ခ်ဳိၿမိန္ေသာ ဇနီးဆိုးေလး(အတြဲ...

By god-dess11

933K 117K 8.1K

စာစဥ္ ၂၅ မွ စဖတ္ႏိုင္သည္ ။ စာစဉ် ၂၅ မှ စပြီး ဖတ်နိုင်ပါသည်။ More

စာစဥ္ ၂၅ ( ၁ + ၂ + ၃ + ၄ )
စာစဥ္ ၂၅ ( ၅ - ၁၆ )
စာစဥ္ ၂၅ ( ၁၇ - ၂၄ )
စာစဥ္ ၂၆ ( ၁ - ၁၀ )
စာစဥ္ ၂၆ ( ၁၁ - ၁၆ )
စာစဥ္ ၂၆ ( ၁၇ - ၂၂ )
စာစဥ္ ၂၆ ( ၂၃ - ၂၉ )
စာစဥ္ ၂၇ ( ၁ - ၈ )
စာစဥ္ ၂၇ ( ၉ - ၁၂ )
စာစဥ္ ၂၇ ( ၁၃ - ၁၈ )
စာစဥ္ ၂၇ ( ၁၉ - ၂၀ )
စာစဥ္ ၂၇ ( ၂၁ - ၂၄ )
စာစဥ္ ၂၇ ( ၂၅ - ၃၀ )
စာစဥ္ ၂၈ ( ၁ - ၄ )
စာစဥ္ ၂၈ ( ၅ - ၈ )
စာစဥ္ ၂၈ ( ၉ - ၁၄ )
စာစဥ္ ၂၈ ( ၁၅ - ၂၂ )
စာစဥ္ ၂၈ ( ၂၃ - ၂၈ )
စာစဥ္ ၂၉ ( ၁ - ၆ )
စာစဥ္ ၂၉ ( ၇ - ၁၂ )
စာစဥ္ ၂၉ ( ၁၃ - ၁၈ )
စာစဥ္ ၂၉ ( ၁၉ - ၂၄)
စာစဥ္ ၂၉ ( ၂၅ - ၂၈ )
စာစဥ္ ၃၀ ( ၁ - ၆ )
စာစဥ္ ၃၀ ( ၇ - ၁၀ )
စာစဥ္ ၃၀ ( ၁၁ - ၁၅ )
စာစဥ္ ၃၀ ( ၁၆ - ၂၁ )
စာစဥ္ ၃၀ ( ၂၂ - ၂၇ )
စာစဥ္ ၃၁ ( ၁ - ၆ )
စာစဥ္ ၃၁ ( ၇ - ၁၂ )
စာစဥ္ ၃၁ ( ၁၃ - ၁၈ )
စာစဥ္ ၃၁ ( ၁၉ - ၂၄ )
စာစဥ္ ၃၁ ( ၂၅ - ၂၈ )
စာစဥ္ ၃၂ ( ၁ - ၆ )
စာစဥ္ ၃၂ ( ၇ - ၁၂ )
စာစဥ္ ၃၂ ( ၁၃ - ၁၈ )
စာစဥ္ ၃၂ ( ၁၉ - ၂၄ )
စာစဥ္ ၃၂ ( ၂၅ + ၂၆ )
စာစဥ္ ၃၃ ( ၁ - ၆ )
စာစဥ္ ၃၃ ( ၇ - ၁၂ )
စာစဥ္ ၃၃ ( ၁၃ - ၁၈ )
စာစဥ္ ၃၃ ( ၁၉ - ၂၂ )
စာစဥ္ ၃၃ ( ၂၃ - ၂၆ )
စာစဥ္ ၃၄ ( ၁ - ၆ )
စာစဥ္ ၃၄ ( ၇ - ၁၂ )
စာစဥ္ ၃၄ ( ၁၃ - ၁၈ )
စာစဥ္ ၃၄ ( ၁၉ - ၂၅ )
စာစဥ္ ၃၅ ( ၁ - ၆ )
စာစဥ္ ၃၅ ( ၇ - ၁၂ )
စာစဥ္ ၃၅ ( ၁၃ - ၁၈ )
စာစဥ္ ၃၅ ( ၁၉ - ၂၅ )
စာစဥ္ ၃၆ ( ၁ - ၆ )
စာစဥ္ ၃၆ ( ၇ - ၁၂ )
စာစဥ္ ၃၆ ( ၁၃ - ၁၈ )
စာစဥ္ ၃၆ ( ၁၉ - ၂၆ )
စာစဥ္ ၃၇ ( ၁ - ၆ )
စာစဥ္ ၃၇ ( ၇ - ၁၂ )
စာစဥ္ ၃၇ ( ၁၃ - ၁၈ )
စာစဥ္ ၃၇ ( ၁၉ - ၂၂ )
Announcement !!!
စာစဥ္ ၃၈ ( ၁ - ၈ )
စာစဥ္ ၃၈ ( ၉ - ၁၆ )
စာစဥ္ ၃၈ ( ၁၇ - ၂၀ )
စာစဥ္ ၃၈ ( ၂၁ - ၂၈ )
စာစဥ္ ၃၉ ( ၁ - ၈ )
စာစဥ္ ၃၉ ( ၉ - ၁၆ )
စာစဥ္ ၃၉ ( ၁၇ - ၂၅ )
စာစဥ္ ၄၀ ( ၁ - ၆ )
စာစဥ္ ၄၀ ( ၇ - ၁၀ )
စာစဥ္ ၄၀ ( ၁၁ + ၁၈ )
စာစဥ္ ၄၀ (၁၉-၂၂)
စာစဥ္ ၄၀ (၂၃-၂၅) စာစဥ္ ၄၁ (၁-၄)
စာစဥ္ ၄၁ ( ၅ - ၁၀)
စာစဥ္ ၄၁ (၁၁-၁၈)
စာစဥ္ ၄၁ (၁၉-၂၂)
စာစဥ္ ၄၁ (၂၃+၂၄+၂၅)
စာစဥ္ ၄၂ (၁-၄)
စာစဥ္ ၄၂ (၁၃-၁၈)
စာစဥ္ ၄၂ (၁၉-၂၄)
စာစဥ္ ၄၃ (၁-၆)
စာစဥ္ ၄၃ (၇-၁၄)
စာစဥ္ ၄၃ (၁၅-၁၈)
စာစဥ္ ၄၃ (၁၉-၂၆)
စာစဥ္ ၄၄ (၁-၆)
စာစဥ္ ၄၄ (၇-၁၄)
စာစဥ္ ၄၄ (၁၅+၁၆)
စာစဥ္ ၄၄ (၁၇-၂၅)
စာစဥ္ ၄၅ (၁-၈)
စာစဥ္ ၄၅ (၉-၁၄)
စာစဥ္ ၄၅ (၁၅-၁၈)
စာစဥ္ ၄၅ (၁၉-၂၅)
စာစဥ္ ၄၆ (၁-၁၄)
စာစဥ္ ၄၆ (၁၅-၂၅)
စာစဥ္ ၄၇ (၁-၁၀)
စာစဥ္ ၄၇ (၁၁-၂၀)
စာစဥ္ ၄၇ (၂၁-၂၄)
စာစဥ္ ၄၈ (၁-၁၄)
စာစဥ္ ၄၈ (၁၅-၂၅)
စာစဥ္ ၄၉ (၁ - ၁၆)
စာစဥ္ ၄၉ (၁၇-၂၅)
စာစဥ္ ၅၀ (၁-၁၄)
စာစဥ္ ၅၀ (၁၅-၂၆)
စာစဥ္ ၅၁ (၁-၁၄)
စာစဥ္ ၅၁ (၁၅ - ၃၀)
စာစဥ္ ၅၂ (၁ - ၁၆ )
စာစဥ္ ၅၂ ( ၁၇ - ၂၅ )
စာစဥ္ ၅၃ ( ၁ - ၈ )
စာစဥ္ ၅၃ ( ၉ - ၁၆ )
စာစဥ္ ၅၃ ( ၁၇ - ၂၅ )
စာစဥ် ၅၄ (၁ - ၈)
စာစဥ် ၅၄ (၉-၁၆)
စာစဥ် ၅၄ (၁၇-၂၅)
စာစဥ် ၅၅ (၁-၈)
စာစဥ် ၅၅ (၉-၁၆)
စာစဥ် ၅၅ (၁၇ - ၂၅ )
စာစဥ် ၅၆ (၁-၈)
စာစဥ် ၅၆ (၉-၁၆)
စာစဥ် ၅၆ (၁၇ - ၂၅)
စာစဥ် ၅၇ (၁-၈)
စာစဥ် ၅၇ (၉-၁၆)
စာစဥ် ၅၇ (၁၇-၂၅)
စာစဥ် ၅၈ (၁-၈)
စာစဥ် ၅၈ (၉-၁၆)
စာစဥ် ၅၈ (၁၇-၂၅)
စာစဥ္ ၅၉ (၁ - ၈)
စာစဥ္ ၅၉ (၉-၁၆)
စာစဥ္ ၅၉ (၁၇-၂၅)
စာစဥ္ ၆၀ (၁-၁၂)
စာစဥ္ ၆၀ (၁၃-၂၅)
စာစဥ္ ၆၁ (၁-၁၂)
စာစဥ္ ၆၁ (၁၃-၂၅)
စာစဥ္ ၆၂ (၁-၁၂)
စာစဥ္ ၆၂ (၁၃-၂၅)
စာစဥ္ ၆၃ (၁-၁၀)
စာစဥ္ ၆၃ (၁၁-၂၀)
စာစဥ္ ၆၃ (၂၁-၃၀)
စာစဥ္ ၆၄ (၁-၁၂)
စာစဥ္ ၆၄ (၁၃-၂၆)
စာစဥ္ ၆၅ (၁-၈)
စာစဥ္ ၆၅ (၉-၁၆)
စာစဥ္ ၆၅ (၁၇-၂၆)

စာစဥ္ ၄၂ ( ၅-၁၂ )

5.5K 938 42
By god-dess11

💖 ခ်ဳိၿမိန္ေသာ ဇနီးဆိုးေလး 💖
Book.              :  42
Chapter.          :  5 - 12
Original novel : Perfect Secret Love
Translator.       :  Goddess
•••••••••••••••••••••••••••••••••••••••••••••••

စာစဥ္ ၄၂၊ အခန္း ၅ ။  စင္ေပၚမတက္ဘူး

ရီ၀မ္၀မ္ တုိးတိုးေလးေၿပာလာသည္ ။
“က်ြန္မ ၿပိဳင္မယ္လို့ ေၿပာမိလုိ ့လား”

ငါ့ကုိမ်ား စင္ေပၚတက္ၿပီး သြားအေသခံမယ္လို ့ ထင္ေနတယ္ ။ ဆုေတာင္း…

ထုိစကားကုိ ၾကားလုိက္ရလ်ွင္ စုန္ ့ရႊယ္က်န္း၏မ်က္နွာ ပ်က္ယြင္းလာ၏။

“ဘာအဓိပၸာယ္လဲ”

ရီ၀မ္၀မ္သည္ ရႈတည္တည္ၿဖင့္သာ ၿပံဳးၿပီး ေၿပာလာသည္ ။
“က်ြန္မ ဒီကို မလာခင္မွာ စင္ေပၚတက္ရမယ္လို ့
ဘယ္သူကမွ က်ြန္မကို မေၿပာခဲ့ဘူး”

ခ်င္းရူရွီ တြန္းအာားေပးရံုနဲ ့ပဲ ငါ စင္ေပၚကို တက္မယ္မ်ား မွတ္ေနလား။

ထို ့ၿပင္ ရီ၀မ္၀မ္သည္ ဤၿပိဳင္ပြဲကို အေပ်ာ္သက္သက္ လာၾကည့္ၿခင္းသာ ၿဖစ္သည္ မဟုတ္လား ။ ထုိ ့ေၾကာင့္ သူမအေနၿဖင့္ စင္ေပၚကို တက္ဖုိ ့ရာ ကန္ ့ကြက္မည္သာ ။

စုန္ ့ရႊယ္က်န္း၏မ်က္နွာသည္ကေတာ့ ေအးစက္ကာ ခက္ထန္လာသည္ ။ သူမစိတ္ထဲတြင္ ရီ၀မ္၀မ္သည္ လူေၾကာက္မလို ့သာ စင္ေပၚမတက္၀ံ့ၿခင္း ၿဖစ္၏ ။

“အရင္က မသိခဲ့ဘူးဆုိေပမယ့္လဲ အခု သိသြားၿပီမလား ။ သုိင္းပညာရွင္ေတြရဲ့ၿပိဳင္ပြဲ ၿပီးသြားရင္ ကုိယ္စားၿပဳထားတဲ့သူေတြ စင္ေပၚကုိ တက္ၿပီး တုိက္ကိုတုိက္ရမွာပဲ ။ စီ မိသားစုကို ကိုယ္စားၿပဳထားတဲ့သူ ၿဖစ္ၿပီး ေတာ့ မတုိက္ခုိက္ရဲဘူးလား”

ေၿပာေနရင္း စုန္ ့ရႊယ္က်န္း၏မ်က္နွာမွာ မႈန္သုန္ခက္ထန္လာေတာ့ၿပီ ။
“ရွင္ စင္ေပၚကုိ တက္လုိ ့ ရႈံးသြားရင္ေတာင္မွ ရုိးသားၿပီး ေၿဖာင့္မတ္တယ္ဆုိတဲ့ဂုဏ္ကို ရနုိင္တယ္ ။ ဒါေပမယ့္ ရွင့္မွာေတာ့ သတိၱေၾကာင္ေနၿပီး စင္ေပၚေတာင္ တက္မသြားရဲပါလား ။ အဲ့လုိလုပ္ေနတာက ရွင္ သိုင္းပညာရွင္ေတြကုိ ေစာ္ကားလုိက္တာပဲ”

ဤတစ္ၾကိမ္တြင္မူ  လူတုိင္း၏မ်က္နွာ ပ်က္ယြင္းလာၾကၿပီ ။
“ေအးေလ…ဘယ္လုိလုပ္ အဲ့ေလာက္ေတာင္ ေၾကာက္တတ္ေနရတာလဲ ။ စင္ေပၚေတာင္ မတက္ရဲပဲ
စီ မိသားစုကို ကိုယ္စားၿပဳတဲ့သူ ဘယ္လုိလုပ္ ၿဖစ္လာတာလဲ” 

“ေယာက်ာ္းတကာနဲ ့ ပတ္အိပ္ၿပီးေတာ့ ရလာတာၿဖစ္မွာေပါ့ ။ နင္ မၾကားလုိက္ဘူးလား ။ အဲ့ဒီတစ္ေယာက္က စီရီဟန္ရဲ့ ရည္းစားအသစ္တဲ့”

“ဒီမိန္းမက ဒီေန့သိုင္းၿပိဳင္ပြဲကို အရွက္ရေစလိမ့္မယ္လို ့ မိန္းကေလး စုန္ ့ ေၿပာေၿပာေနတာ အံ့ၿသစရာမရွိေတာ့ဘူး ။ ၾကည့္ရတာ အဲ့ထက္ေတာင္မွ ပိုရင္ပိုေနဦးမယ္”

မူလက ခ်င္းရူရွီသည္ စုန္ ့ရႊယ္က်န္းနွင့္ ရီ၀မ္၀မ္ကုိ စင္ေပၚတြင္ တုိက္ၾကရေအာင္ စီစဥ္ထားခဲ့ၿခင္းၿဖစ္သည္ ။
သုိ ့နွင့္ စုန္ ့ရႊယ္က်န္းက ရီ၀မ္၀မ္အား လူအမ်ားေရွ့တြင္ အရွက္ခြဲလိမ့္မည္ဟု ေတြးဆထားခဲ့၏။
သုိ ့ေသာ္ အခုေတာ့…. ထုိမိန္းကေလးသည္ စင္ေပၚပင္ မတက္၀ံ့ေလာက္ေအာင္ သူရဲေဘာေၾကာင္လြန္းေနေလသည္ ။

အဟတ္…စင္ေပၚကို မတက္တာနဲ ့ပဲ အကုန္အဆင္ေၿပသြားမယ္မ်ား ထင္ေနလား ။
ကုိယ့္ကုိယ္ကုိ အရူးလုပ္ေနတာပဲ ။

ခ်င္းရူရွီက ကာကြယ္ေပးသည့္ဟန္ၿဖင့္ ၀င္ေရာက္ေၿပာေပးလာသည္ ။
“ရႊယ္က်န္းရာ…ထားလုိက္ပါေတာ့ ။ ဒီေန ့ၿပိဳင္ပြဲက သုိင္းပညာအသိခ်င္း ဖလွယ္ၾကရံုေလာက္ပဲဟာ ။ မိန္းကေလး ရီ က မတက္ခ်င္ဘူးဆုိရင္ ငါတို ့ အတင္းဖိအားမေပးၾကရေအာင္လား”

မူလက စီ မိသားစု၏ကိုယ္ရံေတာ္တုိ ့သည္ ရီ၀မ္၀မ္ စင္ေပၚတက္ၿပီး ၿပိဳင္၍ ရႈံးသြားလ်ွင္ စီ မိသားစု မ်က္နွာအပ်က္ၾကီးပ်က္ရလိမ့္မည္ဟု ေတြးထားခဲ့ ၾက၏ ။
သုိ ့ေသာ္ ထိုမိန္းကေလးသည္ စင္ေပၚမတက္၀့ံေလာက္ေအာင္ကုိ ေၾကာက္ရြံ ့ေနေလရာ…

ထုိသည္မွာ အရွက္ရစရာေကာင္းလြန္းေပစြ ။

မူလက သူတုိ ့သည္ ယေန ့ ဒီေနရာကို လာလ်ွင္ ဂုဏ္ယူပစားမႈတုိ ့ ရလာလိမ့္မည္ဟု ၾကံထားခဲ့ၾက၏ ။
သုိ ့ေသာ္ အခုေတာ့ ၾကည့္ရသည္မွာ
ဒီေန ့ၿပိဳင္ပြဲၿပီးသြားသည္နွင့္ သုိင္းမိသားစုၾကီးသံုးခု၏ ဟားတုိက္ရယ္ေမာစရာသာ သူတို ့ ၿဖစ္လာၾကရေတာ့မည္ ။

ကုိယ္ရံေတာ္ေခါင္းေဆာင္မွာ ထုိသည္ကို လက္သင့္မခံနိုင္ပါေခ် ။
သုိ ့နွင့္ ရီ၀မ္၀မ္ အေရွ့သုိ ့ ထြက္လာၿပီး တုိးတိုးတိတ္တိတ္ အၾကံေပးလာသည္ ။
“သခင္မေလး ရီ…သခင္မေလး စင္ေပၚကုိ တက္ၿပီးေတာ့ ၿပိဳင္လိုက္တာက ေကာင္းမယ္ထင္တယ္”

ရီ၀မ္၀မ္ ထုိကိုယ္ရံေတာ္အား မေထမဲ့ၿမင္ၾကည့္လုိက္၏ ။
“ငါ ဒီလုိပြဲေတြကုိ စိတ္မ၀င္စားဘူး”

သူမ၏သေဘာထားေၾကာင့္ ထုိကိုယ္ရံေတာ္၏ရင္ထဲတြင္ ေဒါသတုိ ့ ပေလာင္ဆူလာသည္ ။ သို ့ေသာ္ ထုတ္ေတာ့မၿပ၀ံ့ပါေပ ။ သူ ့ခမ်ာ မေထမဲ့ၿမင္ၿဖင့္ အံကုိၾကိတ္ကာ အေနာက္သုိ ့ ၿပန္ဆုတ္သြားေတာ့၏ ။

စုန္ ့မိသားစုက သုိင္းပညာရွင္မ်ားသည္ ထုိကိုယ္ရံေတာ္အား ေလွာင္ေၿပာင္ရိပ္တုိ ့ စြန္းလ်က္ ၾကည့္လာၾကကုန္ၿပီ ။
“မင္းတုိ ့ရဲ့ေခါင္းေဆာင္က စင္ေပၚတက္ရမွာကို ေသမေလာက္ ေၾကာက္ေနတာ ။ မင္းတုိ ့ စိတ္ေလ်ွာ့လုိက္ပါေတာ့ကြာ ။ အဟတ္… သူမ စင္ေပၚကို တက္သြားရင္ေတာင္မွ ငါတုိ ့သခင္မေလးရဲ့ အမႈန္ ့ ့ၾကိတ္တာကို ခံရဦးမွာပဲ”

စီ မိသားစု၏ကိုယ္ရံေတာ္ငါးေယာက္သည္ တၿခားသူမ်ား၏အေလွာင္ေၿပာင္ အေစာ္ကားခံေနရေသာေၾကာင့္ လင္းတမိႈ္င္မိႈင္ေနသည့္မ်က္နွာမ်ားၿဖင့္ တိတ္တိတ္ေလး ရပ္ေနၾကေတာ့သည္ ။

ယေန ့တက္ေရာက္လာၾကသည့္အထဲတြင္ ဂုဏ္သေရရွိဧည့္သည္ေတာ္ၾကီး နွစ္ေယာက္ ရွိေနသၿဖင့္ အေၿခအေနကို အရုပ္ဆုိးေအာင္ သူတုိ ့ မလုပ္၀ံ့ၾကေပ ။
ထုိ ့ေၾကာင့္ စုန္ ့လီက်ံဳက ခက္ခက္ထန္ထန္ၿဖင့္ ေၿပာဆုိလာ၏ ။

“ၿပိဳင္ပြဲဆုိတာက ၿပိဳင္ပြဲ၀င္ခ်င္တဲ့သူ စိတ္ပါမွသာ ၿဖစ္လုိ ့ရတဲ့အရာ ။ မိန္းကေလး ရီ က စင္ေပၚမတက္ခ်င္ဘူး ဆုိမွေတာ့ ဒီအတုိင္းပဲ ထားလုိက္ ပါေတာ့ ။ ရႊယ္က်န္း…စင္ေပၚတက္ၿပီး ရူရွီနဲ ့ သြားၿပိဳင္လုိက္ ။ အနုိင္ရတဲ့သူ က လူၾကီးမင္း ဆန္နီ နဲ ့ပညာခ်င္းဖလွယ္ခြင့္ရၿပီးေတာ့ သင္ၾကားၿပသမႈကို ရခြင့္ရွိမယ္!”

