(Zawgyi)🍀🍀🍀🍀🍀
Part-8
(ကိုယ္..ခ်စ္ေသာ clover..!!..)
"ကိုကို.. အ့ဲတာ ဘာပင္ေလးလဲဟင္..."
သစ္မိုးအိမ္ ခ်န္နယ္တစ္ခုတြင္ လာေနေသာ
ကမၻာတစ္လႊားမွ သဘာဝအလွအပ မ်ားကို...
တင္ဆက္ေသာ Taste of nature အစီအစဥ္
ကို ၾကည့္ေနရင္း ေဘးမွ ရြက္စိမ္းေပါက္စ အသံ
ေၾကာင့္ ငံု႔ၾကည့္လိုက္သည္...။
အစားႏွင့္ ပါးစပ္ေသးေသးေလး ျပတ္ေလ့မ႐ွိေသာ
ရြက္စိမ္းေပါက္စ က သူ႔ထံုးစံအတိုင္း ကိတ္မုန္႔...
တစ္ခုကို စားေနရင္း ေမးေနျခင္းျဖစ္သည္..။
ယခုလည္း ေနာက္ဆံုးလက္က်န္ ကိတ္မုန္႔ပိုင္း
ကို ပါးစပ္ထဲထိုးထည့္ကာ ပါးအိအိႀကီး ႏွစ္ဖက္
တလႈပ္လႈပ္ျဖစ္ေအာင္ ဝါးေနျပန္သည္..။
သစ္မိုးအိမ္.. ရြက္စိမ္းေလး၏ ပါးစပ္တစ္ဝိုက္
တြင္ ေပက်န္ေနေသာ ကိတ္မုန္႔အပိုင္းအစမ်ား
ကို အရင္ဖယ္႐ွားေပးလိုက္သည္...။
သူေမးသည္ကို မေျဖေသာေၾကာင့္....
TV မွလာေသာ အစီအစဥ္ကို ၾကည့္ေနေသာ
မ်က္လံုးဝိုင္းႀကီး မ်ားက ရြက္စိမ္းေလး ေမးတာ
ေျဖေလ ဆိုေသာ အဓိပၸါယ္ အျပည့္ျဖင့္...
သစ္မိုးအိမ္ ဆီ ေရာက္လာသည္...။
သစ္မိုးအိမ္ ျပံဳးကာ အက်ႌထဲထည့္ဝတ္ထား
ေသာေၾကာင့္ သတိမထားမိေသာ ဆြဲႀကိဳးေလး
ကို ထုတ္ကာ ရြက္စိမ္းေပါက္စ ျမင္ေအာင္ျပ
လိုက္သည္...။
ဆြဲႀကိဳးေလးတြင္ ခ်ိတ္ဆြဲထားေသာ...
Clover ရြက္ပံု ဆြဲျပားေလးကို ျမင္သည္
ႏွင့္ သစ္မိုးအိမ္ ေပါင္ေပၚသို႔ လံုးတစ္တစ္
ကိုယ္လံုးေလးကို လွိမ့္ကာ တက္လာသည္။
ၿပီးသည္ႏွင့္ လက္ေဖာင္းေဖာင္းေလးက..
Clover ရြက္ပံု ဆြဲျပားေလးကို ကိုင္ကာ..
မ်က္လံုးဝိုင္းႀကီး မ်ားျဖင့္ စူးစမ္းေတာ့သည္..။
"ကိုကို..ကိုကို ဒါ..ေစာေစာက..
TV ထဲက အရြက္ေလးမလားဟင္..."
"အင္း..ဟုတ္တယ္..."
"ဝါး..~ မိုက္တာ..."
သစ္မိုးအိမ္ မိမိဆြဲႀကိဳးမွ မခြာေတာ့ေသာ...
မ်က္လံုးဝိုင္းႀကီးမ်ား ေၾကာင့္ သေဘာတက်
ရီလိုက္မိသည္...။ ပါးအိအိ တစ္ဖက္ကို...
အသည္းယားစြာ ဖ်စ္ညစ္ျပစ္လိုက္သည္..။
သစ္မိုးအိမ္ ခပ္ျဖည္းျဖည္း သာ ဖ်စ္ညစ္လိုက္
ျခင္း ျဖစ္ေသာ္လည္း နီရဲျဖစ္ေအာင္ နီရဲသြား
ေသးသည္..။
"အဟင့္.. နာသြားၿပီ အံုဖြျပန္လုပ္ေပးပါ...
ကိုကို..."
ေအာက္ႏႈတ္ခမ္းေသးေသးေလးသည္...
ေ႐ွ႕ကို ေထာ္ထြက္လာကာ မ်က္ေတာင္ေလး
ကို တျဖတ္ျဖတ္ခတ္ရင္း မ့ဲက်လာေသာ
မ်က္ႏွာေလးေၾကာင့္ သစ္မိုးအိမ္ ပ်ာယာခတ္
သြားရသည္...။
နီရဲသြားေသာ ပါးေလးတစ္ဖက္ကို ဖြဖြ...
ပြတ္သိပ္ေပးလိုက္သည္..။
"နာသြားတာလား.. ကိုကို က ရြက္စိမ္းေလး
ကို အသည္းယားသြားလို႔ပါ.. အံုဖြ..အံုဖြ..."
သစ္မိုးအိမ္ ထြက္လာေသာ ရယ္သံေလးေၾကာင့္
မ်က္ခံုးပင့္သြားရသည္..။ တရားခံ အား ၾကည့္
လိုက္ေတာ့ ပါးစပ္ေလးကို လက္ေဖာင္းေဖာင္း
ေလး ႏွစ္ဖက္ႏွင့္ ပိတ္ကာ ရီေနေသာ...
ရြက္စိမ္းေပါက္စ...။
"ဟိဟိ.. ရြက္စိမ္းေလးက ကိုကို႔ ကို
စတာ..."
"အဟား.. ကိုကို႔ ရြက္စိမ္း က...
လူဆိုးေလး ကြာ..."
သစ္မိုးအိမ္ အသည္းယားစြာ ပါးအိအိႏွစ္ဖက္လံုး
ကို ဘယ္ျပန္ညာျပန္ ႏွာေခါင္းႏွစ္ျပစ္ေတာ့...
လံုးတစ္ေနေသာ ကိုယ္လံုးေလးက တြန္႔လိ္မ္
ကာ ရီေနေသာ ရြက္စိမ္းေပါက္စ...။
ဒီသစ္ရြက္စုတ္ေလးက သစ္မိုးအိမ္ ကို
အူယားၿပီး ေသေအာင္လုပ္ေနေလသည္..။
ရီရတာ ေမာသြားပံုရေသာ ေပါက္စ က...
စားပြဲေပၚတြင္ တင္ထားေသာ ေရခြက္ကို
ယူကာ ေမာ့ေသာက္ေနေတာ့သည္...။
ၿပီးမွ...
"ကိုကို... ရြက္စိမ္းေလး ေမးတာ ေျဖဦးေလ.."
"အင္း.. ဒီအရြက္ေလးကို clover လို႔
ေခၚတယ္..."
"အြင္.. clover..~..?.."
သစ္မိုးအိမ္ ဆြဲႀကိဳးေလး ကို ခြၽတ္ကာ...
ကေလးငယ္၏ လည္ပင္းတြင္ ဆြဲေပးလိုက္
သည္...။
သစ္မိုးအိမ္ ၏ ရြက္စိမ္းေလး ၏ ဆံပင္ေပ်ာ့ေပ်ာ့
ေလးမ်ားကို ခပ္ျဖည္းျဖည္း ထိေတြ႔လိုက္သည္..။
"Clover ရြက္ေလးေတြမွာ...
အရြက္ ၃ရြက္ဘဲ႐ွိတယ္.."
"အယ္... ဒီမွာ ၄ရြက္ေတာင္ ကိုကို..."
သူ႔လည္ပင္းတိုတိုေလးမွ ဆြဲႀကိဳးေလးကို...
