"ဒုန်း!...ဒုန်း!..."
"သူရဖုန်းမြင့်!...အိမ်ကိုမဆောင့်နဲ့လို့ မေမေပြောထားတယ်လေ..."
"အဲ့တာဆို..ဘာလို့သားအတွက်တစ်ခုပဲ ဝယ်ခဲ့သေးလဲ?...အီး...ဟင့်..ဟင့်...ရွှတ်..."
"မေမေ...ငယ်လေးက ဘာဖြစ်တာလဲ?.."
"ဘာဖြစ်ရမှာလဲ?..မကြီးရယ်...
ညည်းဝယ်လာတဲ့ ပူတင်းဘူးကြောင့်ပေါ့.."
"ဘာဖြစ်လို့လဲ?..မေမေ...
ပူတင်းဘူးက ၆ဘူးဝယ်လာတာလေ...
တစ်ယောက်တစ်ဘူးစီလေ...
အဲ့တာဘာဖြစ်လို့လဲ?..."
"ဘာဖြစ်ရမှာလဲ?...
သူ့အတွက် ၂ဘူးမဝယ်လာလို့တဲ့..."
"ဟာ....ဟုတ်သားပဲ...
သမီးလည်း မေ့သွားတယ်...
ငယ်လေး ငိုမနေနဲ့တော့..မကြီးဘူးကို ငယ်လေးယူစားလိုက်တယ်..."
"တကယ်လား..." ဆိုပြီး အပေါ်က အော်မေးတဲ့ ငယ်လေးကြောင့် မကြီးမှာပြုံးမိတယ်...
ဒီကလေးလေးက..အမတွေအလိုလိုက်ထားတာကြောင့် ကလေးဆိုးလေးဆိုးချင်တယ်..
ဘွဲ့ပဲရတော့မယ်..အခုထိ ကလေးတိုင်းပဲ
"တကယ်ပါဆို..."
"ပြီးရော..." ဆိုပြီး အောက်ကိုပြေးဆင်းလာတဲ့အသံကိုကြားရတယ်...
"ပေး...၂ဘူးလုံး စားမယ်..ရွှတ်..."
"ဒါ ငိုစရာလား..ငယ်လေးရယ်...
စားချင်တာများ မကြီးကိုလာပြောလည်း ရတာပဲကို..."
"ဟုတ်..."
"ဟင်....ငယ်လေး...
ငိုထားတာလား..မလတ်ကိုပြော..ဘယ်သူလုပ်တာလဲ?..." ဆိုပြီး အခုမှ ဆေးရုံကနေပြန်လာတဲ့ မလတ်ကပြောလာတယ်...
"ဘယ်သူ့မှမလုပ်ဘူး...
သူ့အတွက်ပူတင်းတစ်ဘူးပဲဝယ်လာလို့ ဆိုပြီး ငိုပြီးဂျီကျနေတာ..."
"သြော်....ဒါလေးများ ငယ်လေးရယ်..ငိုစရာလား...
မလတ်ဘူးစားလိုက်...
မလတ်မစားတော့ဘူး..."
"ရေး....အဲ့တာဆို သား၃ဘူးလုံးစားလိုက်တော့မယ်နော်...ဟီးဟီး.."
"ဟင်း...မေမေတော့ ဘာမှမပြောချင်တော့ဘူး..
ညည်းတို့အလိုလိုက်တာ ကြည့်လိုက်..
တစ်နေ့တစ်နေ့..ဒီကောင်လေး တော်တော်ဆိုးလာတယ်..."
"မေမေကလည်း...ငယ်လေးက ကလေးပဲရှိသေးတာကို..ဆိုးပါစေ..."
"ဟုတ်သားပဲ မေမေရယ်...ငယ်လေးက အမတွေပေါ်ဂျီကျတာကလွဲရင် ဆိုးတဲ့ကလေးတစ်ယောက်မဟုတ်ပါဘူး..."
