"N⃠E⃠V⃠E⃠R⃠ "[[ COMPLETED ]]✔
By Sanay_Moe_Swe
264K 22.8K 1.7K
❗ ZhanYi ❗ [[ ZSWW ]] Fan fic ကဗျာမဆန်တယ့် အချစ်တေးသွားတစ်ပုဒ်ကို ကာရန်မညီပဲ ကျွန်တော်ဆိုခဲ့မိတယ်..။ (Xiao Zh... More
Intro.....
Chapter (1)
Chapter (2)
Chapter (3)
Chapter (4)
Chapter (5)
Chapter (6)
Chapter (7)
Chapter (8)
Chapter (9)
Chapter (10)
Chapter (11)
Chapter (12)
Chapter (13)
Chapter (14)
Chapter (15)
Chapter (16)
Chapter (17)
Chapter (18)
Chapter (19)
Chapter (20)
Chapter (21)
Chapter (22)
Chapter (23)
Chapter (24)
Chapter (25)
Chapter (26)
Chapter (27)
Chapter (28)
Chapter (29)
Chapter (30)
Chapter (31)
Chapter (32)
Chapter (33)
Chapter (34)
Chapter (35)
Chapter (36)
Chapter (37)
Chapter (38)🔞
Chapter (39)
Chapter (40)
Chapter (41)
Chapter (43)
Chapter (44)
Chapter (45)
Chapter (46)Ending
Never......[[Extra♥💚]]
Chapter (42)
5.3K 552 37
By Sanay_Moe_Swe
##Unicode##
Never.....[[ ဘယ်သောအခါမှ ]]
***************************
"ဘာ !ဘာဖြစ်တယ် Uncle မမက မမကလေ!!..."
Phone ကိုသာ ကျိုးကြေမတတ် ရိပေါ်ဆုပ်ကိုင်ထားမိတယ်..။ မငိုပါပဲ ကျဆင်းသွားသော မျက်ရည်ဥတွေသည် ကာယကံရှင်လို ကူရာကယ်ရာမဲ့စွာနှင့်..။ ခြေမချချင်သော China မြေကို ကျွန်တော် နောက်တစ်ဖန် ခြေချရဦးမှာပေါ့..။
"အသက် အန္တရာယ် စိုးရိမ်ရလားဟင်!...."
မတ်တပ်ရပ်နေရာမှ ခြေထောက်တွေ တစ်ဆတ်ဆတ် တုန်လာသည်..။ ပြိုလဲမကျအောင် နံရံကိုမှီလိုက်ပြီး အသက်ကိုမနည်းလု ရှူ​ေနရသည်..။ မမ က အသက်အန္တရာယ် ရှိနေတယ်တဲ့လား?
တစ်ဖက်က Uncleအသံကို ဂရုမပြုနိုင်တော့..၊ ဖုန်းလေးက ကြမ်းပြင်ပေါ် ဂွပ်ခနဲပြုတ်ကျသွားပြီး လူက လေဟာနယ်ထဲ လွင့်စင်သွားသလို..။
"**Sob မမ ဘာ့မှဖြစ်လို့မရဘူး.."
ငိုရလွန်းလို့ ရင်ဘတ်တွေတောင် ထုံကျင်လာတယ်..။ ဒီတစ်ခါတော့ အရင်အချိန်များစွာထက် ရင်ထဲကပို၍ပူသည်..။ မမ...တစ်ခုခုဖြစ်ရင် ကျွန်တော်အစ်ကို့ကို ခွင့်မလွှတ်ဘူး..။
***
Operation ခန်းရှေ့မှာ ခေါက်တုံးခေါက်ပြန် လမ်းလျှောက်နေသော ရှောင်းကျန့်ပုံစံက အနည်းငယ် ကြောက်လန့်ဖို့ကောင်းနေသည်..။ သွေးတွေ စိုလူးနေသော ညအိတ်ဝတ်အင်္ကျီနဲ့ ပွယောင်းယောင်း ဖြစ်နေသော ဆံပင်မွှေးများ..
မျက်ရည်စီးကြောင်းတို့နှင့် ရှုပ်ပွေနေသော ထိုသူမှာ ဖိနပ်လဲရှိမနေချေ..။ အတိုချုံးပြောရရင် သူ့ပုံစံက အရူးတစ်ယောက်နဲ့တောင် ခပ်ဆင်ဆင်..။
"ကျန့်အာ..."
