(Completed )The Transmigratio...

By Xiao_Yiii

1.3M 195K 3.1K

မနက္ခင္းတစ္ခုတြင္ system နွင့္ခ်ည္ေနွာင္ခံရျပီးေနာက္ MC မွာလုပ္ရိုးလုပ္စဥ္တစ္ခုကဲ့သို႔ပင္ ML ဤဖမ္းဆီးျခင္း/တု... More

Description
Arc(1.1) - The Wild Dragon proud day
Arc(1.2)
Arc(1.3)
Arc(1.4)
Arc(1.5)
Arc(1.6)
Arc(1.7)
Arc(1.8)
Arc(1.9)
Arc(1.10)
Arc(1.11 - 1)
Arc(1.11 - 2)
Arc(1.12)
Arc(1.13 - 1)
Arc(1.13 - 2)
Arc(1.14)
Arc(1.15)
Arc(1.16)
Arc(1.17)
Arc(1.18)
Arc(1.19)
Arc(1.20)
Arc(1.21)
Arc(1.22)
Arc(1.23)
Arc(1.24)
Arc(1.25)
Arc(1.26)
Arc(1.27)
Arc(1.28)
Arc(1.29)
Arc(1.30)
Arc(1.31)
Arc(1.32)
Arc(1.33)
Arc(1.34)
Arc(1.35)
Arc(1.36 -> 1~2~3)
Arc(1.36 -> 4~5)
Real World
Real World-2
Arc(2.1) - Saint Magus
Arc(2.2)
Arc(2.3)
Arc(2.4)
Arc(2.5)
Arc(2.6)
Arc(2.7)
Arc(2.8)
Arc(2.9)
Arc(2.10)
Arc(2.11)
Arc(2.12)
Arc(2.13)
Arc(2.14)
Arc(2.15)
Arc(2.16)
Arc(2.17)
Arc(2.18)
Arc(2.19 - 1)
Arc(2.19 - 2)
Arc(2.20)
Arc(2.21)
Arc(2.22 - 1)
Arc(2.22-2)
Arc(2.23)
Arc(2.24)
Arc(2.25)
Arc(2.26)
Arc(2.27)
Arc(2.29)
Arc(2.30)
Arc(2.31)
Arc(2.32)
Arc(2.33)
Arc (2.34)
Arc(2.35)
Arc(2.36)
Arc(2.37)
Arc(2.38)
Arc(2.39)
Arc(2.40)
Arc(2.41)
Arc(2.42)
Arc(2.43)
Arc(2.44)
Arc(2.45)
Arc(2.46)
Arc(2.47)
Arc(2.48)
Back to Real World (1)
Back to Real World (2)
Arc(3) - 'Immortal Path of Devil Lord'
Arc(3.1)
Arc(3.2)
Arc(3.3)
Arc(3.4)
Arc(3.5)
Arc(3.6)
Arc(3.7)
Arc(3.8)
Arc(3.9)
Arc(3.10)
Arc(3.11)
Arc(3.12)
Arc(3.13)
Arc(3.14)
Arc(3.15)
Arc(3.16)
Arc(3.17)
Arc(3.18)
Arc(3.19)
Arc(3.20)
Arc(3.21)
Arc(3.22)
Return to the University (1)
Return to the University (2)
Return to the University (3)
Return to the University (4)
Return to the University (5)
Return to the University (6)
Return to the University (7)
Return to the University (8)
Return Arc(3.23)
Arc(3.24)
Arc(3.25)
Arc(3.26)
Arc(3.27)
Arc(3.28)
Arc(3.29)
Arc(3.30)
Arc(3.31)
Arc(3.32)
Arc(3.33)
Arc(3.34)
Arc(3.35)
Arc(3.36)
Arc(3.37)
Arc(3.38)
Extra; {မိုးတိမ်ကကြီးမားတဲ့လှေကြီးကိုကျော်သွားတယ်}
Extra; the New Emperor and Empress
Thank You

Arc(2.28)

6.8K 1.2K 12
By Xiao_Yiii

Unicode

Arc(2.28) - Saint Magus

အကယ်ဒမီရဲ့ယှဉ်ပြိုင်ပွဲကနောင်ငါးရက်နေရင်ကျင်းပမှာဖြစ်ပြီးလေလံပွဲကနောက်သုံးရက်အတွင်းပြုလုပ်ရန်စီစဉ်ထားသည်။

အချိန်ကယှဉ်ပြိုင်ပွဲမစတင်ခင်သတ်မှတ်ထားသောကြောင့်တစ်ခြားယှဉ်ပြိုင်ပွဲမှာပါဝင်မည့်တပည့်တစ်ချို့သည်လည်းလေလံပွဲမှာပါဝင်ကြမှာဖြစ်ကာလေလံပွဲကိုလာရောက်မည့်လူအရေအတွက်တိုးသွားပြီးလေလံပွဲမှပစ္စည်းတွေရဲ့နောက်ဆုံးဈေးကိုတိုးသွားစေရန်ကူညီပေးလိုက်သည်။

လေလံပွဲမစတင်ခင်နှစ်ရက်အလိုမှာအဲလ်ဗစ်ကလီလျိုကိုခေါ်ပြီးရဲလ်မြို့တစ်မြို့လုံးကိုလှည့်ပတ်လျှောက်ခဲ့ကာထိုနေရာမှာရှိသမျှအထူးမုန့်မျိုးစုံကိုမြည်းစမ်းကြသည်။ထိုအထဲမှာလီလျိုအကြိုက်ဆုံးကချောကလက်နဲ့လုပ်တဲ့အချိုမုန့်နှင့်ငံသည့်အသားလုံးနှင့်ဖြည့်ထားသောကြော်ထားသည့်အသားညှပ်ပေါင်မုန့်ဖြစ်သည်။အဲလ်ဗစ်ကတစ်ခုဆီတိုင်းကိုဆယ်ဘူးကျော်ကျော်တိုက်ရိုက်ဝယ်လိုက်ပြီးအားလုံးကိုသူ့သိုလှောင်အိတ်ထဲထည့်ထားလိုက်သည်။

တတိယမြောက်နေ့မှောတော့ကောင်းကင်မှာရောင်ခြည်မတောက်ပခင်မှာပဲအဲလ်ဗစ်ကအိပ်ပျော်နေဆဲဖြစ်သည့်လီလျိုကိုနှိုးလိုက်ရသည်။အကြောင်းကတော့လေလံတင်မယ့်အချိန်ကအတော်လေးစောတာကြောင့်အကယ်၍သူတို့စောစောမထရင်ဝင်ခွင့်လက်မှတ်ကိုဝယ်ရန်အရမ်းနောက်ကျသွားမှာဖြစ်ပြီးလေလံပွဲထဲမဝင်နိုင်ဖြစ်သွားလိမ့်မည်။

လေလံပွဲတွင်လူတိုင်းထိုင်ရန်စောင့်ဆိုင်းပြီးနောက်၎င်းသည်အမှန်တကယ်မစတင်မီနောက်ထပ်တစ်နာရီခန့်ကြာလိမ့်မည်။

လီလျိုကအဲလ်ဗစ်ရဲ့အတင်းအကြပ်နှိုးခြင်းခံလိုက်ရသောကြောင့်သူ့မျက်လုံးများကကြောင်တောင်တောင်လေးဖြစ်နေဆဲဖြစ်ပြီးသူ့ငွေရောင်ဆံပင်များသည်လည်းအိပ်ပျော်ရာမှထလာရသောကြောင့်လုံးဝရှုပ်ပွနေရသည်။သူ့မျက်နှာပေါ်ကလောလောလတ်လတ်ထလာရသောကြောင့်ရဲနေတဲ့အလွှာလေးတစ်လွှာကိုထပ်ပေါင်းလိုက်တဲ့အခါကျတော့သူ့ကြည့်ရတာအရမ်းကိုချစ်ဖို့ကောင်းနေသည်။

အဲလ်ဗစ်ကမှေးတေးတေးမျက်လုံးများဖြစ်နေဆဲဖြစ်တဲ့လီလျိုကိုကြည့်ပြီးသူ့ကိုယ်သူမထိန်းနိုင်တော့ပဲအလျင်အမြန်ရှေ့မှီချလိုက်ကာမူးနောက်နောက်ဖြစ်နေဆဲဖြစ်သည့်လီလျိုကိုနမ်းလိုက်တော့သည်။
နောက်ဆုံးတော့လီလျိုမှာတုန်ယင်သွားပြီးသူ့ခေါင်းကအဲလ်ဗစ်ရဲ့အနမ်းကြောင့်အနည်းငယ်မူးနောက်နောက်ဖြစ်သွားကာသူ့မှာအရှေ့၊အနောက်၊တောင်၊မြောက်တောင်မပြောနိုင်ဖြစ်သွားပြီးအဲလ်ဗစ်ရဲ့အနမ်းကိုတက်ကြွစွာပဲကြိုဆိုမိလေသည်။

