Beyond the Eternity (ထာဝရကို...

suekhatthar द्वारा

84.1K 8.8K 783

"တကယ်သာ ချစ်ကြမယ်ဆို ထာဝရဆိုတဲ့ အချိန်က ဘယ်လုံလောက်ပါလိမ့်မလဲ။ " "တကယ္သာ ခ်စ္ၾကမယ္ဆို ထာဝရဆိုတဲ့ အခ်ိန္က ဘယ္... अधिक

About the story
Prologue
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Epilogue
ကျေးဇူးတင်လွှာ

Chapter 32

984 152 34
suekhatthar द्वारा

(Unicode)

David သူ့ရင်ဘတ်ထဲ စိုက်ဝင်သွားသော သစ်သားချောင်းကို ငုံ့ကြည့်လိုက်သည်။

ခြေဖဝါးတွေမှ စ၍ ခြောက်သွေ့လာတာကို ခံစားမိသည်နှင့် အချိန်ဆွဲမနေတော့ဘဲ ကျန်သမျှ အားအကုန် သုံးကာ Christopher ကို စည်းဝိုင်းထဲ ဆွဲထည့်လိုက်သည်။

ထို့နောက် စည်းဝိုင်း အပြင်ဘက်ကို အလျင်အမြန် ထွက်ကာ လက်ဖဝါးနှစ်ဖက်ကို ထောင်ထားရင်း Emily ကို အမောတကော အော်ပြောလိုက်မိသည်။

"Emily အခု လုပ်တော့။”

David ၏ အသံကြားသည်နှင့် Emily က Steve ကို ခေါင်းညိတ်ပြလိုက်သည်။
သူတို့ အကြံကို ရိပ်မိသွား၍ သူမဆီ ပြေးလာသော Rachel ကို အသင့်ပြင်ထားသော Steve က နောက်ကနေ သိုင်းဖက်ကာ ထိန်းထားပေးသည်။

"ငါ့ကို လွှတ်စမ်း အရိုင်းအစိုင်းကောင်။
Emily နင် လုပ်ရဲရင် လုပ်ကြည့်။
Emilyyy
ငါ တောင်းပန်ပါတယ်။
ကျေးဇူးပြုပြီး မလုပ်လိုက်ပါနဲ့။
Emily ကျေးဇူးပြုပြီး။”

အလန့်တကြား အော်ဟစ်နေသော Rachel ကို Emily ရင်နာစွာဖြင့် လျစ်လျူရှုလိုက်ရသည်။
ထို့နောက် သူမ၏ magic အပေါ် သေချာအာရုံစိုက်ပြီး မန္တာန်ကို အားအပြည့်နှင့် ရေရွတ်လိုက်သည်။

"Sacria fisia neta”

ရုတ်တရက် မထင်မှတ်ထားသည့် အပြုအမူကြောင့် Christopher အငိုက်မိသွားသဖြင့် စည်းဝိုင်းထဲတွင် လဲကျသွားရသည်။
ချက်ချင်း ပြန်ထဖို့ လုပ်နေစဥ်မှာဘဲ ကောင်လေး၏
လက်မှ အဝါရောင် အလင်းတန်းတွေ ထွက်လာကာ
စည်းဝိုင်းက မီးထတောက်သွားသည်။

ပြန်ငြိမ်းသွားသော မီးနှင့်အတူ ဒီကောင်လေး ဘာလုပ်လိုက်လဲ ဆိုတာ Christopher သဘောပေါက်သွားပြီ ဖြစ်သည်။

"ဒီ စည်းဝိုင်းလေးက ငါ့ကို ဘယ်လောက်ကြာကြာ ထိန်းထားနိုင်မယ်လို့ မင်းထင်နေတာလဲ။”

သူမေးတော့ David က တဟက်ဟက် ရယ်သည်။
ခြေထောက်မှစ၍ ခြောက်သွေ့လာမှုက လည်ပင်းနားထိရောက်လာပြီ ဖြစ်သဖြင့် မျက်နှာက ဖြူသလောက်
တစ်ကိုယ်လုံးက ခဲရောင် ဖြစ်နေသည်။
အနက်ရောင် သွေးကြောများကလည်း တစ်ကိုယ်လုံးတွင် ကြောက်မက်ဖွယ်ကောင်းလောက်အောင် ထင်းနေသည်။

"မပြောတတ်ဘူးလေ။
ဒါပေမယ့် little Hemsworth က ခင်ဗျား အနိုင်ပိုင်းလိုက်တာကိုတော့ ခံရခက်သွားတယ် မလား။
ဒါနဲ့ Christopher အဲ့ဒါက ခင်ဗျားရဲ့ အားနည်းချက်တဲ့လား။
ကြီးမြတ်တဲ့ Christopher ရဲ့ အားနည်းချက်က အဲ့တာလေးတဲ့လား။
တစ်လောကလုံးကတော့ အဟောင်းသားတွေ ဖြစ်ရတော့မှာပဲ။”

မျက်ခုံးနှစ်ဖက်လုံးပင့်ပြကာ ခနဲ့သံနှင့် ပြောနေသည့်အချိန်တွင် David ၏ မေးစေ့ကပါ ခဲရောင် ပြောင်းနေပြီ ဖြစ်သည်။

နောက်ဆုံး​အနေဖြင့် Christopher ကို လှောင်ပြုံးပြုံးကာ မျက်စိတစ်ဖက် မှိတ်ပြပြီးသည့် အချိန်တွင်တော့

နဖူးထိ ခဲရောင် ပြောင်းသွားကာ ဝုန်းခနဲ လဲကျ သေဆုံးသွားတော့သည်။
.....................

