(Completed )The Transmigratio...

By Xiao_Yiii

1.3M 194K 3.1K

မနက္ခင္းတစ္ခုတြင္ system နွင့္ခ်ည္ေနွာင္ခံရျပီးေနာက္ MC မွာလုပ္ရိုးလုပ္စဥ္တစ္ခုကဲ့သို႔ပင္ ML ဤဖမ္းဆီးျခင္း/တု... More

Description
Arc(1.1) - The Wild Dragon proud day
Arc(1.2)
Arc(1.3)
Arc(1.4)
Arc(1.5)
Arc(1.6)
Arc(1.7)
Arc(1.8)
Arc(1.9)
Arc(1.10)
Arc(1.11 - 1)
Arc(1.11 - 2)
Arc(1.12)
Arc(1.13 - 1)
Arc(1.13 - 2)
Arc(1.14)
Arc(1.15)
Arc(1.16)
Arc(1.17)
Arc(1.18)
Arc(1.19)
Arc(1.20)
Arc(1.21)
Arc(1.22)
Arc(1.23)
Arc(1.24)
Arc(1.25)
Arc(1.26)
Arc(1.27)
Arc(1.28)
Arc(1.29)
Arc(1.30)
Arc(1.31)
Arc(1.32)
Arc(1.33)
Arc(1.34)
Arc(1.35)
Arc(1.36 -> 1~2~3)
Arc(1.36 -> 4~5)
Real World
Real World-2
Arc(2.1) - Saint Magus
Arc(2.2)
Arc(2.3)
Arc(2.4)
Arc(2.5)
Arc(2.6)
Arc(2.7)
Arc(2.8)
Arc(2.9)
Arc(2.10)
Arc(2.11)
Arc(2.12)
Arc(2.13)
Arc(2.14)
Arc(2.15)
Arc(2.16)
Arc(2.17)
Arc(2.18)
Arc(2.19 - 1)
Arc(2.19 - 2)
Arc(2.20)
Arc(2.21)
Arc(2.22 - 1)
Arc(2.22-2)
Arc(2.23)
Arc(2.24)
Arc(2.25)
Arc(2.26)
Arc(2.27)
Arc(2.28)
Arc(2.30)
Arc(2.31)
Arc(2.32)
Arc(2.33)
Arc (2.34)
Arc(2.35)
Arc(2.36)
Arc(2.37)
Arc(2.38)
Arc(2.39)
Arc(2.40)
Arc(2.41)
Arc(2.42)
Arc(2.43)
Arc(2.44)
Arc(2.45)
Arc(2.46)
Arc(2.47)
Arc(2.48)
Back to Real World (1)
Back to Real World (2)
Arc(3) - 'Immortal Path of Devil Lord'
Arc(3.1)
Arc(3.2)
Arc(3.3)
Arc(3.4)
Arc(3.5)
Arc(3.6)
Arc(3.7)
Arc(3.8)
Arc(3.9)
Arc(3.10)
Arc(3.11)
Arc(3.12)
Arc(3.13)
Arc(3.14)
Arc(3.15)
Arc(3.16)
Arc(3.17)
Arc(3.18)
Arc(3.19)
Arc(3.20)
Arc(3.21)
Arc(3.22)
Return to the University (1)
Return to the University (2)
Return to the University (3)
Return to the University (4)
Return to the University (5)
Return to the University (6)
Return to the University (7)
Return to the University (8)
Return Arc(3.23)
Arc(3.24)
Arc(3.25)
Arc(3.26)
Arc(3.27)
Arc(3.28)
Arc(3.29)
Arc(3.30)
Arc(3.31)
Arc(3.32)
Arc(3.33)
Arc(3.34)
Arc(3.35)
Arc(3.36)
Arc(3.37)
Arc(3.38)
Extra; {မိုးတိမ်ကကြီးမားတဲ့လှေကြီးကိုကျော်သွားတယ်}
Extra; the New Emperor and Empress
Thank You

Arc(2.29)

6.3K 1.1K 1
By Xiao_Yiii

Unicode

Arc(2.29) - Saint Magus

အချိန်ကကုန်ဆုံးလာခဲ့ပြီးလေလံတင်သည့်ပစ္စည်းကလည်း(၁၂)ခုမြောက်ရောက်လာခဲ့ပြီဖြစ်သည်။သို့သော်ရှိနေသည့်လူများကပျင်းရိသလိုမခံစားရပဲအဲ့ဒီအစားလေထုကပိုပိုပြီးအသက်ဝင်လာသည်။

ထိုအမျိုးသမီးလေလံပွဲတင်ဆက်သူကတော်တော်လေးအရည်အချင်းပြည့်ဝသည်ဟုဆိုရမည်။စကားလေးအနည်းငယ်နှင့်ပင်လေလံပွဲတစ်ခုလုံးကိုစည်းရုံးသိမ်းသွင်းနိုင်သည်။ဒါ့အပြင်သူမကသူမရဲ့ကိုယ်ပိုင်အားသာချက်များကိုလည်းကောင်းကောင်းအသုံးချနိုင်ပြီးအဓိပ္ပါယ်ပြည့်ဝသည့်အကြည့်အနည်းငယ်နှင့်ပင်အမျိုးသားမေးဂတ်စ်တစ်ချို့ကိုသူတို့ပေးတဲ့လေလံဈေးအားချက်ချင်းမြှင့်အောင်လုပ်နိုင်သည်။

အဲလ်ဗစ်ရဲ့ရည်မှန်းချက်ကသူ့အတွက်တကယ်သင့်တော်တဲ့ပစ္စည်းကိုရှာဖို့ဖြစ်သည်။ထို့ကြောင့်လေလံတင်တဲ့ပစ္စည်း(၁၂)ခုထွက်သွားတာတောင်ဘယ်လောက်ပဲအမျိုးသမီးလေလံပွဲတက်ဆက်သူကပြောနေပါစေသူကအနည်းငယ်မျှပင်သွေးဆောင်ခြင်းမခံရပေ။

လီလျိုကလည်းအဲလ်ဗစ်လိုမျိုးအဲ့ဒီပစ္စည်းသုံးခုအပေါ်မှာအထူးတလည်တုန့်ပြန်ချက်ရှိမနေတာကြောင့်အများကြီးတွေးမနေပေ။ဒါ့အပြင်စင်ပေါ်ကထိုအမျိုးသမီးတင်ဆက်သူကလည်းလေလံတင်တဲ့ပစ္စည်းတွေတိုင်းကိုရှင်းလင်းနေအောင်ရှင်းပြပေးပြီးသီးသန့်ခန်းရဲ့အထူးမှော်အထောက်အပံ့ကြောင့်အောက်မှာရှိတဲ့ပစ္စည်းကိုသေချာရှင်းရှင်းလင်းလင်းမြင်နေရသည်လေ။လီလျိုကထိုပစ္စည်းကိုသေချာဂရုတစိုက်လေ့လာပြီးအမျိုးသမီးတင်ဆက်သူရဲ့ရှင်းပြချက်ကိုလည်းနောက်တစ်ကြိမ်နားထောင်ရင်းဖြင့်စားရင်းသောက်ရင်းလီလျိုကအဲလ်ဗစ်ကိုလည်းမကြာခဏစကားပြောနေလိုက်သည်။

သူစိတ်ထင်နေတာလားတော့မသိပေမယ့်အဲလ်ဗစ်ကသူအမျိုးသမီးတင်ဆက်သူအကြောင်းအနည်းငယ်ပြောလိုက်တိုင်းအဲလ်ဗစ်ကမပျော်မရွှင်ဖြစ်လာတယ်ဟုခံစားနေရသည်။သူ့မျက်နှာကဘာအမူအယာမှမပြနေပေမယ့်သူ့အဇူရာမျက်လုံးရောင်ကတော့ပိုပိုပြီးနက်ရှိုင်းလာတာကြောင့်နောက်ပိုင်းမှာလီလျိုကအမျိုးသမီးတင်ဆက်သူနဲ့ပတ်သတ်တဲ့စကားတွေကိုရှောင်ပြောလာမှသာသူ့အပေါ်မှာကျနေတဲ့ဖိအားကအနည်းငယ်နိမ့်ကျသွားရသည်။

"နောက်တစ်ခုကတော့ကျွန်မတို့ရဲ့နှစ်ဆယ်ခုမြောက်လေလံပစ္စည်းဖြစ်ပါတယ်"

အမျိုးသမီးတင်ဆက်သူကသင့်တင့်တဲ့အပြုံးနဲ့ပြောလိုက်ပြီးဘယ်ဘက်ကိုကြည့်လိုက်သည်။ဒီအချိန်မှာတော့ဗလတောင့်တောင့်နဲ့အမျိုးသားတစ်ဦးတည်းသာသေးငယ်တဲ့လှည်းလေးကိုသူမရှေ့တွန်းလာကာပြီးသည်နှင့်ချက်ချင်းစင်မြင့်ပေါ်မှပြန်ဆင်းသွားသည်။

အမျိုးသမီးတင်ဆက်သူကလေလံတင်သည့်ပစ္စည်းတင်ထားသည့်ထိုလှည်းသေးသေးလေးဘေးကိုလျှောက်လာလိုက်ကာလက်ကိုဆန့်ထုတ်၍ဖုန်းထားသောပိတ်ဖြူကိုဖယ်ရှားလိုက်သည်။

တစ်ချိန်တည်းမှာပဲအဲလ်ဗစ်ကသူ့ခန္တာကိုယ်ထဲကသွေးတွေဆူပွက်လာသည်ကိုနောက်တစ်ခါခံစားလိုက်ရသည်။သူကရုတ်တရက်မတ်မတ်ထိုင်လိုက်ပြီးအောက်ကိုထက်ရှစွာကြည့်လိုက်၏။

လီလျိုလည်းအဲလ်ဗစ်ရဲ့ခံစားချက်ပြောင်းလဲမှုကိုရုတ်တရက်ခံစားလိုက်ရတာကြောင့်သူလည်းအောက်ကိုငုံ့ကြည့်လိုက်သည်။

"အဲ့ဒါအဲ့ဒီလှည်းပေါ်မှာလား?"