ငံု႔ၾကည့္ရင္း ေျပာလာေသာ ရြက္စိမ္းေပါက္စ..။
သစ္မိုးအိမ္ ျပန္ေျဖေပးလိုက္သည္...။
"အင္း.. အရြက္၄ရြက္႐ွိတ့ဲ clover...
ရြက္ေလးေတြက အရမ္း႐ွားတယ္ကြ..။
အရြက္၄ရြက္ ပါတ့ဲ clover ရြက္ေလးေတြကို
ကံေကာင္းျခင္း သေကၤတ အျဖစ္သတ္မွတ္
ၾကတယ္ ရြက္စိမ္းေလးရ႕ဲ.."
"ဒါဆို... ရြက္စိမ္းက အရြက္၄ရြက္ပါတ့ဲ...
clover ရြက္ေလးျဖစ္ခ်င္တယ္ ကိုကို..."
တက္ႂကြစြာ ေျပာလာေသာ ရြက္စိမ္း..။
သစ္မိုးအိမ္ ကေလးငယ္ ၏ ႏွာေခါင္းလံုးလံုး
ေလးကို တို႔ထိကာ ေျပာလိုက္သည္...။
"ဘာလို႔လဲ..."
"ရြက္စိမ္းေလး ကို ေတြ႔တ့ဲသူတိုင္း...
ကံေကာင္းေအာင္ေလ.. ဟီးဟီး..!!.."
"အဟက္..ကိုကို႔ရ႕ဲ ကေလးငယ္က...
ကိုကို႔အတြက္ေတာ့ အျမဲတမ္းအတြက္...
ကံေကာင္းျခင္း ေလးပါကြာ..."
"ကိုကို..ဒါဆို အရြက္၄ရြက္ မ႐ွိတ့ဲ....
Clover ေလးက်ေတာ့ေရာဟင္..."
သစ္မိုးအိမ္..ကေလးငယ္ လည္ပင္းတြင္
ဆြဲေပးထားေသာ အရြက္ေလးရြက္ ပါေသာ...
clover ရြက္ပံု ဆြဲျပားေလးမွ ပထမဆံုး..
အရြက္လႊာေလးကို တို႔ထိလိုက္ကာ..
"ဒီတစ္ရြက္က ယံုၾကည္ျခင္းကို ကိုယ္စားျပဳ
တယ္..။ ဒီတစ္ရြက္က က် ေမ်ွာ္လင့္ျခင္း ကို
ကိုယ္စားျပဳတယ္..။ ဒီသံုးရြက္ေျမာက္...
က ခ်စ္ျခင္းကို ကိုယ္စားျပဳတယ္...။ ဒီေလးရြက္
ေျမာက္ ရြက္လႊာေလးကမွ ကံေကာင္းမႈကို...
ကိုယ္စားျပဳတာ...။ clover ရြက္လႊာေလးေတြ
က တစ္ခုျခင္းစီမွာ ကိုယ္စားျပဳတာေတြ႐ွိတ့ဲ..
ခ်စ္စရာေကာင္းတ့ဲ အပင္ငယ္ ေလးေလ..."
သစ္မိုးအိမ္ ေျပာျပေနျခင္းအား အဆံုးသတ္ကာ
ကေလးငယ္ကို ၾကည့္လိုက္ေတာ့ ပါးစပ္ေလး
ကို ဟကာ စိတ္ဝင္တစား နားေထာင္ေနေသာ
ရြက္စိမ္းေပါက္စ...။
သစ္မိုးအိမ္ လက္ညိဳးကို ေကြးလိုက္ကာ..
ရြက္စိမ္းေပါက္စ ၏ နဖူးကို ခပ္ဖြဖြ ထိခတ္
လိုက္သည္...။
"ကဲ.. ဘာသိခ်င္ေသးလဲ ကိုကို႔ clover ေလး..."
သူ႔ကို clover ေလးလို႔ ေခၚလိုက္သည္ကို..
အေတာ္သေဘာက်ေနပံုရေသာ ရြက္စိမ္းေပါက္စ။
ပါးခ်ိဳင့္ထင္းထင္းႀကီးမ်ား ေပၚေအာင္ ရီရင္း...
လည္ပင္းမွ ဆြဲၾကိဳးေလးကို စူးစမ္းေနေတာ့
သည္...။
သစ္မိုးအိမ္ ျပံဳးကာ ထိုေပါက္စေလးကို...
လက္ေမာင္းမ်ားၾကား ဖက္ထားလိုက္သည္..။
ဗိုက္လံုးလံုးေလး ကို ခပ္ဖြဖြ ပြတ္ေပးလိုက္ေတာ့
သစ္မိုးအိမ္ ကို မွီကာ ဇိမ္ခံေနသည္...။
သစ္မိုးအိမ္ စခ်င္ေသာေၾကာင့္ ဗိုက္လံုးလံုးေလး
ကို ပြတ္ေပးေနျခင္းကို ရပ္တန္႔လိုက္ေတာ့...
သစ္မိုးအိမ္ လက္ကို ဆြဲကာ သူ႔ဗိုက္ေလးေပၚ..
ျပန္တင္ေပးေသာ ေပါက္စ..။
သေဘာကေတာ့ သူဇိမ္ခံခ်င္တယ္....
ဗိုက္ေလးကို ျပန္ပြတ္ေပးပါေပါ့...။
သစ္မိုးအိမ္ သေဘာတက်ရီကာ ငါးပူတင္း
ေလးလို လံုးေနေသာ ဗိုက္ကေလးကို...
ခပ္ဖြဖြေလး ျပန္ပြတ္ေပးေနလိုက္သည္...။
သစ္မိုးအိမ္ ရြက္စိမ္းကို ေပးလိုက္ေသာ...
ဆြဲႀကိဳးေလး သည္ သစ္မိုးအိမ္ ေမေမ...
သစ္မိုးအိမ္ ကို ေပးခ့ဲေသာ တန္ဖိုးထားရ
သည့္ ပစၥည္းေလး ျဖစ္သည္...။
ေမေမ က ဆြဲႀကိဳးေလးကို သစ္မိုးအိမ္ အတြက္
အေရးႀကီးဆံုးသူကို ေပးရန္ မွာခ့ဲသည္..။
သစ္မိုးအိမ္ ျပန္လည္ေမြးဖြား လာရသည့္...
အေၾကာင္းအရင္းမွာ ကေလးငယ္သာ...
ျဖစ္ေသာေၾကာင့္ ႐ွည္႐ွည္ေဝးေဝး ေတြးမေန
ေတာ့ဘဲ ကေလးငယ္ကို ေပးလိုက္ျခင္း..။
ကေလးငယ္သာ လိုခ်င္ပါက...
ဆြဲႀကိဳးတစ္ကံုး မေျပာႏွင့္ သစ္မိုးအိမ္
အသက္ ဆိုလ်ွင္ပင္ ေက်ေက်နပ္နပ္ေပး
မည္သာ..။
"သခင္ေလး..."
အနားေရာက္လာေသာ ဦးေကာင္း အသံေၾကာင့္
သစ္မိုးအိမ္ အေတြးစမ်ား ျပတ္သြားရသည္...။
"ဦးေကာင္း..."
"သခင္ေလး..ဦးေကာင္း ေန႔လယ္စာ
ျပင္ၿပီးပါၿပီ..။ ဒါန႔ဲ.. ရြက္စိမ္းေလး က...
အိပ္ေပ်ာ္ေနၿပီ ထင္တယ္ သခင္ေလး..."
သစ္မိုးအိမ္..ဦးေကာင္း စကားေၾကာင့္...
မိမိကို မွီထားေသာ လံုးတံုးတံုးေလးအား...
ငံုၾကည့္လိုက္ေတာ့ ေျခကားယား လက္ကားယား
ေလးျဖင့္ ပါးအိအိႀကီးကို တစ္ဖက္ေစာင္းရင္း...
အိပ္ေပ်ာ္ေနေလသည္...။
"သခင္ေလး... ရြက္စိမ္းေလး ကို...
