(Completed )The Transmigratio...
By Xiao_Yiii
1.3M 194K 3.1K
မနက်ခင်းတစ်ခုတွင် system နှင့်ချည်နှောင်ခံရပြီးနောက် MC မှာလုပ်ရိုးလုပ်စဉ်တစ်ခုကဲ့သို့ပင် ML ဤဖမ်းဆီးခြင်း/တု... More
Description
Arc(1.1) - The Wild Dragon proud day
Arc(1.2)
Arc(1.3)
Arc(1.4)
Arc(1.5)
Arc(1.6)
Arc(1.7)
Arc(1.8)
Arc(1.9)
Arc(1.10)
Arc(1.11 - 1)
Arc(1.11 - 2)
Arc(1.12)
Arc(1.13 - 1)
Arc(1.13 - 2)
Arc(1.14)
Arc(1.15)
Arc(1.16)
Arc(1.17)
Arc(1.18)
Arc(1.19)
Arc(1.20)
Arc(1.21)
Arc(1.22)
Arc(1.23)
Arc(1.24)
Arc(1.25)
Arc(1.26)
Arc(1.27)
Arc(1.28)
Arc(1.29)
Arc(1.30)
Arc(1.31)
Arc(1.32)
Arc(1.33)
Arc(1.34)
Arc(1.35)
Arc(1.36 -> 1~2~3)
Arc(1.36 -> 4~5)
Real World
Real World-2
Arc(2.1) - Saint Magus
Arc(2.2)
Arc(2.3)
Arc(2.4)
Arc(2.5)
Arc(2.6)
Arc(2.7)
Arc(2.8)
Arc(2.9)
Arc(2.10)
Arc(2.11)
Arc(2.12)
Arc(2.13)
Arc(2.14)
Arc(2.15)
Arc(2.16)
Arc(2.17)
Arc(2.18)
Arc(2.19 - 1)
Arc(2.19 - 2)
Arc(2.20)
Arc(2.21)
Arc(2.22 - 1)
Arc(2.22-2)
Arc(2.23)
Arc(2.24)
Arc(2.25)
Arc(2.26)
Arc(2.27)
Arc(2.28)
Arc(2.29)
Arc(2.30)
Arc(2.31)
Arc(2.32)
Arc(2.33)
Arc(2.35)
Arc(2.36)
Arc(2.37)
Arc(2.38)
Arc(2.39)
Arc(2.40)
Arc(2.41)
Arc(2.42)
Arc(2.43)
Arc(2.44)
Arc(2.45)
Arc(2.46)
Arc(2.47)
Arc(2.48)
Back to Real World (1)
Back to Real World (2)
Arc(3) - 'Immortal Path of Devil Lord'
Arc(3.1)
Arc(3.2)
Arc(3.3)
Arc(3.4)
Arc(3.5)
Arc(3.6)
Arc(3.7)
Arc(3.8)
Arc(3.9)
Arc(3.10)
Arc(3.11)
Arc(3.12)
Arc(3.13)
Arc(3.14)
Arc(3.15)
Arc(3.16)
Arc(3.17)
Arc(3.18)
Arc(3.19)
Arc(3.20)
Arc(3.21)
Arc(3.22)
Return to the University (1)
Return to the University (2)
Return to the University (3)
Return to the University (4)
Return to the University (5)
Return to the University (6)
Return to the University (7)
Return to the University (8)
Return Arc(3.23)
Arc(3.24)
Arc(3.25)
Arc(3.26)
Arc(3.27)
Arc(3.28)
Arc(3.29)
Arc(3.30)
Arc(3.31)
Arc(3.32)
Arc(3.33)
Arc(3.34)
Arc(3.35)
Arc(3.36)
Arc(3.37)
Arc(3.38)
Extra; {မိုးတိမ်ကကြီးမားတဲ့လှေကြီးကိုကျော်သွားတယ်}
Extra; the New Emperor and Empress
Thank You
Arc (2.34)
6K 1K 6
By Xiao_Yiii
Unicode
Arc(2.34) - Saint Magus
အနားမှာရပ်နေတဲ့အကြီးအကဲကြီးကမြင်သောအခါနောက်ပြန်ဆုတ်လာသည့်မျိုးနွယ်စုခေါင်းဆောင်ရဲ့ရှေ့သို့ချက်ချင်းထွက်ရပ်လိုက်ကာအဲလ်ဗစ်အားတားဆီးလိုက်သည်။
တစ်နည်းနည်းနဲ့မြူဆိုင်းနေတဲ့ထိုမျက်လုံးများကအဲလ်ဗစ်ကိုစိုက်ကြည့်နေကာအကြီးအကဲကြီးကခဏမျှစဉ်းစားလိုက်ပြီးမှအဲလ်ဗစ်ကိုြပောလိုက်သည်။
"အဲလ်ဗစ်,ဘယ်လိုဘယ်လိုကြောင့်မျိုးနွယ်စုကိုပြန်လာတာလဲ?"