Lucas ကို ရင်ခွင်ထဲထည့်ကာ ပွေ့ဖက်ထားပေးရင်း Alex အနောက်ရှိ နံရံကို ကျောမှီထားမိသည်။

Lucas၏ ခန္ဓာကိုယ်မှ တဖြည်းဖြည်း ပို၍ ထွက်လာသော ချွေးစေးများကို သူ ခံစားလို့ ရနေသည်။

နှစ်ယောက်လုံး အချိန် အတော်ကြာသည်အထိ ဘာစကားမှ မပြောဖြစ်ကြ။

Lucas စိတ်သက်သာအောင် တစ်ခုခု ပြောပေးချင်ပေမယ့် ဘာပြောရမှန်း သူမသိ။
ရင်ဝတွင် ဆို့နင့်နာကျင်နေမှုကြောင့် ဘာစကားမှလည်း ပြောမထွက်နိုင်တော့။

"ခင်ဗျား ကြောက်နေလား။”

နောက်ဆုံးတော့ Lucas ကပဲ တိုးဖွဖွ အသံလေးနှင့် စပြောလာသည်။

သူ ချက်ချင်း ခေါင်းခါပြလိုက်သည်။

"ဟင့်အင်း။
မကြောက်ပါဘူး။
ဘာမှ ကြောက်စရာမှ မရှိတာ။”

Lucas က သူ့မျက်နှာကို မော့ကြည့်ပြီး အသံထွက်ရုံလေး ရယ်သည်။

"လိမ်တာ။
ခင်ဗျား ကြောက်နေပါတယ် Alex
David နဲ့ Rachel တစ်ခုခု ဖြစ်မှာကို ခင်ဗျား အရမ်းကြောက်နေပါတယ်။”

သူ ဘာမှ ပြန်မပြောတော့ Lucas ကပဲ ဆက်ပြောသည်။

"ရပါတယ် Alex
ဘာမှ မဖြစ်ပါဘူး။
ခင်ဗျား ကျွန်တော့်ကို ဘာမဆို အမှန်အတိုင်း ပြောလို့ရတယ်ဆိုတာ ခင်ဗျား သိတယ်မဟုတ်လား။”

Alex ဟက်ခနဲ အသံထွက်အောင် ရယ်မိသွားသည်။
ပြီးမှ သက်ပြင်းချကာ ခေါင်းညိတ်လိုက်မိသည်။

"ဟုတ်တယ် Lucas
ငါ အရမ်း​ကြောက်နေတယ်။
ငါ့ဘဝမှာ အခုလို အကြောက်တရားမျိုး ငါတစ်ခါမှ မခံစားခဲ့ရဖူးဘူး။
David အသက်ရှင်ရက် ပြန်လာနိုင်ပါ့မလား။
Rachel ကိုပါ Chris ဒုက္ခပေးနေပြီလား တွေးမိရင်း
ငါ...”

Alex က ​ပြောနေရင်း ခဏ ရပ်လိုက်သည်။
အံကို တင်းတင်းကြိတ်လိုက်ပြီးမှ ဆက်ပြောသည်။

"ပိုဆိုးတာက ဘာလဲ သိလား Lucas
သူတို့တွေကို ပူပန်တာနဲ့ ထပ်တူ
မင်း တစ်ခုခု ဖြစ်သွားမှာကိုလည်း ငါ အရမ်းကို ကြောက်နေမိတာပဲ။”

"ငါ မင်းကို အရမ်း ဒေါသထွက်နေတုံးပဲ Lucas
မင်း သစ္စာဖောက်တာကို ငါ အခုထိ ခွင့်မလွှတ်နိုင်သေးဘူး။
တစ်ဖက်မှာလည်း မင်း သေသွားခဲ့ရင် ဆိုတဲ့ အတွေးက ငါ့ရင်ကို မီးနဲ့ မြှိုက်နေသလို ခံစားရတယ် Lucas”

"ငါ့ကို အချိန် အကြာကြီး အေးချမ်းပျော်ရွှင်စေခဲ့တဲ့ မိန်းကလေးရဲ့ ငြိမ်းချမ်းမှုကို ကျော်ပြီး ငါ့အပေါ် အကြံအစည်နဲ့ ချဥ်းကပ်ခဲ့တဲ့ မင်းရဲ့ အသက်ကို ရွေးခဲ့မိတယ်။
ငါ နှစ်ခါပြန် မစဥ်းစားဘဲ ရွေးခဲ့တာ။
အခုထိလည်း အဲ့ရွေးချယ်မှု အပေါ် နောင်တမရမိဘူး။
ဘာလို့လဲ Lucas
မင်းက ဘာမို့လို့၊
ဘာမို့လို့ ငါရဲ့ ရွေးချယ်မှုတိုင်းက မင်းဖြစ်နေရတာလဲ Lucas
ဘာဖြစ်လို့ ...”

"ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျား ကျွန်တော့်ကို ချစ်လို့ပေါ့။”

Lucas က ဖြတ်ပြောလိုက်တော့ Alex ၏ တုန်တုန်ယင်ယင်
စကားသံတွေ ရပ်သွားသည်။

"ခင်ဗျား ကျွန်တော့်ကို သိပ်ချစ်တာမလို့။
အဲ့အချစ်တွေက ခင်ဗျားရဲ့ ကျိုးကြောင်းဆီလျော်စွာ
တွေးခေါ်နိုင်စွမ်းကို ဝေဝါးသွားစေတာမလို့။
အဲ့တာကြောင့် ခင်ဗျားအပေါ် သိပ်ကောင်းခဲ့တဲ့ မိန်းကလေးထက် ကျွန်တော့်လို ခင်ဗျားအပေါ် မရိုးသားတဲ့လူကို ရွေးမိတာ Alex
ခင်ဗျား ကျွန်တော့်ကို ချစ်တာမလို့။ ”

Lucas ကို ဖက်ထားသော Alex ၏ လက်တွေ ပိုတင်းကျပ်သွားသည်။
သူ့ရင်ခွင်ထဲရောက်အောင် ပိုတင်းတင်းဆွဲဖက်လိုက်ကာ
သူ့မေးစေ့ကို Lucas ၏ ခေါင်းပေါ် ဖွဖွလေးတင်လာသည်။

"ဟုတ်တယ် Lucas
မင်းပြောတာ မှန်တယ်။
ငါမင်းကို အရမ်းချစ်တာမို့လို့။
မင်းကို ချစ်လွန်းလို့ ငါ့ရင်တွေ ပေါက်ကွဲတော့ မတတ်ဘဲ။
ငါ အခု မင်းကို စိုးရိမ်ရလွန်းလို့ ရင်တစ်ခုလုံး ပူလောင်နေရပေမယ့်လည်း မင်းကို ချစ်ခဲ့မိတဲ့ အတွက် ငါ လုံးဝ နောင်တမရဘူး။”

"မင်း အခု အသက်ရှင်သည်ဖြစ်စေ၊ မရှင်သည်ဖြစ်စေ ငါမင်းကိုပဲ ဆက်ချစ်နေမိမှာပဲ။
ငါ့ရဲ့ သက်တမ်းက ထာဝရဆိုရင် အဲ့ဒီ ထာဝရတစ်လျှောက်လုံး မင်းကိုပဲ ချစ်နေမိမှာဘဲ။
အကယ်၍ အကြောင်းတစ်ခုခုကြောင့် ထာဝရဆိုတဲ့ အချိန် ကျော်လွန်သွားရင်တောင် မင်းကိုပဲ ရွေးချယ်နေမိဦးမှာ Lucas”

