"ဒေါက်!..ဒေါက်!.."
"သူရဖုန်းမြင့်...မထသေးဘူးလား...
မင်းပြောတော့ မေမေတို့နဲ့လိုက်မလို့ဆို..."
"၅မိနစ်လောက် ထပ်အိပ်ဦးမယ်.."
"မရဘူး...အခုထတော့...
မထရင် မေမေတို့မစောင့်တော့ဘူး..."
"ထပြီ...ထပြီ...
ရေချိုးပြီး ဆင်းလာခဲ့မယ်..."
"မြန်မြန်လာနော်...မဟုတ်ရင် သွားပြီ.."
"ဟုတ်...ဝါး....."
မထလို့လည်းမရတော့ဘူး...မေမေက နောက်ကျရင်မစောင့်ဘူးဆိုတဲ့စကားကြောင့် မထချင်ပဲထရတော့မယ်..။
ဒီနေ့ မေမေတို့က အန်တီသူဇာတို့အိမ်ကို..ထမင်းစားသွားမလို့တဲ့...
ထမင်းစားတာများ ကိုယ့်အိမ်မှာစားလည်းရတာကို..သူများအိမ်မှာများ တကူးတကသွားစားရတယ်လို့...ဟွန်း....
ကျွန်တော်က လိုက်ချင်လွန်းလို့မဟုတ်ပေါင်...
မေမေတို့က သူများအိမ်သွားမှာဆိုတော့..အိမ်မှာ ဘာမှချက်မှာမဟုတ်တာကြောင့် ကျွန်တော်ပဲငတ်မှာ...
သူများအိမ်မှာသွားစားမှာဆိုတော့..ကောင်းကောင်းမွန်မွန်ချက်ကျွေးမှာပဲ..ဒီအခွင့်အရေးကိုလက်လွှတ်ခံစရာလား...
နောက်တစ်ခုအနေနဲ့..ဟိုလူကြီးရဲ့အိမ်က ဘယ်လောက်ကြီးလည်းဆိုတာ သိချင်တာလည်းပါတယ်..။ မငယ်လည်းပါမှာဆိုတော့..ကျွန်တော်မလိုက်လို့မရတော့ဘူး..။ မကြီးကတော့ အိမ်စောင့်ပေါ့..။ ဘာပဲဖြစ်ဖြစ်...အဓိကကတော့ ဟိုလူကြီးနဲ့မငယ် မနီးစပ်ဖို့ပဲ..။
ရေမိုးချိုးပြီးတော့..မကြီးသွေးပြီးထည့်ပေးထားတဲ့ ဘူးထဲက သနပ်ခါးကိုယူလိုက်ကာလိမ်းလိုက်ပြီး...အဝတ်အစားလဲကာ အောက်ကိုဆင်းလာခဲ့လိုက်တယ်..။
အိမ်အောက်ရောက်တော့....
"မင်းဒီပုံစံနဲ့ သူများအိမ်လိုက်မလို့လား..."
"ဟုတ်တယ်လေ...ဘာဖြစ်လို့လဲ မေမေရဲ့...
သားအရမ်းချောနေလို့လား..."
"ဟဲ့...မင်းဝတ်စားထားကိုမင်းပြန်ကြည့်ဦး...
သူများအိမ်သွားမယ်ဟာကို ရှပ်အင်္ကျီနဲ့ဘောင်းဘီတိုဝတ်စရာလား..."
"ဘာဖြစ်လို့လဲ?...ပူကပူနဲ့..
လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါးပုံစံဝတ်လာတာလေ...
ပူတဲ့အချိန်ဆို ဒီလိုstyleမျိုးဝတ်ရတယ်လေ မေမေရဲ့...
အေးလေ..မေမေက လူကြီးဆိုတော့ fashionအမြင်ဘယ်ရှိပါ့မလဲ?..."
"ဒေါက်!...
စကားတတ်တိုင်း လျှောက်ပြောမနေနဲ့...
သွား...ပြီးပြီဆိုလဲ...ကားပေါ်တက်တော့...