အကြီးအကဲကြီးပြောတဲ့ထိုစကားကအဲလ်ဗစ်ပင်မအိမ်ကိုကျူးကျော်ဝင်ရောက်လာခြင်းအားဆိုလိုတာမဟုတ်ပဲသူကမျိုးနွယ်စုဝင်မို့လို့ရော့စစ်မျိုးနွယ်စုအားပြန်လာသလိုမျိုးပြောခြင်းဖြစ်ကာအကြီးအကဲကြီးပြောတဲ့စကားအရာကအရမ်းကြီးမြင့်နေတာမျိုးမဟုတ်ပေ။
အကြီးအကဲကြီးရဲ့စကားကိုကြားသောအခါအဲလ်ဗစ်ရဲ့အမူအယာကချက်ချင်းအေးစက်သွားရင်းသူ့အကြည့်ကရှေ့ကအကြီးအကဲကြီးကိုခြုံကြည့်လိုက်သည်။လီလျိုသည်လည်းအဲလ်ဗစ်ရဲ့ပုခုံးပေါ်ကနေထိုရန်သူများကိုမုန်းတီးစွာကြည့်မိကာသူ့ရဲ့ပယင်းရောင်မျက်လုံးထဲတွင်ရွှေရောင်ဖျော့ဖျော့အလင်းတစ်ခုရှိနေသည်။သူ့အမြီးကထောင်ထနေပြီးသူ့သွားကိုစိ၍အကြီးအကဲကြီးနှင့်ခေါင်းဆောင်တို့အားတိုက်ခိုက်ဟန်အမူအယာပြနေသည်။
"ခင်ဗျားတို့ကျုပ်အဘွားဘယ်လိုဆုံးပါးသွားသလဲဆိုတာဟိုးတုန်းကတည်းကမေ့သွားလောက်ပြီဆိုပေမယ့်ကျုပ်ကတော့ဘယ်တုန်းကမှသူမဘယ်လိုသေဆုံးသွားခဲ့ရသလဲဆိုတာမမေ့ဘူး"
အဲလ်ဗစ်ကရှေ့ကိုထပ်မတိုးတော့ပဲနေရာမှာသာရပ်၍သူ့နှုတ်ခမ်းထောင့်စွန်းနှစ်ဖက်ကသရော်သည့်ပုံစံကွေးညွတ်သွားသည်။ထို့နောက်သူကအကြီးအကဲကြီးနဲ့ခေါင်းဆောင်တို့အားဟိုးကတုန်းကတည်းကအခုချိန်ထိပြောခဲ့သမျှစကားအားလုံးမှာအရှည်ဆုံးစကားကိုပြောလေသည်။
"အရင်တစ်ခေါက်ကကျုပ်ပြောခဲ့တဲ့စကားကိုခင်ဗျားမမှတ်မိဘူးထင်တယ်ကျုပ်ကရော့စစ်မျိုးနွယ်စုကမဟုတ်တော့ဘူးပြီးတော့ကျုပ်အချိန်တွေကိုလည်းဒီလိုဘာမှအကျိုးအမြတ်မရှိတဲ့ကိစ္စမျိုးမှာရှင်းပြရင်းမဖြုန်းတီးချင်ဘူး"
အကြီးအကဲကြီးမှာအဲလ်ဗစ်ကပိုပိုပြီးအန္တာရယ်များလာသည်ဟုခံစားရသည်။သူကသူ့အင်္ကျီလက်အားအနည်းငယ်လှုပ်လိုက်သောအခါသူဆယ်စုနှစ်တစ်ခုကျော်အသုံးပြုခဲ့သည့်မှော်ကိရိယာကသူ့လက်ထဲမှာပေါ်လာခဲ့သည်။
အကြီးအကဲကြီးကကာကွယ်တဲ့ပုံစံလုပ်လိုက်တဲ့တစ်ခဏမှာပဲအစိမ်းရောင်နွယ်ပင်များနဲ့လုပ်ထားတဲ့ြမွေကြီးကလေထဲမှာပေါ်လာခဲ့ကာသူတို့ပါးစပ်ကြီးများကိုအကျယ်ကြီးဟ၍သူနဲ့ခေါင်းဆောင်တို့ရပ်နေတဲ့နေရာအားပြေးဝင်လာတော့သည်။
အကြီးအကဲကြီးကချက်ချင်းသူ့မှော်ကိရိယာကိုဝှေ့ယမ်းလိုက်ပြီးနွယ်ပင်နဲ့လုပ်ထားတဲ့နောက်ထပ်မြွေများကိုဆင့်ခေါ်၍အဲလ်ဗစ်ရဲ့တိုက်ခိုက်မှုကိုတားဆီးလိုက်သည်။မြွေနှစ်ကောင်ကချက်ချင်းတစ်ကောင်နဲ့တစ်ကောင်တိုက်ခိုက်ကြတော့သည်။ကြီးမားတဲ့ကိုယ်ထည်ကြီးများကအခန်းထဲမှာလှိမ့်နေရင်းကျယ်လောင်တဲ့အသံများထုတ်၍သူတို့ဘေးကစားပွဲများနဲ့ထိုင်ခုံများအားပြင်းထန်စွာယိမ်းယိုင်စေကာအကွာအဝေးတစ်နေရာသို့လွင့်ထွက်သွားစေပြီးအပိုင်းအပိုင်းအစစကျိုးသွားကြတော့သည်.