ဦးေကာင္း သြားသိပ္လိုက္ပါ့မယ္...။
ကေလးငယ္ ရ့ဲ ေန႔လယ္တစ္ေရး အိပ္ခ်ိန္
မို႔ အိပ္ေပ်ာ္သြားတာပါ..."
"အာ..ဒီခ်ိန္က ရြက္စိမ္းေလး အိပ္ခ်ိန္လား..."
"ဟုတ္ပါတယ္ သခင္ေလး.."
ဦးေကာင္း အေျဖစကားကို သစ္မိုးအိမ္...
ေခါင္းၿငိမ့္လိုက္ရင္း ေျပာလိုက္သည္..။
"အင္း... ကြၽန္ေတာ္ ေသခ်ာမွတ္ထားမယ္..။
ဦးေကာင္း ထမင္းျပင္ထားတာ သိမ္းလိုက္ပါ
ကြၽန္ေတာ္ ဗိုက္မဆာဘူး..."
ဦးေကာင္း... မိမိကို ေျပာၿပီးသည္ႏွင့္...
ရြက္စိမ္းေလးကို ေပြ႔ခ်ီကာ အေပၚထပ္ကို...
တက္သြားေသာ သခင္ေလး သစ္မိုးအိမ္ ၏
ေက်ာျပင္ကို ၾကည့္ေနမိသည္...။
ထိုသခင္ေလး ၏ ကိုယ္တြင္ ၁၅ႏွစ္အရြယ္
ေကာင္ေလး၏ အျပဳမ်ိဳးမေတြ႔ရ..။ အလြန္
ရင့္က်က္ေသာ အျပဳအမူႏွင့္ အ႐ွိန္အဝါ
တစ္ခ်ိဳ႕က သခင္ႀကီးဆီမွ အ႐ွိန္အဝါႏွင့္ပင္
တူကာ ဦးေကာင္းကိုပင္ ႐ွိန္ေစသည္..။
ဦးေကာင္း သတိထားမိသေလာက္ သခင္ေလး
သည္ ရြက္စိမ္းေလး ႏွင့္ ပတ္သတ္ေသာ...
အရာရာတိုင္းကို အေသးစိတ္ အာရံုစိုက္ကာ
မွတ္သားေနသည္မွာ စိတ္စြဲလမ္းလြန္ေနေသာ..
သူတစ္ဦးလိုပင္...။
ဦးေကာင္း အေတြးလြန္ေနသည္လည္း...
ျဖစ္ႏိုင္ပါသည္ေလ..။ ဦးေကာင္း သက္ျပင္းခ်
ကာ မိမိတာဝန္မ်ား ဆက္လုပ္ရန္ ထြက္လာ
လိုက္သည္...။
____________
ဦးထက္ေနာင္ လက္မွတ္ထိုးစရာ႐ွိေသာ..
စာရြက္စာတမ္းမ်ားကို လက္မွတ္ထိုးၿပီးသည္
ႏွင့္ အလုပ္မ်ားကို လက္စသတ္လိုက္သည္..။
"မိုးေဝ... ငါ စံုစမ္းခိုင္းတာတ့ဲ ရန္မင္းရ႕ဲ
ညီ အေၾကာင္း သိရၿပီလား..."
"ဟုတ္က့ဲ boss..."
ဦးထက္ေနာင္ မိုးေဝ တင္ျပလာေသာ
File တစ္ခုကို ယူကာ စစ္ေဆးလိုက္သည္။
ဦးထက္ေနာင္ သူငယ္ခ်င္း ရန္မင္း၏ ညီ
ေသာ္ထက္ သည္...။ ၁၀ႏွစ္သား အရြယ္တြင္
ရန္မင္း မိဘမ်ားက ေမြးစားထားေသာ ကေလး
ျဖစ္သည္...။
စီးပြားေရး လုပ္ငန္းမ်ားထက္ ပန္းခ်ီဆြဲရာတြင္သာ
ေမြ႔ေလ်ာ္ေသာ ေသာ္ထက္ သည္ ခပ္ေအးေအးေန
တတ္သူ တစ္ဦးျဖစ္သည္...။
႐ုတ္တရက္ႏိုင္ငံျခားသို႔ ထြက္သြားၿပီး...
၁၃ႏွစ္ခန္႔ၾကာၿပီးမွ Y ၿမိဳ႕ေတာ္သို႔ ျပန္လာ
ခ့ဲသည္...။ ေသာ္ထက္ Y ၿမိဳ႕ေတာ္တြင္...
ျပန္အေျခခ်ေနသည္မွာ ၂ႏွစ္သာ ႐ွိေသးသည္..။
ရန္မင္းႏွင့္ ဆက္ဆံေရးေျပလည္ကာ...
တူျဖစ္ေသာ သစ္မိုးအိမ္ကိုလဲ အလြန္ခ်စ္သည္။
Yၿမိဳ႕ေတာ္တြင္ ပန္းခ်ီျပခန္း တစ္ခုဖြင့္ထားကာ...
ၿမိဳ႕စြန္တြင္ တစ္ထပ္တိုက္ေလး တစ္လံုးျဖင့္...
ေအးခ်မ္းစြာေနသည္...။
ဤသည္မွာ ေသာ္ထက္ ၏ အေၾကာင္းအကုန္ပင္...။
ဦးထက္ေနာင္ မိုးေဝ ကို ေမးလိုက္သည္...။
"ဒါ အကုန္ဘဲလား...မိုးေဝ.."
"ဟုတ္ပါတယ္ Boss.. ကြၽန္ေတာ္ စံုစမ္း
ဖူးသမ်ွသူထဲမွာ ဦးေသာ္ထက္ က အ႐ိုး႐ွင္းဆံုး
ဘဝကို ျဖတ္သန္း ေနတ့ဲသူပါဘဲ..."
ဦးထက္ေနာင္ မ်က္ခံုးေနရာကို လက္ညိဳးႏွင့္
ဖြဖြကုတ္ျခစ္လိုက္သည္...။ စားပြဲခံု ကို...
တေတာက္ေတာက္ အသံျမည္ေအာင္ လုပ္
ေနေသာ အသံသာ ထြက္ေပၚေနသည္...။
"ေသာ္ထက္ က ႐ိုး႐ွင္းဆံုး သူဆိုတာ
မင္း ဘယ္လိုသိလဲ မိုးေဝ..."
မိုးေဝ.. Boss ၏ အေမးကို ျပန္ေျဖလိုက္
သည္..။
"စံုစမ္းရသမ်ွ သူ႔ကိုယ္ေရးအခ်က္အလက္ေတြက
ေနတစ္ဆင့္ ယူဆလိုက္တာပါ Boss..."
"ဒီ အခ်က္အလက္ေတြကေန...
ယူဆ လိုက္တာေပါ့.."
"ဟုတ္ပါတယ္ Boss..."
"အင္း... အ့ဲဒီနွစ္က သူ ဘယ္ႏိုင္ငံကို
ထြက္သြားတာလဲ..."
"တ႐ုတ္ ကိုပါ Boss..."
ဦးထက္ေနာင္ အခ်ိန္တစ္ခဏ ျငိမ္သက္ေနျပီးမွ
စားပြဲခံုကို တေတာက္ေတာက္ အသံျမည္ေအာင္
လုပ္ေနျခင္းကို ရပ္တန္႔လိုက္သည္...။
"ဒီလကုန္ Company ႏွစ္ခု ပူးေပါင္းၿပီး
ဖြင့္လွစ္တ့ဲ အထိန္းအမွတ္ အျဖစ္ ညစာ
စားပြဲတစ္ခု စီစဥ္လိုက္ မိုးေဝ.."
"ဟုတ္က့ဲ Boss.."
ဦးထက္ေနာင္ သူ႔တာဝန္မ်ားေဆာင္ရြက္ရန္
အတြက္ သြားရန္လုပ္ေနေသာ မိုးေဝ ကို
ေျပာလိုက္သည္...။
"ေသာ္ထက္ ဆီလဲ ဖိတ္စာ တစ္ေဆာင္
ပို႔လိုက္ပါ..."