"မပြောတော့ဘူးအေ..မပြောတော့ဘူး...
ညည်းတို့မောင်ကို ညည်းတို့နိုင်ရင်ပြီးတာပဲ..." ဆိုပြီး မေမေက မီးဖိုဆောင်အခန်းထဲကို ဝင်သွားတယ်..။
"ငယ်လေး...နောက်တစ်ခါ လိုချင်တာကိုပြော..
မငိုရဘူးနော်..."
"ဟုတ်..မကြီး..
မကြ်ီးရော မလတ်ရော ချစ်တယ်...မွ..မွ..."
"အဲ့တာလေးနဲ့ပဲ...အမတွေကို ညာစားနေ.."
"ဟီးဟီး..."
ကျွန်တော့်နာမည်ကတော့ သူရဖုန်းမြင့်ပါ..
ဘာလို့သူရဖုန်းမြင့်ဖြစ်လဲဆိုတော့...
ကျွန်တော့်ဖေဖေနာမည်က ဦးဖုန်းမြင့် ဖြစ်လို့ပါပဲ...
မေမေ့နာမည်ကတော့ ဒေါ်သီတာ...
ကျွန်တော့်မှာ အမ၃ယောက်ရှိပါတယ်...
မကြီးက နီလာဖုန်းမြင့်...
မလတ်က သူဇာဖုန်းမြင့်...
မငယ်က တင်ဇာဖုန်းမြင့်...
ကျွန်တော်ကတော့ အငယ်ဆုံးပေါ့..
ကျွန်တော့်အမတွေက..ကျွန်တော့်ကို အရမ်းချစ်ကြတယ်...
ကျွန်တော့်ကိစ္စတွေမှာ ဖေဖေနဲ့မေမေပါတာကနည်းတယ်..ကျွန်တော့်အမ၃ယောက်ကပဲ ဝိုင်းဖြေရှင်းပေးကြတာ...
ရပ်ကွက်ထဲလူတွေဆို..ကျွန်တော့်ကိုနှုတ်နဲ့တောင် မရမ်းကားရဲကြဘူး...
ဘာလို့ဆို..ကျွန်တော့်ဘေးမှာ အရမ်းချောတဲ့အမတွေရှိနေလို့ပါပဲ...
ယောက်ျားလေးတော်တော်များများရဲ့ယောက်ဖခေါ်ခြင်းကိုလည်း ခံရပါတယ်..တခါတရံ အမတွေကို စာပေးခိုင်းတာက ရှိသေးတယ်...
သူတို့ကရိုးရိုးစာပေးခိုင်းလို့မရပါဘူး..ကျွန်တော့်အတွက် အနည်းဆုံး hoddiesတစ်ထည်လောက်တော့ ဝယ်ပေးမှ ပေးခိုင်းလို့ရပါတယ်..
အမတွေကတော့ ကျိန်းသေပြန်မကြိုက်မှာသိလို့..စာတွေကိုတမင်ယူပြီး ပြန်ပေးတာ...
ကျန်တာကတော့ သူတို့ကိစ္စပေါ့...
ကျွန်တော့်မှာအကျင့်တစ်ခုရှိတယ်...
အဲ့အကျင့်က ကျွန်တော့်ရဲ့အားနည်းချက်ပဲဆိုရမလား အားသာချက်ပဲဆိုရမလား
ကျွန်တော်က အရမ်းကပ်စေးနှဲတယ်...
အဲ့အကျင့်က ဖျောက်လို့ကိုမရတော့တာ..
ကျွန်တော်လိုချင်တဲ့ပစ္စည်းဆိုရင်တော့..ဘယ်လောက်ကုန်ကုန်အကုန်ခံပြီး ဝယ်တယ်...
ကျန်တဲ့အစားအသောက်ဆိုရင်တော့..အခြားလူဆီက ကပ်စားတယ်...ဟီးဟီး...