သို့သော်အဲလ်ဗစ်ရဲ့တိုက်ခိုက်မှုကထိုထက်ပိုပြီးနောက်တစ်စက္ကန့်မှာပဲအကြီးအကဲကြီးကသူ့ခြေထောက်တွေဖြေးညှင်းစွာနစ်မြှုပ်လာသည်ကိုထင်ရှားစွာခံစားလိုက်ရသည်။အကြီးအကဲကြီးမှာသူ့အောက်ကြမ်းခင်းကသဲသောင်မြေအဖြစ်ပြောင်းလဲသွားပြီးသူနဲ့ခေါင်းဆောင်တို့ရဲ့ခြေထောက်များအားလောဘတကြီးဆက်တိုက်မြိုနေသည်ကိုရှာတွေ့သွားသည်။
သို့သော်သူမှော်အစွမ်းဖန်တီးလိုက်တာနဲ့သူအဲလ်ဗစ်ရဲ့မှော်အစွမ်းကိုမဖယ်ရှားနိုင်ဘူးဆိုတာသိလိုက်ရသည်။ခေါင်းဆောင်ကချက်ချင်းထိတ်လန့်သွားလေသည်။ဒီလိုအခြေအနေမျိုးကသူတို့ရန်သူရဲ့အဆင့်ကသူတို့ထက်မြင့်နေတဲ့အချိန်မျိုးမှာဖြစ်တတ်တာဖြစ်သည်။သူကအဲလ်ဗစ်ရှိရာနေရာကိုမယုံကြည်နိုင်စွာကြည့်လိုက်မိသည်။သူကကြယ်လေးပွင့်အဆင့်ဂျူနီယာမေးဂတ်စ်တစ်ယောက်ဆိုတာရှင်းလင်းနေပါသော်လည်းသူအဲလ်ဗစ်လုပ်ထားတဲ့မှော်အစွမ်းကိုဖယ်ရှားလို့မရသည်မှာလည်းအမှန်တရားဖြစ်နေသည်လေ။
တကယ်ပဲဘာတွေဖြစ်နေတာလဲ?
အကြီးအကဲကြီးကမြင်သောအခါချက်ချင်းမှော်အစွမ်းတစ်ခုဖန်တီးပြီးသူနဲ့ခေါင်းဆောင်တို့အားလက်ရှိအခြေအနေကနေကယ်ဆယ်လိုက်သည်။
သို့သော်တစ်ချိန်တည်းမှာပဲသူအဲလ်ဗစ်ရဲ့နောက်ထပ်လှုပ်ရှားမှုကိုမမြင်လိုက်ရတော့ပေ။
မူလကအကြီးအကဲကြီးဆင့်ခေါ်ထားတဲ့တစ်ခြားစိမ်းပုပ်ရောင်မြွေကြီးနဲ့ရင်ဆိုင်တိုက်နေသည့်စိမ်းပုပ်ရောင်မြွေကြီးကရုတ်တရက်သုံးကောင်းကွဲသွားသည်။အကြီးတစ်ကောင်ကသူ့ရှေ့ကကောင်နဲ့ပြိုင်တိုက်နေဆဲဖြစ်သော်လည်းတစ်ခြားနှစ်ကောင်ကတော့အကြီးအကဲကြီးနှင့်ခေါင်းဆောင်ရှိရာသို့အလျင်အမြန်လှုပ်ရှားပြီးသွားကြလေသည်။
ကြိုတင်ပြင်ဆင်ထားခြင်းမရှိသောအကြီးအကဲကြီးနှင့်ခေါင်းဆောင်တို့ရဲ့ခန္တာကိုယ်များကနွယ်မြွေနှစ်ကောင်ရဲ့ရစ်ပတ်တာကိုခံလိုက်ရပြီးသူတို့ကအလျင်အမြန်ရစ်ပတ်ရင်းဖြင့်နှစ်ယောက်သားအားစိမ်းပုပ်ရောင်အုန်းပင်နှစ်ပင်ဖြစ်အောင်လုပ်လိုက်ကာနှစ်ယောက်သားမှာထိုစိမ်းပုပ်ရောင်အုန်းပင်လိုပုံစံထဲမှာချက်ချင်းလက်ငင်းပင်အနည်းငယ်မျှတောင်လှုပ်ရှားလို့မရတော့ပေ။
ဒီတစ်ခေါက်မှာတော့ခေါင်းဆောင်တင်သာမကအကြီးအကဲကြီးပါအဲလ်ဗစ်အားမယုံကြည်နိုင်စွာကြည့်မိသည်။သူ့အဆင့်ကအဲလ်ဗစ်ထက်သေချာပေါက်နှစ်ဆင့်တောင်မြင့်မားပြီးသူကကြိးမြတ်တဲ့မေးဂတ်တစ်ယောက်ဖြစ်နေပြီဖြစ်သည်လေ။ဒါပေမဲ့သူ့အစွမ်းကအဲလ်ဗစ်ရဲ့တစ်ဝက်လောက်ကိုတောင်ရင်ဆိုင်ြဖေရှင်းနိုင်စွမ်းမရှိမှန်းသိသွားရသည်။တိုက်ခိုက်မှုအနည်းငယ်ပြီးတာနဲ့သူချက်ချင်းသတိမရှိတဲ့လှုပ်ရှားမှုတစ်ခုပြုလုပ်ခဲ့ပြီးကိုယ်သူအဲလ်ဗစ်ရဲ့တွက်ချက်မှုထဲကျရောက်သွားစေခဲ့သည်ပင်။