စုန္ ့လီက်ံဳ ေၿပာလာၿပီၿဖစ္သၿဖင့္ စုန္ ့ရႊယ္က်န္းမွာ
အတြန္ ့မတက္နုိင္ေတာ့။ ရီ၀မ္၀မ္အား လမ္းေဘးက အမိႈက္တစ္စလုိ မထီတထီၾကည့္လုိက္ၿပီး စင္ေပၚသို ့ လႊားကနဲတက္လိုက္၏ ။
“ေကာင္းပါၿပီ ။ ဘာပဲၿဖစ္ၿဖစ္ သူမလုိ လူမ်ိဳးကလဲ က်ြန္မနဲ ့ တုိက္ခုိက္ဖုိ ့ မတန္ပါဘူး ။ ရူရွီ..တုိက္ၾကတာေပါ့”

ခ်င္းရူရွီက အေနရက်ဥ္းၾကပ္စြာၿဖင့္ ရီ၀မ္၀မ္အား ၾကည့္လုိက္ကာ
ထုိ ့ေနာက္ သက္ၿပင္းအသာခ်လုိက္ၿပီး စင္ေပၚသုိ ့ တက္သြားေတာ့ သည္ ။

“ခြင့္ၿပဳပါ”

သူတုိ ့နွစ္ေယာက္စလံုးသည္ ဤၿပိဳင္ပြဲအေပၚတြင္ လံုး၀ကုိ အာရံုစုိက္ထားၾက၏ ။ အေၾကာင္းသည္ကား ဤၿပိဳင္ပြဲတြင္ အနုိင္ရရွိမည့္သူသည္ ၀ံပုေလြဘုရင္ၾကီး ဆန္နီ နွင့္ လက္ရည္စမ္းခြင့္ ရရွိမည္ မဟုတ္ပါလား ။

…………………………………………………

စာစဥ္ ၄၂ ၊ အခန္း ၆ ။ ယွဥ္ၿပိဳင္ၿပီ

ခနတြင္းခ်င္း ရီ၀မ္၀မ္နွင့္ ကိစၥအား ေမ့ေမ့ေပ်ာက္ေပ်ာက္ၿဖစ္သြားၾကၿပီး စုန္ ့ရႊယ္က်န္းနွင့္ ခ်င္းရူရွီတုိ ့ေပၚတြင္ အာရံုေရာက္သြားၾကေလၿပီ ။

တစ္ေယာက္သည္ သုိင္းမိသားစုၾကီးတစ္ခု၏အၾကီးဆံုးသခင္မေလး ၿဖစ္ေနၿပီး ေနာက္တစ္ေယာက္မွာ ခ်င္း မိသားစုု၏ နာမည္ဂုဏ္သတင္း ေမႊးၾကဴေသာ အၾကီးဆံုးသခင္မေလး ၿဖစ္ေနသည္ ။
ခ်င္း မိသားစုသည္လည္း သုိင္းေလာကတြင္ အေရးပါအရာေရာက္လွၿပီး သိုင္းနွင့္ပတ္သက္ပါလွ်င္ အလြန္အမင္း စိတ္အားထက္သန္ၾကသည့္ မိသားစုတစ္စု ၿဖစ္၏ ။ ထုိ ့ၿပင္ ခ်င္းရူရွီမွာ ခ်င္း မိသားစု၏ မ်ိဳးဆက္မ်ားထဲက အေတာ္ဆံုးသူဟု ယူဆနုိင္သည္ ။
ထို ့ေၾကာင့္ပင္ သူမတုိ ့နွစ္ေယာက္၏ ယွဥ္ၿပိဳင္တုိက္ခုိက္မႈ ကုိ လူတုိင္းက အေမ်ွာ္လင့္ၾကီးေမ်ွာ္လင့္ထားၾက၏ ။

ခ်င္းရူရွီ နွင့္ စုန္ ့ရႊယ္က်န္းတုိ ့သည္ စင္ၿမင့္ေပၚတြင္ တစ္ေယာက္နွ့င္တစ္ေယာက္ မ်က္နွာခ်င္းဆုိင္ကာ ရပ္ေနၾကသည္ ။

“ညီမေလး ရႊယ္က်န္း...သင္ၿပေပးပါဦး” 
စုန္ ့ရႊယ္က်န္းအား ၾကည့္ကာ ေၿပာလာသည့္ ခ်င္းရူရွီ ။

ထိုသုိ ့ေၿပာလုိက္သည္နွင့္ စုန္ ့ရႊယ္က်န္းက တုိးတုိးသသ ရယ္ေမာလာ ကာ…
“အစ္မ ရူရွီ…သင္ၿပေပးတာေတြ ဘာေတြ မလုိပါဘူး ။ ညီမတုိ ့က ဒီအတိုင္း ပညာခ်င္းဖလွယ္ၾကရံုပဲ ယွဥ္ၾကမွာပါ ။ ညီမေလး အစ္မ နဲ ့တုိက္ခုိက္ၾကည့္ ခ်င္ေနတာ ေတာ္ေတာ္ေလးၾကာေနၿပီ ။ အခုမွပဲ အခြင့္အေရးရေတာ့တယ္”

ထုိသုိ ့ေၿပာၿပီးေနာက္ စုန္ ့ရႊယ္က်န္း အေရွ့သုိ ့ တက္လာသည္ ။ သူမ၏ကိုယ္ခႏၶာသည္ ေလအလ်င္လုိ ေပါ့ပါးသည္ ။ သူမ၏ပံုသ႑ာန္မွာ ပန္းခ်ီကားထဲက ခုန္ထြက္လာသည့္ဟန္ ေပၚသလုိလို ။ အလြန္အမင္း အေၿပးၿမန္ဆန္လြန္းလွသည့္ ေၾကာင္ၾကီးတစ္ေကာင္နွင့္ တူေနသလုိလုိ ။

စုန္ ့ရႊယ္က်န္း၏ဟန္ပန္ေၾကာင့္ လူၾကီးမင္း မူ နွင့္ ၀ံပုေလြဘုရင္ၾကီးမွာ အခုမွပင္ စိတ္၀င္တစားၿဖစ္သြားၾကၿပီး ခ်ီးမြမ္းအားရစြာ ေခါင္းတညိမ့္ညိမ့္ လုပ္လာၾကေတာ့၏ ။

စုန္ ့ရႊယ္က်န္း၏သုိင္းပညာမွာ အေတာ္ေလးပင္ ခ်ီးက်ဴးစရာ ေကာင္းလွ၏ ။ ထိမိေအာင္ တုိက္ခုိက္နုိင္ရံုုသာမက ၿမင္ရသူကို မ်က္လံုးထဲ ေအးသြားေစကာ နွစ္လုိဖြယ္ေကာင္းလွေပသည္ ။

ထုိခ်ိန္တြင္ ရီ၀မ္၀မ္သည္ကေတာ့…
သူတုိ ့ၿပိဳင္ပြဲအား ၾကည့္ေနရင္း စိတ္အပ်က္ၾကီးပ်က္ေနေလသည္ ။

ထုိမိန္းကေလးနွစ္ေယာက္သည္
ေဟဒီတုိ ့အဖြဲ ့ေလာက္နွင့္သာ လက္ရည္ တူေပလိမ့္မည္ ။ အမည္မရွိေသာနန္၊ ေခ်ာေမာခန္ ့ညား သည့္ သူေတာ္စင္
တုိ ့နွင့္ သာ သြားေတြ ့ပါက တစ္ခ်က္ေလးပင္ ခံနုိင္လိမ့္မည္မဟုတ္ ။

စုန္ ့ရႊယ္က်န္း၏တုိက္ခုိက္ေနပံုမွာ ထူးၿခားလွေပသည္ ။
သုိ ့ေသာ္ သူ ့အားသာခ်က္မွာ လ်င္ၿမန္သြက္လက္မႈတစ္ခုထဲသာ ။ သူမ သံုးေနသည့္သုိင္းကြက္သည္ ရင္ဆုိင္တုိက္ခုိက္ရာတြင္ မသင့္ေလ်ာ္ေပ ။ စုန္ ့ရႊယ္က်န္းသာ ေၾကးစားလူသတ္သမား တစ္ေယာက္ ၿဖစ္မည္ဆုိလွ်င္ ေခ်ာင္းေၿမာင္းတုိက္ခုိက္ရမည့္ ဤသုိင္းကြက္မွာ အေတာ္ေလးအသံုး၀င္ နုိင္ေပသည္ ။

စုန္ ့ရႊယ္က်န္းသာလ်ွင္မဟုတ္ ။ ခ်င္းရူရွီ၏အားနည္းခ်က္တုိ ့သည္ လည္း ဘြင္းဘြင္းရွင္းရွင္းၾကီး ၿမင္သာလွသည္ ။

အခုခ်ိန္တြင္ ခ်င္းရူရွီသည္ စုန္ ့ရႊယ္က်န္းအား ခုခံကာတုိက္ခုိက္ေနၿခင္း ၿဖစ္၏ ။ ခ်င္းရူရွီ အင္ၿပည့္အားၿပည့္တုိက္ခုိက္ေနၿခင္းမဟုတ္ေၾကာင္း ကိုမူ ရီ၀မ္၀မ္ ေကာင္းေကာင္းၾကီးေၿပာနုိင္ေပသည္ ။

ခ်င္းရူရွီသည္ စုန္ ့ရႊယ္က်န္း အနုိင္ရေအာင္ တမင္တကာ ေလ်ွာ့ေပါ့ေပးေနသည္မွာ အေတာ္ေလးသိသာလွ၏ ။

ဤသုိင္းၿပိဳင္ပြဲသည္ စုန္ ့ မိသားစုက ဦးစီးၿပီး က်င္းပေပးေနၿခင္း မဟုတ္ပါ လား ။ ထို ့ေၾကာင့္ ခ်င္းရူရွီအေနၿဖင့္ အနုိင္ယူစရာအေၾကာင္း လံုး၀မရွိေပ ။ သူမသည္ ၿပိဳင္ပြဲကို တမင္အရႈံးခံကာ စုန္ ့ မိသားစု နွင့္
စုန္ ့ရႊယ္က်န္းအား မ်က္နွာသာေပးမည္သာ ၿဖစ္၏ ။

ခ်င္းရူရွီ၏မ်က္နွာလုပ္တတ္သည့္အရည္အခ်င္းမွာ တကယ့္ကို ထိပ္တန္းအဆင့္ပင္ ။

ခ်င္းရူရွီသည္ တကယ့္ကို ၾကမ္းၿပီး စုန္ ့ရႊယ္က်န္း ၿပန္လွန္နုိင္မည့္ လစ္ဟာမႈသူ၍ မရွိသေလာက္ပင္ ။
သုိ ့ေသာ္ တခနၾကာၿပီးသည့္ ေနာက္တြင္ စုန္ ့ရႊယ္က်န္း အနုိင္ယူနုိင္မည့္ အားနည္းခ်က္တုိ့ကို တမင္တကာၾကီး ထုတ္ၿပလာေတာ့သည္ ။

သုိ ့ၿဖင့္  ခ်င္းရူရွီ၏ သုိင္းပညာမွာ စုန္ ့ရႊယ္က်န္းထက္ အသာၾကီးသာေၾကာင္းကုိ လူတုိင္း သိနုိင္ေပသည္ ။

ခ်င္းရူရွီသည္ စုန္ ့ရႊယ္က်န္းအား အေနာက္သုိ ့ ဆုတ္သြားေအာင္ လုပ္ပစ္ကာ သူမခြန္အားကို ထုတ္ၿပလုိက္မိသည့္အခ်ိန္တို္င္း ၿမန္ၿမန္ဆန္ဆန္ပင္ အားနည္းခ်က္တုိ ့ၿပကာ သူမကသာ အေနာက္သို ့ ၿပန္ၿပန္ဆုတ္သြားေပး၏ ။ ထုိကဲ့သုိ့ တမင္တကာပင္ နုိင္မေယာင္ၿပဳကာ၊ ရႈံးမေယာင္လုပ္ၿပလာသည္မွာ ဆက္တုိက္ပင္ ၿဖစ္လာသည္ ။

ခုနစ္မိနစ္၊ ရွစ္မိနစ္ခန္ ့ ရွိလာသည့္အခ်ိန္တြင္ ခ်င္းရူရွီသည္ အမွားတစ္ခ်က္ လုပ္လိုက္မိသၿဖင့္ စုန္ ့ရႊယ္က်န္းက ထုိအခြင့္ေကာင္းကို အပိုင္ကိုင္ကာ ဓားတစ္ေခ်ာင္းကဲ့သုိ ့ ၀ွီးခနဲ ေၿပး၀င္လာေတာ့သည္ ။
ခ်င္းရူရွီ အခြင့္မသာေတာ့ဘဲ စည္းအၿပင္ကုိ ေရာက္သြားရ၏ ။

“မိန္းကေလး စုန္ ့ အနုိင္ရရွိသြားပါတယ္”

ခ်င္းရူရွီ စင္ေပၚကို ဆင္းသြားသည့္ေနာက္တြင္
ဒိုင္လူၾကီးအဖြဲ ့က အနုိင္ရရွိသူကုိ ေၾကညာေပးလာသည္ ။

ထုိရလဒ္အေၿဖေၾကာင့္ စုန္ ့လီက်ံဳသည္ နွစ္ေထာင္းအားရၿဖစ္ကာ ခ်င္းရူရွီအား အလြန္အမင္းေက်းဇူးတင္စြာၿဖင့္ ၾကည့္လာသည္ ။

စုန္ ့လီက်ံဳ သုိင္းေလာကတြင္ က်င္လည္လာသည္မွာ ၾကာလွေခ်ၿပီ ။ ခ်င္းရူရွီသည္ စုန္ ့ရႊယ္က်န္းအား တမင္တကာ အေလ်ွာ့ေပးခဲ့ၿခင္း ၿဖစ္ေၾကာင္းကို စုန္ ့လီက်ံဳ ဘယ္လုိလုပ္ မသိရွိပါမည္နည္း ။
ခ်င္းရူရွီသာ အေလ်ွာ့ေပးခဲ့ၿခင္းမရွိပါလ်ွင္ ဤတစ္ၾကိမ္အနုိင္ရရွိသူမွာ သူ၏သမီး ၿဖစ္လိမ့္မည္မဟုတ္ ။

……………………………………………………

စာစဥ္ ၄၂၊ အခန္း ၇ ။ ေက်ာက္ရုပ္ၾကီးၿဖစ္သြားတာလား

“ရူရွီ”

အနုိင္ရရွိသူကို ေၾကညာလာသည့္ေနာက္ စုန္ ့ရႊယ္က်န္းက လွစ္ခနဲ အံ့အားသင့္ဟန္ ေပၚလာသည္ ။ ခ်င္းရူရွီက သူမအား လမ္းတစ္ခ်ိဳ ့ ဖြင့္ေပးထားခဲ့ၿခင္းေၾကာင့္သာ မဟုတ္ပါလွ်င္ သူမသည္ ဟုိးကတည္းက ရႈံးနိမ့္သြားမည္သာ ၿဖစ္၏ ။

မူလက ခ်င္းရူရွီသည္ သူမအား အရႈံးေပးလိမ့္မည္မဟုတ္ဟု
စုန္ ့ရႊယ္က်န္း ေတြးထားခဲ့၏ ။ သို ့ေသာ္
ခ်င္းရူရွီသည္ အမွန္တကယ္ၾကီး သူမအား အနုိင္ေပးေလသည္ ။

“ညီမေလး ရႊယ္က်န္းရဲ့သိုင္းပညာက တကယ့္ကုိ ထူးခ်ြန္ပါတယ္ ။
မမက ညီမေလးရဲ့ၿပိဳင္ဘက္ မၿဖစ္ထုိက္ပါဘူး ။
အနုိင္ရသြားတဲ့အတြက္ စုန္ ့ မိသားစုကိုယ္စား ဂုဏ္ယူပါတယ္” 
ခ်င္းရူရွီက ၿပံဳးစစမ်က္နွာၿဖင့္ ေၿပာလာသည္ ။

ထုိစကားေၾကာင့္ စုန့္ရႊယ္က်န္း မဆုိစေလာက္ေလး ၿပံဳးလာ၏ ။
“မမ ရူရွီကလဲ တကယ့္ကို ေတာ္လြန္းပါတယ္ ။
ညီမေလး မမကို ေလးစားပါတယ္”

ထုိ ့ေနာက္  စုန္ ့ရႊယ္က်န္းသည္ မ်က္၀န္းထဲတြင္ အတုိင္းသား စက္ဆုပ္ရြံရွာဟန္အၿပည့္ၿဖင့္ ရီ၀မ္၀မ္အား ၾကည့္လာသည္ ။

“ဒုိင္လူၾကီးမင္း…စီ မိသားစုကုိ ကုိယ္စားၿပဳထားတဲ့သူကေရာ ၿပိဳင္ဖုိ ့ မလုိေတာ့ဘူးလား”

စုန္ ့ရႊယ္က်န္းက ရင္ထဲကအလုိမက်မႈတုိ ့ကို မၿမိဳသိပ္ထားနုိင္ဘဲ ဒုိင္လူၾကီးအဖြဲ ့အား ေမးလာၿခင္းပင္ ။

အသက္ၾကီးၾကီးဒုိင္တစ္ေယာက္သည္ မတ္တပ္ထရပ္လာၿပီး ရီ၀မ္၀မ္အား ၾကည့္လာကာ ေမးခြန္းထုတ္လာသည္ ။
“မိန္းကေလး ရီ က ဒီေန ့ စီ မိသားစုကို ကိုယ္စားၿပဳၿပီး ေရာက္လာတာပါ ။ ဒါေၾကာင့္မုိ ့ ေက်းဇူးၿပဳၿပီး စင္ေပၚတက္ၿပီး စုန္ ့ မိသားစုကုိယ္စားလွယ္နဲ ့ ပညာခ်င္း ဖလွယ္ေပးပါ”

“မိန္းကေလး ရီ က စီ မိသားစုကုိ ကိုယ္စားၿပဳထားတဲ့သူ
ၿဖစ္ေနေတာ့ ၿပိဳင္ကုိၿပိဳင္ရပါမယ္ ။ ဒါက စည္းကမ္းပါ”
ထုိဒုိင္လူၾကီးသည္ ထပ္မံကာ ၿဖည့္စြက္ေၿပာလာသည္ ။

ဤတစ္ၾကိမ္တြင္မူ ရီ၀မ္၀မ္ ၿပိဳင္ၿငင္းမေနေတာ့ ။
မတ္တပ္ထရပ္လာသည္။
“ေကာင္းပါၿပီ”

ဒိုင္လူၾကီးက စည္းကမ္းၿဖစ္သည္ဟု ေၿပာေနသည္ဆုိမွေတာ့
သူမအေနၿဖင့္ ထုိစည္းကမ္းကို လုိက္နာရမည္သာ မဟုတ္လား ။

ရီ၀မ္၀မ္ သေဘာတူလုိက္သည္ကုိ ၿမင္လုိက္ခ်ိန္တြင္ ခ်င္းရူရွီ၏ႏႈတ္ခမ္းတုိ ့ တြန္ ့ေကြးတက္လာၿပီး ေအးစက္စက္အၿပံဳးေရးေရး ထြက္ၿပဴလာသည္ ။

စင္ၿမင့္ထက္တြင္ စုန္ ့ရႊယ္က်န္းသည္ သူမဆီ ၿဖည္းၿဖည္းခ်င္း ေလ်ွာက္လာေနသည့္ ရီ၀မ္၀မ္အား ၾကည့္ေနရင္း…
“စိတ္ခ်ပါ…ရွင့္တစ္သက္လံုး ရင္ထဲစြဲက်န္သြားေစမယ့္ တုိက္ခုိက္မႈမ်ိဳး ရသြားေအာင္ လုပ္ေပးမယ္”

“ေကာင္းၿပီ”
ရီ၀မ္၀မ္ ထူးမၿခားနားစြာသာ ၿပန္ေၿဖလုိက္သည္ ။

စီ မိသားစုကိုယ္ရံေတာ္တုိ ့အဖုိ ့မူ ရင္ထဲ စုိးရိမ္ေၾကာင့္ၾကကုန္ၾကေလၿပီ ။ ၿပိဳင္ပြဲစၿပီဆုိသည္နွင့္ ရီ၀မ္၀မ္သည္ အသက္ထြက္ေအာင္ အရုိက္ခံရမည္ မဟုတ္ေသာ္လည္း မေသမရွင္ၿဖစ္သြားေအာင္ အရုိက္ခံရမည္ကေတာ့ လံုး၀ေသခ်ာသည္ ။

ထုိကုိယ္ရံေတာ္တုိ ့အဖို ့မူ သူတို ့ အဟားတုိက္ခံေနရရံုနွင့္ပင္ လံုေလာက္ ေနေလၿပီ ။ အကယ္၍မ်ား ရီ၀မ္၀မ္သည္ စုန္ ့ရႊယ္က်န္း၏ တုိက္ခုိက္မႈကို တစ္ခ်က္ေလးပင္ မခံနုိင္လုိက္ဘဲ မေသမရွင္ၿဖစ္ေအာင္ အရုိက္ခံလုိက္ရပါက သူတုိ ့ဘ၀တစ္ေလ်ွာက္လံုးပါ အေလွာင္ေၿပာင္ၾကီး ေလွာင္ေၿပာင္ခံရေပေတာ့မည္ ။

ရီ၀မ္၀မ္သည္ကေတာ့ ထိုထိုေလွာင္ေၿပာင္ေထ့ေငါ့ေနၾကသည့္အၾကည့္တုိ ့ကို
လံုး၀ကို လ်စ္လ်ဴရႈထားၿပီး စင္ေပၚသို ့ တက္သြားေနသည္ ။

“ၿပိဳင္ပြဲ စပါၿပီ”

ဒုိင္လူၾကီးက ၿမန္ၿမန္ဆန္ဆန္ ေၾကညာလာသည္ ။

ထုိသုိ ့ေၿပာလုိက္သည့္အခုိက္…
စုန္ ့ရႊယ္က်န္းသည္ အေရွ့သုိ ့ တက္လာကာ
ရီ၀မ္၀မ္ဆီသုိ ့ ေၿပး၀င္လာေတာ့သည္ ။
သို ့တုိင္ေအာင္ ရီ၀မ္၀မ္သည္ကား စုန္ ့ရႊယ္က်န္းကုိ မၿမင္ေလသည့္အလားနွယ္ ေနရာကေန တုပ္တုပ္မ်ွမလႈပ္…

“ဟားဟားဟား…စီ မိသားစုရဲ့ကို္ယ္စားလွယ္က ေက်ာက္ရုပ္ၾကီး ၿဖစ္သြားတာလား”

“သုိင္းထုတ္ဖုိ ့အခ်ိန္ကို မရတာေနမွာေပါ့ကြာ ။ ဘာပဲေၿပာေၿပာ သူမက ဘာသိုင္းမွမတတ္တဲ့ သာမန္မိန္းကေလးတစ္ေယာက္ပဲ မဟုတ္လား”

ပရိသတ္ထုၾကီးမွာ အတင္းအုပ္လာၾကကုန္ၿပီ ။

ထုိအခုိက္အတန္ ့၊ ရီ၀မ္၀မ္ ရုတ္တရက္ၾကီး လက္ယမ္းၿပလာသည္ ။
“ဒိုင္လူၾကီးမင္း…က်ြန္မ အရႈံးေပးတယ္”

သူမ ေၿပာလုိက္သည့္စကားေၾကာင့္ စုန္ ့ရႊယ္က်န္း
ေတာင့္ခနဲ ၿဖစ္သြား၏ ။ သူမ၏လက္တုိ ့သည္လည္း ေလထဲတြင္ တန္ ့ခနဲ  ။

ဘာေတြၿဖစ္ေနတာလဲ ။
ရီ၀မ္၀မ္က စင္ေပၚတက္လာၿပီး
အရႈံးေပးတယ္လုိ ့ ေၿပာလိုက္တာလား ။

“ဒါက..”

