(Zawgyi)🍀🍀🍀🍀
Part-7
(ကိုယ္..ခ်စ္ေသာ clover..!!..)
ေက်းငွက္တို႔၏ ေအာ္ျမည္သံ အခ်ိဳ႕ႏွင့္အတူ..
ေနျခည္ေႏြးေႏြး က ပတ္ဝန္းက်င္ကို ေထြးေပြ႔လာ
ေသာအခါ ေန႔သစ္တစ္ခု စတင္လာခ့ဲေလၿပီ...။
အခန္းတစ္ခုထဲ႐ွိ ကုတင္ေပၚတြင္ အရင္ဦးဆံုး
လႈပ္စိလႈပ္စိ ျဖစ္လာသူက လံုးတစ္ေနေသာ
တင္ပါးေလးကို ေနာက္ျပစ္ကာ အိပ္ေနေသာ..
ေဘာလံုးေလး ျဖစ္သည့္ ရြက္စိမ္းေပါက္စ..။
ပါးေဖာင္းေဖာင္း ႀကီးမွာ လႈပ္ခါသည္အထိ...
ဘာမွန္းမသိသည္မ်ားကို ဝါးသလိုျပဳရင္း...
ေန႔သစ္တစ္ခု ကို ဖြင့္လွစ္လိုက္ျဖင္း ျဖစ္သည္။
နီတာရဲ ႏႈတ္ခမ္းေလးကို ဖြင့္ရင္း အစြမ္းကုန္
ပါးစပ္ဟ ကာ ဝွါးသန္းလိုက္သည္..။ ထို႔ေနာက္
မ်က္လံုးမ်ားကို လက္ခံုးေလးေလးႏွင့္ ပြတ္သုတ္
လိုက္သည္...။
ကုတင္ေပၚတြင္ ငုတ္တုတ္ေလးထိုင္ေနၿပီ ျဖစ္
ေသာ္လည္း အိပ္ငိုက္ေနဆဲျဖစ္ေသာေၾကာင့္...
အဆီရစ္ေလးမ်ားျဖင့္ ဂုတ္ပိုးတိုတိုေလး ကို...
ေဘးတစ္ဖက္သို႔ ေစာင္းကာ မ်က္ေတာင္ေလး
မ်ားက စင္းေနသည္...။
ေရႊအိုေရာင္ ဆံပင္ေပ်ာ့ေပ်ာ့ေလးမ်ားက...
ထိုးထိုးေထာင္ေထာင္ႏွင့္ ႐ႈပ္ပြေနေသးသည္...။
တစ္ခဏ အိပ္ငိုက္ၿပီးေသာအခါ လံုေလာက္သြားပံု
ရေသာ မ်က္လံုးဝိုင္းႀကီးမ်ားက ေကာင္းမြန္စြာ
ပြင့္လာကာ အိပ္ေပ်ာ္ေနဆဲ ျဖစ္ေသာ သစ္မိုးအိမ္
ကို ၾကည့္လာသည္...။
"အယ္..ကိုကို ႏိုးေသးဘူးက်န္း..."
ခပ္တိုးတိုးေလး ေရရြတ္ယံု ေျပာၿပီးသည္ႏွင့္
လံုးတစ္ေနေသာ ကိုယ္လံုးေလးသည္...
ေဘာလံုးေလး လွိမ့္သလို ေရြ႔လ်ားကာ...
သစ္မိုးအိမ္ အနားသို႔ ေရာက္သြားေလသည္..။
"ကိုကို..ကိုကို..ထေတာ့...
မိုးလင္းေနၿပီေရာ.. ရြက္စိမ္းေလးေတာင္...
ႏိုးေနၿပီ..."
ေဘာလံုးေလး ရြက္စိမ္း သည္ သစ္မိုးအိမ္ ၏...
နားနားကိုကပ္ကာ ႏႈတ္ခမ္းေလးေထာ္ကာ...
ေျပာရင္း ႏိႈးေနျခင္း ျဖစ္သည္..။ ႏိုးမလာေသာ
သစ္မိုးအိမ္ ေၾကာင့္ မ်က္လံုးဝိုင္းႀကီးမ်ားမွာ..
မ်က္ေတာင္ေလးကို ႏွစ္ခ်က္ခတ္ကာ...
သစ္မိုးအိမ္ ၏ ရင္ဘက္ကို ပါးေဖာင္းေဖာင္း
တစ္ဖက္ကပ္ကာ အသက္႐ွဴမ႐ွဴ စစ္ေဆး
လိုက္သည္..။
ပံုမွန္အတိုင္း စည္းခ်က္ညီေနေသာ...
တဒုတ္ဒုတ္ျမည္သံကို နားေထာင္ၿပီးေနာက္
သစ္မိုးအိမ္ ၏ အနည္းငယ္ ျဖဴေလ်ာ့ေနေသာ
မ်က္ႏွာကို အနားကပ္ကာ ေသခ်ာစူးစမ္းေန..
ျပန္သည္...။
ၿပီးသည္ႏွင့္ လံုးတစ္တစ္ ကိုယ္လံုးေလးသည္...
အခန္းျပင္သို႔ ထြက္ကာ အိမ္ေအာက္ထပ္သို႔...
ဆင္းသြားေလသည္...။
ရြက္စိမ္း မီးဖိုေခ်ာင္ထဲသို႔ သြားလိုက္သည္...။
ေရာက္သည္ႏွင့္ မနက္စာျပင္ေနေသာ...
ေလးေလးေကာင္း အနားသို႔ သြားလိုက္သည္။
"ေလးေလးေကာင္း..."
ဦးေကာင္း အသံလာေသာ ေနရာကို ငံု႔ၾကည့္
လိုက္ေတာ့ ရြက္စိမ္းေပါက္စ..။ ဦးေကာင္း
ထိုးထိုးေထာင္ေထာင္ ျဖစ္ေနေသာ ဆံပင္
ေလးမ်ားကို သပ္ေပးလိုက္သည္...။
"ရြက္စိမ္းေလး ႏိုးလာၿပီလား..."
ေခါင္းတၿငိမ့္ၿငိမ့္ ျဖင့္ ျပန္ေျဖလာေသာ...
ရြက္စိမ္းေပါက္စ...။ မ်က္လံုးဝိုင္းႀကီး မ်ားက...
ဦးေကာင္း ကို ၾကည့္ရင္း ေျပာလာသည္..။
"ေလးေလးေကာင္း... အား႐ွိေအာင္...
ဘယ္လိုလုပ္မလဲဟင္..။ အား အမ်ားႀကီး...
အမ်ားႀကီး.. ႐ွိေအာင္ေလ.."
ဦးေကာင္း မိမိအေျဖကို စိတ္ဝင္တစား ေစာင့္
ေနေသာ ရြက္စိမ္းေလး ေၾကာင့္ ျပံဳးလိုက္မိသည္။
"ႏြားႏို႔ ေသာက္ေလ ရြက္စိမ္းေလးရ႕ဲ..."
"ႏြားႏို႔ လား..?.."
သူသိခ်င္တာ သိရ၍ ေခါင္းလံုးလံုးေလး က...
တၿငိမ့္ၿငိမ့္ လုပ္ေနေလသည္...။ ေျခတံတိုတိုေလး
မ်ားျဖင့္ အေပၚထပ္သို႔ ျပန္တက္သြားျပန္သည္...။
ဦးေကာင္း သေဘာတက် ျပံဳးရင္း ရြက္စိမ္းအတြက္
ပန္းသီး ေလးမ်ားကို ပါးပါးေလးေတြ လွီးကာ...
အသင့္ျပင္ေပးေနလိုက္သည္..။
ထိုအခ်ိန္က ဦးေကာင္း တစ္ေယာက္....
ေနာင္ႏွစ္ေပါင္းမ်ားစြာ အထိ သူကိုယ္တိုင္ပါ
ႏြားႏို႔ေန႔တိုင္း ေသာက္ရေတာ့ မည္ဟု
ေယာင္လို႔ပင္ မေတြးမိခ့ဲေပ...။
ရြက္စိမ္း ဖရဲသီးပံုအမွတ္တံဆိပ္ Sticker ျဖင့္
လွပေနေသာ ကိုယ္ပိုင္အခန္းသို႔ ျပန္လာလိုက္
သည္..။ ကုတင္ေပၚက ကိုကို ကို ၾကည့္လိုက္
ေတာ့ မႏိုးေသး..။ ရြက္စိမ္း ပါးႀကီးႏွစ္ဖက္
ေဖာင္းေအာင္ ေလပူမ်ားမႈတ္ထုတ္ရင္း...
သက္ျပင္းခ်လိုက္သည္...။
မျဖစ္ ကိုကို႔ကို အား.. အမ်ားႀကီး အမ်ားႀကီး
႐ွိေအာင္ ႏြားႏို႔တိုက္မွ ျဖစ္ေတာ့မည္...။
ရြက္စိမ္း ေသခ်ာစြာ ဆံုးျဖတ္ၿပီးသည္ႏွင့္
ေရခ်ိဳးခန္းထဲ ဝင္ကာ မ်က္ႏွာသစ္ရန္...
လုပ္ရသည္...။ မ်က္ႏွာသစ္ဖို႔ စင္ေနရာကို
ရြက္စိမ္း မမွီေသးေသာေၾကာင့္ Daddy..