ကံကောင်းစွာနဲ့အဲလ်ဗစ်မှာသူတို့အားသတ်ချင်စိတ်မရှိပေ။ထို့ကြောင့်အကြီးအကဲကြီးနဲ့ခေါင်းဆောင်တို့ကထိုနေရာမှာပဲပိတ်မိနေပြီးလှုပ်ရှားမရနိုင်ဖြစ်နေကြသည်။သက်တောင့်သက်သာမဖြစ်တာကလွဲရင်ဘာအန္တာရယ်မှမရှိလေဘူး။
သူတို့ရဲ့ပါးစပ်များပင်ပိတ်ဆို့ခံထားရသည့်ထုပ်သိမ်းခံထားသောအကြီးအကဲကြီးနှင့်ခေါင်းဆောင်တို့ကိုကြည့်တဲ့အဲလ်ဗစ်ရဲ့မျက်လုံးများကတိတ်ဆိတ်ပြီးအေးစက်နေသည်။
"အကယ်၍ခင်ဗျားတို့ကခင်ဗျားတို့ရဲ့မျိုးနွယ်စုအနာဂတ်ဂုဏ်သတင်းအတွက်ကျုပ်ကိုအသုံးမချတော့ပါဘူးလို့အာမခံပေးမယ်ဆိုရင်ကျုပ်ချက်ချင်းခင်ဗျားတို့ကိုလွှတ်ပေးမယ်ပြီးတော့ဒီနေ့ဖြစ်ခဲ့သမျှအရာအားလုံးအတွက်ကျုပ်ပါးစပ်ကိုပိတ်ပေးထားမယ်"
ထိုနေရာထိပြောပြီးသွားသောအခါအဲလ်ဗစ်ကခဏမျှရပ်လိုက်သည်။ပြီးမှအကြီးအကဲနှင့်မျိုးနွယ်စုခေါင်းဆောင်တို့အားသတ်ဖြတ်ချင်တဲ့ရည်ရွယ်ချက်ရှိသည့်မျက်လုံးများဖြင့်ဆက်ပြောလိုက်၏။
"အကယ်၍ခင်ဗျားတို့အခုချိန်မှာကတိပေးလိုက်ပေမယ့်အဲ့ဒီလိုကောလဟာလမျိုးထက်ထွက်လာတာသာကျုပ်ထပ်ကြားရမယ်ဆိုရင်နောက်တစ်ကြိမ်ဒီကိုလာပြီးခင်ဗျားတို့ကိုဒုက္ခရောက်အောင်ထပ်လုပ်ဖို့ကိုတွေဝေနေမှာမဟုတ်ဘူးနော်"
အကြီးအကဲကြီးရဲ့မြူဆိုင်းနေတဲ့မျက်လုံးများကအဲလ်ဗစ်ကိုစိုက်ကြည့်လိုက်ရင်းအဲလ်ဗစ်ကအမှန်တရားကိုပြောနေတယ်ဆိုတာနားလည်သွားရသည်။သူ့ခြိမ်းခြောက်မှုကလုံးဝကိုဟာသမဟုတ်ဘူး။ဒီခဏမှာသူသာနှစ်ယောက်လုံးကိုသတ်ချင်တယ်ဆိုရင်သူတို့အစောကြီးကတည်းကသေပြီးသွားပြီဒါပေမဲ့သူလွှတ်ပေးခဲ့တယ်။သိသာနေတာကအဲ့ဒါကသူကသူတို့ကိုစိတ်ပူလို့မဟုတ်ပဲပြဿနာမတတ်ချင်လို့သာ။
ဒီကလေးမှာအခုတော့သူကြီးပြင်းခဲ့တဲ့မျိုးနွယ်စုအပေါ်ကျန်ရှိတဲ့ချစ်ခင်တွယ်တာစိတ်မျိုးလုံးဝကိုမရှိတော့ဘူးသူ့အတွက်တော့သူတို့ကသူစိမ်းတွေထက်ပိုပြီးဆိုးဝါးတဲ့သူတွေပဲ
အကြိးအကဲကြီးရဲ့အမူအယာကစိတ်ဓာတ်ကျဆင်းသွားသည်။သေဆုံးခြင်းနဲ့ပတ်သတ်ရင်လူတိုင်းကကြောက်ရွံ့ကြတာပဲလေသူပါအပါအဝင်ပေါ့။သူစကားမပြောနိုင်ဘူးထို့ကြောင့်အဲလ်ဗစ်ကိုခေါင်းသာငြိမ့်ပြလိုက်ပြီးသူကတိပေးပါတယ်ဆိုတာကိုပြန်ဖြေလိုက်ရသည်။
အဲလ်ဗစ်ကသူတို့ကိုချက်ချင်းမလွှတ်ပေးသေးပဲသူ့အကြည့်ကပြန်မဖြေသေးသည့်ခေါင်းဆောင်ထံရောက်ရှိသွားသည်။