ပြောနေရင်း Lucas၏ မျက်နှာကို ငုံ့ကြည့်လာကာ ပါးပြင်​လေးကို ခပ်ဖွဖွ အုပ်ကိုင်လိုက်သည်။

"မင်းလို ဘာမှမဟုတ်တဲ့ သာမန် ခပ်တုံးတုံး ကောင်လေးကို ငါဘာလို့များ အဲ့လောက် ချစ်မိသွားခဲ့ပါလိမ့်။
ကိုယ့်ကိုယ်ကို တကယ် နားမလည်ဘူး။”

Alex က ခေါင်းပြန်မော့သွားကာ ဟက်ခနဲ တစ်ချက် ရယ်လိုက်သည်။
မျက်လုံးထောင့်မှလည်း မျက်ရည်တစ်စက်က ပါးပေါ်သို့ စီးကျလာသည်။

"ဒါကတော့ Xan
ခင်ဗျား ဘယ်သူ့ကို ချစ်မယ်ဆိုတာ ခင်ဗျား ရွေးချယ်လို့ မရဘူးလေ။
ခင်ဗျားရဲ့ နှလုံးသားက ကျွန်တော့်လို ခပ်ညံ့ညံ့ကောင်လေးကို ရွေးလိုက်တာကိုး။”

Lucas ပြုံးပြီး ပြန်ဖြေလိုက်မိသည်။
သေလုမျောပါးဖြစ်ကာ အလွန်နာကျင်နေရသော်လည်း Xan ၏ ဝန်ခံချက်ကို ကြားလိုက်ရသဖြင့် ကြည်နူးဆွတ်ပျံ့မှုတွေက တစ်ကိုယ်လုံးသို့ စီးဆင်းသွားသလို ခံစားလိုက်ရသည်။

အကျီအိတ်ကပ်ကို နှိုက်ကာ လက်ကိုင်ပဝါလေး တစ်ထည်ကို ဆွဲထုတ်လိုက်ပြီး Xan ပါးပြင်ပေါ်က မျက်ရည်စက်​လေးကို ဖွဖွလေး သုတ်ပေးလိုက်သည်။

"ဒီ လက်ကိုင်ပဝါက”

Xan ပြူးတူပြဲတဲ မေးသည်ကို Lucas က ပြုံးရင်နှင့်ပင် ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်တယ်။
ကျွန်တော် ခင်ဗျားကို စာကြည့်ခန်းထဲမှာ စာရင်းလာကူ လုပ်ရတုန်းက သရေသုတ်ဖို့ ခင်ဗျား ပေးခဲ့တဲ့ဟာ။
စိတ်မပူပါနဲ့ ကျွန်တော် လျှော်ထားပါတယ်။”

ရယ်သံစွက်ပြီး ပြောသော Lucas ၏ အသံက ကြားရရုံလေးသာ။

"ကျွန်တော် ခင်ဗျားကို ချစ်တယ်ဆိုတာတော့ ခင်ဗျား
သိတယ်မလားဟင်။
အင်းး သိချင်မှလည်း သိမှာပေါ့။
ခင်ဗျားကလည်း ငတုံးပဲဟာကို။
ခင်ဗျားကိုသာ မချစ်မိခဲ့ရင် ကျွန်တော် ခုလို ဒုက္ခရောက်ရမှာ မဟုတ်ဘူး။
ဒါပေမယ့် ခင်ဗျား ပြောသလိုပဲ Xan
ကျွန်တော်လည်း ခင်ဗျားကို ချစ်ခဲ့မိတဲ့အတွက် တကယ် နောင်တမရပါဘူး။”

ပြောနေရင်း Lucas အသံက တိုးညှင်းကာ ရပ်သွားသည်။
Alex အလန့်တကြား ငုံ့ကြည့်လိုက်မိတော့ Lucas ၏ မျက်ခံွတွေက မှိတ်ကျသွားပြီဖြစ်သည်။
ခပ်နှေးနှေး လှုပ်ရှားနေသေးသော ရင်ဘတ်ကြောင့်သာ အသက်ရှူနေသေးကြောင်း သိရသည်။

Alex အံကို တင်းတင်း ကြိတ်ရင်း နောက်က နံရံနှင့်သာ သူ့ခေါင်းသူ ဆောင့်ပစ်လိုက်မိတော့သည်။
.................

ရုတ်တရက် ပြတ်တောက်သွားသော အဆက်အသွယ်ကြောင့် David အသက်မရှိတော့ဆိုတာ Emily သဘောပေါက်လိုက်သည်။

သူတို့ နှစ်ယောက်၏ အကြံအစည်ကရော အောင်မြင်ရဲ့လား မသိ။

ထိုစဥ် တည်နေရာ မန္တာန်အတွက် အစီအရင် လုပ်ထားသောမြေပုံက မီးထတောက်လာသဖြင့် သူတို့ နှစ်ယောက်၏
အစီအစဥ် အောင်မြင်သွား​ပြီဖြစ်ကြောင်း Emily သဘောပေါက်လိုက်သည်။

သူမ ထိုမီးများအပေါ်သို့ အလျင်အမြန် လက်တင်ကာ အာရုံခံစားလိုက်သည်။

Mistasia မြို့နှင့် ကပ်လျက် တည်ရှိသည့် မြို့။
ထိုမြို့၏ အစွန်အဖျားရှိ အိမ်ဟောင်းကြီး တစ်လုံးတွင် ဖြစ်သည်။

"ဘယ်နေရာမှာလဲ Emily”

Steve လွှတ်ပေးလိုက်သည်နှင့် Rachel က စားပွဲကို ဝုန်းခနဲ ထုကာ သူမကို ဒေါသတကြီး မေးသည်။

Emily နေရာ အတိအကျ ခံစားလို့ရသည်နှင့် လက်ကို
ပြန်ရုတ်ကာ Rachel ကို မဝံ့မရဲ မော့ကြည့်လိုက်မိသည်။

"...... မှာ”

နေရာ အတိအကျ ပြောလိုက်သည်နှင့် Rachel က
သူမကို စောင်းကြည့်ကာ နေရာမှ ချက်ချင်း ​ပြေးထွက်သွားတော့သည်။