လုပ္ေပးထားေသာ ခံုပုေလး ေပၚတက္လိုက္
သည္။
အခုမွပင္ အေစာကလို မွန္ထဲတြင္ မ်က္လံုးဝိုင္းႀကီး
ႏွစ္ခုသာ ေပၚယံုမဟုတ္ေတာ့ဘဲ မ်က္ႏွာတစ္ခုလံုး
ေပၚလာေတာ့သည္...။
ရြက္စိမ္း ေသခ်ာေရြးထားေသာ ဖရဲသီးျခမ္းပံု
လက္ကိုင္ႏွင့္ သြားတိုက္တံေလးကို သြား
တိုက္ေဆးညႇိကာ ေသခ်ာသြားတိုက္လိုက္
သည္။ ေရဘံုဘိုင္မွ က်လာေသာ ေရမ်ားကို
လက္ေသးေသးျဖင့္ ယူကာ မ်က္ႏွာသစ္လိုက္
သည္..။
ၿပီးသည္ႏွင့္ ယခုထိ မႏိုးေသးေသာ ကိုကို႔
ကို ႏိုးရန္လုပ္ရသည္...။
"ကိုကို..ကိုကို..ထေတာ့...
အိပ္ယာထ ေနာက္က်ရင္ ေၾကာင္ႀကီးကိုက္
လိမ့္မယ္..။ ကိုကို.. ျမန္ျမန္ထေတာ့...
ေၾကာင္ႀကီးကိုက္ ရင္ အရမ္းနာမွာေနာ္...။
ရြက္စိမ္းေလး ေတာင္ ေၾကာင္ႀကီးကိုက္မွာ...
စိုးလို႔ အိပ္ယာႏိုးေနၿပီ..."
သစ္မိုးအိမ္ မိမိပါးကို လာထိေနေသာ...
လက္ေသးေသးေလး ေၾကာင့္ ၾကည့္လိုက္ေတာ့..
ရြက္စိမ္း..။ မိမိ ႏိုးလာတာ ျမင္သည္ႏွင့္ ပါးခ်ိဳင့္
ထင္းထင္း မ်ားေပၚေအာင္ ရီျပလာသည္...။
"ကိုကို.. မဂၤလာ နံနက္ခင္း ပါ..."
သစ္မိုးအိမ္ မိမိ ပါးတစ္ဖက္ေပၚမွ လက္ေသးေသး
ေလးကို ျပန္ဆုပ္ကိုင္ကာ ေျပာလိုက္သည္..။
"မဂၤလာ နံနက္ခင္းပါ..."
သစ္မိုးအိမ္ ကိုင္ထားေသာ လက္ေသးေသး
မ်ားမွာ ေရစိုေနေသာေၾကာင့္ သစ္မိုးအိမ္ ၏
မ်က္ခံုးထင္းထင္းမ်ား တြန္႔ေကြးသြား ရသည္..။
ရြက္စိမ္းေပါက္စ ကို ေသခ်ာၾကည့္လိုက္ေတာ့
ေရႊအိုေရာင္ ဆံပင္ေပ်ာ့ေပ်ာ့ေလး မ်ားက...
ေရစိုကာ နဖူးျပင္ေပၚတြင္ ကပ္ေနသည္...။
"ကိုယ့္ဘာသာ မ်က္ႏွာသစ္ ထားတာလား..."
ေခါင္းၿငိမ့္ျပလာေသာ ရြက္စိမ္း ေပါက္စ..။
သစ္မိုးအိမ္ ကုတင္ေပၚမွ ခ်က္ခ်င္း ထလိုက္သည္။
"ေနာက္ခါ.. ကိုကို မ်က္ႏွာသစ္ေပးမယ္...
ဒီလိုေရေတြစို ကုန္ရင္ ေနမေကာင္း ျဖစ္
လိမ့္မယ္..။ ရြက္စိမ္းေလး ေနမေကာင္း
ျဖစ္ရင္ ကိုကို က အရမ္းဝမ္းနည္းရမွာ..."
သစ္မိုးအိမ္ ေျပာသမ်ွကို ေသခ်ာနားေထာင္
ေနေသာ ရြက္စိမ္း ေပါက္စ ျပန္ေမးလာသည္ကာ...
"ကိုကို က ရြက္စိမ္းေလးကို စိုးရိမ္တာလားဟင္.."
"အင္း..ကိုကို က ရြက္စိမ္းေလး အရမ္း...
စိုးရိမ္တာ..."
"ဒါဆို..ကိုကို က ရြက္စိမ္း ေလးကို...
ခ်စ္တာေပါ့..။ Daddy ကေျပာတယ္...
စိုးရိမ္တယ္ ဆိုတာ ခ်စ္လို႔စိုးရိမ္တာတ့ဲ..."
သစ္မိုးအိမ္ ေခါင္းလံုးလံုးေလး ကို....
ခပ္ဖြဖြ ပုတ္ရင္း ျပန္ေျဖလိုက္သည္..။
"ဒါေပါ့ ကိုကို က ကိုကို႔ ရြက္စိမ္းေလး
ကို အခ်စ္ဆံုးဘဲ..."
"ဟီးဟီး..~!!..."
သစ္မိုးအိမ္ ကေလးငယ္ ကို အက်ႌအရင္လဲေပး
လိုက္ကာ ပါးအိအိေလးႏွင့္ မ်က္ႏွာေလးကို...
ႏူးည့ံေသာ တပတ္တစ္ထည္ျဖင့္ အရင္သုတ္ေပး
လိုက္သည္..။ ၿပီးမွ မိမိ မ်က္ႏွာသစ္ရန္ ေရခ်ိဳးခန္း
သို႔ ဦးတည္လိုက္သည္...။
သစ္မိုးအိမ္ အေနာက္ကို တေကာက္ေကာက္..
လိုက္လာေသာ ရြက္စိမ္း ေပါက္စ ေၾကာင့္...
ေရခ်ိဳးခန္းမွန္ထားရာ စင္ေပၚသို႔ ခ်ီကာ တင္ေပး
လိုက္သည္..။
သစ္မိုးအိမ္.. မ်က္ႏွာသစ္ေနစဥ္ တစ္ေလ်ာက္လံုး
ၿငိမ္ၿငိမ္ေလး ထိုင္ေနေသာ ကေလးငယ္...။
သစ္မိုးအိမ္ မ်က္ႏွာသစ္ၿပီးသည္ႏွင္ တပတ္
တစ္ထည္ကို ကမ္းေပးလာေသာ လက္ေသးေသး
ေလး...။
သစ္မိုးအိမ္ ျပံဳးကာလွမ္းယူလိုက္သည္...။
တပတ္ကို လွမ္းယူလိုက္ရင္း ပါးအိအိ တစ္ဖက္ကို
ႏွာေခါင္းႏွစ္ျပစ္လိုက္သည္...။
ႏို႔န႔ံသင္းသင္းေလး က သစ္မိုးအိမ္ စိတ္ကို..
ၾကည္လင္ေစသည္....။
ႏွစ္ေယာက္သား အားလံုးျပင္ဆင္ၿပီးမွ...
ေအာက္ထပ္သို႔ ဆင္းလာလိုက္သည္...။
ေအာက္ထပ္သို႔ ေရာက္ေသာအခါ...
ထမင္းစားပြဲတြင္ ဝတ္စံုျပည့္ျဖင့္ ထိုင္ကာ
သတင္းစာဖတ္ေနေသာ ဦးထက္ေနာင္ က
Company သြားရန္ အဆင္သင့္ ျဖစ္ေနပံု
ပင္...။
"Daddy..~!!.."
ဦးထက္ေနာင္ အသံႏွင့္အတူ မိမိ ရင္ခြင္ထဲ
ခုန္ဝင္လာေသာ ေဘာလံုးေလး ကို အလ်င္အျမန္
ဖမ္းလိုက္ရသည္...။ သတင္းစာ ကို ေ႐ွ႕႐ွိ စားပြဲ
တြင္ တင္ထားလိုက္ကာ ရင္ခြင္ထဲက လံုးတံုးတံုး
ေလးကို ေပြ႔ဖက္ထားလိုက္သည္...။
ဦးထက္ေနာင္ အနား႐ွိ ခံုတြင္ ဝင္ထိုင္လိုက္ေသာ
ေကာင္ေလး ကို ျပံဳးကာ ေျပာလိုက္သည္...။
"Morning... သားႀကီး..."
"Morning..Daddy...morning..
ဟိဟိ..!!..ရြက္စိမ္းေလး က ကိုကို႔ အစား
ေျပာေပးတာ.."
ဦးထက္ေနာင္ ေရာ သစ္မိုးအိမ္ ပါ...
ၿပိဳင္တူ ျပံဳးလိုက္မိသည္...။
ဦးထက္ေနာင္ ေဘာလံုးေလး ရြက္စိမ္း ၏...
ပါးေဖာင္းေဖာင္းႀကီးမ်ားကို အသည္းယားစြာ
အခါခါ အားရသည္အထိ နမ္းျပစ္လိုက္သည္။
သေဘာတက်ပင္ ရီေနေသးေသာ ေဘာလံုးေလး
က ဦးထက္ေနာင္ ကမၻာ၏ တစ္ခုတည္းေသာ...