ခေါင်းဆောင်ကအဲလ်ဗစ်ရဲ့အေးစက်တဲ့ရေခဲအကြည့်နဲ့မျက်လုံးခြင်းဆုံလိုက်ရပြီးအကြီးအကဲကြီးကလည်းခေါင်းညိမ့်လက်ခံလိုက်ပြီဆိုတာကိုမြင်တဲ့အခါမှာတော့သူလည်းချက်ချင်းအဲလ်ဗစ်အားခေါင်းညိမ့်ပြလိုက်တော့သည်။
အဲလ်ဗစ်ကသူတို့ကိုလွှတ်ပေးလိုက်ပြီးသူ့အကြည့်ကအကြီးအကဲကြီးနှင့်ခေါင်းဆောင်ပေါ်ရောက်ရှိသွားကာပြောလိုက်သည်။
"ကိုယ့်စကားကိုသတိရနေ"
ပြောပြီးသည်နှင့်အဲလ်ဗစ်ကနေရာကူးပြောင်းစာလိပ်အားအသုံးပြုကာချက်ချင်းအခန်းထဲမှပျောက်ကွယ်သွားပြီးသူ့ကိုယ်သူချက်ချင်းမီကာမြို့အပြင်ဘက်ပို့လိုက်သည်။
ကိစ္စအားလုံးကအချိန်အကြာကြီးကုန်ဆုံးသွားတယ်လို့ထင်ရသော်လည်းတကယ်တမ်းကအစကအေဆုံးထိငါးမိနစ်လောက်သာကြာသွားခဲ့တာဖြစ်သည်။
အဲလ်ဗစ်ထွက်သွားပြီးသိပ်မကြာခင်ပဲတစ်ခုခုမှားယွင်းနေသလိုခံစားရသည့်တစ်ခြားကြယ်ခြောက်ပွင့်အဆင့်မေးဂတ်စ်ကအကြီးအကဲတစ်ချို့ခြံရံ၍ထိုနေရာသို့ပြေးလာကြသည်။သူတို့ထိုနေရာကိုရောက်သောအခါအကြီးအကဲကြီးနဲ့ခေါင်းဆောင်တို့ကအခန်းထဲမှာမတ်တပ်ရပ်နေသည်ကိုတွေ့လိုက်ရပြီးထိုနေရာမှာတစ်ခြားဘယ်သူမှရှိမနေ...ဒါ့အပြင်အခန်းတစ်ခုလုံးကတိုက်ပွဲဖြစ်ထားသလိုမျိုးရှုပ်ပွနေသော်လည်းအကြီးအကဲနှင့်ခေါင်းဆောင်တို့ကတော့ဒဏ်ရာအနည်းငယ်မျှပင်ရှိပုံမရပေ။
တစ်ခြားကြယ်ခြောက်ပွင့်အဆင့်မေးဂတ်စ်ကဆံပင်တစ်ခေါင်းလုံးဖြူနေတဲ့အဘိုးကြီးတစ်ယောက်ဖြစ်ပြီးခေါင်းဆောင်နှင့်အကြီးအကဲကြီးအားကြည့်ကာမေးလိုက်လေသည်။
"အကာအကွယ်အခင်းအကျင်းကိုဖျက်ဆီးသွားတာဘယ်သူလဲ?အဆင်ပြေကြရဲ့လား?"
ခေါင်းဆောင်ရဲ့မျက်လုံးကတောက်ပသွားပြီးတစ်စုံတစ်ခုကိုပြောဖို့ပြင်လိုက်သော်လည်းသူ့ရှေ့ကအကြီးအကဲကြီးကသူ့အခွင့်အရေးကိုယူကာပြောလိုက်သည်။
"ကျုပ်တို့ဆီမှာတော့ဘာကိစ္စမှမဖြစ်ဘူးအကာအကွယ်အခင်းအကျင်းပြဿနာကတော့မတော်တဆမှုတစ်ခုခုဖြစ်သွားတာဖြစ်လိမ့်မယ်အခုခေါင်းဆောင်နဲ့ကျုပ်တို့ကလေ့ကျင့်ခန်းတစ်ချို့လုပ်ချင်စိတ်ပေါ်နေတာနဲ့နှစ်ယောက်သားတစ်ယောက်နဲ့တစ်ယောက်အချင်းချင်းထောက်ပြမှုလေးတွေလုပ်နေတာကြောင့်မြင်ကွင်းကကြည့်ရတာရှုပ်ပွနေတာပြီးမှပဲတစ်ယောက်ယောက်ကိုလာပြီးရှင်းလင်းခိုင်းလိုက်မယ်"
လူအားလုံးနားမလည်နိုင်တဲ့အမူအယာနဲ့ထွက်သွားကြပြီးမှခေါင်းဆောင်ကထပ်ပြီးမထိန်းထားနိုင်တော့ပဲအကြီးအကဲကြီးကိုမေးလိုက်သည်။
"ဘာလို့သူတို့ကိုအဲလ်ဗစ်အကြောင်းပြောခွင့်မပြုရတာလဲ?"