"အမ်း"

အဲလ်ဗစ်ကရိုးရှင်းတဲ့တုန့်ပြန်မှုသာလုပ်လိုက်ပြီးသူ့မျက်လုံးများကတော့ပိတ်ဖြူကိုဖြည်းညှင်းစွာဆွဲဖယ်နေသည့်အမျိုးသမီးတင်ဆက်သူရဲ့လက်ကိုသာကြည့်နေသည်။

ပိတ်ဖြူစကိုလုံးဝဖယ်ရှားလိုက်ပြီးတဲ့အချိန်မှာအားလုံးရဲ့မြင်ကွင်းထဲဝင်လာခဲ့သည်ကအမျိုးသမီးတွေနဲ့သင့်တောတဲ့လက်ရာမြောက်လက်ကိုင်ပါသောမှော်ပစ္စည်းဖြစ်ပြီးသူ့ဘေးမှာတော့အရမ်းကိုရိုးရှင်းတဲ့လည်ဆွဲတစ်ခုတင်ထားသည်။သို့သော်ပုံစံကအမျိုးသားများနဲ့ပိုသင့်တော်သည်။မှော်မီးအိမ်ရဲ့အလင်းရောင်အောက်မှာဝိုင်းပတ်နေသည့်ခပ်ဖျော့ဖျော့အလင်းကကြည့်ရတာထိုအပေါ်မှာအလင်းပြန်နေပုံရသည်။

"ဒီမှော်ပစ္စည်းက..ထိပ်တည့်တည့်ကအဓိကကျောက်ရဲ့ပတ်ပတ်လည်ကရတနာသေးသေးလေးသုံးမျိုးကကွဲနေပေမယ့်ဒီမှော်ပစ္စည်းကပဉ္စမအဆင့်မှော်ပစ္စည်းဖြစ်နေဆဲပါ...အကယ်၍ဒါကိုပြန်လည်ပြင်ဆင်မယ်လို့တွေးကြည့်လိုက်စမ်းပါ..ဒီမှော်ပစ္စည်းကချက်ချင်းဆဌမအဆင့်မှော်ပစ္စည်းဖြစ်သွားမှာ..ထပ်ပေါင်းပြောရရင်ကျွန်မတို့အနေနဲ့ဘေးမှာလည်းဧည့်သည်များကိုလက်ဆောင်အနေနဲ့လည်ဆွဲလေးအပိုထည့်ပေးထားပါသေးတယ်ရှင်..."

အမျိုးသမီးတင်ဆက်သူကပြောနေရင်းဖြင့်မှော်ပစ္စည်းဘေးကလည်ဆွဲကိုကောက်ယူလိုက်ပြီးသူမရဲ့လှပသောလက်ဖဝါးထဲထည့်ပြလိုက်ကာဘက်ပေါင်းစုံကိုလှည့်ပတ်ပြလိုက်သည်။

"ကျွန်မတို့ဈေးကိုမှော်ကျောက်တုန်း(30,000)နဲ့စတင်ပါမယ်"

တကယ်တော့အမျိုးသမီးတင်ဆက်သူကထိုကျိုးနေတဲ့မှော်ပစ္စည်းကပဉ္စအဆင့်မှော်ပစ္စည်းလို့ပြောလိုက်တဲ့အချိန်မှာအောက်ဘက်တွင်အနည်းငယ်လှုပ်လှုပ်ရှားရှားဖြစ်သွားကြသည်။

အထက်တန်းအဆင့်မှော်ပစ္စည်းတွေကပြုလုပ်ရန်အရမ်းခက်ခဲ့ပြီးအောက်မြင်သည့်နှုန်းသည်လည်းအရမ်းနိမ့်ကျသည်။

စတုတ္ထအဆင့်မှော်ပစ္စည်းတစ်ခုကကန့်သတ်ထားတဲ့လမ်းကြောင်းပေါ်မှာရှိနေပြီးပထမအဆင့်သုံးဆင့်ကမှော်စာများကသန့်စင်ရန်အတော်လေးရိုးရှင်းသည်။ထို့ကြောင့်ဈေးကွက်ထဲမှာရှိနေတဲ့မှော်စာအများစုကစတုတ္ထအဆင့်ထက်နိမ့်ကျကြပြီးစတုတ္ထအဆင့်ကနည်းပါးလွန်းသဖြင့်အတော်လေးရှားပါးသည်။စတုတ္ထအဆင့်မှော်ပစ္စည်းနှင့်အထက်ဆိုရင်တော့ကိုယ့်ရဲ့ကံကောင်းမှုအပေါ်မှာပဲမူတည်သွားလိမ့်မည်။အကယ်၍ကံကောင်းမယ်ဆိုရင်ဝယ်နိုင်မယ်ဒါပေမဲ့သင့်ရဲ့ကံကသိပ်မကောင်းဘူးဆိုရင်တော့အဲ့ဒါကိုအရိပ်တောင်မြင်ရမှာမဟုတ်ပေ။

အခုတော့ပဉ္စမအဆင့်မှော်ပစ္စည်းဖြစ်နေသည့်အပြင်အနာဂတ်မှာဆဌမအဆင့်ထိမြင့်လို့ရမယ့်ပစ္စည်းကသူတို့ရှေ့ရောက်နေလေပြီ။အရေအတွက်နည်းပါးသည့်ထိုအမျိုးသမီးမေးဂတ်စ်တွေရဲ့မှော်ပစ္စည်းပေါ်ကြည့်တဲ့အကြည့်ကတောက်ပလာယုံသာမကအမျိုးသားမေးဂတ်စ်များပင်မှော်ပစ္စည်းအားရယူလိုစိတ်ဖြင့်ကြည့်နေကြသည်။အကယ်၍သူတို့ကိုယ်တိုင်အဲ့ဒါကိုမသုံးနိုင်ဘူးဆိုရင်တောင်အဲ့ဒါကိုသူတို့ရဲ့ချွေးမများထံလက်ထပ်ထိန်းမြားမှုလက်ဆောင်အဖြစ်ပေးနိုင်သည်လေ။

လီလျိုကအောက်မှမြင်ကွင်းကိုကြည့်လိုက်ရင်းရုတ်တရက်ကိစ္စတစ်ခုကိုစဉ်းစားမိသွားသည်။မူလဝတ္ထုထဲမှာကဇာတ်လိုက်ကခရစ်နဲ့အတူလာခဲ့ခြင်းဖြစ်သည်။အဲ့ဒီအချိန်မှာသူကအနည်းငယ်ဆင်းရဲနေသေးသောကြောင့်ဒုတိယထပ်ရှိသီးသန့်ခန်းကတကယ်တော့ခရစ်ကငှားရမ်းခဲ့ရခြင်းဖြစ်သည်။ပြိးတော့ဇာတ်လိုက်ကမူလကဒီအတိုင်းခရစ်နဲ့အတူအဖော်လိုက်လာပေးခြင်းသာရှိသည်။ဒါပေမဲ့လည်ဆွဲကိုမြင်ပြီးမှသာချက်ချင်းဇာတ်လိုက်ကသူဒါကိုရကိုရရမယ်လို့ခံစားခဲ့ရသည်။အဲ့ဒါကိုအနိုင်ရပြီးနောက်မှာခရစ်ကမှော်ပစ္စည်းကိုယူလိုက်ပြီးဇာတ်လိုက်ကတော့လည်ဆွဲကိုယူခဲ့သည်။

ပြီးနောက်မှာဇာတ်လိုက်ကခရစ်ကိုကူညီပြီးမှော်ပစ္စည်းအားလျော်ကြေးအဖြစ်ပြန်လည်ပြုပြင်ပေးခဲ့သည်။ထို့နောက်မှာတော့ခရစ်ကသူနဲ့အတူတူဖြစ်သွားပြီးနောက်မှာချက်ချင်းထိုမှော်ပစ္စည်းကိုခရစ်အတွက်အဆင့်တစ်ဆင့်မြှင့်အောင်လုပ်ပေးလိုက်သည်။သို့သော်အခုတော့အဲ့ဒါတွေအားလုံးကအဲလ်ဗစ်အတွက်ရေပေါ်တိမ်များဖြစ်သွားခဲ့ပြီ။ထို့ကြောင့်အခုချိန်မှာအရေးကြီးဆုံးအရာကအဲလ်ဗစ်ထိုမှော်ပစ္စည်းအားသူ့လက်ထဲကငွေအမောက်နဲ့ဘယ်လိုရအောင်အနိုင်ယူရမလဲဆိုတာဖြစ်သည်။ဒီတစ်ခေါက်သီးသန့်ခန်းကသူငှားရမ်းခဲ့တာဖြစ်သောကြောင့်ကျန်ရှိတဲ့ငွေကြေးကနည်းပါးသွားတာကိုထည့်မပြောနဲ့ဦး။

လီလျိုရဲ့အတွေးတွေကထိုနေရာအထိရောက်ပြီးနောက်မှာကြည်လင်ပြီးစိတ်လှုပ်ရှားနေပုံရတဲ့အမျိုးသမီးတစ်ယောက်ရဲ့အသံကိုကြားလိုက်ရသည်။

"ကျွန်မ(50,000)ပေးမယ်"

အမျိုးသမီးရဲ့အသံကမပျောက်သေးခင်မှာနောက်ထပ်အသံတစ်ခုကအလျင်အမြန်ပေါ်လာခဲ့ကာသူကလွှမ်းမိုးနိုင်စွမ်းရှိတဲ့အသံနဲ့ပြောလိုက်သည်။

"ကျုပ်(70,000)ပေးမယ်"

လီလျိုမှာမနေနိုင်ပဲစတင်စိတ်ပူလာမိသည်။အကယ်၍ဇာတ်လိုက်မှာဒီအချိန်ပိုက်ဆံလုံလုံလောက်လောက်မရှိရင်သူသေချာပေါက်အဲ့ဒီမှော်ပစ္စည်းကိုရမှာမဟုတ်တော့ဘူးဒါဆိုသူလိုချင်တဲ့လည်ဆွဲကိုလည်းရမှာမဟုတ်တော့ဘူးပြီးတော့ဇာတ်လမ်းရဲ့ဇာတ်ကြောင်းကလည်းအလျင်အမြန်ပဲပုံပျက်သွားလိမ့်မယ်ပြီးတော့အခုချိန်ကစပြီးပြန်ပြင်ဆင်လို့ကောရပါ့မလား?

"အဲလ်ဗစ်မင်းမှာပိုက်ဆံလုံလောက်ရဲ့လား?"

