ဦးရဲ့သည်းငယ်လေး (Completed)

By Myuekhoe

2.1M 144K 3.8K

သည်းငယ်လေး မင်းကြိုက်သလောက်ဆိုးစမ်းပါ မင်းဆိုးနေတာလေးကို ဦးကချစ်တာမို့လို့ More

Part-1
Part-1(Uni)
Part-2
Part-2(Uni)
Part-3
Part-3(Uni)
Part-4
Part-4(Uni)
Part-5
Part-5(Uni)
Part-6
Part-6(Uni)
Part-7
Part-7(Uni)
Part-8
Part-8(Uni)
Part-9
Part-9(Uni)
Part-10(Uni)
Part-11
Part-11(Uni)
Part-12
Part-12(Uni)
Part-13
Parr-13(Uni)
Part-14
Part-14(Uni)
Part-15
Part-15(Uni)
Part-16
Part-16(Uni)
Part-17
Part-17(Uni)
Part-18
Part-18(Uni)
Part-19
Part-19(Uni)
Part-20
Part-20(Uni)
Part-21
Part-21(Uni)
Part-22
Part-22(Uni)
Part-23
Part-23(Uni)
Part-24
Part-24(Uni)
Part-25
Part-25(Uni)
Part-26
Part-26(Uni)
Part-27
Part-27(Uni)
Part-28
Part-28(Uni)
Part-29
Part-29(Uni)
Part-30
Part-30(Uni)
Part-31
Part-31(Uni)
Part-32
Part-32(Uni)
Part-33
Part-33(Uni)
Part-34
Part-34(Uni)
Part-35
Part-35(Uni)
Parr-36
Part-36(Uni)
Part-37
Part-37(Uni)
Part-38
Part-38(Uni)
Part-39
Part-39(Uni)
Part-40
Part-40(Uni)
Part-41
Part-41(Uni)
Part-42
Part-42(Uni)
Part-43
Part-43(Uni)
Part-44
Part-44(Uni)
Part-45(Final)
Part-45(Uni)(Final)
Please!
Please!
Please!
Please!

Part-10

19.9K 1.1K 22
By Myuekhoe

"ဟမ်....တကယ်ကြီးလား..."

"တိုးတိုးပြောစမ်းပါကွာ...မင်းကလည်း..."

ကန်တင်းမှာထိုင်နေရင်း..မနေ့ကဖြစ်ပျက်ခဲ့သမျှအကြောင်းတွေကို ပြောပြနေရင်း..အသံကျယ်လာတဲ့ ဝေလင်းကို တိုးတိုးပြောဖို့ပြောရသေးတယ်..။

"အဲ့ကောင် တော်တော်ယုတ်မာတာပဲ.."

"ဘယ်သူလဲ?...
မင်းကလည်း အစမရှိအဆုံးမရှိနဲ့..."

ဟုတ်တယ်လေ..သူပြောနေတဲ့ပုံစံက ဦးကိုပြောတာမှန်းမသိ ဟိုခွေးကောင်ကိုပြောတာမှန်းမသိ...

"ထွန်းလင်းဇော်ကိုပြောတာပါကွာ...
ဦးနေမင်းဧကရာဇ်ကို ပြောတာမဟုတ်ဘူး...
ရှည်တာကွာ..မောလိုက်တာ..ဟူး......." လို့ ပြောပြီး ဝေလင်းက အအေးကိုငုတ်သောက်နေတယ်...

"အဲ့ကောင် ငါ့ရှေ့ပေါ်လာလို့ကတော့...
ဆွဲထိုးပြစ်မှာ...
မင်းကချုပ်ပေး...ကြားလား.."

"သြော်...အေး...
ငါ့ကိုလူမိုက်ငှားနေ..."

"မင်းကို ငါကယောက်ဖတော်ထားတာလေ..
မင်းကဒါလေးတောင်မလုပ်ပေးချင်ဘူးလား..."

"ဟာ....သူရ ယောက်ဖကလည်း...
ငါမပြောမိပါဘူး...
ငါ့ယောက်ဖကိုမကောင်းကြံထားတဲ့ကောင်ကို ငါလည်းဝိုင်းချပေးမှာပေါ့..နော်လေ..."

"ဟင်းဟင်း.....ဒီလိုမှပေါ့.."

"ဒါနဲ့..မင်း ဦးနေမင်းဧကရာဇ်ကို ဘယ်လိုလုပ်မှာလဲ?..."