ထိုအနမ်းကြောင့်သူတို့နောက်ဆုံးအပြီးအစီးဆေးကြောသန့်စင်ဖို့အတွက်နောက်ထပ်နာရီဝက်လောက်ပိုကြာသွားရသည်။လီလျိုရဲ့မျက်နှာပေါ်ကနီရဲရဲလေးကမပျောက်ကွယ်သွားသေးပဲဖြူဖြူလုံးလုံးကြောင်လေးဘဝကိုပြန်ပြောင်းလိုက်ကာအဲလ်ဗစ်ရဲ့ပုခုံးပေါ်ခုန်တက်၍သူ့နောက်ကနေတည်းခိုခန်းဝင်ပေါက်သို့လိုက်ပါသွားရသည်။

သူတို့အနေနဲ့အချိန်ကိုအမှီလိုက်ရန်လိုအပ်နေတာကြောင့်နှစ်ယောက်သားမနက်စာတောင်မစားကြတော့ပဲလေလံပွဲတည်နေရာသို့အလျင်အမြန်ပြေးကြရလေသည်။

လမ်းတစ်လျှောက်လုံးမှာသူတို့အနေနဲ့ဦးတည်ရာတူညီသည့်မေးဂတ်စ်တော်တေ်ာများများကိုတွေ့ဆုံကြရသည်။ကံကောင်းစွာနဲ့သူတို့နှစ်ယောက်ကစောစောထခဲ့တာကြောင့်အချိန်အနည်းငယ်နောက်ကျသွာသော်လည်းသူတို့လေလံပွဲကိုရောက်တဲ့အချိန်ကြည့်ရှုသူစင်မြင့်ပေါ်မှာကြိုတင်ဘိုကင်မယူရသေးတဲ့ထိုင်ခုံကလေးပုံတစ်ပုံနီးပါးလောက်နှင့်သီးသန့်ခန်းတစ်ခန်းကျန်နေသေးသည်။အကယ်၍သူတို့နာရီဝက်လောက်ပိုနောက်ကျတာနဲ့ထိုသီးသန့်ခန်းတစ်ခန်းကိုယူလို့မရတော့လောက်ဘူးလို့ခန့်မှန်းရသည်။

ထိုင်ခုံကိုဝယ်ပြီးနောက်အဲလ်ဗစ်မနက်စာစားရန်လီလျိုကိုဘေးမှာရှိသည့်စားသောက်ဆိုင်ကိုချက်ချင်းခေါ်သွားသည်။သူတို့မနက်စာစားလို့ပြီးသွားသည်နှင့်အဲလ်ဗစ်ကလီလျိုကိုသူ့လက်မောင်းထဲပြန်ပွေ့လိုက်ပြီးလေလံပွဲဆီသို့ပြန်ပြေးကာအထူးလမ်းပြအမျိုးသမီးတစ်ယောက်ရဲ့ဦးဆောင်မှုနဲ့သူတို့ရဲ့သီးသန့်ခန်းဆီသို့သွား၍ထိုင်လိုက်ကြသည်။

လေလံအိမ်၏ပထမထပ်သည်ကြီးမားသောပွဲကြည့်စင်၏ဇာတ်ရုံဖြစ်ပြီးဒုတိယထပ်တွင်သီးသန့်အခန်းပေါင်း ၃၀ မှ ၄၀ ရှိသည်။အောက်ကလေလံပွဲကြည့်ရှုသူများရဲ့စင်မြင့်လိုဘယ်ဘက်နှင့်ညာဘက်တွင်မရေမတွက်နိုင်သောလူများကိုတွေ့မြင်နိုင်တဲ့ပုံစံနဲ့မတူပဲသီးသန့်ခန်းများကပိုပြီးတိတ်ဆိတ်သည်။ထို့အပြင်သီးသန်ခန်းရှိလူများကကြည့်ရှုသူများ၏စင်မြင့်နှင့်လေလံကွင်းကိုရှင်းလင်းစွာမြင်နိုင်သော်လည်အောက်မှလူများကတော့သီးသန့်ခန်းအတွင်းရှိမည်သည့်အရာကိုမှမမြင်နိုင်ပေ။ထို့ကြောင့်အထဲမှာထိုင်နေသည့်သူကဘယ်သူလဲဆိုတာကိုဘယ်သူမှမသိပဲဒီဇိုင်းကလည်းအတွင်းရှိဖောက်သည်များရဲ့လုံခြုံမှုကိုအပြည့်အဝအာမခံထားသည်။

အဲလ်ဗစ်ကဒုတိယအထပ်မှနောက်ဆုံးကျန်တဲ့သီးသန့်ခန်းကိုယူလိုက်ပြီးအနေအထားကသူ့အပေါ်ကအထပ်မှအခန်းတွေထက်အနည်းငယ်ဆိုးသော်လည်းပထမအထပ်နဲ့ယှဉ်ရင်တော့အတော်လေးကောင်းနေသေးသည်လေ။

သို့သော်ခြားနားတာကဈေးနှုန်းသည်အောက်မှပွဲကြည့်စင်မြင့်ထက်ဆယ်ဆပိုမိုမြင့်မားသည်။အဲလ်ဗစ်မှာထိုသီးသန့်ခန်းကိုရရှိရန်စာသင်နှစ်တစ်နှစ်ရဲ့ကျုရှင်ခတစ်ဝက်နီးပါးလောက်သုံးလိုက်ရသည်။

သီးသန့်ခန်းထဲဝင်ပြီးနောက်လမ်းပြအမျိုးသမီးကခေါင်းကိုငုံ့ပြီးအလျင်အမြန်ထွက်သွားကာအဲဗစ်ကိုကူပြီးတံခါးပိတ်ပေးခဲ့လိုက်သည်။

ထို့နောက်မှာတော့အဲလ်ဗစ်ရဲ့ညွှန်ကြားချက်မပါပဲဘယ်သူမှသီးသန့်ခန်းထဲဝင်တော့မှာမဟုတ်သလိုသဘာဝကျကျပဲအထဲမှမည်သည့်အသံကိုမဆိုအပြင်မှကြားရမှာမဟုတ်ပေ။လမ်းပြအမျိုးသမီးထွက်သွားပြီးသည်နှင့်လီလျိုကလူသားပုံစံချက်ချင်းပြန်ပြောင်းလိုက်ပြီးအဝတ်ထုတ်ဝတ်ကာအဲလ်ဗစ်ဘေးဝင်ထိုင်လိုက်သည်။

သူကသူ့ထိုင်ခုံဘေးစားပွဲသေးသေးလေးပေါ်မှမုန့်အပိုင်းအစလေးကိုယူလိုက်ပြီးသူ့ပါးစပ်ထဲပစ်ထည့်လိုက်ကာစားနေရင်းဗလုံးဗထွေးပြောလိုက်၏။

"တကယ်လို့ဒီမှာမုန့်နဲ့လက်ဖက်ရည်အလကားစားရမယ်ဆိုတာသိရင်ခုနကမနက်စာသွားမစားပါဘူး"
အဲလ်ဗစ်ကလက်ကိုထုတ်လိုက်ပြီးလီလျိုရဲ့နှုတ်ခမ်းဘေးမှကျန်နေတဲ့မုန့်အပိုင်းလေးကိုဖယ်ပေးလိုက်ကာသူ့မျက်လုံးထဲမှာတော့ပြုံးနေတဲ့အမူအယာရှိနေသည်။

"မင်းမနက်စာစားပြီးတာတောင်မုန့်ကိုစားချင်သေးတာလား?"