"Uncle. .."
Taxi ကားပေါ်က ဆင်းလာတဲ့ ရှောင်းမုချီ ရင်ခွင်ထဲကို ကလေးတစ်ယောက်လို ခိုဝင်မိသည်..။ သူ့ရင်တွေ အရမ်းပူလောင်နေသော်လည်း လက်ဖျားခြေဖျားတွေဟာ အေးစက်လို့နေတယ်..။
"Uncle ငယ်..ငယ်..တစ်ခုခုဖြစ်မှာ စိုးရိမ်တယ်  ငယ် သာတစ်ခုခု ဖြစ်သွားရင်လေ တိတိ..**Sob တိတိလေးက ကျွန်တော့်ကို မုန်းသွားမှာ..."
ရှောင်းမုချီမှာ သက်ပြင်းဖွဖွချပြီး တူဖြစ်သူအား နှစ်သိမ့်မည့် စကားများသာ ရှာဖွေနေမိသည်..။ သို့ပေမယ့် ရှာဖွေလို့မတွေ့ခဲ့..။
" ကလေးတွေ...ကျွန်တော်..**Sob က​ေလးတွေကိုရော..ယဲ့ဖေး..က ကယ်နိုင်ပါ့မလား?"
ပြတ်တောင်း ပြတ်တောင်း ထွက်လာတဲ့စကားသံများနှင့်အတူ ရှောင်းကျန့် မျက်စိသူငယ်အိမ်ကလဲ တည်ငြိမ်မှုမရှိ..၊ မျက်ရည်များကို လက်ခုံနဲ့ ဖိသုတ်တော့ လက်ဖျံမှသွေးများက မျက်နှာပေါ် စွန်းပေကုန်သည်..။ တကယ့်ကို စိတ္တဇဆန်တဲ့ မြင်ကွင်းပဲ..။
ရှောင်းကျန့် ခုလိုငိုတာ ဒုတိယအကြိမ် ဖြစ်လိမ့်မည်..။ သူ့မိဘနှစ်ပါး ဆုံးတုန်းကလဲ ခုလို အဆယ်အတား မရအောင် ငိုယိုခဲ့ဖူးသည်..၊ အဲ့တုန်းက အသက်ငယ်သေးလို့ထားတော့..ခုအခြေအနေက အသက် ၃၀ ကျော်နေပြီလေ..။
"ကျန့်အာ....သတိထားစမ်း ချန်းအာ ရော ကလေးတွေရော ဘာ့မှဖြစ်မှာမဟုတ်ဘူး..ယဲ့​ဖေး ကို ယုံတယ်မလား?"
"ကျွန်တော်..."
စကားတောင်မဆုံးလိုက်..၊ ခွဲစိတ်ခန်းထဲက သွေးရူးသွေးတန်း ပြေးထွက်လာတဲ့ ယဲ့ဖေး..၊ သွေးစွန်းနေတဲ့ လက်အိတ်ကို မချွတ်ရသေးတဲ့ အပြင် Operation အခန်းအပြင်လဲရောက် အုန်းအုန်းတိုက်တိုက် ငိုကြွေးနေတာကြောင့် ရှောင်းကျန့်မှာ ကမူးကရူးနဲ့...
"ယဲ့ဖေး....ငယ့်..အခြေအနေက"
"ငါ ...ငါ မကယ်လိုက်နိုင်ဘူး..ရိချန်းကိုရော ကလေးတစ်ယောက်ကိုရော..တောင်းပန်ပါတယ် **Sob ငကျန့်ရာ..တောင်းပန်ပါတယ်ကွာ.."
ရှောင်းကျန့်မှာ နံရံကိုမှီရင်း ဘာစကားမှ မဆိုနိုင်တော့..။ ယဲ့ဖေးကတော့ အူလှိုက်သည်းလှိုက် ငိုရှိုက်နေတုန်းပင် ရိချန်းရယ်..ထွက်သွားပါ့မယ်ဆိုတဲ့ နင့်ကိုလေ ဘာလို့ လောကကြီးက အရှင်ထွက် မဟုတ်ပဲ အသေထွက် ထွက်သွားစေ ချင်ရတာလဲ?