႐ွင္သန္ျခင္း သစ္ပင္ေလးပင္...။
ဦးထက္ေနာင္... ေဘာလံုးေလး ၏...
ပါးႏွစ္ဖက္လံုး နီရဲသြားေသာ အခါမွ ရပ္တန္႔
လိုက္သည္...။ ေဘာလံုးေလး ရြက္စိမ္းကို ေဘးခံု
ေပၚတြင္ ထိုင္ေစလိုက္သည္...။
တစ္ခဏအၾကာ ဦးေကာင္းသည္...
စီစဥ္ေပးထားေသာ မနက္စာကို ျပင္ဆင္
ေပးလာသည္..။
ဦးထက္ေနာင္ အတြက္က ေကာ္ဖီခါးခါး
တစ္ခြက္ႏွင့္ ဦးေကာင္း ကိုယ္တိုင္လုပ္ထား
ေသာ ကိတ္မုန္႔တစ္ခ်ိဳ႕ျဖစ္ကာ သစ္မိုးအိမ္
ႏွင့္ ရြက္စိမ္း အတြက္က ခပ္ပါးပါးလွီးထား
ေသာ ပန္းသီးမ်ားႏွင့္ သၾကားအနည္းငယ္သာ
ပါေသာ ႏြားႏို႔ျဖစ္သည္...။
ဦးေကာင္း မနက္စာ အသီးသီးကို ျပင္ဆင္
ေပးရင္း ေျပာလိုက္သည္...။
"သခင္ေလး သစ္မိုးအိမ္က မနက္စာ ဘာစား
တတ္မွန္းမသိလို႔ ရြက္စိမ္းေလးလိုဘဲ ဦးေကာင္း
ျပင္ဆင္ေပးထားတာပါ..။ ေနာက္ေန႔ သခင္ေလး
စိတ္တိုင္းက် ျပင္ဆင္ေပးပါ့မယ္.."
"အဆင္ေျပပါတယ္ ဦးေကာင္း..။
ကိစၥမ႐ွိပါဘူး..."
အမွန္ပင္ သစ္မိုးအိမ္ အတြက္ ကိစၥမ႐ွိျခင္း
ျဖစ္သည္..။ ရြက္စိမ္း ေလး ျပင္ေပးေသာ..
မနက္စာမ်ားျဖင့္ အသားက်ေနေသာ သစ္မိုးအိမ္
က ဘာႀကိဳက္တတ္သည္ ဆိုသည္ထက္ ရြက္စိမ္း
ေလး ျပင္ဆင္ေပးေသာ မနက္စာတိုင္းကို...
စားလိုက္သည္ခ်ည္းသာ...။
သစ္မိုးအိမ္ ေဘးက ရြက္စိမ္းေပါက္စ ကို
ၾကည့္လိုက္ေတာ့ ခပ္ပါးပါးလွီးထား ေသာ
ပန္းသီးမ်ားကို ခ်ိဳျမျမႏြားႏို႔ႏွင့္ ေရာကာ...
အားရပါးရ စားေနသည္...။
အသီးအႏွံ ႏွင့္ ႏြားႏို႔ႀကိဳက္လြန္းေသာ...
ကေလးငယ္ အသားအရည္ေကာင္းလြန္း
ေနသည္မွာ အ့ံဩစရာမဟုတ္ေတာ့..။
သစ္မိုးအိမ္ ခပ္ေႏြးေႏြး ႏြားႏို႔ကို...
ေသာက္လိုက္သည္..။ ႏြားႏို႔မႀကိဳက္ေသာ္
လည္း ကေလးငယ္ ကိုယ္မွရေနက် ႏို႔န႔ံသင္းသင္း
ေလး ကိုေတာ့ သစ္မိုးအိမ္ သေဘာက်သည္...။
ဦးထက္ေနာင္... ေကာင္ေလး ပါးစပ္သုတ္ေပး
ေနသည္ကို ေခါင္းေလး ေမာ့ကာ ခံေနေသာ
ေဘာလံုးေလး ရြက္စိမ္းေၾကာင့္ ေခါင္းသာခါ
မိသည္...။
ေကာင္ေလး ၏ အလိုလိုက္မႈၾကား...
ေဘာလံုးေလး တစ္ေကာင္ေတာ့...
ေျမာက္ႂကြေျမာက္ႂကြ လုပ္ေနမွာ ျမင္ေယာင္
ေသးသည္...။
ဦးထက္ေနာင္ မနက္စား စားေနျခင္းကို...
အဆံုးသတ္လိုက္ကာ ေနရာမွ ထရပ္လိုက္..
သည္..။ သားႏွစ္ေယာက္ ၏ ေခါင္းေလးကို..
ဖြဖြပုတ္ကာ ႏႈတ္ဆက္ၿပီးသည္ႏွင့္ Company
သို႔ ထြက္လာလိုက္သည္..။
ဒီေန႔ S Company တြင္႐ွိေသာ...
႐ွယ္ယာ႐ွင္ အစည္းအေ၀း ကို သြားရမည္
ျဖစ္ေသာေၾကာင့္ ဦးထက္ေနာင္ ကားကို...
S Company သို႔ ဦးတည္လိုက္သည္..။
_____________
"ကိုကို.. ကိုကို ေနာက္ေန႔ေတြက်ရင္လဲ
ႏြားႏို႔ ေသာက္ရမွာေနာ္..။ ေလးေလးေကာင္း
က ေျပာတယ္ ႏြားႏို႔ေသာက္ရင္ အား႐ွိတယ္
တ့ဲ..။ ကိုကို ႏြားႏို႔ ေန႔တိုင္းေသာက္ရမယ္..
ေနာ္..ေနာ္.."
"အဟက္.. ေကာင္းပါၿပီ.. ကိုကို႔ ရြက္စိမ္းေလး..
သေဘာပါကြာ..."
သစ္မိုးအိမ္ ကေလးငယ္ ၏ ေရႊအိုေရာင္..
ဆံပင္ေပ်ာ့ေပ်ာ့ေလး မ်ားကိုသာ ထပ္ခါထပ္ခါ
ထိေတြ႔ေနမိသည္..။
ကေလးငယ္ ၁၀ႏွစ္အရြယ္တြင္...
ဦးထက္ေနာင္ ဆံုးပါးသြားခ့ဲသည္...။
ထိုအခ်ိန္မွစ၍ ကေလးငယ္ကို သစ္မိုးအိမ္
လိုရာပံုသြင္းထားေသာ သက္႐ွိအ႐ုပ္ေလး...
အျဖစ္ ႐ွင္သန္ေစ ခ့ဲသည္...။
မိမိ အမိန္႔မရဘဲ ဘာမွမလုပ္ရဟု စည္းကမ္းခ်က္
ထုတ္ခ့ဲကာ အမိန္႔ေဘာင္မ်ားၾကားတြင္ ႐ွင္သန္ေစ
ခ့ဲသည္...။ ထိုအခ်ိန္က ကေလးငယ္ ျပန္ေျဖလာ
သည္က ႐ိုး႐ွင္းေသာ အေျဖေလးတစ္ခုသာ...။
"ဟုတ္က့ဲ ကိုကို.. ရြက္စိမ္း သိပါၿပီ.." တ့ဲ...။
တစ္ခ်ိန္က ထို႐ိုး႐ွင္းေသာ အေျဖေလးကို...
မိမိကို ရြဲ႔သည္ဟု သစ္မိုးအိမ္ ယူဆကာ...
ေဒါသထြက္ခ့ဲသည္..။
အမွန္ေတာ့ ကေလးငယ္ သည္
႐ိုး႐ွင္းေသာ လူငယ္ေလး ျဖစ္သည္ကို...
သစ္မိုးအိမ္ နားမလည္ခ့ဲျခင္းသာ...။
သစ္မိုးအိမ္ ေဘးမွ ကေလးငယ္ ၏
ေခါင္းလံုးလံုးေလးကို ငံု႔နမ္း လိုက္သည္..။
ကိုကို က ကိုကို႔ ကေလးငယ္ကို ေၾကာက္လန္႔
ေနတတ္တ့ဲ ယုန္ျဖဴေလး မဟုတ္ဘဲ ေနလို
ေႏြးေထြးတ့ဲ လူဆိုးေလးအျဖစ္ ပ်ိဳးေထာင္မွာ...။
သစ္မိုးအိမ္ ေ႐ွ႕က ကေလးငယ္ကေတာ့...
ဘာမွမသိစြာပင္ ပါးခ်ိဳင့္ထင္းထင္း ေလးမ်ား
ေပၚေအာင္ပင္ ျပံဳးရယ္ေနေလသည္...။
____________
ဦးထက္ေနာင္ အစည္းအေ၀း အခန္းထဲက....
႐ွယ္ယာ႐ွင္မ်ားကို တစ္ခ်က္ၾကည့္လိုက္ကာ
စားပြဲ႐ွည္ႀကီး ၏ ထိပ္ဆံုးခံုတြင္ ဝင္ထိုင္လိုက္
သည္...။
႐ွယ္ယာ႐ွင္ တိုင္း မက္ေမာက်ေသာ...