ဒိုင္လူၾကီးအဖြဲ ့မွာလည္း အက်ဥ္းထဲအၾကပ္ထဲ ေရာက္လာၾက၏ ။
စီ မိသားစု၏ကိုယ္စားလွယ္သည္ တစ္ခ်က္ေလးပင္ တုိက္ခုိက္ၿခင္းမရွိဘဲ ယခုလုိမ်ိဳး အရႈံးေပးၿပီဟု ေၿပာေနသည္တဲ့လား ။
ဤကဲ့သုိ ့ အရႈံးေပးလာၿခင္းမ်ိဳး သူတုိ ့ တစ္ခါမွပင္ မၾကံဳဖူးေသးေပ ။

ရီ၀မ္၀မ္ ေၿပာလုိက္သည့္စကားေၾကာင့္ ခ်င္းရူရွီသည္လည္း မ်က္ေမွာင္တုိ ့ တြန္ ့ၾကဳတ္လာသည္ ။

“ဟားဟားဟား…အဲ့ဒီမိန္းကေလးကို ခြင့္လႊတ္လုိက္ၾကပါဗ်ာ ။ စံအိမ္ၾကီးထဲမွာပဲ ေၿခေမြးမီးမေလာင္လက္ေမြးမီးမေလာင္ ေနလာခဲ့ရတဲ့ သခင္မေလး ဆုိေတာ့ သုိင္းအေၾကာင္း ဘာနားလည္ပါ့မလဲဗ်ာ ။ အစ္မ ရႊယ္က်န္းက အဲ့တစ္ေယာက္ကို ထိခုိက္ဒဏ္ရာရေအာင္ လုပ္မိသြားရင္ ခက္ကုန္မွာေပါ့”

“ဟုတ္ပါ့ဗ်ာ ။ ဘာလုပ္လုပ္ စိတ္ပါဖုိ ့က အဓိကပါပဲ ။ မိန္းကေလး ရီ က စီ မိသားစုကုိ ကုိယ္စားၿပဳတယ္ဆုိရံု လာခဲ့တာဆုိေတာ့ စင္ေပၚတက္ၿပီး တုိက္ခုိက္ေနဖို ့ မလိုပါဘူးဗ်ာ”

…………………………………………………

စာစဥ္ ၄၂၊ အခန္း ၈ ။ အရမ္း လြန္မလာနဲ ့

“စီ မိသားစု၏အသက္ေမြး၀မ္းေၾကာင္းက သုိင္းပညာမဟုတ္ဘူး ။
သူတုိ ့ေတြက စီးပြားေရးမိသားစုၾကီးတစ္စုပဲေလ ။
ဒီေတာ့ ခင္ဗ်ားတုိ ့ေတြ စီ မိသားစုရဲ့ကုိယ္စားလွယ္ကုိ သုိင္းမိသားစုၾကီး တစ္စုရဲ့သမီးနဲ ့ ယွဥ္တုိက္ခုိင္းမယ္ဆုိရင္ ဒါက ဘာသေဘာလဲ ။ လူေတြကို အနုိင္မက်င့္စမ္းပါနဲ့”

ခ်က္ခ်င္းပင္ လူအုပ္ၾကီးသည္ ရီ၀မ္၀မ္ဘက္ကေန ေၿပာေပးလာၾကၿပီ ။

ရီ၀မ္၀မ္သည္ သိုင္းသမားတစ္ေယာက္ဆုိပါလ်ွင္ စင္ေပၚတက္ၿပီး တုိက္ခုိက္သည္မွာ ပံုမွန္ပင္ ၿဖစ္၏ ။
သို ့ေသာ္ သူမေလးသည္ သိုင္းပညာအေၾကာင္း နကန္းတစ္လံုးပင္ မသိသည့္ သာမန္လူတစ္ေယာက္ ၿဖစ္ေနသည္ မဟုတ္လား ။ သို ့ၿဖစ္ရာ…
သူမကို စင္ေပၚသို ့ အတင္းတက္ခုိင္းၿပီး တုိက္ခုိက္ခုိင္းၿခင္း…
ထုိသည္မွာ အေတာ္ေလးကုိ က်ိဳးေၾကာင္းမဆီေလ်ာ္လြန္းေပ ။

ရီ၀မ္၀မ္က ဒိုင္လူၾကီးအဖြဲ ့ဘက္သုိ ့ လွည့္လာၿပီး တည္တည္ၿငိမ္ၿငိမ္ ေၿပာဆုိလာသည္ ။

“စင္ေပၚတက္ၿပီး တုိက္ခုိက္ရမွာက စည္းကမ္းဆုိလို ့
က်ြန္မ တက္လာၿပီးၿပီ ။ ဒီေတာ့ အခု အရႈံးေပးလုိက္တာက ၿပသနာမရွိဘူးမလား”

သူမနွင့္ ယွဥ္ၿပိဳင္မည့္သူမွာ အမည္မရွိေသာနန္ တုိ့သာ ၿဖစ္မည္ဆုိပါလ်ွင္ ေသြးထြက္သံယို ၿဖစ္မည္ဆုိလ်ွင္ေတာင္မွ
သူမ ၀င္ၿပိဳင္မိေပလိမ့္မည္ ။ သုိ ့ေသာ္ ဘယ္လုိပဲေတြးေတြး ထိုလူေတြကုိ ေခၚၿပိဳင္နုိင္ဖုိ ့ကေတာ့ ခက္ခဲလွသည့္ အလုပ္ပင္ ။

စုန္ ့ရႊယ္က်န္းနွင့္ ခ်င္းရူရွီတုိ ့ဆုိသည္မွာ သူမမ်က္လံုးထဲတြင္မူ
သူမ သင္ၿပေပးဖုိ ့ပင္ မထိုက္တန္သည့္သူမ်ား ၿဖစ္ၾက၏ ။
သုိ ့ၿဖစ္ရာ သူတုိ ့နွင့္ ယွဥ္တုိက္လုိက္ပါက သူတုိ ့ကုိ ကူညီလုိက္ရာက်မသြားေပဘူးလား ။ ထုိ ့အၿပင္ သူမ၏ရင္ထဲတြင္ သူတုိ ့နွင့္ယွဥ္တုိက္လုိသည့္စိတ္ကူး တစိုးတစိမ်ွ ရွိမေနပါေခ် ။

“စီ မိသားစု ကုိယ္စားလွယ္က အရႈံးေပးလုိက္ပါၿပီ ။
ဒီေတာ့ စုန္ ့ မိသားစုက ပထမရၿပီး၊ ခ်င္း မိသားစုက
ဒုတိယ နဲ ့ စီ မိသားစုက ေနာက္ဆံုးၿဖစ္သြားပါၿပီ”

ဒုိင္လူၾကီးက ရလဒ္မ်ားကို ေၾကညာေပးလာသည္ ။

စီ မိသားစု၏ကိုယ္ရံေတာ္မ်ား သက္ၿပင္းက်ိတ္ခ်မိကုန္ၾကသည္ ။ ဤကဲ့သုိ ့ ၿဖစ္လာမည္မွန္းသာ သူတုိ့ ၾကိဳသိထားမိၾကပါလ်ွင္
ဒီေန ့ သူတို ့ လုိက္လာမိၾကလိမ့္မည္ မဟုတ္ေပ ။

အထူးဧည့္သည္ေတာ္ထုိင္ခံုတြင္ ၀ံပုေလြဘုရင္ၾကီး ဆန္နီသည္
စုန္ ့လီက်ံဳ နွင့္ စကားေၿပာေနရာမွ မတ္တပ္ထရပ္လာၿပီး
စင္ၿမင့္ဆီကုိ ေလ်ွာက္လာသည္ ။

“၀ံပုေလြ ဘုရင္ၾကီး ဆန္နီ က က်ြန္ေတာ့္သမီးနဲ ့ သုိင္းပညာခ်င္း ဖလွယ္ေတာ့မယ္”
စုန္ ့လီက်ံဳ ၿပံဳးၿဖီးေနေလၿပီ ။

ခ်က္ခ်င္းပင္ လူတုိင္းဆီကေန လက္ခုပ္သံတုိ ့ တေၿဖာင္းေၿဖာင္း ၿမည္လာေလၿပီ ။

စုန္ ့ရႊယ္က်န္းသည္လည္း စင္ၿမင့္ေပၚသို ့ ၀ံပုေလြဘုရင္ၾကီး ေလွ်ာက္လာေနသည္ကို ၿမင္လုိက္ၿပီး ရင္ထဲ တဒိတ္ဒိတ္ ခုန္လာေတာ့ၿပီ ။

တခနအတြင္း ၀ံပုေလြဘုရင္ၾကီးမွာ စင္ၿမင့္ေပၚသုိ ့ ေရာက္လာၿပီး စုန္ ့ရႊယ္က်န္းအား ၾကည့္လာသည္ ။
ထုိ ့ေနာက္ လက္ေနာက္ပစ္ကာ ေခါင္းတညိတ္ညိတ္လုပ္လာၿပီး..
“အရင္တုိက္ပါ…အားမနာပါနဲ့”

စုန္ ့ရႊယ္က်န္းက ေခါင္းညိတ္ၿပလုိက္ၿပီး ခ်က္ခ်င္းပင္ သိထားသမ်ွ သုိင္းတုိ ့ကို ထုတ္သံုးကာ ၀ံပုေလြဘုရင္ၾကီး ဆန္နီ ထံ ေၿပး၀င္သြား၏ ။

သို ့ေသာ္၊ ေမြထုိင္းခ်န္ပီယံသမားၾကီးမွာ လက္ညွိဳးေလးတစ္ေခ်ာင္းထဲနဲ ့ စုန္ ့ရႊယ္က်န္း၏ တုိက္ခုိက္မႈအား ကာဆီးပစ္နုိင္ေလ၏ ။

“ဒါ..”

စုန္ ့ရႊယ္က်န္း အံ့အားသင့္သြားသလုိ မယံုၾကည္နုိင္ပါ ၿဖစ္သြားသည္ ။ သူသည္ အလြန္တရာထူးခ်ြန္မွန္း သူမ သိထားေသာ္လည္း ဤမ်ွထိ ေတာ္လိမ့္မည္ဟု ထင္မထားမိခဲ့ေပ ။

“မိန္းကေလးရဲ့သုိင္းကြက္ေတြက အရမ္းၿမန္ခ်င္ၿမန္လိမ့္မယ္ ။ ဒါေပမယ့္ မိန္းကေလးရဲ့ခြန္အားက ေပ်ာ့လြန္းေနတယ္ ။ ဆက္တုိက္ပါ”
၀ံပုေလြဘုရင္ၾကီး ဆန္နီ က ေထာက္ၿပလာသည္ ။

ထုိစကားကို ၾကားလုိက္ၿပီး စုန္ ့ရႊယ္က်န္း ရွက္ေသြးၿဖာသြားကာ ရွိသမ်ွခြန္အားတုိ ့ကို စုလုိက္ၿပီး
သူ ့အား တုိက္ခုိက္ေတာ့သည္ ။

သို ့ေသာ္၊ အားအၿပည့္ထုတ္သံုးတာေတာင္မွ ၀ံပုေလြဘုရင္ၾကီး ဆန္နီ က အသာေလးေခ်မႈန္းနုိင္ေလသည္ ။ ထုိ၀ံပုေလြဘုရင္ၾကီးသည္ သူမ၏ရန္သူသာ ၿဖစ္ေနပါလ်ွင္ သူမမွာ အၾကိမ္ေပါင္း မေရမတြက္နုိင္ေအာင္ ေသၿပီးေနေလာက္ေပၿပီ ။

ငါးခ်ီေၿမာက္တုိက္ခုိက္လာအၿပီးတြင္ ထုိ၀ံပုေလြၾကီးသည္ စိတ္၀င္စားမႈတုိ ့ ေလ်ာ့နည္းလာကာ လက္၀ါးေစာင္းနွင့္ ရိုက္ၿပီး
စုန္ ့ရႊယ္က်န္းအား ေၿမၿပင္ေပၚ လွဲသိပ္ပစ္လုိက္ၿပီး ၿပိဳင္ပြဲအား အဆံုးသတ္ပစ္လုိ္က္ေတာ့၏ ။

“က်ြန္မ ရႈံးသြားၿပီ”
စုန္ ့ရႊယ္က်န္းက ၀ံပုေလြဘုရင္ၾကီး ဆန္နီ အား ၾကည့္ကာ ေၿပာလာသည္ ။

“အင္း…မိန္းကေလးက ငယ္ပါေသးတယ္ ။
အခုေတာင္မွ ေတာ္ေတာ္ေလး ေတာ္ေနပါၿပီ”

၀ံပုေလြဘုရင္ၾကီးသည္ သူမအား လက္ကမ္းလုိက္ရင္း
ယဥ္ယဥ္ေက်းေက်း ေၿပာဆိုသည္ ။

ထုိ စုန္ ့ရႊယ္က်န္းနွင့္ ၀ံပုေလြဘုရင္ၾကီး ဆန္နီ တုိ့၏ တုိက္ပြဲအား ေတြးဆဆၿဖင့္ ၾကည့္ရႈေနသူ တစ္ေယာက္ေတာ့ ရွိေနေလသည္ ။ ထုိသူမွာ….ရီ၀မ္၀မ္ ။
သူမ ရင္ထဲတြင္ ထုိ၀ံပုေလြဘုရင္ၾကီး၏သိုင္းပညာသည္လည္း
ထုိမ်ွေလာက္ အထင္ၾကီးစရာေကာင္းမေနၿပန္ ။

အင္း…ငါ အမည္မရွိေသာနန္ တုိ ့အဖြဲ ့နဲ ့ တြဲလာတာၾကလုိ ့
လူတုိင္းကုိ သာမန္ခ်ည္း လုိက္ၿမင္ေနမိေတာ့တာလား ။

သူမသည္ အခုတေလာတြင္ မည္သူနွင့္မွ တုိက္ခုိက္ခဲ့ၿခင္း မရွိသလုိ အီလဲဗင္းတုိ ့နွင့္လည္း သုိင္းပညာခ်င္း ဖလွယ္ခဲ့ၿခင္းမ်ိဳး မရွိခဲ့ေပ ။
ထို ့ေၾကာင့္ သူမ၏အခုရက္ပုိင္း တုိးတက္လာမႈတုိ ့ကို သူမတစ္ေယာက္ထဲသာလ်ွင္ သိထားေပသည္ ။

ရုတ္တရက္… ၀င္ေပါက္၀တြင္ အုံးအံုးညံလာသည္ ။
လူတိုင္း ထုိ၀င္ေပါက္၀အား လွည့္ၾကည့္ကုန္ၾက၏ ။

ဘုန္း ခနဲ အသံၾကီးတစ္သံ ထြက္လာၿပီး ကင္းေစာင့္ေနသည့္ကိုယ္ရံေတာ္ ေတာ္ေတာ္မ်ားမ်ား အေနာက္သို ့ လြင့္ပ်ံကုန္ၾကသည္မွာ ၾကိဳးပ်က္သြားသည့္ စြန္တစ္ခုနွယ္ ။

ခ်က္ခ်င္းဆိုသလို စုန္ ့လီက်ံဳ အလုိလုိမတ္တပ္ထရပ္လုိက္ၿပီး ထုိမဖိတ္ေခၚထားသည့္ဧည့္သည္ေတာ္အား ၾကည့္လုိက္၏ ။

……………………………………………………

စာစဥ္ ၄၂၊ အခန္း ၉ ။ ေဒါသမထြက္ပါနဲ ့

ထုိေရာက္ရွိလာၾကသူမ်ားမွာ အာရွတိုင္းသား မ်က္နွာမ်ား ၿဖစ္ၾကသည္ ။ သုိ ့ေသာ္လည္း တရုတ္မ်ားေတာ့ မဟုတ္ၾက ။ တရုတ္နုိင္ငံအနားတစ္၀ုိက္တြင္ ရွိသည့္နုိင္ငံမ်ားမွ လာၾကဟန္တူသည္ ။

စုစုေပါင္း လူသံုးေယာက္ ။
ေခါင္းေဆာင္ၿဖစ္ဟန္တူသူမွာ လူၾကီးလူေကာင္းဟန္ပန္ၿဖင့္
ဆံပင္ကို အေနာက္လွန္ၿဖီးထားကာ
မ်က္နွာေပၚတြင္ ငြားငြားစြင့္စြင့္ အၿပံဳးၾကီးတစ္ပြင့္ ရွိေနသည္ ။

“ဘယ္သူလဲ”

စုန္ ့လီက်ံဳက ထို၀တ္စံုၿပည့္နွင့္ ေယာက်ာ္းအား ၾကည့္လုိက္ၿပီး ေဒါသတၾကီး ေအာ္ေမးလုိက္သည္ ။

“ငါလား” ၀တ္စံုၿပည့္နွင့္ လူသည္ သူ ့ကိုယ္သူ လက္ညွိဳးထုိးလာၿပီး ၿပံဳးၿပံဳးၾကီး ၿပန္ေၿဖလာသည္ကား… “ရာမာမိုတို ဆုဘဆာ” 

“တုိင္းၿပည္ R က ရာမာမိုတုိ ဆုဘဆာ..လား” 
စုန္ ့လီက်ံဳ၏မ်က္ႏွာ ခ်က္ခ်င္းပင္ မည္းကြက္သြား၏ ။

တရုတ္နုိင္ငံနွင့္ တုိင္းၿပည္ R အၾကားက သိုင္းပညာယဥ္ေက်းမႈသည္ အၿမဲတေစ ခ်ိတ္ခ်ိတ္ခ်င္း ၿငိေနၾကသည္ခ်ည္း ၿဖစ္၏ ။

“တုိင္းၿပည္ R က ထိပ္သီး ကရာေတးပညာရွင္
ရာမာမိုတို ဆုဘဆာ မ်ားလား” 
၀ံပုေလြဘုရင္ၾကီး ဆန္နီ က ေတြးဆဆၿဖင့္
ေၿပာလာသည္ ။

“တုိင္းၿပည္ R က ကရာေတးဖခင္ၾကီး ဆက္ဆန္ကို အနုိင္ယူနုိင္ခဲ့တဲ့ ဆရာၾကီးလား” 
စုန္ ့လီက်ံဳ ပါးစပ္အေဟာင္းသား ၿဖစ္သြား၏ ။

ရာမာမိုတုိ ဆုဘဆာသည္ တုိင္းၿပည္ R ၏ ကရာေတးေလာကတြင္ မုိးၾကိဳးသြားဟု နာမည္ၾကီးေနသူ ၿဖစ္၏ ။
ထို့ေၾကာင့္ စုန္ ့လီက်ံဳ သူ ့အေၾကာင္းကုိ ၾကားဖူးနား၀ ရွိေန၏ ။

“ခင္ဗ်ားကုိ ဒီကေန မၾကိဳဆုိဘူး”
စုန္ ့လီက်ံဳက ရာမာမုိတုိ ဆုဘဆာအား ေအာ္ဟစ္လုိက္၏ ။

ထုိနွစ္နုိင္ငံ၏မသင့္ၿမတ္မႈမ်ားေၾကာင့္ တုိင္းၿပည္ R ႏွင့္ တရုတ္နုိင္ငံ အၾကားက သိုင္းပညာရွင္မ်ားသည္လည္း တင္းမာသည့္ဆက္ဆံေရးတုိ ့ ရွိၾက၏ ။