ခံစားချက်တွေ သိနေတဲ့ ယဲ့ဖေးအတွက်တော့ ထိုအချက်ဟာပို၍ ရင်နာရသည်မို့ မျက်ရည်မဆည်နိုင်..။ ရှောင်းမုချီမှာ အကြီးပီပီအခြေအနေကို ဝင်ထိန်းရသည်..။
" ကလေးတစ်ယောက်ကို ကယ်လိုက်နိုင်တယ်မလား?..."
"ဟုတ်..ကျွန်တော်တောင်းပန်ပါတယ် Sir..."
ကျဆင်းခါနီး မျက်ရည်ဥတွေကို ရှောင်းမုချီမှာ အံကိုကြိတ်၍ ထိန်းထားလိုက်သည်..။ ကလေးတစ်ယောက် အသက်ရှင်တယ် ဆိုတော့ အဆိုးထဲကအကောင်းပဲလေ..။
**
လေယာဥ်ပေါ်က ဆင်းဆင်းချင်း အရင်ဆုံးဖုန်းကို ဖွင့်မိတယ်..။ နေ့တဝတ်လောက် လေယာဥ်စီးခဲ့ ရပေမယ့် ရိပေါ်မှာတစ်မှေးမှ မအိပ်ရသေး..၊ သူများတွေလိုမျိုး Suitcase မပါပဲ သူ့မှာ Phone နဲ့ Passport သာပါသည်..။
အကြိမ်များစွာ ခေါ်လိုက်မှ နောက်ဆုံးမှာတော့ Uncle ဖုန်းကိုင်လာသည်..။
"Uncle. ...မမ အခြေအနေရော..."
တစ်ဖက်က အေးတိအေးစက်ပင် ပြန်ပြောလာသည်..ယဲ့ဖေးတို့ ဆေးရုံကိုလာခဲ့တဲ့..။ အခြေအနေကို မသိရသေးသော်လည်း ရင်ထဲ လှိုက်တတ်လာသည်က ထုထည်ကြီးမားသော ဝမ်းနည်းမှုတွေ..
တာစူနေသော မျက်ရည်ဥ တို့သည် ခုတော့ သခင့်စကား နားမထောင်ပဲ သူ့ထက် ငါအရင် ပါးပြင်ပေါ်သို့ ခုန်ပေါက် ပြေးဆင်းနေကြသည်..။ ဘာလို့ ရင်ဘတ်က အောင့်လာတာလဲ? မမ မကောင်းတာ တစ်ခုခု ဖြစ်လို့များလား?
Taxi ပေါ်က မဆင်းသေးပဲ စိတ်ကို အရင်ထိန်းကာ မျက်ရည်ကို အရင်သုတ်သည်..။ တစ်လမ်းလုံး ကားပေါ်မှာ ငိုလာတာမို့ Driver က ထူးဆန်းတဲ့ မျက်လုံးတွေနဲ့ ကြည့်နေပြီ..။
လေးပင်နေသော ခြေလှမ်းတို့သည် ဆေးရုံတွင်းသို့ ဝင်ရောက်ရန် တွန့်ဆုတ်နေသည်..။ ကျစ်ကျစ်တောက် ပူနေသည့် နေမင်းက မွန်းတည့်ချိန်တောင် မရောက်သေးပဲ ပူပြင်းလွန်းလှသည်..။
"ရိပေါ်..."
"Dr ယဲ့ဖေး..."
မေးခွန်းတွေမမေးဖြစ်..၊ ယဲ့ဖေးမျက်ဝန်းတွေကို အမိအရ လိုက်ဖတ်တော့ ပူလောင်ခြင်းတွေကိုသာ တွေ့ရပြန်သည်..။ ထိုသူက သူ့ကိုလက်မောင်းမှ ဆွဲကိုင်ရင်း အခန်းထဲတစ်ခုသို့ ခေါ်ဆောင်သွားခဲ့သည်...။
"အူဝဲ...."
ဆီးကြိုနေသော ကလေးငိုသံ..၊ ပွေ့ချီရန် ပြင်နေသော Uncle ကြောင့် ရိပေါ်မှာအခြေအနေတစ်ခုကို မပြောပဲ နားလည်လိုက်သလို..။
ကလေးက တစ်ယောက်တည်းပါလား?
မမ ပြောတော့အမြွှာဆို.. နောက်ပြီးသူမကရော ဘယ်မှာလဲ?
"Uncle. ....."
"ရိပေါ်လေး..."