မိုးေဝ Boss ကို အ႐ိုအေသျပဳကာ...
CEO ရံုးခန္းမွ ထြက္လာလိုက္သည္...။
ဦးထက္ေနာင္ လက္မွ နာရီကိုတစ္ခ်က္ၾကည့္
လိုက္သည္..။ ေန႔တစ္ဝက္ပင္ ႐ွိေသးေသာ္လည္း
ဦးထက္ေနာင္ ရံုးဆင္းရန္ ၾကံလိုက္သည္...။
ဦးထက္ေနာင္ ကေလးႏွစ္ေယာက္ ကို....
အခ်ိန္ေပးခ်င္သည္...။ မနက္ျဖန္သည္...
တနဂၤေႏြ ရံုးပိတ္ရက္ျဖစ္သည္..။ ဦးထက္ေနာင္
လို Company တစ္ခုလံုးကို ဦးေဆာင္ေနရသူ
အဖို႔ ရံုးပိတ္ရက္ ဆိုသည္မွာ မ႐ွိေသာ္လည္း...
ဦးထက္ေနာင္ ကိုယ့္ကိုယ္ကို ရံုးပိတ္ရက္ ေပး
လိုက္ျခင္း...။
ေကာင္ေလးႏွင့္လည္း ဆက္ဆံေရးေလးတစ္ခု
တည္ေဆာက္ခ်င္ေသာေၾကာင့္ မနက္ျဖန္ပိတ္ရက္
တြင္ ကေလးႏွစ္ေယာက္ကို ေခၚကာ ေလ်ာက္လည္
ရန္ ေတြးထားသည္...။
ဦးထက္ေနာင္ အေပၚကုတ္ကို ဝတ္မေနေတာ့
ဘဲ လက္တစ္ဖက္တြင္ကိုင္ကာ ကားေသာ့ႏွင့္
ေကာင္ေလးကို သင္ေပးရန္ လုပ္ထားေသာ..
စာရင္းဇယားတစ္ခ်ိဳ႕ကို ယူကာ အိမ္သို႔ျပန္
လုပ္လိုက္သည္...။
ဦးထက္ေနာင္ မိမိကို အ႐ိုအေသျပဳကာ
ႏႈတ္ဆက္လာေသာ company မွ...
ဝန္ထမ္းအခ်ိဳ႕ကို အျပံဳးျဖင့္ တုန္႔ျပန္ရင္း..
မိမိ၏ ကားရပ္ထားရာေနရာသို႔ ေလ်ာက္လာ
လိုက္သည္...။
တစ္ခဏအၾကာ အနက္ေရာင္ ကားေလး
သည္ G Company မွ အ႐ွိန္မွန္မွန္ျဖင့္
ေမာင္းထြက္သြားေလသည္...။
ဦးထက္ေနာင္ မိမိျပန္လာတိုင္း...
မုန္႔မုန္႔ ဝယ္လာလားဟု ႏႈတ္ခမ္းေလးေထာ္ကာ
ေမးတတ္ေသာ ေဘာလံုးတစ္ေကာင္ အေၾကာင္း
ေတြးမိေသာအခါ သေရစာအခ်ိဳ႕ အရင္ဝင္ဝယ္
ရေသးသည္...။
ပံုမွန္ဆို ေဘာလံုးတစ္ေယာက္စာသာ...
ဝယ္တတ္ေသာ္လည္း ယခုမူ ေကာင္ေလး
အတြက္ပါ ႏွစ္ေယာက္စာ ဝယ္လာခ့ဲသည္..။
သေရစာမ်ိဳးစံုပါေသာ အထုပ္ႀကီးတစ္ထုပ္ကို
လက္တစ္ဖက္က ဆြဲကာ ဖရဲသီးတစ္လံုးကို
ပိုက္ထားသည့္ ဝတ္စံုအျပည့္ႏွင့္ သက္လတ္ပိုင္း
လူေခ်ာႀကီးတစ္ဦးသည္ ပတ္ဝန္းက်င္၏...
အၾကည့္မ်ားကို သိမ္းပိုက္ထားသည္..။
သို႔ေသာ္ ကာယကံ႐ွင္ လူေခ်ာႀကီးကေတာ့
အာရံုမရစြာပင္ ဝယ္လာေသာ သေရစာမ်ား
၏ အမ်ိဳးအမည္ကို ျပန္ရြတ္ၾကည့္ေနရင္း..
အမ်ိဳးအမည္မ်ားကို စစ္ေဆးေနေလသည္..။
"ကိုထက္ေနာင္...."
ဦးထက္ေနာင္ မိမိနာမည္ေခၚလိုက္သံေၾကာင့္
ၾကည့္လိုက္ေတာ့ ေက်ာ့႐ွင္းေနေသာ...
မႏွင္းဆီနီ ႏွင့္ ၁၄..၁၅ အရြယ္ ကေလးမေလး
တစ္ဦး...။
ဦးထက္ေနာင္ အျပံဳးျဖင့္ပင္ တုန္႔ျပန္ကာ...
ႏႈတ္ဆက္လိုက္သည္...။
"မႏွင္းဆီနီ... "
"ကိုထက္ေနာင္ ေစ်းဝယ္လာတာလား..."
တည္ၿငိမ္ေသာ အျပံဳးတစ္ခုႏွင့္ ေမးလာေသာ
သူမ..။ ဦးထက္ေနာင္ ေခါင္းၿငိမ့္လိုက္ရင္း..
ျပန္ေျဖလိုက္သည္...။
"ဟုတ္တယ္ဗ်ာ... ကြၽန္ေတာ့္ သားႏွစ္ေယာက္
အတြက္ သေရစာေလးအခ်ိဳ႕လာဝယ္ေပးတာ.."
"ဪ... ကြၽန္မ မိတ္ဆက္ေပးရဦးမယ္
ကိုထက္ေနာင္.. ဒါ ႏွင္းဆီ ရ့ဲ တစ္ဦးတည္းေသာ
သမီးေလး.. အနီရင့္ ပါ..."
ဦးထက္ေနာင္ ကေလးမေလး ကို ၾကည့္ကာ
ျပံဳးကာ ႏႈတ္ဆက္လိုက္သည္...။
"ေတြ႔ရတာ ဝမ္းသာပါတယ္ သမီးေလး..."
"ဟုတ္က့ဲ.."
အနီရင့္ ဆိုေသာ ကေလးမေလးသည္လည္း..
ႏွင္းဆီနီ ႏွင့္အေတာ္ပင္တူသည္..။ တစ္ခ်ိန္တြင္
ေကာင္ေလးမ်ား ၾကားတြင္ ေရပန္းစားမွာ...
ေသခ်ာသည္...။
ေဒၚႏွင္းဆီနီ သည္ ဦးထက္ေနာင္ ၏...
ကုတ္အက်ႌမပါဘဲ ႐ွပ္အက်ႌအျဖဴေရာင္ကို
လက္ေခါက္ထားကာ အနက္ေရာင္ ေဘာင္းဘီ
႐ွည္ႏွင့္ ႐ိုး႐ိုး႐ွင္း႐ွင္း ဝတ္ထားေသာ္လည္း...
ၾကည့္ေကာင္းေနေသာ ပံုစံကို စိတ္တြင္းအလြန္
သေဘာေခြ ့ ေနေသာ္လည္း အမူအရာႏွင့္...
အျပဳအမူမ်ားမွာ တည္ၿငိမ္ေနဆဲပင္...။
"ကို ထက္ေနာင္ က သားႏွစ္ေယာက္ ကို
အရမ္းခ်စ္ပံုဘဲ..။ ကေလးႏွစ္ေယာက္ က
တစ္ကယ္ကို ကံေကာင္းတာဘဲ...။ ကြၽန္မ
သမီးေလး ကိုလဲ အ့ဲလိုကံေကာင္းေစခ်င္ခ့ဲ
တာ..."