Rachel မျက်ဝန်းထဲက သူမကို နာကျည်းသည့် အရိပ်အယောင်တွေကို တွေ့ရတော့ Emily ရင်ထဲ အမှန်တကယ် ဝမ်းနည်းနာကျင်လာမိသည်။

"ကိုယ်လိုက်သွားလိုက်ပါ့မယ် Em”

Steve က သူမကို ပါးချိုင့်တွေ ပေါ်သည်အထိ ပြုံးပြကာ ပြောသည်။

Emily က ယောင်ယောင်လေး ပြုံးကာ ခေါင်းညိတ်ပြလိုက်တော့ သူမ၏ ပုခုံးကို တစ်ချက်
ဖျစ်ညှစ်လိုက်ပြီးနောက် Rachel ​ေနာက်သို့ လိုက်သွားသည်။

Emily တစ်ယောက် ဝဲတက်လာသော မျက်ရည်တွေကို ထိန်းမနေတော့။
ဘာလို့မှန်းမသိ စိတ်ခံစားချက်တွေ အားလုံးရောထွေးလာကာ သည်းသည်းနင့်နင့် ငိုချလိုက်မိသည်။

ဒီအချိန် ဒီမိနစ်ပိုင်း တစ်ချို့မှာတော့ ငိုကြွေးခြင်းမှလွဲ၍ အခြား ဘာဆိုဘာမှ သူမ စိတ်ထဲတွင် တွေးမနေချင်တော့။
..................

Mistasia မြို့၊ သချိုင်းမြေ၏ ​အတွင်းတစ်နေရာ။

"......Amointk sgju shae'
Amointk sgju shae'
Venoma neta”

Kelly မန္တာန်ကို မနည်း ထိန်းကာ ရွတ်နေရသည်။
အလွန် ပြင်းထန်သည့် မန္တာန်မလို့ magic တွေ သူမအပေါ် ပြန်ကန် မထွက်​လာစေရန် အတော်ကြီး သတိထားနေရသည်။

Werewolf ကျိန်စာတစ်ခု စဖို့ဆို Alex ၏ အဆိပ်အား အစီအရင် ကြိုလုပ်ထားဖို့ လို့သည်။

ထို့အတွက် လိုအပ်သည့် magic ကလည်း မနည်းမနောပင်။

သူမရှေ့ရှိ အဆိပ်ပုလင်းမှ အစိမ်းရောင် အငွေ့အသက်တွေ ထွက်လာသည့် အချိန်မှာတော့ သူမ မျက်ဝန်းတွေ တောက်ပသွားသည်။

နောက်ဆုံးတော့ အောင်မြင်သွားခဲ့ပြီပဲ။

Kelly အတော်လည်း ခြေကုန် လက်ပန်းကျသွားပြီ ဖြစ်သည်။
Sabrina ဆီက စုပ်ယူထားသည့် အစွမ်းတွေလည်း ကုန်သ လောက်နီးပါး ဖြစ်ပြီဟု သူမ သဘောပေါက်လိုက်သည်။

Christopher က တော်တော် အကွက်စေ့သည်ဟု တွေးမိတော့ သူမ ပြုံးမိသွားသည်။

ထို့နောက် အဆိပ်ထည့်ထားသော ပုလင်းကို သူမ ကောက်ယူကာ သေချာပြန်စစ်​ကြည့်လိုက်သည်။

အားလုံးကွက်တိ အဆင်ပြေပြီ။

အခုဆိုလျှင် Chrisက Tribrid ဖြစ်ရန် Alex ၏ အဆိပ်ကို သောက်သုံးလိုက်ရန်သာ လိုတော့သည်။

အနားတွင် ချထားသော အခေါင်းကို သူမ တစ်ချက် စောင်းငဲ့ကြည့်လိုက်သည်။

Alex နှင့် ဖုန်းမဆက်ခင်ကမှ Chris က သူ့အစီအစဥ်
အပြည့်အစုံကို သူမအား ပြောပြသည်။

အစကတော့ သူမ ယုံတောင် မယုံနိုင် ဖြစ်သွားမိသည်။

သို့သော်လည်း ကိစ္စမရှိ။
Chris လုပ်တာဆို အကောင်းဆုံးပဲ ဖြစ်မှာဟု သူမ
ယုံကြည်သည်။

Chris လုပ်နေကြအတိုင်း အခေါင်းပေါ်ရှိ နာမည်ကို သူမ လက်နှင့် ပွတ်သတ်ရင်း တစ်လုံးချင်း အသံထွက်ကာ ရေရွတ်လိုက်မိသည်။

"H.E.N.R.Y ”
..............
A/N
Sue ပြောခဲ့သလိုပဲ Sue က David ကို အချစ်ဆုံးပါလို့😢😢

(Zawgyi)

David သူ႕ရင္ဘတ္ထဲ စိုက္ဝင္သြားေသာ သစ္သားေခ်ာင္းကို ငုံ႕ၾကည့္လိုက္သည္။

ေျခဖဝါးေတြမွ စ၍ ေျခာက္ေသြ႕လာတာကို ခံစားမိသည္ႏွင့္ အခ်ိန္ဆြဲမေနေတာ့ဘဲ က်န္သမွ် အားအကုန္ သုံးကာ Christopher ကို စည္းဝိုင္းထဲ ဆြဲထည့္လိုက္သည္။

ထို႔ေနာက္ စည္းဝိုင္း အျပင္ဘက္ကို အလ်င္အျမန္ ထြက္ကာ လက္ဖဝါးႏွစ္ဖက္ကို ေထာင္ထားရင္း Emily ကို အေမာတေကာ ေအာ္ေျပာလိုက္မိသည္။

"Emily အခု လုပ္ေတာ့။”

David ၏ အသံၾကားသည္ႏွင့္ Emily က Steve ကို ေခါင္းညိတ္ျပလိုက္သည္။
သူတို႔ အႀကံကို ရိပ္မိသြား၍ သူမဆီ ေျပးလာေသာ Rachel ကို အသင့္ျပင္ထားေသာ Steve က ေနာက္ကေန သိုင္းဖက္ကာ ထိန္းထားေပးသည္။