ကျွန်တော့်ဒါဏ်အများဆုံးခံရတဲ့သူကတော့...ကျွန်တော့်သူငယ်ချင်း ဝေလင်းပါပဲ...
ဒီကောင်က ကျွန်တော့်အမ မငယ်ကိုကြိုက်နေတာလေ...အဲ့တော့လည်း ရင်းပြီး ကျွန်တော်စားချင်သမျှကို ဝယ်ကျွေးတာပေါ့...ဟဲဟဲ...
*ဘယ်သူကသိမှာလည်း..တနေ့မှာ ကျွန်တော့်ရင်ထဲကို တစ်စုံတစ်ဦး တိုးဝင်လာလိမ့်မယ်လို့..*
................................
"ဒေါက်!..ဒေါက်!.."
"ဘယ်သူလဲ?.."
"မငယ်...သားပါ..."
"ဝင်ခဲ့လေ..ငယ်လေး..."
"ဟုတ်..."
"ချလောက်!.."
"ငယ်လေး...ဘာဖြစ်လို့လဲ?..."
"ဟီးဟီး...မငယ်ကို ကျွန်တော်ပြောစရာရှိလို့...
ကျွန်တော့်ကို စိတ်မဆိုးနဲ့နော်..."
"ဟင်း...ဘာမွှေထားပြန်ပြီလဲ?..ငယ်လေး.."
"ဟို...သေးသေးလေးပါ..."
"ပြော...အဲ့သေးသေးလေးက ဘာလဲ?.."
"ဟို...ဟိုလေ ဝေလင်းကလေ..."
"အင်း...ဝေလင်းက ဘာဖြစ်လို့လဲ?..."
"ဝေလင်းကလေ..မငယ်ဖုန်းနံပါတ် လိုချင်တယ်ဆိုလို့...
ကျွန်တော်ပေးလိုက်တယ်..."
"ဟမ်!..."
"ဟုတ်တယ်...ဝေလင်းက မငယ်ကိုကြိုက်နေတာ..စိတ်ကူးမလွဲနဲ့နော်...
ဝေလင်းကလူကောင်းလေးပါ...
ကျွန်တော့်သူငယ်ချင်းမို့မြှောက်ပြောတာမဟုတ်ဘူး...
မငယ်ကို ဝေလင်းကလွဲရင် ဘယ်သူနဲ့မှသဘောမတူဘူး..."
"ကဲ...ပြော...
ဝေလင်းက ငယ်လေးကိုဘာဝယ်ပေးလိုက်လို့လဲ?..."
"မဝယ်ပေးပါဘူး...အဟမ်း...ပဲခေါ်ဆွဲပဲလိုက်ကျွေးတာ...ဟီးဟီး...
သားကိုစိတ်မဆိုးနဲ့နော်...
သားက မငယ်ကို လူကောင်းသူကောင်းလေးနဲ့ပဲ ရစေချင်လို့ပါ.."
"အင်းပါ...မငယ်စိတ်မဆိုးပါဘူး...
ဝေလင်းဆိုတာကလည်း မငယ်မောင်လေးရဲ့သူငယ်ချင်းမို့..မငယ်ရဲ့မောင်လေးတစ်ယောက်ပါပဲ..."
"မငယ်ကလည်း..ဝေလင်းက မောင်လေးဖြစ်ချင်တာမဟုတ်ဘူး မငယ်ရဲ့အိမ်ထောင်ဖက်ဖြစ်ချင်တာတဲ့..."
"အဟက်...အေးပါ..အေးပါ...
မငယ်စဉ်းစားပေးမယ်လို့ ပြောလိုက်နော်..."
"တကယ်နော်...မငယ်..."
"အင်းပါဆို..."
"ဟုတ်...ဟုတ်...သား ဝေလင်းကိုပြန်ပြောလိုက်ဦးမယ်...သားသွားပြီနော်..."
"နေဦး...ငယ်လေး...