လီလျိုကခေါင်းကိုလှည့်ပြီးမေးလိုက်သည်။

"ငါ့မှာသိမ်းထားတဲ့မှော်ကျောက်တုန်း(200,000)ရှိသေးတယ်ပြီးတော့မင်းငါ့ကိုမြင့်မြတ်တဲ့အသီးပေးထားသေးတယ်လေအဲ့ဒါကအနည်းဆုံးမှော်ကျောက်တုန်း(300,000)လောက်တော့တန်တယ်...လုံလောက်မှာပါ"

အဲလ်ဗစ်ကအနည်းငယ်မျှပင်စိတ်ပူပန်ခြင်းမရှိပဲသူ့အဇူရာမျက်လုံးများကအောက်မှဆူညံမှုများကိုသာငုံကြည့်နေပြီးမှလက်ကိုဆန့်ထုတ်လိုက်ပြီးသူ့ဘေးမှခုံကိုနှိပ်လိုက်ကာပြောလိုက်သည်။

 "100,000."

အဲလ်ဗစ်ရဲ့အသံကအောက်ကလေလံစင်မြင့်ပေါ်မှာချက်ချင်းပဲ့တင်ထပ်သွားသည်။သူကသူ့ရဲ့ပုံမှန်အသံထက်အနည်းငယ်နှိမ့်ချထားသော်လည်းကြားရတောတော့အလွန်သာယာချိုမြိန်နေဆဲပင်။

လေလံဈေးရဲ့နောက်ဆုံးဈေးကဘယ်လောက်လဲဆိုတာသိချင်မိသောကြောင့်လီလျိုကသူ့မျက်လုံးများကိုအလျင်အမြန်မှိတ်လိုက်ပြီးဇာတ်လမ်းရဲ့ဇာတ်ကြောင်းကိုကြည့်လိုက်သည်။ဘယ်လိုကံမကောင်းတဲ့ဖြစ်ရပ်မှမဖြစ်ဖို့မျှော်လင့်ရတာပဲ

ဘေးမှာရှိတဲ့အဲလ်ဗစ်ကတော့ဈေးထပ်မတင်တော့ပဲတစ်ဖြည်းဖြည်းချင်းဆီမြင့်တက်လာတဲ့ဈေးကိုသာကြည့်နေသည်။ဈေးကအလျင်အမြန်နဲ့ပဲမှော်ကျောက်တုန်း(200,000)ထိမြင့်တက်သွားပြီဖြစ်သည်။သို့သော်အောက်မှာရှိတဲ့အသံများကပိုပိုပြီးစိတ်လှုပ်ရှားလာသလိုဈေးကလည်းတည်ငြိမ်တဲ့အရှိန်နှုန်းနဲ့ဆက်မြင့်တက်နေသေး၏။

လီလျိုကနောက်ဆုံးတော့ဇာတ်လမ်းအကျဉ်းချုပ်ရဲ့လက်ရှိအချိန်ကိုလှန်ကြည့်လိုက်သော်လည်းရှောင်းချီကသူ့ကိုဇာတ်ကြောင်းအပြည့်အစုံပေးထားတာမဟုတ်ပဲယေဘုယျဇာတ်ကြောရိုးကိုသာပေးထားတာဖြစ်တာကြောင့်လီလျိုမှာအကြိမ်ပေါင်းများစွာကြည့်တာတောင်မှော်ပစ္စည်းရဲ့နောက်ဆုံးဈေးကိုရှာမတွေ့ဘူးဖြစ်နေသည်။ဒါ့အပြင်သူဒီဝတ္ထုကိုရေးခဲ့တာလည်းဟိုးတုန်းကတည်းဖြစ်တာကြောင့်ဇာတ်လမ်းတစ်ခုလုံးကိုမေ့ခဲ့တာတောင်တော်တော်ကြာခဲ့လေပြီ။

ဇာတ်ကြောင်းကကျိန်းသေပေါက်အမှားအယွင်းဖြစ်လို့မရဘူး..အကယ်၍သူတို့ဒီလေလံပစ္စည်းကိုမနိုင်ဘူးဆိုရင်ဘယ်သူ့လက်ထဲကျရောက်သွားမလဲဆိုတာဘယ်သူသိမှာလဲပြီးတော့အဲ့ဒီအချိန်ရောက်ရင်အနာဂတ်မှာရှာတွေ့ဖို့ပိုပြီးခက်ခဲသွားလိမ့်မည်။ဒါ့အပြင်တစ်ဖက်လူကသူတို့ကိုပေးပါ့မလားဆိုတာကလည်းမသေချာတဲ့ကိစ္စတစ်ခုဖြစ်သည့်အပြင်အကယ်၍သူတို့သဘောတူတယ်ဆိုရင်တောင်ဘယ်လိုလိုအပ်ချက်မျိုးကိုတောင်းဆိုမလဲဆိုတာဘယ်သူကသိမှာလဲ။

လီလျိုကသူ့မျက်လုံးများကိုလှည့်လိုက်ပြီးသူ့မှာလက်ရှိရှိနေသည့်စွမ်းရည်များကိုချက်ချင်းတွေးလိုက်မိသည်။စွမ်းရည်ဆိုတာဒီကိစ္စမှာလည်းအသုံးဝင်သင့်တယ်လေဟုတ်တယ်မှတ်လား?

ဒါပေမဲ့အဲလ်ဗစ်ရှေ့မှာပြောဖို့တော့ရှက်ရွံ့နေသည်။

လီလျိုကသူ့ထိုင်ခုံမှချက်ချင်းထလိုက်ပြီးအဲလ်ဗစ်ကလည်းသူ့ကိုချက်ချင်းကြည့်လိုက်သည်။သူ့မျက်လုံးထဲမှာတော့ရှင်းရှင်းလင်းလင်းကိုမေးမြန်စူးစမ်းမှုများရှိနေ၏။

လီလျိုကသူ့လက်မောင်းများကိုသက်တောင့်သက်သာမဖြစ်စွာဝှေ့ယမ်းလိုက်ပြီးအဲလ်ဗစ်ကိုအဆင်မပြေသည့်အပြုံးတစ်ခုပြုံးပြလိုက်သည်။

"ငါစားတာအရမ်းများသွားလို့...အခန်းထဲမှာခဏလောက်လမ်းလျှောက်ဖို့လိုနေပြီ"

ထို့နောက်သူကအဲလ်ဗစ်ရဲ့မျက်လုံးတွေကိုထပ်မကြည့်တော့ပဲနောက်ဘက်ကိုတိုက်ရိုက်လှည့်လိုက်ကာသူ့ဘက်မှာရှိတဲ့အခန်းထောင့်ကိုလျှောက်သွားလိုက်ပြီးနာရီလက်တံရွှေ့လျားမှုပုံစံဖြင့်တစ်ဖက်ကောထင့်ကိုဆက်သွားလိုက်၏။

လီလျိုကသီးသန့်ခန်းရဲ့တံခါးဘေးကိုဖြည်းညှင်းစွာလျှောက်သွားလိုက်ပြီးသူ့ခေါင်းကိုအလျှင်အမြန်လှည့်ကြည့်လိုက်တဲ့အခါအဲလ်ဗစ်ကသူ့ကိုအာရုံမစိုက်နေဘူးဆိုတာတွေ့လိုက်သောကြောင့်ချက်ချင်းတံခါးရဲ့ထောင့်နားကိုခိုးကြောင်ခိုးဝှက်သွားလိုက်၍သူ့စိတ်ကိုအာရုံစူးစိုက်လိုက်ကာသူ့ရဲ့မှန်ကန်လာစေသည့်အစွမ်းကိုသုံးပြီးတီးတိုးရေရွတ်လိုက်သည်။

"ဘယ်လိုကိစ္စပဲဖြစ်ပါစေအဲ့ဒီမှော်အရာဝတ္ထုတွေအားလုံးအဲလ်ဗစ်ပဲဝယ်နိုင်ရမယ်ပြီးတော့အဲ့ဒီလည်ဆွဲလည်းအဲလ်ဗစ်လက်ထဲပဲရောက်ရမယ်"

.......သူကအသံတိုးတိုးနဲ့ပြောနေတာဖြစ်ပေမယ့်လည်းတစ်နည်းနည်းနဲ့တော့နားမလည်နိုင်လောက်အောင်အရှက်ကွဲသလိုခံစားနေရသည်။

သူဘာဖြစ်နေတာလဲ?!

ကံကောင်းစွာနဲ့သူကအရမ်းဝေးပြီးသူ့အသံကလည်းအရမ်းတိုးနေတာကြောင့်အဲလ်ဗစ်ကြားမှာမဟုတ်ဘူး။မဟုတ်ရင်တော့သူချက်ချင်းကြောင်ပုံစံပြောင်းပြီးအဲလ်ဗစ်ဆီကနေရက်အနည်းငယ်ပုန်းနေမိလိမ့်မယ်။

လီလျိုကပြောလို့ပြီးသွားသည့်နောက်မှာတူညီတဲ့နေရာမှာပဲခဏမျှရပ်နေပြီးနောက်အဲလ်ဗစ်ရဲ့ကျောဘက်ကနေနောက်တစ်ကြိမ်ထောင့်တစ်နေရာမှတစ်နေရာကိုဖြည်းငြင်းစွာသွားနေလိုက်သည်။သူပြောခဲ့တဲ့ဆင်ခြေကိုသက်သေပြနိုင်ရန်အကြိမ်အနည်းငယ်လှည့်ပတ်နေပြီးမှသူ့ထိုင်ခုံတွင်ပြန်ထိုင်နေလိုက်၏။အဲ့ဒီအချိန်မှာဈေးက(380,000)ထိတက်သွားခဲ့ပြီဖြစ်သည်။

လီလျိုထိုင်ချလိုက်တဲ့အချိန်မှာပဲတစ်စုံတစ်ယောက်ကအသက်တစ်ခါရှုရှိုက်စာအတွင်း(40,000)တိုးမြှင့်ပေးလိုက်ပြီးဈေးကထပ်၍(420,000)ဖြစ်သွားသည်။အဲ့ဒီအချိန်မှာယှဉ်ပြိုင်ဘက်ကတော်တော်လေးလျှော့နည်းသွားပြီဖြစ်ပြီးယှဉ်ပြိုင်သည့်လူအနည်းငယ်သာရှိတော့သည်။

ပြီးတော့လည်းဈေးကမူလပဉ္စအဆင့်မှော်ကိရိယာတစ်ခုရဲ့တန်ဖိုးထက်ကျော်လွန်နေပြီလေ

အဲလ်ဗစ်မှာလက်ရှိတွင်ညှိုနှိုင်းနိုင်တဲ့အပြားလေးကထောင်ဂဏန်းအနည်းငယ်မျှသာကျန်တော့သော်လည်းသူ့အမူအယာကဘာထိတ်လန့်မှုမှပြမနေပဲအရင်ကအတိုင်းလေးသာရှိနေသေးပြီးသူ့မျက်လုံးများကပင်အနည်းငယ်မျှတုန်လှုပ်ခြင်းမရှိပေ။

