The Legendary Master's Wife (...

By Sailor_Moon_94

786K 133K 8.8K

Chapter 232 to Chapter 320. Both zawgyi & unicode available. Legendary Master's Wife {Myanmar Translation} Or... More

CHAPTER 232
CHAPTER 233
CHAPTER 234.
CHAPTER 235
CHAPTER 236
CHAPTER 237
CHAPTER 238
CHAPTER 239
CHAPTER 240
CHAPTER 241
CHAPTER 242
CHAPTER 243
CHAPTER 244
CHAPTER 245
CHAPTER 246
CHAPTER 247
CHAPTER 248
CHAPTER 249
CHAPTER 250
CHAPTER 251
CHAPTER 252
CHAPTER 254.
CHAPTER 255
CHAPTER 256
CHAPTER 257
CHAPTER 258
CHAPTER 259
CHAPTER 260
CHAPTER 261.
CHAPTER 262
CHAPTER 263
CHAPTER 264
CHAPTER 265
CHAPTER 266
CHAPTER 267
CHAPTER 268
CHAPTER 269
CHAPTER 270
CHAPTER 271
CHAPTER 272
CHAPTER 273
CHAPTER 274
CHAPTER 275
CHAPTER 276
CHAPTER 277
CHAPTER 278
A/N
CHAPTER 279
CHAPTER 280
CHAPTER 281
CHAPTER 282
CHAPTER 283.
CHAPTER 284
CHAPTER 285
CHAPTER 286
CHAPTER 286 (ဒီတစ်ခါအတည်)
CHAPTER 287
CHAPTER 288
CHAPTER 289
CHAPTER 290 (Part1)
CHAPTER 290 (Part 2)
CHAPTER 291
CHAPTER 292
CHAPTER 293
CHAPTER 294
CHAPTER 295
CHAPTER 296
CHAPTER 297
CHAPTER 298
CHAPTER 299
CHPATER 300.
CHAPTER 301
CHAPTER 302
CHAPTER 303
CHAPTER 304
CHAPTER 305
CHAPTER 306
CHAPTER 307
CHAPTER 308
CHAPTER 309
CHAPTER 310
CHAPTER 311
CHAPTER 312
CHAPTER 313
CHAPTER 314
CHAPTER 315
CHAPTER 316
CHAPTER 317
CHAPTER 318
CHAPTER 319
CHAPTER 320
Finale

CHAPTER 253

8.9K 1.6K 149
By Sailor_Moon_94



Zawgyi ver.







ေမွာ္ဝင္သားရဲေတြ ေတာင္ပံုရာပံု ...














အႀကီးအကဲေကာင္းသည္ ယူေ႐ွာင္မို၏ သံသယမ်ားအား သတိထားမိသြားေသာေၾကာင့္ သူ၏ သလင္းလံုးမ်ားအေၾကာင္း ႐ွင္းျပေလသည္၊ ထိုအေၾကာင္းအရာသည္ လ်ိႈဳ႕ဝွက္ထားစရာကိစၥ မဟုတ္သလို ေက်ာင္းေတာ္၌လည္း ထိုအေၾကာင္းအရာအား သိရွိထားေသာ ေက်ာင္းသားမ်ားစြာ ႐ွိေသာေျကာင့္ ေပါ့ပါးစြာ ႐ွင္းျပႏိုင္ေပသည္ ။


သို႔ေသာ္ အႀကီးအကဲေကာင္းသည္ ၎သလင္းလံုးမ်ားအား စစ္ေဆးရန္ သြားခဲ့သည္မွာေတာ့ တိုက္ဆိုင္မႈသက္သက္သာ ျဖစ္သည္၊ သလင္းလံုးမ်ားသည္ ပံုမွန္အားျဖင့္ အခန္းတစ္ခုအတြင္း၌ ထည့္ပိတ္ထားျခင္း ျဖစ္ၿပီး သလင္းလံုးမ်ား ကြဲအက္ျခင္း ကဲ့သို႔ေသာ ျပႆနာ တစ္စံုတစ္ရာ႐ွိေသာ အခါမွသာ ထိုအခန္းအတြင္းသို႔ ဝင္ေလ့႐ွိသည္၊ ထို႔အျပင္ မိမိ၏ အဆင့္တက္ျခင္းအား အျခားသူမ်ားထံသို႔ အသိမေပးလိုေသာ ေက်ာင္းသားမ်ားလည္း ႐ွိေနတတ္ေသးသည္ မဟုတ္ပါလား ။

သလင္းလံုးမ်ားအေၾကာင္း ၾကားၿပီးေသာအခါ ယူေ႐ွာင္မို၏ ႏွဖူးထက္၌ ေခြၽးေစးမ်ား ျပန္လာေလသည္ ။

႐ွယ္ခ်ိဳႏွင့္ အျခားသူမ်ားသည္ ယခုအခ်ိန္ သူ၏ အေဆာင္အတြင္း၌ တရားထိုင္လ်က္ ႐ွိေနၾကေပလိမ့္မည္၊ အႀကီးအကဲေကာင္းသာ သူ႔အေဆာင္၏ သလင္းလံုးအား သြားေရာက္စစ္ေဆးမိပါက အတြင္း၌ အျခားသူမ်ား ႐ွိေနေၾကာင္း ခ်က္ခ်င္း ရိပ္မိသြားေပလိမ့္မည္ ။

သို႔ေသာ္ အႀကီးအကဲေကာင္း၏ အမူအရာအား အကဲခတ္ရသေလာက္ သူသည္ လင္းေ႐ွာင္အေဆာင္၏ သလင္းလံုးကိုသာ စစ္ေဆးရေသးဟန္တူသည္၊ ထို႔ေၾကာင့္ သူသည္ ယူေ႐ွာင္မို႔အေဆာင္၏ သလင္းလံုးအား အခုထိ မစစ္ေဆးရေလာက္ေသး . . . .  ။






" အႀကီးအကဲေကာင္း ကြၽန္ေတာ့္ကို တစ္ခုခုမ်ား ခိုင္းစရာ႐ွိလို႔လား ခင္ဗ်? "

ယူေ႐ွာင္မို မဝံ့မရဲျဖင့္ ေမးလိုက္သည္ ။





ထိုအခါ အႀကီးအကဲေကာင္းသည္ သူ၏ေခါင္းကို ခါရမ္းရင္း ေျဖေလ၏ ။

" မဟုတ္ပါဘူး ငါက ဒီအတိုင္းပဲ ၾကည့္ဖို႔လာတာပါ.. ဒါေပမယ့္ မင္းက အခုအဆင့္တက္သြားပီဆိုေတာ့.. အခုတက္ေနတဲ့အတန္းက မင္းအတြက္ အဆင္ေျပေတာ့မွာ မဟုတ္ဘူး.. အဲ့ဒါေၾကာင့္ ဆရာမနင္က်င္းကို ေျပာလိုက္ရင္ သူကမင္းအတြက္ အတန္းေျပာင္းတာေတြ ဘာေတြ လုပ္ေပးလိမ့္မယ္ ဟုတ္ပီလား "




ယူေ႐ွာင္မိုသည္ သူ၏ေခါင္းကို ခ်က္ခ်င္းၿငိမ့္လိုက္ကာ..

" ဟုတ္ကဲ့ ကြၽန္ေတာ္ အသိေပးလိုက္ပါ့မယ္.. အၾကီးအကဲေကာင္းရဲ႕ အၾကံေပးမႈအတြက္ ေက်းဇူးအထူးတင္ပါတယ္.. အဲ့ဒါဆို ကြၽန္ေတာ့္ကို ခိုင္းစရာ မ႐ွိေတာ့ဘူးဆိုရင္ .. ကြၽန္ေတာ္ သြားလို႔ရမလားဗ်?  "









အႀကီးအကဲေကာင္းသည္ သူ၏ လက္တစ္ဖက္အား ေဝွ့ရမ္းလိုက္ရင္း ျပန္ေျပာသည္ ။

" ရပါတယ္ . . သြား . . သြား "







ေနာက္ဆံုးတြင္ေတာ့ သူသည္ လင္းေ႐ွာင္အား မေတြ႔ခဲ့ရပဲ ႐ွယ္ခ်ိဳႏွင့္ က်န္အေပါင္းအပါမ်ားအား သလင္းလံုးကိစၥအေၾကာင္း ေျပာျပရန္က ပိုအေရးႀကီးေနေသာေၾကာင့္ သူ၏အေဆာင္႐ွိရာသို႔သာ ေသလုေျမာပါး ျပန္ေျပးလာခဲ့ရေလသည္ ။













သူျပန္ေရာက္ေသာအခါ သူ၏ ခ်ိဳအသင္းအား သလင္းလံုးမ်ားအေၾကာင္း ႐ွင္းျပလိုက္၏၊ ထိုအေၾကာင္းအား ၾကားေသာ္ ၎တို႔အာလံုး တိတ္ဆိတ္သြားၾကေလသည္ ။





ပြင့္ပြင့္လင္းလင္းေျပာရလ်ွင္ ၎တို႔အတြက္ ယခုကဲ့သို႔ တရားက်င့္ရန္ ေနရာေကာင္းေကာင္းရရန္မွာ မလြယ္ကူေပ၊ သို႔ေသာ္ အႀကီးအကဲေကာင္းမွ ၎တို႔အား အခ်ိန္မေရြး ႐ွာေဖြေတြ႔႐ွိသြားႏိုင္သည္၊ ၎တို႔အားလံုးသည္ ယူေ႐ွာင္မိုႏွင့္ ဆက္ႏႊယ္ထားေသာ ေမွာ္ဝင္သားရဲမ်ား ျဖစ္ေသာ္ျငား ယူေ႐ွာင္မိုသည္ ယခုအခ်ိန္၌ သူ၏ ဝွက္ဖဲျဖစ္သည့္ ႐ွယ္ခ်ိဳအား လူအမ်ားေ႐ွ႕သို႔  မခ်ျပလိုေသးေပ ။











" တကယ္ေတာ့ အဲ့ေလာက္ႀကီးလဲ စိတ္ပူေနစရာမလိုပါဘူး .."