ကလေးကို ချီလျက်ပင် Uncle က သူ့အနားသို့ရောက်လာသည်..။ နီတာရဲ ကလေးလေးကို တစ်ချက်ငုံ့ကြည့်တော့ လွန့်ကာလူးကားနဲ့ မျက်လုံးတွေက မှိတ်လို့..၊ နှုတ်ခမ်းလေးထော်ကာ ထော်ကာနဲ့ လက်တွေကိုပါးစပ်ထဲထည့်နေသည်..၊ အသဲယားဖို့ကောင်းလိုက်တာ..
နှုတ်ခမ်းပါးနားက မှဲ့နက်လေးကြောင့် ပူလောင်မှုကြား ယောင်ယောင်လေးတောင် ပြုံးမိသွားလေသလား? အစ်ကို့ကလေးလို့ မပြောရဘူး အစ်ကိုနဲ့ သိပ်တူတာပဲ..၊ ဒါပေမယ့် ကလေးငယ်ရဲ့ မှဲ့က နှုတ်ခမ်းအပေါ်မှာမို့ ပို၍ ရှင်းလင်းစွာ မြင်ရသည်..။
"ဘာလေးလဲ Uncle "
"ယောကျာ်းလေး.."
နောက်ထပ် မေးခွန်းကိုပါလဲ ရိ​ေပါ်မှာတဆတ်တည်း..
"မမရော နဲ့  Baby နောက်တစ်ယောက်ကရော ဘယ်မှာလဲ?"
"**Sob. ."
ရှိုက်သံသဲ့သဲ့က ရိပေါ့် နောက်ကျောဘက်က ထွက်လာခြင်း..၊ ကြေးနီရောင် သမ်းနေတဲ့ ယဲ့ဖေးမျက်ဝန်းများက အတော်လေး ငိုထားကြောင်း ထောက်ပြနေသလို..၊ Uncle ကိုကြည့်လိုက်တော့ နှုတ်ဆိတ်နေတာမို့..ရိ​ေပါ့်မှာ ဟက်ခနဲ ရယ်ချလိုက်ရင်း..
"သေသွားပြီလို့တော့ မပြောနဲ့နော် ၊ ကျွန်တော်မယုံဘူး.."
စူးစူးရဲရဲ အော်ပြောလိုက်ပေမဲ့...ငိုသံစွက်နေသော ရိပေါ့်အသံက သန်မာချင်ယောင်ဆောင်နေမှန်း သိသာလွန်းသည်..။ ပြူးကြောင်ကြောင် မျက်ဝန်းများက ယောက်ယက်ခတ်နေပြီး ပါးစပ်က တွင်တွင်ရွတ်နေသည်က.."မမ မသေဘူးလို့သာ.."
"ရိပေါ်...ငိုလိုက်စမ်းပါ..မင်းအဲ့လိုမလုပ်ပါနဲ့.."
ငိုလိုက်တဲ့...
ရင်ထဲ ဆို့နေတယ် Dr...
ဘာလို့ မမ က ခုလိုအဖြစ်ဆိုးကြီးနဲ့ ကြုံရတာလဲ? Uncle လက်ပေါ်မှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ ကလေးကိုသာ စူးစူးရဲရဲ စိုက်ကြည့်နေမိတယ်..။
ဟုတ်တယ်..မမက မင်းကိုမွေးလို့ သေရတာ..မင်းအဖေ က ပျော်ရွှင်အောင် မထားနိုင်လို့ သူမ က သေရတာ..။ မဆိုင်ပေမယ့် ခုချိန်မှာ ဒီကလေးအဖေနဲ့ ဒီကလေးကို ရိပေါ်အရမ်းကိုမုန်းသည်..။ သူတို့ကြောင့်မမ သေရတာ..။
နောက်ဆုံးတော့ ရိပေါ့်ဆီက ပြတ်ရှရှစကားတစ်ခွန်းက အေးခဲစွာနှင့်...
"မမ ရှိတယ့်နေရာကို လိုက်ပြပေး.."