ထိုခံုတြင္ ဝင္ထိုင္လိုက္ေသာ ဦးထက္ေနာင္ကို
မလိုလားေသာ အၾကည့္မ်ားျဖင့္ ၾကည့္လာၾက
ေသာ္လည္း ဘာမွေတာ့ မေျပာရဲၾက...။
စီးပြားေရးေလာကတြင္ ထက္ေနာင္ ဆိုေသာ
သူသည္ အရည္အခ်င္း ႐ွိေသာ လုပ္ငန္း႐ွင္
တစ္ဦးျဖစ္သလို ရန္စရန္မသင့္ေသာ သူ...
ျဖစ္ေၾကာင္း အားလံုးသိသည္ေလ...။
"ေတြ႔ရတာဝမ္းသာပါတယ္ ကြၽန္ေတာ္
ဘယ္သူလဲ ဆိုတာေတာ့ မိတ္ဆက္ဖို႔ မလိုဘူး
ထင္ပါတယ္..။ အင္း.. ကြၽန္ေတာ္ ႐ွည္႐ွည္
ေဝးေဝး မေျပာခ်င္ဘူး...၊ S Company ရ့ဲ
႐ွယ္ရာ ၄၉ ရာခိုင္ႏႈန္းက ကြၽန္ေတာ္ ရ႕ဲ...
ထိန္းခ်ဳပ္မႈေအာက္မွာ ႐ွိတယ္ ဆိုတာ
သိမွာပါ..။ ဒါေၾကာင့္ Company စည္းကမ္း
အရ က်ဳပ္က S Company ရ့ဲ CEO...
ရာထူးကို ကြၽန္ေတာ္ ထက္ေနာင္က ဆက္ခံ
မွာပါ..."
ဦးထက္ေနာင္ အျပံဳးတစ္ခုျဖင့္ ေျပာၿပီးသည္
ႏွင့္ ႐ွယ္ယာ႐ွင္မ်ားကို ဓားသြားထက္ထက္
မ်ားႏွင့္ တူေသာ အၾကည့္မ်ားျဖင့္ ၾကည့္လိုက္
သည္...။
"Company..ႏွစ္ခုလံုးကို...
မလစ္ဟင္းရေအာင္ ထိန္းခ်ဳပ္ႏိုင္ပါ့မလား...
ကိုထက္ေနာင္..."
ဦးထက္ေနာင္ အၾကည့္မ်ား သည္...
ဦးဟိန္းမိုး ဆီသို႔ ေရာက္သြားရသည္..။
ျပံဳးေနဆဲျဖစ္ေသာ ဦးထက္ေနာင္ ၏...
ႏႈတ္ခမ္းမ်ား က အနည္းငယ္ပင္ အရာမယြင္း
သြား...။
"ကြၽန္ေတာ့္ ကို စိုးရိမ္ေပးတ့ဲ အတြက္...
ေက်းဇူးတင္ပါတယ္..ဦးဟိန္းမိုး...။
ကြၽန္ေတာ့္မွာ ဒီအတြက္ အစီအစဥ္ ႐ွိၿပီးသား
ပါ...။ မိုးေဝ...~.."
ဦးထက္ေနာင္ ၏ အခ်က္ျပမႈအဆံုး...
ေဘးနားတြင္ အဆင္သင့္ရပ္ေနေသာ...
မိုးေဝ သည္ နားလည္စြာပင္ အစည္းအေ၀း
ခန္း၏ မီးမ်ားကို မွိတ္လိုက္သည္..။
"လူႀကီးမင္းတို႔ Projector ကို တစ္ခ်က္
ၾကည့္ေပးပါ..."
ဦးထက္ေနာင္ ၏ အသံၾကည္ၾကည္
အတိုင္းပင္ အားလံုး Ptojector ကို
ၾကည့္လိုက္ၾကသည္...။
"အခု ကြၽန္ေတာ္တို႔ Y ၿမိဳ႕ေတာ္က..
ႏိုင္ငံျခားန႔ဲ ရင္းႏွီးျမဳပ္ႏွံမႈေတြ ဝင္လာလို႔..
ဖြံ႔ၿဖိဳးတ့ဲ ၿမိဳ႕ေတာ္ ျဖစ္လာၿပီ...။ လူေတြက..
ဇိမ္ခံပစၥည္း ေတြ.. တန္ဖိုးႀကီးတ့ဲ အိမ္ယာ
ေတြကို စိတ္ဝင္စားစ ျပဳလာၿပီ..ဒါ က်ဳပ္တို႔လို
စီးပြားေရး သမားေတြ အတြက္ေတာ့ အခြင့္ေကာင္း
ဘဲ..."
ဦးထက္ေနာင္ စိတ္ဝင္စားစျပဳေနေသာ
႐ွယ္ယာ႐ွင္မ်ား ကို တစ္ခ်က္ၾကည့္ကာ...
အျပံဳးျဖင့္ပင္ ဆက္ေျပာလိုက္သည္...။
"ဒါကို..တစ္ခ်က္ၾကည့္ေပးပါ...။
ထပ္ျမင့္အေဆာက္အဦးေတြပါ..၊ အခန္းတစ္ခု
လို မခံစားရဘဲ ကိုယ္ပိုင္ ကမၻာငယ္ေလး တစ္ခု
ဖန္တီးေပးမွာပါ..။ ကိုယ္ပိုင္ ဥယ်ာဥ္..၊ ကစားကြင္း၊
မိမိတို႔ ရင္ေသြးငယ္ေတြ အတြက္ လံုျခံဳၿပီး...
ၿပီးျပည့္စံုတ့ဲ ပတ္ဝန္းက်င္ အ့ဲလိုျဖစ္ေအာင္...
ဖန္တီးေပးထားပါတယ္..."
Projector..ေပၚတြင္ တစ္ခုျခင္းစီ...
ေျပာင္းသြားေသာ အေဆာက္အဦး ပံုစံငယ္
မ်ားႏွင့္ ဦးထက္ေနာင္ ၏ ႐ွင္းျပခ်က္မ်ား
က ႐ွယ္ယာ႐ွင္မ်ား ၏ မ်က္ဝန္းမ်ားမွာ...
အေရာင္မ်ား ေတာက္လာရသည္...။
"ကြၽန္ေတာ့္ရ႕ဲ ဒီ..စီမံကိန္း က....
Y ၿမိဳ႕ေတာ္ရ႕ဲ လူနည္းစု လူခ်မ္းသာ ေတြကို..
ရည္ရြယ္ပါတယ္..."
အစည္းအေ၀း ခန္းထဲမွ မီးမ်ားျပန္လင္းလာရသည္။
ဦးထက္ေနာင္ ႐ွယ္ယာ႐ွင္ မ်ား ၏ အမူအရာ
မ်ားကို ၾကည့္ကာ လ်ွိဳ႕ဝွက္စြာ ျပံဳးလိုက္သည္။
မိမိ စီစဥ္ထားသည့္ အတိုင္း ျဖစ္လာေပေတာ့
မည္..။
"ဒါေပမယ့္ ကြၽန္ေတာ့္ ဖက္က ေတာင္းဆိုခ်က္
တစ္ခုေတာ့ ႐ွိပါတယ္.."
ဦးထက္ေနာင္ ဆက္ေျပာလိုက္သည္...။
"S Company န႔ဲ G Company ကို...
တစ္ခုတည္းအျဖစ္ ေပါင္းစည္းဖို္႔ပါ..။ ဒါဆို...
ဦးဟိန္းမိုး စိုးရိမ္ေနတ့ဲ တာဝန္ လစ္ဟင္းတာ
မ်ိဳးလည္း ႐ွိေတာ့မွာ မဟုတ္သလို လူႀကီးမင္း
တို႔ ရေနၾကထက္ ပိုတ့ဲ အခြင့္အေရးေတြ...
ခံစားရမွာပါ...။ လူႀကီးမင္း တို႔ ေ႐ွ႕မွာ ႐ွိေန
တ့ဲ စာရြက္စာတမ္းေတြက လူႀကီးမင္းတို႔...
ရ႐ွိမယ့္ အက်ိဳးခံစားခြင့္ေတြပါ..။ စစ္ေဆးၾကည့္
ေပးပါ..."
ဦးထက္ေနာင္ စာရြက္စာတမ္း မ်ားကို...
ၾကည့္ေနၾကေသာ ႐ွယ္ယာ႐ွင္မ်ားကို...
ျဖည့္စြက္စကား ထပ္ေျပာလိုက္သည္...။
"ဒီအက်ိဳးအျမတ္ေတြ အကုန္လံုးက...
Company ႏွစ္ခု ေပါင္းစည္းမွ ရလာ
မယ့္အရာေတြ ဆိုတာ ထပ္ေျပာပါရေစ..."
႐ွယ္ယာ႐ွင္ မ်ားအားလံုး သက္ေတာင့္သက္သာ
ျပံဳးေနေသာ ဦးထက္ေနာင္ ကို ၾကည့္လိုက္မိၾက
သည္..။ ရ႐ွိလာမည့္ အက်ိဳးအျမတ္မ်ားမွာ...
မိမိတို႔ မျငင္းႏိုင္ေသာ အေနအထားျဖစ္သည္..။
စီးပြားေရး ေလာကတြင္ က်ားတစ္ေကာင္လို႔
နာမည္ႀကီးေသာ ဦးထက္ေနာင္ ၏ ဂုဏ္
သတင္းမ်ားမွာ အလကားေတာ့ မဟုတ္ေပ..။
အေစာပိုင္းတြင္ ဦးထက္ေနာင္ ကို...