႐ွယ္ခ်ိဳသည္ သမ္းေဝေနရင္းမွ ထေျပာလိုက္သည္ ။

" ေသခ်ာစဥ္းစားၾကည့္ေလ .. အႀကီးအကဲေကာင္းက အဲ့အခန္းထဲကို သလင္းလံုး ကြဲလို႔သာ ဘာျဖစ္တာလဲဆိုပီး သြားၾကည့္ခဲ့တာမလား .. ကြၽန္ေတာ္ အဲ့အလံုးေတြကို အျပင္မွာ မျမင္ဖူးေပမယ့္လဲ အဲ့အလံုးေတြဆိုတာ အားအား႐ွိ ကြဲေနမယ့္ဟာေတြေတာ့ မဟုတ္ေလာက္ဘူး .. တျခားကိစၥတစ္ခုခု႐ွိလို႔သာ ကြဲသြားတာေနမွာ.. အဲ့ဒါေၾကာင့္ ျဖစ္ႏိုင္ေခ်အ႐ွိဆံုး အဓိကအေၾကာင္းအရင္းက . . . . သခင္ေလးကိုက ကံမဟားဒယားဆိုးေနလို႔ပဲ "




" ... ... "

အဲ့ဒါ တစ္စံုတစ္ေယာက္ကို ေသာက္ရမ္းေပ်ာ္ရႊင္သြားေစတဲ့ အေျဖမ်ိဳး မဟုတ္ဘူးေနာ္ သဲေလး!




သို႔ေသာ္လည္း ႐ွယ္ခ်ိဳေျပာသည္မွာ အေျခအျမစ္မ႐ွိသည္မ်ိဳးေတာ့လည္း မဟုတ္ေပ.. ၊ ထိုသို႔စဥ္းစားပီးေနာက္ ယူေ႐ွာင္မိုတစ္ေယာက္ စိတ္ေလ်ာ့ခ်လိုက္ကာ သူ၏ အဆင့္ငါး စြမ္းရည္မ်ားအား စစ္ေဆးရန္သာ အေပၚထပ္သို႔ တက္သြားေလေတာ့သည္ ။










ယူေ႐ွာင္မိုထြက္သြားေသာအခါ ေ႐ွာင္ေဟးသည္ မ်က္လံုးေလးျပဴးကာျဖင့္ ယူေ႐ွာင္မိုတက္သြားေသာ အေပၚထပ္သို႔ လို္က္ေငးၾကည့္ေန၏၊ ထို႔ေနာက္ ႐ွယ္ခ်ိဳဘက္သို႔ လွည့္ကာ ေမးလိုက္သည္ ။

" သခင္ေလးက အဆင့္ တက္သြားၿပီလား? "





႐ွယ္ခ်ိဳသည္ လက္ႏွစ္ဖက္ျဖင့္ ေမးေထာက္ထားရင္းမွ ပ်င္းရိေလးကန္စြာ ေျဖ၏ ။

" အင္း . . သူ အဆင့္ငါးေရာက္ေနၿပီ "


ေ႐ွာင္ေဟး ျပန္မေျဖေတာ့ေပ၊ သူသည္ သခင္ေလးအား သုခဘံုနယ္ေျမအတြင္း၌ ပထမဆံုး ေတြ႔ခဲ့ျခင္းျဖစ္ၿပီး ထိုအခ်ိန္က သခင္ေလးသည္ အဆင့္သံုး အျမင့္ဆံုးအဆင့္သာ ႐ွိေသးသည္၊ ၎သုခဘံုနယ္ေျမမွ ထြက္လာၿပီးေနာက္ သခင္ေလးသည္ အဆင့္ေလးသို႔ တက္သြားခဲ့၏၊ ထို႔ေၾကာင့္ သူသည္ သူ၏သခင္ေလး အဆင့္ေလးမွ အဆင့္ငါးသို႔တက္ရန္ အခ်ိန္မည္မ်ွသာ ျကာခဲ့သည္အား ႐ွင္း႐ွင္းလင္းလင္း သိေနေပသည္ ။






႐ွယ္ခ်ိဳသည္လည္း ဘာမ်ွ ဆက္မေျပာေပ၊ ဤကဲ့သို႔ အဆင့္တက္ျမန္သည့္ သခင္ေလးႏွင့္ ဆံုရကတည္းက သူတို႔အားလံုး အထုပ္ႀကီးႀကီး ပိုက္မိၿပီျဖစ္ေၾကာင္း နားလည္ထားၾကသည္၊ ၎တို႔သခင္၏ အဆင့္ျမင့္ေလေလ ၎တို႔အတြက္လည္း အက်ိဳးမ်ားေလေလ မဟုတ္ပါလား ။





၎တို႔ႏွစ္ေယာက္လံုး ဘာမွဆက္မေျပာၾကေတာ့သည္ကို ျမင္ေသာအခါ ဖီခ်ိဳ ဇေဝဇဝါျဖစ္သြားရ၏၊ ထို႔ေၾကာင့္ မေနႏိုင္ပဲ ထုတ္ေမးလိုက္သည္ ။

" သခင္ေလးက အျမဲတမ္း အံ့ျသဖို႔ အေကာင္းဆံုးပဲေနာ့! . . . ဒါမွမဟုတ္ . . အဲ့ဒါသူ႔အတြက္ မေကာင္းတဲ့အရာ တစ္ခုလားဟင္ . . အဆင့္ငါးျဖစ္သြားတာကေလ? "







ဖီခ်ိဳသည္ ေမြးကတည္းက ယူေ႐ွာင္မိုႏွင့္အတူ ႐ွိေနခဲ့ျခင္း ျဖစ္ေသာေၾကာင့္ ယူေ႐ွာင္မို၏ အဆင့္တက္မႈႏွုန္းအား အသိဆံုးျဖစ္သည္၊ ထို႔ေၾကာင့္ သူ႔အျမင္၌ သခင္ေလး၏ ယခုအဆင့္တက္ႏႈန္းသည္ ပံုမွန္အတိုင္းသာျဖစ္သည္ ။


ထိုေမးခြန္းအားၾကားေသာ္ အျခားသံုးေကာင္သည္ ႐ုတ္တရက္ သူ႔ဘက္သို႔ လွည့္လာၾကေလ၏ ။

၎တို႔သည္ ဤအေကာင္စုတ္ကေလးအား ေမ့ေနၾကျခင္းျဖစ္သည္၊ ၎တို႔ႏွင့္ သခင္ေလး ဆက္ႏႊယ္သည့္အခ်ိန္တိုင္း ဤအေကာင္စုတ္ကေလးက အရင္ ႐ွိေနခဲ့ၿပီးျဖစ္သည္ကို ၎တို႔အားလံုး ျမင္ေတြ႕ခဲ့ၾကရသည္ ၊ ထို႔ေၾကာင့္ ဤအေကာင္စုတ္ကေလးသည္ သခင္ေလး၏ အေျခအေနအား အသိဆံုး ျဖစ္ရမည္ ။

ထို႔ေၾကာင့္ ယူေ႐ွာင္မို၏ အဆင့္တက္ႏႈန္းအား လြန္စြာစိတ္ဝင္စားလ်က္႐ွိျကေသာ ၎တို႔သံုးေကာင္သည္ ဖီခ်ိဳအနားသို႔ ဝိုင္းအံုလာၾကေလေတာ့သည္ ။




















ထိုအခ်ိန္တြင္ ယူေ႐ွာင္မိုသည္ ကုယြမ္ဟုေခၚေသာ ေဆးတစ္မ်ိဳးအား ေဖာ္စပ္ရန္ ျပင္ဆင္ေနသည္၊ ယူေ႐ွာင္မို တုန္ေနေအာင္ခ်စ္ရေသာ သူ၏ခ်စ္စရာ့ဖီခ်ိဳကေလးမွာ က်န္ေမွာ္ဝင္သားရဲသံုးေကာင္၏ အတင္းအၾကပ္ စစ္ေဆးေမးျမန္းျခင္း ခံေနရသည္ကိုေတာ့ သူမသိလိုက္႐ွာေပ ။