"ဟင်း...မသိတော့ပါဘူးကွာ...
ငါလည်း ဘယ်လိုလုပ်ရမှန်းတောင်မသိတော့ဘူး..."

"မင်း သူ့ကို မချစ်ဘူးလား..."

"မသိဘူး....ငါမသိဘူး...
ငါနဲ့ဦး တွေ့တဲ့အချိန်က ဘယ်လောက်မှမကြာသေးဘူး...
ငါ ဦးကို ချစ်လား မချစ်လား..ငါ့ကိုယ်ငါ မသိဘူး..ဟူး........."

"အဲ့တာဆို..မင်းသူနဲ့တွေ့ရင် ဘယ်လိုလုပ်မလဲ?..."

"မတွေ့အောင် ရှောင်မှာပေါ့...
ငါ့ကို ဒီရက်တောတွင်း ဆိုင်ကယ်အကြိုအပို့လုပ်ပေးပါကွာ...
ငါဦးနဲ့ရင်မဆိုင်ရဲသေးဘူး..."

"ပို့တာက ပို့ပေးလို့ရပါတယ်..
မင်း ဦးနေမင်းဧကရာဇ်အပေါ် ချစ်လားမချစ်လား..ကိုယ့်ဟာကို သေချာဆန်းစစ်ကြည့်လို့ပဲ ငါပြောချင်တယ်..."

"အေးပါကွာ...ငါနားလည်ပါတယ်...
ဦးက ငါ့အပေါ်ကောင်းပါတယ်..."

ကားပေါ်မှာ နမ်းလိုက်တဲ့ကိစ္စမပါရင်ပေါ့...

"ငါချစ်တဲ့အချစ်က ယောက်ျားလေးရယ်မိန်းကလေးရယ်လို့ မရှိပါဘူး...
ငါ့အပေါ်မှာ တကယ်ကောင်းတဲ့သူကိုပဲ ငါရွေးချယ်မှာ...
ဒါပေမဲ့..ငါ့ရဲ့ပထမဦးဆုံးအချစ်ကို လက်လွတ်စပယ်တော့မပေးလိုက်ချင်ဘူး..."

"ဟုတ်ပါတယ်...မင်းလည်း သေချာစဉ်းစားပေါ့..
ငါအဲ့နေ့က မင်းနဲ့အတူမရှိနေနိုင်တဲ့အတွက်တော့ ငါတောင်းပန်ပါတယ်.."

"ရပါတယ်ကွာ...ငါလည်း ဘာမှမဖြစ်တော့ပါဘူး..."

ကျွန်တော်တို့စားသောက်လို့ပြီးတော့..အိမ်ပြန်ဖို့အတွက် ကန်တင်းကနေ ထွက်လာခဲ့တယ်..။ ကျောင်းအပြင်ဘက်ရောက်တော့..ရပ်ထားတဲ့ဦးရဲ့ကားကိုတွေ့ရတာမို့..

"ဝေလင်း...မြန်မြန်မောင်းတော့...
အရှေ့မှာ ဦးကား..."

"ဟမ်...အေးအေး.." ဆိုပြီး ဝေလင်းက အယောင်ယောင်အနနနဲ့ဆိုင်ကယ်ကိုဟအမြန်မောင်းတယ်..။ ကျွန်တော်လည်း ဦးကိုမကြည့်ရဲ့တာမို့ ဝေလင်းရဲ့ပခုံးနဲ့မျက်နှာကိုကပ်ထားလိုက်တယ်..။ ဦးနဲ့ကျော်လာပြီဆိုမှပဲ မျက်နှာကိုခွာလိုက်တယ်..။ ဆိုင်ကယ်နောက်ကြည့်မှန်ကနေ ကြည့်လိုက်တော့..ဦးက ကားပေါ်ကနေဆင်းကာ ကျွန်တော်တို့ဆိုင်ကယ်ကိုလှမ်းကြည့်နေတာကို တွေ့ရတယ်..။

"ဟူး.........
ငါ့လုပ်ရပ်က မှန်တယ်မလား...ဝေလင်း..."

အရှေ့ကဆိုင်ကယ်မောင်းနေတဲ့ဝေလင်းကတော့..သဲသဲကွဲကွဲမကြားရလို့ပဲလားတော့မသိဘူး 'အေး´ ဆိုပြီး ပြန်ပြောတယ်..။

....................................

"ဟူး..........."