“အဟတ္…” ရာမာမုိတုိ ဆုဘဆာက ရယ္သြမ္းေသြးလာသည္ ။
“က်ဳပ္ကလည္း ခင္ဗ်ား ၾကိဳဆုိဆုိ မဆုိဆုိ ဂရုစုိက္တဲ့ေကာင္ မဟုတ္ဘူး”

ထုိ ့ေနာက္ ထုိရာမာမုိတုိ ဆုဘဆာသည္ ခ်င္းရူရွီ၊
စုန္ ့ရႊယ္က်န္း နွင့္ ရီ၀မ္၀မ္တုိ ့အား လက္ညွိဳးေငါက္ေငါက္ထုိးလာကာ…
“ဘာလဲ ။ တရုတ္ၿပည္ရဲ့ ဒိတ္ဒိတ္ၾကဲမိသားစုၾကီးသံုးစုက လူေတြ ေသကုန္ၿပီလား ။ ကုိယ္စားလွယ္ေတြကုိ ဒီလိုမေလာက္ေလး မေလာက္စား မိန္းမေတြကုိ လႊတ္လုိက္တယ္တဲ့ ။ ရွက္ရေကာင္းမွန္း မသိတဲ့ဟာေတြ”

“မင္း ဘာေၿပာလုိက္တာလဲ”
စုန္ ့လီက်ံဳ ေဒါသတၾကီး ဟစ္ေအာ္လာေလၿပီ ။

“အာ…သိပ္လဲ ေဒါသမထြက္စမ္းပါနဲ့ဗ်ာ.. ေဒါသၾကီးမေနပါနဲ့”
ရာမာမုိတို ဆုဘဆာသည္ ခပ္ေသာ့ေသာ့ရယ္သြမ္းေသြးလာကာ
သူ ့မ်က္မွန္ကေန ပင့္ၾကည့္လုိက္ၿပီး…
“သိပ္လဲ စိတ္မၾကီးစမ္းပါနဲ ့၊ ဟုတ္ပီလား ။ က်ဳပ္က ခင္ဗ်ားတုိ ့ စုန္ ့ မိသားစုကိုပဲ ေၿပာေနတာမဟုတ္ဘူး ။ က်ဳပ္မ်က္လံုးထဲမွာ ဒီမွာရွိေနတဲ့ လူတုိင္းက အမိႈက္ေတြပဲ ။ ကုိယ့္စီးပြားေရးကိုယ္ပဲ အသာလုပ္ေနစမ္းပါ ။ တရုတ္လူမ်ိဳးေတြရဲ့မ်ိဳးရုိးကိုက သုိင္းပညာအတြက္ ၿဖစ္လာတဲ့ေကာင္ေတြ မဟုတ္ဘူး”

“ခင္ဗ်ား…”

စုန္ ့လီက်ံဳက ေဒါသတၾကီးၿဖင့္ ေမးရုိးၾကီးတုိ ့ ထုိးေထာင္လာေအာင္ထိ အံၾကိတ္လာေခ်ၿပီ ။  ရာမာမိုတုိ ဆုဘဆာက ငရဲၾကီးရွစ္ထပ္ကို ေၿခၾကြေနၿခင္းေပလား ။ ေတာ္ေတာ္ကုိ ၿဂိဳလ္ၾကြေနေလသည္ ။

ထိုလူကမ်ား ဒီမွာရွိေနတဲ့လူတိုင္းကို ရန္စလိုရန္စ၊ ေစာ္ကားလုိေစာ္ကား လုပ္ေနပါေရာ့လား ။

“ေၿပာၾကတာကေတာ့ တရုတ္နုိင္ငံရဲ့ အစဥ္အလာ၀င့္ထည္တဲ့ မိသားစုၾကီး သံုးစုက အရမ္းေတြအားၾကီးလြန္းလွတယ္ဆုိ ။
ခင္ဗ်ားတုိ ့ေတြက ဒီေန ့ သိုင္းၿပိဳင္ပြဲေတြ ဘာေတြေတာင္ က်င္းပလိုက္ေသးတယ္ဆုိေတာ့ က်ဳပ္ကလဲ အဲ့ဒီမိသားစု သံုးစုကို ကိုယ္စားၿပဳထားတဲ့သူေတြကုိ ေၿဖာင္းခနဲ ေၿဖာင္းခနဲ ၿမည္ေအာင္ ရိုက္ခ်ေပးရဦးမွာေပါ့ ။ ဘယ္လုိလဲ…က်ဳပ္ မရိုက္နုိင္ရင္ အဲ့ဒီ ကိုယ္စားလွယ္သံုုးေယာက္ကို က်ဳပ္ကို သတ္ခုိင္းလုိက္လုိက္၊ စိန္ရဲလား”

“သြားေသလုိက္စမ္း”

စုန္ ့ရႊယ္က်န္း ခ်က္ခ်င္းပင္ ေရွ့တက္လာေလၿပီ ။

သို ့ေသာ္လည္း ၀ံပုေလြဘုရင္ၾကီး ဆန္နီ က သူမအား တားလာသည္ ။ ထုိ ့ေနာက္ ရာမာမိုတုိ ဆုဘဆာအား ၾကည့္လုိက္ကာ…
“က်ြန္ေတာ္ ၾကားတာကေတာ့ ခင္ဗ်ားရ့ဲကရာေတးက အံ့မခန္းပဲဆုိ ။ ဒါၿဖင့္ က်ြန္ေတာ္နဲ့ တစ္ပြဲေလာက္အရင္ ႏႊဲၾကည့္ရေအာင္လား ။
ဒီေန ့ တုိက္တုိက္ဆုိင္ဆုိင္ ခင္ဗ်ားနဲ ့ လာေတြ ့ရတာ ဆုိေတာ့ ဒီအခြင့္အေရးကို လက္လႊတ္ခံလုိက္လုိ ့ ဘယ္ေကာင္းပါ့မလဲ”

“၀ံပုေလြဘုရင္ၾကီး ဆန္နီ…ဒီကိစၥက ခင္ဗ်ားနဲ ့ ဘာမွမပတ္သက္ဘူး ။ မဆုိင္ရင္မဆုိင္သလို ေန၊ အလကားသက္သက္ လူရယ္ခံရစရာ ၿဖစ္ေအာင္ မလုပ္ခ်င္စမ္းပါနဲ ့လား”
ရာမာမုိတုိ ဆုဘဆာက ရယ္ကာေမာကာၿဖင့္ ေၿပာဆိုလာသည္ ။

ထိုသည္ကုိ ၾကားလုိက္သည္တြင္ ဆန္နီ၏ရင္ထဲ ေဒါသတုိ ့ ေပါက္ကြဲလာေတာ့သည္ ။
သူ ့မ်က္လံုးထဲတြင္ ေအးစက္စက္အလင္းေရာင္တန္းတစ္ခု ၿဖိဳးၿဖိဳးဖ်တ္ဖ်တ္ေပၚလာေတာ့ၿပီး လက္သီးလက္ေမာင္းတန္းကာ
ရွိသမ်ွ ခြန္အားတုိ့ကို အကုန္စုစည္းလ်က္ ရာမာမုိတုိ ဆုဘဆာဆီသုိ ့ ေၿပး၀င္သြားေတာ့သည္ ။

ဆန္နီ သုိင္းကြက္ထုတ္လာသည္ကုိ ၿမင္လုိက္သည္နွင့္
လူတုိင္း စိတ္လႈပ္ရွားရင္ခုန္လာၾကေတာ့၏ ။

သုိ ့ေသာ္…

ရာမာမုိတုိ ဆုဘဆာသည္ကေတာ့…
သက္ၿပင္းတစ္မႈတ္ မႈတ္ထုတ္လုိက္ရံုသာ ။ တခနေလးအတြင္း
သူ ့ညာလက္ကုိ ေၿမွာက္လုိက္ၿပီး ဓားတစ္ေခ်ာင္းအလားနွယ္ အားၿပင္းၿပင္းၿဖင့္ တစ္ဖက္လူဆီကို ၀င္သြားေလၿပီ ။

လူတုိင္း၏အေရွ့တြင္ပင္ ထိုကရာေတးလက္ေစာင္းသည္
ဆန္နီ၏လည္တုိင္ေပၚ ၿဖတ္က်လာသည္မွာ ေၿဖာင္းခနဲ ။

အားခနဲအသံၾကီးတစ္သံနွင့္အတူ ဆန္နီ ေၿမၾကီးေပၚ ပံု့ပံု့ေလး လဲက်သြား ေလၿပီ ။

“ဟမ္”

ရာမာမုိတုိ ဆုဘဆာက ေလ်ွာက္လာၿပီး
ဆန္နီ၏ေနာက္ေက်ာေပၚ တက္နင္းလုိက္၏ ။
“က်ဳပ္ ေၿပာသားပဲ ။ ခင္ဗ်ားတို ့အားလံုးက က်ဳပ္မ်က္လံုးထဲမွာ အမိႈက္ေတြပါဆုိ ။ ဒါေတာင္မွ လူအဟားခံရေအာင္ လုပ္ခ်င္ေနေသး တယ္ဆုိေတာ့လဲ ကိုယ့္ထုိက္နဲ ့ကိုယ္ကံေပါ့ ။ အခုေတာ့ ဘာတတ္နုိင္ ေသးလဲ”

ထုိၿမင္ကြင္းေၾကာင့္ လူတုိင္း ေရွာ့ရသြားၾကသည္ ။
ရင္ထဲတြင္ ငလ်င္လိႈင္းတုိ ့ ေ၀ွ့သြားၾကသည္ ။
တုိင္းၿပည္ R က ထိုကရာေတးဘုရင္ၾကီးသည္ ေမြထိုင္းခ်န္ပီယံသမား ၾကီး ဆန္နီ ကုိ တစ္ခ်က္ထဲနဲ့ အလဲထုိးပစ္လိုက္နုိင္သည္တဲ့လား ။

……………………………………………………

စာစဥ္ ၄၂ ၊ အခန္း ၁၀ ။ ဘယ္လုိလုပ္ သည္းခံနုိင္ပါ့မလဲ

ခ်င္းရူရွီ၊ စုန္ ့လီက်ံဳနွင့္ စုန္ ့ရႊယ္က်န္းတုိ ့သည္ပင္ မင္သက္သြားၾက၏ ။
သူတုိ ့သည္ ၀ံပုေလြဘုရင္ၾကီး ဆန္နီ၏ခြန္အားကို ေကာင္းေကာင္းၾကီး သိထားၾကပါ၏ ။ သုိ ့ေသာ္ ထုိကရာေတးဆရာၾကီးသည္ တစ္ခ်က္ထဲနဲ ့ ၀ံပပုေလြဘုရင္ၾကီး ဆန္နီကို အလဲထုိးပစ္နုိင္ေလရာ…

ထုိအခုိက္တြင္ ရာမာမိုတို ဆုဘဆာသည္ ၀ံပုေလြဘုရင္ၾကီး ဆန္နီအား ဟုိးမီတာ အမ်ားၾကီး လြင့္ထြက္သြားေအာင္ ကန္ထုတ္ပစ္လုိက္၏ ။

စုန္ ့လီက်ံဳသည္ ခ်က္ခ်င္းပင္ လူတစ္ေယာက္ကို လႊတ္လုိက္ၿပီး ဆန္နီ အား တြဲကူခုိင္းလုိက္ရ၏ ။

“ခင္ဗ်ား သိပ္လြန္မလာနဲ့”

စုန္ ့ မိသားစု နွင့္ ခ်င္း မိသားစု က သုိင္းပညာရွင္ဆယ္ေယာက္သည္ ခ်က္ခ်င္းပင္
ရာမာမုိတို ဆုဘဆာအား ၀ိုင္းလုိက္ၾကသည္ ။

“ေခြးရူးေလးတစ္သုိက္ပဲ ။ မင္းတုိ ့ဆီမွာ လူအင္အား ဘယ္ေလာက္ပဲ မ်ားမ်ားပါ၊ အမိႈက္က အမိႈက္ပဲ ၿဖစ္ေနဦးမွာပဲ”
ရာမာမိုတို ဆုဘဆာသည္ ထုိလူဆယ္ေယာက္အား ၾကည့္လုိက္ၿပီး တေသာေသာရယ္ေမာလာသည္ ။

“တက္ၾက”

ခ်င္း အဖြဲ ့မွ အေတာ္ဆံုးၿဖစ္ဟန္တူသည့္ အဖြဲ ့သား တစ္ဦးက မာန္သြင္းလုိက္ကာ လက္ကို ယမ္းၿပလုိက္ရင္း တၿခားလူကိုးေယာက္အား တၿပိဳင္တည္း ခ်ီတက္ၾကဖုိ ့ အမိန္ ့ေပး လုိက္၏ ။

သုိ ့ေသာ္….

ထိုဆယ္ေယာက္သားမွာသာ ခ်က္ခ်င္းပင္ ေလထဲ ေၿမာက္တက္သြားၾက ၏။

“ဒါ…”

စုန္ ့လီက်ံဳ လံုး၀မယံုၾကည္နုိင္ၿဖစ္သြားၿပီး ပါးစပ္ၾကီးေအာက္ၿပဳတ္က်သြား၏။

“စုန္ ့ မိသားစု၊ ခ်င္း မိသားစု နဲ ့ စီ မိသားစုကုိ ကိုယ္စားၿပဳထားတဲ့ သံုးေယာက္ ေရွ့ကို ထြက္လာၾကစမ္းပါ”

ရာမာမုိတုိ ဆုဘဆာသည္ ေရွ့သုိ ့ တစ္လွမ္းတက္လာၿပီး
စင္ေပၚတြင္ ဟုိသြားလုိက္ ဒီသြားလုိက္လုပ္ေနကာ ရီ၀မ္၀မ္၊ ခ်င္းရူရွီနွင့္ စုန္ ့ရႊယ္က်န္း တုိ ့အား လက္ညွိဳးတထိုးထိုး လုပ္ေနေလသည္ ။

ခ်င္းရူရွီ နွင့္ စုန္ ့ရႊယ္က်န္းတုိ ့နွစ္ေယာက္မွာ ခ်က္ခ်င္းပင္ မ်က္ေမွာင္ အၾကဳတ္ၾကီးၾကဳတ္သြားၾက၏ ။ ထုိလူသည္ အလြန္အမင္း ၾကမ္းလြန္း ေပသည္ ။ ၀ံပုေလြဘုရင္ၾကီး ဆန္နီ ကုိပင္လ်ွင္ တစ္ခ်က္ထဲနဲ ့ တြယ္ပစ္နုိင္ေလသူ ၿဖစ္ေလရာ သူတို ့ဆုိလွ်င္ ဘယ္လုိမ်ား…

“ဘာလဲ…ေၾကာက္ေနၿပီလား ။ ကိုင္းပါ..မင္းတုိ ့ေၾကာက္တယ္ဆုိရင္လဲ အတူတူလာတုိက္ၾကေပါ့ ။ က်ဳပ္ မမႈဘူး ။
တကယ္လို ့ က်ဳပ္ကိုယ္တုိင္ လာေခၚရမယ္ဆုိရင္ေတာ့ မင္းတုိ ့ကို ဒီေန ့ သတ္ပစ္မိလိမ့္မယ္ေနာ္”
ရာမာမုိတုိ ဆုဘဆာသည္ ထုိသံုးေယာက္သားအား ေ၀့ၾကည့္လုိက္ရင္း ခပ္ၿပတ္ၿပတ္ေၿပာလာသည္ ။

“ရွင္…”

စုန္ ့ရႊယ္က်န္း၏မ်က္လံုးထဲတြင္ ေဒါသတရားတို ့ကား အေတာင့္လုိက္ ။ သူမ စင္ေပၚသို ့ တက္သြားရန္ ၿပင္လုိက္၏ ။ သုိ ့ေသာ္…

ခ်င္းရူရွီက ခ်က္ခ်င္းပင္ သူမအား ဆြဲထားလုိက္၏ ။

“ရႊယ္က်န္း…မဆင္မၿခင္ သြားမလုပ္နဲ့”
ခ်င္းရူရွီက မ်က္ေမွာင္ၾကီး ၾကဳတ္ကာ ေၿပာလာသည္ ။

“ရူရွီ…တုိင္းၿပည္ R က သိုင္းပညာရွင္ေတြဆုိတာက ငါတုိ ့ ေၿခနင္းသာသာ အဆင့္ပဲ ရွိတယ္ ။ ဒါကုိ ငါ ဘယ္လုိလုပ္ သည္းခံနုိင္မွာလဲ”
စုန္ ့ရႊယ္က်န္းက ေဒါသတၾကီး ေအာ္ေၿပာလာသည္ ။

“နင္ သူ ့ကို နုိင္နုိင္လုိ ့လား” ခ်င္းရူရွီ ၿပန္ေမးလုိက္၏ ။

စုန္ ့ရႊယ္က်န္း ခ်က္ခ်င္းပင္ ဇေ၀ဇ၀ါၿဖစ္သြားသည္ ။ ထိုရာမာမိုတုိ၏ ခြန္အားသည္ အစကတည္းကပင္ အားလံုးထက္ အပံုၾကီးသာေန၏ ။

စုန္ ့ရႊယ္က်န္း ဆယ္ေယာက္ရွိေနလ်ွင္ပင္ ထုိရာမာမုိတုိအား အနုိင္တုိက္နုိင္မည္ မဟုတ္ ။

ခ်င္းရူရွီ နွင့္ စုန္ ့ရႊယ္က်န္းတုိ ့ ေပါင္းလုိက္လ်ွင္ေတာင္မွ
သူ ့သုိင္းကြက္ နဲနဲေလာက္သာ ေတာင့္ခံနုိင္ေပလိမ့္မည္ ။

“ဘာလဲ…မတုိက္ရဲၾကဘူးလား” ရာမာမုိတုိ ဆုဘဆာက
စုန္ ့ရႊယ္က်န္းအား ရြဲ ့ေစာင္းေစာင္းၿဖင့္ ေၿပာဆုိလာသည္ ။
“မင္းတုိ့ စုန္ ့မိသားစုက သရဲေဘာေၾကာင္တဲ့ ေကာင္ေတြခ်ည္းပါလားကြ ။ က်ဳပ္ ဒီေလာက္ထိ ေၿပာဆုိေနတာေတာင္မွ ၿငိမ္ေနနုိ္င္ၾကေသးတယ္”

သူ ့စကားတုိ ့သည္ စုန္ ့ရႊယ္က်န္းအား ေအာင္ေအာင္ၿမင္ၿမင္ ဆြေပးနုိင္ခဲ့ ေလၿပီ ။ သူမသည္ သည္းခံနုိင္ၿခင္း မရွိေတာ့ဘဲ ခ်င္းရူရွီအား မသိက်ိဳးက်ြံ ၿပဳကာ စင္ေပၚသုိ ့ လႊားခနဲ ခုန္တက္သြား၏ ။

ခ်င္းရူရွီသည္ ထုိသည္ကို ၿမင္လုိက္ရေလရာ
သူမသည္လည္း မတတ္သာေတာ့ဘဲ စင္ေပၚ ခုန္တက္လုိက္ရ၏ ။

“ဟားဟား…ၾကည့္ရတာ မင္းတုိ ့မွာ အရွက္ေတာ့ ရွိၾကေသးသားပဲ”
ရာမာမုိတုိ ဆုဘဆာက ရြဲ ့ေစာင္းေစာင္းေၿပာလာၿပန္သည္ ။

“ရာမာမိုတုိ ဆုဘဆာ…ရွင္ အရမ္းမမုိက္ရုိင္းနဲ့”
စုန္ ့ရႊယ္က်န္း ေအးစက္စက္ ေငါက္ငမ္းလာသည္ ။

“က်ဳပ္က မုိက္ရုိင္းတယ္လား ။ ဒါၿဖင့္ရင္ မင္းတုိ ့မွာ ဇဘယ္ေလာက္ ရွိလဲ ၿပလုိက္ေလ”

“ရွင္က ၿမင္ခ်င္ေနမွေတာ့ ေကာင္းၿပီေလ”

စုန္ ့ရႊယ္က်န္းသည္ ေဒါသတၾကီးၿဖင့္ မာန္သြင္းလုိက္ၿပီး
လ်ွပ္စီးအလားနွယ္ ရာမာမုိတုိ ဆုဘဆာဆီ ေၿပး၀င္သြားသည္ ။

ထိုသည္ကို ၿမင္လုိက္ရၿပီး ခ်င္းရူရွီသည္လည္း ေရြးခ်ယ္စရာမရွိဘဲ တုိက္ခုိက္ရေတာ့၏ ။
ရာမာမုိတုိ ဆုဘဆာသည္ အၿပံဳးတြဲလြဲခုိလ်က္ စင္ေပၚတြင္ မလႈပ္မယွက္ ။ စုန္ ့ရႊယ္က်န္းနွင့္ ခ်င္းရူရွီအား စိတ္တုိင္းက် တုိက္ခြင့္ၿပဳေပးထားၿပီး လက္နွစ္ဖက္ ေနာက္ပစ္လ်က္ အသာေလးတိမ္းေရွာင္ေနရံုမ်ွသာ ၿပဳေနေလသည္ ။

မိန္းမနွစ္ေယာက္သည္ သိုင္းကြက္ ဆယ္ကြက္ေက်ာ္ေအာင္ ထုတ္သံုး လာၿပီးေခ်ၿပီ ။ သုိ ့တုိင္ေအာင္ ရာမာမိုတို ဆုဘဆာ၏ အက်ီစကိုပင္ ထိခတ္နုိ္င္ၿခင္း မရွိၾက ။