၎ကုယြမ္ေဆး ဆိုသည္မွာ အဆင့္ငါးေဆးလံုးျဖစ္ၿပီး အေ႐ွ႕တြင္ ေဖာ္ျပခဲ့ဖူးေသာ ေရႊေရာင္အမႈန္႔ေဆးလံုးႏွင့္ အက်ိဳးသက္ေရာက္ပံုခ်င္း အတူတူျဖစ္သည္၊ ၎သည္ သိုင္းသမားတစ္ဦးကိုသာမက ေမွာ္ဆရာတစ္ဦး၏ အင္အားကိုပါ ေတာင့္တင္းခိုင္မာေစႏိုင္သည္ ။



သူ၏ နယ္ေျမအတြင္း၌ ကုယြမ္ေဆးအတြက္ လိုအပ္ေသာ ေဆးပင္အမ်ိဳးအားလံုး ႐ွိသည္၊ ယူေ႐ွာင္မိုသည္ ၎ေဆးက ေမွာ္ဆရာမ်ားအတြက္ပါ အက်ိဳး႐ွိသည္ဟု သိလိုက္ရကတည္းက ေဆးပင္မ်ားအား ႀကိဳတင္စုေဆာင္းကာ အဆင့္ငါးေမွာ္ဆရာျဖစ္မည့္ေန႔အား ေစာင့္ဆိုင္းေနခဲ့ျခင္း ျဖစ္သည္ ။


ယူေ႐ွာင္မိုသည္ အဆင့္ငါးျဖစ္သြားေသာ သူ၏ဝိဥာဥ္စြမ္းအားအား တစ္ခ်က္ စစ္ေဆးၾကည့္လိုက္သည္၊ သူ၏ ယခုစြမ္းအားသည္ ယခင္ကထက္ ပို၍ သိပ္သည္းလာေၾကာင္း ခံစားမိသည္၊ ထို႔အျပင္ သူ၏ ဝိဥာဥ္စြမ္းအားအား ေခၚထုတ္ရန္ ပို၍ လြယ္ကူလာၿပီး စြမ္းအားအသံုးျပဳ၍ ျပဳလုပ္ရေသာ ကိစၥမ်ားသည္လည္း ယခင္ကထက္ ပို၍ အဆင္ေျပ ေခ်ာေမြ႔လာသည္ ။

ယူေ႐ွာင္မိုသည္ ေဆးေဖာ္ျခင္းစတင္ရန္ သူ၏နယ္ေျမအတြင္းမွ က်င္းမင္ေဆးအိုးႏွင့္ ကုယြမ္ေဆးအတြက္ လိုအပ္ေသာ ေဆးပင္မ်ားအား ထုတ္ယူလိုက္သည္ ။

ဤေဆးလံုးသည္ သူကိုယ္တိုင္ အသံုးျပဳရန္ျဖစ္ေသာေၾကာင့္ ေဆးပင္တစ္ပင္ခ်င္းစီအား ေလးႀကိမ္စီ သန္႔စင္၏၊ သူ၏ နယ္ေျမအတြင္း၏ စိုက္ပ်ိဳးထားေသာ ေဆးပင္မ်ားသည္ အညစ္အေၾကးမ်ား မ်ားမ်ားစားစား ပါေလ့မ႐ွိေသာေၾကာင့္  အမ်ားဆံုး ေလးႀကိမ္အထိသာ သန္႔စင္ႏိုင္သည္၊ ၎အဆင့္တြင္ပင္ အခ်ိန္ေတာ္ေတာ္မ်ားမ်ား ကုန္ဆံုးသြားေလ၏ ။



ကံေကာင္းစြာပင္ လုပ္ငန္းစဥ္တစ္ခုလံုး အထစ္အေငါ့မ႐ွိပဲ ၿပီးဆံုးသြားသည္၊ ေဆးအိုးအတြင္းမွ အဝါေရာင္ေဆးလံုးေလး ပ်ံထြက္မလာခင္အထိ အခ်ိန္ နာရီဝက္ မ႐ွိတရွိသာ ၾကာလိုက္သည္ ။




ထိုတစ္ညလံုး ယူေ႐ွာင္မို အခန္းေအာင္းေနသည္၊ ေဆးေသာက္ၿပီးေနာက္ သူ၏ စြမ္းအားမ်ား တည္ၿငိမ္စြာ ေပါင္းစည္းရန္အတြက္ အခ်ိန္တစ္နာရီခန္႔မ်ွသာယူၿပီး က်န္အခ်ိန္မ်ားအား ေဆးေဖာ္ျခင္းျဖင့္ ကုန္ဆံုးေစလိုက္သည္၊ ယခု အဆင့္တက္သြားၿပီ ျဖစ္ေသာေၾကာင့္ အဆင့္ေလးေဆးလံုးမ်ား ေဖာ္စပ္ရာ၌ အလြန္ျမန္ဆန္ေနျပီး လုပ္ငန္းစဥ္မ်ားလည္း ယခင္ကထက္ပို၍ ေခ်ာေမြ႔လာသည္၊ ထို႔ေၾကာင့္ ေဆးလံုး အလံုးသံုးဆယ္အား ေဖာ္စပ္ရာ၌ ယခင္ယူေနက်အခ်ိန္၏ သံုးပံုနွစ္ပံုခန့္သာ ၾကာျမင့္ေလေတာ့သည္ ။








...............
















ဒုတိယေန႔တြင္ ယူေ႐ွာင္မိုသည္ သူ၏ဆိုင္ခန္းအား ခ်က္ခ်င္း မဖြင့္ေသးေပ ။


သူသည္ မေန႔ညက  သူ၏ လက္႐ွိ အေရာင္းအဝယ္အေၾကာင္း အနည္းငယ္ စဥ္းစားျဖစ္ခဲ့သည္.. ၊ ေစ်းသို႔သြားကာ ေန႔တိုင္း ဆိုင္ဖြင့္ေန႐ျခင္းသည္ သူ႔အတြက္ အခ်ိန္ကုန္သည့္အျပင္ လူပါပင္ပန္းသည္၊ ထို႔ေၾကာင့္ ေဆးလံုးမ်ားစုထားကာ ႏွစ္ရက္တစ္ခါ သို႔မဟုတ္ သံုးရက္တစ္ခါမွသာ  သြားေရာင္းရလ်ွင္ ေကာင္းမည္ဟု ေတြးမိသည္ ။


တကယ္လို႔ ေယာင္ရႊမ္းေျပာတာသာ အမွန္ဆိုရင္ သူ႔ေဆးလံုးေတြက ေရာင္းမထြက္ႏိုင္စရာ အေၾကာင္းမ႐ွိဘူးမလား.. ။












မနက္ေစာေစာတြင္ ယူေ႐ွာင္မိုသည္ သူ၏ခ်ိဳအသင္းအား အသိေပး၍ အျပင္ထြက္လာခဲ့သည္၊ ထို႔ေနာက္ ပိုင္လီေ႐ွာင္ယြီအား သြားမေခၚေတာ့ပဲ ဆရာမနင္က်င္း႐ွိရာသို႔ တစ္ေယာက္တည္း ထြက္လာသည္၊ သူ၏  အဆင့္တက္ျခင္းအား အျမဲ ဖံုးကြယ္ထား၍မရေပ၊ ထို႔အျပင္ အတန္းခြဲျခင္းသည္လည္း အဆင့္အေပၚ မူတည္ေနေသးေသာေၾကာင့္ ဤသတင္းသည္ အေႏွးႏွင့္အျမန္ ပ်ံ႕ႏွံ႔သြားမည္သာ ျဖစ္သည္၊ သို႔ေသာ္ သူေရာက္သြားေသာအခါ ဆရာမနင္က်င္းသည္ ေနရာ၌ ႐ွိမေနေပ ။

ထို႔ေၾကာင့္ ေခတၱမ်ွ စဥ္းစားေနၿပီးေနာက္ လက္ေလ်ာ့လိုက္ကာ လင္းေ႐ွာင္အား ႐ွာေဖြရန္ ထြက္လာခဲ့သည္ ။

လင္းေ႐ွာင္အား မေန႔ကတည္းက မေတြ႔ရေသးေသာေၾကာင့္ အကယ္၍ ယခုထိ ျပန္မေရာက္ေသးလ်ွင္ အနီး႐ွိ လူမ်ားအား လင္းေ႐ွာင္ အဘယ္သို႔သြားသည္အား အတိအက် ေမးျမန္းကာ လိုက္႐ွာရမည္ဟုလည္း ေတြးေနမိသည္ ။