"မႏွင္းဆီ လို အေမမ်ိဳး႐ွိယံုန႔ဲ သမီးေလး
အတြက္ ဘယ္သူမွမလိုေတာ့ဘူးဆိုတာ
ကြၽန္ေတာ္ ေသခ်ာေပါက္ ေျပာရဲပါတယ္..။
မႏွင္းဆီ ကြၽန္ေတာ့္ကို ခြင့္ျပဳပါဦးဗ်ာ..။
သမီးေလး uncle သြားၿပီ..."
"ထပ္ဆံု ၾကတာေပါ့ ကိုထက္ေနာင္..."
"ေကာင္းပါၿပီ.. မႏွင္းဆီ..."
ဦးထက္ေနာင္ အျပံဳးျဖင့္ပင္ ႏႈတ္ဆက္
ကာ ေနရာမွ ထြက္လာလိုက္သည္။
တစ္ခ်ိဳ႕ေသာ အေၾကာင္းအရာ မ်ားကို...
နားမလည္ခ်င္ေသာ ဦးထက္ေနာင္ သည္
အိမ္ေတာ္သို႔ ျပန္ရန္သာ အာရံုထားလိုက္
သည္...။
ဦးထက္ေနာင္ ေခါင္းထဲတြင္...
မနက္ျဖန္ ေလ်ာက္လည္ရန္အတြက္..
အစီအစဥ္ခ်မႈ မ်ားသာ ျပည့္ေနေလသည္..။
______________
(A/N- Daddy သစ္န႔ဲ ေဘာလံုးေလးတို႔
မႀကီးခင္အထိက ခ်စ္စရာေကာင္းတာေလး
ေတြဘဲ လာေနဦးမွာ..။ နည္းနည္းေတာ့
ပ်င္းစရာ ေကာင္းမယ္...😄✌...)
(Unicode)🍀🍀🍀🍀
Part-8
(ကိုယ်..ချစ်သော clover..!!..)
"ကိုကို.. အဲ့တာ ဘာပင်လေးလဲဟင်..."
သစ်မိုးအိမ် ချန်နယ်တစ်ခုတွင် လာနေသော
ကမ္ဘာတစ်လွှားမှ သဘာဝအလှအပ များကို...
တင်ဆက်သော Taste of nature အစီအစဉ်
ကို ကြည့်နေရင်း ဘေးမှ ရွက်စိမ်းပေါက်စ အသံ
ကြောင့် ငုံ့ကြည့်လိုက်သည်...။
အစားနှင့် ပါးစပ်သေးသေးလေး ပြတ်လေ့မရှိသော
ရွက်စိမ်းပေါက်စ က သူ့ထုံးစံအတိုင်း ကိတ်မုန့်...
တစ်ခုကို စားနေရင်း မေးနေခြင်းဖြစ်သည်..။
ယခုလည်း နောက်ဆုံးလက်ကျန် ကိတ်မုန့်ပိုင်း
ကို ပါးစပ်ထဲထိုးထည့်ကာ ပါးအိအိကြီး နှစ်ဖက်
တလှုပ်လှုပ်ဖြစ်အောင် ဝါးနေပြန်သည်..။
သစ်မိုးအိမ်.. ရွက်စိမ်းလေး၏ ပါးစပ်တစ်ဝိုက်
တွင် ပေကျန်နေသော ကိတ်မုန့်အပိုင်းအစများ
ကို အရင်ဖယ်ရှားပေးလိုက်သည်...။
သူမေးသည်ကို မဖြေသောကြောင့်....
TV မှလာသော အစီအစဉ်ကို ကြည့်နေသော
မျက်လုံးဝိုင်းကြီး များက ရွက်စိမ်းလေး မေးတာ
ဖြေလေ ဆိုသော အဓိပ္ပါယ် အပြည့်ဖြင့်...
သစ်မိုးအိမ် ဆီ ရောက်လာသည်...။
သစ်မိုးအိမ် ပြုံးကာ အကျႌထဲထည့်ဝတ်ထား
သောကြောင့် သတိမထားမိသော ဆွဲကြိုးလေး
ကို ထုတ်ကာ ရွက်စိမ်းပေါက်စ မြင်အောင်ပြ
လိုက်သည်...။
ဆွဲကြိုးလေးတွင် ချိတ်ဆွဲထားသော...
Clover ရွက်ပုံ ဆွဲပြားလေးကို မြင်သည်
နှင့် သစ်မိုးအိမ် ပေါင်ပေါ်သို့ လုံးတစ်တစ်
ကိုယ်လုံးလေးကို လှိမ့်ကာ တက်လာသည်။
ပြီးသည်နှင့် လက်ဖောင်းဖောင်းလေးက..
Clover ရွက်ပုံ ဆွဲပြားလေးကို ကိုင်ကာ..
မျက်လုံးဝိုင်းကြီး များဖြင့် စူးစမ်းတော့သည်..။
"ကိုကို..ကိုကို ဒါ..စောစောက..
TV ထဲက အရွက်လေးမလားဟင်..."
"အင်း..ဟုတ်တယ်..."
"ဝါး..~ မိုက်တာ..."
သစ်မိုးအိမ် မိမိဆွဲကြိုးမှ မခွာတော့သော...
မျက်လုံးဝိုင်းကြီးများ ကြောင့် သဘောတကျ
ရီလိုက်မိသည်...။ ပါးအိအိ တစ်ဖက်ကို...
အသည်းယားစွာ ဖျစ်ညစ်ပြစ်လိုက်သည်..။
သစ်မိုးအိမ် ခပ်ဖြည်းဖြည်း သာ ဖျစ်ညစ်လိုက်
ခြင်း ဖြစ်သော်လည်း နီရဲဖြစ်အောင် နီရဲသွား
သေးသည်..။
"အဟင့်.. နာသွားပြီ အုံဖွပြန်လုပ်ပေးပါ...
ကိုကို..."
အောက်နှုတ်ခမ်းသေးသေးလေးသည်...
ရှေ့ကို ထော်ထွက်လာကာ မျက်တောင်လေး
ကို တဖြတ်ဖြတ်ခတ်ရင်း မဲ့ကျလာသော
မျက်နှာလေးကြောင့် သစ်မိုးအိမ် ပျာယာခတ်
သွားရသည်...။
နီရဲသွားသော ပါးလေးတစ်ဖက်ကို ဖွဖွ...
ပွတ်သိပ်ပေးလိုက်သည်..။
"နာသွားတာလား.. ကိုကို က ရွက်စိမ်းလေး
ကို အသည်းယားသွားလို့ပါ.. အုံဖွ..အုံဖွ..."
သစ်မိုးအိမ် ထွက်လာသော ရယ်သံလေးကြောင့်
မျက်ခုံးပင့်သွားရသည်..။ တရားခံ အား ကြည့်
လိုက်တော့ ပါးစပ်လေးကို လက်ဖောင်းဖောင်း
လေး နှစ်ဖက်နှင့် ပိတ်ကာ ရီနေသော...
ရွက်စိမ်းပေါက်စ...။
"ဟိဟိ.. ရွက်စိမ်းလေးက ကိုကို့ ကို
စတာ..."
"အဟား.. ကိုကို့ ရွက်စိမ်း က...
လူဆိုးလေး ကွာ..."
သစ်မိုးအိမ် အသည်းယားစွာ ပါးအိအိနှစ်ဖက်လုံး
ကို ဘယ်ပြန်ညာပြန် နှာခေါင်းနှစ်ပြစ်တော့...
လုံးတစ်နေသော ကိုယ်လုံးလေးက တွန့်လိမ်
ကာ ရီနေသော ရွက်စိမ်းပေါက်စ...။
ဒီသစ်ရွက်စုတ်လေးက သစ်မိုးအိမ် ကို
အူယားပြီး သေအောင်လုပ်နေလေသည်..။
ရီရတာ မောသွားပုံရသော ပေါက်စ က...
စားပွဲပေါ်တွင် တင်ထားသော ရေခွက်ကို
ယူကာ မော့သောက်နေတော့သည်...။
ပြီးမှ...