စုန္ ့လီက်ံဳသည္ မ်က္ေမွာင္အၾကဳတ္ၾကီးၾကဳတ္ေနေလၿပီ ။
ခ်င္းရူရွီနွင့္ စုန္ ့ရႊယ္က်န္း နွစ္ေယာက္ေပါင္းလွ်င္ပင္ ျပိဳင္ဘက္မဟုတ္ေလရာ ရာမာမုိတုိ ဆုဘဆာသည္ ဤမ်ွေလာက္ထိခြန္အားၾကီးလြန္းေနသည္လား ။

“ဒီအရည္အခ်င္းေလာက္နဲ့မ်ား မင္းတုိ ့သံုးေယာက္က တရုတ္ၿပည္က မဟာမိသားစုၾကီးသံုးစုကုိ ကုိယ္စားၿပဳထားတယ္တဲ့လား ။
လံုး၀ကုိ ရွက္စရာပဲ…ထြီ ။ တရုတ္သုိင္းပညာရွင္ေတြက တကယ့္ကို အမိႈက္ေတြ ပဲ၊ ပါးစပ္ထဲ ထည့္ေၿပာဖုိ ့ေတာင္ မတန္ဘူး”
ရာမာမုိတုိ ဆုဘဆာသည္ တိုက္ခုိက္မႈတုိ ့အား တိမ္းေရွာင္ေနရင္း သက္ၿပင္းတခ်ခ်ၿဖင့္ ေၿပာဆုိေန၏ ။

ထုိသုိ ့ေၿပာၿပီးသည့္ေနာက္တြင္ သူ၏ညာဘက္ေၿခေထာက္က ၿမားတစ္ေခ်ာင္း အလား ေၿမာက္တက္လာၿပီး ခ်င္းရူရွီ နွင့္ စုန္ ့ရႊယ္က်န္း အား အားၿပင္းၿပင္းၿဖင့္ ရုိက္ခ်ပစ္လုိက္ေတာ့သည္ ။

မိန္းကေလးနွစ္ေယာက္မွာ ထုိရုိက္ခ်က္ကို မေတာင့္ခံနုိင္ၾကဘဲ စင္ေပၚကေန ဘုတ္ခနဲ ၿပဳတ္က်သြားၾက၏ ။

…………………………………………………

စာစဥ္ ၄၂၊ အခန္း ၁၁  ။ အမိႈက္အဖြဲ ့

“အမိႈက္ေတြ” 
ရာမာမုိတို ဆုဘဆာက အားလံုးကုိ ၾကည့္လုိက္ၿပီး
ရံႈ ့ခ်လာသည္ ။

ထို ့ေနာက္ ဘယ္သူေၿပာလာမည့္စကားကုိမွ ေစာင့္နားေထာင္ေနၿခင္း မရွိဘဲ ပရိသတ္ထဲတြင္ ထုိင္ေနသည့္ ရီ၀မ္၀မ္ရွိရာဆီ ၾကည့္လာသည္။

“စီ မိသားစုက သူ…မင္းဘာသာမင္း ထြက္လာမလား၊ ဒါမွမဟုတ္ က်ဳပ္ကိုယ္တုိင္ လာေခၚၿပီး မင္းကို ေသေအာင္ရုိက္ေပးရမလား”

ရီ၀မ္၀မ္သည္ကေတာ့ တံုဏွိဘာေ၀ ဆိတ္ဆိတ္ေနၿမဲသာ ။

ထို ့ေနာက္ မတ္တပ္ထရပ္လာၿပီး
စုန္ ့ မိသားစုအၾကီးအကဲဘက္သုိ ့ လွည့္လိုက္ကာ…
“ၿပိဳင္ပြဲလဲ ၿပီးၿပီဆုိေတာ့ က်ြန္မ ႏႈတ္ဆက္ပါတယ္”

ရာမာမုိတုိ ဆုဘဆာသည္ စုန္ ့မိသားစုအား ဦးတည္လာၿခင္းၿဖစ္သည္မွာ ေသခ်ာသည္ ။ ထုိ ့ေၾကာင့္
စုန္ ့ မိသားစု၏အတြင္းေရးၿပသနာတုိ ့သည္ သုိင္းၿပိဳင္ပြဲနွင့္ ပတ္သက္ေနၿခင္း မရွိေပ ။

စုန္ ့လီက်ံဳ မ်က္နွာမည္းကြက္သြား၏ ။
သုိ ့တုိင္ေအာင္ စကားတစ္ခြန္းမ်ွ ဆုိလာၿခင္း မရွိေပ ။

“လူၾကီးမင္း မူ…လူၾကီးမင္း အခ်ိန္ရရင္ စီ အိမ္ေတာ္ကို အလည္လာဖုိ ့ ဖိတ္ေခၚပါတယ္”

ရီ၀မ္၀မ္က အထူးဧည့္သည္ေတာ္ေနရာတြင္ ထိုင္ေနသည့္
လူၾကီးမင္း မူ ဘက္သုိ ့ လွည့္ၾကည့္လာသည္ ။

“ေကာင္းပါၿပီ ။ က်ြန္ေတာ္ အခ်ိန္ရရင္ လာခဲ့ပါမယ္”
မူေဆြ ့ဖန္ ၿပန္ေၿဖလုိက္၏ ။

ရီ၀မ္၀မ္ ေခါင္းညိတ္ၿပလုိက္ၿပီး စီ မိသားစု ကုိယ္ရံေတာ္ငါးေယာက္အား အမိန္ ့ေပးလုိက္သည္ ။ “သြားမယ္”

ခ်က္ခ်င္းဆုိသလုိပင္ ထိုကိုယ္ရံေတာ္ငါးေယာက္မွာ ရီ၀မ္၀မ္ေနာက္ကို လုိက္ၿပီး ၿပန္ၾကဖို ့ အသင့္ၿဖစ္သြားၾကေလၿပီ ။

သုိ ့ေသာ္…ထုိအခုိက္….

ရာမာမုိတုိ ဆုဘဆာသည္ လွစ္ခနဲ စင္ေပၚကေန ဆင္းခ်လာၿပီး
ရီ၀မ္၀မ္ သြားမည့္လမ္းအား ပိတ္ဆို ့ပစ္လုိက္သည္ ။
ထို ့ေနာက္ ရီ၀မ္၀မ္အား ၾကည့္ကာ မ့ဲရြဲ ့ေၿပာဆုိလာသည္ ။
“စီ မိသားစုရ့ဲကိုယ္စားလွယ္ ဟုတ္လား ။ ၾကည့္ရတာေတာ့ မင္းက အမိႈက္ထဲကမွ ထူးၿခားတဲ့အမိႈက္တစ ၿဖစ္မယ္နဲ ့တူတယ္”

ထိုသည္ကုိ ၾကားလုိက္ၿပီး ရီ၀မ္၀မ္ မ်က္ေမွာင္ၾကဳတ္လာေလၿပီ ။
“က်ြန္မက အမိႈက္ဆုိရင္ ရွင္က သံုးစားလုိ ့မရတဲ့ အမိႈက္ၾကီး ၿဖစ္လိမ့္မယ္”

“ေအာ္…မင္းရဲ့မ်က္လံုးထဲမွာ က်ဳပ္ကလဲ အမိႈက္သာသာပဲ ရွိတာေပါ့၊ ဟုတ္လား” ရာမာမုိတုိ ဆုဘဆာက စိတ္၀င္တစား ၿပန္ေၿပာလာသည္ ။

“ေက်းဇူးၿပဳၿပီး လမ္းဖယ္ေပးပါ ။
တရုတ္ေတြမွာ ဆိုရုိးတစ္ခု ရွိတယ္ ။
‘ေခြးကာင္းမွန္ရင္ သူမ်ားလမ္းကို ပိတ္မရပ္တတ္ဘူး’ တဲ့ ။
ရွင္ ဒါကုိေတာ့ ၾကားဖူးေလာက္မွာပါ”
ရီ၀မ္၀မ္ ေၿပာလာေလၿပီ ။

ထိုစကားကို ၾကားလုိက္ၿပီး စုန္ ့ရႊယ္က်န္း နွင့္ ခ်င္းရူရွီတုိ ့
ရီ၀မ္၀မ္အား က်ိတ္ဆဲလာၾကေတာ့သည္ ။

အဲ့တစ္ေယာက္က ေသခ်င္ေနတာလား ။

သူတုိ ့နွစ္ေယာက္စလံုးသည္ ရာမာမုိတို ဆုဘဆာ၏အ့ံမခန္းလိလိ အစြမ္းကို ၿမည္းစမ္းခဲ့ၾကၿပီးသား ၿဖစ္သည္ မဟုတ္လား ။

မသိတဲ့သူက မေၾကာက္တတ္ဘူးဆုိတာ တကယ္ကို မွန္တာပဲ ။

“ရာမာမုိတုိ ဆုဘဆာ…ဒီမိန္းကေလးက စီ မိသားစုကို ကိုယ္စားၿပဳၿပီး ေရာက္လာခဲ့တာဆုိေပမယ့္လုိ ့ အၾကီးအကဲ စီ ရ့ဲရည္းစားသက္သက္ပဲ၊ သိုင္းပညာအေၾကာင္းကုိ ဘာမွသိတာ မဟုတ္ဘူး ။
သူမကုိ စိတ္ထဲ မထားဘဲနဲ ့ ထြက္သြားခြင့္ၿပဳေပးလုိက္ပါ”
စုန္ ့လီက်ံဳက မ်က္ေမွာင္ၾကီးကုတ္ကာ ေၿပာဆိုလာသည္ ။

ဤေနရာသည္ စုန္ ့ မိသားစု၏နယ္ေၿမၿဖစ္သည္ ။
ရီ၀မ္၀မ္တြင္ တစ္ခုခုၿဖစ္သြားမည္ဆုိပါလ်ွင္
သူ ့အေနၿဖင့္ စီ မိသားစုအား ရွင္းၿပရခက္ေပေတာ့မည္ ။

“ေအာ္…လတ္စသတ္ေတာ့ ဒီမိန္းကေလးက သိုင္းပညာအေၾကာင္း ဘာမွမသိဘူးကိုး ။ ဒါနဲ ့ေတာင္မွ
စီ မိသားစုကုိ ကုိယ္စားၿပဳရတဲ့သူ လာၿဖစ္ေနေသးတယ္ ။ ၾကည့္ရတာ စီ မိသားစုက ဟုိရွဴနာရိႈက္ကုန္းရဲ့ ခ်စ္သူ နဲ့တူတယ္ ဟားဟားဟား”
ရာမာမုိတုိ ဆုဘဆာက ေလွာင္ေၿပာင္ရယ္ေမာလာေလၿပီ ။

သူ ့စကားတုိ ့ေၾကာင့္ ရီ၀မ္၀မ္၏အမူအရာကင္းမဲ့ေနသည့္မ်က္နွာမွာ မဆုိစေလာက္ေလး အေရာင္ေၿပာင္းလာေလၿပီ ။ သူမ၏မ်က္၀န္းထဲတြင္ ေအးခဲေနသည့္ေရာင္ၿခည္တစ္ခု ဖ်တ္ခနဲ လက္လာ၏ ။

ရာမာမုိတုိ ဆုဘဆာ၏ႏႈတ္ခမ္းတုိ ့
တြန္ ့ေကြးတက္လာသည္ ။
“ဒါဆုိလဲ မင္း က်ဳပ္ကို မတုိက္ခုိက္လဲ ကိစၥမရွိေတာ့ပါဘူး”

ထုိသုိ ့ေၿပာလုိက္ရင္း သူ ့အေနာက္ဘက္တြင္ ရွိေနသည့္၀တ္စံုၿဖဴနွင့္ ေယာက်ာ္းအား လွည့္ၾကည့္လုိက္သည္ ။

ရာမာမုိတုိ ဆုဘဆာသည္ တပည့္နွစ္ေယာက္ ေခၚယူလာခဲ့ၿခင္း ၿဖစ္ၿပီး တစ္ေယာက္မွာ အၿဖဴေရာင္၀တ္စံုနွင့္ သူ ၿဖစ္၏ ။
ထုိသူမွာ ကရာေတး ဆရာၾကီး က၀ါဒါ ။

က၀ါဒါသည္ စကားတစ္ခြန္းဆုိၿခင္းမရွိဘဲ စီ မိသားစု
ကိုယ္ရံေတာ္တုိ ့ဆီ လွစ္ခနဲ ေရာက္လာသည္ ။

ထုိ ့ေနာက္ လက္သီးတစ္လံုး ပစ္သြင္းပစ္လုိက္၏ ။

ေဖာင္း ။

ထုိကိုယ္ရံေတာ္မွာ ခ်က္ခ်င္းပင္ ၾကမ္းေပၚ ဗံုးခနဲ ပစ္လဲသြားေတာ့သည္ ။

ထုိအထိုးခံလုိက္ရသည့္ ကိုယ္ရံေတာ္မွာ ၿပန္တုိက္ခုိက္ခ်ိန္ပင္ မရလုိက္ ။ သူ၏တစ္ကိုယ္လံုး နာက်င္ကိုက္ခဲလာေတာ့၏ ။

“အမိႈက္ေတြ” က၀ါဒါက ရႈံ ့ကာမဲ့ကာ ေၿပာဆုိသည္ ။

“ဟားဟားဟား…မင္းလူေတြက က်ဳပ္တပည့္ရဲ့လက္ခ်က္ကို မင္းအစား ၀င္ခံေပးရတယ္ဆုိရင္ မင္း စီ မိသားစုကို ၿပန္ရွင္းၿပဖုိ ့ မခက္ေလာက္ပါ ဘူးေနာ္”

……………………………………………………

စာစဥ္ ၄၂၊ အခန္း ၁၂  ။ စမ္းၾကည့္ေလ

လူတုိင္းမွာ ေခါင္းတခါခါ၊ သက္ၿပင္းတခ်ခ်ၿဖစ္လာၾကသည္ ။ ဒီေန ့ေတာ့ စီ မိသားစု၏ ခန္ ့ထည္လွသည့္နာမည္ ဂုဏ္သတင္းမွာ ထုိမိန္းမေၾကာင့္ ပ်က္စီးရေတာ့ေပမည္ ။

စီ မိသားစု၏တၿခားကိုယ္ရံေတာ္ေလးေယာက္သည္လည္း ေဒါသတၾကီး အံၾကိတ္လာသည္ ။  သို ့ေပမည့္
က၀ါဒါသည္ကား အင္အားၾကီးလြန္းေခ်သည္ ။
က၀ါဒါ မည္သုိ ့ တုိက္ခုိက္လုိက္သည္ကိုပင္
သူတို ့ ၿမင္လုိက္နုိင္ၿခင္း မရွိၾကေပ ။

စဥ္းစာခ်ိန္ပင္ မေပးဘဲ က၀ါဒါက သူ ့လက္တစ္ဖက္ကို ထပ္ေၿမွာက္လာကာ ေနာက္ထပ္ကိုယ္ရံေတာ္တစ္ေယာက္အား တုိက္ခုိက္လာၿပန္သည္ ။

သူ၏လက္၀ါးမွာ အင္မတန္ပင္ ၿမန္ဆန္လြန္းလွ၏ ။
ေလတုိးသံ သဲ့သဲ့ေလာက္ကိုသာလွ်င္ အားလံုး ၾကားလုိက္ၾကရ၏ ။

သုိ ့ေသာ္၊ တခနေလးအတြင္း…ရီ၀မ္၀မ္ လႈပ္ရွားလာေခ်ၿပီ ။

တစ္ခ်ိန္ထဲ ေဖာင္းခနဲ အသံၾကီးတစ္သံကို ၾကားလုိက္ရ၏ ။

က၀ါဒါ၏တုိက္ခုိက္မႈအား ရီ၀မ္၀မ္ တားဆီးလုိက္ၿခင္းပင္ ။

“ေအာ္..”

က၀ါဒါ၏မ်က္လံုးတုိ ့ ၀င္းပလာသည္ ။
ထိုမိန္းကေလးက သူ ့တုိက္ခုိက္မႈကို တားဆီးနုိင္သည္လား ။

“က်ြန္မနဲ ့ အဲ့ေလာက္ေတာင္ တုိက္ခုိက္ခ်င္ေနတာလား”

ရီ၀မ္၀မ္သည္ က၀ါဒါအား လႊတ္ေပးလုိက္ၿပီး မဆံုးနုိင္သည့္ပင္လယ္လို လိႈင္းၾကက္ခြပ္ေလးေတြ လဲ့လဲ့ထေနသည့္ ေတာက္ပေသာ မ်က္၀န္းမ်ားၿဖင့္ ရာမာမုိတုိ ဆုဘဆာအား ၾကည့္လိုက္သည္ ။

“ထြီ…က်ဳပ္မ်က္လံုးထဲမွာ မင္းက အမိႈက္တစ္စပဲ ရွိတယ္”
ရာမာမုိတုိ ဆုဘဆာက ရီ၀မ္၀မ္အား စိတ္၀င္တစား စိုက္ၾကည့္လာ သည္။
“ဒါေပမယ့္ မင္း က စီ မိသားစုကုိ ကိုယ္စားၿပဳထားတာ ဆုိမွေတာ့ က်ဳပ္ရဲ့ ဒီေန ့ လာရတဲ့ရည္ရြယ္ခ်က္ကလဲ ကလန္ၾကီးသံုးခုကုိ က်ဳပ္ေၿခဖ၀ါးေအာက္မွာ
နင္းေၿခပစ္ဖုိ ့ပဲ ။ စိတ္မေကာင္းစရာက
မင္းတုိ ့ အကုန္လံုးက အမိႈက္ေတြခ်ည္းပဲဆုိေတာ့
က်ဳပ္ မင္းတုိ ့ကို တက္နင္းရရင္ေတာင္မွ က်ဳပ္မွာ ဘာမွအားရစရာရွိမွာမဟုတ္ဘူး”

“စမ္းၾကည့္လုိက္ေလ” ရီ၀မ္၀မ္ ေၿပာလုိက္ေလၿပီ ။

“အဟတ္…မင္းက အမိႈက္သာသာပဲ ရွိေနတာကို ေထာက္တဲ့အေနနဲ ့
မင္းကို ၁၀ စကၠန္ ့ အခ်ိန္ေပးမယ္ ။ ဆယ္စကၠန္ ့အတြင္းမွာ
က်ဳပ္ မင္းကုိ ေသေကာင္ေပါင္းလဲၿဖစ္ေအာင္ ရုိက္ၿပမယ္”

သုိ ့ေသာ္၊ ရာမာမုိတုိ ဆုဘဆာ ေၿပာေနခုိက္မွာပင္
ရီ၀မ္၀မ္၏လက္တစ္ဖက္ ရုတ္တရက္ၾကီး ေၿမာက္တက္လာ၏ ။

ေၿဖာင္း…

ရုိက္လုိက္သည့္အသံၾကီးတစ္သံ ဟိန္းထြက္လာသည္ ။

လူတုိင္း၏အေရွ့တြင္ပင္ ရီ၀မ္၀မ္သည္ ရာမာမုိတုိ ဆုဘဆာအား ပါးရုိက္ခ်ပစ္လုိက္ၿခင္းပင္ ။

ရာမာမုိတုိ ဆုဘဆာ အသိၿပန္ကပ္သြားခ်ိန္တြင္ သူ ့မ်က္လံုးထဲ ေအးစက္သည့္အေရာင္တန္းၾကီးတစ္ခု ဖ်တ္ဖ်တ္လူးလာေလၿပီ ။
“အငိုက္ဖမး္ၿပီး တုိက္ခုိက္ရဲတယ္…”

“အငိုက္ဖမ္းၿပီး တုိက္ခုိက္တယ္လား” 
ထုိသည္ကုိ ၾကားလုိက္သည့္အခုိက္
ရီ၀မ္၀မ္က ေအးစက္စက္ရႈံ့မဲ့ေၿပာလာသည္ ။
“ရွင္ပဲ က်ြန္မကို ဆယ္စကၠန္ ့ ေပးမယ္ဆုိ ။ ကံေကာင္းခ်င္ေတာ့ က်ြန္မက တစ္စကၠန္ ့ထဲနဲ ့ အဆင္သင့္ၿဖစ္သြားတာ ။
ဒီရုိက္ခ်က္က စိန္ေခၚလုိက္တဲ့ ရုိက္ခ်က္ပဲ ။ ရွင့္ဘာသာရွင္ မကာကြယ္လုိက္နုိင္တာကို ဘယ္လုိလုပ္ၿပီး က်ြန္မက အငိုက္ဖမ္းၿပီးတုိက္ခုိက္ပါတယ္လုိ ့ ေၿပာထြက္ရတာလဲ”

စုန္ ့ရႊယ္က်န္းက မဲ့ရဲြဲ ့ကာ ေၿပာဆုိလာသည္ ။
“အဲ့တစ္ေယာက္က လိပ္ကို ဂ်ပိုးၿဖစ္ေအာင္ ေၿပာေနတာပဲ ။ ဘယ္လိုလုပ္ၿပီးေတာ့ ခုိးေၾကာင္ခုိး၀ွက္ တုိက္ရဲရတာလဲ”

ၾကည့္ေနသည့္လူအုပ္ၾကီးၾကား ပြက္ေလာရုိက္လာသည္ ။
သူတို ့အားလံုးသည္ ရီ၀မ္၀မ္၏ခုိးေၾကာင္ခုိး၀ွက္တုိက္ခုိက္လုိက္ၿခင္းကုိ က်ိတ္ကာ ရႈံ ့ခ်ေနၾကသည္ ။

“မင္း တကယ္ၾကီး ေသခ်င္ေနတာလား”