ဒီတစ္ႀကိမ္ေတာ့ ယူေ႐ွာင္မို ကံေကာင္းေလသည္၊ အဘယ္ေၾကာင့္ဆိုေသာ္ လင္းေ႐ွာင္သည္ မနက္အေစာကတည္းက ျပန္ေရာက္ေနျပီး ျဖစ္သည္၊ လင္းေ႐ွာင္အေဆာင္သို႔ သြားရာလမ္းတစ္ေလ်ွာက္၌ လူအမ်ားအျပား တိုးေဝွ႔ စည္ကားလ်က္႐ွိသည္၊ ယူေ႐ွာင္မိုလည္း သိခ်င္စိတ္ျဖင့္ လမ္းေလ်ွာက္ေနစဥ္ပင္ အဆာင္ေ႐ွ႕သို႔ မေရာက္မီ တစ္ေနရာ၌ ထူပ်စ္လွေသာ ေသြးညႇီနံ႔မ်ား သူ၏ႏွာေခါင္းဝသို႔ ေရာက္႐ွိလာ၏ ။










ယူေ႐ွာင္မို လူအုပ္ၾကားထဲသို႔ အလ်င္အျမန္ တိုးေဝွ႔ၾကည့္႐ႈလိုက္၏၊ သို႔ေသာ္ ထိုေနရာ႐ွိ အေျခအေနအား ျမင္ေတြ႔လိုက္ရေသာအခါ သူစားလာခဲ့ေသာ မနက္စာကိုပင္ ျပန္အန္မိေတာ့မလို ျဖစ္သြားရ၏ ။















အဘယ္ေၾကာင့္ဆိုေသာ္ ထိုေနရာ၌ ေမွာ္ဝင္သားရဲအေလာင္းမ်ား ေတာင္ပံုရာပံု တည္႐ွိေနသည္၊ အခ်ိဳ႕မွာ လံုးဝ အသက္ေပ်ာက္ေနၿပီျဖစ္ၿပီး အခ်ိဳ႕မွာ မေသမ႐ွင္သာ ႐ွိေသးသည္၊  ၎တို႔အထဲ၌ အဆင့္နိမ့္ေမွာ္ဝင္သားရဲမ်ား၏ အေလာင္းမ်ား အမ်ားစုပါဝင္ေန၏၊ ယူေ႐ွာင္မိုသည္ တစ္ခ်က္ၾကည့္ရံုမ်ွျဖင့္ အေလာင္းမ်ား တစ္ရာေက်ာ္မည္ျဖစ္ေၾကာင္း ခန္႔မွန္းမိလိုက္သည္၊ ေဘးတြင္မူ အျခား အသက္႐ွိေနေသာ ေမွာ္ဝင္သားရဲမ်ား ႐ွိၿပီး ၎တို႔အား ေလွာင္အိမ္ထဲ ထည့္ပိတ္ထားသည္၊ ၎တို႔မွာ အေကာင္သံုးဆယ္ခန္႔႐ွိၿပီး အားလံုးမွာ အလယ္အလတ္အဆင့္ သားရဲမ်ား ျဖစ္ၾကသည္ ။



ယူေ႐ွာင္မိုသည္ ေက်ာင္းတြင္း၌ ေမွာ္ဝင္သားရဲမ်ား၏ အေရခြံႏွင့္ အသားမ်ားကို ဝယ္ယူလိုသူမ်ား ႐ွိေၾကာင္း သိထားသည္၊ အခ်ိဳ႕က အ႐ွင္လတ္လတ္ကို လိုခ်င္ၾကသည္၊ သို႔ေသာ္ ဤမ်ွေလာက္ ပမာဏမ်ားအား တစ္ခါတည္းႏွင့္ ဖမ္းႏိုင္ရန္မွာ လင္းေ႐ွာင္မွလြဲ၍ အျခားမ႐ွိႏိုင္ေတာ့ေပ ။


ယူေ႐ွာင္မို ေသခ်ာ လွမ္းၾကည့္လိုက္ေသာ္ျငား လင္းေ႐ွာင္၏ အရိပ္အေယာင္ကေလးကိုပင္ မျမင္ရေခ်၊ ထို႔ေၾကာင့္ သူ၏ အေဆာင္႐ွိရာသို႔သာ တန္းတန္းမတ္မတ္ ေျပးသြားလိုက္ေလေတာ့သည္၊ သို႔ေသာ္ ထိုေနရာသို႔ ေရာက္လ်င္ေရာက္ခ်င္း ျခံဝေ႐ွ႕၌ ေနာက္ထပ္ လူအုပ္ႀကီးအား ေတြ႔ရျပန္၏၊ ၎တို႔သည္ ျခံဝင္းအတြင္းသို႔ မဝင္ႏိုင္ၾကေသာေၾကာင့္ အျပင္၌သာ စိတ္လႈပ္႐ွားစြာ ရပ္ေစာင့္ေနၾကရသည္ ၊ ၾကည့္ေနရသည္မွာ စူပါစတားတစ္ေယာက္အား ေစာင့္ဆိုင္းေနၾကေသာ ဖန္မ်ားႏွင့္ပင္ တူေနေသးေတာ့၏ ။


ေျခသံၾကားေသာေၾကာင့္ လူအခ်ိဳ႕သည္ သူ႔အား လွည့္ၾကည့္လာၾကသည္ ။







နီးကပ္လာသည့္ လူအုပ္အတြင္း၌ မေန႔က သူႏွင့္ အျငင္းပြားခဲ့သည့္ ႐ွဳယြင္းကိုပါ ေတြ႔လိုက္ရ၏ ။







၎သည္ ယူေ႐ွာင္မိုအား ျမင္ေသာ္ ႏွာေခါင္း႐ွံဳ႕ကာ ႏွာမႈတ္သံတစ္ခု ျပဳလုပ္လိုက္၏၊ သို႔ေသာ္ ယူေ႐ွာင္မိုအား ရန္စရန္ တစ္ခြန္းမ်ွ မဟ၊ ယူေ႐ွာင္မိုတစ္ေယာက္ လင္းေ႐ွာင္အေဆာင္႐ွိရာသို႔ တန္းတန္းမတ္မတ္ ေလ်ွာက္သြားသည့္တိုင္ ၎မွ သူ႔အား ႐ႈပ္ေထြးေသာ အမူအရာမ်ိဳးျဖင့္ လွမ္းၾကည့္လ်က္သာ က်န္ခဲ့သည္ ။




ထို႔ေၾကာင့္ ႐ွဳယြင္းအေ႐ွ႕သို႔ ေရာက္ေသာအခါ ယူေ႐ွာင္မိုသည္ သူ၏ေျခလွမ္းမ်ားအား တမင္တကာ အ႐ွိန္ေလ်ာ့ခ်လိုက္ၿပီး  ေခါင္းေမာ့ရင္ေကာ့လ်က္ အေဆာင္တြင္းသို႔ ဝင္သြားေလ၏ ။

ဟင္း . . ငါမင္းကို စိတ္တိုေအာင္ မလုပ္ႏိုင္ဘူးဆိုတာ မယံုဘူး!







တကယ္ကိုပင္ ထိုလုပ္ရပ္သည္ ႐ွွဳယြင္းအား ဆို႔နင့္သြားေစရန္ လံုေလာက္သည္၊ ယူေ႐ွာင္မိုသည္ အကာအကြယ္စည္းအား ထြင္းေဖာက္ကာ ႐ွဳယြင္း၏ ေခ်ာေမာေသာ မ်က္ႏွာကေလး မင္အိုးကဲ့သို႔ မဲေမွာင္သြားသည္အား လွမ္းၾကည့္လိုက္ေသး၏၊ အဆိပ္ျပင္းေသာ မ်က္လံုးမ်ားျဖင့္ ႐ွဳယြင္းမွ သူ႔အား အကာအကြယ္စည္းအတြင္းမွ တူးထုတ္ပစ္ခ်င္ေနေၾကာင္း လွမ္းသတိေပးလ်က္ က်န္ခဲ့ေလသည္ ။











အေဆာင္တြင္းသို႔ေရာက္ေသာ္ လင္းေ႐ွာင္အား ပထမထပ္၌ မျမင္ရေသာေၾကာင့္ အေပၚထပ္သို႔ ခ်က္ခ်င္း ေျပးတက္သြားလိုက္၏ ။




လင္းေ႐ွာင္တစ္ေယာက္ အေပၚထပ္၌ ႐ွိေနမည္ဟု ထင္ထားခဲ့ေသာ္ျငား လွည့္ပတ္ၾကည့္လိုက္ေသာအခါ လင္းေ႐ွာင္၏ အရိပ္ကိုပင္ မေတြ႔ရေသာေၾကာင့္ ယူေ႐ွာင္မို ဇေဝဇဝါျဖစ္သြားရကား ေအာက္ထပ္သို႔ ျပန္ဆင္းလာခဲ့၏ ။



လင္းေ႐ွာင္ မည္သည့္ေနရာမွာမ်ား ပုန္းေနလိမ့္မလဲဟု ေတြးေနစဥ္အတြင္း ႐ုတ္တရက္ လိုက္ကာေနာက္မွ တစက္စက္က်ေနေသာ ေရသံမ်ားအား ၾကားလိုက္ရ၏၊ အလြန္အမင္း ေပ်ာ္ရႊင္သြားေသာေၾကာင့္ လိုက္ကာအား မဆြဲဖယ္ခင္တြင္ ယူေ႐ွာင္မိုတစ္ေယာက္ ဘာကိုမ်ွ မစဥ္းစားလိုက္မိပါေခ်၊ ထို႔ေၾကာင့္ သူ၏ မ်က္လံုးမ်ားသည္ လင္းေ႐ွာင္၏ ခႏၶာကိုယ္အႏွံ႔ ကပ္တြယ္လ်က္႐ွိေသာ ေတာင့္တင္းသန္မာသည့္ ျကြက္သားျကီးမ်ားႏွင့္ ေတြ႔ဆံုသြားရ၏ ၊ သို႔ေသာ္ ၎မွာ အေရးႀကီးသည့္အခ်က္ မဟုတ္ေပ ၊ အေရးႀကီးသည့္အခ်က္မွာ .... ... .. .

