အကြီးအကဲကြီးကသက်ပြင်းအရှည်ကြီးချလိုက်သည်။
"ခင်ဗျားအခုချိန်ထိရှင်းရှင်းလင်းလင်းမမြင်သေးဘူးလား?ကျုပ်တောင်သူ့တွက်ချက်မှုအောင်ကျသွားပြီးအဆုံးသတ်မှာအဖမ်းခံလိုက်ရတယ်..သူ့ပုံစံကကြယ်လေးပွင့်အဆင့်မေးဂတ်စ်တစ်ယောက်လိုပဲဆိုပေမဲ့သူ့အင်အားကတော့တိုင်းတာလို့မရဘူး...ပြီးတော့သူ့မှာမျိုးနွယ်စုနဲ့ပတ်သတ်ပြီးလုံးဝဆက်စပ်မှုမရှိတော့ဘူး"
အဲ့ဒီနှစ်တုန်းကအဖြစ်ကြောင့်သူကသူတို့အပေါ်မုန်းတီးနေဆဲလို့တောင်ပြောနိုင်သည်ပင်။
"သူ့ကိုမေ့လိုက်တော့..ကျုပ်တို့သူ့ကိုနေအောင်လုပ်လို့မရဘူးကျုပ်တို့သူ့ကိုဆန့်ကျင်လို့လည်းမရဘူးဆိုမှတော့--အဲ့ဒီတော့သူပြောတဲ့အတိုင်းသာလုပ်ကြရအောင်အဲ့ဒီနှစ်တုန်းက...ကျုပ်တို့လည်းသူ့အပေါ်ရက်စက်ခဲ့မိတာပဲလေအခုသူကျုပ်တို့ကိုအေးစက်စက်ဆက်ဆံတာကသူ့ကိုအပြစ်တင်လို့မှမရတာ"
အကြီးအကဲကြီးကနောက်တစ်ခါသက်ပြင်းထပ်ချလိုက်ပြီးခေါင်းကိုခါယမ်းကာလက်ကိုနောက်ပစ်လိုက်၍မူလကဖြောင့်တန်းနေခဲ့သည့်ကျောပြင်မှာအခုတော့တစ်နည်းနည်းနဲ့ကိုင်းနေခဲ့လေပြီ။သူကဖြေးညှင်းစွာပဲအခန်းထဲမှလျှောက်ထွက်သွားတော့သည်။
ထိုခဏမှာအဲလ်ဗစ်ကလီလျိုကိုလက်ထဲမှာပွေ့ထားရင်းဖြင့်ပင်သူတို့ကိုကူးပြောင်းအောင်အသုံးပြုလိုက်တဲ့ကူးပြောင်းစာလိပ်ကြောင့်မီကာမြို့ပြင်ကိုရောက်နေပြီဖြစ်သည်။အကြီးအကဲကြီးနဲ့ခေါင်းဆောင်တို့ကိုသူလွှတ်ပေးလိုက်ရတဲ့အကြောင်းအရင်းကသဘာဝကျကျပဲသူ့မှာနောက်ထပ်အစီအစဉ်တစ်ခုမရှိပဲမနေပေ။
မီကာမြို့မှစိန့်ဟယ်လာအကယ်ဒမီသို့ပြန်တဲ့လမ်းမှာသူကအလျင်အမြန်ပဲမတူညီတဲ့သတ္တဝါအုပ်စုကြီးများအားဆင့်ခေါ်တာကိုလေ့ကျင့်လာသည်။
မီကာမြို့ကိုလာခဲ့တုန်းကအဲလ်ဗစ်ဟာခိုးနားထောင်ခိုင်းလို့ရတဲ့သားရဲလေးနှစ်ကောင်ကိုဆင့်ခေါ်ခဲ့သည်။ထိုခိုးနားထောင်လို့ရတဲ့သားရဲလေးကခြင်တစ်ကောင်အရွယ်မျှသာရှိတာကြောင့်သူတို့ကမ္ဘာမှာတော့ပုန်းကွယ်ရန်အလွန်လွယ်ကူလှသည်။သူမထွက်လာခင်မှာထိုသားရဲနှစ်ကောင်အားဖုန်းကွယ်ထားတဲ့မှော်အစွမ်းနှင့်အတူအကြီးအကဲကြီးနှင့်ခေါင်းဆောင်ဆီမှာထားခဲ့လိုက်သည်။
ထိုလူနှစ်ယောက်ကသာသူမပြောစေချင်တဲ့စကားကိုပြောလိုက်တယ်ဆိုတာနဲ့ရလဒ်ကနေရာမှာပဲသေဆုံးရမှာပင်။
ထိုကိစ္စကိုဖြေရှင်းပြီးနောက်အဲလ်ဗစ်ကလီလျိုနှင့်အတူချက်ချင်းစိန့်ဟယ်လာအကယ်ဒမီသို့ပြန်လာခဲ့သည်။
မီကာမြို့ကိုမသွားခင်မှာအဲလ်ဗစ်ကအကယ်ဒမီရဲ့စာကြည့်တိုက်ဒုတိယထပ်ထဲရှိကျန်တဲ့စာလိပ်ထဲကတစ်ဝက်လောက်ကိုဖတ်လို့ပြီးသွားပြီဖြစ်သည်။
ခန့်မှန်းရသလောက်တော့နောက်ထပ်လတစ်ဝက်လောက်အတွင်းကျန်တာအားလုံးကိုဖတ်လို့ပြီးလောက်မည်ဟုခန့်မှန်းရသည်။