ရာမာမုိတုိ ဆုဘဆာ၏မ်က္လံုးထဲ ေအးစက္စက္အရိပ္တစ္ခု ေပၚလာၿပီး ရီ၀မ္၀မ္ေပၚ သူ ့လက္ဖ၀ါးတစ္ဖက္ က်လာေခ်ၿပီ ။

ေၿဖာင္း…

ရာမာမုိတုိ ဆုဘဆာ၏လက္၀ါး မက်ေရာက္ခင္ ရီ၀မ္၀မ္သည္ ေဘးသို ့ တိမ္းလုိက္ၿပီး ရာမာမိုတုိ ဆုဘဆာအား ေနာက္ထပ္ၿပင္းၿပင္းတစ္ခ်က္ ေၿဖာင္းခနဲ ရုိက္ခ်ပစ္လုိက္ၿပန္သည္ ။

ေၿဖာင္း…

နွစ္ခ်က္ဆက္တုိက္ အရုိက္ခံလုိက္ရသၿဖင့္ ရာမာမုိတုိ ဆုဘဆာ ရူးမတတ္ ၿဖစ္သြားသည္ ။ သူ ့လက္၀ါးကို ေၿမွာက္လုိက္ၿပန္ၿပီး သူမေလး၏လည္တုိင္ဘက္ဆီ ဦးတည္လာၿပန္သည္ ။

ရီ၀မ္၀မ္၏မ်က္လံုးထဲ ေအးစက္စက္အရိပ္အေငြ ့တစ္ခု ေပၚထြက္လာၿပီ။ မည္သူမွ မၿမင္လုိက္ရေသးခင္ သူမ ရာမာမုိတုိ ဆုဘဆာ၏လက္အား ဆုပ္ကိုင္ပစ္လုိက္၏ ။

ရီ၀မ္၀မ္၏လက္သည္ အႏၱိမေတာင္ၾကီးတစ္ေတာင္အလားနွယ္ ။
တုန္လႈပ္ၿခင္းမရွိ၊ စြမ္းအားၾကီးလြန္းလွ၏ ။
ရာမာမုိတုိ ဆုဘဆာ ၿပန္တုိက္ခုိက္နုိင္ဖုိ ့ ထားဘိဦး၊
သူမလက္ထဲကေန ထြက္ေၿပးဖုိ ့ပင္ မလြယ္ေပ ။

တစ္ခ်ိန္တည္းမွာပင္ ရီ၀မ္၀မ္၏ညာဘက္လက္သည္
ရာမာမုိတုိ ဆုဘာဆာဆီ ဆန္ ့ထုတ္လာေခ်ၿပီ ။ သို ့ေသာ္…သံုးလက္မေလာက္ အလုိတြင္ ရပ္တန္ ့သြား၏ ။

အသက္နွစ္ရွဴရိႈက္စာ အခ်ိန္အတြင္း ရီ၀မ္၀မ္သည္ ရွိသမ်ွခြန္အားတုိ ့ကို စုစည္းလုိက္ကာ သူမ၏ညာဘက္လက္ဆီ ပို့ပစ္လုိက္သည္  ။

ထုိလက္၀ါးမွာ အလင္းထက္ပင္ လ်င္ၿမန္သည္၊
အံ့မခန္းလိလိ အင္အားၾကီးလြန္းလွသည္ ။

ေနရာတြင္ ရွိေနၾကသည့္လူတုိင္း ဆြံ ့အမင္သက္ကုန္၏ ။ ရီ၀မ္၀မ္၏လက္ဖ၀ါး သြားေနသည့္အလ်င္ကို မည္သူမွပင္ မၿမင္လုိက္ၾက ။

ေဖာင္း…

ေနာက္တစ္ခနအတြင္း ၊
ေဖာင္းခနဲ အသံၾကီးနွင့္အတူ ရာမာမုိတို ဆုဘဆာ၏နဖူးေပၚ ရီ၀မ္၀မ္၏လက္တစ္ဖက္ အားၿပင္းၿပင္းက်ေရာက္သြားေလၿပီ ။

လူတုိင္း မယံုၾကည္နုိင္ၿဖစ္ေနမိၾကခ်ိန္…
ရာမာမိုတုိ ဆုဘဆာက အားခနဲ ေအာ္ဟစ္လာၿပီး
သူ ့ကိုယ္မွာလဲ ၾကိဳးပ်က္သည့္စြန္တစ္ခုနွယ္
မီတာအမ်ားၾကီး ေၿမာက္တက္သြားေတာ့၏ ။

“၀ါး…မယံုနိုင္စရာေကာင္းလုိက္တာ…”

စုန္ ့ရႊယ္က်န္း အသံထြက္လာသည္။
ထုိၿမင္ကြင္းေၾကာင့္ သူမ လံုး၀ကုိ ေရွာ့ရေန၏ ။

“ဘယ္လုိ ၿဖစ္တာလဲ”

ခ်င္းရူရွီ၏တည္ၿငိမ္ေနခဲ့သည့္ မ်က္နွာသည္လည္း
အက္ကြဲလာရေလၿပီ ။

……………………………………………………
T/N : ဒီေန႔အပိုင္းေလးကို ဘယ္လို ခံစားရလဲ သဲတို႔ ။
ဒါနဲ႔ ဒီေန႔ သတင္းေကာင္းေလး ရိွပါတယ္ ။
၀န္ဇင္းမွာ စာစဥ္ ၆၂ နဲ႔ ၆၃ ကို Free ေပးထားပါတယ္ ။ ဒီေန႔တစ္ေန႔ပဲ ေပးတာမို႔ ျမန္ျမန္သြားေဒါင္းလိုက္ၾကေနာ္ ။
Paid group ၀င္လိုသူေတြက စာစဥ္တစ္ခုကို ၅၀ဝ နဲ႔ 09 760 639 831 ကို ေဘလႊဲထားေပးေနာ္ ။
Love you guys 😍😍😍

.......

Unicode

💖 ချိုမြိန်သော ဇနီးဆိုးလေး 💖
Book.              :  42
Chapter.          :  5 - 12
Original novel : Perfect Secret Love
Translator.       :  Goddess
•••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၄၂၊ အခန်း ၅ ။  စင်ပေါ်မတက်ဘူး

ရီဝမ်ဝမ် တိုးတိုးလေးပြောလာသည် ။
“ကျွန်မ ပြိုင်မယ်လို့ ပြောမိလို့လား”

ငါ့ကိုများ စင်ပေါ်တက်ပြီး သွားအသေခံမယ်လို့ ထင်နေတယ် ။ ဆုတောင်း…

ထိုစကားကို ကြားလိုက်ရလျှင် စုန့်ရွှယ်ကျန်း၏မျက်နှာ ပျက်ယွင်းလာ၏။

“ဘာအဓိပ္ပာယ်လဲ”

ရီဝမ်ဝမ်သည် ရှုတည်တည်ဖြင့်သာ ပြုံးပြီး ပြောလာသည် ။
“ကျွန်မ ဒီကို မလာခင်မှာ စင်ပေါ်တက်ရမယ်လို့
ဘယ်သူကမှ ကျွန်မကို မပြောခဲ့ဘူး”

ချင်းရူရှီ တွန်းအာားပေးရုံနဲ့ပဲ ငါ စင်ပေါ်ကို တက်မယ်များ မှတ်နေလား။

ထို့ပြင် ရီဝမ်ဝမ်သည် ဤပြိုင်ပွဲကို အပျော်သက်သက် လာကြည့်ခြင်းသာ ဖြစ်သည် မဟုတ်လား ။ ထို့ကြောင့် သူမအနေဖြင့် စင်ပေါ်ကို တက်ဖို့ရာ ကန့်ကွက်မည်သာ ။

စုန့်ရွှယ်ကျန်း၏မျက်နှာသည်ကတော့ အေးစက်ကာ ခက်ထန်လာသည် ။ သူမစိတ်ထဲတွင် ရီဝမ်ဝမ်သည် လူကြောက်မလို့သာ စင်ပေါ်မတက်ဝံ့ခြင်း ဖြစ်၏ ။

“အရင်က မသိခဲ့ဘူးဆိုပေမယ့်လဲ အခု သိသွားပြီမလား ။ သိုင်းပညာရှင်တွေရဲ့ပြိုင်ပွဲ ပြီးသွားရင် ကိုယ်စားပြုထားတဲ့သူတွေ စင်ပေါ်ကို တက်ပြီး တိုက်ကိုတိုက်ရမှာပဲ ။ စီ မိသားစုကို ကိုယ်စားပြုထားတဲ့သူ ဖြစ်ပြီး တော့ မတိုက်ခိုက်ရဲဘူးလား”

ပြောနေရင်း စုန့်ရွှယ်ကျန်း၏မျက်နှာမှာ မှုန်သုန်ခက်ထန်လာတော့ပြီ ။
“ရှင် စင်ပေါ်ကို တက်လို့ ရှုံးသွားရင်တောင်မှ ရိုးသားပြီး ဖြောင့်မတ်တယ်ဆိုတဲ့ဂုဏ်ကို ရနိုင်တယ် ။ ဒါပေမယ့် ရှင့်မှာတော့ သတ္တိကြောင်နေပြီး စင်ပေါ်တောင် တက်မသွားရဲပါလား ။ အဲ့လိုလုပ်နေတာက ရှင် သိုင်းပညာရှင်တွေကို စော်ကားလိုက်တာပဲ”

ဤတစ်ကြိမ်တွင်မူ  လူတိုင်း၏မျက်နှာ ပျက်ယွင်းလာကြပြီ ။
“အေးလေ…ဘယ်လိုလုပ် အဲ့လောက်တောင် ကြောက်တတ်နေရတာလဲ ။ စင်ပေါ်တောင် မတက်ရဲပဲ
စီ မိသားစုကို ကိုယ်စားပြုတဲ့သူ ဘယ်လိုလုပ် ဖြစ်လာတာလဲ” 

“ယောကျာ်းတကာနဲ့ ပတ်အိပ်ပြီးတော့ ရလာတာဖြစ်မှာပေါ့ ။ နင် မကြားလိုက်ဘူးလား ။ အဲ့ဒီတစ်ယောက်က စီရီဟန်ရဲ့ ရည်းစားအသစ်တဲ့”

“ဒီမိန်းမက ဒီနေ့သိုင်းပြိုင်ပွဲကို အရှက်ရစေလိမ့်မယ်လို့ မိန်းကလေး စုန့် ပြောပြောနေတာ အံ့သြစရာမရှိတော့ဘူး ။ ကြည့်ရတာ အဲ့ထက်တောင်မှ ပိုရင်ပိုနေဦးမယ်”

မူလက ချင်းရူရှီသည် စုန့်ရွှယ်ကျန်းနှင့် ရီဝမ်ဝမ်ကို စင်ပေါ်တွင် တိုက်ကြရအောင် စီစဉ်ထားခဲ့ခြင်းဖြစ်သည် ။
သို့နှင့် စုန့်ရွှယ်ကျန်းက ရီဝမ်ဝမ်အား လူအများရှေ့တွင် အရှက်ခွဲလိမ့်မည်ဟု တွေးဆထားခဲ့၏။
သို့သော် အခုတော့…. ထိုမိန်းကလေးသည် စင်ပေါ်ပင် မတက်ဝံ့လောက်အောင် သူရဲဘောကြောင်လွန်းနေလေသည် ။

အဟတ်…စင်ပေါ်ကို မတက်တာနဲ့ပဲ အကုန်အဆင်ပြေသွားမယ်များ ထင်နေလား ။
ကိုယ့်ကိုယ်ကို အရူးလုပ်နေတာပဲ ။

ချင်းရူရှီက ကာကွယ်ပေးသည့်ဟန်ဖြင့် ဝင်ရောက်ပြောပေးလာသည် ။
“ရွှယ်ကျန်းရာ…ထားလိုက်ပါတော့ ။ ဒီနေ့ပြိုင်ပွဲက သိုင်းပညာအသိချင်း ဖလှယ်ကြရုံလောက်ပဲဟာ ။ မိန်းကလေး ရီ က မတက်ချင်ဘူးဆိုရင် ငါတို့ အတင်းဖိအားမပေးကြရအောင်လား”

မူလက စီ မိသားစု၏ကိုယ်ရံတော်တို့သည် ရီဝမ်ဝမ် စင်ပေါ်တက်ပြီး ပြိုင်၍ ရှုံးသွားလျှင် စီ မိသားစု မျက်နှာအပျက်ကြီးပျက်ရလိမ့်မည်ဟု တွေးထားခဲ့ ကြ၏ ။
သို့သော် ထိုမိန်းကလေးသည် စင်ပေါ်မတက်ဝံ့လောက်အောင်ကို ကြောက်ရွံ့နေလေရာ…

ထိုသည်မှာ အရှက်ရစရာကောင်းလွန်းပေစွ ။

မူလက သူတို့သည် ယနေ့ ဒီနေရာကို လာလျှင် ဂုဏ်ယူပစားမှုတို့ ရလာလိမ့်မည်ဟု ကြံထားခဲ့ကြ၏ ။
သို့သော် အခုတော့ ကြည့်ရသည်မှာ
ဒီနေ့ပြိုင်ပွဲပြီးသွားသည်နှင့် သိုင်းမိသားစုကြီးသုံးခု၏ ဟားတိုက်ရယ်မောစရာသာ သူတို့ ဖြစ်လာကြရတော့မည် ။

ကိုယ်ရံတော်ခေါင်းဆောင်မှာ ထိုသည်ကို လက်သင့်မခံနိုင်ပါချေ ။
သို့နှင့် ရီဝမ်ဝမ် အရှေ့သို့ ထွက်လာပြီး တိုးတိုးတိတ်တိတ် အကြံပေးလာသည် ။
“သခင်မလေး ရီ…သခင်မလေး စင်ပေါ်ကို တက်ပြီးတော့ ပြိုင်လိုက်တာက ကောင်းမယ်ထင်တယ်”

ရီဝမ်ဝမ် ထိုကိုယ်ရံတော်အား မထေမဲ့မြင်ကြည့်လိုက်၏ ။
“ငါ ဒီလိုပွဲတွေကို စိတ်မဝင်စားဘူး”

သူမ၏သဘောထားကြောင့် ထိုကိုယ်ရံတော်၏ရင်ထဲတွင် ဒေါသတို့ ပလောင်ဆူလာသည် ။ သို့သော် ထုတ်တော့မပြဝံ့ပါပေ ။ သူ့ခမျာ မထေမဲ့မြင်ဖြင့် အံကိုကြိတ်ကာ အနောက်သို့ ပြန်ဆုတ်သွားတော့၏ ။

စုန့်မိသားစုက သိုင်းပညာရှင်များသည် ထိုကိုယ်ရံတော်အား လှောင်ပြောင်ရိပ်တို့ စွန်းလျက် ကြည့်လာကြကုန်ပြီ ။
“မင်းတို့ရဲ့ခေါင်းဆောင်က စင်ပေါ်တက်ရမှာကို သေမလောက် ကြောက်နေတာ ။ မင်းတို့ စိတ်လျှော့လိုက်ပါတော့ကွာ ။ အဟတ်… သူမ စင်ပေါ်ကို တက်သွားရင်တောင်မှ ငါတို့သခင်မလေးရဲ့ အမှုန့်ကြိတ်တာကို ခံရဦးမှာပဲ”

စီ မိသားစု၏ကိုယ်ရံတော်ငါးယောက်သည် တခြားသူများ၏အလှောင်ပြောင် အစော်ကားခံနေရသောကြောင့် လင်းတမှိုင်မှိုင်နေသည့်မျက်နှာများဖြင့် တိတ်တိတ်လေး ရပ်နေကြတော့သည် ။

ယနေ့တက်ရောက်လာကြသည့်အထဲတွင် ဂုဏ်သရေရှိဧည့်သည်တော်ကြီး နှစ်ယောက် ရှိနေသဖြင့် အခြေအနေကို အရုပ်ဆိုးအောင် သူတို့ မလုပ်ဝံ့ကြပေ ။
ထို့ကြောင့် စုန့်လီကျုံက ခက်ခက်ထန်ထန်ဖြင့် ပြောဆိုလာ၏ ။

“ပြိုင်ပွဲဆိုတာက ပြိုင်ပွဲဝင်ချင်တဲ့သူ စိတ်ပါမှသာ ဖြစ်လို့ရတဲ့အရာ ။ မိန်းကလေး ရီ က စင်ပေါ်မတက်ချင်ဘူး ဆိုမှတော့ ဒီအတိုင်းပဲ ထားလိုက် ပါတော့ ။ ရွှယ်ကျန်း…စင်ပေါ်တက်ပြီး ရူရှီနဲ့ သွားပြိုင်လိုက် ။ အနိုင်ရတဲ့သူ က လူကြီးမင်း ဆန်နီ နဲ့ပညာချင်းဖလှယ်ခွင့်ရပြီးတော့ သင်ကြားပြသမှုကို ရခွင့်ရှိမယ်!”

စုန့်လီကျုံ ပြောလာပြီဖြစ်သဖြင့် စုန့်ရွှယ်ကျန်းမှာ
အတွန့်မတက်နိုင်တော့။ ရီဝမ်ဝမ်အား လမ်းဘေးက အမှိုက်တစ်စလို မထီတထီကြည့်လိုက်ပြီး စင်ပေါ်သို့ လွှားကနဲတက်လိုက်၏ ။
“ကောင်းပါပြီ ။ ဘာပဲဖြစ်ဖြစ် သူမလို လူမျိုးကလဲ ကျွန်မနဲ့ တိုက်ခိုက်ဖို့ မတန်ပါဘူး ။ ရူရှီ..တိုက်ကြတာပေါ့”

ချင်းရူရှီက အနေရကျဉ်းကြပ်စွာဖြင့် ရီဝမ်ဝမ်အား ကြည့်လိုက်ကာ
ထို့နောက် သက်ပြင်းအသာချလိုက်ပြီး စင်ပေါ်သို့ တက်သွားတော့ သည် ။

“ခွင့်ပြုပါ”

သူတို့နှစ်ယောက်စလုံးသည် ဤပြိုင်ပွဲအပေါ်တွင် လုံးဝကို အာရုံစိုက်ထားကြ၏ ။ အကြောင်းသည်ကား ဤပြိုင်ပွဲတွင် အနိုင်ရရှိမည့်သူသည် ဝံပုလွေဘုရင်ကြီး ဆန်နီ နှင့် လက်ရည်စမ်းခွင့် ရရှိမည် မဟုတ်ပါလား ။

…………………………………………………

စာစဉ် ၄၂ ၊ အခန်း ၆ ။ ယှဉ်ပြိုင်ပြီ

ခနတွင်းချင်း ရီဝမ်ဝမ်နှင့် ကိစ္စအား မေ့မေ့ပျောက်ပျောက်ဖြစ်သွားကြပြီး စုန့်ရွှယ်ကျန်းနှင့် ချင်းရူရှီတို့ပေါ်တွင် အာရုံရောက်သွားကြလေပြီ ။

တစ်ယောက်သည် သိုင်းမိသားစုကြီးတစ်ခု၏အကြီးဆုံးသခင်မလေး ဖြစ်နေပြီး နောက်တစ်ယောက်မှာ ချင်း မိသားစု၏ နာမည်ဂုဏ်သတင်း မွှေးကြူသော အကြီးဆုံးသခင်မလေး ဖြစ်နေသည် ။
ချင်း မိသားစုသည်လည်း သိုင်းလောကတွင် အရေးပါအရာရောက်လှပြီး သိုင်းနှင့်ပတ်သက်ပါလျှင် အလွန်အမင်း စိတ်အားထက်သန်ကြသည့် မိသားစုတစ်စု ဖြစ်၏ ။ ထို့ပြင် ချင်းရူရှီမှာ ချင်း မိသားစု၏ မျိုးဆက်များထဲက အတော်ဆုံးသူဟု ယူဆနိုင်သည် ။
ထို့ကြောင့်ပင် သူမတို့နှစ်ယောက်၏ ယှဉ်ပြိုင်တိုက်ခိုက်မှု ကို လူတိုင်းက အမျှော်လင့်ကြီးမျှော်လင့်ထားကြ၏ ။

ချင်းရူရှီ နှင့် စုန့်ရွှယ်ကျန်းတို့သည် စင်မြင့်ပေါ်တွင် တစ်ယောက်နှ့င်တစ်ယောက် မျက်နှာချင်းဆိုင်ကာ ရပ်နေကြသည် ။

“ညီမလေး ရွှယ်ကျန်း...သင်ပြပေးပါဦး” 
စုန့်ရွှယ်ကျန်းအား ကြည့်ကာ ပြောလာသည့် ချင်းရူရှီ ။

ထိုသို့ပြောလိုက်သည်နှင့် စုန့်ရွှယ်ကျန်းက တိုးတိုးသသ ရယ်မောလာ ကာ…
“အစ်မ ရူရှီ…သင်ပြပေးတာတွေ ဘာတွေ မလိုပါဘူး ။ ညီမတို့က ဒီအတိုင်း ပညာချင်းဖလှယ်ကြရုံပဲ ယှဉ်ကြမှာပါ ။ ညီမလေး အစ်မ နဲ့တိုက်ခိုက်ကြည့် ချင်နေတာ တော်တော်လေးကြာနေပြီ ။ အခုမှပဲ အခွင့်အရေးရတော့တယ်”

ထိုသို့ပြောပြီးနောက် စုန့်ရွှယ်ကျန်း အရှေ့သို့ တက်လာသည် ။ သူမ၏ကိုယ်ခန္ဓာသည် လေအလျင်လို ပေါ့ပါးသည် ။ သူမ၏ပုံသဏ္ဍာန်မှာ ပန်းချီကားထဲက ခုန်ထွက်လာသည့်ဟန် ပေါ်သလိုလို ။ အလွန်အမင်း အပြေးမြန်ဆန်လွန်းလှသည့် ကြောင်ကြီးတစ်ကောင်နှင့် တူနေသလိုလို ။