လင္းေ႐ွာင္၏ အေ႐ွ႕ပိုင္းသည္ သူႏွင့္ မ်က္ႏွာခ်င္းဆိုင္လ်က္ ႐ွိၿပီး ၎၏ ေအာက္ပိုင္းသည္ မည္သည့္အရာႏွင့္မ်ွ မဖံုးမကြယ္ထားပဲ ႐ွိေလသည္၊ လင္းေ႐ွာင္သည္ သူ၏ခႏၶာကိုယ္အား တစ္စိုးတစ္စိမ်ွ ဖံုးကြယ္ရန္ မႀကိဳးစားပဲ ေရခ်ိဳးစည္အတြင္းမွ ဒီအတိုင္း ထြက္လာ၏ ၊ ယူေ႐ွာင္မိုသည္ လင္းေ႐ွာင္၏ ေအာက္ပိုင္း၌ ထင္႐ွားစြာ ႐ွိေနေသာ အလြန္အမင္းႀကီးမားသည့္ အရာအား ႐ွင္း႐ွင္းလင္းလင္း ျမင္ေနရ၏၊ ၎သည္ အစြယ္တျမားျမား လက္သည္းတဝင့္ဝင့္ျဖင့္ ယူေ႐ွာင္မို႐ွိရာဘက္သို႔ ခ်က္ခ်င္းပင္ ေထာင္မတ္လာေလသည္ .. ။











ငါ့မ်က္လံုးေတြ ကြၽတ္ထြက္ကုန္ေတာ့မယ္ထင္တယ္ . . ဒါလိမ္ေနတာမလား!









မည္သို႔ပင္ဆိုေစကာမူ လိမ္ေနသည္လား တကယ္လား ဆိုသည္ကိုေတာ့ျဖင့္ ယူေ႐ွာင္မိုတစ္ေယာက္ မၾကာမီ သိရေတာ့မည္ ျဖစ္သည္ ။













# 26.9.2020

အဟုတ္လား တကယ္လား ညာတာလား ~~









______________






Unicode ver.







မှော်ဝင်သားရဲတွေ တောင်ပုံရာပုံ ...














အကြီးအကဲကောင်းသည် ယူရှောင်မို၏ သံသယများအား သတိထားမိသွားသောကြောင့် သူ၏ သလင်းလုံးများအကြောင်း ရှင်းပြလေသည်၊ ထိုအကြောင်းအရာသည် လျှို့ဝှက်ထားစရာကိစ္စ မဟုတ်သလို ကျောင်းတော်၌လည်း ထိုအကြောင်းအရာအား သိရှိထားသော ကျောင်းသားများစွာ ရှိသောကြောင့် ပေါ့ပါးစွာ ရှင်းပြနိုင်ပေသည် ။


သို့သော် အကြီးအကဲကောင်းသည် ၎င်းသလင်းလုံးများအား စစ်ဆေးရန် သွားခဲ့သည်မှာတော့ တိုက်ဆိုင်မှုသက်သက်သာ ဖြစ်သည်၊ သလင်းလုံးများသည် ပုံမှန်အားဖြင့် အခန်းတစ်ခုအတွင်း၌ ထည့်ပိတ်ထားခြင်း ဖြစ်ပြီး သလင်းလုံးများ ကွဲအက်ခြင်း ကဲ့သို့သော ပြဿနာ တစ်စုံတစ်ရာရှိသော အခါမှသာ ထိုအခန်းအတွင်းသို့ ဝင်လေ့ရှိသည်၊ ထို့အပြင် မိမိ၏ အဆင့်တက်ခြင်းအား အခြားသူများထံသို့ အသိမပေးလိုသော ကျောင်းသားများလည်း ရှိနေတတ်သေးသည် မဟုတ်ပါလား ။

သလင်းလုံးများအကြောင်း ကြားပြီးသောအခါ ယူရှောင်မို၏ နှဖူးထက်၌ ချွေးစေးများ ပြန်လာလေသည် ။

ရှယ်ချိုနှင့် အခြားသူများသည် ယခုအချိန် သူ၏ အဆောင်အတွင်း၌ တရားထိုင်လျက် ရှိနေကြပေလိမ့်မည်၊ အကြီးအကဲကောင်းသာ သူ့အဆောင်၏ သလင်းလုံးအား သွားရောက်စစ်ဆေးမိပါက အတွင်း၌ အခြားသူများ ရှိနေကြောင်း ချက်ချင်း ရိပ်မိသွားပေလိမ့်မည် ။

သို့သော် အကြီးအကဲကောင်း၏ အမူအရာအား အကဲခတ်ရသလောက် သူသည် လင်းရှောင်အဆောင်၏ သလင်းလုံးကိုသာ စစ်ဆေးရသေးဟန်တူသည်၊ ထို့ကြောင့် သူသည် ယူရှောင်မို့အဆောင်၏ သလင်းလုံးအား အခုထိ မစစ်ဆေးရလောက်သေး . . . .  ။






" အကြီးအကဲကောင်း ကျွန်တော့်ကို တစ်ခုခုများ ခိုင်းစရာရှိလို့လား ခင်ဗျ? "

ယူရှောင်မို မဝံ့မရဲဖြင့် မေးလိုက်သည် ။





ထိုအခါ အကြီးအကဲကောင်းသည် သူ၏ခေါင်းကို ခါရမ်းရင်း ဖြေလေ၏ ။

" မဟုတ်ပါဘူး ငါက ဒီအတိုင်းပဲ ကြည့်ဖို့လာတာပါ.. ဒါပေမယ့် မင်းက အခုအဆင့်တက်သွားပီဆိုတော့.. အခုတက်နေတဲ့အတန်းက မင်းအတွက် အဆင်ပြေတော့မှာ မဟုတ်ဘူး.. အဲ့ဒါကြောင့် ဆရာမနင်ကျင်းကို ပြောလိုက်ရင် သူကမင်းအတွက် အတန်းပြောင်းတာတွေ ဘာတွေ လုပ်ပေးလိမ့်မယ် ဟုတ်ပီလား "




ယူရှောင်မိုသည် သူ၏ခေါင်းကို ချက်ချင်းငြိမ့်လိုက်ကာ..

" ဟုတ်ကဲ့ ကျွန်တော် အသိပေးလိုက်ပါ့မယ်.. အကြီးအကဲကောင်းရဲ့ အကြံပေးမှုအတွက် ကျေးဇူးအထူးတင်ပါတယ်.. အဲ့ဒါဆို ကျွန်တော့်ကို ခိုင်းစရာ မရှိတော့ဘူးဆိုရင် .. ကျွန်တော် သွားလို့ရမလားဗျ?  "









အကြီးအကဲကောင်းသည် သူ၏ လက်တစ်ဖက်အား ဝှေ့ရမ်းလိုက်ရင်း ပြန်ပြောသည် ။

" ရပါတယ် . . သွား . . သွား "







နောက်ဆုံးတွင်တော့ သူသည် လင်းရှောင်အား မတွေ့ခဲ့ရပဲ ရှယ်ချိုနှင့် ကျန်အပေါင်းအပါများအား သလင်းလုံးကိစ္စအကြောင်း ပြောပြရန်က ပိုအရေးကြီးနေသောကြောင့် သူ၏အဆောင်ရှိရာသို့သာ သေလုမြောပါး ပြန်ပြေးလာခဲ့ရလေသည် ။













သူပြန်ရောက်သောအခါ သူ၏ ချိုအသင်းအား သလင်းလုံးများအကြောင်း ရှင်းပြလိုက်၏၊ ထိုအကြောင်းအား ကြားသော် ၎င်းတို့အာလုံး တိတ်ဆိတ်သွားကြလေသည် ။





ပွင့်ပွင့်လင်းလင်းပြောရလျှင် ၎င်းတို့အတွက် ယခုကဲ့သို့ တရားကျင့်ရန် နေရာကောင်းကောင်းရရန်မှာ မလွယ်ကူပေ၊ သို့သော် အကြီးအကဲကောင်းမှ ၎င်းတို့အား အချိန်မရွေး ရှာဖွေတွေ့ရှိသွားနိုင်သည်၊ ၎င်းတို့အားလုံးသည် ယူရှောင်မိုနှင့် ဆက်နွှယ်ထားသော မှော်ဝင်သားရဲများ ဖြစ်သော်ငြား ယူရှောင်မိုသည် ယခုအချိန်၌ သူ၏ ဝှက်ဖဲဖြစ်သည့် ရှယ်ချိုအား လူအများရှေ့သို့  မချပြလိုသေးပေ ။











" တကယ်တော့ အဲ့လောက်ကြီးလဲ စိတ်ပူနေစရာမလိုပါဘူး .."

