Zawgyi
"ထွက်လာလို့ရပြီ... "
-*-*-*-*-*-*-*-*-*
' ...ဟမ် ဘယ်လိုကြီး?'
"ခဏ အနားယူချေ"
ထိုနောက် ယွီ့ချင်ကု့ချင်းကို ထုတ်လိုက်ပြီး ကြိုးဖြူကနေတစ်ဆင့် ယွီ့ချင်နယ်မြေကို ပြန်ဝင်လာတော့ ယွီ့ဟာ သူဆီ အပြေးလေးရောက်လာတော့သည်၊
"ဖေးဖေး... ဒီကိုကြည့် ယွီ့ ဖေးဖေးပင်ပန်းမှာဆိုးလို့ ခူးပေးထားတာ...အဲ့အပင်တွေနဲ့အသီးတွေက ယွီ့ရဲ့စိတ်စွမ်းအင်နဲ့ရှာထားတာကြောင့် ဒီနယ်မြေမှာ အကောင်းဆုံးပဲ..." ယွီ့ဟာ ဝမ်ဖေးရန်ရဲ့ အင်္ကျီလက်မောင်းစလေးကို လှမ်းဆွဲကာ သူမခူးပြီးထားခဲ့သည့်နေရာကို လက်ညှိုးလေး တစ်ထိုးထိုးနဲ့ပြောပြနေတော့သည်၊
'ဖေးဖေးလဲ မဆိုးပါဘူး'
ရှောင်ဝေ့ရန် ဝမ်းဗိုက်နားက ဒျန်တျန်အတွင်းရှိ အပြာရောင်အငွေ့လုံးဟာ ရုပ်လုံးကြွလာတော့သည်၊တစ်လက်မအရွယ်အလုံးလေးအဖြင့် သန္ဓေတည်လာပြီးနောက်မှာ ဝမ်ဖေးရန်သည်လည်း ချီသန့်စင်အဆင့်သေးနှစ်ဆင့်ကို ကျော်တက်လာကာ အဆင့်ကြီးဖြစ်တဲ့ ချီအဆင့်ကို စတင်ရောက်လာတော့သည်၊
-*-*-*-*-*-*-*-*-*-*-
Chapter - 24မျှော်...
-*-*-*-*-*-*
Unicode
စကားပြောဆိုကာ အချိန်တစ်အောင့်ကြာတော့ ရှောင်ဝေ့ရန်ရဲ့မျက်နှာအမူအရာ ပျက်ယွင်းလာပြီး နားထင်ကနေ ချွေးများဆို့လာကာ ခန္ဓာကိုယ်သည်လည်း အနည်းငယ်ယိုင်လာသည်ကို ရှောင်ချင်းလင်သတိထားမိလိုက်တော့ ကျေနပ်သွားသလိုပြုံးလိုက်ပြီးနောက်မှာ ပူပန်နေတဲ့အစ်ကိုကြီးတစ်ယောက်လို ချက်ချင်းပြုမူကာ မေးလိုက်သည်၊
"အိုး... ညီလေးဝေ့ရန်ကြည့်ရတာ အဆင်မပြေဘူးနဲ့တူတယ် မျက်နှာတောင်ဖြူဖျော့လာပြီ"
"အစေခံရှောင်မု မင်းသခင်လေးကို သူ့အဆောင်ကို ပြန်ပို့လိုက်တော့" လို့ ရှောင်ချင်းလင်က အမိန့်ပေးလိုက်တော့ ရှောင်ဝေ့ရန်ဟာ အားနာသည့်မျက်နှာလေးဖြင့် ရှောင်ချင်းလင်ဘက်ကို ကြည့်ကာ ပြောလိုက်သည်၊
