နုနုဖတ်ဖတ် လေးကို ဂရုစိုက်မှ
ပေါ့ ကြိုးလေးရဲ့ ..."

.
.
အဖိုးကြီးလေးလို တစ်တွတ်တွတ် ဆုံးမနေတဲ့
ကိုးမာန်....
.
.
.
ခင်ဗျားရဲ့ ဆုံးမ စကားတွေ
ကြားရသူကလည်း ကျွန်တော်ပဲ ဖြစ်ချင်တယ်
ကိုးမာန်
.
.
ပတ်တီးအဖွေးသား လက်လေးကို ကြည့်ပြီး
ပြုံးနေတဲ့ ကြိုးလေးကို ကြည့်ရင်း
အသည်းယားလာတာကြောင့်
ခေါင်းက ဆံနွယ် အရှည်တွေကို ထိုးဖွလိုက်ပြန်
တော့ အူကြောင်ကြောင်လေး ပြန်ငေးလာပြန်တာ

" အထူးအဆန်းတွေ လာလုပ်နေတယ်... ဒီလိုနဲ့
ကျွန်တော် ရူးသွားရင် ဘယ်လိုလုပ်မလဲ ကိုးမာန် "

" ရူးလည်း တာဝန်ယူရမှာပေါ့.... မကြာခင်ပဲ
တရားဝင် တာဝန်ယူရတော့မယ်မလား..."

ကြွေ ပြုံးလိုက်မိသည်။
ကိုးမာန်ရာ.... ခင်ဗျားကတော့ တကယ်ပဲ...

" ပြီးတော့ ဘာလဲ Hot tea...
Black coffee ပဲ သောက်ချင်နေတာမလား.."

ကြွေ ခေါင်းငြိမ့်ပြလိုက်မိလားမသိ...
ချက်ချင်းထပြီး သွားမှာနေပြန်တဲ့ ကိုးမာန်..

ခင်ဗျားရယ်...
ခင်ဗျားကို ကျွန်တော် ချစ်လိုက်တာ....

.
.
.
.
" ဟော ပြန်မယ် ဆိုကာမှ မိုးရွာနေပါလား.."

ဆိုင်မှာထိုင်နေတဲ့ ၂ နာရီလုံးလုံး လက်ထပ်ပွဲ အကြောင်း ပြောနေကြတာ
အကြောင်းအရာ တော်တော်များများက
ကိုးမာန် စီစဉ်ပြီးသားကို ကြွေက ဟို ဖျက်
သည်ရွှေ့  လိုက်လုပ်ခြင်းသာ....

ကြွေပြောသမျှကိုလည်း မညီးမညူ လိုက် ပြင်ပေးတဲ့ ကိုးမာန်ကြောင့် ကြွေ ရစ်ရတာ
တကယ်ကောင်း....

တစ်လောကလုံး ကြွေနဲ့ ကိုးမာန် နှစ်ယောက်
တည်းရှိနေရသလိုပင်...

ကြိုက်လိုက်တာ.... ဒီလိုလေးနေရတာ..

" ကြိုးလေးကို ဒီလို ဆိုင်မျိုးလေး တစ်ဆိုင်
ဝယ်ပေးရမယ် "

" ဒီလိုဆိုင်? Pinky cafe လိုမျိုးလား "

" အင်း.... ကြိုးလေးက ဒီလိုဆိုင်မှာ ထိုင်ရတာ
ကြိုက်တယ်မလား? အပြင်သွားဖို့ခေါ်တိုင်း ဒီမှာပဲ
အမြဲ ချိန်းတော့ ကြိုးလေးနဲ့ ဒီဆိုင် ကို
ခွဲလို့တောင် မရတော့ဘူး "

" ဒါဆို ဒီဆိုင်ပဲ ဝယ်လိုက်လေ "

" ကိုယ်လိုချင်တဲ့ လောဘ တစ်ခုတည်းနဲ့
ဒီဆိုင်အပေါ် ရင်းနှီးထားရတဲ့ စိတ်တွေကို တန်ဖိုး
ဖြတ်လို့ဘယ်ဖြစ်မလဲ "

ကြွေ ခပ်တွေတွေလေး ဖြစ်သွားရပြန်တယ်....
ရိုးရှင်းလိုက်တာ ... ဒီလူကြီးစိတ်က....

" မိုးဖွဲလေးရယ်... black coffee ရယ်နဲ့
ကြိုးလေးက အလိုက်ဖက်ဆုံးပဲ..."
.
.
.
.
!!!!
.
.
မြန်မြန်ဆန်ဆန် ပြုမူလိုက်တဲ့ ကြွေ့ကြောင့်
ကြောင်တောင်တောင်လေး ကျန်ခဲ့တဲ့ ကိုးမာန်
ကို ကြည့်ပြီး ကြွေ ပြုံးလိုက်မိသည်။

စိုစွတ်သွားတဲ့ နှုတ်ခမ်းအထိ တွေ့ကြောင့်
ယောင်ယမ်းပြီး နှုတ်ခမ်းကို ကိုင်မိတော့ အိမ်မက်
မဟုတ်ကြောင်း သက်သေက ဘေးဝိုင်းတွေရဲ့
မျက်ဝန်းတွေ..

.
.
" ကျွန်တော့်ကြောင့် အူကြောင်ကြောင် ဖြစ်သွား
ရတာလေးလည်း ခင်ဗျားနဲ့ အလိုက်ဖက်ဆုံးပဲ
ကိုးမာန် "

~~~~~~~~~~~~~~
tbc..

အဆုံးထိတင်ပေးမှာပါ ...

ကြိုးလေးကို မမေ့ပေးကြတာ ကျေးဇူး Xoxo

cmt များက အားဆေးပါပဲ









Continue Reading

You'll Also Like

1.4M 131K 48
What will happen when you have a crush on Fujoushi? Ultimate experiences of being a hardcore Fujoushi.! Cover - @NyaHmwePann Started On - October 2...
946K 81.1K 89
ခ်စ္ျခင္းေမတၲာစစ္စစ္ေတြက ဘ၀မွာ ႏွစ္ခါရိွႏိုင္လား?? ချစ်ခြင်းမေတ္တာစစ်စစ်တွေက ဘ၀မှာ နှစ်ခါရှိနိုင်လား??
2.7M 311K 110
(U&Z) သူဟာ အဆုံးမရှိတဲ့ လွတ်​လပ်​ခြင်း​တွေနဲ့ ငါတို့ရဲ့ မနက်ဖြန်တိုင်းကို ပျော်ရွှင်စေတဲ့ သူ ...။ သူက သိပ်ကို ထူးခြားလွန်းတယ် ...။ Boy Love , own sto...