ဟိုရောက်ရင် မျောက်မကျနဲ့တော့..လူကြီးတွေစကားကိုနားထောင်..."
"အ!..မေမေကလည်း...သားအသက်၂၀ပြည့်တော့မယ်...ဒါတော့ နားလည်ပါတယ်ဗျ..."
"ပြီးတာပဲ...ငြိမ်ငြိမ်မနေလို့ကတော့ သိတယ်မလား...ဟင်းဟင်း..." ဆိုတဲ့ မေမေ့ရဲ့အံကြိတ်သံကိုလစ်လျူရှုပြီး ကားပေါ်ကိုတက်လိုက်တယ်...။
.......................
"ဒုန်း!..."
"အ!...ဖေဖေ ရောက်လို့ကားရပ်လိုက်တာလား.."
"ဟုတ်တယ်လေ...မင်းပဲတစ်လမ်းလုံးငိုက်လာတာ..ဟိုအိမ်နဲ့ဒီအိမ်ဘယ်လောက်မှမဝေးတာကို ငိုက်လာသေးတယ်..
မင်းဟာလေ..."
"တော်ပါတော့ မေမေရယ်...
ငယ်လေးကိုမဆူပါနဲ့တော့..." ဆိုပြ်ီး မငယ်ကဝင်ပြောမှ မေမေကပြောတာကိုရပ် အောက်ကိုဆင်းသွားတယ်...။
တစ်လမ်းလုံးငိုက်လာသမျှ..ဖေဖေကားရပ်လိုက်မှပဲ..လန့်နိုးသွားတယ်..။ မေမေ့ရဲ့ဆူတဲ့အသံကြားတော့..ကျွန်တော်အိပ်ချင်နေတဲ့စိတ်တွေတောင်ပျောက်သွားတယ်..။
ကားပေါ်ကနေဆင်းလိုက်ရော...
"ဟင်....အိမ်ကလည်း သားထင်ထားသလောက်လည်း မကြီးဘူး..."
"ဟဲ့...သူရဖုန်းမြင့် သူများအိမ်လာပြီး ဘာတွေလျှောက်ပြောနေတာလဲ?.."
"မသ်ီတာတို့ရောက်လာပြီလား...
လာလာ...အထဲဝင်..." ဆိုပြီး အန်တီသူဇာရော ဦးလေးသီဟရော အပြင်ကိုထွက်လာပြီး လာခေါ်ကြတယ်..။ ဟိုလူကြီးတော့ မပါဘူး..။
ဟိုဘက်ဒီဘက်မျက်လုံးကို ကစားကြည့်လိုက်တော့..ခြံကြ်ီးကအကျယ်ကြီးပဲ..။ ကြည့်နေရင်း..ကျွန်တော့်မျက်လုံးထဲ ရောက်လာတဲ့အရာက..မာလကာသ်ီးတွေပြွတ်သိပ်နေအောင်သီးနေတဲ့ မာလကာပင်လေးပါပဲ..။ မာလကာပင်ကသေးသလောက် သီးသမျှကတော့ ပြွတ်သိပ်နေတာပဲ..။ တစ်လုံးလောက်ဖြစ်ဖြစ် စားလိုက်ရရင်ဖြင့်.....
"အန်တီ...သားခြံထဲကို လိုက်ကြည့်လ်ို့ရလား..."
"ရပါတော်..ရပါ့...
သားကြည့်ချင်လျှောက်ကြည့်လေ..ခြံကတော့ နည်းနည်းကျယ်တယ်..."
"ဟုတ်ကဲ့...အန်တီ..."
မေမေကတော့ တစ်ချက်လှည့်ကြည့်ပြီး..အန်တီသူဇာနောက်ကို လိုက်သွားတယ်..။ မလတ်နဲ့မငယ်ကလည်း မေမေနဲ့ဖေဖေနောက်ကနေ လိုက်သွားတယ်..။
ကျွန်တော်ကတော့..ခုနမြင်လိုက်ရတဲ့ မာလကာပင်ဆီ တန်းသွားတော့တာပေါ့..ဟဲဟဲ...