ဆန္႔က်င္ကာ ဒုတိယ႐ွယ္ယာ အမ်ားဆံုး
ျဖစ္ေသာ ဦးဟိန္းမိုး ကို ေထာက္ခံမည့္သူမ်ား
သည္ သူတို႔၏ မူလရည္ရြယ္ခ်က္မ်ားကို...
ေမ့ေပ်ာက္သြားၾကကာ ဦးထက္ေနာင္ ေပးေသာ
အက်ိဳးအျမတ္မ်ားကို မက္ေမာကာ ဘက္ေျပာင္း
သြားၾကေလသည္...။
ဤသည္မွာ စီးပြားေရး ေလာကတြင္...
ေန႔စဥ္ၾကံဳေတြ႔ေနရေသာ ကိစၥမ်ားပင္...။
လူတစ္ေယာက္ကို ထိန္းခ်ဳပ္ခ်င္လ်ွင္...
ထိုသူထက္ အင္အားႀကီးဖို႔ေတာ့ လိုသည္..။
ဦးထက္ေနာင္.. ဦးဟိန္းမိုး ၏ မည္းေမွာင္
ေနေသာ မ်က္ႏွာအမူအရာေၾကာင့္....
အျပံဳးမ်ားမွာ ပိုမိုပီျပင္လာရသည္...။
စီးပြားေရးေလာကဆိုတာ လက္နက္မ့ဲ...
ေသြးေအးစစ္ပြဲျဖစ္ကာ ကမၻာေပၚတြင္...
ေၾကာက္စရာအေကာင္းဆံုးပင္...။
မင္းရ႕ဲ အားနည္းခ်က္ကို ျပလိုက္တာန႔ဲ..
တစ္စစီ ဆုတ္ျဖဲျပစ္မည့္ သားရဲမ်ားျဖင့္
ျပည့္ေနေသာ ေနရာပင္...။
ကတိစကားေတြ.. သစၥာတရားေတြ...
မ႐ွိဘူး..။ ဒီေလာကမွာ တစ္ခုတည္းေသာ
အက်ံဳး၀င္တ့ဲ အရာက အက်ိဳးအျမတ္ပင္..။
____________
(A/N- Love ya..~...💜💜...)
JM(6.10.2020)
Next>>>>>>
(Unicode)🍀🍀🍀🍀
Part-7
(ကိုယ်..ချစ်သော clover..!!..)
ကျေးငှက်တို့၏ အော်မြည်သံ အချို့နှင့်အတူ..
နေခြည်နွေးနွေး က ပတ်ဝန်းကျင်ကို ထွေးပွေ့လာ
သောအခါ နေ့သစ်တစ်ခု စတင်လာခဲ့လေပြီ...။
အခန်းတစ်ခုထဲရှိ ကုတင်ပေါ်တွင် အရင်ဦးဆုံး
လှုပ်စိလှုပ်စိ ဖြစ်လာသူက လုံးတစ်နေသော
တင်ပါးလေးကို နောက်ပြစ်ကာ အိပ်နေသော..
ဘောလုံးလေး ဖြစ်သည့် ရွက်စိမ်းပေါက်စ..။
ပါးဖောင်းဖောင်း ကြီးမှာ လှုပ်ခါသည်အထိ...
ဘာမှန်းမသိသည်များကို ဝါးသလိုပြုရင်း...
နေ့သစ်တစ်ခု ကို ဖွင့်လှစ်လိုက်ဖြင်း ဖြစ်သည်။
နီတာရဲ နှုတ်ခမ်းလေးကို ဖွင့်ရင်း အစွမ်းကုန်
ပါးစပ်ဟ ကာ ဝှါးသန်းလိုက်သည်..။ ထို့နောက်
မျက်လုံးများကို လက်ခုံးလေးလေးနှင့် ပွတ်သုတ်
လိုက်သည်...။
ကုတင်ပေါ်တွင် ငုတ်တုတ်လေးထိုင်နေပြီ ဖြစ်
သော်လည်း အိပ်ငိုက်နေဆဲဖြစ်သောကြောင့်...
အဆီရစ်လေးများဖြင့် ဂုတ်ပိုးတိုတိုလေး ကို...
ဘေးတစ်ဖက်သို့ စောင်းကာ မျက်တောင်လေး
များက စင်းနေသည်...။
ရွှေအိုရောင် ဆံပင်ပျော့ပျော့လေးများက...
ထိုးထိုးထောင်ထောင်နှင့် ရှုပ်ပွနေသေးသည်...။
တစ်ခဏ အိပ်ငိုက်ပြီးသောအခါ လုံလောက်သွားပုံ
ရသော မျက်လုံးဝိုင်းကြီးများက ကောင်းမွန်စွာ
ပွင့်လာကာ အိပ်ပျော်နေဆဲ ဖြစ်သော သစ်မိုးအိမ်
ကို ကြည့်လာသည်...။
"အယ်..ကိုကို နိုးသေးဘူးကျန်း..."
ခပ်တိုးတိုးလေး ရေရွတ်ယုံ ပြောပြီးသည်နှင့်
လုံးတစ်နေသော ကိုယ်လုံးလေးသည်...
ဘောလုံးလေး လှိမ့်သလို ရွေ့လျားကာ...
သစ်မိုးအိမ် အနားသို့ ရောက်သွားလေသည်..။
"ကိုကို..ကိုကို..ထတော့...
မိုးလင်းနေပြီရော.. ရွက်စိမ်းလေးတောင်...
နိုးနေပြီ..."
ဘောလုံးလေး ရွက်စိမ်း သည် သစ်မိုးအိမ် ၏...
နားနားကိုကပ်ကာ နှုတ်ခမ်းလေးထော်ကာ...
ပြောရင်း နှိုးနေခြင်း ဖြစ်သည်..။ နိုးမလာသော
သစ်မိုးအိမ် ကြောင့် မျက်လုံးဝိုင်းကြီးများမှာ..
မျက်တောင်လေးကို နှစ်ချက်ခတ်ကာ...
သစ်မိုးအိမ် ၏ ရင်ဘက်ကို ပါးဖောင်းဖောင်း
တစ်ဖက်ကပ်ကာ အသက်ရှူမရှူ စစ်ဆေး
လိုက်သည်..။
ပုံမှန်အတိုင်း စည်းချက်ညီနေသော...
တဒုတ်ဒုတ်မြည်သံကို နားထောင်ပြီးနောက်
သစ်မိုးအိမ် ၏ အနည်းငယ် ဖြူလျော့နေသော
မျက်နှာကို အနားကပ်ကာ သေချာစူးစမ်းနေ..
ပြန်သည်...။
ပြီးသည်နှင့် လုံးတစ်တစ် ကိုယ်လုံးလေးသည်...
အခန်းပြင်သို့ ထွက်ကာ အိမ်အောက်ထပ်သို့...
ဆင်းသွားလေသည်...။
ရွက်စိမ်း မီးဖိုချောင်ထဲသို့ သွားလိုက်သည်...။
ရောက်သည်နှင့် မနက်စာပြင်နေသော...
လေးလေးကောင်း အနားသို့ သွားလိုက်သည်။
"လေးလေးကောင်း..."
ဦးကောင်း အသံလာသော နေရာကို ငုံ့ကြည့်
လိုက်တော့ ရွက်စိမ်းပေါက်စ..။ ဦးကောင်း
ထိုးထိုးထောင်ထောင် ဖြစ်နေသော ဆံပင်
လေးများကို သပ်ပေးလိုက်သည်...။
"ရွက်စိမ်းလေး နိုးလာပြီလား..."
ခေါင်းတငြိမ့်ငြိမ့် ဖြင့် ပြန်ဖြေလာသော...
ရွက်စိမ်းပေါက်စ...။ မျက်လုံးဝိုင်းကြီး များက...
ဦးကောင်း ကို ကြည့်ရင်း ပြောလာသည်..။
"လေးလေးကောင်း... အားရှိအောင်...
ဘယ်လိုလုပ်မလဲဟင်..။ အား အများကြီး...
အများကြီး.. ရှိအောင်လေ.."
ဦးကောင်း မိမိအဖြေကို စိတ်ဝင်တစား စောင့်
နေသော ရွက်စိမ်းလေး ကြောင့် ပြုံးလိုက်မိသည်။
"နွားနို့ သောက်လေ ရွက်စိမ်းလေးရဲ့..."
"နွားနို့ လား..?.."
သူသိချင်တာ သိရ၍ ခေါင်းလုံးလုံးလေး က...
တငြိမ့်ငြိမ့် လုပ်နေလေသည်...။ ခြေတံတိုတိုလေး
များဖြင့် အပေါ်ထပ်သို့ ပြန်တက်သွားပြန်သည်...။
ဦးကောင်း သဘောတကျ ပြုံးရင်း ရွက်စိမ်းအတွက်
ပန်းသီး လေးများကို ပါးပါးလေးတွေ လှီးကာ...
အသင့်ပြင်ပေးနေလိုက်သည်..။
ထိုအချိန်က ဦးကောင်း တစ်ယောက်....