လီလျိုကနောက်မုန့်တစ်ခုကိုယူပြီးသူ့ပါးစပ်ထဲထည့်ရန်လုပ်လိုက်တဲ့အချိန်မှာအဲလ်ဗစ်စကားကိုကြားလိုက်တာကြောင့်သူ့လက်ကိုအဲလ်ဗစ်ရဲ့ဘက်လှည့်လိုက်ပြီးမုန့်ကိုအဲလ်ဗစ်ပါးစပ်ထဲထည့်ပေးလိုက်သည်။

"ငါတို့စားပြီးသားလားမစားရသေးဘူးလားဆိုတာကအရေးမကြီးဘူးဒီသီးသန့်ခန်းကြေးကအရမ်းဈေးကြီးတဲ့ဟာကိုမစားရင်ရှုံးတာပေါ့...ကံကောင်းလို့ဒီမုန့်တွေကတကယ်ကိုအရသာရှိတယ်"

အဲလ်ဗစ်ကပါးစပ်ဟပြီးမုန့်ကိုစားလိုက်သကဲ့သို့သူ့လျှာထိပ်ကလည်းသူ့ပါးစပ်ထဲရောက်လာတဲ့လီလျိုရဲ့လက်ချောင်းထိပ်လေးတွေကိုလျှက်လိုက်သည်။လီလျိုရဲ့နားရွယ်ထိပ်လေးတွေကချက်ချင်းနီရဲသွားရပြီးသူ့လက်ကိုချက်ချင်းပြန်ရုတ်လိုက်ကာသူ့မျက်လုံးလေးများတော့ပြုးကျယ်သွားရသည်။သူကအဲလ်ဗစ်ကိုတော်တော်ကြာသည်အထိကြည့်နေမိပြီးထိတ်လန့်မှုရသွားသလိုဘာမှမပြောနိုင်ဖြစ်နေသည်။သူ့ရဲ့မျက်လုံးလေးများကလုံးဝိုင်းနေပြီးသူ့နားရွက်လေးတွေကလည်းထောင်မတ်နေသည်မှာလည်ပင်းကျုံ့ထားသည့်ကြောင်လေးတစ်ကောင်လိုဖြစ်နေသည်။

အဲလ်ဗစ်ကလီလျိုကိုအဲ့ဒီလိုပုံစံမြင်ရလေသူ့ကိုပိုပြီးအနိုင်ကျင့်ချင်လေဖြစ်လာသည်။သူကမုန့်အပိုင်းလေးတစ်ခုကိုကောက်ယူလိုက်ပြီးသူ့ပါးစပ်ထဲထည့်လိုက်သည်။သို့သော်မစားပဲအဲ့ဒီအစားမတ်တပ်ရပ်လိုက်၍လီလျိုရဲ့ကိုယ်ရှေ့လျှောက်သွားလိုက်ပြီးအရှေ့သို့မှီချလိုက်ကာလီလျိုကိုပါးစပ်နဲ့ပဲခွံ့ကျွေးလိုက်ရင်းသူ့လျှာထိပ်ကလည်းမုန်နဲ့အတူလီလျိုရဲ့ပါးစပ်ထဲလိုက်ပါသွားလေသည်။

ယောကျာ်းလေးနှစ်ယောက်ရဲ့ချိတ်ဆက်နေတဲ့နှုတ်ခမ်းတွေ၊သွားတွေကြားထဲကမုန်ကနှစ်ယောက်လုံးရဲ့ဗိုက်ထဲဝင်သွားပြီးနှစ်ယောက်သားကြားကအသက်ရှုသံကပင်ထူထဲသည့်နို့နံ့နဲ့ဖြည့်ထားသလိုဖြစ်နေကာအရမ်းကိုဝေဝေဝါးဝါးလေထုအားထုတ်ဖော်နေသည်။လီလျိုကသူ့ခေါင်းလေးကိုမော့လိုက်ပြီးအဲလ်ဗစ်ရဲ့ဝင်ရောက်စွက်ဖက်နေတဲ့နှုတ်ခမ်းမှအပူချိန်ကိုခံစားလိုက်ရသည်နှင့်သူ့တစ်ကိုယ်လုံးကအပူချိန်ကိုချက်ချင်းမြင့်တက်သွားစေသည်။

အဲလ်ဗစ်ရဲ့မျက်လုံးများကပိုပြီးနက်မှောင်လာပြီးလီလျိုရဲ့အနည်းငယ်နီရဲနေသည့်ပါးပြင်လေးကိုကြည့်ရင်းမနေနိုင်တော့ပဲသူ့ရှေ့ကဒီလူကိုအကောင်လိုက်မျိုချချင်သလိုခံစားလာရသည်။
သို့သော်အဆုံးမှာအဲလ်ဗစ်ကလီလျိုရဲ့နှတ်ခမ်းကိုတစ်ကြိမ်သာထပ်ကိုက်လိုက်ပြီးသူ့မျက်နှာကိုအဝေးဖယ်သွားလိုက်သည်။

ဘယ်သူမှသူ့ခွင့်ပြုချက်မရပဲအခန်းထဲမဝင်လာဘူးဆိုပေမယ့်အဲလ်ဗစ်ကမလုံခြုံသလိုခံစားရဆဲဖြစ်သည့်အပြင်လေလံပွဲကလူတွေကိုလည်းအထဲမှာဘာဖြစ်နေတ်ယဆိုတာခန့်မှန်းခွင့်မပြုနိုင်ဘူးလေ။
ဒီကိုသူလာရတဲ့အဓိကရည်ရွယ်ချက်ကသူလိုအပ်တဲ့ပစ္စည်းကိုရှာဖို့သက်သက်သာ။

အဲ့ဒီပစ္စည်းသုံးမျိုးကိုစုဆောင်းနိုင်မှသာအရင်စိန့်မေးဂတ်စ်ချန်ထားခဲ့တဲ့အစွမ်းကိုအသုံးချနိုင်မှာဖြစ်ပြီးသူတို့ကိုအတူတကွပေါင်းစပ်၍စိန့်မေးဂတ်စ်တစ်ယောက်အတွက်အသင့်တော်ဆုံးမှော်ကိရိယာကိုပြုလုပ်နိုင်မှာဖြစ်သည်။

သူ့ရဲ့အစွမ်းကိုမြှင့်တင်နိုင်မယ့်အရာတစ်ခုကိုလက်မလွှတ်နိုင်ဘူး။

အရင်တစ်ခေါက်သူ့အဖွားသေဆုံးသွားတဲ့အချိန်မှာလူတစ်ယောက်အတွက်အစွမ်းကဘယ်လောက်အရေးပါလဲဆိုတာသူနားလည်လိုက်ရတယ်။သူလုံလောက်အောင်သန်စွမ်းမှသာသူကာကွယ်ချင်တဲ့သူတွေဒါမှမဟုတ်သူလိုချင်တဲ့အရာတွေကိုကာကွယ်နိုင်မှာပြီးတော့တစ်ခြားသူတွေအပေါ်မှာမျှော်လင့်ချက်ထားပြီးတစ်ခြားသူတွေကိုအကူအညီတောင်းစရာလည်းမလိုတော့ဘူး။

အဲလ်ဗစ်ကသူ့ထိုင်ခုံနေရာကိုပြန်သွားလိုက်ပြီးထိုနေရာမှာခဏမျှထိုင်ပြီးမှသာသူ့ရဲ့မငြိမ်မသက်ဖြစ်နေတဲ့စိတ်ဆန္ဒကိုဖိနှိပ်နိုင်သည်။

လီလျိုသည်လည်းအဲလ်ဗစ်ထက်ကောင်းနေတာမဟုတ်ပဲအဲ့ဒီထက်တောင်ပိုဆိုးဦးမည်။အနည်းဆုံးတော့အဲလ်ဗစ်ရဲ့အမူအယာကအပေါ်ယံမှာတော့ပုံမှန်နဲ့မတူတာမရှိပဲသူ့ရဲ့ချောမောခန့်ညားတဲ့မျက်နှာကဘာလှိုင်းမှမဖြစ်ခဲ့သလိုပဲဖြစ်နေသည်။သို့သော်ဆန့်ကျင်ဘက်အနေနဲ့လီလျိုရဲ့မျက်နှာမှာတော့အနီရောင်တစ်လွှာပြေးနေပြီးသူ့မျက်လုံးများကလည်းရေငွေ့များဝေနေသလိုဖြစ်ကာတစ်ချက်အကြည့်နဲ့တင်ယောကျာ်းတစ်ယောက်ရဲ့စိတ်ဆန္ဒကိုဆွဲဆောင်နိုင်သည်။

သူ့မျက်နှာကိုရိုက်လိုက်ပွတ်လိုက်အကြိမ်အနည်းငယ်လုပ်ပြီးမှသာလီလျိုမှာအတော်လေးသက်သာလာပြီးသူ့ရဲ့မူလကအရှိန်ပြင်းစွာခုန်နေတဲ့နှလုံးသားလည်းတစ်ဖြည်းဖြည်းနှေးကွေးလာရသည်။

ထိုအချိန်မှာပဲရုတ်တရက်ရှင်းလင်းနေတဲ့မိန်းကလေးသံတစ်ခုကသီးသန့်ခန်းထဲကိုဝင်လာခဲ့သည်။လီလျိုရဲ့ဝိဉာဉ်ကလန့်သွားသောကြောင့်အနည်းငယ်တုန်ယင်သွားပြီးသူ့နှလုံးသားလည်းအကြိမ်အနည်းငယ်တုန်ခါသွားရသည်။

"လူကြီးမင်းများရှင်ကျွန်မတို့ရဲ့လေလံအိမ်မှကြိုဆိုပါတယ်...ဒီနေ့မှာသင်တို့လိုချင်တဲ့ပစ္စည်းတွေကိုယူဆောင်သွားနိုင်ပါစေလို့မျှော်လင့်ပါတယ်"