"အစ်ကိုသုံး ကျွန်တော်အဆင်ပြေပါတယ်... မဟုတ်ရင် စေ့စပ်ပွဲ ကိစ္စကြောင့် မင်းသားချင်အိုရန်ကို... " စိုးရိမ်နေသည့်အသံဖြင့်ပြောလာချိန်မှာ ရှောင်ချင်းလင်တစ်ယောက် ရှောင်ဝေ့ရန်ရဲ့အသံချိုကို မနာလိုလွန်းလို့ရူးမတက်ပေ၊ဒါပေမယ့် သူဟာ ပြုံးကာ လက်ခါလိုက်ပြီး
"အစ်ကိုအိုရန်ဘက်က ညီလေးဝေ့ရန်ကို ဒီကိစ္စနဲ့ပတ်သတ်ပြီး ဘာမှမပြောစေရဘူး အစ်ကို့တာဝန်ထားလိုက်... သွား... သွား အေးဆေးအနားယူ "လို့ ပြောလိုက်ပြီး ရှောင်မုကို မင်းသခင်လေးကို သေချာခေါ်သွားလို့ မှာတမ်းချွေကာ အမြန်လွှတ်လိုက်သည်၊
ရှောင်ချင်းလင်ဟာ သူ့စိတ်ထဲတွင် သူရဲ့အကြံအစည်ကိုသာ တွေးတောနေတာကြောင့် ဘေးပတ်ဝန်းကျင်က လူငယ်တွေ ကြည့်သွားတဲ့အကြည့်တွေကို သတိမထားမိချေ၊ ထိုနောက် အကျိုးအကြောင်းကို သူဖခင်အား ရှင်းပြရင်း စောစောအနားယူမည့်အကြောင်းပြောရင်း လူသူမရှိတဲ့ အမှောင်ရိပ်နားထွက်လာကတော့သည်၊
"ထွက်လာလို့ရပြီ... "
ခေါင်းအစ၊ခြေအဆုံး အမဲရောင်အဝတ်တွေဝတ်ထားသည့်လူသုံးယောက်ဟာ ထွက်လာပြီး ရှောင်းချင်လင်းကို ဂါဝရပြုကာ ရှောင်ဝေ့ရန်နေထိုင်ရာ အိမ်ဆောင်ဘက်ကို ထွက်သွားကျတော့သည်၊ ရှောင်ချင်းလင်ဟာ ပြုံးရွှင်ရင်း ထွက်သွားမည်အလုပ် အနောက်ကနေ ဂုတ်ကိုအရိုက်ခံလိုက်ရပြီး မြေပြင်ပေါ် လဲကျသွားတော့သည်၊
လူငယ်လေးဟာ မြေပြင်ပေါ်လဲကျနေသည့် ရှောင်ချင်းလင်ကို ရွံရှာဖွယ်အရာလို ကြည့်ပြီး သူ့နောက်လိုက်တစ်ဦးကို ချီရန်မေးငေါ့ပြလိုက်သည်၊
"ငါတို့ သွားမဲ့အစီအစဉ်တိုင်းလုပ်! ငါ့အစ်ကိုကို ဒုက္ခထပ်ပေးချင်တဲ့အိုမီဂါကို ငါက ဒီအတိုင်းရပ်ကြည့်နေမှာ မဟုတ်ဘူး"
ဟုတ်ပါတယ် ထိုလူငယ်လေးဟာ ရှောင်ဝေ့ရန်ရဲ့ ညီရှောင်လျန့်စန်းဖြစ်သည်၊လူငယ်လေးဟာ အသက်ဆယ့်သုံးနှစ်သာဆိုတယ် ပြတ်သားသောအကြည့်များနဲ့ ရက်စက်သောဆုံးဖြတ်ချက်ကိုတောင် ချမှတ်တတ်နေပြီ၊အယ်လ်ဖာတွေက လောကမှာ အင်အားကြီးတာ မဆန်းကျယ်ပေ၊သူတို့က မွေးဖွားတည်းက စိတ်ကော၊ကိုယ်ကော သန်မာကျပြီးသားပင်၊
-*-*-*-*-*-*-*-*-*