နောင်နှစ်ပေါင်းများစွာ အထိ သူကိုယ်တိုင်ပါ
နွားနို့နေ့တိုင်း သောက်ရတော့ မည်ဟု
ယောင်လို့ပင် မတွေးမိခဲ့ပေ...။
ရွက်စိမ်း ဖရဲသီးပုံအမှတ်တံဆိပ် Sticker ဖြင့်
လှပနေသော ကိုယ်ပိုင်အခန်းသို့ ပြန်လာလိုက်
သည်..။ ကုတင်ပေါ်က ကိုကို ကို ကြည့်လိုက်
တော့ မနိုးသေး..။ ရွက်စိမ်း ပါးကြီးနှစ်ဖက်
ဖောင်းအောင် လေပူများမှုတ်ထုတ်ရင်း...
သက်ပြင်းချလိုက်သည်...။
မဖြစ် ကိုကို့ကို အား.. အများကြီး အများကြီး
ရှိအောင် နွားနို့တိုက်မှ ဖြစ်တော့မည်...။
ရွက်စိမ်း သေချာစွာ ဆုံးဖြတ်ပြီးသည်နှင့်
ရေချိုးခန်းထဲ ဝင်ကာ မျက်နှာသစ်ရန်...
လုပ်ရသည်...။ မျက်နှာသစ်ဖို့ စင်နေရာကို
ရွက်စိမ်း မမှီသေးသောကြောင့် Daddy..
လုပ်ပေးထားသော ခုံပုလေး ပေါ်တက်လိုက်
သည်။
အခုမှပင် အစောကလို မှန်ထဲတွင် မျက်လုံးဝိုင်းကြီး
နှစ်ခုသာ ပေါ်ယုံမဟုတ်တော့ဘဲ မျက်နှာတစ်ခုလုံး
ပေါ်လာတော့သည်...။
ရွက်စိမ်း သေချာရွေးထားသော ဖရဲသီးခြမ်းပုံ
လက်ကိုင်နှင့် သွားတိုက်တံလေးကို သွား
တိုက်ဆေးညှိကာ သေချာသွားတိုက်လိုက်
သည်။ ရေဘုံဘိုင်မှ ကျလာသော ရေများကို
လက်သေးသေးဖြင့် ယူကာ မျက်နှာသစ်လိုက်
သည်..။
ပြီးသည်နှင့် ယခုထိ မနိုးသေးသော ကိုကို့
ကို နိုးရန်လုပ်ရသည်...။
"ကိုကို..ကိုကို..ထတော့...
အိပ်ယာထ နောက်ကျရင် ကြောင်ကြီးကိုက်
လိမ့်မယ်..။ ကိုကို.. မြန်မြန်ထတော့...
ကြောင်ကြီးကိုက် ရင် အရမ်းနာမှာနော်...။
ရွက်စိမ်းလေး တောင် ကြောင်ကြီးကိုက်မှာ...
စိုးလို့ အိပ်ယာနိုးနေပြီ..."
သစ်မိုးအိမ် မိမိပါးကို လာထိနေသော...
လက်သေးသေးလေး ကြောင့် ကြည့်လိုက်တော့..
ရွက်စိမ်း..။ မိမိ နိုးလာတာ မြင်သည်နှင့် ပါးချိုင့်
ထင်းထင်း များပေါ်အောင် ရီပြလာသည်...။
"ကိုကို.. မင်္ဂလာ နံနက်ခင်း ပါ..."
သစ်မိုးအိမ် မိမိ ပါးတစ်ဖက်ပေါ်မှ လက်သေးသေး
လေးကို ပြန်ဆုပ်ကိုင်ကာ ပြောလိုက်သည်..။
"မင်္ဂလာ နံနက်ခင်းပါ..."
သစ်မိုးအိမ် ကိုင်ထားသော လက်သေးသေး
များမှာ ရေစိုနေသောကြောင့် သစ်မိုးအိမ် ၏
မျက်ခုံးထင်းထင်းများ တွန့်ကွေးသွား ရသည်..။
ရွက်စိမ်းပေါက်စ ကို သေချာကြည့်လိုက်တော့
ရွှေအိုရောင် ဆံပင်ပျော့ပျော့လေး များက...
ရေစိုကာ နဖူးပြင်ပေါ်တွင် ကပ်နေသည်...။
"ကိုယ့်ဘာသာ မျက်နှာသစ် ထားတာလား..."
ခေါင်းငြိမ့်ပြလာသော ရွက်စိမ်း ပေါက်စ..။
သစ်မိုးအိမ် ကုတင်ပေါ်မှ ချက်ချင်း ထလိုက်သည်။
"နောက်ခါ.. ကိုကို မျက်နှာသစ်ပေးမယ်...
ဒီလိုရေတွေစို ကုန်ရင် နေမကောင်း ဖြစ်
လိမ့်မယ်..။ ရွက်စိမ်းလေး နေမကောင်း
ဖြစ်ရင် ကိုကို က အရမ်းဝမ်းနည်းရမှာ..."
သစ်မိုးအိမ် ပြောသမျှကို သေချာနားထောင်
နေသော ရွက်စိမ်း ပေါက်စ ပြန်မေးလာသည်ကာ...
"ကိုကို က ရွက်စိမ်းလေးကို စိုးရိမ်တာလားဟင်.."
"အင်း..ကိုကို က ရွက်စိမ်းလေး အရမ်း...
စိုးရိမ်တာ..."
"ဒါဆို..ကိုကို က ရွက်စိမ်း လေးကို...
ချစ်တာပေါ့..။ Daddy ကပြောတယ်...
စိုးရိမ်တယ် ဆိုတာ ချစ်လို့စိုးရိမ်တာတဲ့..."
သစ်မိုးအိမ် ခေါင်းလုံးလုံးလေး ကို....
ခပ်ဖွဖွ ပုတ်ရင်း ပြန်ဖြေလိုက်သည်..။
"ဒါပေါ့ ကိုကို က ကိုကို့ ရွက်စိမ်းလေး
ကို အချစ်ဆုံးဘဲ..."
"ဟီးဟီး..~!!..."
သစ်မိုးအိမ် ကလေးငယ် ကို အကျႌအရင်လဲပေး
လိုက်ကာ ပါးအိအိလေးနှင့် မျက်နှာလေးကို...
နူးညံ့သော တပတ်တစ်ထည်ဖြင့် အရင်သုတ်ပေး
လိုက်သည်..။ ပြီးမှ မိမိ မျက်နှာသစ်ရန် ရေချိုးခန်း
သို့ ဦးတည်လိုက်သည်...။
သစ်မိုးအိမ် အနောက်ကို တကောက်ကောက်..
လိုက်လာသော ရွက်စိမ်း ပေါက်စ ကြောင့်...
ရေချိုးခန်းမှန်ထားရာ စင်ပေါ်သို့ ချီကာ တင်ပေး
လိုက်သည်..။
သစ်မိုးအိမ်.. မျက်နှာသစ်နေစဉ် တစ်လျောက်လုံး
ငြိမ်ငြိမ်လေး ထိုင်နေသော ကလေးငယ်...။
သစ်မိုးအိမ် မျက်နှာသစ်ပြီးသည်နှင် တပတ်
တစ်ထည်ကို ကမ်းပေးလာသော လက်သေးသေး
လေး...။
သစ်မိုးအိမ် ပြုံးကာလှမ်းယူလိုက်သည်...။
တပတ်ကို လှမ်းယူလိုက်ရင်း ပါးအိအိ တစ်ဖက်ကို
နှာခေါင်းနှစ်ပြစ်လိုက်သည်...။
နို့နံ့သင်းသင်းလေး က သစ်မိုးအိမ် စိတ်ကို..
ကြည်လင်စေသည်....။
နှစ်ယောက်သား အားလုံးပြင်ဆင်ပြီးမှ...
အောက်ထပ်သို့ ဆင်းလာလိုက်သည်...။
အောက်ထပ်သို့ ရောက်သောအခါ...
ထမင်းစားပွဲတွင် ဝတ်စုံပြည့်ဖြင့် ထိုင်ကာ
သတင်းစာဖတ်နေသော ဦးထက်နောင် က
Company သွားရန် အဆင်သင့် ဖြစ်နေပုံ
ပင်...။
"Daddy..~!!.."
ဦးထက်နောင် အသံနှင့်အတူ မိမိ ရင်ခွင်ထဲ
ခုန်ဝင်လာသော ဘောလုံးလေး ကို အလျင်အမြန်
ဖမ်းလိုက်ရသည်...။ သတင်းစာ ကို ရှေ့ရှိ စားပွဲ
တွင် တင်ထားလိုက်ကာ ရင်ခွင်ထဲက လုံးတုံးတုံး
လေးကို ပွေ့ဖက်ထားလိုက်သည်...။
ဦးထက်နောင် အနားရှိ ခုံတွင် ဝင်ထိုင်လိုက်သော
ကောင်လေး ကို ပြုံးကာ ပြောလိုက်သည်...။
"Morning... သားကြီး..."
"Morning..Daddy...morning..
ဟိဟိ..!!..ရွက်စိမ်းလေး က ကိုကို့ အစား
ပြောပေးတာ.."
ဦးထက်နောင် ရော သစ်မိုးအိမ် ပါ...
ပြိုင်တူ ပြုံးလိုက်မိသည်...။
ဦးထက်နောင် ဘောလုံးလေး ရွက်စိမ်း ၏...