ဒီတစ်ခါ တကယ်ရူးချင်နေပြီ..။ ကျွန်တော်ဖွင့်ပြောလိုက်မိတာက မှန်သလား မှားသလားတောင် မစဉ်းတတ်တော့ဘူး..။ ကလေးစိတ်ထဲမှာ..ကျွန်တော့်ကိုအခွင့်အရေးသမားလို့ ထင်သွားပြီလားမသိဘူး..။

ဖုန်းဆက်တော့လည်းမကိုင်..စာပို့တော့လည်းမပြန်..ကိုယ့်ကိုဒီတစ်ခါ တကယ်ရက်စက်သွားပြီထင်ပါရဲ့..။

ကျွန်တော့်နေ့တိုင်းသွားကြိုနေကျနေရာမှာ သွားစောင့်နေတာတောင်..ကလေး ကျွန်တော့်ကိုလှည့်မကြည့်ဘဲ သူ့သူငယ်ချင်းဆိုင်ကယ်နောက်မှာ ကွယ်ကွယ်သွားသည်မှာ ဒီနေ့နဲ့ဆို ၃ရက်ရှိပြီ..။

ကလေးအိမ်ရှေ့မှာ သွားသွားစောင့်သော်လည်း..ကလေးက အပြင်ကိုထွက်မလာဘူး..။ ကျွန်တော်တကယ်မနေနိုင်တော့ဘူး..။

"ဟူး......." ဆိုပြီး ကုတင်ပေါ်မှာထိုင်ကာ သက်ပြင်းတွေသာ အခါခါချနေမိတယ်..။

...............

"တင်!.." ဆိုတဲ့ ဖုန်းထဲမက်ဆေ့ခ်ျဝင်လာတာမို့..ဖွင့်ကြည့်လိုက်တော့ ဦးဆီက..

// ကလေး...ကိုယ် ကလေးတို့ခြံနားမှာ ကားရပ်ထားတယ်..
ကိုယ့်ဆီကို ခဏလောက်လာခဲ့ပေးပါ...
ကလေးမလာမချင်း ကိုယ်စောင့်နေမှာမို့..ကိုယ့်ဆီကို လာခဲ့ပေးပါ...Please! //

"ဟူး...ငါဆင်းတွေ့လိုက်ရင် ကောင်းမလား...
ရူးချင်တာပဲ..."

ဦးနဲ့မျက်နှာချင်းမဆိုင်တာ ၃ရက်လောက်ရှိပြီမို့..ကျွန်တော်လည်း ဦးကိုတွေ့ချင်ပါတယ်..။ ဒါပေမဲ့..ကျွန်တော့်ကို ဦးတကယ်ချစ်လား မချစ်လား သိချင်တာမို့..အခုလိုမတွေ့ဘဲ နေနေရခြင်းဖြစ်သည်..။

ဘာပဲဖြစ်ဖြစ်ကွာ...သွားတွေ့မယ်ဆိုပြီး အောက်ကိုဆင်းလာခဲ့လိုက်တယ်..။

"သားငယ်...ဘယ်လဲ?.." ဆိုပြီး မေမေ့ရဲ့မေးသံကြောင့်...

"သား ခြံထဲခဏဆင်းမလို့..."

"အေးအေး..." ဆိုပြီး မေမေကTVကိုသာ ပြန်ကြည့်နေတယ်..။

ကျွန်တော်လည်း..မြန်မြန်လျှောက်လာလိုက်ပြီး..ခြံပြင်ကိုထွက်လာလိုက်တယ်..။ ကျွန်တော်တို့ခြံရဲ့ခပ်လှမ်းလှမ်းမှာ ကားရပ်ထားတာတွေ့တာမို့..ကားဆီကို အမြန်လျှောက်လာပြီး ကားပေါ်တက်လိုက်တယ်..။

"ဟင်....ကလေး..."

"အင်း....ဦး..."

"ကလေး..ကိုယ့်ကို ရှောင်နေတာလား.."

"......"

"ကိုယ့်ဖွင့်ပြောလိုက်တာကြောင့်လား...
အဲ့တာကြောင့်ဆို ကိုယ့်တကယ်တောင်းပန်ပါတယ်ကလေး...
ကိုယ့်ကို အခွင့်အရေးသမားလို့ ထင်သွားပြီလားဟင်..."

"......."

"ကိုယ့်ကို စကားတောင်မပြောချင်တော့ဘူးပေါ့..
ကိုယ်နားလည်ပါတယ်...
ကိုယ်ပြောလိုက်တဲ့စကားက ကလေးနဲ့ကိုယ့်ရဲ့ကြားမှာ အကွာအဝေးတစ်ခုလိုဝေးကွာသွားစေမယ်ဆိုတာသာ ကိုယ်သိခဲ့ရင် ကိုယ်ဖွင့်မပြောခဲ့ပါဘူး..."