တစ်ဖက်မှာတော့ ဝမ်ဖေးရန်ဟာ သူရဲ့ခြံဝန်းရှိ သူ့အိပ်ဆောင်ခန်းထဲမှာ ရှောင်မုငှဲ့ပေးသည့် ရေနွေးကြမ်းကို အရသာခံသုံးဆောင်နေရင်း မကြာခင်လာတော့မည် ဧည့်သည့်တွေကို စောင့်ကာနေနေတော့သည်၊ ရှောင်မုဟာ ကျောက်စိမ်းလက်ဖက်ရည်ခွက်ထဲ ဂမုန်းပွင့်စိမ်ထားသည့် ရေနွေးကြမ်းကို ငှဲ့ပေးရင်း မေးလိုက်သည်၊
"သခင်လေးကို ရှောင်ချင်းလင်က ဘာဆေးခတ်ခဲ့တာလဲ"
"ထူးထူးခြားခြားရယ်တော့ မဟုတ်ပါဘူး အဲ့ဆေးက တော်တော်ရှားတယ် တိမ်တိုက်ငရဲ စိတ်ကြွဆေးတဲ့ အဲ့ဆေးထဲမှာ ပါဝါပစ္စည်းတွေက အရမ်းကိုဈေးကြီးပြီး ပြုလုပ်ရလည်း ခက်ခဲသေးတယ်... "
"တိမ်တိုက်ငရဲ စိတ်ကြွဆေး... အဲ့ဆေးက စိတ်ကြွဆေးသက်သက်ပဲမဟုတ်ဘူးလား" လို့ သခင်လေးဖြေလာတဲ့အဖြေကို ရှောင်မုဟာ နားမလည်စွာမေးရင်း သူမသခင်လေးကိုစိတ်ကြွဆေးတိုက်ကျွေးရဲသည့် ရှောင်ချင်းလင်ကိုပါ စိတ်ထဲကနေ ကျိန်ဆဲလိုက်မိသည်၊ သူမသာ အင်အားကြီးခဲ့ရင် သခင်လေးကို ဘယ်သူမှ ဒုက္ခပေးရဲကျမှာမဟုတ်ဘူး! အခုတော့ သာမန်လူဖြစ်တဲ့သူမဘဝဟာ ကျင့်ကြံသူဘဝဆိုတာ အိပ်မက်တစ်ခုလိုပါပဲ၊
"အဲ့ဆေးက အရမ်းဆိုးတာလည်း မဟုတ်ပါဘူး သောက်ပြီး အမွှေးတိုင် ၂တိုင်စာလောက်မှ ဖြေဆေးသောက်ရင်သောက် မသောက်ရင်လည်း လိင်ဆက်ဆံပေါ့ အဲ့လိုမဟုတ်ရင် သွေးကြောပေါက်ကွဲပြီးသေရုံပေါ့"လို့ ဝမ်ဖေးရန်ဟာ ပေါ့ပေါ့ပါးပါးပြောဆိုလိုက်ပေမယ့် ရှောင်မုဟာ အနည်းငယ်စိုနေသည့် သခင်လေးရဲ့လက်ကိုင်ပုဝါကို ကြက်သေသေကြည့်နေမိပြီး
"သူက သခင်လေးကို သေစေချင်နေတာလား!"လို့ ဒေါသထွက်စွာမေးလိုက်ပေမယ့် အစေခံတစ်ယောက်အနေနဲ့ ဒေါသထွက်ခွင့်မရှိတာကြောင့် အံ့လေးကြိတ်ကာမေးလိုက်သည်၊
"သေစေချင်တယ်... မဟုတ်ဘူး သူက ငါ့ကိုဒီထက်ပိုဆိုးဝါးတာ ဖြစ်စေချင်နေတာ"ဝမ်ဖေးရန် ပြုံးကာ ဖြေနေတုန်း Systemဆီက အသံထွက်လာတော့သည်၊
[System: နင့်ညီက အာဂလူသားပဲသိလား ဝမ်ဖေးရန်! နင်တောင် ဘာမှမလုပ်စရာမလိုအောင် နင့်ညီက ဟိုရှောင်ချင်းလင်ကို မင်းသားငါးအခန်းနဲ့ပို့လိုက်ပြီ]
' ...ဟမ် ဘယ်လိုကြီး?'