***
ရေခဲတိုက်ထဲ ရှောင်းကျန့်ရောက်နေတာ နှစ်နာရီခန့်ရှိပြီ..။ သာမန်လူဆို ခုလိုအကြာကြီးနေခွင့်မရှိပေမယ့် မိမိက ယဲ့ဖေးသူငယ်ချင်းဖြစ်နေတာမို့ ဒီအခွင့်အရေးကိုရခြင်း..။
အိတ်အကြည်နဲ့ ထုတ်ပိုးခြင်း ခံရသောငယ်..၊ နှုတ်ခမ်းတွေဟာ ဖျော့တော့ နေသော်လည်း ပြုံးယောင်သန်းနေသလို..။ ဘေးနားမှာတော့ ပြင်ပလေကိုတောင် မရှူရှိုက်ရပဲ မိခင်နဲ့အတူသေဆုံးသွားတဲ့ ကျွန်တော်ရဲ့ရင်သွေးလေး..၊ ငယ် သိလား..သူမက ေမွးခင်းစမှာတောင် မင်းနဲ့သိပ်တူတာပဲ..။
"**Sob တောင်းပန်ပါတယ်.. မင်းအပေါ်ကိုယ်လုံးဝ မတရားခဲ့ဘူး..."
"ကိုယ့်ကို ခွင့်မလွှတ်ပါနဲ့ ငယ်ရယ်..**Sob"
ခြေသံတစ်ဖျပ်ဖျပ်နဲ့အတူ တိုးသဲ့သောခေါ်သံလေးကြောင့် ရှောင်းကျန့်ကျောထဲ စိမ့်ခနဲ..၊ ရင်ထဲမှာ ပဲ့တင်ထပ်အောင်မြည်းဟီးသွားသော နာမ်စားက..ရှောင်ငယ်..ဟု..။
"မမ..**Sob. .မမရေ..ဘာလို့ ခုလို ထားခဲ့ရတာလဲ?...ကျွန်တော့် ဘဝမှာ မမပဲရှိတာလေဗျာ..ခုလိုမထားခဲ့ပါနဲ့ ပြောတော့ တိတိလေး ဆရာဝန်ကြီးဖြစ်တာ မြင်ချင်တယ်ဆို..ကျွန်တော်ဆရာဝန်မဖြစ်သေးဘူးလေ..**Sob.. "
"ရှောင်ငယ်..."
ငိုရှိုက်ရင်းမှပင် ရိပေါ်မှာ ဘေးကလူအား မျက်​ေထာင့်နီကြီးနဲ့ ကြည့်သည်..။ ပြီးနောက် တစ်လုံးချင်း ထိမိစွာနှင့်..
"အစ်ကို့ ကို မုန်းတယ် ရှောင်းကျန့်ဆိုတဲ့ သူနဲ့ ပတ်သတ်မိလို့ ကျွန်တော်တို့မောင်နှမ ဘဝက ကံဆိုးမိုးမှောင် ကျရတာ..၊ အစ်ကိုက နတ်ဆိုးကောင်..၊ အစ်ကို့ကို ကျွန်တော်မုန်းတယ်..ထွက်သွား..**Sob...."
ယဲ့​ဖေးမှာ ဆူဆူညံညံ အသံတွေကြောင့်..
"မင်းတို့ ခုလိုလုပ်လို့ မရဘူးနော် ငကျန့် အပြင်ထွက်တော့.."
ရိပေါ်မှာ အေးစက်စက် ရိချန်းကိုယ်လုံးကိုဖက်ရင်း တစ်သိမ့်သိမ့် ငိုကြွေးလျက်ရှိသည်..။ စိတ်က တင်းထားသော်လည်း လူကယိုင်တိုင်တိုင်..၊ ခန္ဓာကိုယ်က ယိုင်ခနဲဖြစ်သွားတာမို့ တစ်ယောက်ယောက်က ထွေးပွေ့လိုက်ပုံပင်...။
လှည့်မကြည့်ပါပဲ ကိုယ်သင်းရနံ့ကို မှတ်မိနေတာကြောင့် ရှိသမျှအားနဲ့ တွန်းထုတ်ကာ..
"အစ် ကို ကျွန်တော့်အသားကိုမထိ..."
"ဟာ..ဟေ့ ဝမ်ရိပေါ်.."
ပရမ်းပတာ အခြေအနေကို ယဲ့ဖေးမှာဝင်ထိန်းလိုက်ရင်း ရိပေါ့်အား ပွေ့ချီလိုက်သည်..။ နုံးချိနေသော ထိုကောင်လေးသည် စိတ်ထောင်းကိုယ်ကြေ ဖြစ်နေပုံပင်..။
ရှောင်းကျန့်မှာ ထိုအချင်းအရာကို ကြည့်ပြီး ငိုရှိုက်ခြင်းကို အတောမသတ်နိုင်..။ တကယ်ကြီး သူထင်တယ့်အတိုင်း ဖြစ်လာခဲ့ပြီ..။
"**Sob ယဲ့ဖေး မင်းတွေ့လား? ရှောင်ငယ် က ငါ့ကိုမုန်းသွားပြီ.."