"ကိုကို... ရွက်စိမ်းလေး မေးတာ ဖြေဦးလေ.."
"အင်း.. ဒီအရွက်လေးကို clover လို့
ခေါ်တယ်..."
"အွင်.. clover..~..?.."
သစ်မိုးအိမ် ဆွဲကြိုးလေး ကို ချွတ်ကာ...
ကလေးငယ်၏ လည်ပင်းတွင် ဆွဲပေးလိုက်
သည်...။
သစ်မိုးအိမ် ၏ ရွက်စိမ်းလေး ၏ ဆံပင်ပျော့ပျော့
လေးများကို ခပ်ဖြည်းဖြည်း ထိတွေ့လိုက်သည်..။
"Clover ရွက်လေးတွေမှာ...
အရွက် ၃ရွက်ဘဲရှိတယ်.."
"အယ်... ဒီမှာ ၄ရွက်တောင် ကိုကို..."
သူ့လည်ပင်းတိုတိုလေးမှ ဆွဲကြိုးလေးကို...
ငုံ့ကြည့်ရင်း ပြောလာသော ရွက်စိမ်းပေါက်စ..။
သစ်မိုးအိမ် ပြန်ဖြေပေးလိုက်သည်...။
"အင်း.. အရွက်၄ရွက်ရှိတဲ့ clover...
ရွက်လေးတွေက အရမ်းရှားတယ်ကွ..။
အရွက်၄ရွက် ပါတဲ့ clover ရွက်လေးတွေကို
ကံကောင်းခြင်း သင်္ကေတ အဖြစ်သတ်မှတ်
ကြတယ် ရွက်စိမ်းလေးရဲ့.."
"ဒါဆို... ရွက်စိမ်းက အရွက်၄ရွက်ပါတဲ့...
clover ရွက်လေးဖြစ်ချင်တယ် ကိုကို..."
တက်ကြွစွာ ပြောလာသော ရွက်စိမ်း..။
သစ်မိုးအိမ် ကလေးငယ် ၏ နှာခေါင်းလုံးလုံး
လေးကို တို့ထိကာ ပြောလိုက်သည်...။
"ဘာလို့လဲ..."
"ရွက်စိမ်းလေး ကို တွေ့တဲ့သူတိုင်း...
ကံကောင်းအောင်လေ.. ဟီးဟီး..!!.."
"အဟက်..ကိုကို့ရဲ့ ကလေးငယ်က...
ကိုကို့အတွက်တော့ အမြဲတမ်းအတွက်...
ကံကောင်းခြင်း လေးပါကွာ..."
"ကိုကို..ဒါဆို အရွက်၄ရွက် မရှိတဲ့....
Clover လေးကျတော့ရောဟင်..."
သစ်မိုးအိမ်..ကလေးငယ် လည်ပင်းတွင်
ဆွဲပေးထားသော အရွက်လေးရွက် ပါသော...
clover ရွက်ပုံ ဆွဲပြားလေးမှ ပထမဆုံး..
အရွက်လွှာလေးကို တို့ထိလိုက်ကာ..
"ဒီတစ်ရွက်က ယုံကြည်ခြင်းကို ကိုယ်စားပြု
တယ်..။ ဒီတစ်ရွက်က ကျ မျှော်လင့်ခြင်း ကို
ကိုယ်စားပြုတယ်..။ ဒီသုံးရွက်မြောက်...
က ချစ်ခြင်းကို ကိုယ်စားပြုတယ်...။ ဒီလေးရွက်
မြောက် ရွက်လွှာလေးကမှ ကံကောင်းမှုကို...
ကိုယ်စားပြုတာ...။ clover ရွက်လွှာလေးတွေ
က တစ်ခုခြင်းစီမှာ ကိုယ်စားပြုတာတွေရှိတဲ့..
ချစ်စရာကောင်းတဲ့ အပင်ငယ် လေးလေ..."
သစ်မိုးအိမ် ပြောပြနေခြင်းအား အဆုံးသတ်ကာ
ကလေးငယ်ကို ကြည့်လိုက်တော့ ပါးစပ်လေး
ကို ဟကာ စိတ်ဝင်တစား နားထောင်နေသော
ရွက်စိမ်းပေါက်စ...။
သစ်မိုးအိမ် လက်ညိုးကို ကွေးလိုက်ကာ..
ရွက်စိမ်းပေါက်စ ၏ နဖူးကို ခပ်ဖွဖွ ထိခတ်
လိုက်သည်...။
"ကဲ.. ဘာသိချင်သေးလဲ ကိုကို့ clover လေး..."
သူ့ကို clover လေးလို့ ခေါ်လိုက်သည်ကို..
အတော်သဘောကျနေပုံရသော ရွက်စိမ်းပေါက်စ။
ပါးချိုင့်ထင်းထင်းကြီးများ ပေါ်အောင် ရီရင်း...
လည်ပင်းမှ ဆွဲကြိုးလေးကို စူးစမ်းနေတော့
သည်...။
သစ်မိုးအိမ် ပြုံးကာ ထိုပေါက်စလေးကို...
လက်မောင်းများကြား ဖက်ထားလိုက်သည်..။
ဗိုက်လုံးလုံးလေး ကို ခပ်ဖွဖွ ပွတ်ပေးလိုက်တော့
သစ်မိုးအိမ် ကို မှီကာ ဇိမ်ခံနေသည်...။
သစ်မိုးအိမ် စချင်သောကြောင့် ဗိုက်လုံးလုံးလေး
ကို ပွတ်ပေးနေခြင်းကို ရပ်တန့်လိုက်တော့...
သစ်မိုးအိမ် လက်ကို ဆွဲကာ သူ့ဗိုက်လေးပေါ်..
ပြန်တင်ပေးသော ပေါက်စ..။
သဘောကတော့ သူဇိမ်ခံချင်တယ်....
ဗိုက်လေးကို ပြန်ပွတ်ပေးပါပေါ့...။
သစ်မိုးအိမ် သဘောတကျရီကာ ငါးပူတင်း
လေးလို လုံးနေသော ဗိုက်ကလေးကို...
ခပ်ဖွဖွလေး ပြန်ပွတ်ပေးနေလိုက်သည်...။
သစ်မိုးအိမ် ရွက်စိမ်းကို ပေးလိုက်သော...
ဆွဲကြိုးလေး သည် သစ်မိုးအိမ် မေမေ...
သစ်မိုးအိမ် ကို ပေးခဲ့သော တန်ဖိုးထားရ
သည့် ပစ္စည်းလေး ဖြစ်သည်...။
မေမေ က ဆွဲကြိုးလေးကို သစ်မိုးအိမ် အတွက်
အရေးကြီးဆုံးသူကို ပေးရန် မှာခဲ့သည်..။
သစ်မိုးအိမ် ပြန်လည်မွေးဖွား လာရသည့်...
အကြောင်းအရင်းမှာ ကလေးငယ်သာ...
ဖြစ်သောကြောင့် ရှည်ရှည်ဝေးဝေး တွေးမနေ
တော့ဘဲ ကလေးငယ်ကို ပေးလိုက်ခြင်း..။
ကလေးငယ်သာ လိုချင်ပါက...
ဆွဲကြိုးတစ်ကုံး မပြောနှင့် သစ်မိုးအိမ်
အသက် ဆိုလျှင်ပင် ကျေကျေနပ်နပ်ပေး
မည်သာ..။
"သခင်လေး..."
အနားရောက်လာသော ဦးကောင်း အသံကြောင့်
သစ်မိုးအိမ် အတွေးစများ ပြတ်သွားရသည်...။
"ဦးကောင်း..."
"သခင်လေး..ဦးကောင်း နေ့လယ်စာ
ပြင်ပြီးပါပြီ..။ ဒါနဲ့.. ရွက်စိမ်းလေး က...
အိပ်ပျော်နေပြီ ထင်တယ် သခင်လေး..."
သစ်မိုးအိမ်..ဦးကောင်း စကားကြောင့်...