[System: အေး အဲ့လိုကြီးဟဲ့ နင် သရုပ်ဝင်ဆောင်ပေးရုံပဲ ]
'ငါ သိပြီ...ကြည့်ရတာ အပြင်မှာလည်း ဧည့်သည်တွေရောက်နေပြီနဲ့တူတယ်'
[System: သာမန် ငချွတ်လေးနှစ်ယောက်ပါဟ... ]
ခြံဝန်းထဲ ခိုးဝင်လာသည့်ခြေသံတွေကြားတာနဲ့ ဝမ်ဖေးရန်ဟာ ရွယ်ဆွေ့ကို ထုတ်လိုက်ပြီး သူအမေပေးလိုက်သည့်ဆေးတွေထဲက မေ့ဆေးကာကွယ်ဆေးတစ်လုံးကိုထုတ်လိုက်ပြီး သောက်လိုက်ကာ ရှောင်မုကိုလည်း ပြောလိုက်သည်၊
"ခဏ အနားယူချေ"
သခင်လေးစကားကြောင့် ရှောင်မုဟာ ကြောင်တောင်တောင်လေးဖြစ်သွားပြီး ပြန်မေးမလို့ရှိသေးသည် စူးရှရှအနံ့ဆိုးကြောင့် သူမခေါင်းများ နှောက်သွားပြီး ကြမ်းပြင်ပေါ်လဲကျသွားတော့သည်၊ ထိုအခါမှ လူသုံးယောက်ဟာ ဝင်လာပြီး ထိုထဲက ဦးဆောင်လာသူလို့ထင်ရတဲ့တစ်ယောက်ဟာ မျက်နှာပေါ်ဖုံးအုပ်ထားတဲ့အနက်ရောင်ပိတ်စကို ဖယ်လိုက်ပြီး ကောက်ကျစ်စွာပြောလာတော့သည်၊
"သခင်လေးရှောင်ဝေ့ရန်ကို ခုနက ငါပွဲမှာတွေ့ခဲ့တယ် အရမ်းလှတာပဲ! အရင်က ငါသခင်လေးရှောင်ချင်းလင်ကို ပစ်မှားခဲ့ပေမယ့် သခင်လေးရှောင်ဝေ့ရန်က သူ့ထက် အဆတစ်သောင်းလောက်ပိုလှတယ်! "
"ငါလည်း တွေ့ပါတယ်ဟ အသားလေးတွေက ပုလဲလေးလိုဖြူဖွေးနေတာပဲ... ငါ အရင်ဘဝကကုသိုလ်လုပ်ခဲ့လို့ပဲနေမယ် မကြာခင်အဲ့အလှလေးက ငါ့အောက်ရောက်တော့မယ်လို့" နောက်တစ်ယောက်ဟာလည်း လျှာသပ်ရင်းပြောလိုက်သည်၊ ထိုနောက် ခုံပေါ်မှာလဲကျနေသည့် ဆံနွယ်အဖြူများနဲ့ လူငယ်ကို ထိမလို့ရှိသေးသည်၊
အသားကို ထိုးဖောက်သည့်အသံကြောင့် လှည့်ကြည့်လိုက်တော့ သူတို့ရဲ့ လုပ်ကိုင်ဖက်တွေထဲက တစ်ယောက်ဖြစ်နေသည်၊
"မင်း..... ဘာလုပ်တာလဲ" သူရဲ့ နောက်ထပ်အဖော်ဟာ မြေပြင်ပေါ်မှာ မှောက်ယပ်လဲကျနေပြီး လည်ပင်းမှာလည်း ဓားရာတစ်ခုရှိပြီး တစ်ချက်ထဲနဲ့အရှင်းခံလိုက်ရမှန်း နားလည်လိုက်သည်၊ သူရဲ့ ယာဘက်ရင်အုံကနေဖောက်ကာဝင်နေသည့် ဓားကို ကြည့်ရင်း သူရှေ့ရှိလူအားကြည့်ကာ ကြောက်လန့်ကာ ဒေါသထွက်နေတဲ့လေသံဖြင့် အော်ဟစ်မေးလာတော့သည်၊
"မင်းက ငါတို့လူမဟုတ်ဘူး မင်းဘယ်သူလဲ!!"