လီလျိုကအောက်ကိုငုံ့ကြည့်လိုက်သောအခါအညိုရောင်ဆံနွယ်ရှည်များရှိပြီးဒူးလောက်သာရှိသည့်စကဒ်နှင့်ပုခုံးပေါ်ဘဘောက်အင်္ကျီကိုဝတ်ဆင်ထားသည့်လှပသောအမျိုးသမီးတစ်ဦးကမီတာအနည်းငယ်ရှည်ပြီးကျယ်သည့်လေလံပွဲစင်ပေါ်တွင်မတ်တပ်ရပ်နေသည်ကိုမြင်ရသည်။

သူတို့ရဲ့သီးသန့်ခန်းကဒုတိယထပ်မှာဖြစ်ပေမယ့်လီလျိုကလေလံပွဲစင်မြင့်ပေါ်ကအရာအားလုံးကိုရှင်းရှင်းလင်းလင်းမြင်ရနိုင်သည်။ထိုအမျိုးသမီးရဲ့မျက်လုံးထောင်ကမျက်ရည်ခံမှဲ့ကိုတောင်အရမ်းရှင်းရှင်းလင်းလင်းဖြစ်နေရတာကြောင့်ဒီသီးသန့်ခန်းဟာအထူးမှော်တစ်ခုခုနှင့်ပြုလုပ်ထားသည်ဟုခန့်မှန်းလို့ရနိုင်သည်။ဒါကြောင့်လည်းဈေးကဘာအကြောင်းပြချက်မှမရှိပဲအရမ်းကိုဈေးကြီးနေခြင်းပင်။
လေလံပွဲတင်ဆက်သူအမျိုးသမီးရဲ့ရင်ဘက်ကအရမ်းကိုထင်ပေါ်နေသည်မှာသူမရဲ့ကိုယ်ပေါ်မှာထုပ်သိုင်းထားသည့်ဘလောက်အင်္ကျီပေါ်ကိုတောင်ထွက်တော့မတတ်ဖြစ်နေတာကြောင့်မြင်ကွင်းမှာရှိသမျှယောကျာ်လေးအများစုကိုသူမရဲ့ပုံသဏ္ဍာန်နဲ့ဆွဲဆောင်နေနိုင်ပြီးသူတို့ရဲ့အကြည့်ကထိုအမျိုးသမီးတင်ဆက်သူရဲ့ခန္တာကိုယ်ပေါ်မှာပဲကော်ကပ်သလိုဖြစ်နေကြသည်။

လေလံပွဲတင်ဆက်သူအမျိုးသမီးကတော့ထိုပူပြင်းတဲ့အကြည့်တွေကနေသက်ရောက်မှုရှိဟန်မပေါ်ပဲပြုံးနေရင်းဖြင့်ပင်ဆက်ပြောလိုက်သည်။

"ဒါဆိုကျွန်မဒီထက်ပိုပြီးစကားအများကြီးထပ်ပြောမနေတော့ပါဘူး...ကျွန်မတို့ရဲ့ပထမဆုံးလေလံပွဲပစ္စည်းကိုအမြန်ဆုံးစတင်ပါတော့မယ်"

သူမပြောလို့ပြီးသွားသည်နှင့်တင်ဆက်သူအမျိုးသမီးကသူမရဲ့ခေါင်းကိုအနည်းငယ်လှည့်လိုက်ပြီးပိတ်ဖြူနှင့်ဖုန်းအုပ်ထားသောကြောင့်လူတွေကိုအထဲမှာဘာရှိသလဲမမြင်ရစေသည့်တွန်းလှည်းအားတွန်းလာသည့်ဗလတောင့်တောင့်အမျိုးသားနှစ်ယောက်အားကြည့်လိုက်သည်။

တွန်းလှည်းကိုစင်မြင့်အလယ်ကိုတွန်းလာပြီးသည်နှင့်ထိုဗလတောင့်တောင့်အမျိုးသားနှစ်ယောက်ကချက်ချင်းလေလံပွဲစင်မြင့်ရဲ့တစ်ဖက်မှပြန်လျှောက်ထွက်သွားကြသည်။

လေလံပွဲတင်ဆက်သူအမျိုးသမီးကလှည်းရှိရာသို့လျှောက်လာပြီးဖုန်းထားသည့်ပိတ်ဖြူအားဖယ်လိုက်ကာသူမရဲ့အကြည့်ကသူမရှေ့မှာရှိသည့်ပရိတ်သတ်ဆီရောက်သွားပြီးပြုံးကာပြောလိုက်သည်။

"ပထမဆုံးလေလံတင့်မယ့်ပစ္စည်းကတော့မှော်သားရဲတောင်တန်းမှမှော်-စားပန်းဖြစ်ပါတယ်ဒါကအလယ်အလတ်အဆင့်မှော်ပစ္စည်းပြုလုပ်ဖို့အတွက်အဓိကပစ္စည်းထဲကတစ်ခုဖြစ်ပါတယ်နော်....ဒီမှော်စားပန်းကမှော်သားရဲတောင်တန်းထဲကအလယ့်ပိုင်းကျောက်နက်တောင်တစ်ဝိုက်မှာသာကြီးထွားနိုင်တာပါ..အဲ့ဒီမှာဒါကိုကာကွယ်တဲ့ပဉ္စမအဆင့်မှော်သားရဲတွေအမြဲတမ်းရှိနေပါတယ်...ထပ်ပေါင်းပြောရရင်မှော်စားပန်းတည်ရှိနေတဲ့တောင်စွန်းက........."

သူမစကားပြောနေရင်းဖြင့်သူမရဲ့ရင်ဘက်ကရင်သားနှစ်မြွှာကလည်းအသက်ရှုသံနှင့်အတူနိမ့်လိုက်မြင့်လိုက်ဖြင့်နေသောကြောင့်ကြည့်ရှုသူစင်မြင့်ထက်မှအမျိုးသားအားလုံးကိုတည့်တည့်သာစိုက်ကြည့်မိနေစေသည်။

လီလျိုကအခုချိန်မှာအမျိုးသမီးတွေနဲ့ချိန်းတွေ့ဖို့လုံးဝစိတ်မဝင်စားတော့ပေမယ့်သူလည်းမနေနိုင်ပဲအကြိမ်အနည်းငယ်တော့ကြည့်ကြည့်မိသေးသည်။ပြီးမှသာအလျင်အမြန်နဲ့သူ့အကြည့်ကိုတင်ဆက်သူအမျိုးသမီးဖော်ပြပေးထားသည့်လှည်းပေါ်မှလေလံတင်ထားသည့်ပစ္စည်းဘက်လှည့်လိုက်ရသည်။

လီလျိုကသူ့အကြည်ကိုအလျင်အမြန်ရွေ့လိုက်ပေမယ့်လည်းဘေးတစ်ဖက်မှာထိုင်နေတဲ့အဲလ်ဗစ်ကတော့ထိုလှုပ်ရှားမှုသေးသေးလေးကိုပင်မြင်ဖြစ်အောင်မြင်လိုက်သေးသည်။အဲလ်ဗစ်ရဲ့မျက်လုံးများထဲမှာအလင်းတစ်ချက်ပြေးသွားသကဲ့သို့သူ့လက်မောင်းပေါ်မှာတင်ထားသည့်သွယ်လျသည့်လက်ချောင်းများကလည်းသူ့လက်မောင်းအားခပ်ဖွဖွပုတ်နေရင်းအဲ့ဒါကိုသူ့ရင်ထဲမှာတိတ်တဆိတ်ရေးမှတ်ထားလိုက်သည်။

ဘယ်လိုပဲဖြစ်ဖြစ်သူနဲ့လဒ်ဝတ်ရဲ့နေ့တွေကအများကြီးကျန်ပါသေးတယ်..သူဒီစာရင်းကိုဖြည်းဖြည်းချင်းဆီပြန်စုဆောင်းလို့ရတယ်...

လေလံတင်ထားတဲ့ပစ္စည်းပေါ်မှာသာအာရုံစူးစိုက်နေတဲ့လီလျိုကတော့သူ့လှုပ်ရှားမှုသေးသေးလေးကအစောကြီးကတည်းကလူတစ်ယောက်ရဲ့အာရုံစိုက်မှုကိုခံလိုက်ရသည်ကိုမသိလိုက်ပေ။ဒါ့အပြင်သူကအဲ့ဒါကိုရင်ထဲမှာဂရုတစိုက်မှတ်သားလို့လီလျိုကိုအကြွေးကြီးကြီးပြန်ပေးဆပ်ခိုင်းတော့မယ်ဆိုတာကိုရောပေ့ါ...


.......................................