ဝေလင်းကို မငယ်ဆီ ဖုန်းသိပ်မဆက်နဲ့လို့ပြောလိုက်နော်...မငယ်က ဖုန်းအမြဲကိုင်နိုင်တာ မဟုတ်ဘူး.."
"အင်းပါ..ပြောလိုက်မယ်...
သူက မငယ်တို့အဆောင်ကို လာလာချောင်းကြည့်ရုံနဲ့တင် ကျေနပ်နေတာ.."
"ငယ်လေးကလည်း..."
"ရှက်မနေနဲ့တော့..အပျိုကြီး...
ရည်းစားလေးဘာလေးထားဦး..."
"ဟာ...ငယ်လေး..."
"သွားပြီ...တကယ် သားသွားပြီ.." လို့ ပြောပြီး မငယ်ရဲ့အခန်းတံခါးကိုပိတ်ကာ..ကျွန်တော့်အခန်းဆီ ပြန်လာခဲ့လိုက်တယ်..
ဝေလင်းတော့ ဝမ်းသာနေမှာပဲ...
ကျွန်တော့်ရဲ့ယောက်ဖအငယ်ဆုံးနေရာကို သူ့ကိုပေးထားတာမို့..သူကလွဲပြီး ဘယ်သူနဲ့မှ သဘောမတူနိုင်ဘူး...
...........................
"ဒေါက်!..ဒေါက်!.."
"ငယ်လေး...မထသေးဘူးလား...
ဒီနေ့ ဧည့်သည်တွေလာမယ်လို့ မေမေပြောထားတယ်လေ...
ထ...အခု..."
"ဧည့်သည်လာတာ သားနဲ့ဘာဆိုင်လို့လဲ?..
သူတို့ဘာသာလာပြီး ပြန်မှာပေါ့..."
"ငယ်လေး...မေမေ မဆူချင်ဘူးနော်..."
"ဟွန်း....ထပြီ..အခုထပြီ...
အိပ်ကောင်းခြင်းလည်း မအိပ်ရ..."
"ဘာပြောနေတာလဲ?..ငယ်လေး..."
"ဘာမှမပြောပါဘူး မေမေရာ...
သားအခုထပြီလို့.."
"ပြီးရော...မြန်မြန်အောက်ဆင်းလာခဲ့..."
"ဟုတ်..."
ဘယ်လိုဧည့်သည်လာမှာမို့လို့..ဒီလောက်တောင် အရေးထားနေလဲ နားကိုမလည်တော့ဘူး...
ဒီတိုင်း ဧည့်သည်လေးပဲလာတာကို...ဟွန်း...
မျက်နှာသစ်ပြီး ရေပါတစ်ခါတည်းချိုးကာ...အောက်ကိုဆင်းလာခဲ့လိုက်တယ်...
............
အိမ်အောက်ရောက်တော့...
"သူရဖုန်းမြင့်...ဘယ်လိုဝတ်စားလာတာလဲ?.."
"ဘာဖြစ်လို့လဲ?...မေမေရာ..."
"နင်ဝတ်လာတာကို ကြည့်ဦး...
စွပ်ကျယ်ဂျိုင်းပြတ်အစုတ်နဲ့ ဘောင်းဘီတိုနဲ့..
မသိရင် ငါတို့ကပဲ မဆင်ထားသလိုလို.."
"ဟာ...မေမေကလည်း...
ပူလို့ပါဗျာ..."
"တီ!...တီ!..တီ!.."
"ဧည့်သည်တွေတောင် လာပြီ...
နင်ကတော့နော်..." ဆိုပြီး ကြိမ်းကာ မေမေက အပြင်ကို ပြေးထွက်သွားတယ်..
"ဟွန်း...ဘလာ..ဘလာ..."
ဘယ်လိုလူတွေ လာမှာမို့ ဒီလောက်တောင်ရေးကြီးခွင်းကျယ်လုပ်နေလည်း မသိဘူး...
လာတဲ့လူကို သိပ်စိတ်ဝင်စားနေပြီ...