အဲ့ဒီအချိန်မှာလီလျိုကခုနကလိုရင်တုန်မှုမျိုးလုံးဝမရှိတော့ပဲမတော်တဆဖြစ်ရပ်တစ်ခုခုမဖြစ်သ၍အောက်မှာရှိတဲ့ပစ္စည်းကအဲလ်ဗစ်ဟာသာဖြစ်လိမ့်မယ်....ဘယ်သူမှယူနိုင်မှာမဟုတ်ဘူး

အဲလ်ဗစ်ကလေလံခလုပ်ကိုနှိပ်လိုက်ပြီးသူ့ပါးစပ်ကိုဖွင့်လိုက်ကာပြောလိုက်သည်။

"ငါ(520,000)ပေးမယ်"

ယခင်ပေးထားတဲ့လူရဲ့ဈေးနှုန်းကို(20,000)တိတိထပ်ပေါင်းလိုက်ခြင်းဖြစ်သည်။

လှပသည့်အဝတ်အစားများဝတ်ထားသည့်ဝိုင်းဝိုင်းပြည့်ပြည့်အမျိုးသမီးကအဲလ်ဗစ်ရဲ့ကမ်းလှမ်းချက်ဈေးနှုန်းကိုကြားသည်နှင့်ချက်ချင်းနောက်တစ်ကြိမ်လေလံထပ်ပစ်ဖို့ကိုတွန့်ဆုတ်သွားမိသည်။ဘာကြောင့်မှန်းမသိသော်လည်းသူမနောက်တစ်ကြိမ်လေလံပွဲစင်မြင့်ပေါ်ကပစ္စည်းကိုမြင်တဲ့အခါလိုချင်စိတ်မရှိတော့ဘူးဖြစ်သွား၏။

ဘယ်လိုပဲဖြစ်ဖြစ်အနာဂတ်မှာဒီထက်ပိုပြီးကောင်းတဲ့အရာသေချာပေါက်ရှိမှာပဲလေ..ထိုအမျိုးသမီးကထိုသို့တွေးလိုက်မိပြီးနောက်သူမရဲ့လက်ချောင်းများကိုသူမဘေးမှထိုင်ခုံပေါ်ရှိခလုပ်နေရာကနေဖယ်လိုက်မိတော့သည်။

လေလံပွဲစင်မြင့်ပေါ်မှအမျိုးသမီးတင်ဆက်သူကခဏမျှရပ်စောင့်နေလိုက်ပြီးဘယ်သူမှထပ်လေလံမပစ်တော့သည်ကိုမြင်သောအခါခပ်ဖွဖွပြုံး၍စားပွဲအားသူမလက်ထဲကတူလေးနဲ့ထုလိုက်သည်။

"ဒါဆိုဒီပစ္စည်းကနောက်ဆုံးဈေးကိုပစ်လိုက်တဲ့လူကြီးမင်းဆီရောက်ရှိသွားပါပြီ..လေလံပွဲပြီးဆုံးတဲ့အချိန်မှာကျွန်မတို့လေလံအိမ်ရဲ့အထူးဝန်ထမ်းများကသင့်ရဲ့သီးသန့်ခန်းကိုရောက်ရှိလာပါလိမ့်မယ်ကျေးဇူးပြု၍စိတ်ရှည်ပါရှင်"

ပြီးနောက်မှာတော့အမျိုးသမီးတင်ဆက်သူကဘေးကိုရပ်လိုက်ပြီးဗလတောင့်တောင့်အမျိုးသားကလှည်းအားပြန်တွန်းယူသွားသည်ကိုကြည့်လိုက်ပြီးနောက်ဆက်ပြောလိုက်သည်။

"ကဲအဲ့ဒါဆိုနောက်ထပ်ပစ္စည်းလေးကဘာများဖြစ်မလဲဆိုတာကြည့်လိုက်ကြရအောင်....."

နာရီအနည်းငယ်ကလျင်မြန်စွာကန်ုဆုံးသွားခဲ့ပြီးညနေဘက်ရှစ်နာရီလောက်မှသာလေလံပွဲကပြီးဆုံးသွားခဲ့သည်။

အဲလ်ဗစ်ကမှော်ပစ္စည်းကိုအနိုင်ရပြီးနောက်အဲ့ဒီလိုတုန့်ပြန်မှုမျိုးရသည့်မည်သည့်ပစ္စည်းကိုမှထပ်မတွေ့တော့တာကြောင့်အလျင်အမြန်ပဲလေလံပွဲပေါ်မှာစိတ်ဝင်စားမှုပျောက်ဆုံးသွားသည်။

လေလံပွဲပြီးဆုံးသွားသောအခါခဏမျှအကြာတွင်သူတို့ရဲ့သီးသန့်ခန်းကိုလာခေါက်သည့်အသံအားကြားလိုက်ရပြီးလီလျိုကကြောင်ပုံစံအလျင်အမြန်ပြောင်း၍အဲလ်ဗစ်ရဲ့ပေါင်ပေါ်ခုန်တက်လိုက်ကာလှဲချလိုက်သည်။သူ့ရဲ့ရှေ့ခြေထောက်လေးနှစ်ချောင်းကိုအတူတူထားထားလိုက်ပြီးတစ်ဖက်သို့လှည့်၍တံခါးရှိရာဘက်သို့ကြည့်နေလိုက်သည်။

အပြင်ဘက်မှလူကအကြိမ်အနည်းငယ်ခေါက်လိုက်ပြီးအပြင်မှာခဏမျှစောင့်နေလိုက်ပြီးမှတံခါးဖွင့်ကာအထဲသို့ဝင်လာသည်။

ဝင်လာတဲ့သူကလက်ထဲမှာဗန်းလေးတစ်ခုကိုင်ထားသည့်လူငယ်တစ်ယောက်ဖြစ်ပြီးသူ့အသက်ကအရမ်းကြီးသေးပုံမပေါ်ပေ။သူဝင်လာတဲ့အချိန်မှာအဲလ်ဗစ်ရှိသည့်ဘက်ကိုကြည့်လိုက်ပြီးယဉ်ကျေးစွာပြုံးပြလာသည်။

"လူကြီးမင်းခင်ဗျာ..ကျွန်တော်ဒီကိုသင်နိုင်တဲ့လေလံပစ္စည်းလာပို့ပေးတာပါကျေးဇူးပြုပြီးလက်ခံပေးပါ"

ပြောနေရင်းဖြင့်လူငယ်လေးကအဲလ်ဗစ်ရဲ့ဘေးကိုလျှောက်လာပြီးသူကိုင်လာတဲ့ဗန်းကိုအဲလ်ဗစ်ရှေ့တိုးပြလိုက်သည်။

တကယ်တော့မစစ်ဆေးလဲဒီပစ္စည်းကသူလိုချင်တဲ့အရာဆိုတာအဲလ်ဗစ်ကသိပြီးသားဖြစ်သည်။လူငယ်လေးဝင်လာကတည်းကသူ့ခန္တာကိုယ်ထဲကသွေးတွေဆူပွက်လာသည်ကိုအလျင်အမြန်ခံစားရပြီးသူ့နှလုံးခုန်နှုန်းကလည်းနှစ်ဆပိုမြန်လာသည်လေ။

အဲ့ဒီလိုဆိုရင်တောင်တစ်ဖက်လူကသူ့မျက်နှာပေါ်ကစိတ်ခံစားချက်အပြောင်းအလဲကိုမမြင်ရပေ။ဒါပေမဲ့သူ့မျက်လုံးအရောင်ကတော့အနည်းငယ်ပြောင်းလဲသွားသည်။အကယ်၍ဂရုတစိုက်မကြည့်ဘူးဒါမှမဟုတ်သင်ကသူနဲ့မရင်းနှီးတဲ့သူတစ်ယောက်ဖြစ်နေမယ်ဆိုရင်တော့သေချာပေါက်မမြင်နိုင်ချေ။

အဲလ်ဗစ်ကသူစုဆောင်းထားတဲ့အရာအားလုံးနဲ့လီလျိုပေးထားတဲ့မြင့်မြတ်သီးထည့်ထားတဲ့သိုလှောင်အိတ်တစ်ခုလုံးအားလူငယ်လေးကိုင်ထားတဲ့ဗန်းပေါ်တင်ပေးလိုက်သည်။

လူငယ်လေးကသိုလှောင်အိတ်ထဲမှာပါဝင်တဲ့အရာတွေကိုစစ်ဆေးလိုက်တဲ့အခါမှော်ကျောက်တုန်း(200,000)သာရှိတာကိုတွေ့လိုက်ရသည်။ထို့နောက်တစ်ခြားတစ်ဖက်ကကျောက်စိမ်းဖြူသီးများကိုကြည့်လိုက်သည်။

"ဧည့်သည်ခင်ဗျာ...သင်(200,000)ပဲပေးရပါသေးတယ်..ဒါက?"