"ငါ့ကို လႊတ္စမ္း အရိုင္းအစိုင္းေကာင္။
Emily နင္ လုပ္ရဲရင္ လုပ္ၾကည့္။
Emilyyy
ငါ ေတာင္းပန္ပါတယ္။
ေက်းဇူးျပဳၿပီး မလုပ္လိုက္ပါနဲ႕။
Emily ေက်းဇူးျပဳၿပီး။”

အလန့္တၾကား ေအာ္ဟစ္ေနေသာ Rachel ကို Emily ရင္နာစြာျဖင့္ လ်စ္လ်ဴရႈလိုက္ရသည္။
ထို႔ေနာက္ သူမ၏ magic အေပၚ ေသခ်ာအာ႐ုံစိုက္ၿပီး မႏၱာန္ကို အားအျပည့္ႏွင့္ ေရ႐ြတ္လိုက္သည္။

"Sacria fisia neta”

႐ုတ္တရက္ မထင္မွတ္ထားသည့္ အျပဳအမူေၾကာင့္ Christopher အငိုက္မိသြားသျဖင့္ စည္းဝိုင္းထဲတြင္ လဲက်သြားရသည္။
ခ်က္ခ်င္း ျပန္ထဖို႔ လုပ္ေနစဥ္မွာဘဲ ေကာင္ေလး၏
လက္မွ အဝါေရာင္ အလင္းတန္းေတြ ထြက္လာကာ
စည္းဝိုင္းက မီးထေတာက္သြားသည္။

ျပန္ၿငိမ္းသြားေသာ မီးႏွင့္အတူ ဒီေကာင္ေလး ဘာလုပ္လိုက္လဲ ဆိုတာ Christopher သေဘာေပါက္သြားၿပီ ျဖစ္သည္။

"ဒီ စည္းဝိုင္းေလးက ငါ့ကို ဘယ္ေလာက္ၾကာၾကာ ထိန္းထားနိုင္မယ္လို႔ မင္းထင္ေနတာလဲ။”

သူေမးေတာ့ David က တဟက္ဟက္ ရယ္သည္။
ေျခေထာက္မွစ၍ ေျခာက္ေသြ႕လာမႈက လည္ပင္းနားထိေရာက္လာၿပီ ျဖစ္သျဖင့္ မ်က္ႏွာက ျဖဴသေလာက္
တစ္ကိုယ္လုံးက ခဲေရာင္ ျဖစ္ေနသည္။
အနက္ေရာင္ ေသြးေၾကာမ်ားကလည္း တစ္ကိုယ္လုံးတြင္ ေၾကာက္မက္ဖြယ္ေကာင္းေလာက္ေအာင္ ထင္းေနသည္။

"မေျပာတတ္ဘူးေလ။
ဒါေပမယ့္ little Hemsworth က ခင္ဗ်ား အနိုင္ပိုင္းလိုက္တာကိုေတာ့ ခံရခက္သြားတယ္ မလား။
ဒါနဲ႕ Christopher အဲ့ဒါက ခင္ဗ်ားရဲ႕ အားနည္းခ်က္တဲ့လား။
ႀကီးျမတ္တဲ့ Christopher ရဲ႕ အားနည္းခ်က္က အဲ့တာေလးတဲ့လား။
တစ္ေလာကလုံးကေတာ့ အေဟာင္းသားေတြ ျဖစ္ရေတာ့မွာပဲ။”

မ်က္ခုံးႏွစ္ဖက္လုံးပင့္ျပကာ ခနဲ႕သံႏွင့္ ေျပာေနသည့္အခ်ိန္တြင္ David ၏ ေမးေစ့ကပါ ခဲေရာင္ ေျပာင္းေနၿပီ ျဖစ္သည္။

ေနာက္ဆုံး​အေနျဖင့္ Christopher ကို ေလွာင္ၿပဳံးၿပဳံးကာ မ်က္စိတစ္ဖက္ မွိတ္ျပၿပီးသည့္ အခ်ိန္တြင္ေတာ့

နဖူးထိ ခဲေရာင္ ေျပာင္းသြားကာ ဝုန္းခနဲ လဲက် ေသဆုံးသြားေတာ့သည္။
.....................

Lucas ကို ရင္ခြင္ထဲထည့္ကာ ေပြ႕ဖက္ထားေပးရင္း Alex အေနာက္ရွိ နံရံကို ေက်ာမွီထားမိသည္။

Lucas၏ ခႏၶာကိုယ္မွ တျဖည္းျဖည္း ပို၍ ထြက္လာေသာ ေခြၽးေစးမ်ားကို သူ ခံစားလို႔ ရေနသည္။

ႏွစ္ေယာက္လုံး အခ်ိန္ အေတာ္ၾကာသည္အထိ ဘာစကားမွ မေျပာျဖစ္ၾက။

Lucas စိတ္သက္သာေအာင္ တစ္ခုခု ေျပာေပးခ်င္ေပမယ့္ ဘာေျပာရမွန္း သူမသိ။
ရင္ဝတြင္ ဆို႔နင့္နာက်င္ေနမႈေၾကာင့္ ဘာစကားမွလည္း ေျပာမထြက္နိုင္ေတာ့။

"ခင္ဗ်ား ေၾကာက္ေနလား။”

ေနာက္ဆုံးေတာ့ Lucas ကပဲ တိုးဖြဖြ အသံေလးႏွင့္ စေျပာလာသည္။

သူ ခ်က္ခ်င္း ေခါင္းခါျပလိုက္သည္။

"ဟင့္အင္း။
မေၾကာက္ပါဘူး။
ဘာမွ ေၾကာက္စရာမွ မရွိတာ။”

Lucas က သူ႕မ်က္ႏွာကို ေမာ့ၾကည့္ၿပီး အသံထြက္႐ုံေလး ရယ္သည္။

"လိမ္တာ။
ခင္ဗ်ား ေၾကာက္ေနပါတယ္ Alex
David နဲ႕ Rachel တစ္ခုခု ျဖစ္မွာကို ခင္ဗ်ား အရမ္းေၾကာက္ေနပါတယ္။”

သူ ဘာမွ ျပန္မေျပာေတာ့ Lucas ကပဲ ဆက္ေျပာသည္။

"ရပါတယ္ Alex
ဘာမွ မျဖစ္ပါဘူး။
ခင္ဗ်ား ကြၽန္ေတာ့္ကို ဘာမဆို အမွန္အတိုင္း ေျပာလို႔ရတယ္ဆိုတာ ခင္ဗ်ား သိတယ္မဟုတ္လား။”

Alex ဟက္ခနဲ အသံထြက္ေအာင္ ရယ္မိသြားသည္။
ၿပီးမွ သက္ျပင္းခ်ကာ ေခါင္းညိတ္လိုက္မိသည္။

"ဟုတ္တယ္ Lucas
ငါ အရမ္း​ေၾကာက္ေနတယ္။
ငါ့ဘဝမွာ အခုလို အေၾကာက္တရားမ်ိဳး ငါတစ္ခါမွ မခံစားခဲ့ရဖူးဘူး။
David အသက္ရွင္ရက္ ျပန္လာနိုင္ပါ့မလား။
Rachel ကိုပါ Chris ဒုကၡေပးေနၿပီလား ေတြးမိရင္း
ငါ...”