ထိုလူဟာ သူရဲ့မျက်နှာပေါ်မှာ ဖယ်လိုက်သည့်အချိန်မှာ အံ့သြသွားပြီး မျက်လုံးပြူးမျက်ဆံပြူးသွားကာ "လူကြီးမင်းမင်လော့ "လို့ ပြောလိုက်ပြီနောက်မှာ သူ့လည်ပင်းငည်း နာကျင်သွားကာ မြေပြင်ပေါ် လဲကျကာ သေဆုံးသွားတော့သည်၊
ထိုနောက် မင်ထျန်းလော့ဟာ စိုးရိမ်တကြီး ဝမ်ဖေးရန်ဆီသွားကာ ပခုံးလေးကို ဆွဲကိုင်လိုက်ပြီး သူရင်ခွင်ထဲ ပွေ့ချီမလိုက်ကာ ကုတင်ပေါ် ညင်သာစွာတင်ပေးလိုက်တော့သည်၊
"ကိုယ့်ရဲ့ရန်အာ... အေးဆေးအနားယူလိုက်အုံး မကြာခင် အဲ့ခွေးမောင်နှံပေါင်းဖက်ရတော့မယ့်..."လို့ ရေရွတ်လိုက်ပြီး နဖူးလေးကို တစ်ချက်အနမ်းပေးကာ ထွက်သွားတော့သည်၊ မင်ထျန်းလော့ ထွက်သွားမှ ဝမ်ဖေးရန်ရဲ့မျက်လုံးများ ပွင့်လာပြီး သက်ပြင်းချလိုက်တော့သည်၊
'တော်သေးလို့ ငါ လော့ကောကောရဲ့ ကိုယ်သင်းနံ့ကို အရင်ရလိုက်လို့ပေါ့ '
[System: ဓား ရမ်းသန်းခုတ်နေတဲ့ ဝမ်ဖေးရန်ကို မမြင်လိုက်ရလို့ တော်သေး]လို့ ဥမဟာ ပြောလိုက်တော့ ဝမ်ဖေးရန်ဟာ မျက်စောင်းတစ်ချက်ကျွေးလိုက်ပြီး၊
'ဟိုဘက်က အခြေအနေ ဘယ်လိုဖြစ်သွားပြီလဲ' သူရဲ့နဖူးကိုပွတ်သပ်လိုက်ပြီး ဥမကို မေးလိုက်သည်၊
[System: အေး ထွေထွေထူးထူးတော့ မရှိပါဘူး ရှောင်ချင်းလင် Heatဝင်နေပြီး မင်းသားငါးနဲ့ Papapaလုပ်နေရုံလေးပဲ] ဥမဟာ သူနဲ့မဆိုင်သလို ပြောလိုက်သည်၊ ထိုနောက် ဝမ်ဖေးရန်ကို ကြည့်ကာ
[System: နင့်ဘက်က အဆင်သင့်လုပ်ထား သူတို့ဆီ ဘယ်လိုသွားမလဲဆိုတာကိုပေါ့]
'ကိစ္စမရှိဘူး ဒီကိစ္စကို အစအဆုံးစီစဉ်သူက ငါ့ဆီ ရောက်လာလိမ့်မယ် သူတို့ရဲ့လုပ်ရပ်ကို မြင်ပြီး ငါစိတ်နာအောင်လုပ်မှာလေ အဓိကလူဖြစ်တဲ့ငါပါမှ ဖြစ်မှာပေါ့ အေးဆေး အေးဆေး'လို့ ပြောလိုက်ပြီး အခုထိကြမ်းပြင်ပေါ် လဲကျနေသည့် ရှောင်မုအား ပွေ့မလိုက်ပြီး သူရဲ့ကုတင်ပေါ် တင်လိုက်သည်၊
ထိုနောက် ယွီ့ချင်ကု့ချင်းကို ထုတ်လိုက်ပြီး ကြိုးဖြူကနေတစ်ဆင့် ယွီ့ီချင်နယ်မြေကို ပြန်ဝင်လာတော့ ယွီ့ဟာ သူဆီ အပြေးလေးရောက်လာတော့သည်၊
"အရှင်သခင် ရောက်လာပြီလား..."