Zawgyi

Arc(2.28) - Saint Magus

အကယ္ဒမီရဲ႔ယွဥ္ၿပိဳင္ပြဲကေနာင္ငါးရက္ေနရင္က်င္းပမွာျဖစ္ၿပီးေလလံပြဲကေနာက္သံုးရက္အတြင္းျပဳလုပ္ရန္စီစဥ္ထားသည္။

အခ်ိန္ကယွဥ္ၿပိဳင္ပြဲမစတင္ခင္သတ္မွတ္ထားေသာေၾကာင့္တစ္ျခားယွဥ္ၿပိဳင္ပြဲမွာပါဝင္မည့္တပည့္တစ္ခ်ိဳ႔သည္လည္းေလလံပြဲမွာပါဝင္ၾကမွာျဖစ္ကာေလလံပြဲကိုလာေရာက္မည့္လူအေရအတြက္တိုးသြားၿပီးေလလံပြဲမွပစၥည္းေတြရဲ႔ေနာက္ဆံုးေစ်းကိုတိုးသြားေစရန္ကူညီေပးလိုက္သည္။

ေလလံပြဲမစတင္ခင္ႏွစ္ရက္အလိုမွာအဲလ္ဗစ္ကလီလ်ိဳကိုေခၚၿပီးရဲလ္ၿမိဳ႔တစ္ၿမိဳ႔လံုးကိုလွည့္ပတ္ေလွ်ာက္ခ့ဲကာထိုေနရာမွာရွိသမွ်အထူးမုန္႔မ်ိဳးစံုကိုျမည္းစမ္းၾကသည္။ထိုအထဲမွာလီလ်ိဳအႀကိဳက္ဆံုးကေခ်ာကလက္နဲ႔လုပ္တဲ့အခ်ိဳမုန္႔ႏွင့္ငံသည့္အသားလံုးႏွင့္ျဖည့္ထားေသာေၾကာ္ထားသည့္အသားၫွပ္ေပါင္မုန္႔ျဖစ္သည္။အဲလ္ဗစ္ကတစ္ခုဆီတိုင္းကိုဆယ္ဘူးေက်ာ္ေက်ာ္တိုက္႐ိုက္ဝယ္လိုက္ၿပီးအားလံုးကိုသူ႔သိုေလွာင္အိတ္ထဲထည့္ထားလိုက္သည္။

တတိယေျမာက္ေန႔မွောေတာ့ေကာင္းကင္မွာေရာင္ျခည္မေတာက္ပခင္မွာပဲအဲလ္ဗစ္ကအိပ္ေပ်ာ္ေနဆဲျဖစ္သည့္လီလ်ိဳကိုႏွိုးလိုက္ရသည္။အေၾကာင္းကေတာ့ေလလံတင္မယ့္အခ်ိန္ကအေတာ္ေလးေစာတာေၾကာင့္အကယ္၍သူတို႔ေစာေစာမထရင္ဝင္ခြင့္လက္မွတ္ကိုဝယ္ရန္အရမ္းေနာက္က်သြားမွာျဖစ္ၿပီးေလလံပြဲထဲမဝင္ႏိုင္ျဖစ္သြားလိမ့္မည္။

ေလလံပြဲတြင္လူတိုင္းထိုင္ရန္ေစာင့္ဆိုင္းၿပီးေနာက္၎သည္အမွန္တကယ္မစတင္မီေနာက္ထပ္တစ္နာရီခန႔္ၾကာလိမ့္မည္။


လီလ်ိဳကအဲလ္ဗစ္ရဲ႔အတင္းအၾကပ္ႏွိုးျခင္းခံလိုက္ရေသာေၾကာင့္သူ႔မ်က္လံုးမ်ားကေၾကာင္ေတာင္ေတာင္ေလးျဖစ္ေနဆဲျဖစ္ၿပီးသူ႔ေငြေရာင္ဆံပင္မ်ားသည္လည္းအိပ္ေပ်ာ္ရာမွထလာရေသာေၾကာင့္လံုးဝရွဳပ္ပြေနရသည္။သူ႔မ်က္ႏွာေပၚကေလာေလာလတ္လတ္ထလာရေသာေၾကာင့္ရဲေနတဲ့အလႊာေလးတစ္လႊာကိုထပ္ေပါင္းလိုက္တဲ့အခါက်ေတာ့သူ႔ၾကည့္ရတာအရမ္းကိုခ်စ္ဖို႔ေကာင္းေနသည္။

အဲလ္ဗစ္ကေမွးေတးေတးမ်က္လံုးမ်ားျဖစ္ေနဆဲျဖစ္တဲ့လီလ်ိဳကိုၾကည့္ၿပီးသူ႔ကိုယ္သူမထိန္းႏိုင္ေတာ့ပဲအလ်င္အျမန္ေရွ႕မွီခ်လိုက္ကာမူးေနာက္ေနာက္ျဖစ္ေနဆဲျဖစ္သည့္လီလ်ိဳကိုနမ္းလိုက္ေတာ့သည္။

ေနာက္ဆံုးေတာ့လီလ်ိဳမွာတုန္ယင္သြားၿပီးသူ႔ေခါင္းကအဲလ္ဗစ္ရဲ႔အနမ္းေၾကာင့္အနည္းငယ္မူးေနာက္ေနာက္ျဖစ္သြားကာသူ႔မွာအေရွ႕၊အေနာက္၊ေတာင္၊ေျမာက္ေတာင္မေျပာႏိုင္ျဖစ္သြားၿပီးအဲလ္ဗစ္ရဲ႔အနမ္းကိုတက္ႂကြစြာပဲႀကိဳဆိုမိေလသည္။

ထိုအနမ္းေၾကာင့္သူတို႔ေနာက္ဆံုးအၿပီးအစီးေဆးေၾကာသန္႔စင္ဖို႔အတြက္ေနာက္ထပ္နာရီဝက္ေလာက္ပိုၾကာသြားရသည္။လီလ်ိဳရဲ႔မ်က္ႏွာေပၚကနီရဲရဲေလးကမေပ်ာက္ကြယ္သြားေသးပဲျဖဴျဖဴလံုးလံုးေၾကာင္ေလးဘဝကိုျပန္ေျပာင္းလိုက္ကာအဲလ္ဗစ္ရဲ႔ပုခံုးေပၚခုန္တက္၍သူ႔ေနာက္ကေနတည္းခိုခန္းဝင္ေပါက္သို႔လိုက္ပါသြားရသည္။

သူတို႔အေနနဲ႔အခ်ိန္ကိုအမွီလိုက္ရန္လိုအပ္ေနတာေၾကာင့္ႏွစ္ေယာက္သားမနက္စာေတာင္မစားၾကေတာ့ပဲေလလံပြဲတည္ေနရာသို႔အလ်င္အျမန္ေျပးၾကရေလသည္။

လမ္းတစ္ေလွ်ာက္လံုးမွာသူတို႔အေနနဲ႔ဦးတည္ရာတူညီသည့္ေမးဂတ္စ္ေတာ္ေတ္ာမ်ားမ်ားကိုေတြ႕ဆံုၾကရသည္။ကံေကာင္းစြာနဲ႔သူတို႔ႏွစ္ေယာက္ကေစာေစာထခဲ့တာေၾကာင့္အခ်ိန္အနည္းငယ္ေနာက္က်သြာေသာ္လည္းသူတို႔ေလလံပြဲကိုေရာက္တဲ့အခ်ိန္ၾကည့္ရွဳသူစင္ျမင့္ေပၚမွာႀကိဳတင္ဘိုကင္မယူရေသးတဲ့ထိုင္ခံုကေလးပံုတစ္ပံုနီးပါးေလာက္ႏွင့္သီးသန္႔ခန္းတစ္ခန္းက်န္ေနေသးသည္။အကယ္၍သူတို႔နာရီဝက္ေလာက္ပိုေနာက္က်တာနဲ႔ထိုသီးသန္႔ခန္းတစ္ခန္းကိုယူလို႔မရေတာ့ေလာက္ဘူးလို႔ခန္႔မွန္းရသည္။

ထိုင္ခံုကိုဝယ္ၿပီးေနာက္အဲလ္ဗစ္မနက္စာစားရန္လီလ်ိဳကိုေဘးမွာရွိသည့္စားေသာက္ဆိုင္ကိုခ်က္ခ်င္းေခၚသြားသည္။သူတို႔မနက္စာစားလို႔ၿပီးသြားသည္ႏွင့္အဲလ္ဗစ္ကလီလ်ိဳကိုသူ႔လက္ေမာင္းထဲျပန္ေပြ႕လိုက္ၿပီးေလလံပြဲဆီသို႔ျပန္ေျပးကာအထူးလမ္းျပအမ်ိဳးသမီးတစ္ေယာက္ရဲ႔ဦးေဆာင္မႈနဲ႔သူတို႔ရဲ႔သီးသန္႔ခန္းဆီသို႔သြား၍ထိုင္လိုက္ၾကသည္။