ရှယ်ချိုသည် သမ်းဝေနေရင်းမှ ထပြောလိုက်သည် ။

" သေချာစဉ်းစားကြည့်လေ .. အကြီးအကဲကောင်းက အဲ့အခန်းထဲကို သလင်းလုံး ကွဲလို့သာ ဘာဖြစ်တာလဲဆိုပီး သွားကြည့်ခဲ့တာမလား .. ကျွန်တော် အဲ့အလုံးတွေကို အပြင်မှာ မမြင်ဖူးပေမယ့်လဲ အဲ့အလုံးတွေဆိုတာ အားအားရှိ ကွဲနေမယ့်ဟာတွေတော့ မဟုတ်လောက်ဘူး .. တခြားကိစ္စတစ်ခုခုရှိလို့သာ ကွဲသွားတာနေမှာ.. အဲ့ဒါကြောင့် ဖြစ်နိုင်ချေအရှိဆုံး အဓိကအကြောင်းအရင်းက . . . . သခင်လေးကိုက ကံမဟားဒယားဆိုးနေလို့ပဲ "




" ... ... "

အဲ့ဒါ တစ်စုံတစ်ယောက်ကို သောက်ရမ်းပျော်ရွှင်သွားစေတဲ့ အဖြေမျိုး မဟုတ်ဘူးနော် သဲလေး!




သို့သော်လည်း ရှယ်ချိုပြောသည်မှာ အခြေအမြစ်မရှိသည်မျိုးတော့လည်း မဟုတ်ပေ.. ၊ ထိုသို့စဉ်းစားပီးနောက် ယူရှောင်မိုတစ်ယောက် စိတ်လျော့ချလိုက်ကာ သူ၏ အဆင့်ငါး စွမ်းရည်များအား စစ်ဆေးရန်သာ အပေါ်ထပ်သို့ တက်သွားလေတော့သည် ။










ယူရှောင်မိုထွက်သွားသောအခါ ရှောင်ဟေးသည် မျက်လုံးလေးပြူးကာဖြင့် ယူရှောင်မိုတက်သွားသော အပေါ်ထပ်သို့ လို်က်ငေးကြည့်နေ၏၊ ထို့နောက် ရှယ်ချိုဘက်သို့ လှည့်ကာ မေးလိုက်သည် ။

" သခင်လေးက အဆင့် တက်သွားပြီလား? "





ရှယ်ချိုသည် လက်နှစ်ဖက်ဖြင့် မေးထောက်ထားရင်းမှ ပျင်းရိလေးကန်စွာ ဖြေ၏ ။

" အင်း . . သူ အဆင့်ငါးရောက်နေပြီ "


ရှောင်ဟေး ပြန်မဖြေတော့ပေ၊ သူသည် သခင်လေးအား သုခဘုံနယ်မြေအတွင်း၌ ပထမဆုံး တွေ့ခဲ့ခြင်းဖြစ်ပြီး ထိုအချိန်က သခင်လေးသည် အဆင့်သုံး အမြင့်ဆုံးအဆင့်သာ ရှိသေးသည်၊ ၎င်းသုခဘုံနယ်မြေမှ ထွက်လာပြီးနောက် သခင်လေးသည် အဆင့်လေးသို့ တက်သွားခဲ့၏၊ ထို့ကြောင့် သူသည် သူ၏သခင်လေး အဆင့်လေးမှ အဆင့်ငါးသို့တက်ရန် အချိန်မည်မျှသာ ကြာခဲ့သည်အား ရှင်းရှင်းလင်းလင်း သိနေပေသည် ။






ရှယ်ချိုသည်လည်း ဘာမျှ ဆက်မပြောပေ၊ ဤကဲ့သို့ အဆင့်တက်မြန်သည့် သခင်လေးနှင့် ဆုံရကတည်းက သူတို့အားလုံး အထုပ်ကြီးကြီး ပိုက်မိပြီဖြစ်ကြောင်း နားလည်ထားကြသည်၊ ၎င်းတို့သခင်၏ အဆင့်မြင့်လေလေ ၎င်းတို့အတွက်လည်း အကျိုးများလေလေ မဟုတ်ပါလား ။





၎င်းတို့နှစ်ယောက်လုံး ဘာမှဆက်မပြောကြတော့သည်ကို မြင်သောအခါ ဖီချို ဇဝေဇဝါဖြစ်သွားရ၏၊ ထို့ကြောင့် မနေနိုင်ပဲ ထုတ်မေးလိုက်သည် ။

" သခင်လေးက အမြဲတမ်း အံ့သြဖို့ အကောင်းဆုံးပဲနော့! . . . ဒါမှမဟုတ် . . အဲ့ဒါသူ့အတွက် မကောင်းတဲ့အရာ တစ်ခုလားဟင် . . အဆင့်ငါးဖြစ်သွားတာကလေ? "







ဖီချိုသည် မွေးကတည်းက ယူရှောင်မိုနှင့်အတူ ရှိနေခဲ့ခြင်း ဖြစ်သောကြောင့် ယူရှောင်မို၏ အဆင့်တက်မှုနှုန်းအား အသိဆုံးဖြစ်သည်၊ ထို့ကြောင့် သူ့အမြင်၌ သခင်လေး၏ ယခုအဆင့်တက်နှုန်းသည် ပုံမှန်အတိုင်းသာဖြစ်သည် ။


ထိုမေးခွန်းအားကြားသော် အခြားသုံးကောင်သည် ရုတ်တရက် သူ့ဘက်သို့ လှည့်လာကြလေ၏ ။

၎င်းတို့သည် ဤအကောင်စုတ်ကလေးအား မေ့နေကြခြင်းဖြစ်သည်၊ ၎င်းတို့နှင့် သခင်လေး ဆက်နွှယ်သည့်အချိန်တိုင်း ဤအကောင်စုတ်ကလေးက အရင် ရှိနေခဲ့ပြီးဖြစ်သည်ကို ၎င်းတို့အားလုံး မြင်တွေ့ခဲ့ကြရသည် ၊ ထို့ကြောင့် ဤအကောင်စုတ်ကလေးသည် သခင်လေး၏ အခြေအနေအား အသိဆုံး ဖြစ်ရမည် ။

ထို့ကြောင့် ယူရှောင်မို၏ အဆင့်တက်နှုန်းအား လွန်စွာစိတ်ဝင်စားလျက်ရှိကြသော ၎င်းတို့သုံးကောင်သည် ဖီချိုအနားသို့ ဝိုင်းအုံလာကြလေတော့သည် ။




















ထိုအချိန်တွင် ယူရှောင်မိုသည် ကုယွမ်ဟုခေါ်သော ဆေးတစ်မျိုးအား ဖော်စပ်ရန် ပြင်ဆင်နေသည်၊ ယူရှောင်မို တုန်နေအောင်ချစ်ရသော သူ၏ချစ်စရာ့ဖီချိုကလေးမှာ ကျန်မှော်ဝင်သားရဲသုံးကောင်၏ အတင်းအကြပ် စစ်ဆေးမေးမြန်းခြင်း ခံနေရသည်ကိုတော့ သူမသိလိုက်ရှာပေ ။






၎င်းကုယွမ်ဆေး ဆိုသည်မှာ အဆင့်ငါးဆေးလုံးဖြစ်ပြီး အရှေ့တွင် ဖော်ပြခဲ့ဖူးသော ရွှေရောင်အမှုန့်ဆေးလုံးနှင့် အကျိုးသက်ရောက်ပုံချင်း အတူတူဖြစ်သည်၊ ၎င်းသည် သိုင်းသမားတစ်ဦးကိုသာမက မှော်ဆရာတစ်ဦး၏ အင်အားကိုပါ တောင့်တင်းခိုင်မာစေနိုင်သည် ။