"ဖေးရန်လို့ ခေါ်... အရှင်သခင်ဆိုတာကြီးက ကိုးလိုးကလန့်နဲ့ " လို့ သူပြောရင်း ယွီ့ချင်နယ်မြေရှိ နောက်ထပ်ဆေးပင်နဲ့ချီစွမ်းအင်ပြည့်နှံ့နေသည့် သစ်သီးများကို ရှာဖွေနေလိုက်သည်၊ အမှန်တော့ ဒီနေရာဟာ တောအုပ်အသေးစားလေးလိုဖြစ်နေပြီး ယွီ့ချင်ကုန်း(မြစိမ်းနန်းတော်)ဟာ အလယ်တွေ ခမ်းနားတင့်တယ်စွာ တည်ရှိနေသည်၊
ယွီဟာ သူမရဲ့အရှင်သခင်ကို ကြည့်ရင်း နောက်တစ်ကြိမ်သစ်သီးသစ်ဥတွေကို ဝင်သမဦးမည်ဆိုတာ သိလိုက်ရတာကြောင့်
"ဖေးဖေး... ဒီကိုကြည့် ယွီ့ ဖေးဖေးပင်ပန်းမှာဆိုးလို့ ခူးပေးထားတာ...အဲ့အပင်တွေနဲ့အသီးတွေက ယွီ့ရဲ့စိတ်စွမ်းအင်နဲ့ရှာထားတာကြောင့် ဒီနယ်မြေမှာ အကောင်းဆုံးပဲ..." ယွီ့ဟာ ဝမ်ဖေးရန်ရဲ့ အကျႌလက်မောင်းစလေးကို လှမ်းဆွဲကာ သူမခူးပြီးထားခဲ့သည့်နေရာကို လက်ညိုှးလေး တစ်ထိုးထိုးနဲ့ပြောပြနေတော့သည်၊
"ဖေးဖေး... "ဝမ်ဖေးရန် ယွီ့ရဲ့ပျော်ရွှင်နေတဲ့အမူအရာကိုကြည့်ရင်း သက်ပြင်းချလိုက်သည်၊
'ဖေးဖေးလဲ မဆိုးပါဘူး'
"ဟုတ်လား ဘယ်မှာလဲ ကြည့်ကြည့်မယ်လေ"
[System: ဖေးဖေးရေ...ဖေးဖေးလေးရေ]
'...' ဥမရဲ့ ရုန်းပတီသီးလို ချွဲနွဲနေတဲ့ အသံတွေကို လျစ်လျူရှုလိုက်ပြီး ယွီ့နောက်ကို လိုက်သွားကာ ခြင်းလေးနဲ့ ထည့်ထားသည့် ဆေးပင်အချို့ကို ကြည့်ကာ သူချက်ချင်းအနီးသွားလိုက်ကာ ကြည့်လိုက်သည်၊
"ဒါ ရွှေရောင်ဂျင်ဆင်းပဲ သက်တမ်းက နှစ်တစ်သောင်းတောင် ပြီးတော့ နောက်တစ်ခုက သက်တံ့ရောင်ပန်းသစ်တော်ပါလား ပြီးတော့တော့ သုံးလုံးတောင်!! ယွီ့ မင်းရှာပေးတဲ့ ပစ္စည်းတွေက တစ်ကယ်အဖိုးတန်တာပဲ! ဒီဟာနဲ့ဆို တစ်လအတွင်း အဆင့်ကြီးတစ်ဆင့်ကို အမြန်ရောက်လိမ့်မှာ အမှန်ပဲ "လို့ပြောကာ ချီးမွမ်းလိုက်တော့ ယွီ့ဟာ ခရမ်းချဉ်သီးလို ရဲသွားကာ အော်ဟစ်ပြောလာတော့သည်
"ဒါပေါ့ ယွီ့က ဖေးဖေးကို အကောင်းဆုံးတွေပဲ ပေးချင်တာ!"
"ကျေးဇူးပဲ ယွီ့ ပြီးတော့ ဒီမှာ ငါလေ့ကျင့်လိုက်အုံးမယ် " လို့ ပြောလိုက်သည်နှင့် ယွီ့ဟာ အလိုက်တသိဖြင့် ထွက်သွားတော့သည်၊ ဝမ်ဖေးရန်ဟာ မြေပေါ်ထိုင်ကျလိုက်ပြီး အရွယ်ရောက်လူကြီးတစ်ယောက်ရဲ့လက်တစ်ဆုပ်စာလောက်ရှိတဲ့သက်တံ့ရောင်ပန်းသစ်တော်ကို အလုတ်ကြီးကြီးကိုက်ပြီး တစ်သီးလုံးကုန်အောင် စားလိုက်ပေမယ့်ပန်းသစ်တော်ထဲက သစ်စေ့ငါးစေ့မှ သုံးစေ့ကို မြေပြင်ပစ်ကျဲလိုက်ပြီး နှစ်စေ့ကို ကျန်တဲ့ပစ္စည်းများနဲ့အတူ သိုလှောင်ဆွဲကြိုးထဲထည့်လိုက်ပြီး စတင်လေ့ကျင့်တော့သည်၊ ထုံးစံအတိုင်း အပြင်းအထန်လေ့ကျင့်နေတဲ့အချိန်မှာ သူရဲ့အနောက်တွေ နတ်ဘုရားမပုံရိပ်ဟာ ပေါ်လာပြီး သက်တံ့ရောင်ပန်းသစ်တော်ရဲ့သိပ်သည်းနေသော ချီများကို ကူချေဖျက်ပေးနေတော့သည်၊