မိမိကို မှီထားသော လုံးတုံးတုံးလေးအား...
ငုံကြည့်လိုက်တော့ ခြေကားယား လက်ကားယား
လေးဖြင့် ပါးအိအိကြီးကို တစ်ဖက်စောင်းရင်း...
အိပ်ပျော်နေလေသည်...။
"သခင်လေး... ရွက်စိမ်းလေး ကို...
ဦးကောင်း သွားသိပ်လိုက်ပါ့မယ်...။
ကလေးငယ် ရဲ့ နေ့လယ်တစ်ရေး အိပ်ချိန်
မို့ အိပ်ပျော်သွားတာပါ..."
"အာ..ဒီချိန်က ရွက်စိမ်းလေး အိပ်ချိန်လား..."
"ဟုတ်ပါတယ် သခင်လေး.."
ဦးကောင်း အဖြေစကားကို သစ်မိုးအိမ်...
ခေါင်းငြိမ့်လိုက်ရင်း ပြောလိုက်သည်..။
"အင်း... ကျွန်တော် သေချာမှတ်ထားမယ်..။
ဦးကောင်း ထမင်းပြင်ထားတာ သိမ်းလိုက်ပါ
ကျွန်တော် ဗိုက်မဆာဘူး..."
ဦးကောင်း... မိမိကို ပြောပြီးသည်နှင့်...
ရွက်စိမ်းလေးကို ပွေ့ချီကာ အပေါ်ထပ်ကို...
တက်သွားသော သခင်လေး သစ်မိုးအိမ် ၏
ကျောပြင်ကို ကြည့်နေမိသည်...။
ထိုသခင်လေး ၏ ကိုယ်တွင် ၁၅နှစ်အရွယ်
ကောင်လေး၏ အပြုမျိုးမတွေ့ရ..။ အလွန်
ရင့်ကျက်သော အပြုအမူနှင့် အရှိန်အဝါ
တစ်ချို့က သခင်ကြီးဆီမှ အရှိန်အဝါနှင့်ပင်
တူကာ ဦးကောင်းကိုပင် ရှိန်စေသည်..။
ဦးကောင်း သတိထားမိသလောက် သခင်လေး
သည် ရွက်စိမ်းလေး နှင့် ပတ်သတ်သော...
အရာရာတိုင်းကို အသေးစိတ် အာရုံစိုက်ကာ
မှတ်သားနေသည်မှာ စိတ်စွဲလမ်းလွန်နေသော..
သူတစ်ဦးလိုပင်...။
ဦးကောင်း အတွေးလွန်နေသည်လည်း...
ဖြစ်နိုင်ပါသည်လေ..။ ဦးကောင်း သက်ပြင်းချ
ကာ မိမိတာဝန်များ ဆက်လုပ်ရန် ထွက်လာ
လိုက်သည်...။
____________
ဦးထက်နောင် လက်မှတ်ထိုးစရာရှိသော..
စာရွက်စာတမ်းများကို လက်မှတ်ထိုးပြီးသည်
နှင့် အလုပ်များကို လက်စသတ်လိုက်သည်..။
"မိုးဝေ... ငါ စုံစမ်းခိုင်းတာတဲ့ ရန်မင်းရဲ့
ညီ အကြောင်း သိရပြီလား..."
"ဟုတ်ကဲ့ boss..."
ဦးထက်နောင် မိုးဝေ တင်ပြလာသော
File တစ်ခုကို ယူကာ စစ်ဆေးလိုက်သည်။
ဦးထက်နောင် သူငယ်ချင်း ရန်မင်း၏ ညီ
သော်ထက် သည်...။ ၁၀နှစ်သား အရွယ်တွင်
ရန်မင်း မိဘများက မွေးစားထားသော ကလေး
ဖြစ်သည်...။
စီးပွားရေး လုပ်ငန်းများထက် ပန်းချီဆွဲရာတွင်သာ
မွေ့လျော်သော သော်ထက် သည် ခပ်အေးအေးနေ
တတ်သူ တစ်ဦးဖြစ်သည်...။
ရုတ်တရက်နိုင်ငံခြားသို့ ထွက်သွားပြီး...
၁၃နှစ်ခန့်ကြာပြီးမှ Y မြို့တော်သို့ ပြန်လာ
ခဲ့သည်...။ သော်ထက် Y မြို့တော်တွင်...
ပြန်အခြေချနေသည်မှာ ၂နှစ်သာ ရှိသေးသည်..။
ရန်မင်းနှင့် ဆက်ဆံရေးပြေလည်ကာ...
တူဖြစ်သော သစ်မိုးအိမ်ကိုလဲ အလွန်ချစ်သည်။
Yမြို့တော်တွင် ပန်းချီပြခန်း တစ်ခုဖွင့်ထားကာ...
မြို့စွန်တွင် တစ်ထပ်တိုက်လေး တစ်လုံးဖြင့်...
အေးချမ်းစွာနေသည်...။
ဤသည်မှာ သော်ထက် ၏ အကြောင်းအကုန်ပင်...။
ဦးထက်နောင် မိုးဝေ ကို မေးလိုက်သည်...။
"ဒါ အကုန်ဘဲလား...မိုးဝေ.."
"ဟုတ်ပါတယ် Boss.. ကျွန်တော် စုံစမ်း
ဖူးသမျှသူထဲမှာ ဦးသော်ထက် က အရိုးရှင်းဆုံး
ဘဝကို ဖြတ်သန်း နေတဲ့သူပါဘဲ..."
ဦးထက်နောင် မျက်ခုံးနေရာကို လက်ညိုးနှင့်
ဖွဖွကုတ်ခြစ်လိုက်သည်...။ စားပွဲခုံ ကို...
တတောက်တောက် အသံမြည်အောင် လုပ်
နေသော အသံသာ ထွက်ပေါ်နေသည်...။
"သော်ထက် က ရိုးရှင်းဆုံး သူဆိုတာ
မင်း ဘယ်လိုသိလဲ မိုးဝေ..."
မိုးဝေ.. Boss ၏ အမေးကို ပြန်ဖြေလိုက်
သည်..။
"စုံစမ်းရသမျှ သူ့ကိုယ်ရေးအချက်အလက်တွေက
နေတစ်ဆင့် ယူဆလိုက်တာပါ Boss..."
"ဒီ အချက်အလက်တွေကနေ...
ယူဆ လိုက်တာပေါ့.."
"ဟုတ်ပါတယ် Boss..."
"အင်း... အဲ့ဒီနှစ်က သူ ဘယ်နိုင်ငံကို
ထွက်သွားတာလဲ..."
"တရုတ် ကိုပါ Boss..."
ဦးထက်နောင် အချိန်တစ်ခဏ ငြိမ်သက်နေပြီးမှ
စားပွဲခုံကို တတောက်တောက် အသံမြည်အောင်
လုပ်နေခြင်းကို ရပ်တန့်လိုက်သည်...။
"ဒီလကုန် Company နှစ်ခု ပူးပေါင်းပြီး
ဖွင့်လှစ်တဲ့ အထိန်းအမှတ် အဖြစ် ညစာ
စားပွဲတစ်ခု စီစဉ်လိုက် မိုးဝေ.."
"ဟုတ်ကဲ့ Boss.."
ဦးထက်နောင် သူ့တာဝန်များဆောင်ရွက်ရန်
အတွက် သွားရန်လုပ်နေသော မိုးဝေ ကို
ပြောလိုက်သည်...။
"သော်ထက် ဆီလဲ ဖိတ်စာ တစ်ဆောင်
ပို့လိုက်ပါ..."
မိုးဝေ Boss ကို အရိုအသေပြုကာ...
CEO ရုံးခန်းမှ ထွက်လာလိုက်သည်...။
ဦးထက်နောင် လက်မှ နာရီကိုတစ်ချက်ကြည့်
လိုက်သည်..။ နေ့တစ်ဝက်ပင် ရှိသေးသော်လည်း
ဦးထက်နောင် ရုံးဆင်းရန် ကြံလိုက်သည်...။
ဦးထက်နောင် ကလေးနှစ်ယောက် ကို....