ပါးဖောင်းဖောင်းကြီးများကို အသည်းယားစွာ
အခါခါ အားရသည်အထိ နမ်းပြစ်လိုက်သည်။
သဘောတကျပင် ရီနေသေးသော ဘောလုံးလေး
က ဦးထက်နောင် ကမ္ဘာ၏ တစ်ခုတည်းသော...
ရှင်သန်ခြင်း သစ်ပင်လေးပင်...။
ဦးထက်နောင်... ဘောလုံးလေး ၏...
ပါးနှစ်ဖက်လုံး နီရဲသွားသော အခါမှ ရပ်တန့်
လိုက်သည်...။ ဘောလုံးလေး ရွက်စိမ်းကို ဘေးခုံ
ပေါ်တွင် ထိုင်စေလိုက်သည်...။
တစ်ခဏအကြာ ဦးကောင်းသည်...
စီစဉ်ပေးထားသော မနက်စာကို ပြင်ဆင်
ပေးလာသည်..။
ဦးထက်နောင် အတွက်က ကော်ဖီခါးခါး
တစ်ခွက်နှင့် ဦးကောင်း ကိုယ်တိုင်လုပ်ထား
သော ကိတ်မုန့်တစ်ချို့ဖြစ်ကာ သစ်မိုးအိမ်
နှင့် ရွက်စိမ်း အတွက်က ခပ်ပါးပါးလှီးထား
သော ပန်းသီးများနှင့် သကြားအနည်းငယ်သာ
ပါသော နွားနို့ဖြစ်သည်...။
ဦးကောင်း မနက်စာ အသီးသီးကို ပြင်ဆင်
ပေးရင်း ပြောလိုက်သည်...။
"သခင်လေး သစ်မိုးအိမ်က မနက်စာ ဘာစား
တတ်မှန်းမသိလို့ ရွက်စိမ်းလေးလိုဘဲ ဦးကောင်း
ပြင်ဆင်ပေးထားတာပါ..။ နောက်နေ့ သခင်လေး
စိတ်တိုင်းကျ ပြင်ဆင်ပေးပါ့မယ်.."
"အဆင်ပြေပါတယ် ဦးကောင်း..။
ကိစ္စမရှိပါဘူး..."
အမှန်ပင် သစ်မိုးအိမ် အတွက် ကိစ္စမရှိခြင်း
ဖြစ်သည်..။ ရွက်စိမ်း လေး ပြင်ပေးသော..
မနက်စာများဖြင့် အသားကျနေသော သစ်မိုးအိမ်
က ဘာကြိုက်တတ်သည် ဆိုသည်ထက် ရွက်စိမ်း
လေး ပြင်ဆင်ပေးသော မနက်စာတိုင်းကို...
စားလိုက်သည်ချည်းသာ...။
သစ်မိုးအိမ် ဘေးက ရွက်စိမ်းပေါက်စ ကို
ကြည့်လိုက်တော့ ခပ်ပါးပါးလှီးထား သော
ပန်းသီးများကို ချိုမြမြနွားနို့နှင့် ရောကာ...
အားရပါးရ စားနေသည်...။
အသီးအနှံ နှင့် နွားနို့ကြိုက်လွန်းသော...
ကလေးငယ် အသားအရည်ကောင်းလွန်း
နေသည်မှာ အံ့ဩစရာမဟုတ်တော့..။
သစ်မိုးအိမ် ခပ်နွေးနွေး နွားနို့ကို...
သောက်လိုက်သည်..။ နွားနို့မကြိုက်သော်
လည်း ကလေးငယ် ကိုယ်မှရနေကျ နို့နံ့သင်းသင်း
လေး ကိုတော့ သစ်မိုးအိမ် သဘောကျသည်...။
ဦးထက်နောင်... ကောင်လေး ပါးစပ်သုတ်ပေး
နေသည်ကို ခေါင်းလေး မော့ကာ ခံနေသော
ဘောလုံးလေး ရွက်စိမ်းကြောင့် ခေါင်းသာခါ
မိသည်...။
ကောင်လေး ၏ အလိုလိုက်မှုကြား...
ဘောလုံးလေး တစ်ကောင်တော့...
မြောက်ကြွမြောက်ကြွ လုပ်နေမှာ မြင်ယောင်
သေးသည်...။
ဦးထက်နောင် မနက်စား စားနေခြင်းကို...
အဆုံးသတ်လိုက်ကာ နေရာမှ ထရပ်လိုက်..
သည်..။ သားနှစ်ယောက် ၏ ခေါင်းလေးကို..
ဖွဖွပုတ်ကာ နှုတ်ဆက်ပြီးသည်နှင့် Company
သို့ ထွက်လာလိုက်သည်..။
ဒီနေ့ S Company တွင်ရှိသော...
ရှယ်ယာရှင် အစည်းအဝေး ကို သွားရမည်
ဖြစ်သောကြောင့် ဦးထက်နောင် ကားကို...
S Company သို့ ဦးတည်လိုက်သည်..။
_____________
"ကိုကို.. ကိုကို နောက်နေ့တွေကျရင်လဲ
နွားနို့ သောက်ရမှာနော်..။ လေးလေးကောင်း
က ပြောတယ် နွားနို့သောက်ရင် အားရှိတယ်
တဲ့..။ ကိုကို နွားနို့ နေ့တိုင်းသောက်ရမယ်..
နော်..နော်.."
"အဟက်.. ကောင်းပါပြီ.. ကိုကို့ ရွက်စိမ်းလေး..
သဘောပါကွာ..."
သစ်မိုးအိမ် ကလေးငယ် ၏ ရွှေအိုရောင်..
ဆံပင်ပျော့ပျော့လေး များကိုသာ ထပ်ခါထပ်ခါ
ထိတွေ့နေမိသည်..။
ကလေးငယ် ၁၀နှစ်အရွယ်တွင်...
ဦးထက်နောင် ဆုံးပါးသွားခဲ့သည်...။
ထိုအချိန်မှစ၍ ကလေးငယ်ကို သစ်မိုးအိမ်
လိုရာပုံသွင်းထားသော သက်ရှိအရုပ်လေး...
အဖြစ် ရှင်သန်စေ ခဲ့သည်...။
မိမိ အမိန့်မရဘဲ ဘာမှမလုပ်ရဟု စည်းကမ်းချက်
ထုတ်ခဲ့ကာ အမိန့်ဘောင်များကြားတွင် ရှင်သန်စေ
ခဲ့သည်...။ ထိုအချိန်က ကလေးငယ် ပြန်ဖြေလာ
သည်က ရိုးရှင်းသော အဖြေလေးတစ်ခုသာ...။
"ဟုတ်ကဲ့ ကိုကို.. ရွက်စိမ်း သိပါပြီ.." တဲ့...။
တစ်ချိန်က ထိုရိုးရှင်းသော အဖြေလေးကို...
မိမိကို ရွဲ့သည်ဟု သစ်မိုးအိမ် ယူဆကာ...
ဒေါသထွက်ခဲ့သည်..။
အမှန်တော့ ကလေးငယ် သည်
ရိုးရှင်းသော လူငယ်လေး ဖြစ်သည်ကို...
သစ်မိုးအိမ် နားမလည်ခဲ့ခြင်းသာ...။
သစ်မိုးအိမ် ဘေးမှ ကလေးငယ် ၏
ခေါင်းလုံးလုံးလေးကို ငုံ့နမ်း လိုက်သည်..။
ကိုကို က ကိုကို့ ကလေးငယ်ကို ကြောက်လန့်
နေတတ်တဲ့ ယုန်ဖြူလေး မဟုတ်ဘဲ နေလို
နွေးထွေးတဲ့ လူဆိုးလေးအဖြစ် ပျိုးထောင်မှာ...။
သစ်မိုးအိမ် ရှေ့က ကလေးငယ်ကတော့...
ဘာမှမသိစွာပင် ပါးချိုင့်ထင်းထင်း လေးများ
ပေါ်အောင်ပင် ပြုံးရယ်နေလေသည်...။
____________
ဦးထက်နောင် အစည်းအဝေး အခန်းထဲက....
ရှယ်ယာရှင်များကို တစ်ချက်ကြည့်လိုက်ကာ
စားပွဲရှည်ကြီး ၏ ထိပ်ဆုံးခုံတွင် ဝင်ထိုင်လိုက်
သည်...။
ရှယ်ယာရှင် တိုင်း မက်မောကျသော...
ထိုခုံတွင် ဝင်ထိုင်လိုက်သော ဦးထက်နောင်ကို
မလိုလားသော အကြည့်များဖြင့် ကြည့်လာကြ
သော်လည်း ဘာမှတော့ မပြောရဲကြ...။
စီးပွားရေးလောကတွင် ထက်နောင် ဆိုသော
သူသည် အရည်အချင်း ရှိသော လုပ်ငန်းရှင်
တစ်ဦးဖြစ်သလို ရန်စရန်မသင့်သော သူ...
ဖြစ်ကြောင်း အားလုံးသိသည်လေ...။
"တွေ့ရတာဝမ်းသာပါတယ် ကျွန်တော်
ဘယ်သူလဲ ဆိုတာတော့ မိတ်ဆက်ဖို့ မလိုဘူး
ထင်ပါတယ်..။ အင်း.. ကျွန်တော် ရှည်ရှည်
ဝေးဝေး မပြောချင်ဘူး...၊ S Company ရဲ့
ရှယ်ရာ ၄၉ ရာခိုင်နှုန်းက ကျွန်တော် ရဲ့...