အနားရောက်မှ..မာလကာလှမ်းခူးမယ်လည်းလုပ်ရော...အပင်က ကျွန်တော့်အရပ်ထက် မစိုသလောက်လေး နည်းနည်းမြင့်နေတယ်..။
"ကျစ်...မှီလိုက်စမ်းပါကွာ..."
ခြေဖျားထောက်ရလို့လည်း..ခြေဖျားတွေရဲနေပြီ...
"Yaaaaaaa...ငါစိတ်တိုလာပြီနော်...
မှီရင်မှီ မှီလို့ကတော့လား...ဟွန်း.....
🎶တုံးခုလို့မှ မာလကာသီးမရရင်..ဓားချွန်နဲ့တူးပြစ်မယ်..မှတ်ထားကွယ် ငါဟာယောက်ျားတစ်ယောက်ဖြစ်တယ်..🎶
ဒီတစ်ခါခူးလို့ရရင်ရ..မရလို့ကတော့ ဓားချွန်နဲ့တူးပြီး အိမ်သည်သွားမှာ...
သူရဖုန်းမြင့်ကို ဘာမှတ်နေလဲ?.." လို့ ပြောပြီး မာလကာသီးကို နောက်တစ်ကြိမ်လာခူးလိုက်တော့..လက်ဖျားလေးနဲ့ မှီလာပြီ..။ တဖြည်းဖြည်းနဲ့ အောက်ကပင့်ပေးလိုက်တာကြောင့်..မာလကာသီးကို ခူးနိုင်သွားတယ်..။
သူတော်ကောင်းလေးဆိုတော့..နတ်ကောင်းနတ်မြတ်တွေက ခါးကကိုင်ပြီး ပင့်ပေးတာပေါ့..ဟဲဟဲ....
"Yesssss!.. နောက်ဆုံးတော့ငါခူးနိုင်ခဲ့ပြီ...
ပင့်ပေးတာကျေး...ဟင်...ဦး..."
အဲ့တာဆ်ို..ခုနက ပင့်ပေးတာက ဦးပေါ့...
ငါတော့ သေပြီ...သူများအိမ်လာပြီး သူများမာလကာသီးကို ခိုးခူးနေတာ...
"အင်း...ကိုယ့်အိမ်က မာလကာပင်ကို ဓားချွန်နဲ့တူးမယ်လို့ပြောတာ ဘယ်သူလဲ?..."
"အဲ့...အဲ့တာက သားက စနေတာ...မာလကာပင်ကို...ဟီးဟီး..."
"သြော်...မာလကာပင်က နားလည်လို့လား.."
"နားလည်တယ်...နားလည်လို့ ဒီမှာမာလာကာသီးရသွားပြီလေ..ဟီးဟီး...."
"အဲ့တာ ကိုယ်ပင့်ပေးလို့ရတာလေ..."
"ဟုတ်တယ်လေ..."
"မင်းလေးနော်..မြန်မာစကားကို မြန်မာလိုနားမလည်အောင် ပြောနေတယ်..."
"ဟီးဟီး....ဒါနဲ့ ဦးက ဘာလို့ပင့်ပေးတာလဲ?..."
"မင်းလေးပဲ...မာလကာသီးမရရင် ဓားချွန်နဲ့တူးပြီး အိမ်ယူသွားမယ်လို့ပြောနေလို့...
ကိုယ့်အပင်ကို ယူသွားမှာစိုးလို့..."
"သြော်...သားက နောက်ပြောတာပါ...
ဒီမာလကာသီး သားစားလိုက်မယ်နော်.."
"မရဘူး...ဒီလိုလွယ်လွယ်နဲ့စားလို့မရဘူး...
ကိုယ့်ကို မင်းလေးဖုန်းနံပါတ်ပေး..အဲ့တာဆို နောက်ထပ်မာလကာသီး ထပ်ကျွေးဦးမယ်.."
"တော်ပြီ...၁လုံးပဲစားမှာ...
အဲ့၁လုံးကလည်း လက်ထဲရောက်နေပြီ...
အဲ့တော့ ဖုန်းနံပါတ်ကို လုံး ဝ မ ပေး နိုင် ဘူး..."