စုန့်ရွှယ်ကျန်း၏ဟန်ပန်ကြောင့် လူကြီးမင်း မူ နှင့် ဝံပုလွေဘုရင်ကြီးမှာ အခုမှပင် စိတ်ဝင်တစားဖြစ်သွားကြပြီး ချီးမွမ်းအားရစွာ ခေါင်းတညိမ့်ညိမ့် လုပ်လာကြတော့၏ ။

စုန့်ရွှယ်ကျန်း၏သိုင်းပညာမှာ အတော်လေးပင် ချီးကျူးစရာ ကောင်းလှ၏ ။ ထိမိအောင် တိုက်ခိုက်နိုင်ရုံသာမက မြင်ရသူကို မျက်လုံးထဲ အေးသွားစေကာ နှစ်လိုဖွယ်ကောင်းလှပေသည် ။

ထိုချိန်တွင် ရီဝမ်ဝမ်သည်ကတော့…
သူတို့ပြိုင်ပွဲအား ကြည့်နေရင်း စိတ်အပျက်ကြီးပျက်နေလေသည် ။

ထိုမိန်းကလေးနှစ်ယောက်သည်
ဟေဒီတို့အဖွဲ့လောက်နှင့်သာ လက်ရည် တူပေလိမ့်မည် ။ အမည်မရှိသောနန်၊ ချောမောခန့်ညား သည့် သူတော်စင်
တို့နှင့် သာ သွားတွေ့ပါက တစ်ချက်လေးပင် ခံနိုင်လိမ့်မည်မဟုတ် ။

စုန့်ရွှယ်ကျန်း၏တိုက်ခိုက်နေပုံမှာ ထူးခြားလှပေသည် ။
သို့သော် သူ့အားသာချက်မှာ လျင်မြန်သွက်လက်မှုတစ်ခုထဲသာ ။ သူမ သုံးနေသည့်သိုင်းကွက်သည် ရင်ဆိုင်တိုက်ခိုက်ရာတွင် မသင့်လျော်ပေ ။ စုန့်ရွှယ်ကျန်းသာ ကြေးစားလူသတ်သမား တစ်ယောက် ဖြစ်မည်ဆိုလျှင် ချောင်းမြောင်းတိုက်ခိုက်ရမည့် ဤသိုင်းကွက်မှာ အတော်လေးအသုံးဝင် နိုင်ပေသည် ။

စုန့်ရွှယ်ကျန်းသာလျှင်မဟုတ် ။ ချင်းရူရှီ၏အားနည်းချက်တို့သည် လည်း ဘွင်းဘွင်းရှင်းရှင်းကြီး မြင်သာလှသည် ။

အခုချိန်တွင် ချင်းရူရှီသည် စုန့်ရွှယ်ကျန်းအား ခုခံကာတိုက်ခိုက်နေခြင်း ဖြစ်၏ ။ ချင်းရူရှီ အင်ပြည့်အားပြည့်တိုက်ခိုက်နေခြင်းမဟုတ်ကြောင်း ကိုမူ ရီဝမ်ဝမ် ကောင်းကောင်းကြီးပြောနိုင်ပေသည် ။

ချင်းရူရှီသည် စုန့်ရွှယ်ကျန်း အနိုင်ရအောင် တမင်တကာ လျှော့ပေါ့ပေးနေသည်မှာ အတော်လေးသိသာလှ၏ ။

ဤသိုင်းပြိုင်ပွဲသည် စုန့် မိသားစုက ဦးစီးပြီး ကျင်းပပေးနေခြင်း မဟုတ်ပါ လား ။ ထို့ကြောင့် ချင်းရူရှီအနေဖြင့် အနိုင်ယူစရာအကြောင်း လုံးဝမရှိပေ ။ သူမသည် ပြိုင်ပွဲကို တမင်အရှုံးခံကာ စုန့် မိသားစု နှင့်
စုန့်ရွှယ်ကျန်းအား မျက်နှာသာပေးမည်သာ ဖြစ်၏ ။

ချင်းရူရှီ၏မျက်နှာလုပ်တတ်သည့်အရည်အချင်းမှာ တကယ့်ကို ထိပ်တန်းအဆင့်ပင် ။

ချင်းရူရှီသည် တကယ့်ကို ကြမ်းပြီး စုန့်ရွှယ်ကျန်း ပြန်လှန်နိုင်မည့် လစ်ဟာမှုသူ၍ မရှိသလောက်ပင် ။
သို့သော် တခနကြာပြီးသည့် နောက်တွင် စုန့်ရွှယ်ကျန်း အနိုင်ယူနိုင်မည့် အားနည်းချက်တို့ကို တမင်တကာကြီး ထုတ်ပြလာတော့သည် ။

သို့ဖြင့်  ချင်းရူရှီ၏ သိုင်းပညာမှာ စုန့်ရွှယ်ကျန်းထက် အသာကြီးသာကြောင်းကို လူတိုင်း သိနိုင်ပေသည် ။

ချင်းရူရှီသည် စုန့်ရွှယ်ကျန်းအား အနောက်သို့ ဆုတ်သွားအောင် လုပ်ပစ်ကာ သူမခွန်အားကို ထုတ်ပြလိုက်မိသည့်အချိန်တိုင်း မြန်မြန်ဆန်ဆန်ပင် အားနည်းချက်တို့ပြကာ သူမကသာ အနောက်သို့ ပြန်ပြန်ဆုတ်သွားပေး၏ ။ ထိုကဲ့သို့ တမင်တကာပင် နိုင်မယောင်ပြုကာ၊ ရှုံးမယောင်လုပ်ပြလာသည်မှာ ဆက်တိုက်ပင် ဖြစ်လာသည် ။

ခုနစ်မိနစ်၊ ရှစ်မိနစ်ခန့် ရှိလာသည့်အချိန်တွင် ချင်းရူရှီသည် အမှားတစ်ချက် လုပ်လိုက်မိသဖြင့် စုန့်ရွှယ်ကျန်းက ထိုအခွင့်ကောင်းကို အပိုင်ကိုင်ကာ ဓားတစ်ချောင်းကဲ့သို့ ဝှီးခနဲ ပြေးဝင်လာတော့သည် ။
ချင်းရူရှီ အခွင့်မသာတော့ဘဲ စည်းအပြင်ကို ရောက်သွားရ၏ ။

“မိန်းကလေး စုန့် အနိုင်ရရှိသွားပါတယ်”

ချင်းရူရှီ စင်ပေါ်ကို ဆင်းသွားသည့်နောက်တွင်
ဒိုင်လူကြီးအဖွဲ့က အနိုင်ရရှိသူကို ကြေညာပေးလာသည် ။

ထိုရလဒ်အဖြေကြောင့် စုန့်လီကျုံသည် နှစ်ထောင်းအားရဖြစ်ကာ ချင်းရူရှီအား အလွန်အမင်းကျေးဇူးတင်စွာဖြင့် ကြည့်လာသည် ။

စုန့်လီကျုံ သိုင်းလောကတွင် ကျင်လည်လာသည်မှာ ကြာလှချေပြီ ။ ချင်းရူရှီသည် စုန့်ရွှယ်ကျန်းအား တမင်တကာ အလျှော့ပေးခဲ့ခြင်း ဖြစ်ကြောင်းကို စုန့်လီကျုံ ဘယ်လိုလုပ် မသိရှိပါမည်နည်း ။
ချင်းရူရှီသာ အလျှော့ပေးခဲ့ခြင်းမရှိပါလျှင် ဤတစ်ကြိမ်အနိုင်ရရှိသူမှာ သူ၏သမီး ဖြစ်လိမ့်မည်မဟုတ် ။

……………………………………………………

စာစဉ် ၄၂၊ အခန်း ၇ ။ ကျောက်ရုပ်ကြီးဖြစ်သွားတာလား

“ရူရှီ”

အနိုင်ရရှိသူကို ကြေညာလာသည့်နောက် စုန့်ရွှယ်ကျန်းက လှစ်ခနဲ အံ့အားသင့်ဟန် ပေါ်လာသည် ။ ချင်းရူရှီက သူမအား လမ်းတစ်ချို့ ဖွင့်ပေးထားခဲ့ခြင်းကြောင့်သာ မဟုတ်ပါလျှင် သူမသည် ဟိုးကတည်းက ရှုံးနိမ့်သွားမည်သာ ဖြစ်၏ ။

မူလက ချင်းရူရှီသည် သူမအား အရှုံးပေးလိမ့်မည်မဟုတ်ဟု
စုန့်ရွှယ်ကျန်း တွေးထားခဲ့၏ ။ သို့သော်
ချင်းရူရှီသည် အမှန်တကယ်ကြီး သူမအား အနိုင်ပေးလေသည် ။

“ညီမလေး ရွှယ်ကျန်းရဲ့သိုင်းပညာက တကယ့်ကို ထူးချွန်ပါတယ် ။
မမက ညီမလေးရဲ့ပြိုင်ဘက် မဖြစ်ထိုက်ပါဘူး ။
အနိုင်ရသွားတဲ့အတွက် စုန့် မိသားစုကိုယ်စား ဂုဏ်ယူပါတယ်” 
ချင်းရူရှီက ပြုံးစစမျက်နှာဖြင့် ပြောလာသည် ။

ထိုစကားကြောင့် စုန့်ရွှယ်ကျန်း မဆိုစလောက်လေး ပြုံးလာ၏ ။
“မမ ရူရှီကလဲ တကယ့်ကို တော်လွန်းပါတယ် ။
ညီမလေး မမကို လေးစားပါတယ်”

ထို့နောက်  စုန့်ရွှယ်ကျန်းသည် မျက်ဝန်းထဲတွင် အတိုင်းသား စက်ဆုပ်ရွံရှာဟန်အပြည့်ဖြင့် ရီဝမ်ဝမ်အား ကြည့်လာသည် ။

“ဒိုင်လူကြီးမင်း…စီ မိသားစုကို ကိုယ်စားပြုထားတဲ့သူကရော ပြိုင်ဖို့ မလိုတော့ဘူးလား”

စုန့်ရွှယ်ကျန်းက ရင်ထဲကအလိုမကျမှုတို့ကို မမြိုသိပ်ထားနိုင်ဘဲ ဒိုင်လူကြီးအဖွဲ့အား မေးလာခြင်းပင် ။

အသက်ကြီးကြီးဒိုင်တစ်ယောက်သည် မတ်တပ်ထရပ်လာပြီး ရီဝမ်ဝမ်အား ကြည့်လာကာ မေးခွန်းထုတ်လာသည် ။
“မိန်းကလေး ရီ က ဒီနေ့ စီ မိသားစုကို ကိုယ်စားပြုပြီး ရောက်လာတာပါ ။ ဒါကြောင့်မို့ ကျေးဇူးပြုပြီး စင်ပေါ်တက်ပြီး စုန့် မိသားစုကိုယ်စားလှယ်နဲ့ ပညာချင်း ဖလှယ်ပေးပါ”

“မိန်းကလေး ရီ က စီ မိသားစုကို ကိုယ်စားပြုထားတဲ့သူ
ဖြစ်နေတော့ ပြိုင်ကိုပြိုင်ရပါမယ် ။ ဒါက စည်းကမ်းပါ”
ထိုဒိုင်လူကြီးသည် ထပ်မံကာ ဖြည့်စွက်ပြောလာသည် ။

ဤတစ်ကြိမ်တွင်မူ ရီဝမ်ဝမ် ပြိုင်ငြင်းမနေတော့ ။
မတ်တပ်ထရပ်လာသည်။
“ကောင်းပါပြီ”

ဒိုင်လူကြီးက စည်းကမ်းဖြစ်သည်ဟု ပြောနေသည်ဆိုမှတော့
သူမအနေဖြင့် ထိုစည်းကမ်းကို လိုက်နာရမည်သာ မဟုတ်လား ။

ရီဝမ်ဝမ် သဘောတူလိုက်သည်ကို မြင်လိုက်ချိန်တွင် ချင်းရူရှီ၏နှုတ်ခမ်းတို့ တွန့်ကွေးတက်လာပြီး အေးစက်စက်အပြုံးရေးရေး ထွက်ပြူလာသည် ။

စင်မြင့်ထက်တွင် စုန့်ရွှယ်ကျန်းသည် သူမဆီ ဖြည်းဖြည်းချင်း လျှောက်လာနေသည့် ရီဝမ်ဝမ်အား ကြည့်နေရင်း…
“စိတ်ချပါ…ရှင့်တစ်သက်လုံး ရင်ထဲစွဲကျန်သွားစေမယ့် တိုက်ခိုက်မှုမျိုး ရသွားအောင် လုပ်ပေးမယ်”

“ကောင်းပြီ”
ရီဝမ်ဝမ် ထူးမခြားနားစွာသာ ပြန်ဖြေလိုက်သည် ။

စီ မိသားစုကိုယ်ရံတော်တို့အဖို့မူ ရင်ထဲ စိုးရိမ်ကြောင့်ကြကုန်ကြလေပြီ ။ ပြိုင်ပွဲစပြီဆိုသည်နှင့် ရီဝမ်ဝမ်သည် အသက်ထွက်အောင် အရိုက်ခံရမည် မဟုတ်သော်လည်း မသေမရှင်ဖြစ်သွားအောင် အရိုက်ခံရမည်ကတော့ လုံးဝသေချာသည် ။

ထိုကိုယ်ရံတော်တို့အဖို့မူ သူတို့ အဟားတိုက်ခံနေရရုံနှင့်ပင် လုံလောက် နေလေပြီ ။ အကယ်၍များ ရီဝမ်ဝမ်သည် စုန့်ရွှယ်ကျန်း၏ တိုက်ခိုက်မှုကို တစ်ချက်လေးပင် မခံနိုင်လိုက်ဘဲ မသေမရှင်ဖြစ်အောင် အရိုက်ခံလိုက်ရပါက သူတို့ဘဝတစ်လျှောက်လုံးပါ အလှောင်ပြောင်ကြီး လှောင်ပြောင်ခံရပေတော့မည် ။

ရီဝမ်ဝမ်သည်ကတော့ ထိုထိုလှောင်ပြောင်ထေ့ငေါ့နေကြသည့်အကြည့်တို့ကို
လုံးဝကို လျစ်လျူရှုထားပြီး စင်ပေါ်သို့ တက်သွားနေသည် ။

“ပြိုင်ပွဲ စပါပြီ”

ဒိုင်လူကြီးက မြန်မြန်ဆန်ဆန် ကြေညာလာသည် ။

ထိုသို့ပြောလိုက်သည့်အခိုက်…
စုန့်ရွှယ်ကျန်းသည် အရှေ့သို့ တက်လာကာ
ရီဝမ်ဝမ်ဆီသို့ ပြေးဝင်လာတော့သည် ။
သို့တိုင်အောင် ရီဝမ်ဝမ်သည်ကား စုန့်ရွှယ်ကျန်းကို မမြင်လေသည့်အလားနှယ် နေရာကနေ တုပ်တုပ်မျှမလှုပ်…

“ဟားဟားဟား…စီ မိသားစုရဲ့ကိုယ်စားလှယ်က ကျောက်ရုပ်ကြီး ဖြစ်သွားတာလား”

“သိုင်းထုတ်ဖို့အချိန်ကို မရတာနေမှာပေါ့ကွာ ။ ဘာပဲပြောပြော သူမက ဘာသိုင်းမှမတတ်တဲ့ သာမန်မိန်းကလေးတစ်ယောက်ပဲ မဟုတ်လား”

ပရိသတ်ထုကြီးမှာ အတင်းအုပ်လာကြကုန်ပြီ ။

ထိုအခိုက်အတန့်၊ ရီဝမ်ဝမ် ရုတ်တရက်ကြီး လက်ယမ်းပြလာသည် ။
“ဒိုင်လူကြီးမင်း…ကျွန်မ အရှုံးပေးတယ်”

သူမ ပြောလိုက်သည့်စကားကြောင့် စုန့်ရွှယ်ကျန်း
တောင့်ခနဲ ဖြစ်သွား၏ ။ သူမ၏လက်တို့သည်လည်း လေထဲတွင် တန့်ခနဲ  ။

ဘာတွေဖြစ်နေတာလဲ ။
ရီဝမ်ဝမ်က စင်ပေါ်တက်လာပြီး
အရှုံးပေးတယ်လို့ ပြောလိုက်တာလား ။

“ဒါက..”

ဒိုင်လူကြီးအဖွဲ့မှာလည်း အကျဉ်းထဲအကြပ်ထဲ ရောက်လာကြ၏ ။
စီ မိသားစု၏ကိုယ်စားလှယ်သည် တစ်ချက်လေးပင် တိုက်ခိုက်ခြင်းမရှိဘဲ ယခုလိုမျိုး အရှုံးပေးပြီဟု ပြောနေသည်တဲ့လား ။
ဤကဲ့သို့ အရှုံးပေးလာခြင်းမျိုး သူတို့ တစ်ခါမှပင် မကြုံဖူးသေးပေ ။

ရီဝမ်ဝမ် ပြောလိုက်သည့်စကားကြောင့် ချင်းရူရှီသည်လည်း မျက်မှောင်တို့ တွန့်ကြုတ်လာသည် ။

“ဟားဟားဟား…အဲ့ဒီမိန်းကလေးကို ခွင့်လွှတ်လိုက်ကြပါဗျာ ။ စံအိမ်ကြီးထဲမှာပဲ ခြေမွေးမီးမလောင်လက်မွေးမီးမလောင် နေလာခဲ့ရတဲ့ သခင်မလေး ဆိုတော့ သိုင်းအကြောင်း ဘာနားလည်ပါ့မလဲဗျာ ။ အစ်မ ရွှယ်ကျန်းက အဲ့တစ်ယောက်ကို ထိခိုက်ဒဏ်ရာရအောင် လုပ်မိသွားရင် ခက်ကုန်မှာပေါ့”

“ဟုတ်ပါ့ဗျာ ။ ဘာလုပ်လုပ် စိတ်ပါဖို့က အဓိကပါပဲ ။ မိန်းကလေး ရီ က စီ မိသားစုကို ကိုယ်စားပြုတယ်ဆိုရုံ လာခဲ့တာဆိုတော့ စင်ပေါ်တက်ပြီး တိုက်ခိုက်နေဖို့ မလိုပါဘူးဗျာ”

…………………………………………………

စာစဉ် ၄၂၊ အခန်း ၈ ။ အရမ်း လွန်မလာနဲ့

“စီ မိသားစု၏အသက်မွေးဝမ်းကြောင်းက သိုင်းပညာမဟုတ်ဘူး ။
သူတို့တွေက စီးပွားရေးမိသားစုကြီးတစ်စုပဲလေ ။
ဒီတော့ ခင်ဗျားတို့တွေ စီ မိသားစုရဲ့ကိုယ်စားလှယ်ကို သိုင်းမိသားစုကြီး တစ်စုရဲ့သမီးနဲ့ ယှဉ်တိုက်ခိုင်းမယ်ဆိုရင် ဒါက ဘာသဘောလဲ ။ လူတွေကို အနိုင်မကျင့်စမ်းပါနဲ့”

ချက်ချင်းပင် လူအုပ်ကြီးသည် ရီဝမ်ဝမ်ဘက်ကနေ ပြောပေးလာကြပြီ ။

ရီဝမ်ဝမ်သည် သိုင်းသမားတစ်ယောက်ဆိုပါလျှင် စင်ပေါ်တက်ပြီး တိုက်ခိုက်သည်မှာ ပုံမှန်ပင် ဖြစ်၏ ။
သို့သော် သူမလေးသည် သိုင်းပညာအကြောင်း နကန်းတစ်လုံးပင် မသိသည့် သာမန်လူတစ်ယောက် ဖြစ်နေသည် မဟုတ်လား ။ သို့ဖြစ်ရာ…
သူမကို စင်ပေါ်သို့ အတင်းတက်ခိုင်းပြီး တိုက်ခိုက်ခိုင်းခြင်း…
ထိုသည်မှာ အတော်လေးကို ကျိုးကြောင်းမဆီလျော်လွန်းပေ ။

ရီဝမ်ဝမ်က ဒိုင်လူကြီးအဖွဲ့ဘက်သို့ လှည့်လာပြီး တည်တည်ငြိမ်ငြိမ် ပြောဆိုလာသည် ။

“စင်ပေါ်တက်ပြီး တိုက်ခိုက်ရမှာက စည်းကမ်းဆိုလို့
ကျွန်မ တက်လာပြီးပြီ ။ ဒီတော့ အခု အရှုံးပေးလိုက်တာက ပြသနာမရှိဘူးမလား”

သူမနှင့် ယှဉ်ပြိုင်မည့်သူမှာ အမည်မရှိသောနန် တို့သာ ဖြစ်မည်ဆိုပါလျှင် သွေးထွက်သံယို ဖြစ်မည်ဆိုလျှင်တောင်မှ
သူမ ဝင်ပြိုင်မိပေလိမ့်မည် ။ သို့သော် ဘယ်လိုပဲတွေးတွေး ထိုလူတွေကို ခေါ်ပြိုင်နိုင်ဖို့ကတော့ ခက်ခဲလှသည့် အလုပ်ပင် ။

စုန့်ရွှယ်ကျန်းနှင့် ချင်းရူရှီတို့ဆိုသည်မှာ သူမမျက်လုံးထဲတွင်မူ
သူမ သင်ပြပေးဖို့ပင် မထိုက်တန်သည့်သူများ ဖြစ်ကြ၏ ။
သို့ဖြစ်ရာ သူတို့နှင့် ယှဉ်တိုက်လိုက်ပါက သူတို့ကို ကူညီလိုက်ရာကျမသွားပေဘူးလား ။ ထို့အပြင် သူမ၏ရင်ထဲတွင် သူတို့နှင့်ယှဉ်တိုက်လိုသည့်စိတ်ကူး တစိုးတစိမျှ ရှိမနေပါချေ ။

“စီ မိသားစု ကိုယ်စားလှယ်က အရှုံးပေးလိုက်ပါပြီ ။
ဒီတော့ စုန့် မိသားစုက ပထမရပြီး၊ ချင်း မိသားစုက
ဒုတိယ နဲ့ စီ မိသားစုက နောက်ဆုံးဖြစ်သွားပါပြီ”

ဒိုင်လူကြီးက ရလဒ်များကို ကြေညာပေးလာသည် ။

စီ မိသားစု၏ကိုယ်ရံတော်များ သက်ပြင်းကျိတ်ချမိကုန်ကြသည် ။ ဤကဲ့သို့ ဖြစ်လာမည်မှန်းသာ သူတို့ ကြိုသိထားမိကြပါလျှင်
ဒီနေ့ သူတို့ လိုက်လာမိကြလိမ့်မည် မဟုတ်ပေ ။

အထူးဧည့်သည်တော်ထိုင်ခုံတွင် ဝံပုလွေဘုရင်ကြီး ဆန်နီသည်
စုန့်လီကျုံ နှင့် စကားပြောနေရာမှ မတ်တပ်ထရပ်လာပြီး
စင်မြင့်ဆီကို လျှောက်လာသည် ။

“ဝံပုလွေ ဘုရင်ကြီး ဆန်နီ က ကျွန်တော့်သမီးနဲ့ သိုင်းပညာချင်း ဖလှယ်တော့မယ်”
စုန့်လီကျုံ ပြုံးဖြီးနေလေပြီ ။

ချက်ချင်းပင် လူတိုင်းဆီကနေ လက်ခုပ်သံတို့ တဖြောင်းဖြောင်း မြည်လာလေပြီ ။

စုန့်ရွှယ်ကျန်းသည်လည်း စင်မြင့်ပေါ်သို့ ဝံပုလွေဘုရင်ကြီး လျှောက်လာနေသည်ကို မြင်လိုက်ပြီး ရင်ထဲ တဒိတ်ဒိတ် ခုန်လာတော့ပြီ ။

တခနအတွင်း ဝံပုလွေဘုရင်ကြီးမှာ စင်မြင့်ပေါ်သို့ ရောက်လာပြီး စုန့်ရွှယ်ကျန်းအား ကြည့်လာသည် ။
ထို့နောက် လက်နောက်ပစ်ကာ ခေါင်းတညိတ်ညိတ်လုပ်လာပြီး..
“အရင်တိုက်ပါ…အားမနာပါနဲ့”

စုန့်ရွှယ်ကျန်းက ခေါင်းညိတ်ပြလိုက်ပြီး ချက်ချင်းပင် သိထားသမျှ သိုင်းတို့ကို ထုတ်သုံးကာ ဝံပုလွေဘုရင်ကြီး ဆန်နီ ထံ ပြေးဝင်သွား၏ ။

သို့သော်၊ မွေထိုင်းချန်ပီယံသမားကြီးမှာ လက်ညှိုးလေးတစ်ချောင်းထဲနဲ့ စုန့်ရွှယ်ကျန်း၏ တိုက်ခိုက်မှုအား ကာဆီးပစ်နိုင်လေ၏ ။

“ဒါ..”