Alex က ​ေျပာေနရင္း ခဏ ရပ္လိုက္သည္။
အံကို တင္းတင္းႀကိတ္လိုက္ၿပီးမွ ဆက္ေျပာသည္။

"ပိုဆိုးတာက ဘာလဲ သိလား Lucas
သူတို႔ေတြကို ပူပန္တာနဲ႕ ထပ္တူ
မင္း တစ္ခုခု ျဖစ္သြားမွာကိုလည္း ငါ အရမ္းကို ေၾကာက္ေနမိတာပဲ။”

"ငါ မင္းကို အရမ္း ေဒါသထြက္ေနတုံးပဲ Lucas
မင္း သစၥာေဖာက္တာကို ငါ အခုထိ ခြင့္မလႊတ္နိုင္ေသးဘူး။
တစ္ဖက္မွာလည္း မင္း ေသသြားခဲ့ရင္ ဆိုတဲ့ အေတြးက ငါ့ရင္ကို မီးနဲ႕ ျမႇိုက္ေနသလို ခံစားရတယ္ Lucas”

"ငါ့ကို အခ်ိန္ အၾကာႀကီး ေအးခ်မ္းေပ်ာ္႐ႊင္ေစခဲ့တဲ့ မိန္းကေလးရဲ႕ ၿငိမ္းခ်မ္းမႈကို ေက်ာ္ၿပီး ငါ့အေပၚ အႀကံအစည္နဲ႕ ခ်ဥ္းကပ္ခဲ့တဲ့ မင္းရဲ႕ အသက္ကို ေ႐ြးခဲ့မိတယ္။
ငါ ႏွစ္ခါျပန္ မစဥ္းစားဘဲ ေ႐ြးခဲ့တာ။
အခုထိလည္း အဲ့ေ႐ြးခ်ယ္မႈ အေပၚ ေနာင္တမရမိဘူး။
ဘာလို႔လဲ Lucas
မင္းက ဘာမို႔လို႔၊
ဘာမို႔လို႔ ငါရဲ႕ ေ႐ြးခ်ယ္မႈတိုင္းက မင္းျဖစ္ေနရတာလဲ Lucas
ဘာျဖစ္လို႔ ...”

"ဘာျဖစ္လို႔လဲဆိုေတာ့ ခင္ဗ်ား ကြၽန္ေတာ့္ကို ခ်စ္လို႔ေပါ့။”

Lucas က ျဖတ္ေျပာလိုက္ေတာ့ Alex ၏ တုန္တုန္ယင္ယင္
စကားသံေတြ ရပ္သြားသည္။

"ခင္ဗ်ား ကြၽန္ေတာ့္ကို သိပ္ခ်စ္တာမလို႔။
အဲ့အခ်စ္ေတြက ခင္ဗ်ားရဲ႕ က်ိဳးေၾကာင္းဆီေလ်ာ္စြာ
ေတြးေခၚနိုင္စြမ္းကို ေဝဝါးသြားေစတာမလို႔။
အဲ့တာေၾကာင့္ ခင္ဗ်ားအေပၚ သိပ္ေကာင္းခဲ့တဲ့ မိန္းကေလးထက္ ကြၽန္ေတာ့္လို ခင္ဗ်ားအေပၚ မရိုးသားတဲ့လူကို ေ႐ြးမိတာ Alex
ခင္ဗ်ား ကြၽန္ေတာ့္ကို ခ်စ္တာမလို႔။ ”

Lucas ကို ဖက္ထားေသာ Alex ၏ လက္ေတြ ပိုတင္းက်ပ္သြားသည္။
သူ႕ရင္ခြင္ထဲေရာက္ေအာင္ ပိုတင္းတင္းဆြဲဖက္လိုက္ကာ
သူ႕ေမးေစ့ကို Lucas ၏ ေခါင္းေပၚ ဖြဖြေလးတင္လာသည္။

"ဟုတ္တယ္ Lucas
မင္းေျပာတာ မွန္တယ္။
ငါမင္းကို အရမ္းခ်စ္တာမို႔လို႔။
မင္းကို ခ်စ္လြန္းလို႔ ငါ့ရင္ေတြ ေပါက္ကြဲေတာ့ မတတ္ဘဲ။
ငါ အခု မင္းကို စိုးရိမ္ရလြန္းလို႔ ရင္တစ္ခုလုံး ပူေလာင္ေနရေပမယ့္လည္း မင္းကို ခ်စ္ခဲ့မိတဲ့ အတြက္ ငါ လုံးဝ ေနာင္တမရဘူး။”

"မင္း အခု အသက္ရွင္သည္ျဖစ္ေစ၊ မရွင္သည္ျဖစ္ေစ ငါမင္းကိုပဲ ဆက္ခ်စ္ေနမိမွာပဲ။
ငါ့ရဲ႕ သက္တမ္းက ထာဝရဆိုရင္ အဲ့ဒီ ထာဝရတစ္ေလွ်ာက္လုံး မင္းကိုပဲ ခ်စ္ေနမိမွာဘဲ။
အကယ္၍ အေၾကာင္းတစ္ခုခုေၾကာင့္ ထာဝရဆိုတဲ့ အခ်ိန္ ေက်ာ္လြန္သြားရင္ေတာင္ မင္းကိုပဲ ေ႐ြးခ်ယ္ေနမိဦးမွာ Lucas”

ေျပာေနရင္း Lucas၏ မ်က္ႏွာကို ငုံ႕ၾကည့္လာကာ ပါးျပင္​ေလးကို ခပ္ဖြဖြ အုပ္ကိုင္လိုက္သည္။