"အဟက်....ရတယ်လေ...
အန်တီသီတာနဲ့ သွားတိုင်ရုံပေါ့...
သူရဖုန်းမြင့် ကျွန်တော်တို့အိမ်လာပြီး ကျွန်တော်တို့အိမ်က မာလကာသီးကို ခူးစားတယ်ဆိုပြီး သွားတိုင်ရင်..အဟက်..."
"ဦး တော်တော်ယုတ်မာတာပဲ...
ဖုန်းနံပါတ်မြန်း..အထူးအဆန်းလုပ်ပြီး လိုက်တောင်းနေသေးတယ်...09/.........."
"ရပြီ...အထဲဝင်မယ်..."
"နေဦး...နောက်ထပ် ထပ်ခူးပေးဦး...
အပြန်ကျရင် ယူသွားမလို့...
ဦးပြောထားတာလေ ဖုန်းနံပါတ်ပေးရင် ထပ်ကျွေးမယ်ပြောထားတာ...
အပြန်ကျရင် ယူသွားမယ်..."
"OK..Ok...ကိုယ် အလုပ်သမားတွေကို ခူးခိုင်းထားလိမ့်မယ်...အပြန်ကျယူသွား..."
"အင်း.....
ဒါနဲ့လေ..ဦးတို့က ချမ်းသာတာပဲ အိမ်မှာwifiတပ်ထားလား..."
"ဘာလုပ်မလို့လဲ?..."
"သား ဇာတ်ကားdownချင်လို့...
မတပ်ထားဘူးလား..."
"အိမ်မှာတော့ မတပ်ထားဘူး..."
"သူဋ္ဌေးလည်းပြောသေးတယ်..wifiကျတော့ မတပ်ထားဘူး..."
"အဟက်...ကိုယ်ပြောတာ ဆုံးအောင်နားထောင်ပါဦး...
ကိုယ့်အိမ်မှာမတပ်ထားဘူး..ကိုယ့်အခန်းထဲမှာတပ်ထားတယ်..."
"အတူတူပဲမဟုတ်ဘူးလား..."
"မဟုတ်ဘူး...ကိုယ့်အခန်းထဲကပဲရတယ်..."
"အဲ့လိုလည်းရှိတယ်လား..
အဲ့တာဆို သားကို ဦးအခန်းကို ခနလောက်ခေါ်ပါလား...
ဇာတ်ကားလေးdownချင်လို့ပါ...
သားတို့အိမ်လာရင် သားအခန်းကိုပြန်ခေါ်မယ်လေ..."
"အဟက်...ဟုတ်ပါပြီ...
ကိုယ့်အခန်းကိုလိုက်ချင်ရင် မင်းလေးရဲ့facebook accountပေး..."
"ပေးမယ်...ပေးမယ်..."
"အဲ့တာဆို ကိုယ့်နောက်ကလိုက်ခဲ့..."
"ဟုတ်.."
ဦးက အိမ်ထဲကိုဝင်ပြီးသွားတာမဟုတ်ဘဲ...ဒီတိုင်း ခြံထဲကိုလျှောက်သွားတယ်..။ လျှောက်လာရင်း တွေ့ရတာက..မှန်အကြည်တွေကာထားတဲ့ အိမ်မဟုတ်တဲ့ အခန်းလေး..တကယ့်ကို နေချင်စရာလေး...
"Wow!..လှလိုက်တာ...
ဦးက သက်သက်နေတာလား..." ဆိုပြီး တံခါးဖွင့်နေတဲ့ ဦးနောက်ကနေလိုက်ကာ မေးလိုက်တယ်..။
"မဟုတ်ဘူးလေ...
အိမ်မကြီးနဲ့ဆက်ထားတယ်လေ...ဦးက အခန်းခွဲထုတ်ထားတဲ့သဘောပေါ့..."
"သြော်....လွတ်လွတ်လပ်လပ်နေလို့ရတာပေါ့.."
"အင်း....ဟုတ်တယ်..."
"ဟုတ်တယ်ဟ...ဒီမှာ wifiမိသွားပြီ...
သားဘယ်မှာထိုင်ရမှာလဲ?..."