ေလလံအိမ္၏ပထမထပ္သည္ႀကီးမားေသာပြဲၾကည့္စင္၏ဇာတ္႐ုံျဖစ္ၿပီးဒုတိယထပ္တြင္သီးသန္႔အခန္းေပါင္း ၃၀ မွ ၄၀ ရွိသည္။ေအာက္ကေလလံပြဲၾကည့္ရွဳသူမ်ားရဲ႔စင္ျမင့္လိုဘယ္ဘက္ႏွင့္ညာဘက္တြင္မေရမတြက္ႏိုင္ေသာလူမ်ားကိုေတြ႕ျမင္ႏိုင္တဲ့ပံုစံန႔ဲမတူပဲသီးသန္႔ခန္းမ်ားကပိုၿပီးတိတ္ဆိတ္သည္။ထို႔အျပင္သီးသန္ခန္းရွိလူမ်ားကၾကည့္ရႈသူမ်ား၏စင္ျမင့္ႏွင့္ေလလံကြင္းကိုရွင္းလင္းစြာျမင္ႏိုင္ေသာ္လည္ေအာက္မွလူမ်ားကေတာ့သီးသန႔္ခန္းအတြင္းရွိမည္သည့္အရာကိုမွမျမင္ႏိုင္ေပ။ထို႔ေၾကာင့္အထဲမွာထိုင္ေနသည့္သူကဘယ္သူလဲဆိုတာကိုဘယ္သူမွမသိပဲဒီဇိုင္းကလည္းအတြင္းရွိေဖာက္သည္မ်ားရဲ႔လံုျခံဳမႈကိုအျပည့္အဝအာမခံထားသည္။

အဲလ္ဗစ္ကဒုတိယအထပ္မွေနာက္ဆံုးက်န္တဲ့သီးသန္႔ခန္းကိုယူလိုက္ၿပီးအေနအထားကသူ႔အေပၚကအထပ္မွအခန္းေတြထက္အနည္းငယ္ဆိုးေသာ္လည္းပထမအထပ္နဲ႔ယွဥ္ရင္ေတာ့အေတာ္ေလးေကာင္းေနေသးသည္ေလ။

သို႔ေသာ္ျခားနားတာကေစ်းႏႈန္းသည္ေအာက္မွပြဲၾကည့္စင္ျမင့္ထက္ဆယ္ဆပိုမိုျမင့္မားသည္။အဲလ္ဗစ္မွာထိုသီးသန္႔ခန္းကိုရရွိရန္စာသင္ႏွစ္တစ္ႏွစ္ရဲ႔က်ဳရွင္ခတစ္ဝက္နီးပါးေလာက္သံုးလိ္ုက္ရသည္။

သီးသန္႔ခန္းထဲဝင္ၿပီးေနာက္လမ္းျပအမိ်ဳးသမီးကေခါင္းကိုငံု႔ၿပီးအလ်င္အျမန္ထြက္သြားကာအဲဗစ္ကိုကူၿပီးတံခါးပိတ္ေပးခဲ့လိုက္သည္။ထို႔ေနာက္မွာေတာ့အဲလ္ဗစ္ရဲ႔ၫႊန္ၾကားခ်က္မပါပဲဘယ္သူမွသီးသန္႔ခန္းထဲဝင္ေတာ့မွာမဟုတ္သလိုသဘာဝက်က်ပဲအထဲမွမည္သည့္အသံကိုမဆိုအျပင္မွၾကားရမွာမဟုတ္ေပ။

လမ္းျပအမိ်ဳးသမီးထြက္သြားၿပီးသည္ႏွင့္လီလ်ိဳကလူသားပံုစံခ်က္ခ်င္းျပန္ေျပာင္းလိုက္ၿပီးအဝတ္ထုတ္ဝတ္ကာအဲလ္ဗစ္ေဘးဝင္ထိုင္လိုက္သည္။သူကသူ႔ထိုင္ခံုေဘးစားပြဲေသးေသးေလးေပၚမွမုန္႔အပိုင္းအစေလးကိုယူလိုက္ၿပီးသူ႔ပါးစပ္ထဲပစ္ထည့္လိုက္ကာစားေနရင္းဗလံုးဗေထြးေျပာလိုက္၏။

"တကယ္လို႔ဒီမွာမုန္႔နဲ႔လက္ဖက္ရည္အလကားစားရမယ္ဆိုတာသိရင္ခုနကမနက္စာသြားမစားပါဘူး"

အဲလ္ဗစ္ကလက္ကိုထုတ္လိုက္ၿပီးလီလိ်ဳရဲ႔ႏႈတ္ခမ္းေဘးမွက်န္ေနတဲ့မုန္႔အပိုင္းေလးကိုဖယ္ေပးလိုက္ကာသူ႔မ်က္လံုးထဲမွာေတာ့ျပံဳးေနတဲ့အမူအယာရွိေနသည္။

"မင္းမနက္စာစားၿပီးတာေတာင္မုန္႔ကိုစားခ်င္ေသးတာလား?"

လီလ်ိဳကေနာက္မုန္႔တစ္ခုကိုယူၿပီးသူ႔ပါးစပ္ထဲထည့္ရန္လုပ္လိုက္တဲ့အခ်ိန္မွာအဲလ္ဗစ္စကားကိုၾကားလိုက္တာေၾကာင့္သူ႔လက္ကိုအဲလ္ဗစ္ရဲ႔ဘက္လွည့္လိုက္ၿပီးမုန္႔ကိုအဲလ္ဗစ္ပါးစပ္ထဲထည့္ေပးလိုက္သည္။

"ငါတို႔စားၿပီးသားလားမစားရေသးဘူးလားဆိုတာကအေရးမႀကီးဘူးဒီသီးသန္႔ခန္းေၾကးကအရမ္းေစ်းႀကီးတဲ့ဟာကိုမစားရင္ရွံုးတာေပါ့...ကံေကာင္းလို႔ဒီမုန္႔ေတြကတကယ္ကိုအရသာရွိတယ္"

အဲလ္ဗစ္ကပါးစပ္ဟၿပီးမုန္႔ကိုစားလိုက္သကဲ့သို႔သူ႔လွ်ာထိပ္ကလည္းသူ႔ပါးစပ္ထဲေရာက္လာတဲ့လီလ်ိဳရဲ႔လက္ေခ်ာင္းထိပ္ေလးေတြကိုလွ်က္လိုက္သည္။လီလိ်ဳရဲ႔နားရြယ္ထိပ္ေလးေတြကခ်က္ခ်င္းနီရဲသြားရၿပီးသူ႔လက္ကိုခ်က္ခ်င္းျပန္႐ုတ္လိုက္ကာသူ႔မ်က္လံုးေလးမ်ားေတာ့ျပဳးက်ယ္သြားရသည္။သူကအဲလ္ဗစ္ကိုေတာ္ေတာ္ၾကာသည္အထိၾကည့္ေနမိၿပီးထိတ္လန္႔မႈရသြားသလိုဘာမွမေျပာႏိုင္ျဖစ္ေနသည္။သူ႔ရဲ႔မ်က္လံုးေလးမ်ားကလံုးဝိုင္းေနၿပီးသူ႔နားရြက္ေလးေတြကလည္းေထာင္မတ္ေနသည္မွာလည္ပင္းက်ံဳ႔ထားသည့္ေၾကာင္ေလးတစ္ေကာင္လိုုျဖစ္ေနသည္။

အဲလ္ဗစ္ကလီလ်ိဳကိုအဲ့ဒီလိုပံုစံျမင္ရေလသူ႔ကိုပိုၿပီးအႏိုင္က်င့္ခ်င္ေလျဖစ္လာသည္။သူကမုန္႔အပိုင္းေလးတစ္ခုကိုေကာက္ယူလိုက္ၿပီးသူ႔ပါးစပ္ထဲထည့္လိုက္သည္။သို႔ေသာ္မစားပဲအဲ့ဒီအစားမတ္တပ္ရပ္လိုက္၍လီလ်ိဳရဲ႔ကိုယ္ေရွ႕ေလွ်ာက္သြားလိုက္ၿပီးအေရွ႕သို႔မွီခ်လိုက္ကာလီလိ်ဳကိုပါးစပ္နဲ႔ပဲခြံ႔ေကၽြးလိုက္ရင္းသူ႔လွ်ာထိပ္ကလည္းမုန္နဲ႔အတူလီလ်ိဳရဲ႔ပါးစပ္ထဲလိုက္ပါသြားေလသည္။