"ဒါကကျုပ်ရဲ့ငွေပေးချေမှုနောက်တစ်ပိုင်း"

လူငယ်လေးကဘာမှထပ်မမေးတော့ပဲခေါင်းညိမ့်ပြကာပြောလိုက်သည်။

"ကျေးဇူးပြုပြီးခဏလောက်စောင့်ပေးပါ"

ထို့နောက်လေလံပစ္စည်းအားဘေးမှာအလျင်အမြန်တင်ပေးလိုက်ပြီးအဲလ်ဗစ်ပေးသည့်အရာများအားယူကာထွက်ခွာသွားလေသည်။

အဲလ်ဗစ်ကထိုင်နေသည့်နေရာမှာပဲဆက်ထိုင်နေသည်။သူအခုချိန်မှာထွက်သွားလို့မရဘူးဆိုတာသူသိသည်လေ။လူငယ်လေးပြန်လာပြီးသူပေးတဲ့ပစ္စည်းတွေကငွေချေနိုင်တယ်လို့ဆုံးဖြတ်ပြီးမှသာသူဒီအခန်းမှထွက်သွားလို့ရမှာဖြစ်သည်။ဒါ့ကြောင့်လည်းလူငယ်လေးကမကြောက်ရွံ့ပဲလေလံပစ္စည်းအားဒီမှာထားထားခဲ့တာဖြစ်သည်။

.................................
Zawgyi

Arc(2.29) - Saint Magus

အခ်ိန္ကကုန္ဆံုးလာခဲ့ၿပီးေလလံတင္သည့္ပစၥည္းကလည္း(၁၂)ခုေျမာက္ေရာက္လာခဲ့ၿပီျဖစ္သည္။သို႔ေသာ္ရွိေနသည့္လူမ်ားကပ်င္းရိသလိုမခံစားရပဲအဲ့ဒီအစားေလထုကပိုပိုၿပီးအသက္ဝင္လာသည္။

ထိုအမ်ိဳးသမီးေလလံပြဲတင္ဆက္သူကေတာ္ေတာ္ေလးအရည္အခ်င္းျပည့္ဝသည္ဟုဆိုရမည္။စကားေလးအနည္းငယ္ႏွင့္ပင္ေလလံပြဲတစ္ခုလံုးကိုစည္းရံုးသိမ္းသြင္းႏိုင္သည္။ဒါ့အျပင္သူမကသူမရဲ႔ကိုယ္ပိုင္အားသာခ်က္မ်ားကိုလည္းေကာင္းေကာင္းအသံုးခ်ႏိုင္ၿပီးအဓိပၸါယ္ျပည့္ဝသည့္အၾကည့္အနည္းငယ္ႏွင့္ပင္အမ်ိဳးသားေမးဂတ္စ္တစ္ခ်ိဳ႔ကိုသူတို႔ေပးတဲ့ေလလံေစ်းအားခ်က္ခ်င္းႁမွင့္ေအာင္လုပ္ႏိုင္သည္။

အဲလ္ဗစ္ရဲ႔ရည္မွန္းခ်က္ကသူ႔အတြက္တကယ္သင့္ေတာ္တဲ့ပစၥည္းကိုရွာဖို႔ျဖစ္သည္။ထို႔ေၾကာင့္ေလလံတင္တဲ့ပစၥည္း(၁၂)ခုထြက္သြားတာေတာင္ဘယ္ေလာက္ပဲအမ်ိဳးသမီးေလလံပြဲတက္ဆက္သူကေျပာေနပါေစသူကအနည္းငယ္မွ်ပင္ေသြးေဆာင္ျခင္းမခံရေပ။

လီလ်ိဳကလည္းအဲလ္ဗစ္လိုမ်ိဳးအဲ့ဒီပစၥည္းသံုးခုအေပၚမွာအထူးတလည္တုန္႔ျပန္ခ်က္ရွိမေနတာေၾကာင့္အမ်ားႀကီးေတြးမေနေပ။ဒါ့အျပင္စင္ေပၚကထိုအမ်ိဳးသမီးတင္ဆက္သူကလည္းေလလံတင္တဲ့ပစၥည္းေတြတိုင္းကိုရွင္းလင္းေနေအာင္ရွင္းျပေပးၿပီးသီးသန္႔ခန္းရဲ႔အထူးေမွာ္အေထာက္အပံ့ေၾကာင့္ေအာက္မွာရွိတဲ့ပစၥည္းကိုေသခ်ာရွင္းရွင္းလင္းလင္းျမင္ေနရသည္ေလ။လီလ်ိဳကထိုပစၥည္းကိုေသခ်ာဂ႐ုတစိုက္ေလ့လာၿပီးအမ်ိဳးသမီးတင္ဆက္သူရဲ႔ရွင္းျပခ်က္ကိုလည္းေနာက္တစ္ႀကိမ္နားေထာင္ရင္းျဖင့္စားရင္းေသာက္ရင္းလီလ်ိဳကအဲလ္ဗစ္ကိုလည္းမၾကာခဏစကားေျပာေနလိုက္သည္။

သူစိတ္ထင္ေနတာလားေတာ့မသိေပမယ့္အဲလ္ဗစ္ကသူအမ်ိဳးသမီးတင္ဆက္သူအေၾကာင္းအနည္းငယ္ေျပာလိုက္တိုင္းအဲလ္ဗစ္ကမေပ်ာ္မရႊင္ျဖစ္လာတယ္ဟုခံစားေနရသည္။သူ႔မ်က္ႏွာကဘာအမူအယာမွမျပေနေပမယ့္သူ႔အဇူရာမ်က္လံုးေရာင္ကေတာ့ပိုပိုၿပီးနက္႐ွိဳင္းလာတာေၾကာင့္ေနာက္ပိုင္းမွာလီလ်ိဳကအမ်ိဳးသမီးတင္ဆက္သူနဲ႔ပတ္သတ္တဲ့စကားေတြကိုေရွာင္ေျပာလာမွသာသူ႔အေပၚမွာက်ေနတဲ့ဖိအားကအနည္းငယ္နိမ့္က်သြားရသည္။

"ေနာက္တစ္ခုကေတာ့ကၽြန္မတို႔ရဲ႔ႏွစ္ဆယ္ခုေျမာက္ေလလံပစၥည္းျဖစ္ပါတယ္"

အမ်ိဳးသမီးတင္ဆက္သူကသင့္တင့္တဲ့အျပံဳးနဲ႔ေျပာလိုက္ၿပီးဘယ္ဘက္ကိုၾကည့္လိုက္သည္။ဒီအခ်ိန္မွာေတာ့ဗလေတာင့္ေတာင့္နဲ႔အမ်ိဳးသားတစ္ဦးတည္းသာေသးငယ္တဲ့လွည္းေလးကိုသူမေရွ႕တြန္းလာကာၿပီးသည္ႏွင့္ခ်က္ခ်င္းစင္ျမင့္ေပၚမွျပန္ဆင္းသြားသည္။

အမ်ိဳးသမီးတင္ဆက္သူကေလလံတင္သည့္ပစၥည္းတင္ထားသည့္ထိုလွည္းေသးေသးေလးေဘးကိုေလွ်ာက္လာလိုက္ကာလက္ကိုဆန္႔ထုတ္၍ဖုန္းထားေသာပိတ္ျဖဴကိုဖယ္ရွားလိုက္သည္။

တစ္ခ်ိန္တည္းမွာပဲအဲလ္ဗစ္ကသူ႔ခႏာၱကိုယ္ထဲကေသြးေတြဆူပြက္လာသည္ကိုေနာက္တစ္ခါခံစားလိုက္ရသည္။သူက႐ုတ္တရက္မတ္မတ္ထိုင္လိုက္ၿပီးေအာက္ကိုထက္ရွစြာၾကည့္လိုက္၏။

လီလ်ိဳလည္းအဲလ္ဗစ္ရဲ႔ခံစားခ်က္ေျပာင္းလဲမႈကို႐ုတ္တရက္ခံစားလိုက္ရတာေၾကာင့္သူလည္းေအာက္ကိုငံု႔ၾကည့္လိုက္သည္။

"အဲ့ဒါအဲ့ဒီလွည္းေပၚမွာလား?"

"အမ္း"

အဲလ္ဗစ္က႐ိုးရွင္းတဲ့တုန္႔ျပန္မႈသာလုပ္လိုက္ၿပီးသူ႔မ်က္လံုးမ်ားကေတာ့ပိတ္ျဖဴကိုျဖည္းၫွင္းစြာဆြဲဖယ္ေနသည့္အမ်ိဳးသမီးတင္ဆက္သူရဲ႔လက္ကိုသာၾကည့္ေနသည္။

ပိတ္ျဖဴစကိုလံုးဝဖယ္ရွားလိုက္ၿပီးတဲ့အခ်ိန္မွာအားလံုးရဲ႔ျမင္ကြင္းထဲဝင္လာခဲ့သည္ကအမ်ိဳးသမီးေတြနဲ႔သင့္ေတာတဲ့လက္ရာေျမာက္လက္ကိုင္ပါေသာေမွာ္ပစၥည္းျဖစ္ၿပီးသူ႔ေဘးမွာေတာ့အရမ္းကို႐ိုးရွင္းတဲ့လည္ဆြဲတစ္ခုတင္ထားသည္။သို႔ေသာ္ပံုစံကအမ်ိဳးသားမ်ားနဲ႔ပိုသင့္ေတာ္သည္။ေမွာ္မီးအိမ္ရဲ႔အလင္းေရာင္ေအာက္မွာဝိုင္းပတ္ေနသည့္ခပ္ေဖ်ာ့ေဖ်ာ့အလင္းကၾကည့္ရတာထိုအေပၚမွာအလင္းျပန္ေနပံုရသည္။

"ဒီေမွာ္ပစၥည္းက..ထိပ္တည့္တည့္ကအဓိကေက်ာက္ရဲ႔ပတ္ပတ္လည္ကရတနာေသးေသးေလးသံုးမ်ိဳးကကြဲေနေပမယ့္ဒီေမွာ္ပစၥည္းကပဥၥမအဆင့္ေမွာ္ပစၥည္းျဖစ္ေနဆဲပါ...အကယ္၍ဒါကိုျပန္လည္ျပင္ဆင္မယ္လို႔ေတြးၾကည့္လိုက္စမ္းပါ..ဒီေမွာ္ပစၥည္းကခ်က္ခ်င္းဆဌမအဆင့္ေမွာ္ပစၥည္းျဖစ္သြားမွာ..ထပ္ေပါင္းေျပာရရင္ကၽြန္မတို႔အေနနဲ႔ေဘးမွာလည္းဧည့္သည္မ်ားကိုလက္ေဆာင္အေနနဲ႔လည္ဆြဲေလးအပိုထည့္ေပးထားပါေသးတယ္ရွင္..."