သူ၏ နယ်မြေအတွင်း၌ ကုယွမ်ဆေးအတွက် လိုအပ်သော ဆေးပင်အမျိုးအားလုံး ရှိသည်၊ ယူရှောင်မိုသည် ၎င်းဆေးက မှော်ဆရာများအတွက်ပါ အကျိုးရှိသည်ဟု သိလိုက်ရကတည်းက ဆေးပင်များအား ကြိုတင်စုဆောင်းကာ အဆင့်ငါးမှော်ဆရာဖြစ်မည့်နေ့အား စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည် ။


ယူရှောင်မိုသည် အဆင့်ငါးဖြစ်သွားသော သူ၏ဝိဉာဉ်စွမ်းအားအား တစ်ချက် စစ်ဆေးကြည့်လိုက်သည်၊ သူ၏ ယခုစွမ်းအားသည် ယခင်ကထက် ပို၍ သိပ်သည်းလာကြောင်း ခံစားမိသည်၊ ထို့အပြင် သူ၏ ဝိဉာဉ်စွမ်းအားအား ခေါ်ထုတ်ရန် ပို၍ လွယ်ကူလာပြီး စွမ်းအားအသုံးပြု၍ ပြုလုပ်ရသော ကိစ္စများသည်လည်း ယခင်ကထက် ပို၍ အဆင်ပြေ ချောမွေ့လာသည် ။

ယူရှောင်မိုသည် ဆေးဖော်ခြင်းစတင်ရန် သူ၏နယ်မြေအတွင်းမှ ကျင်းမင်ဆေးအိုးနှင့် ကုယွမ်ဆေးအတွက် လိုအပ်သော ဆေးပင်များအား ထုတ်ယူလိုက်သည် ။

ဤဆေးလုံးသည် သူကိုယ်တိုင် အသုံးပြုရန်ဖြစ်သောကြောင့် ဆေးပင်တစ်ပင်ချင်းစီအား လေးကြိမ်စီ သန့်စင်၏၊ သူ၏ နယ်မြေအတွင်း၏ စိုက်ပျိုးထားသော ဆေးပင်များသည် အညစ်အကြေးများ များများစားစား ပါလေ့မရှိသောကြောင့်  အများဆုံး လေးကြိမ်အထိသာ သန့်စင်နိုင်သည်၊ ၎င်းအဆင့်တွင်ပင် အချိန်တော်တော်များများ ကုန်ဆုံးသွားလေ၏ ။



ကံကောင်းစွာပင် လုပ်ငန်းစဉ်တစ်ခုလုံး အထစ်အငေါ့မရှိပဲ ပြီးဆုံးသွားသည်၊ ဆေးအိုးအတွင်းမှ အဝါရောင်ဆေးလုံးလေး ပျံထွက်မလာခင်အထိ အချိန် နာရီဝက် မရှိတရှိသာ ကြာလိုက်သည် ။




ထိုတစ်ညလုံး ယူရှောင်မို အခန်းအောင်းနေသည်၊ ဆေးသောက်ပြီးနောက် သူ၏ စွမ်းအားများ တည်ငြိမ်စွာ ပေါင်းစည်းရန်အတွက် အချိန်တစ်နာရီခန့်မျှသာယူပြီး ကျန်အချိန်များအား ဆေးဖော်ခြင်းဖြင့် ကုန်ဆုံးစေလိုက်သည်၊ ယခု အဆင့်တက်သွားပြီ ဖြစ်သောကြောင့် အဆင့်လေးဆေးလုံးများ ဖော်စပ်ရာ၌ အလွန်မြန်ဆန်နေပြီး လုပ်ငန်းစဉ်များလည်း ယခင်ကထက်ပို၍ ချောမွေ့လာသည်၊ ထို့ကြောင့် ဆေးလုံး အလုံးသုံးဆယ်အား ဖော်စပ်ရာ၌ ယခင်ယူနေကျအချိန်၏ သုံးပုံနှစ်ပုံခန့်သာ ကြာမြင့်လေတော့သည် ။








...............
















ဒုတိယနေ့တွင် ယူရှောင်မိုသည် သူ၏ဆိုင်ခန်းအား ချက်ချင်း မဖွင့်သေးပေ ။


သူသည် မနေ့ညက  သူ၏ လက်ရှိ အရောင်းအဝယ်အကြောင်း အနည်းငယ် စဉ်းစားဖြစ်ခဲ့သည်.. ၊ ဈေးသို့သွားကာ နေ့တိုင်း ဆိုင်ဖွင့်နေရခြင်းသည် သူ့အတွက် အချိန်ကုန်သည့်အပြင် လူပါပင်ပန်းသည်၊ ထို့ကြောင့် ဆေးလုံးများစုထားကာ နှစ်ရက်တစ်ခါ သို့မဟုတ် သုံးရက်တစ်ခါမှသာ  သွားရောင်းရလျှင် ကောင်းမည်ဟု တွေးမိသည် ။


တကယ်လို့ ယောင်ရွှမ်းပြောတာသာ အမှန်ဆိုရင် သူ့ဆေးလုံးတွေက ရောင်းမထွက်နိုင်စရာ အကြောင်းမရှိဘူးမလား.. ။












မနက်စောစောတွင် ယူရှောင်မိုသည် သူ၏ချိုအသင်းအား အသိပေး၍ အပြင်ထွက်လာခဲ့သည်၊ ထို့နောက် ပိုင်လီရှောင်ယွီအား သွားမခေါ်တော့ပဲ ဆရာမနင်ကျင်းရှိရာသို့ တစ်ယောက်တည်း ထွက်လာသည်၊ သူ၏  အဆင့်တက်ခြင်းအား အမြဲ ဖုံးကွယ်ထား၍မရပေ၊ ထို့အပြင် အတန်းခွဲခြင်းသည်လည်း အဆင့်အပေါ် မူတည်နေသေးသောကြောင့် ဤသတင်းသည် အနှေးနှင့်အမြန် ပျံ့နှံ့သွားမည်သာ ဖြစ်သည်၊ သို့သော် သူရောက်သွားသောအခါ ဆရာမနင်ကျင်းသည် နေရာ၌ ရှိမနေပေ ။

ထို့ကြောင့် ခေတ္တမျှ စဉ်းစားနေပြီးနောက် လက်လျော့လိုက်ကာ လင်းရှောင်အား ရှာဖွေရန် ထွက်လာခဲ့သည် ။

လင်းရှောင်အား မနေ့ကတည်းက မတွေ့ရသေးသောကြောင့် အကယ်၍ ယခုထိ ပြန်မရောက်သေးလျှင် အနီးရှိ လူများအား လင်းရှောင် အဘယ်သို့သွားသည်အား အတိအကျ မေးမြန်းကာ လိုက်ရှာရမည်ဟုလည်း တွေးနေမိသည် ။






ဒီတစ်ကြိမ်တော့ ယူရှောင်မို ကံကောင်းလေသည်၊ အဘယ်ကြောင့်ဆိုသော် လင်းရှောင်သည် မနက်အစောကတည်းက ပြန်ရောက်နေပြီး ဖြစ်သည်၊ လင်းရှောင်အဆောင်သို့ သွားရာလမ်းတစ်လျှောက်၌ လူအများအပြား တိုးဝှေ့ စည်ကားလျက်ရှိသည်၊ ယူရှောင်မိုလည်း သိချင်စိတ်ဖြင့် လမ်းလျှောက်နေစဉ်ပင် အဆာင်ရှေ့သို့ မရောက်မီ တစ်နေရာ၌ ထူပျစ်လှသော သွေးညှီနံ့များ သူ၏နှာခေါင်းဝသို့ ရောက်ရှိလာ၏ ။










ယူရှောင်မို လူအုပ်ကြားထဲသို့ အလျင်အမြန် တိုးဝှေ့ကြည့်ရှုလိုက်၏၊ သို့သော် ထိုနေရာရှိ အခြေအနေအား မြင်တွေ့လိုက်ရသောအခါ သူစားလာခဲ့သော မနက်စာကိုပင် ပြန်အန်မိတော့မလို ဖြစ်သွားရ၏ ။















အဘယ်ကြောင့်ဆိုသော် ထိုနေရာ၌ မှော်ဝင်သားရဲအလောင်းများ တောင်ပုံရာပုံ တည်ရှိနေသည်၊ အချို့မှာ လုံးဝ အသက်ပျောက်နေပြီဖြစ်ပြီး အချို့မှာ မသေမရှင်သာ ရှိသေးသည်၊  ၎င်းတို့အထဲ၌ အဆင့်နိမ့်မှော်ဝင်သားရဲများ၏ အလောင်းများ အများစုပါဝင်နေ၏၊ ယူရှောင်မိုသည် တစ်ချက်ကြည့်ရုံမျှဖြင့် အလောင်းများ တစ်ရာကျော်မည်ဖြစ်ကြောင်း ခန့်မှန်းမိလိုက်သည်၊ ဘေးတွင်မူ အခြား အသက်ရှိနေသော မှော်ဝင်သားရဲများ ရှိပြီး ၎င်းတို့အား လှောင်အိမ်ထဲ ထည့်ပိတ်ထားသည်၊ ၎င်းတို့မှာ အကောင်သုံးဆယ်ခန့်ရှိပြီး အားလုံးမှာ အလယ်အလတ်အဆင့် သားရဲများ ဖြစ်ကြသည် ။