"ခုံမှာထိုင်လည်း ရတယ်...
ကုတင်ပေါ်မှာထိုင်လည်း ရတယ်..."
ဦးခွင့်ပြုချက်ရပြီမို့..ကုတင်ပေါ်ထိုင်ကြည့်လိုက်တော့...
"အိနေတာပဲ...
ဒီလိုအိပ်ယာနဲ့ အိပ်လို့ကတော့လား...နေ့တိုင်းထချင်တော့မှာကို မဟုတ်ဘူး..ဟီးဟီး...."
"အဟက်..."
သူ့ဘာသာပြောပြီး..သူ့ဘာသာရယ်ကာ ဖုန်းကိုသည်းကြီးမဲကြီးသုံးနေတဲ့ ကောင်လေးက အရမ်းကိုချစ်ဖို့ကောင်းနေတယ်..။ ဝတ်ထားတာက ဘောင်းဘီတိုဖြစ်တာကြောင့် ထိုင်ချလိုက်တဲ့အခါ..သူ့ပေါင်ဖွေးဖွေးကိုပါ မြင်နေရတယ်..။ ကျွန်တော်ဆက်မကြည့်တော့ဘဲ ဖုန်းထုတ်ပြီး ကောင်လေးရဲ့ပုံကိုမသိမသာလေးရိုက်လိုက်တယ်..။
"ဦး....ဦးက မငယ်ကိုကြိုက်နေတာလား..."
"ဟင်...မကြိုက်...မကြိုက်ပါဘူး...."
ရုတ်တရက်ကြီးထမေးလာတဲ့ကောင်လေးကြောင့်..အလန့်တကြားနဲ့ပြန်ဖြေမိတယ်...
"တကယ်လား..."
"တကယ်ပါဆို...ဦးမှာ ဦးချစ်တဲ့သူရှိတယ်..."
"ဟုတ်လား...တော်သေးတာပေါ့..."
"အင်း..."
"ဒါနဲ့ ဦးချစ်တဲ့သူက ဘယ်သူလဲ?...
သားကိုပြောပြပါလား..."
"သိချင်လား..." ဆိုပြီး ပြောကာ ကျွန်တော့်အနားကိုလျှောက်လာတဲ့လူကြီးကြောင့် သေချာပြန်စူးစိုက်ကြည့်နေလိုက်တယ်...
"သိချင်တယ်ပေါ့.." ဆိုပြီး တဖြည်းဖြည်း ကျွန်တော့်ကိုအုပ်မိုးလာတာကြောင့်..ကျွန်တော်ကုတင်ပေါ်ကို လှဲမိသွားတယ်...။ ဦးရဲ့ရင်ဘက်ကို လက်နဲ့တွန်းထားကာ မျက်လုံးကိုမှိတ်ထားလိုက်တယ်..။
"အဟက်...." ဆိုတဲ့ ဦးရဲ့ရယ်သံကြောင့်..
"ဟို...ဟို...ဇာတ်ကားdownတာပြည့်သွားပြီ...
ထမင်း..ထမင်းသွားစားကြမယ်..." ဆိုပြီး ကျွန်တော့်ကိုတွန်းတိုက်ကာ ထွက်ပြေးသွားတဲ့ ကောင်လေးကို ကြည့်ပြီး ကျွန်တော်ရယ်နေလိုက်မိတယ်..။
ဒီလူကြီးရူးနေတာလား..ကျွန်တော့်ရင်တွေတုန်ပြီး..ထမင်းစားခန်းကို မနည်းရှာပြီး ဝင်လာခဲ့ရတယ်..။ ထမင်းစားနေတဲ့အချိန်မှာလည်း..ကျွန်တော့်ကိုပြုံးကြည့်နေတဲ့လူကြောင့် ရင်တွေတုန်တောင်တုန်တယ်..။ တုန်နေတဲ့ရင်က အိမ်ပြန်ရောက်တဲ့အထိတောင်မပျောက်ဘူး..။ ဒီလူကြီးကြောင့် ကျွန်တော်နှလုံးရောဂါ ရတော့မှာပဲ..။