အမ်ိဳးသမီးတင္ဆက္သူကေျပာေနရင္းျဖင့္ေမွာ္ပစၥည္းေဘးကလည္ဆြဲကိုေကာက္ယူလိုက္ၿပီးသူမရဲ႔လွပေသာလက္ဖဝါးထဲထည့္ျပလိုက္ကာဘက္ေပါင္းစံုကိုလွည့္ပတ္ျပလိုက္သည္။

"ကၽြန္မတို႔ေစ်းကိုေမွာ္ေက်ာက္တုန္း(30,000)နဲ႔စတင္ပါမယ္"

တကယ္ေတာ့အမ်ိဳးသမီးတင္ဆက္သူကထိုက်ိဳးေနတ့ဲေမွာ္ပစၥည္းကပဥၥအဆင့္ေမွာ္ပစၥည္းလို႔ေျပာလိုက္တဲ့အခ်ိန္မွာေအာက္ဘက္တြင္အနည္းငယ္လႈပ္လႈပ္ရွားရွားျဖစ္သြားၾကသည္။

အထက္တန္းအဆင့္ေမွာ္ပစၥည္းေတြကျပဳလုပ္ရန္အရမ္းခက္ခဲ့ၿပီးေအာက္ျမင္သည့္ႏႈန္းသည္လည္းအရမ္းနိမ့္က်သည္။

စတုတၳအဆင့္ေမွာ္ပစၥည္းတစ္ခုကကန္႔သတ္ထားတဲ့လမ္းေၾကာင္းေပၚမွာရွိေနၿပီးပထမအဆင့္သံုးဆင့္ကေမွာ္စာမ်ားကသန္႔စင္ရန္အေတာ္ေလး႐ိုးရွင္းသည္။ထို႔ေၾကာင့္ေစ်းကြက္ထဲမွာရွိေနတဲ့ေမွာ္စာအမ်ားစုကစတုတၳအဆင့္ထက္နိမ့္က်ၾကၿပီးစတုတၳအဆင့္ကနည္းပါးလြန္းသျဖင့္အေတာ္ေလးရွားပါးသည္။စတုတၳအဆင့္ေမွာ္ပစၥည္းႏွင့္အထက္ဆိုရင္ေတာ့ကိုယ့္ရဲ႔ကံေကာင္းမႈအေပၚမွာပဲမူတည္သြားလိမ့္မည္။အကယ္၍ကံေကာင္းမယ္ဆိုရင္ဝယ္ႏိုင္မယ္ဒါေပမဲ့သင့္ရဲ႔ကံကသိပ္မေကာင္းဘူးဆိုရင္ေတာ့အဲ့ဒါကိုအရိပ္ေတာင္ျမင္ရမွာမဟုတ္ေပ။

အခုေတာ့ပဥၥမအဆင့္ေမွာ္ပစၥည္းျဖစ္ေနသည့္အျပင္အနာဂတ္မွာဆဌမအဆင့္ထိျမင့္လို႔ရမယ့္ပစၥည္းကသူတို႔ေရွ႕ေရာက္ေနေလၿပီ။အေရအတြက္နည္းပါးသည့္ထိုအမ်ိဳးသမီးေမးဂတ္စ္ေတြရဲ႔ေမွာ္ပစၥည္းေပၚၾကည့္တဲ့အၾကည့္ကေတာက္ပလာယံုသာမကအမ်ိဳးသားေမးဂတ္စ္မ်ားပင္ေမွာ္ပစၥည္းအားရယူလိုစိတ္ျဖင့္ၾကည့္ေနၾကသည္။အကယ္၍သူတို႔ကိုယ္တိုင္အဲ့ဒါကိုမသံုးႏိုင္ဘူးဆိုရင္ေတာင္အဲ့ဒါကိုသူတို႔ရဲ႔ေခၽြးမမ်ားထံလက္ထပ္ထိန္းျမားမႈလက္ေဆာင္အျဖစ္ေပးႏိုင္သည္ေလ။

လီလိ်ဳကေအာက္မွျမင္ကြင္းကိုၾကည့္လိုက္ရင္း႐ုတ္တရက္ကိစၥတစ္ခုကိုစဥ္းစားမိသြားသည္။မူလဝတၳဳထဲမွာကဇာတ္လိုက္ကခရစ္နဲ႔အတူလာခဲ့ျခင္းျဖစ္သည္။အဲ့ဒီအခ်ိန္မွာသူကအနည္းငယ္ဆင္းရဲေနေသးေသာေၾကာင့္ဒုတိယထပ္ရွိသီးသန္႔ခန္းကတကယ္ေတာ့ခရစ္ကငွားရမ္းခဲ့ရျခင္းျဖစ္သည္။ၿပိးေတာ့ဇာတ္လိုက္ကမူလကဒီအတိုင္းခရစ္နဲ႔အတူအေဖာ္လိုက္လာေပးျခင္းသာရွိသည္။ဒါေပမဲ့လည္ဆြဲကိုျမင္ၿပီးမွသာခ်က္ခ်င္းဇာတ္လိုက္ကသူဒါကိုရကိုရရမယ္လို႔ခံစားခဲ့ရသည္။အဲ့ဒါကိုအႏိုင္ရၿပီးေနာက္မွာခရစ္ကေမွာ္ပစၥည္းကိုယူလိုက္ၿပီးဇာတ္လိုက္ကေတာ့လည္ဆြဲကိုယူခဲ့သည္။

ၿပီးေနာက္မွာဇာတ္လိုက္ကခရစ္ကိုကူညီၿပီးေမွာ္ပစၥည္းအားေလ်ာ္ေၾကးအျဖစ္ျပန္လည္ျပဳျပင္ေပးခဲ့သည္။ထို႔ေနာက္မွာေတာ့ခရစ္ကသူနဲ႔အတူတူျဖစ္သြားၿပီးေနာက္မွာခ်က္ခ်င္းထိုေမွာ္ပစၥည္းကိုခရစ္အတြက္အဆင့္တစ္ဆင့္ႁမွင့္ေအာင္လုပ္ေပးလိုက္သည္။သို႔ေသာ္အခုေတာ့အဲ့ဒါေတြအားလံုးကအဲလ္ဗစ္အတြက္ေရေပၚတိမ္မ်ားျဖစ္သြားခဲ့ၿပီ။ထို႔ေၾကာင့္အခုခ်ိန္မွာအေရးႀကီးဆံုးအရာကအဲလ္ဗစ္ထိုေမွာ္ပစၥည္းအားသူ႔လက္ထဲကေငြအေမာက္နဲ႔ဘယ္လိုရေအာင္အႏိုင္ယူရမလဲဆိုတာျဖစ္သည္။ဒီတစ္ေခါက္သီးသန္႔ခန္းကသူငွားရမ္းခဲ့တာျဖစ္ေသာေၾကာင့္က်န္ရွိတဲ့ေငြေၾကးကနည္းပါးသြားတာကိုထည့္မေျပာနဲ႔ဦး။

လီလ်ိဳရဲ႔အေတြးေတြကထိုေနရာအထိေရာက္ၿပီးေနာက္မွာၾကည္လင္ၿပီးစိတ္လွဳပ္ရွားေနပံုရတဲ့အမ်ိဳးသမီးတစ္ေယာက္ရဲ႔အသံကိုၾကားလိုက္ရသည္။

"ကၽြန္မ(50,000)ေပးမယ္"

အမ်ိဳးသမီးရဲ႔အသံကမေပ်ာက္ေသးခင္မွာေနာက္ထပ္အသံတစ္ခုကအလ်င္အျမန္ေပၚလာခဲ့ကာသူကလႊမ္းမိုးႏိုင္စြမ္းရွိတဲ့အသံနဲ႔ေျပာလိုက္သည္။

"က်ဳပ္(70,000)ေပးမယ္"

လီလ်ိဳမွာမေနႏိုင္ပဲစတင္စိတ္ပူလာမိသည္။အကယ္၍ဇာတ္လိုက္မွာဒီအခ်ိန္ပိုက္ဆံလံုလံုေလာက္ေလာက္မရွိရင္သူေသခ်ာေပါက္အဲ့ဒီေမွာ္ပစၥည္းကိုရမွာမဟုတ္ေတာ့ဘူးဒါဆိုသူလိုခ်င္တဲ့လည္ဆြဲကိုလည္းရမွာမဟုတ္ေတာ့ဘူးၿပီးေတာ့ဇာတ္လမ္းရဲ႔ဇာတ္ေၾကာင္းကလည္းအလ်င္အျမန္ပဲပံုပ်က္သြားလိမ့္မယ္ၿပီးေတာ့အခုခ်ိန္ကစၿပီးျပန္ျပင္ဆင္လို႔ေကာရပါ့မလား?

"အဲလ္ဗစ္မင္းမွာပိုက္ဆံလံုေလာက္ရဲ႔လား?"

လီလ်ိဳကေခါင္းကိုလွည့္ၿပီးေမးလိုက္သည္။

"ငါ့မွာသိမ္းထားတဲ့ေမွာ္ေက်ာက္တုန္း(200,000)ရွိေသးတယ္ၿပီးေတာ့မင္းငါ့ကိုျမင့္ျမတ္တဲ့အသီးေပးထားေသးတယ္ေလအဲ့ဒါကအနည္းဆံုးေမွာ္ေက်ာက္တုန္း(300,000)ေလာက္ေတာ့တန္တယ္...လံုေလာက္မွာပါ"

အဲလ္ဗစ္ကအနည္းငယ္မွ်ပင္စိတ္ပူပန္ျခင္းမရွိပဲသူ႔အဇူရာမ်က္လံုးမ်ားကေအာက္မွဆူညံမွဳမ်ားကိုသာငံုၾကည့္ေနၿပီးမွလက္ကိုဆန္႔ထုတ္လိုက္ၿပီးသူ႔ေဘးမွခံုကိုႏွိပ္လိုက္ကာေျပာလိုက္သည္။

 "100,000."

အဲလ္ဗစ္ရဲ႔အသံကေအာက္ကေလလံစင္ျမင့္ေပၚမွာခ်က္ခ်င္းပဲ့တင္ထပ္သြားသည္။သူကသူ႔ရဲ႔ပံုမွန္အသံထက္အနည္းငယ္ႏွိမ့္ခ်ထားေသာ္လည္းၾကားရေတာေတာ့အလြန္သာယာခ်ိဳၿမိန္ေနဆဲပင္။

ေလလံေစ်းရဲ႔ေနာက္ဆံုးေစ်းကဘယ္ေလာက္လဲဆိုတာသိခ်င္မိေသာေၾကာင့္လီလ်ိဳကသူ႔မ်က္လံုးမ်ားကိုအလ်င္အျမန္မွိတ္လိုက္ၿပီးဇာတ္လမ္းရဲ႔ဇာတ္ေၾကာင္းကိုၾကည့္လိုက္သည္။ဘယ္လိုကံမေကာင္းတဲ့ျဖစ္ရပ္မွမျဖစ္ဖို႔ေမွ်ာ္လင့္ရတာပဲ

ေဘးမွာရွိတဲ့အဲလ္ဗစ္ကေတာ့ေစ်းထပ္မတင္ေတာ့ပဲတစ္ျဖည္းျဖည္းခ်င္းဆီျမင့္တက္လာတဲ့ေစ်းကိုသာၾကည့္ေနသည္။ေစ်းကအလ်င္အျမန္နဲ႔ပဲေမွာ္ေက်ာက္တုန္း(200,000)ထိျမင့္တက္သြားၿပီျဖစ္သည္။သို႔ေသာ္ေအာက္မွာရွိတဲ့အသံမ်ားကပိုပိုၿပီးစိတ္လႈပ္ရွားလာသလိုေစ်းကလည္းတည္ၿငိမ္တဲ့အရွိန္ႏႈန္းနဲ႔ဆက္ျမင့္တက္ေနေသး၏။