"သူမင်းကို စိတ်ဆိုးနေတုန်းမို့ပါကွာ.."
ရှောင်းကျန့်မှာ ခေါင်းတွင်တွင်ခါရင်း တိုးတိတ်စွာ ရေရွတ်လိုက်မိတယ်..။
/သူ ငါ့ကို စိတ်နာသွားတာ/
_________________Never
1895 Words (20.9.2020)1:15AM
Thanks you for Reading
#Sanaymoeswe (စနေမိုးဆွေ)📝
Zawgyi
Never.....[[ ဘယ်သောအခါမှ ]]
***************************
မတ်တပ်ရပ်နေရာမှ ခြေထောက်တွေတစ်ဆတ်ဆတ်တုန်လာသည်..၊ ပြိုလဲမကျအောင် နံရံကိုမှီလိုက်ပြီး အသက်ကိုမနည်းလုရှူနေရသညျ..၊ မမ က အသက်အန္တရာယ်ရှိနေတယ်တဲ့လား?....
***********
Operation ခန်းရှေ့မှာ ခေါက်တိုးခေါက်ပြန်လမ်းလျှောက်နေသော ရှောင်းကျန့်ပုံစံက အနည်းငယ်ကြောက်လန့်ဖို့ကောင်းနေသည်..၊ သွေးတွေစိုလူးနေသော ညအိတ်ဝတ်အကျီနှင့် ပွယောင်းယောင်းဖြစ်နေသော ဆံပင်မွှေးများ..၊
မျက်ရည်စီးကြောင်းတို့နှင့် ရှုပ်ပွေနေသော ထိုသူမှာ ဖိနပ်လဲရှိမနေချေ..၊ အတိုချုံးပြောရရင် သူ့ပုံစံက အရူးတစ်ယောက်နဲ့တောင် ခပ်ဆင်ဆင်..။
"ကျန့်အာ..."
"Uncle. .."
Taxi ကားပေါ်က ဆင်းလာတဲ့ ရှောင်းမုချီ ရင်ခွင်ထဲကို ကလေးတစ်ယောက်လို ခိုဝင်မိသည်..၊ သူ့ရင်တွေအရမ်းပူလောင်နေသော်လည်း လက်ဖျားခြေဖျားတွေဟာ အေးစက်လို့နေတယ်..။
ရှောင်းမုချီမှာ သက်ပြင်းဖွဖွချပြီး တူဖြစ်သူအား နှစ်သိမ့်မည့် စကားများသာ ရှာဖွေနေမိသည်..၊ သို့ပေမယ့် ရှာဖွေလို့မတွေ့ခဲ့..။
" ကလေးတွေ...၊ ကျွန်တော်..**Sob ကလေးတှကေိုရော..ယဲ့ဖေး..က ကယ်နိုင်ပါ့မလား?"
ရှောင်းကျန့် ခုလိုငိုတာ ဒုတိယအကြိမ်ဖြစ်လိမ့်မည်..၊ သူ့မိဘနှစ်ပါးဆုံးတုန်းကလဲ ခုလို အဆယ်အတားမရအောင် ငိုယိုခဲ့ဖူးသည်..၊ အဲ့တုန်းက အသက်ငယ်သေးလို့ထားတော့..ခုအခြေအနေက အသက် ၃၀ ကျော်နေပြီလေ..။
"ကျွန်တော်..."
"ယဲ့ဖေး....ငယ့်..အခြေအနေက"
"ငါ ...ငါ မကယ်လိုက်နိုင်ဘူး..ရီချန်းကိုရော ကလေးတစ်ယောက်ကိုရော..တောင်းပန်ပါတယ် **Sob ငကျန့်ရာ..တောင်းပန်ပါတယ်ကွာ.."
ရှောင်းကျန့်မှာ နံရံကိုမှီရင်း ဘာစကားမှမဆိုနိုင်တော့..၊ ယဲ့ဖေးကတော့ အူလှိုက်သည်းလှိုက် ငိုရှိုက်နေတုန်းပင်..၊ ရီချန်းရယ်..ထွက်သွားပါ့မယ်ဆိုတဲ့နင့်ကိုလေ ဘာလို့ လောကကြီးက အရှင်ထွက်မဟုတ်ပဲ အသေထွက် ထွက်သွားစေချင်ရတာလဲ??