ကျွန်တော့်ကိုဘာမှမပြောဘဲ အပြင်ကိုဘဲကြည့်နေတာကြောင့်..ကျွန်တော် တကယ် စိတ်ကျဉ်းကျပ်မိတယ်...

"........"

"ကိုယ့်ကိုအခုလို မခေါ်မပြောဘဲ မနေပါနဲ့ကွာ..
ကိုယ်တကယ်မနေနိုင်လို့ပါ...
ကိုယ်ဖွင့်ပြောခဲ့တဲ့စကားတွေကို ပြန်ရုတ်သိမ်းပေးဆိုလည်း..ကိုယ်ပြန်ရုတ်သိမ်း...အု......"

ကျွန်တော့်စကားတွေ မဆုံးသေးခင်..ကျွန်တော့်နှုတ်ခမ်းပေါ်ရောက်လာတဲ့ ကလေးရဲ့နှုတ်ခမ်းကြောင့်..ကျွန်တော့်စကားတွေ ရပ်တန့်သွားတယ်..။ စုပ်ယူနမ်းတာမျိုးမဟုတ်ဘဲ ကျွန်တော့်ကိုစကားဆက်မပြောတော့အောင်..ပိတ်လိုက်သလိုမျိုးဖြစ်သည်..။

"ကလေး..."

"အဲ့လိုမပြောပါနဲ့...
ဦး သားကို မချစ်ဘဲမနေပါနဲ့...
သားနဲ့ဦးက တွေ့တာမကြာသေးတာမို့..
ဦး သားကို တကယ်ချစ်မချစ် သိချင်လို့..သား ဦးကို မတွေ့ဘဲနေတာပါ...
သားဘက်ကလည်း ဦးကိုချစ်သလား မချစ်သလား သေချာမသိသေးတာမို့..ဦးဘက်က သားကို အချိန်ခဏလောက်လေး စောင့်မပေးနိုင်ဘူးလားဟင်..."

"ဟင်...အဲ့တာဆို ကလေးပြောချင်တာက...
ဦးကို မချစ်နိုင်ဘူးလို့တော့ မဟုတ်ဘူးပေါ့နော်..."

"အင်း.."

"အင်းအင်း...ကလေး သေချာစဉ်းစားနော်..
ဦးစောင့်ပေးနိုင်တယ်..."

"ဟုတ်...
ဟို...နောက်တစ်ပတ်ကျရင် သားတို့စာမေးပွဲရှိတာမို့..
ဦး သားကို မနက်ဖြန်ကစပြီး စာမေးပွဲနောက်ဆုံးညအထိ လာမတွေ့ပါနဲ့..."

"ဟမ်...အဲ့တာကြီးကျတော့ ကိုယ်.."

"ဦး မလုပ်ပေးနိုင်ဘူးလား..."

"အင်းပါ...အင်းပါ...
ကိုယ်စောင့်နိုင်ပါတယ်..
နောက်ဆုံးနေ့ကျရင်တော့ လာကြိုမယ်နော်...
ဦးအတွက် အကောင်းဆုံးအဖြေကိုပါ ယူဆောင်လာမပေးမယ်လို့ ဦးမျှော်လင့်နေမယ်.."

"အင်း...ပြွတ်...
ဒါက မတွေ့ရတဲ့ရက်တွေအတွက် ကြိုပေးထားတာ..ပြွတ်.." ဆိုပြီး ကျွန်တော့်နှုတ်ခမ်းကိုနမ်းကာ ဆင်းပြေးသွားတဲ့ကလေးကြောင့် ကျွန်တော့်ရင်ထဲမှာ ချက်ချင်းအပြုံးပန်းတွေဝေဆာလာတယ်..။

"Yessss!...ကိုယ်စောင့်နေမယ်နော် ကလေး.." လို့ အော်ပြောလိုက်ပြီး ကလေးအိမ်ထဲဝင်သွားတာကြည့်ပြီးမှ အိမ်ကိုပြန်လာခဲ့တယ်..။

အား!...ပျော်လွန်းလို့ ကျွန်ေတာ် ဒီညတော့အိပ်မက်လှလှမက်မယ်ထင်တယ်..

Continue Reading

You'll Also Like

178K 30.7K 84
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .
165K 17.2K 108
ဘာသာပြန်သူ - စွဲညို့အသင်း
272K 11.4K 38
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
309K 24.8K 29
Mini Story Uni Life Style Sweet Romance