ေယာက်ာ္းေလးႏွစ္ေယာက္ရဲ႔ခ်ိတ္ဆက္ေနတဲ့ႏႈတ္ခမ္းေတြ၊သြားေတြၾကားထဲကမုန္ကႏွစ္ေယာက္လံုးရဲ႔ဗိုက္ထဲဝင္သြားၿပီးႏွစ္ေယာက္သားၾကားကအသက္ရွဳသံကပင္ထူထဲသည့္ႏို႔နံ႔နဲ႔ျဖည့္ထားသလိုျဖစ္ေနကာအရမ္းကိုေဝေဝဝါးဝါးေလထုအားထုတ္ေဖာ္ေနသည္။လီလ်ိဳကသူ႔ေခါင္းေလးကိုေမာ့လိုက္ၿပီးအဲလ္ဗစ္ရဲ႔ဝင္ေရာက္စြက္ဖက္ေနတဲ့ႏႈတ္ခမ္းမွအပူခ်ိန္ကိုခံစားလိုက္ရသည္ႏွင့္သူ႔တစ္ကိုယ္လံုးကအပူခ်ိန္ကိုခ်က္ခ်င္းျမင့္တက္သြားေစသည္။

အဲလ္ဗစ္ရဲ႔မ်က္လံုးမ်ားကပိုၿပီးနက္ေမွာင္လာၿပီးလီလ်ိဳရဲ႔အနည္းငယ္နီရဲေနသည့္ပါးျပင္ေလးကိုၾကည့္ရင္းမေနႏိုင္ေတာ့ပဲသူ႔ေရွ႕ကဒီလူကိုအေကာင္လိုက္မ်ိဳခ်ခ်င္သလိုခံစားလာရသည္။

သို႔ေသာ္အဆံုးမွာအဲလ္ဗစ္ကလီလ်ိဳရဲ႔ႏွတ္ခမ္းကိုတစ္ႀကိမ္သာထပ္ကိုက္လိုက္ၿပီးသူ႔မ်က္ႏွာကိုအေဝးဖယ္သြားလိုက္သည္။

ဘယ္သူမွသူ႔ခြင့္ျပဳခ်က္မရပဲအခန္းထဲမဝင္လာဘူးဆိုေပမယ့္အဲလ္ဗစ္ကမလံုျခံဳသလိုခံစားရဆဲျဖစ္သည့္အျပင္ေလလံပြဲကလူေတြကိုလည္းအထဲမွာဘာျဖစ္ေနတ္ယဆိုတာခန္႔မွန္းခြင့္မျပဳႏိုင္ဘူးေလ။

ဒီကိုသူလာရတဲ့အဓိကရည္ရြယ္ခ်က္ကသူလိုအပ္တဲ့ပစၥည္းကိုရွာဖို႔သက္သက္သာ။

အဲ့ဒီပစၥည္းသံုးမ်ိဳးကိုစုေဆာင္းႏိုင္မွသာအရင္စိန္႔ေမးဂတ္စ္ခ်န္ထားခဲ့တဲ့အစြမ္းကိုအသံုးခ်ႏိုင္မွာျဖစ္ၿပီးသူတို႔ကိုအတူတကြေပါင္းစပ္၍စိန္႔ေမးဂတ္စ္တစ္ေယာက္အတြက္အသင့္ေတာ္ဆံုးေမွာ္ကိရိယာကိုျပဳလုပ္ႏိုင္မွာျဖစ္သည္။

သူ႔ရဲ႔အစြမ္းကိုႁမွင့္တင္ႏိုင္မယ့္အရာတစ္ခုကိုလက္မလႊတ္ႏိုင္ဘူး။

အရင္တစ္ေခါက္သူ႔အဖြားေသဆံုးသြားတဲ့အခ်ိန္မွာလူတစ္ေယာက္အတြက္အစြမ္းကဘယ္ေလာက္အေရးပါလဲဆိုတာသူနားလည္လိုက္ရတယ္။သူလံုေလာက္ေအာင္သန္စြမ္းမွသာသူကာကြယ္ခ်င္တဲ့သူေတြဒါမွမဟုတ္သူလိုခ်င္တဲ့အရာေတြကိုကာကြယ္ႏိုင္မွာၿပီးေတာ့တစ္ျခားသူေတြအေပၚမွာေမွ်ာ္လင့္ခ်က္ထားၿပီးတစ္ျခားသူေတြကိုအကူအညီေတာင္းစရာလည္းမလိုေတာ့ဘူး။

အဲလ္ဗစ္ကသူ႔ထိုင္ခံုေနရာကိုျပန္သြားလိုက္ၿပီးထိုေနရာမွာခဏမွ်ထိုင္ၿပီးမွသာသူ႔ရဲ႔မၿငိမ္မသက္ျဖစ္ေနတဲ့စိတ္ဆႏၵကိုဖိႏွိပ္ႏိုင္သည္။

လီလ်ိဳသည္လည္းအဲလ္ဗစ္ထက္ေကာင္းေနတာမဟုတ္ပဲအဲ့ဒီထက္ေတာင္ပိုဆိုးဦးမည္။အနည္းဆံုးေတာ့အဲလ္ဗစ္ရဲ႔အမူအယာကအေပၚယံမွာေတာ့ပံုမွန္နဲ႔မတူတာမရွိပဲသူ႔ရဲ႔ေခ်ာေမာခန္႔ညားတဲ့မ်က္ႏွာကဘာလွိုင္းမွမျဖစ္ခဲ့သလိုပဲျဖစ္ေနသည္။သို႔ေသာ္ဆန္႔က်င္ဘက္အေနနဲ႔လီလိ်ဳရဲ႔မ်က္ႏွာမွာေတာ့အနီေရာင္တစ္လႊာေျပးေနၿပီးသူ႔မ်က္လံုးမ်ားကလည္းေရေငြ႕မ်ားေဝေနသလိုျဖစ္ကာတစ္ခ်က္အၾကည့္နဲ႔တင္ေယာက်ာ္းတစ္ေယာက္ရဲ႔စိတ္ဆႏၵကိုဆြဲေဆာင္ႏိုင္သည္။

သူ႔မ်က္ႏွာကို႐ိုက္လိုက္ပြတ္လိုက္အႀကိမ္အနည္းငယ္လုပ္ၿပီးမွသာလီလ်ိဳမွာအေတာ္ေလးသက္သာလာၿပီးသူ႔ရဲ႔မူလကအရွိန္ျပင္းစြာခုန္ေနတဲ့ႏွလံုးသားလည္းတစ္ျဖည္းျဖည္းေႏွးေကြးလာရသည္။

ထိုအခ်ိန္မွာပဲ႐ုတ္တရက္ရွင္းလင္းေနတဲ့မိန္းကေလးသံတစ္ခုကသီးသန္႔ခန္းထဲကိုဝင္လာခဲ့သည္။လီလ်ိဳရဲ႔ဝိဉာဥ္ကလန္႔သြားေသာေၾကာင့္အနည္းငယ္တုန္ယင္သြားၿပီးသူ႔ႏွလံုးသားလည္းအႀကိမ္အနည္းငယ္တုန္ခါသြားရသည္။

"လူႀကီးမင္းမ်ားရွင္ကၽြန္မတို႔ရဲ႔ေလလံအိမ္မွႀကိဳဆိုပါတယ္...ဒီေန႔မွာသင္တို႔လိုခ်င္တဲ့ပစၥည္းေတြကိုယူေဆာင္သြားႏိုင္ပါေစလို႔ေမွ်ာ္လင့္ပါတယ္"

လီလိ်ဳကေအာက္ကိုငံု႔ၾကည့္လိုက္ေသာအခါအညိဳေရာင္ဆံႏြယ္ရွည္မ်ားရွိၿပီးဒူးေလာက္သာရွိသည့္စကဒ္ႏွင့္ပုခံုးေပၚဘေဘာက္အက်ႌကိုဝတ္ဆင္ထားသည့္လွပေသာအမ်ိဳးသမီးတစ္ဦးကမီတာအနည္းငယ္ရွည္ၿပီးက်ယ္သည့္ေလလံပြဲစင္ေပၚတြင္မတ္တပ္ရပ္ေနသည္ကိုျမင္ရသည္။

သူတို႔ရဲ႔သီးသန္႔ခန္းကဒုတိယထပ္မွာျဖစ္ေပမယ့္လီလိ်ဳကေလလံပြဲစင္ျမင့္ေပၚကအရာအားလံုးကိုရွင္းရွင္းလင္းလင္းျမင္ရႏိုင္သည္။ထိုအမ်ိဳးသမီးရဲ႔မ်က္လံုးေထာင္ကမ်က္ရည္ခံမွဲ႔ကိုေတာင္အရမ္းရွင္းရွင္းလင္းလင္းျဖစ္ေနရတာေၾကာင့္ဒီသီးသန္႔ခန္းဟာအထူးေမွာ္တစ္ခုခုႏွင့္ျပဳလုပ္ထားသည္ဟုခန္႔မွန္းလို႔ရႏိုင္သည္။ဒါေၾကာင့္လည္းေစ်းကဘာအေၾကာင္းျပခ်က္မွမရွိပဲအရမ္းကိုေစ်းႀကီးေနျခင္းပင္။