ခံစားချက်တွေ သိနေတဲ့ ယဲ့ဖေးအတွက်တော့ ထိုအချက်ဟာပို၍ ရင်နာရသည်မို့ မျက်ရည်မဆည်နိုင်..၊ ရှောင်းမုချီမှာ အကြီးပီပီအခြေအနေကို ဝင်ထိန်းရသည်..။
ကျဆင်းခါနီး မျက်ရည်ဥတွေကို ရှောင်းမုချီမှာ အံကိုကြိတ်၍ ထိန်းထားလိုက်သည်..၊ ကလေးတစ်ယောက် အသက်ရှင်တယ် ဆိုတော့ အဆိုးထဲကအကောင်းပဲလေ..၊
************
လေယာဉ်ပေါ်က ဆင်းဆင်းချင်း အရင်ဆုံးဖုန်းကိုဖွင့်မိတယ်..၊ နေ့တဝတ်လောက် လေယာဉ်စီးခဲ့ရပေမယ့် ရီပေါ်မှာတစ်မှေးမှမအိပ်ရသေး..၊ သူများတွေလိုမျိုး Suitcase မပါပဲ သူ့မှာ Phone နဲ့ Passport သာပါသည်..။
"Uncle. ...မမ အခြေအနေရော..."
တစ်ဖက်က အေးတိအေးစက်ပင်ပြန်ပြောလာသည်..၊ ယဲ့ဖေးတို့ဆေးရုံကိုလာခဲ့တဲ့..၊ အခြေအနေကိုမသိရသေးသော်လည်း ရင်ထဲလှိုက်တတ်လာသည်က ထုထည်ကြီးမားသော ဝမ်းနည်းမှုတွေ..၊
Taxi ပေါ်က မဆင်းသေးပဲ စိတ်ကိုအရင်ထိန်းကာ မျက်ရည်ကို အရင်သုတ်သည်..၊ တစ်လမ်းလုံး ကားပေါ်မှာငိုလာတာမို့ Driver က ထူးဆန်းတဲ့မျက်လုံးတွေနဲ့ကြည့်ေိခြပွေီ..၊
လေးပင်နေသော ခြေလှမ်းတို့သည် ဆေးရုံတွင်းသို့ ဝင်ရောက်ရန်တွန့်ဆုတ်နေသည်..၊ ကျစ်ကျစ်တောက်ပူနေသည့် နေမင်းက မွန်းတည့်ချိန်တောင် မရောက်သေးပဲ ပူပြင်းလွန်းလှသည်..၊
"ရီပေါ်..."
"Dr ယဲ့ဖေး..."
မေးခွန်းတွေမမေးဖြစ်..၊ ယဲ့ဖေးမျက်ဝန်းတွေကို အမိအရလိုက်ဖတ်တော့ ပူလောင်းခြင်းတွေကိုသာ တွေ့ရပြန်သည်..၊ ထိုသူက သူ့ကိုလက်မောင်းမှ ဆွဲကိုင်ရင်း အခန်းထဲတစ်ခုသို့ခေါ်ဆောင်သွားခဲ့သည်...။
"အူဝဲ...."
ဆီးကြိုနေသော ကလေးငိုသံ..၊ ပွေ့ချီရန်ပြင်နေသော Uncle ကြောင့် ရီပေါ်မှာအခြေအနေတစ်ခုကို မပြောပဲနားလည်လိုက်သလို..၊
"Uncle. ....."
"ရီပေါ်လေး..."
ကလေးကိုချီလျက်ပင် Uncle က သူ့အနားသို့ရောက်လာသည်..၊ နီတာရဲကလေးလေးကို တစ်ချက်ငုံ့ကြည့်တော့ လွန့်ကာလူးကားနဲ့ မျက်လုံးတွေက မှိတ်လို့..၊ နှုတ်ခမ်းလေးထော်ကာ ထော်ကာနဲ့ လက်တွေကိုပါးစပ်ထဲထည့်နေသည်..၊ အသဲယားဖို့ကောင်းလိုက်တာ..