ပြီးရင်တော့သူအကယ်ဒမီမှာဆက်နေနေမနေနေဘာမှကွာခြားတော့မှာမဟုတ်ပေ။ပြီးတော့ဒီမှာနေတာထက်စာရင်တကယ်တမ်းကမှော်သားရဲတောင်တန်းထဲမှာပဲနေပြီးသူ့အစွမ်းများကိုထိန်းသိမ်းထားတာပိုပြီးကောင်းသည်။ထပ်ပေါင်းပြောရရင်မှော်သားရဲတောင်တန်းထဲမှာဆိုသူ့ရဲ့တကယ့်အစွမ်းကိုလည်းဖုန်းကွယ်ထားစရာမလိုပဲသူ့ကျွမ်းကျင်မှုကိုလေ့ကျင့်ဖို့ပိုပြီးအကျိုးရှိသည်။
အဲလ်ဗစ်ကသူ့အစီအစဉ်အားလီလျိုကိုပြောပြလိုက်သည်။လီလျိုကလူသားကမ္ဘာကိုပိုသဘောကျတာကြောင့်အပြင်ဘက်မှာအိပ်လိုက်စားလိုက်လုပ်ရတဲ့ဘဝအားမကြိုက်ပဲစိတ်ပျက်ပြီးစိတ်ရှုပ်ထွေးသွားတဲ့အမူအယာမျိုးုဖြစ်သွားမယ်လို့တွေးခဲ့မိတာဖြစ်သည်။
သို့သော်လီလျိုကသူ့ဒီလိုအစီအစဉ်မျိုးလုပ်မယ်ဆိုတာဟိုးတုန်းကတည်းကသိနေသလိုမျိုးသူပါးစပ်ဖွင့်လိုက်ပြီးဒီကိစ္စအကြောင်းပြောလိုက်တာနဲ့လီလျိုကသူ့အဆိုပြုချက်ကိုချက်ချင်းသဘောတူလိုက်သည်။
ထို့ကြောင့်နှစ်ပတ်ကြာပြီးနောက်မှာလူတစ်ယောက်နဲ့ကြောင်တစ်ကောင်ကစိန့်ဟယ်လာအကယ်ဒမီမှတိတ်ဆိတ်စွာပဲပျောက်ကွယ်သွားခဲ့ပြီးသူတို့ဘယ်သွားခဲ့လဲဆိုတာဘယ်သူမှမသိကြတော့ပေ။
ပြီးနောက်အဲလ်ဗစ်နဲ့လီလျိုတို့နောက်တစ်ခါထပ်ပေါ်လာတဲ့အချိန်မှာတော့တိုက်ကြီးတစ်ခုလုံးကကမ္ဘာမြေတုန်လှုပ်သည့်ပြောင်းလဲမှုမျိုးကိုဟိုးတုန်းကတည်းကကြုံတွေ့ပြီးနေပြီဖြစ်သည်။
**********
စိန့်ဟယ်လာအကယ်ဒမီမှထွက်လာပြီးနောက်လီလျိုကချက်ချင်းလူသားအသွင်ပြောင်းပြီးအဲလ်ဗစ်နှင့်အဖော်ပြုပေးခဲ့သည်။မှော်သားရဲတောင်တန်းထဲမှာတိုက်ခိုက်ဖို့ပေါ်လာမှသာတိုက်ခိုက်ဖို့အတွက်ပိုပြီးသင့်တော်တဲ့သူ့သားရဲပုံစံကိုပြန်ပြောင်းလေသည်။
ဒီလအနည်းငယ်အတွင်းမှာတိုက်ခိုက်ရန်သင့်တော်တဲ့မှော်သားရဲများကိုရှာဖွေတိုက်ခိုက်ခြင်းဖြင့်အဲလ်ဗစ်ရဲ့ကြယ်ခြောက်ပွင့်ကြီးမြတ်တဲ့မေးဂတ်စ်အဆင့်ကပိုပြီးခိုင်မာလာယုံသာမကလီလျိုပါသူနဲ့အဲလ်ဗစ်တို့အတွက်သူဖန်တီးတဲ့အကာအကွယ်ကစက်ဝိုင်းတစ်ခုစာပိုကြီးလာသလိုခံစား့သည်။
သူတို့မှော်သားရဲကိုအမဲလိုက်ပြီးတာနဲ့အမြဲတမ်းအဲလ်ဗစ်ကချက်ချင်းသလင်းကျောက်များကိုထုတ်ယူပြီးလတိုင်းမြို့များထဲကတစ်မြို့ကိုရွေးချယ်ကာမှော်သားရဲများရဲ့သလင်းကျောက်အမြူတေနဲ့မှော်ကျောက်တုန်းများအားလဲလှယ်လေ့ရှိသည်။
သူ့မှာပစ္စည်းနှစ်ခုရရှိနေပြီဖြစ်ပေမယ့်တတိယတစ်ခုအကြောင်းအဲလ်ဗစ်ကလုံးဝသတင်းအစအနမရတာကြောင့်လည်းဖြစ်သည်။ဖြစ်နိုင်ခြေတစ်ခုမှမလွတ်မြောက်စေရန်အဲလ်ဗစ်ကမြို့အားလုံး၏လေလံပွဲများကိုအထူးဂရုပြုခဲ့သည်။မြို့တစ်မြို့မှာလေလံပွဲတစ်ခုရှိနေသ၍သူကလီလျိုအားခေါ်ပြီးထိုနောက်ဆုံးပစ္စည်းအားရှာတွေ့နိုင်မလားဆိုပြီးဝင်ပါလေ့ရှိသည်။
သို့သော်တကယ့်ကိုကံမကောင်းစွာပင်လွန်ခဲ့တဲ့သုံးလလေးလအတွင်းမှာနှစ်ယောက်သားဘာကိုမှမရရှိခဲ့ဘူးဖြစ်သည်။
....................................................