လီလိ်ဳကေနာက္ဆံုးေတာ့ဇာတ္လမ္းအက်ဥ္းခ်ဳပ္ရဲ႔လက္ရွိအခ်ိန္ကိုလွန္ၾကည့္လိုက္ေသာ္လည္းေရွာင္းခ်ီကသူ႔ကိုဇာတ္ေၾကာင္းအျပည့္အစံုေပးထားတာမဟုတ္ပဲေယဘုယ်ဇာတ္ေၾကာ႐ိုးကိုသာေပးထားတာျဖစ္တာေၾကာင့္လီလ်ိဳမွာအႀကိမ္ေပါင္းမ်ားစြာၾကည့္တာေတာင္ေမွာ္ပစၥည္းရဲ႔ေနာက္ဆံုးေစ်းကိုရွာမေတြ႕ဘူးျဖစ္ေနသည္။ဒါ့အျပင္သူဒီဝတၳဳကိုေရးခဲ့တာလည္းဟိုးတုန္းကတည္းျဖစ္တာေၾကာင့္ဇာတ္လမ္းတစ္ခုလံုးကိုေမ့ခဲ့တာေတာင္ေတာ္ေတာ္ၾကာခဲ့ေလၿပီ။

ဇာတ္ေၾကာင္းကက်ိန္းေသေပါက္အမွားအယြင္းျဖစ္လို႔မရဘူး..အကယ္၍သူတို႔ဒီေလလံပစၥည္းကိုမႏိုင္ဘူးဆိုရင္ဘယ္သူ႔လက္ထဲက်ေရာက္သြားမလဲဆိုတာဘယ္သူသိမွာလဲၿပီးေတာ့အဲ့ဒီအခ်ိန္ေရာက္ရင္အနာဂတ္မွာရွာေတြ႕ဖို႔ပိုၿပီးခက္ခဲသြားလိမ့္မည္။ဒါ့အျပင္တစ္ဖက္လူကသူတို႔ကိုေပးပါ့မလားဆိုတာကလည္းမေသခ်ာတဲ့ကိစၥတစ္ခုျဖစ္သည့္အျပင္အကယ္၍သူတို႔သေဘာတူတယ္ဆိုရင္ေတာင္ဘယ္လိုလိုအပ္ခ်က္မ်ိဳးကိုေတာင္းဆိုမလဲဆိုတာဘယ္သူကသိမွာလဲ။

လီလ်ိဳကသူ႔မ်က္လံုးမ်ားကိုလွည့္လိုက္ၿပီးသူ႔မွာလက္ရွိရွိေနသည့္စြမ္းရည္မ်ားကိုခ်က္ခ်င္းေတြးလိုက္မိသည္။စြမ္းရည္ဆိုတာဒီကိစၥမွာလည္းအသံုးဝင္သင့္တယ္ေလဟုတ္တယ္မွတ္လား?

ဒါေပမဲ့အဲလ္ဗစ္ေရွ႕မွာေျပာဖို႔ေတာ့ရွက္ရြံ႔ေနသည္။

လီလ်ိဳကသူ႔ထိုင္ခံုမွခ်က္ခ်င္းထလိုက္ၿပီးအဲလ္ဗစ္ကလည္းသူ႔ကိုခ်က္ခ်င္းၾကည့္လိုက္သည္။သူ႔မ်က္လံုးထဲမွာေတာ့ရွင္းရွင္းလင္းလင္းကိုေမးျမန္စူးစမ္းမႈမ်ားရွိေန၏။

လီလ်ိဳကသူ႔လက္ေမာင္းမ်ားကိုသက္ေတာင့္သက္သာမျဖစ္စြာေဝွ႕ယမ္းလိုက္ၿပီးအဲလ္ဗစ္ကိုအဆင္မေျပသည့္အျပံဳးတစ္ခုျပံဳးျပလိုက္သည္။

"ငါစားတာအရမ္းမ်ားသြားလို႔...အခန္းထဲမွာခဏေလာက္လမ္းေလွ်ာက္ဖို႔လိုေနၿပီ"

ထို႔ေနာက္သူကအဲလ္ဗစ္ရဲ႔မ်က္လံုးေတြကိုထပ္မၾကည့္ေတာ့ပဲေနာက္ဘက္ကိုတိုက္႐ိုက္လွည့္လိုက္ကာသူ႔ဘက္မွာရွိတဲ့အခန္းေထာင့္ကိုေလွ်ာက္သြားလိုက္ၿပီးနာရီလက္တံေရႊ႕လ်ားမႈပံုစံျဖင့္တစ္ဖက္ကောထင့္ကိုဆက္သြားလိုက္၏။

လီလိ်ဳကသီးသန္႔ခန္းရဲ႔တံခါးေဘးကိုျဖည္းၫွင္းစြာေလွ်ာက္သြားလိုက္ၿပီးသူ႔ေခါင္းကိုအလွ်င္အျမန္လွည့္ၾကည့္လိုက္တဲ့အခါအဲလ္ဗစ္ကသူ႔ကိုအာရံုမစိုက္ေနဘူးဆိုတာေတြ႕လိုက္ေသာေၾကာင့္ခ်က္ခ်င္းတံခါးရဲ႔ေထာင့္နားကိုခိုးေၾကာင္ခိုးဝွက္သြားလိုက္၍သူ႔စိတ္ကိုအာရံုစူးစိုက္လိုက္ကာသူ႔ရဲ႔မွန္ကန္လာေစသည့္အစြမ္းကိုသံုးၿပီးတီးတိုးေရရြတ္လိုက္သည္။

"ဘယ္လိုကိစၥပဲျဖစ္ပါေစအဲ့ဒီေမွာ္အရာဝတၳဳေတြအားလံုးအဲလ္ဗစ္ပဲဝယ္ႏိုင္ရမယ္ၿပီးေတာ့အဲ့ဒီလည္ဆြဲလည္းအဲလ္ဗစ္လက္ထဲပဲေရာက္ရမယ္"

.......သူကအသံတိုးတိုးနဲ႔ေျပာေနတာျဖစ္ေပမယ့္လည္းတစ္နည္းနည္းနဲ႔ေတာ့နားမလည္ႏိုင္ေလာက္ေအာင္အရွက္ကြဲသလိုခံစားေနရသည္။

သူဘာျဖစ္ေနတာလဲ?!

ကံေကာင္းစြာနဲ႔သူကအရမ္းေဝးၿပီးသူ႔အသံကလည္းအရမ္းတိုးေနတာေၾကာင့္အဲလ္ဗစ္ၾကားမွာမဟုတ္ဘူး။မဟုတ္ရင္ေတာ့သူခ်က္ခ်င္းေၾကာင္ပံုစံေျပာင္းၿပီးအဲလ္ဗစ္ဆီကေနရက္အနည္းငယ္ပုန္းေနမိလိမ့္မယ္။

လီလ်ိဳကေျပာလို႔ၿပီးသြားသည့္ေနာက္မွာတူညီတဲ့ေနရာမွာပဲခဏမွ်ရပ္ေနၿပီးေနာက္အဲလ္ဗစ္ရဲ႔ေက်ာဘက္ကေနေနာက္တစ္ႀကိမ္ေထာင့္တစ္ေနရာမွတစ္ေနရာကိုျဖည္းျငင္းစြာသြားေနလိုက္သည္။သူေျပာခဲ့တဲ့ဆင္ေျခကိုသက္ေသျပႏိုင္ရန္အႀကိမ္အနည္းငယ္လွည့္ပတ္ေနၿပီးမွသူ႔ထိုင္ခံုတြင္ျပန္ထိုင္ေနလိုက္၏။အဲ့ဒီအခ်ိန္မွာေစ်းက(380,000)ထိတက္သြားခဲ့ၿပီျဖစ္သည္။

လီလ်ိဳထိုင္ခ်လိုက္တဲ့အခ်ိန္မွာပဲတစ္စံုတစ္ေယာက္ကအသက္တစ္ခါရႈ႐ွိဳက္စာအတြင္း(40,000)တိုးႁမွင့္ေပးလိုက္ၿပီးေစ်းကထပ္၍(420,000)ျဖစ္သြားသည္။အဲ့ဒီအခ်ိန္မွာယွဥ္ၿပိဳင္ဘက္ကေတာ္ေတာ္ေလးေလွ်ာ့နည္းသြားၿပီျဖစ္ၿပီးယွဥ္ၿပိဳင္သည့္လူအနည္းငယ္သာရွိေတာ့သည္။

ၿပီးေတာ့လည္းေစ်းကမူလပဥၥအဆင့္ေမွာ္ကိရိယာတစ္ခုရဲ႔တန္ဖိုးထက္ေက်ာ္လြန္ေနၿပီေလ

အဲလ္ဗစ္မွာလက္ရွိတြင္ၫွိုႏွိုင္းႏိုင္တဲ့အျပားေလးကေထာင္ဂဏန္းအနည္းငယ္မွ်သာက်န္ေတာ့ေသာ္လည္းသူ႔အမူအယာကဘာထိတ္လန္႔မႈမွျပမေနပဲအရင္ကအတိုင္းေလးသာရွိေနေသးၿပီးသူ႔မ်က္လံုးမ်ားကပင္အနည္းငယ္မွ်တုန္လႈပ္ျခင္းမရွိေပ။

အဲ့ဒီအခ်ိန္မွာလီလ်ိဳကခုနကလိုရင္တုန္မႈမ်ိဳးလံုးဝမရွိေတာ့ပဲမေတာ္တဆျဖစ္ရပ္တစ္ခုခုမျဖစ္သ၍ေအာက္မွာရွိတဲ့ပစၥည္းကအဲလ္ဗစ္ဟာသာျဖစ္လိမ့္မယ္....ဘယ္သူမွယူႏိုင္မွာမဟုတ္ဘူး

အဲလ္ဗစ္ကေလလံခလုပ္ကိုႏွိပ္လိုက္ၿပီးသူ႔ပါးစပ္ကိုဖြင့္လိုက္ကာေျပာလိုက္သည္။

"ငါ(520,000)ေပးမယ္"