"မင္းလို ဘာမွမဟုတ္တဲ့ သာမန္ ခပ္တုံးတုံး ေကာင္ေလးကို ငါဘာလို႔မ်ား အဲ့ေလာက္ ခ်စ္မိသြားခဲ့ပါလိမ့္။
ကိုယ့္ကိုယ္ကို တကယ္ နားမလည္ဘူး။”

Alex က ေခါင္းျပန္ေမာ့သြားကာ ဟက္ခနဲ တစ္ခ်က္ ရယ္လိုက္သည္။
မ်က္လုံးေထာင့္မွလည္း မ်က္ရည္တစ္စက္က ပါးေပၚသို႔ စီးက်လာသည္။

"ဒါကေတာ့ Xan
ခင္ဗ်ား ဘယ္သူ႕ကို ခ်စ္မယ္ဆိုတာ ခင္ဗ်ား ေ႐ြးခ်ယ္လို႔ မရဘူးေလ။
ခင္ဗ်ားရဲ႕ ႏွလုံးသားက ကြၽန္ေတာ့္လို ခပ္ညံ့ညံ့ေကာင္ေလးကို ေ႐ြးလိုက္တာကိုး။”

Lucas ၿပဳံးၿပီး ျပန္ေျဖလိုက္မိသည္။
ေသလုေမ်ာပါးျဖစ္ကာ အလြန္နာက်င္ေနရေသာ္လည္း Xan ၏ ဝန္ခံခ်က္ကို ၾကားလိုက္ရသျဖင့္ ၾကည္ႏူးဆြတ္ပ်ံ့မႈေတြက တစ္ကိုယ္လုံးသို႔ စီးဆင္းသြားသလို ခံစားလိုက္ရသည္။

အက်ီအိတ္ကပ္ကို ႏွိုက္ကာ လက္ကိုင္ပဝါေလး တစ္ထည္ကို ဆြဲထုတ္လိုက္ၿပီး Xan ပါးျပင္ေပၚက မ်က္ရည္စက္​ေလးကို ဖြဖြေလး သုတ္ေပးလိုက္သည္။

"ဒီ လက္ကိုင္ပဝါက”

Xan ျပဴးတူၿပဲတဲ ေမးသည္ကို Lucas က ၿပဳံးရင္ႏွင့္ပင္ ေခါင္းညိတ္ျပလိုက္သည္။

"ဟုတ္တယ္။
ကြၽန္ေတာ္ ခင္ဗ်ားကို စာၾကည့္ခန္းထဲမွာ စာရင္းလာကူ လုပ္ရတုန္းက သေရသုတ္ဖို႔ ခင္ဗ်ား ေပးခဲ့တဲ့ဟာ။
စိတ္မပူပါနဲ႕ ကြၽန္ေတာ္ ေလွ်ာ္ထားပါတယ္။”

ရယ္သံစြက္ၿပီး ေျပာေသာ Lucas ၏ အသံက ၾကားရ႐ုံေလးသာ။

"ကြၽန္ေတာ္ ခင္ဗ်ားကို ခ်စ္တယ္ဆိုတာေတာ့ ခင္ဗ်ား
သိတယ္မလားဟင္။
အင္းး သိခ်င္မွလည္း သိမွာေပါ့။
ခင္ဗ်ားကလည္း ငတုံးပဲဟာကို။
ခင္ဗ်ားကိုသာ မခ်စ္မိခဲ့ရင္ ကြၽန္ေတာ္ ခုလို ဒုကၡေရာက္ရမွာ မဟုတ္ဘူး။
ဒါေပမယ့္ ခင္ဗ်ား ေျပာသလိုပဲ Xan
ကြၽန္ေတာ္လည္း ခင္ဗ်ားကို ခ်စ္ခဲ့မိတဲ့အတြက္ တကယ္ ေနာင္တမရပါဘူး။”

ေျပာေနရင္း Lucas အသံက တိုးညွင္းကာ ရပ္သြားသည္။
Alex အလန့္တၾကား ငုံ႕ၾကည့္လိုက္မိေတာ့ Lucas ၏ မ်က္ခံြေတြက မွိတ္က်သြားၿပီျဖစ္သည္။
ခပ္ႏွေးႏွေး လႈပ္ရွားေနေသးေသာ ရင္ဘတ္ေၾကာင့္သာ အသက္ရႉေနေသးေၾကာင္း သိရသည္။

Alex အံကို တင္းတင္း ႀကိတ္ရင္း ေနာက္က နံရံႏွင့္သာ သူ႕ေခါင္းသူ ေဆာင့္ပစ္လိုက္မိေတာ့သည္။
.................

႐ုတ္တရက္ ျပတ္ေတာက္သြားေသာ အဆက္အသြယ္ေၾကာင့္ David အသက္မရွိေတာ့ဆိုတာ Emily သေဘာေပါက္လိုက္သည္။

သူတို႔ ႏွစ္ေယာက္၏ အႀကံအစည္ကေရာ ေအာင္ျမင္ရဲ႕လား မသိ။

ထိုစဥ္ တည္ေနရာ မႏၱာန္အတြက္ အစီအရင္ လုပ္ထားေသာေျမပုံက မီးထေတာက္လာသျဖင့္ သူတို႔ ႏွစ္ေယာက္၏
အစီအစဥ္ ေအာင္ျမင္သြား​ၿပီျဖစ္ေၾကာင္း Emily သေဘာေပါက္လိုက္သည္။

သူမ ထိုမီးမ်ားအေပၚသို႔ အလ်င္အျမန္ လက္တင္ကာ အာ႐ုံခံစားလိုက္သည္။

Mistasia ၿမိဳ႕ႏွင့္ ကပ္လ်က္ တည္ရွိသည့္ ၿမိဳ႕။
ထိုၿမိဳ႕၏ အစြန္အဖ်ားရွိ အိမ္ေဟာင္းႀကီး တစ္လုံးတြင္ ျဖစ္သည္။

"ဘယ္ေနရာမွာလဲ Emily”

Steve လႊတ္ေပးလိုက္သည္ႏွင့္ Rachel က စားပြဲကို ဝုန္းခနဲ ထုကာ သူမကို ေဒါသတႀကီး ေမးသည္။

Emily ေနရာ အတိအက် ခံစားလို႔ရသည္ႏွင့္ လက္ကို
ျပန္႐ုတ္ကာ Rachel ကို မဝံ့မရဲ ေမာ့ၾကည့္လိုက္မိသည္။

"...... မွာ”