Zawgyi
Arc(2.34) - Saint Magus
တစ်နည်းနည်းနဲ့မြူဆိုင်းနေတဲ့ထိုမျက်လုံးများကအဲလ်ဗစ်ကိုစိုက်ကြည့်နေကာအကြီးအကဲကြီးကခဏမျှစဉ်းစားလိုက်ပြီးမှအဲလ်ဗစ်ကိုပြောလိုက်သည်။
အကြီးအကဲကြီးကကာကွယ်တဲ့ပုံစံလုပ်လိုက်တဲ့တစ်ခဏမှာပဲအစိမ်းရောင်နွယ်ပင်များနဲ့လုပ်ထားတဲ့မြွေကြီးကလေထဲမှာပေါ်လာခဲ့ကာသူတို့ပါးစပ်ကြီးများကိုအကျယ်ကြီးဟ၍သူနဲ့ခေါင်းဆောင်တို့ရပ်နေတဲ့နေရာအားပြေးဝင်လာတော့သည်။
အဲလ်ဗစ်ကသူတို့ကိုချက်ချင်းမလွှတ်ပေးသေးပဲသူ့အကြည့်ကပြန်မဖြေသေးသည့်ခေါင်းဆောင်ထံရောက်၇ှိသွားသည်။
"ကိုယ့်စကားကိုသတိရနေ"
**********
ဒီလအနည်းငယ်အတွင်းမှာတိုက်ခိုက်ရန်သင့်တော်တဲ့မှော်သားရဲများကိုရှာဖွေတိုက်ခိုက်ခြင်းဖြင့်အဲလ်ဗစ်ရဲ့ကြယ်ခြောက်ပွင့်ကြီးမြတ်တဲ့မေးဂတ်စ်အဆင့်ကပိုပြီးခိုင်မာလာယုံသာမကလီလျိုပါသူနဲ့အဲလ်ဗစ်တို့အတွက်သူဖန်တီးတဲ့အကာအကွယ်ကစက်ဝိုင်းတစ်ခုစာပိုကြီးလာသလိုခံစာ့းသည်။
....................................................
Continue Reading
You'll Also Like
39.6K 5.3K 44
{Own Creation} ♦️သွေးစွန်းသောဓားနှင့် သန့်စင်သောနှလုံးသား♦️ သွေးစွန်းနေတဲ့ ဓားတစ်လက်။ သန့်စင်နေသော နှလုံးသား။ ဆန့်ကျင်ဘက်နှစ်ခု...။ ရည်ရွယ်ချက်မျိုးစ...
434K 53.9K 54
Xiao Jiu (小九) by Xu Ban Xian (许半仙) ရှောင်ကျိုသည် မင်းသားကိုးပါးထဲတွင်အငယ်ဆုံးဖြစ်သော်ငြား ပါရမီအရှိဆုံးဖြစ်ပေသည်။ သို့ပေမယ့် သူ၏ဦးနှောက်အလုံးစုံကို ယ...
1.6M 272K 200
Myanmar Translation Genre: Adventure, Cultivation, Xianxia, BL ပါရမီရှင်အဖြစ်မွေးဖွားလာသူ လင်ရွှမ်းဇီ သည်သူ၏အတိတ်ဘ ၀ တွင်ကမ္ဘာကြီးကိုမလွှမ်းမိုးခဲ့သေ...
251K 31.2K 23
ရဲဟို သည်သေးငယ်သောနိုင်ငံတစ်နိုင်ငံမှဘုရင်တစ်ပါးနှင့်ဝေးကွာသောဆွေမျိုးဖြစ်သည်။ သူသည်ဆွေမျိုးနီးစပ်တော်သော်လည်းသူ့အိမ်သည်အလွန်ဆင်းရဲပြီးသူ၏မိခင်သည်လည်...