ယခင္ေပးထားတဲ့လူရဲ႔ေစ်းႏႈန္းကို(20,000)တိတိထပ္ေပါင္းလိုက္ျခင္းျဖစ္သည္။

လွပသည့္အဝတ္အစားမ်ားဝတ္ထားသည့္ဝိုင္းဝိုင္းျပည့္ျပည့္အမ်ိဳးသမီးကအဲလ္ဗစ္ရဲ႔ကမ္းလွမ္းခ်က္ေစ်းႏႈန္းကိုၾကားသည္ႏွင့္ခ်က္ခ်င္းေနာက္တစ္ႀကိမ္ေလလံထပ္ပစ္ဖို႔ကိုတြန္႔ဆုတ္သြားမိသည္။ဘာေၾကာင့္မွန္းမသိေသာ္လည္းသူမေနာက္တစ္ႀကိမ္ေလလံပြဲစင္ျမင့္ေပၚကပစၥည္းကိုျမင္တဲ့အခါလိုခ်င္စိတ္မရွိေတာ့ဘူးျဖစ္သြား၏။

ဘယ္လိုပဲျဖစ္ျဖစ္အနာဂတ္မွာဒီထက္ပိုၿပီးေကာင္းတဲ့အရာေသခ်ာေပါက္ရွိမွာပဲေလ..ထိုအမ်ိဳးသမီးကထိုသို႔ေတြးလိုက္မိၿပီးေနာက္သူမရဲ႔လက္ေခ်ာင္းမ်ားကိုသူမေဘးမွထိုင္ခံုေပၚရွိခလုပ္ေနရာကေနဖယ္လိုက္မိေတာ့သည္။

ေလလံပြဲစင္ျမင့္ေပၚမွအမ်ိဳးသမီးတင္ဆက္သူကခဏမွ်ရပ္ေစာင့္ေနလိုက္ၿပီးဘယ္သူမွထပ္ေလလံမပစ္ေတာ့သည္ကိုျမင္ေသာအခါခပ္ဖြဖြျပံဳး၍စားပြဲအားသူမလက္ထဲကတူေလးနဲ႔ထုလိုက္သည္။

"ဒါဆိုဒီပစၥည္းကေနာက္ဆံုးေစ်းကိုပစ္လိုက္တဲ့လူႀကီးမင္းဆီေရာက္ရွိသြားပါၿပီ..ေလလံပြဲၿပီးဆံုးတဲ့အခ်ိန္မွာကၽြန္မတို႔ေလလံအိမ္ရဲ႔အထူးဝန္ထမ္းမ်ားကသင့္ရဲ႔သီးသန္႔ခန္းကိုေရာက္ရွိလာပါလိမ့္မယ္ေက်းဇူးျပဳ၍စိတ္ရွည္ပါရွင္"

ၿပီးေနာက္မွာေတာ့အမ်ိဳးသမီးတင္ဆက္သူကေဘးကိုရပ္လိုက္ၿပီးဗလေတာင့္ေတာင့္အမ်ိဳးသားကလွည္းအားျပန္တြန္းယူသြားသည္ကိုၾကည့္လိုက္ၿပီးေနာက္ဆက္ေျပာလိုက္သည္။

"ကဲအဲ့ဒါဆိုေနာက္ထပ္ပစၥည္းေလးကဘာမ်ားျဖစ္မလဲဆိုတာၾကည့္လိုက္ၾကရေအာင္....."

နာရီအနည္းငယ္ကလ်င္ျမန္စြာကႏ္ုဆံုးသြားခဲ့ၿပီးညေနဘက္ရွစ္နာရီေလာက္မွသာေလလံပြဲကၿပီးဆံုးသြားခဲ့သည္။

အဲလ္ဗစ္ကေမွာ္ပစၥည္းကိုအႏိုင္ရၿပီးေနာက္အဲ့ဒီလိုတုန္႔ျပန္မႈမိ်ဳးရသည့္မည္သည့္ပစၥည္းကိုမွထပ္မေတြ႕ေတာ့တာေၾကာင့္အလ်င္အျမန္ပဲေလလံပြဲေပၚမွာစိတ္ဝင္စားမႈေပ်ာက္ဆံုးသြားသည္။

ေလလံပြဲၿပီးဆံုးသြားေသာအခါခဏမွ်အၾကာတြင္သူတို႔ရဲ႔သီးသန္႔ခန္းကိုလာေခါက္သည့္အသံအားၾကားလိုက္ရၿပီးလီလိ်ဳကေၾကာင္ပံုစံအလ်င္အျမန္ေျပာင္း၍အဲလ္ဗစ္ရဲ႔ေပါင္ေပၚခုန္တက္လိုက္ကာလွဲခ်လိုက္သည္။သူ႔ရဲ႔ေရွ႕ေျခေထာက္ေလးႏွစ္ေခ်ာင္းကိုအတူတူထားထားလိုက္ၿပီးတစ္ဖက္သို႔လွည့္၍တံခါးရွိရာဘက္သို႔ၾကည့္ေနလိုက္သည္။

အျပင္ဘက္မွလူကအႀကိမ္အနည္းငယ္ေခါက္လိုက္ၿပီးအျပင္မွာခဏမွ်ေစာင့္ေနလိုက္ၿပီးမွတံခါးဖြင့္ကာအထဲသို႔ဝင္လာသည္။

ဝင္လာတဲ့သူကလက္ထဲမွာဗန္းေလးတစ္ခုကိုင္ထားသည့္လူငယ္တစ္ေယာက္ျဖစ္ၿပီးသူ႔အသက္ကအရမ္းႀကီးေသးပုံမေပၚေပ။သူဝင္လာတဲ့အခ်ိန္မွာအဲလ္ဗစ္ရွိသည့္ဘက္ကိုၾကည့္လိုက္ၿပီးယဥ္ေက်းစြာျပံဳးျပလာသည္။

"လူႀကီးမင္းခင္ဗ်ာ..ကၽြန္ေတာ္ဒီကိုသင္ႏိုင္တဲ့ေလလံပစၥည္းလာပို႔ေပးတာပါေက်းဇူးျပဳၿပီးလက္ခံေပးပါ"

ေျပာေနရင္းျဖင့္လူငယ္ေလးကအဲလ္ဗစ္ရဲ႔ေဘးကိုေလွ်ာက္လာၿပီးသူကိုင္လာတဲ့ဗန္းကိုအဲလ္ဗစ္ေရွ႕တိုးျပလိုက္သည္။

တကယ္ေတာ့မစစ္ေဆးလဲဒီပစၥည္းကသူလိုခ်င္တဲ့အရာဆိုတာအဲလ္ဗစ္ကသိၿပီးသားျဖစ္သည္။လူငယ္ေလးဝင္လာကတည္းကသူ႔ခႏာၱကိုယ္ထဲကေသြးေတြဆူပြက္လာသည္ကိုအလ်င္အျမန္ခံစားရၿပီးသူ႔ႏွလံုးခုန္ႏႈန္းကလည္းႏွစ္ဆပိုျမန္လာသည္ေလ။

အဲ့ဒီလိုဆိုရင္ေတာင္တစ္ဖက္လူကသူ႔မ်က္ႏွာေပၚကစိတ္ခံစားခ်က္အေျပာင္းအလဲကိုမျမင္ရေပ။ဒါေပမဲ့သူ႔မ်က္လံုးအေရာင္ကေတာ့အနည္းငယ္ေျပာင္းလဲသြားသည္။အကယ္၍ဂ႐ုတစိုက္မၾကည့္ဘူးဒါမွမဟုတ္သင္ကသူနဲ႔မရင္းႏွီးတဲ့သူတစ္ေယာက္ျဖစ္ေနမယ္ဆိုရင္ေတာ့ေသခ်ာေပါက္မျမင္ႏိုင္ေခ်။

အဲလ္ဗစ္ကသူစုေဆာင္းထားတဲ့အရာအားလံုးနဲ႔လီလ်ိဳေပးထားတဲ့ျမင့္ျမတ္သီးထည့္ထားတဲ့သိုေလွာင္အိတ္တစ္ခုလံုးအားလူငယ္ေလးကိုင္ထားတဲ့ဗန္းေပၚတင္ေပးလိုက္သည္။

လူငယ္ေလးကသိုေလွာင္အိတ္ထဲမွာပါဝင္တဲ့အရာေတြကိုစစ္ေဆးလိုက္တဲ့အခါေမွာ္ေက်ာက္တုန္း(200,000)သာရွိတာကိုေတြ႕လိုက္ရသည္။ထို႔ေနာက္တစ္ျခားတစ္ဖက္ကေက်ာက္စိမ္းျဖဴသီးမ်ားကိုၾကည့္လိုက္သည္။

"ဧည့္သည္ခင္ဗ်ာ...သင္(200,000)ပဲေပးရပါေသးတယ္..ဒါက?"

"ဒါကက်ဳပ္ရဲ႔ေငြေပးေခ်မႈေနာက္တစ္ပိုင္း"

လူငယ္ေလးကဘာမွထပ္မေမးေတာ့ပဲေခါင္းညိမ့္ျပကာေျပာလိုက္သည္။

"ေက်းဇူးျပဳၿပီးခဏေလာက္ေစာင့္ေပးပါ"

ထို႔ေနာက္ေလလံပစၥည္းအားေဘးမွာအလ်င္အျမန္တင္ေပးလိုက္ၿပီးအဲလ္ဗစ္ေပးသည့္အရာမ်ားအားယူကာထြက္ခြာသြားေလသည္။

အဲလ္ဗစ္ကထိုင္ေနသည့္ေနရာမွာပဲဆက္ထိ္ုင္ေနသည္။သူအခုခ်ိန္မွာထြက္သြားလို႔မရဘူးဆိုတာသူသိသည္ေလ။လူငယ္ေလးျပန္လာၿပီးသူေပးတဲ့ပစၥည္းေတြကေငြေခ်ႏိုင္တယ္လို႔ဆံုးျဖတ္ၿပီးမွသာသူဒီအခန္းမွထြက္သြားလို႔ရမွာျဖစ္သည္။ဒါ့ေၾကာင့္လည္းလူငယ္ေလးကမေၾကာက္ရြံ႔ပဲေလလံပစၥည္းအားဒီမွာထားထားခဲ့တာျဖစ္သည္။

.................................

Continue Reading

You'll Also Like

943K 172K 123
Don't repost the commissioned Fanart CV anywhere for commercial purposes! Artist (IG Acc) - AeriCM_sknrm7s ✨ Novel name နဲ့ information အပြည့်အစုံကို...
2.1M 364K 159
Di Wang Gong Lue (or) Emperor's Strategy {Myanmar Translation} Author : Yu Xiao Lan Shan
5.7K 690 10
This is just a fan-translation. Permission is granted from e-translation groups. Both Unicode & Zawgyi can available.