အချိန်ပေးချင်သည်...။ မနက်ဖြန်သည်...
တနင်္ဂနွေ ရုံးပိတ်ရက်ဖြစ်သည်..။ ဦးထက်နောင်
လို Company တစ်ခုလုံးကို ဦးဆောင်နေရသူ
အဖို့ ရုံးပိတ်ရက် ဆိုသည်မှာ မရှိသော်လည်း...
ဦးထက်နောင် ကိုယ့်ကိုယ်ကို ရုံးပိတ်ရက် ပေး
လိုက်ခြင်း...။
ကောင်လေးနှင့်လည်း ဆက်ဆံရေးလေးတစ်ခု
တည်ဆောက်ချင်သောကြောင့် မနက်ဖြန်ပိတ်ရက်
တွင် ကလေးနှစ်ယောက်ကို ခေါ်ကာ လျောက်လည်
ရန် တွေးထားသည်...။
ဦးထက်နောင် အပေါ်ကုတ်ကို ဝတ်မနေတော့
ဘဲ လက်တစ်ဖက်တွင်ကိုင်ကာ ကားသော့နှင့်
ကောင်လေးကို သင်ပေးရန် လုပ်ထားသော..
စာရင်းဇယားတစ်ချို့ကို ယူကာ အိမ်သို့ပြန်
လုပ်လိုက်သည်...။
ဦးထက်နောင် မိမိကို အရိုအသေပြုကာ
နှုတ်ဆက်လာသော company မှ...
ဝန်ထမ်းအချို့ကို အပြုံးဖြင့် တုန့်ပြန်ရင်း..
မိမိ၏ ကားရပ်ထားရာနေရာသို့ လျောက်လာ
လိုက်သည်...။
တစ်ခဏအကြာ အနက်ရောင် ကားလေး
သည် G Company မှ အရှိန်မှန်မှန်ဖြင့်
မောင်းထွက်သွားလေသည်...။
ဦးထက်နောင် မိမိပြန်လာတိုင်း...
မုန့်မုန့် ဝယ်လာလားဟု နှုတ်ခမ်းလေးထော်ကာ
မေးတတ်သော ဘောလုံးတစ်ကောင် အကြောင်း
တွေးမိသောအခါ သရေစာအချို့ အရင်ဝင်ဝယ်
ရသေးသည်...။
ပုံမှန်ဆို ဘောလုံးတစ်ယောက်စာသာ...
ဝယ်တတ်သော်လည်း ယခုမူ ကောင်လေး
အတွက်ပါ နှစ်ယောက်စာ ဝယ်လာခဲ့သည်..။
သရေစာမျိုးစုံပါသော အထုပ်ကြီးတစ်ထုပ်ကို
လက်တစ်ဖက်က ဆွဲကာ ဖရဲသီးတစ်လုံးကို
ပိုက်ထားသည့် ဝတ်စုံအပြည့်နှင့် သက်လတ်ပိုင်း
လူချောကြီးတစ်ဦးသည် ပတ်ဝန်းကျင်၏...
အကြည့်များကို သိမ်းပိုက်ထားသည်..။
သို့သော် ကာယကံရှင် လူချောကြီးကတော့
အာရုံမရစွာပင် ဝယ်လာသော သရေစာများ
၏ အမျိုးအမည်ကို ပြန်ရွတ်ကြည့်နေရင်း..
အမျိုးအမည်များကို စစ်ဆေးနေလေသည်..။
"ကိုထက်နောင်...."
ဦးထက်နောင် မိမိနာမည်ခေါ်လိုက်သံကြောင့်
ကြည့်လိုက်တော့ ကျော့ရှင်းနေသော...
မနှင်းဆီနီ နှင့် ၁၄..၁၅ အရွယ် ကလေးမလေး
တစ်ဦး...။
ဦးထက်နောင် အပြုံးဖြင့်ပင် တုန့်ပြန်ကာ...
နှုတ်ဆက်လိုက်သည်...။
"မနှင်းဆီနီ... "
"ကိုထက်နောင် ဈေးဝယ်လာတာလား..."
တည်ငြိမ်သော အပြုံးတစ်ခုနှင့် မေးလာသော
သူမ..။ ဦးထက်နောင် ခေါင်းငြိမ့်လိုက်ရင်း..
ပြန်ဖြေလိုက်သည်...။
"ဟုတ်တယ်ဗျာ... ကျွန်တော့် သားနှစ်ယောက်
အတွက် သရေစာလေးအချို့လာဝယ်ပေးတာ.."
"ဪ... ကျွန်မ မိတ်ဆက်ပေးရဦးမယ်
ကိုထက်နောင်.. ဒါ နှင်းဆီ ရဲ့ တစ်ဦးတည်းသော
သမီးလေး.. အနီရင့် ပါ..."
ဦးထက်နောင် ကလေးမလေး ကို ကြည့်ကာ
ပြုံးကာ နှုတ်ဆက်လိုက်သည်...။
"တွေ့ရတာ ဝမ်းသာပါတယ် သမီးလေး..."
"ဟုတ်ကဲ့.."
အနီရင့် ဆိုသော ကလေးမလေးသည်လည်း..
နှင်းဆီနီ နှင့်အတော်ပင်တူသည်..။ တစ်ချိန်တွင်
ကောင်လေးများ ကြားတွင် ရေပန်းစားမှာ...
သေချာသည်...။
ဒေါ်နှင်းဆီနီ သည် ဦးထက်နောင် ၏...
ကုတ်အကျႌမပါဘဲ ရှပ်အကျႌအဖြူရောင်ကို
လက်ခေါက်ထားကာ အနက်ရောင် ဘောင်းဘီ
ရှည်နှင့် ရိုးရိုးရှင်းရှင်း ဝတ်ထားသော်လည်း...
ကြည့်ကောင်းနေသော ပုံစံကို စိတ်တွင်းအလွန်
သဘောခွေ့ နေသော်လည်း အမူအရာနှင့်...
အပြုအမူများမှာ တည်ငြိမ်နေဆဲပင်...။
"ကို ထက်နောင် က သားနှစ်ယောက် ကို
အရမ်းချစ်ပုံဘဲ..။ ကလေးနှစ်ယောက် က
တစ်ကယ်ကို ကံကောင်းတာဘဲ...။ ကျွန်မ
သမီးလေး ကိုလဲ အဲ့လိုကံကောင်းစေချင်ခဲ့
တာ..."
"မနှင်းဆီ လို အမေမျိုးရှိယုံနဲ့ သမီးလေး
အတွက် ဘယ်သူမှမလိုတော့ဘူးဆိုတာ
ကျွန်တော် သေချာပေါက် ပြောရဲပါတယ်..။
မနှင်းဆီ ကျွန်တော့်ကို ခွင့်ပြုပါဦးဗျာ..။
သမီးလေး uncle သွားပြီ..."
"ထပ်ဆုံ ကြတာပေါ့ ကိုထက်နောင်..."
"ကောင်းပါပြီ.. မနှင်းဆီ..."
ဦးထက်နောင် အပြုံးဖြင့်ပင် နှုတ်ဆက်
ကာ နေရာမှ ထွက်လာလိုက်သည်။
တစ်ချို့သော အကြောင်းအရာ များကို...
နားမလည်ချင်သော ဦးထက်နောင် သည်
အိမ်တော်သို့ ပြန်ရန်သာ အာရုံထားလိုက်
သည်...။
ဦးထက်နောင် ခေါင်းထဲတွင်...
မနက်ဖြန် လျောက်လည်ရန်အတွက်..
အစီအစဉ်ချမှု များသာ ပြည့်နေလေသည်..။
______________
(A/N- Daddy သစ်နဲ့ ဘောလုံးလေးတို့
မကြီးခင်အထိက ချစ်စရာကောင်းတာလေး
တွေဘဲ လာနေဦးမှာ..။ နည်းနည်းတော့
ပျင်းစရာ ကောင်းမယ်...😄✌...)