နှုတ်ခမ်းပါးနားက မှဲ့နက်လေးကြောင့် ပူလောင်မှုကြား ယောင်ယောင်လေးတောင်ပြုံးမိသွားလေသလား? အစ်ကို့ကလေးလို့ မပြောရဘူး အစ်ကိုနဲ့သိပ်တူတာပဲ..၊ ဒါပေမယ့် ကလေးငယ်ရဲ့ မှည့်က နှုတ်ခမ်းအပေါ်မှာမို့ ပို၍ရှင်းလင်းစွာ မြင်ရသည်..။
"ဘာလေးလဲ Uncle "
"ယောကျာ်းလေး.."
နောက်ထပ်မေးခွန်းကိုပါလဲ ရီပေါ်မှာတဆတ်တည်း..
"**Sob. ."
ရှိုက်သံသဲ့သဲ့က ရီပေါ့်နောက်ကျောဘက်က ထွက်လာခြင်း..၊ ကြေးနီရောင်သမ်းနေတဲ့ ယဲ့ဖေးမျက်ဝန်းများက အတော်လေး ငိုထားကြောင်း ထောက်ပြနေသလို..၊ Uncle ကိုကြည့်လိုက်တော့ နှုတ်ဆိတ်နေတာမို့..ရီပေါ့်မှာ ဟက်ခနဲရယ်ချလိုက်ရင်း..
"ရီပေါ်...ငိုလိုက်စမ်းပါ..မင်းအဲ့လိုမလုပ်ပါနဲ့.."
ငိုလိုက်တဲ့...၊
ရင်ထဲ ဆို့နေတယ် Dr...၊
နောက်ဆုံးတော့ ရီပေါ့်ဆီက ပြတ်ရှရှစကားတစ်ခွန်းက အေးခဲစွာနှင့်...
**********
"ရှောင်ငယ်..."
ငိုရှိုက်ရင်းမှပင် ရီပေါ်မှာ ဘေးကလူအား မျက်ထောငျ့နီကွီးနဲ့ကွညျ့သညျ..၊ ပြီးနောက် တစ်လုံးချင်း ထိမိစွာနှင့်..
ရီပေါ်မှာ အေးစက်စက် ရီချန်းကိုယ်လုံးကိုဖက်ရင်း တစ်သိမ့်သိမ့်ငိုကြွေးလျက်ရှိသည်..၊ စိတ်ကတင်းထားသော်လည်း လူကယိုင်တိုင်တိုင်..၊ ခန္ဓာကိုယ်က ယိုင်ခနဲဖြစ်သွားတာမို့ တစ်ယောက်ယောက်က ထွေးပွေ့လိုက်ပုံပင်...။
"ဟာ..ဟေ့ ရီပေါ်.."
ပရမ်းပတာအခြေအနေကို ယဲ့ဖေးမှာဝင်ထိန်းလိုက်ရင်း ရီပေါ့်ကိုပွေ့ချီလိုက်သည်..၊ နုံးချိနေသော ထိုကောင်လေးသည် စိတ်ထောင်းကိုယ်ကြေဖြစ်နေပုံပင်..။
_________________Never
Thank you for Reading
Continue Reading
You'll Also Like
90K 6.8K 68
ကျွန်မတို့ ရာဇဝင်ဘက်ကို တစ်‌ခါ‌ေလာက်အတူသွားကြရအောင်လား။ကျွန်မတို့ ရာဇဝင်ဘက်ကို တစ်‌ခါ‌လောက်အတူသွားကြရအောင်လား။
57.4K 9.9K 47
මන්දාරම් අහස යට දී එකතු වුන ඒ ආදරය .. ඒ මන්දාරම් අහස යටදීම වෙන් වුනොතින් ..! රෂාන් ♡ මිහික Start = 2023. 11. 12 End = .................. Cover by...
72.4K 4.5K 31
အသန့်ကြိုက်လွန်းတဲ့ သူ​ေဋ္ဌးသားကိုကိုနဲ့ သူ့ရဲ့အတွင်းရေးမှူးလေး ရှောင်ကျန့်တို့အကြောင်း တစေ့တစောင်းပါ
151K 14.3K 48
ပထမဆုံးရေးထားတဲ့fiction လေးမို့ ဖတ်လို့ကောင်းမယ်မထင်မိဘူးရယ်။ကလေးဆန်လွန်းတဲ့ အရေးအသားတွေကြောင့် မျက်နှာပူမိပါတယ်။ နှမြောလို့ အမှတ်တရအနေနဲ့ published...