ေလလံပြဲတင္ဆက္သူအမ်ိဳးသမီးရဲ႔ရင္ဘက္ကအရမ္းကိုထင္ေပၚေနသည္မွာသူမရဲ႔ကိုယ္ေပၚမွာထုပ္သိုင္းထားသည့္ဘေလာက္အက်ႌေပၚကိုေတာင္ထြက္ေတာ့မတတ္ျဖစ္ေနတာေၾကာင့္ျမင္ကြင္းမွာရွိသမွ်ေယာက်ာ္ေလးအမ်ားစုကိုသူမရဲ႔ပံုသ႑ာန္နဲ႔ဆြဲေဆာင္ေနႏိုင္ၿပီးသူတို႔ရဲ႔အၾကည့္ကထိုအမ်ိဳးသမီးတင္ဆက္သူရဲ႔ခႏာၱကိုယ္ေပၚမွာပဲေကာ္ကပ္သလိုျဖစ္ေနၾကသည္။

ေလလံပြဲတင္ဆက္သူအမ်ိဳးသမီးကေတာ့ထိုပူျပင္းတဲ့အၾကည့္ေတြကေနသက္ေရာက္မွဳရွိဟန္မေပၚပဲျပံဳးေနရင္းျဖင့္ပင္ဆက္ေျပာလိုက္သည္။ 

"ဒါဆိုကၽြန္မဒီထက္ပိုၿပီးစကားအမ်ားႀကီးထပ္ေျပာမေနေတာ့ပါဘူး...ကၽြန္မတို႔ရဲ႔ပထမဆံုးေလလံပြဲပစၥည္းကိုအျမန္ဆံုးစတင္ပါေတာ့မယ္"

သူမေျပာလို႔ၿပီးသြားသည္ႏွင့္တင္ဆက္သူအမ်ိဳးသမီးကသူမရဲ႔ေခါင္းကိုအနည္းငယ္လွည့္လိုက္ၿပီးပိတ္ျဖဴႏွင့္ဖုန္းအုပ္ထားေသာေၾကာင့္လူေတြကိုအထဲမွာဘာရွိသလဲမျမင္ရေစသည့္တြန္းလွည္းအားတြန္းလာသည့္ဗလေတာင့္ေတာင့္အမ်ိဳးသားႏွစ္ေယာက္အားၾကည့္လိုက္သည္။

တြန္းလွည္းကိုစင္ျမင့္အလယ္ကိုတြန္းလာၿပီးသည္ႏွင့္ထိုဗလေတာင့္ေတာင့္အမ်ိဳးသားႏွစ္ေယာက္ကခ်က္ခ်င္းေလလံပြဲစင္ျမင့္ရဲ႔တစ္ဖက္မွျပန္ေလွ်ာက္ထြက္သြားၾကသည္။

ေလလံပြဲတင္ဆက္သူအမ်ိဳးသမီးကလွည္းရွိရာသို႔ေလွ်ာက္လာၿပီးဖုန္းထားသည့္ပိတ္ျဖဴအားဖယ္လိုက္ကာသူမရဲ႔အၾကည့္ကသူမေရွ႕မွာရွိသည့္ပရိတ္သတ္ဆီေရာက္သြားၿပီးျပံဳးကာေျပာလိုက္သည္။

"ပထမဆံုးေလလံတင့္မယ့္ပစၥည္းကေတာ့ေမွာ္သားရဲေတာင္တန္းမွေမွာ္-စားပန္းျဖစ္ပါတယ္ဒါကအလယ္အလတ္အဆင့္ေမွာ္ပစၥည္းျပဳလုပ္ဖို႔အတြက္အဓိကပစၥည္းထဲကတစ္ခုျဖစ္ပါတယ္ေနာ္....ဒီေမွာ္စားပန္းကေမွာ္သားရဲေတာင္တန္းထဲကအလယ့္ပိုင္းေက်ာက္နက္ေတာင္တစ္ဝိုက္မွာသာႀကီးထြားႏိုင္တာပါ..အဲ့ဒီမွာဒါကိုကာကြယ္တဲ့ပၪၥမအဆင့္ေမွာ္သားရဲေတြအၿမဲတမ္းရွိေနပါတယ္...ထပ္ေပါင္းေျပာရရင္ေမွာ္စားပန္းတည္ရွိေနတဲ့ေတာင္စြန္းက........."

သူမစကားေျပာေနရင္းျဖင့္သူမရဲ႔ရင္ဘက္ကရင္သားႏွစ္ႁမႊာကလည္းအသက္ရွဳသံႏွင့္အတူနိမ့္လိုက္ျမင့္လိုက္ျဖင့္ေနေသာေၾကာင့္ၾကည့္ရွဳသူစင္ျမင့္ထက္မွအမ်ိဳးသားအားလံုးကိုတည့္တည့္သာစိ္ုက္ၾကည့္မိေနေစသည္။

လီလိ်ဳကအခုခ်ိန္မွာအမ်ိဳးသမီးေတြနဲ႔ခ်ိန္းေတြ႕ဖို႔လံုးဝစိတ္မဝင္စားေတာ့ေပမယ့္သူလည္းမေနႏိုင္ပဲအႀကိမ္အနည္းငယ္ေတာ့ၾကည့္ၾကည့္မိေသးသည္။ၿပီးမွသာအလ်င္အျမန္နဲ႔သူ႔အၾကည့္ကိုတင္ဆက္သူအမ်ိဳးသမီးေဖာ္ျပေပးထားသည့္လွည္းေပၚမွေလလံတင္ထားသည့္ပစၥည္းဘက္လွည့္လိုက္ရသည္။

လီလိ်ဳကသူ႔အၾကည္ကိုအလ်င္အျမန္ေရြ႕လိုက္ေပမယ့္လည္းေဘးတစ္ဖက္မွာထိုင္ေနတဲ့အဲလ္ဗစ္ကေတာ့ထိုလႈပ္ရွားမွဳေသးေသးေလးကိုပင္ျမင္ျဖစ္ေအာင္ျမင္လိုက္ေသးသည္။အဲလ္ဗစ္ရဲ႔မ်က္လံုးမ်ားထဲမွာအလင္းတစ္ခ်က္ေျပးသြားသကဲ့သို႔သူ႔လက္ေမာင္းေပၚမွာတင္ထားသည့္သြယ္လ်သည့္လက္ေခ်ာင္းမ်ားကလည္းသူ႔လက္ေမာင္းအားခပ္ဖြဖြပုတ္ေနရင္းအဲ့ဒါကိုသူ႔ရင္ထဲမွာတိတ္တဆိတ္ေရးမွတ္ထားလိုက္သည္။

ဘယ္လိုပဲျဖစ္ျဖစ္သူနဲ႔လဒ္ဝတ္ရဲ႔ေန႔ေတြကအမ်ားႀကီးက်န္ပါေသးတယ္..သူဒီစာရင္းကိုျဖည္းျဖည္းခ်င္းဆီျပန္စုေဆာင္းလို႔ရတယ္...

ေလလံတင္ထားတဲ့ပစၥည္းေပၚမွာသာအာရံုစူးစိုက္ေနတဲ့လီလ်ိဳကေတာ့သူ႔လႈပ္ရွားမႈေသးေသးေလးကအေစာႀကီးကတည္းကလူတစ္ေယာက္ရဲ႔အာရံုစိုက္မႈကိုခံလိုက္ရသည္ကိုမသိလိုက္ေပ။ဒါ့အျပင္သူကအဲ့ဒါကိုရင္ထဲမွာဂ႐ုတစိုက္မွတ္သားလို႔လီလ်ိဳကိုအေႂကြးႀကီးႀကီးျပန္ေပးဆပ္ခိုင္းေတာ့မယ္ဆိုတာကိုေရာေပ့ါ....

.......................................

Continue Reading

You'll Also Like

33.2K 3.4K 6
အရမ္​း​ေျဖာင္​့တယ္​။ အရမ်းဖြောင့်တယ်။
1.8K 165 25
တစ်ခါမှမချစ်ဖူးတဲ့ထန်ရှောက်ဟာ ကောင်မလေးတစ်ယောက်ကို မြင်မြင်ချင်းချစ်မိသွားပါတယ် ဒါပေမယ့် သူမသိလိုက်တာက အဲ့ကောင်မလေးက မိန်းကလေးအဝတ်အစားဝတ်ထားတဲ့ ကောင်...
179K 31.3K 62
Original Title - Jubo (巨擘) (The Dominant Boss) Author - Yin Ya (尹琊) Status in COO - 341 chapters + 23 special chapters (Completed) Genre - Comedy , R...
1.3M 52.5K 25
အပျော်သဘောဖြင့် ရေးထားခြင်း ဖြစ်ပါသည်။