ေနရာ အတိအက် ေျပာလိုက္သည္ႏွင့္ Rachel က
သူမကို ေစာင္းၾကည့္ကာ ေနရာမွ ခ်က္ခ်င္း ​ေျပးထြက္သြားေတာ့သည္။

Rachel မ်က္ဝန္းထဲက သူမကို နာက်ည္းသည့္ အရိပ္အေယာင္ေတြကို ေတြ႕ရေတာ့ Emily ရင္ထဲ အမွန္တကယ္ ဝမ္းနည္းနာက်င္လာမိသည္။

"ကိုယ္လိုက္သြားလိုက္ပါ့မယ္ Em”

Steve က သူမကို ပါးခ်ိဳင့္ေတြ ေပၚသည္အထိ ၿပဳံးျပကာ ေျပာသည္။

Emily က ေယာင္ေယာင္ေလး ၿပဳံးကာ ေခါင္းညိတ္ျပလိုက္ေတာ့ သူမ၏ ပုခုံးကို တစ္ခ်က္
ဖ်စ္ညွစ္လိုက္ၿပီးေနာက္ Rachel ​ေနာက္သို႔ လိုက္သြားသည္။

Emily တစ္ေယာက္ ဝဲတက္လာေသာ မ်က္ရည္ေတြကို ထိန္းမေနေတာ့။
ဘာလို႔မွန္းမသိ စိတ္ခံစားခ်က္ေတြ အားလုံးေရာေထြးလာကာ သည္းသည္းနင့္နင့္ ငိုခ်လိဳက္မိသည္။

ဒီအခ်ိန္ ဒီမိနစ္ပိုင္း တစ္ခ်ိဳ႕မွာေတာ့ ငိုေႂကြးျခင္းမွလြဲ၍ အျခား ဘာဆိုဘာမွ သူမ စိတ္ထဲတြင္ ေတြးမေနခ်င္ေတာ့။
..................

Mistasia ၿမိဳ႕၊ သခ်ိဳင္းေျမ၏ ​အတြင္းတစ္ေနရာ။

"......Amointk sgju shae'
Amointk sgju shae'
Venoma neta”

Kelly မႏၱာန္ကို မနည္း ထိန္းကာ ႐ြတ္ေနရသည္။
အလြန္ ျပင္းထန္သည့္ မႏၱာန္မလို႔ magic ေတြ သူမအေပၚ ျပန္ကန္ မထြက္​လာေစရန္ အေတာ္ႀကီး သတိထားေနရသည္။

Werewolf က်ိန္စာတစ္ခု စဖို႔ဆို Alex ၏ အဆိပ္အား အစီအရင္ ႀကိဳလုပ္ထားဖို႔ လို႔သည္။

ထို႔အတြက္ လိုအပ္သည့္ magic ကလည္း မနည္းမေနာပင္။

သူမေရွ႕ရွိ အဆိပ္ပုလင္းမွ အစိမ္းေရာင္ အေငြ႕အသက္ေတြ ထြက္လာသည့္ အခ်ိန္မွာေတာ့ သူမ မ်က္ဝန္းေတြ ေတာက္ပသြားသည္။

ေနာက္ဆုံးေတာ့ ေအာင္ျမင္သြားခဲ့ၿပီပဲ။

Kelly အေတာ္လည္း ေျခကုန္ လက္ပန္းက်သြားၿပီ ျဖစ္သည္။
Sabrina ဆီက စုပ္ယူထားသည့္ အစြမ္းေတြလည္း ကုန္သ ေလာက္နီးပါး ျဖစ္ၿပီဟု သူမ သေဘာေပါက္လိုက္သည္။

Christopher က ေတာ္ေတာ္ အကြက္ေစ့သည္ဟု ေတြးမိေတာ့ သူမ ၿပဳံးမိသြားသည္။

ထို႔ေနာက္ အဆိပ္ထည့္ထားေသာ ပုလင္းကို သူမ ေကာက္ယူကာ ေသခ်ာျပန္စစ္​ၾကည့္လိုက္သည္။

အားလုံးကြက္တိ အဆင္ေျပၿပီ။

အခုဆိုလွ်င္ Chrisက Tribrid ျဖစ္ရန္ Alex ၏ အဆိပ္ကို ေသာက္သုံးလိုက္ရန္သာ လိုေတာ့သည္။

အနားတြင္ ခ်ထားေသာ အေခါင္းကို သူမ တစ္ခ်က္ ေစာင္းငဲ့ၾကည့္လိုက္သည္။

Alex ႏွင့္ ဖုန္းမဆက္ခင္ကမွ Chris က သူ႕အစီအစဥ္
အျပည့္အစုံကို သူမအား ေျပာျပသည္။

အစကေတာ့ သူမ ယုံေတာင္ မယုံနိုင္ ျဖစ္သြားမိသည္။

သို႔ေသာ္လည္း ကိစၥမရွိ။
Chris လုပ္တာဆို အေကာင္းဆုံးပဲ ျဖစ္မွာဟု သူမ
ယုံၾကည္သည္။

Chris လုပ္ေနၾကအတိုင္း အေခါင္းေပၚရွိ နာမည္ကို သူမ လက္ႏွင့္ ပြတ္သတ္ရင္း တစ္လုံးခ်င္း အသံထြက္ကာ ေရ႐ြတ္လိုက္မိသည္။

"H.E.N.R.Y ”
..............
A/N
Sue ေျပာခဲ့သလိုပဲ Sue က David ကို အခ်စ္ဆုံးပါလို႔😢😢

पढ़ना जारी रखें

आपको ये भी पसंदे आएँगी

107K 8.7K 40
အချစ်အတွက်သာဆိုရင် လယ်ပဲစိုက်ရစိုက်ရ ကျားပဲဖမ်းရ ဖမ်းရ သွေး မမှုပါဘူး ။ အဓိက မယွန်းသဒ္ဓါသိမ့် နဲ့ပေါင်းရဖို့ပဲ ။ #ခွန်းစစ်လွန်းသွေး
43.4K 5.4K 40
ရင်ခုန်သူထံ တိမ်းညွှတ်ခြင်း
14.9K 227 5
ကိုယ်အကြိုက်ဆုံး တွင်းလေးမို့ စိန်ကွပ်ထားလိုက်ချင်တယ်..မင်းအပေါက်လေးကို...fuckဘဲ baby..(🔞)
349K 21.9K 44
ទោះអូនមិនស្រលាញ់បង តែសុំត្រឹមអោយបងអាចនៅក្បែរអូនបែបនេះរហូតបានទេ?