ယူရှောင်မိုသည် ကျောင်းတွင်း၌ မှော်ဝင်သားရဲများ၏ အရေခွံနှင့် အသားများကို ဝယ်ယူလိုသူများ ရှိကြောင်း သိထားသည်၊ အချို့က အရှင်လတ်လတ်ကို လိုချင်ကြသည်၊ သို့သော် ဤမျှလောက် ပမာဏများအား တစ်ခါတည်းနှင့် ဖမ်းနိုင်ရန်မှာ လင်းရှောင်မှလွဲ၍ အခြားမရှိနိုင်တော့ပေ ။


ယူရှောင်မို သေချာ လှမ်းကြည့်လိုက်သော်ငြား လင်းရှောင်၏ အရိပ်အယောင်ကလေးကိုပင် မမြင်ရချေ၊ ထို့ကြောင့် သူ၏ အဆောင်ရှိရာသို့သာ တန်းတန်းမတ်မတ် ပြေးသွားလိုက်လေတော့သည်၊ သို့သော် ထိုနေရာသို့ ရောက်လျင်ရောက်ချင်း ခြံဝရှေ့၌ နောက်ထပ် လူအုပ်ကြီးအား တွေ့ရပြန်၏၊ ၎င်းတို့သည် ခြံဝင်းအတွင်းသို့ မဝင်နိုင်ကြသောကြောင့် အပြင်၌သာ စိတ်လှုပ်ရှားစွာ ရပ်စောင့်နေကြရသည် ၊ ကြည့်နေရသည်မှာ စူပါစတားတစ်ယောက်အား စောင့်ဆိုင်းနေကြသော ဖန်များနှင့်ပင် တူနေသေးတော့၏ ။


ခြေသံကြားသောကြောင့် လူအချို့သည် သူ့အား လှည့်ကြည့်လာကြသည် ။







နီးကပ်လာသည့် လူအုပ်အတွင်း၌ မနေ့က သူနှင့် အငြင်းပွားခဲ့သည့် ရှုယွင်းကိုပါ တွေ့လိုက်ရ၏ ။







၎င်းသည် ယူရှောင်မိုအား မြင်သော် နှာခေါင်းရှုံ့ကာ နှာမှုတ်သံတစ်ခု ပြုလုပ်လိုက်၏၊ သို့သော် ယူရှောင်မိုအား ရန်စရန် တစ်ခွန်းမျှ မဟ၊ ယူရှောင်မိုတစ်ယောက် လင်းရှောင်အဆောင်ရှိရာသို့ တန်းတန်းမတ်မတ် လျှောက်သွားသည့်တိုင် ၎င်းမှ သူ့အား ရှုပ်ထွေးသော အမူအရာမျိုးဖြင့် လှမ်းကြည့်လျက်သာ ကျန်ခဲ့သည် ။




ထို့ကြောင့် ရှုယွင်းအရှေ့သို့ ရောက်သောအခါ ယူရှောင်မိုသည် သူ၏ခြေလှမ်းများအား တမင်တကာ အရှိန်လျော့ချလိုက်ပြီး  ခေါင်းမော့ရင်ကော့လျက် အဆောင်တွင်းသို့ ဝင်သွားလေ၏ ။

ဟင်း . . ငါမင်းကို စိတ်တိုအောင် မလုပ်နိုင်ဘူးဆိုတာ မယုံဘူး!







တကယ်ကိုပင် ထိုလုပ်ရပ်သည် ရှှုယွင်းအား ဆို့နင့်သွားစေရန် လုံလောက်သည်၊ ယူရှောင်မိုသည် အကာအကွယ်စည်းအား ထွင်းဖောက်ကာ ရှုယွင်း၏ ချောမောသော မျက်နှာကလေး မင်အိုးကဲ့သို့ မဲမှောင်သွားသည်အား လှမ်းကြည့်လိုက်သေး၏၊ အဆိပ်ပြင်းသော မျက်လုံးများဖြင့် ရှုယွင်းမှ သူ့အား အကာအကွယ်စည်းအတွင်းမှ တူးထုတ်ပစ်ချင်နေကြောင်း လှမ်းသတိပေးလျက် ကျန်ခဲ့လေသည် ။











အဆောင်တွင်းသို့ရောက်သော် လင်းရှောင်အား ပထမထပ်၌ မမြင်ရသောကြောင့် အပေါ်ထပ်သို့ ချက်ချင်း ပြေးတက်သွားလိုက်၏ ။




လင်းရှောင်တစ်ယောက် အပေါ်ထပ်၌ ရှိနေမည်ဟု ထင်ထားခဲ့သော်ငြား လှည့်ပတ်ကြည့်လိုက်သောအခါ လင်းရှောင်၏ အရိပ်ကိုပင် မတွေ့ရသောကြောင့် ယူရှောင်မို ဇဝေဇဝါဖြစ်သွားရကား အောက်ထပ်သို့ ပြန်ဆင်းလာခဲ့၏ ။



လင်းရှောင် မည်သည့်နေရာမှာများ ပုန်းနေလိမ့်မလဲဟု တွေးနေစဉ်အတွင်း ရုတ်တရက် လိုက်ကာနောက်မှ တစက်စက်ကျနေသော ရေသံများအား ကြားလိုက်ရ၏၊ အလွန်အမင်း ပျော်ရွှင်သွားသောကြောင့် လိုက်ကာအား မဆွဲဖယ်ခင်တွင် ယူရှောင်မိုတစ်ယောက် ဘာကိုမျှ မစဉ်းစားလိုက်မိပါချေ၊ ထို့ကြောင့် သူ၏ မျက်လုံးများသည် လင်းရှောင်၏ ခန္ဓာကိုယ်အနှံ့ ကပ်တွယ်လျက်ရှိသော တောင့်တင်းသန်မာသည့် ကြွက်သားကြီးများနှင့် တွေ့ဆုံသွားရ၏ ၊ သို့သော် ၎င်းမှာ အရေးကြီးသည့်အချက် မဟုတ်ပေ ၊ အရေးကြီးသည့်အချက်မှာ .... ... .. .

















လင်းရှောင်၏ အရှေ့ပိုင်းသည် သူနှင့် မျက်နှာချင်းဆိုင်လျက် ရှိပြီး ၎င်း၏ အောက်ပိုင်းသည် မည်သည့်အရာနှင့်မျှ မဖုံးမကွယ်ထားပဲ ရှိလေသည်၊ လင်းရှောင်သည် သူ၏ခန္ဓာကိုယ်အား တစ်စိုးတစ်စိမျှ ဖုံးကွယ်ရန် မကြိုးစားပဲ ရေချိုးစည်အတွင်းမှ ဒီအတိုင်း ထွက်လာ၏ ၊ ယူရှောင်မိုသည် လင်းရှောင်၏ အောက်ပိုင်း၌ ထင်ရှားစွာ ရှိနေသော အလွန်အမင်းကြီးမားသည့် အရာအား ရှင်းရှင်းလင်းလင်း မြင်နေရ၏၊ ၎င်းသည် အစွယ်တမြားမြား လက်သည်းတဝင့်ဝင့်ဖြင့် ယူရှောင်မိုရှိရာဘက်သို့ ချက်ချင်းပင် ထောင်မတ်လာလေသည် .. ။











ငါ့မျက်လုံးတွေ ကျွတ်ထွက်ကုန်တော့မယ်ထင်တယ် . . ဒါလိမ်နေတာမလား!









မည်သို့ပင်ဆိုစေကာမူ လိမ်နေသည်လား တကယ်လား ဆိုသည်ကိုတော့ဖြင့် ယူရှောင်မိုတစ်ယောက် မကြာမီ သိရတော့မည် ဖြစ်သည် ။













# 26.9.2020

အဟုတ်လား တကယ်လား ညာတာလား ~~









Continue Reading

You'll Also Like

773K 31.1K 50
ဒုတိယအကြိမ် ပြန်တင်ခြင်း....
1.2M 62.3K 35
( စိုင်းစစ်ဂုဏ်ရှိန် + တိမ်လွှာဘုန်းမြင့် ) ဘဝမှာကံအကောင်းဆုံးအရာကဘာလဲသိလား။ အဲ့တာကကိုယ်သဘောကျရတဲ့လူကကိုယ့်အပိုင်ဖြစ်လာတာဘဲ။ အဲ့အရာကတစ်လောကလုံးကကံကေ...
124K 5.4K 64
အချစ်က အဆိပ်တစ်ခွက်ဖြစ်နေခဲ့ရင်တောင် ပျားရည်အမှတ်နဲ့ကျွန်တော်ကတော့ သောက်သုံးနေမိအုံးမှာဘဲ။