ရှောင်ဝေ့ရန် ဝမ်းဗိုက်နားက ဒျန်တျန်အတွင်းရှိ အပြာရောင်အငွေ့လုံးဟာ ရုပ်လုံးကြွလာတော့သည်၊တစ်လက်မအရွယ်အလုံးလေးအဖြင့် သနေ္ဓတည်လာပြီးနောက်မှာ ဝမ်ဖေးရန်သည်လည်း ချီသန့်စင်အဆင့်သေးနှစ်ဆင့်ကို ကျော်တက်လာကာ အဆင့်ကြီးဖြစ်တဲ့ ချီအဆင့်ကို စတင်ရောက်လာတော့သည်၊
ဝမ်ဖေးရန်ရဲ့အင်မော်တယ်ကျင့်ကြံရေးလောကဟာ စတင်လာခဲ့ပြီ၊ချီစွမ်းအင်အဆင့်ကို ရောက်လာပေမယ့် သူ့ကိုယ်ထဲက ပန်းသစ်တော်မှ ရရှိသည့်ချီစွမ်းအားများဟာ ကျန်ရစ်သေးသည်ကို သတိထားမိလိုက်သည်၊ဒါပေမယ့် ထိုချီစွမ်းအားများကို ဝမ်ဖေးရန်ဟာ ဒျန်တျန်ဆီပို့ရန် စိတ်ကူးမရှိချေ၊သူဟာ ပိုလျှံသောချီစွမ်းအားများကို ခန္ဓာကိုယ်အနှံ့ကို ပို့သလိုက်သည်၊ကျင့်ကြံရေးလောကမှာ တစ်ခုတည်းသန်မာနေရုံနဲ့ တစ်ဖက်ရန်သူကို အောင်နိုင်မည်မဟုတ်ပေ၊ဝမ်ဖေးရန် သူရဲ့ခန္ဓာကိုယ်ကျင့်ကြံရေးမှာလည်း အနည်းငယ်သန်မာအောင် ပြုလုပ်ပြီးနောက်မှာတော့ ပြုံးလိုက်တော့သည်၊
ဝမ်ဖေးရန် စိတ်ကျေနပ်သွားပြီး သူရဲ့မျက်ဝန်းများဟာ တောက်ပနေကာ သူ့လက်ကိုဖြန့်လိုက်ပြီး ဒျန်တျန်ရှိအတွင်းအားတွေကို သူ့သွေးကြောများကနေ စီးဆင်းစေလိုက်ပြီး သူ့လက်သွေးကြောကနေတဆင့်အသုံးပြုလိုက်သည်၊နွေးထွေးတဲ့စွမ်းအားများဟာ သူ့လက်သွေးကြောကနေ စီးဆင်းလာသည်ကို ခံစားရပြီးနောက်မှာတော့ မြစိမ်းရောင်ရေစွမ်းအင်အလုံးများဟာ ဝမ်ဖေးရန်ရဲ့လက်ထဲ ပျံဝဲနေသည်ကို တွေ့လိုက်ရသည်၊မလုံလောက်သေးဘူး၊
သူ့ညီကို ထိခိုက်အောင်လုပ်သွားတဲ့သူက ဒီချူံးအဆင့်သိုင်းပညာရှင်ပဲ!အခု ယွီ့ချင်နယ်မြေကြောင့်ရယ် နတ်ဘုရားမသိုင်းဝိညာဉ်ကြောင့် အဆင့်တက်မြန်နေပေမယ့် ဒီချူံးအဆင့်ကျင့်ကြံသူကို အစွမ်းကုန်တိုက်ခိုက်နိုင်ဖို့ လိုသေးသည်! ငါဒီထက်မက ပိုကြိုးစားရမယ်! ငါ့မိသားစုကို ငါရအောင် ကာကွယ်ပေးရမယ်!
ဝမ်ဖေးရန် အားတင်းကာ သူ့ကိုယ်သူပြောနေတုန်းမှာ Systemရဲ့သတိပေးသံထွက်လာတော့သည်၊
[System: နင့်ညီ မကြာခင် အခန်းထဲကို ဝင်လာတော့မယ်]
-*-*-*-*-*-*-*-*-*-*-
Chapter - 24မျှော်...
အသုံးအနှုန်းမသေသပ်ရင် တောင်းပန်ပါတယ်ဗျ ၊
-*-*-*-*-*-*