ထိန်းချုပ်မှုအောက်မှာ ရှိတယ် ဆိုတာ
သိမှာပါ..။ ဒါကြောင့် Company စည်းကမ်း
အရ ကျုပ်က S Company ရဲ့ CEO...
ရာထူးကို ကျွန်တော် ထက်နောင်က ဆက်ခံ
မှာပါ..."
ဦးထက်နောင် အပြုံးတစ်ခုဖြင့် ပြောပြီးသည်
နှင့် ရှယ်ယာရှင်များကို ဓားသွားထက်ထက်
များနှင့် တူသော အကြည့်များဖြင့် ကြည့်လိုက်
သည်...။
"Company..နှစ်ခုလုံးကို...
မလစ်ဟင်းရအောင် ထိန်းချုပ်နိုင်ပါ့မလား...
ကိုထက်နောင်..."
ဦးထက်နောင် အကြည့်များ သည်...
ဦးဟိန်းမိုး ဆီသို့ ရောက်သွားရသည်..။
ပြုံးနေဆဲဖြစ်သော ဦးထက်နောင် ၏...
နှုတ်ခမ်းများ က အနည်းငယ်ပင် အရာမယွင်း
သွား...။
"ကျွန်တော့် ကို စိုးရိမ်ပေးတဲ့ အတွက်...
ကျေးဇူးတင်ပါတယ်..ဦးဟိန်းမိုး...။
ကျွန်တော့်မှာ ဒီအတွက် အစီအစဉ် ရှိပြီးသား
ပါ...။ မိုးဝေ...~.."
ဦးထက်နောင် ၏ အချက်ပြမှုအဆုံး...
ဘေးနားတွင် အဆင်သင့်ရပ်နေသော...
မိုးဝေ သည် နားလည်စွာပင် အစည်းအဝေး
ခန်း၏ မီးများကို မှိတ်လိုက်သည်..။
"လူကြီးမင်းတို့ Projector ကို တစ်ချက်
ကြည့်ပေးပါ..."
ဦးထက်နောင် ၏ အသံကြည်ကြည်
အတိုင်းပင် အားလုံး Ptojector ကို
ကြည့်လိုက်ကြသည်...။
"အခု ကျွန်တော်တို့ Y မြို့တော်က..
နိုင်ငံခြားနဲ့ ရင်းနှီးမြုပ်နှံမှုတွေ ဝင်လာလို့..
ဖွံ့ဖြိုးတဲ့ မြို့တော် ဖြစ်လာပြီ...။ လူတွေက..
ဇိမ်ခံပစ္စည်း တွေ.. တန်ဖိုးကြီးတဲ့ အိမ်ယာ
တွေကို စိတ်ဝင်စားစ ပြုလာပြီ..ဒါ ကျုပ်တို့လို
စီးပွားရေး သမားတွေ အတွက်တော့ အခွင့်ကောင်း
ဘဲ..."
ဦးထက်နောင် စိတ်ဝင်စားစပြုနေသော
ရှယ်ယာရှင်များ ကို တစ်ချက်ကြည့်ကာ...
အပြုံးဖြင့်ပင် ဆက်ပြောလိုက်သည်...။
"ဒါကို..တစ်ချက်ကြည့်ပေးပါ...။
ထပ်မြင့်အဆောက်အဦးတွေပါ..၊ အခန်းတစ်ခု
လို မခံစားရဘဲ ကိုယ်ပိုင် ကမ္ဘာငယ်လေး တစ်ခု
ဖန်တီးပေးမှာပါ..။ ကိုယ်ပိုင် ဥယျာဉ်..၊ ကစားကွင်း၊
မိမိတို့ ရင်သွေးငယ်တွေ အတွက် လုံခြုံပြီး...
ပြီးပြည့်စုံတဲ့ ပတ်ဝန်းကျင် အဲ့လိုဖြစ်အောင်...
ဖန်တီးပေးထားပါတယ်..."
Projector..ပေါ်တွင် တစ်ခုခြင်းစီ...
ပြောင်းသွားသော အဆောက်အဦး ပုံစံငယ်
များနှင့် ဦးထက်နောင် ၏ ရှင်းပြချက်များ
က ရှယ်ယာရှင်များ ၏ မျက်ဝန်းများမှာ...
အရောင်များ တောက်လာရသည်...။
"ကျွန်တော့်ရဲ့ ဒီ..စီမံကိန်း က....
Y မြို့တော်ရဲ့ လူနည်းစု လူချမ်းသာ တွေကို..
ရည်ရွယ်ပါတယ်..."
အစည်းအဝေး ခန်းထဲမှ မီးများပြန်လင်းလာရသည်။
ဦးထက်နောင် ရှယ်ယာရှင် များ ၏ အမူအရာ
များကို ကြည့်ကာ လျှို့ဝှက်စွာ ပြုံးလိုက်သည်။
မိမိ စီစဉ်ထားသည့် အတိုင်း ဖြစ်လာပေတော့
မည်..။
"ဒါပေမယ့် ကျွန်တော့် ဖက်က တောင်းဆိုချက်
တစ်ခုတော့ ရှိပါတယ်.."
ဦးထက်နောင် ဆက်ပြောလိုက်သည်...။
"S Company နဲ့ G Company ကို...
တစ်ခုတည်းအဖြစ် ပေါင်းစည်းဖို့်ပါ..။ ဒါဆို...
ဦးဟိန်းမိုး စိုးရိမ်နေတဲ့ တာဝန် လစ်ဟင်းတာ
မျိုးလည်း ရှိတော့မှာ မဟုတ်သလို လူကြီးမင်း
တို့ ရနေကြထက် ပိုတဲ့ အခွင့်အရေးတွေ...
ခံစားရမှာပါ...။ လူကြီးမင်း တို့ ရှေ့မှာ ရှိနေ
တဲ့ စာရွက်စာတမ်းတွေက လူကြီးမင်းတို့...
ရရှိမယ့် အကျိုးခံစားခွင့်တွေပါ..။ စစ်ဆေးကြည့်
ပေးပါ..."
ဦးထက်နောင် စာရွက်စာတမ်း များကို...
ကြည့်နေကြသော ရှယ်ယာရှင်များကို...
ဖြည့်စွက်စကား ထပ်ပြောလိုက်သည်...။
"ဒီအကျိုးအမြတ်တွေ အကုန်လုံးက...
Company နှစ်ခု ပေါင်းစည်းမှ ရလာ
မယ့်အရာတွေ ဆိုတာ ထပ်ပြောပါရစေ..."
ရှယ်ယာရှင် များအားလုံး သက်တောင့်သက်သာ
ပြုံးနေသော ဦးထက်နောင် ကို ကြည့်လိုက်မိကြ
သည်..။ ရရှိလာမည့် အကျိုးအမြတ်များမှာ...
မိမိတို့ မငြင်းနိုင်သော အနေအထားဖြစ်သည်..။
စီးပွားရေး လောကတွင် ကျားတစ်ကောင်လို့
နာမည်ကြီးသော ဦးထက်နောင် ၏ ဂုဏ်
သတင်းများမှာ အလကားတော့ မဟုတ်ပေ..။
အစောပိုင်းတွင် ဦးထက်နောင် ကို...
ဆန့်ကျင်ကာ ဒုတိယရှယ်ယာ အများဆုံး
ဖြစ်သော ဦးဟိန်းမိုး ကို ထောက်ခံမည့်သူများ
သည် သူတို့၏ မူလရည်ရွယ်ချက်များကို...
မေ့ပျောက်သွားကြကာ ဦးထက်နောင် ပေးသော
အကျိုးအမြတ်များကို မက်မောကာ ဘက်ပြောင်း
သွားကြလေသည်...။
ဤသည်မှာ စီးပွားရေး လောကတွင်...
နေ့စဉ်ကြုံတွေ့နေရသော ကိစ္စများပင်...။
လူတစ်ယောက်ကို ထိန်းချုပ်ချင်လျှင်...
ထိုသူထက် အင်အားကြီးဖို့တော့ လိုသည်..။
ဦးထက်နောင်.. ဦးဟိန်းမိုး ၏ မည်းမှောင်
နေသော မျက်နှာအမူအရာကြောင့်....
အပြုံးများမှာ ပိုမိုပီပြင်လာရသည်...။
စီးပွားရေးလောကဆိုတာ လက်နက်မဲ့...
သွေးအေးစစ်ပွဲဖြစ်ကာ ကမ္ဘာပေါ်တွင်...
ကြောက်စရာအကောင်းဆုံးပင်...။
မင်းရဲ့ အားနည်းချက်ကို ပြလိုက်တာနဲ့..
တစ်စစီ ဆုတ်ဖြဲပြစ်မည့် သားရဲများဖြင့်
ပြည့်နေသော နေရာပင်...။
ကတိစကားတွေ.. သစ္စာတရားတွေ...
မရှိဘူး..။ ဒီလောကမှာ တစ်ခုတည်းသော
အကျုံးဝင်တဲ့ အရာက အကျိုးအမြတ်ပင်..။
____________
(A/N- Love ya..~...💜💜...)
JM(6.10.2020)
Next>>>>>>