စုန့်ရွှယ်ကျန်း အံ့အားသင့်သွားသလို မယုံကြည်နိုင်ပါ ဖြစ်သွားသည် ။ သူသည် အလွန်တရာထူးချွန်မှန်း သူမ သိထားသော်လည်း ဤမျှထိ တော်လိမ့်မည်ဟု ထင်မထားမိခဲ့ပေ ။

“မိန်းကလေးရဲ့သိုင်းကွက်တွေက အရမ်းမြန်ချင်မြန်လိမ့်မယ် ။ ဒါပေမယ့် မိန်းကလေးရဲ့ခွန်အားက ပျော့လွန်းနေတယ် ။ ဆက်တိုက်ပါ”
ဝံပုလွေဘုရင်ကြီး ဆန်နီ က ထောက်ပြလာသည် ။

ထိုစကားကို ကြားလိုက်ပြီး စုန့်ရွှယ်ကျန်း ရှက်သွေးဖြာသွားကာ ရှိသမျှခွန်အားတို့ကို စုလိုက်ပြီး
သူ့အား တိုက်ခိုက်တော့သည် ။

သို့သော်၊ အားအပြည့်ထုတ်သုံးတာတောင်မှ ဝံပုလွေဘုရင်ကြီး ဆန်နီ က အသာလေးချေမှုန်းနိုင်လေသည် ။ ထိုဝံပုလွေဘုရင်ကြီးသည် သူမ၏ရန်သူသာ ဖြစ်နေပါလျှင် သူမမှာ အကြိမ်ပေါင်း မရေမတွက်နိုင်အောင် သေပြီးနေလောက်ပေပြီ ။

ငါးချီမြောက်တိုက်ခိုက်လာအပြီးတွင် ထိုဝံပုလွေကြီးသည် စိတ်ဝင်စားမှုတို့ လျော့နည်းလာကာ လက်ဝါးစောင်းနှင့် ရိုက်ပြီး
စုန့်ရွှယ်ကျန်းအား မြေပြင်ပေါ် လှဲသိပ်ပစ်လိုက်ပြီး ပြိုင်ပွဲအား အဆုံးသတ်ပစ်လိုက်တော့၏ ။

“ကျွန်မ ရှုံးသွားပြီ”
စုန့်ရွှယ်ကျန်းက ဝံပုလွေဘုရင်ကြီး ဆန်နီ အား ကြည့်ကာ ပြောလာသည် ။

“အင်း…မိန်းကလေးက ငယ်ပါသေးတယ် ။
အခုတောင်မှ တော်တော်လေး တော်နေပါပြီ”

ဝံပုလွေဘုရင်ကြီးသည် သူမအား လက်ကမ်းလိုက်ရင်း
ယဉ်ယဉ်ကျေးကျေး ပြောဆိုသည် ။

ထို စုန့်ရွှယ်ကျန်းနှင့် ဝံပုလွေဘုရင်ကြီး ဆန်နီ တို့၏ တိုက်ပွဲအား တွေးဆဆဖြင့် ကြည့်ရှုနေသူ တစ်ယောက်တော့ ရှိနေလေသည် ။ ထိုသူမှာ….ရီဝမ်ဝမ် ။
သူမ ရင်ထဲတွင် ထိုဝံပုလွေဘုရင်ကြီး၏သိုင်းပညာသည်လည်း
ထိုမျှလောက် အထင်ကြီးစရာကောင်းမနေပြန် ။

အင်း…ငါ အမည်မရှိသောနန် တို့အဖွဲ့နဲ့ တွဲလာတာကြလို့
လူတိုင်းကို သာမန်ချည်း လိုက်မြင်နေမိတော့တာလား ။

သူမသည် အခုတလောတွင် မည်သူနှင့်မှ တိုက်ခိုက်ခဲ့ခြင်း မရှိသလို အီလဲဗင်းတို့နှင့်လည်း သိုင်းပညာချင်း ဖလှယ်ခဲ့ခြင်းမျိုး မရှိခဲ့ပေ ။
ထို့ကြောင့် သူမ၏အခုရက်ပိုင်း တိုးတက်လာမှုတို့ကို သူမတစ်ယောက်ထဲသာလျှင် သိထားပေသည် ။

ရုတ်တရက်… ဝင်ပေါက်ဝတွင် အုံးအုံးညံလာသည် ။
လူတိုင်း ထိုဝင်ပေါက်ဝအား လှည့်ကြည့်ကုန်ကြ၏ ။

ဘုန်း ခနဲ အသံကြီးတစ်သံ ထွက်လာပြီး ကင်းစောင့်နေသည့်ကိုယ်ရံတော် တော်တော်များများ အနောက်သို့ လွင့်ပျံကုန်ကြသည်မှာ ကြိုးပျက်သွားသည့် စွန်တစ်ခုနှယ် ။

ချက်ချင်းဆိုသလို စုန့်လီကျုံ အလိုလိုမတ်တပ်ထရပ်လိုက်ပြီး ထိုမဖိတ်ခေါ်ထားသည့်ဧည့်သည်တော်အား ကြည့်လိုက်၏ ။

……………………………………………………

စာစဉ် ၄၂၊ အခန်း ၉ ။ ဒေါသမထွက်ပါနဲ့

ထိုရောက်ရှိလာကြသူများမှာ အာရှတိုင်းသား မျက်နှာများ ဖြစ်ကြသည် ။ သို့သော်လည်း တရုတ်များတော့ မဟုတ်ကြ ။ တရုတ်နိုင်ငံအနားတစ်ဝိုက်တွင် ရှိသည့်နိုင်ငံများမှ လာကြဟန်တူသည် ။

စုစုပေါင်း လူသုံးယောက် ။
ခေါင်းဆောင်ဖြစ်ဟန်တူသူမှာ လူကြီးလူကောင်းဟန်ပန်ဖြင့်
ဆံပင်ကို အနောက်လှန်ဖြီးထားကာ
မျက်နှာပေါ်တွင် ငွားငွားစွင့်စွင့် အပြုံးကြီးတစ်ပွင့် ရှိနေသည် ။

“ဘယ်သူလဲ”

စုန့်လီကျုံက ထိုဝတ်စုံပြည့်နှင့် ယောကျာ်းအား ကြည့်လိုက်ပြီး ဒေါသတကြီး အော်မေးလိုက်သည် ။

“ငါလား” ဝတ်စုံပြည့်နှင့် လူသည် သူ့ကိုယ်သူ လက်ညှိုးထိုးလာပြီး ပြုံးပြုံးကြီး ပြန်ဖြေလာသည်ကား… “ရာမာမိုတို ဆုဘဆာ” 

“တိုင်းပြည် R က ရာမာမိုတို ဆုဘဆာ..လား” 
စုန့်လီကျုံ၏မျက်နှာ ချက်ချင်းပင် မည်းကွက်သွား၏ ။

တရုတ်နိုင်ငံနှင့် တိုင်းပြည် R အကြားက သိုင်းပညာယဉ်ကျေးမှုသည် အမြဲတစေ ချိတ်ချိတ်ချင်း ငြိနေကြသည်ချည်း ဖြစ်၏ ။

“တိုင်းပြည် R က ထိပ်သီး ကရာတေးပညာရှင်
ရာမာမိုတို ဆုဘဆာ များလား” 
ဝံပုလွေဘုရင်ကြီး ဆန်နီ က တွေးဆဆဖြင့်
ပြောလာသည် ။

“တိုင်းပြည် R က ကရာတေးဖခင်ကြီး ဆက်ဆန်ကို အနိုင်ယူနိုင်ခဲ့တဲ့ ဆရာကြီးလား” 
စုန့်လီကျုံ ပါးစပ်အဟောင်းသား ဖြစ်သွား၏ ။

ရာမာမိုတို ဆုဘဆာသည် တိုင်းပြည် R ၏ ကရာတေးလောကတွင် မိုးကြိုးသွားဟု နာမည်ကြီးနေသူ ဖြစ်၏ ။
ထို့ကြောင့် စုန့်လီကျုံ သူ့အကြောင်းကို ကြားဖူးနား၀ ရှိနေ၏ ။

“ခင်ဗျားကို ဒီကနေ မကြိုဆိုဘူး”
စုန့်လီကျုံက ရာမာမိုတို ဆုဘဆာအား အော်ဟစ်လိုက်၏ ။

ထိုနှစ်နိုင်ငံ၏မသင့်မြတ်မှုများကြောင့် တိုင်းပြည် R နှင့် တရုတ်နိုင်ငံ အကြားက သိုင်းပညာရှင်များသည်လည်း တင်းမာသည့်ဆက်ဆံရေးတို့ ရှိကြ၏ ။

“အဟတ်…” ရာမာမိုတို ဆုဘဆာက ရယ်သွမ်းသွေးလာသည် ။
“ကျုပ်ကလည်း ခင်ဗျား ကြိုဆိုဆို မဆိုဆို ဂရုစိုက်တဲ့ကောင် မဟုတ်ဘူး”

ထို့နောက် ထိုရာမာမိုတို ဆုဘဆာသည် ချင်းရူရှီ၊
စုန့်ရွှယ်ကျန်း နှင့် ရီဝမ်ဝမ်တို့အား လက်ညှိုးငေါက်ငေါက်ထိုးလာကာ…
“ဘာလဲ ။ တရုတ်ပြည်ရဲ့ ဒိတ်ဒိတ်ကြဲမိသားစုကြီးသုံးစုက လူတွေ သေကုန်ပြီလား ။ ကိုယ်စားလှယ်တွေကို ဒီလိုမလောက်လေး မလောက်စား မိန်းမတွေကို လွှတ်လိုက်တယ်တဲ့ ။ ရှက်ရကောင်းမှန်း မသိတဲ့ဟာတွေ”

“မင်း ဘာပြောလိုက်တာလဲ”
စုန့်လီကျုံ ဒေါသတကြီး ဟစ်အော်လာလေပြီ ။

“အာ…သိပ်လဲ ဒေါသမထွက်စမ်းပါနဲ့ဗျာ.. ဒေါသကြီးမနေပါနဲ့”
ရာမာမိုတို ဆုဘဆာသည် ခပ်သော့သော့ရယ်သွမ်းသွေးလာကာ
သူ့မျက်မှန်ကနေ ပင့်ကြည့်လိုက်ပြီး…
“သိပ်လဲ စိတ်မကြီးစမ်းပါနဲ့၊ ဟုတ်ပီလား ။ ကျုပ်က ခင်ဗျားတို့ စုန့် မိသားစုကိုပဲ ပြောနေတာမဟုတ်ဘူး ။ ကျုပ်မျက်လုံးထဲမှာ ဒီမှာရှိနေတဲ့ လူတိုင်းက အမှိုက်တွေပဲ ။ ကိုယ့်စီးပွားရေးကိုယ်ပဲ အသာလုပ်နေစမ်းပါ ။ တရုတ်လူမျိုးတွေရဲ့မျိုးရိုးကိုက သိုင်းပညာအတွက် ဖြစ်လာတဲ့ကောင်တွေ မဟုတ်ဘူး”

“ခင်ဗျား…”

စုန့်လီကျုံက ဒေါသတကြီးဖြင့် မေးရိုးကြီးတို့ ထိုးထောင်လာအောင်ထိ အံကြိတ်လာချေပြီ ။  ရာမာမိုတို ဆုဘဆာက ငရဲကြီးရှစ်ထပ်ကို ခြေကြွနေခြင်းပေလား ။ တော်တော်ကို ဂြိုလ်ကြွနေလေသည် ။

ထိုလူကများ ဒီမှာရှိနေတဲ့လူတိုင်းကို ရန်စလိုရန်စ၊ စော်ကားလိုစော်ကား လုပ်နေပါရော့လား ။

“ပြောကြတာကတော့ တရုတ်နိုင်ငံရဲ့ အစဉ်အလာဝင့်ထည်တဲ့ မိသားစုကြီး သုံးစုက အရမ်းတွေအားကြီးလွန်းလှတယ်ဆို ။
ခင်ဗျားတို့တွေက ဒီနေ့ သိုင်းပြိုင်ပွဲတွေ ဘာတွေတောင် ကျင်းပလိုက်သေးတယ်ဆိုတော့ ကျုပ်ကလဲ အဲ့ဒီမိသားစု သုံးစုကို ကိုယ်စားပြုထားတဲ့သူတွေကို ဖြောင်းခနဲ ဖြောင်းခနဲ မြည်အောင် ရိုက်ချပေးရဦးမှာပေါ့ ။ ဘယ်လိုလဲ…ကျုပ် မရိုက်နိုင်ရင် အဲ့ဒီ ကိုယ်စားလှယ်သုံးယောက်ကို ကျုပ်ကို သတ်ခိုင်းလိုက်လိုက်၊ စိန်ရဲလား”

“သွားသေလိုက်စမ်း”

စုန့်ရွှယ်ကျန်း ချက်ချင်းပင် ရှေ့တက်လာလေပြီ ။

သို့သော်လည်း ဝံပုလွေဘုရင်ကြီး ဆန်နီ က သူမအား တားလာသည် ။ ထို့နောက် ရာမာမိုတို ဆုဘဆာအား ကြည့်လိုက်ကာ…
“ကျွန်တော် ကြားတာကတော့ ခင်ဗျားရဲ့ကရာတေးက အံ့မခန်းပဲဆို ။ ဒါဖြင့် ကျွန်တော်နဲ့ တစ်ပွဲလောက်အရင် နွှဲကြည့်ရအောင်လား ။
ဒီနေ့ တိုက်တိုက်ဆိုင်ဆိုင် ခင်ဗျားနဲ့ လာတွေ့ရတာ ဆိုတော့ ဒီအခွင့်အရေးကို လက်လွှတ်ခံလိုက်လို့ ဘယ်ကောင်းပါ့မလဲ”

“ဝံပုလွေဘုရင်ကြီး ဆန်နီ…ဒီကိစ္စက ခင်ဗျားနဲ့ ဘာမှမပတ်သက်ဘူး ။ မဆိုင်ရင်မဆိုင်သလို နေ၊ အလကားသက်သက် လူရယ်ခံရစရာ ဖြစ်အောင် မလုပ်ချင်စမ်းပါနဲ့လား”
ရာမာမိုတို ဆုဘဆာက ရယ်ကာမောကာဖြင့် ပြောဆိုလာသည် ။

ထိုသည်ကို ကြားလိုက်သည်တွင် ဆန်နီ၏ရင်ထဲ ဒေါသတို့ ပေါက်ကွဲလာတော့သည် ။
သူ့မျက်လုံးထဲတွင် အေးစက်စက်အလင်းရောင်တန်းတစ်ခု ဖြိုးဖြိုးဖျတ်ဖျတ်ပေါ်လာတော့ပြီး လက်သီးလက်မောင်းတန်းကာ
ရှိသမျှ ခွန်အားတို့ကို အကုန်စုစည်းလျက် ရာမာမိုတို ဆုဘဆာဆီသို့ ပြေးဝင်သွားတော့သည် ။

ဆန်နီ သိုင်းကွက်ထုတ်လာသည်ကို မြင်လိုက်သည်နှင့်
လူတိုင်း စိတ်လှုပ်ရှားရင်ခုန်လာကြတော့၏ ။

သို့သော်…

ရာမာမိုတို ဆုဘဆာသည်ကတော့…
သက်ပြင်းတစ်မှုတ် မှုတ်ထုတ်လိုက်ရုံသာ ။ တခနလေးအတွင်း
သူ့ညာလက်ကို မြှောက်လိုက်ပြီး ဓားတစ်ချောင်းအလားနှယ် အားပြင်းပြင်းဖြင့် တစ်ဖက်လူဆီကို ဝင်သွားလေပြီ ။

လူတိုင်း၏အရှေ့တွင်ပင် ထိုကရာတေးလက်စောင်းသည်
ဆန်နီ၏လည်တိုင်ပေါ် ဖြတ်ကျလာသည်မှာ ဖြောင်းခနဲ ။

အားခနဲအသံကြီးတစ်သံနှင့်အတူ ဆန်နီ မြေကြီးပေါ် ပုံ့ပုံ့လေး လဲကျသွား လေပြီ ။

“ဟမ်”

ရာမာမိုတို ဆုဘဆာက လျှောက်လာပြီး
ဆန်နီ၏နောက်ကျောပေါ် တက်နင်းလိုက်၏ ။
“ကျုပ် ပြောသားပဲ ။ ခင်ဗျားတို့အားလုံးက ကျုပ်မျက်လုံးထဲမှာ အမှိုက်တွေပါဆို ။ ဒါတောင်မှ လူအဟားခံရအောင် လုပ်ချင်နေသေး တယ်ဆိုတော့လဲ ကိုယ့်ထိုက်နဲ့ကိုယ်ကံပေါ့ ။ အခုတော့ ဘာတတ်နိုင် သေးလဲ”

ထိုမြင်ကွင်းကြောင့် လူတိုင်း ရှော့ရသွားကြသည် ။
ရင်ထဲတွင် ငလျင်လှိုင်းတို့ ဝှေ့သွားကြသည် ။
တိုင်းပြည် R က ထိုကရာတေးဘုရင်ကြီးသည် မွေထိုင်းချန်ပီယံသမား ကြီး ဆန်နီ ကို တစ်ချက်ထဲနဲ့ အလဲထိုးပစ်လိုက်နိုင်သည်တဲ့လား ။

……………………………………………………

စာစဉ် ၄၂ ၊ အခန်း ၁၀ ။ ဘယ်လိုလုပ် သည်းခံနိုင်ပါ့မလဲ

ချင်းရူရှီ၊ စုန့်လီကျုံနှင့် စုန့်ရွှယ်ကျန်းတို့သည်ပင် မင်သက်သွားကြ၏ ။
သူတို့သည် ဝံပုလွေဘုရင်ကြီး ဆန်နီ၏ခွန်အားကို ကောင်းကောင်းကြီး သိထားကြပါ၏ ။ သို့သော် ထိုကရာတေးဆရာကြီးသည် တစ်ချက်ထဲနဲ့ ဝံပပုလွေဘုရင်ကြီး ဆန်နီကို အလဲထိုးပစ်နိုင်လေရာ…

ထိုအခိုက်တွင် ရာမာမိုတို ဆုဘဆာသည် ဝံပုလွေဘုရင်ကြီး ဆန်နီအား ဟိုးမီတာ အများကြီး လွင့်ထွက်သွားအောင် ကန်ထုတ်ပစ်လိုက်၏ ။

စုန့်လီကျုံသည် ချက်ချင်းပင် လူတစ်ယောက်ကို လွှတ်လိုက်ပြီး ဆန်နီ အား တွဲကူခိုင်းလိုက်ရ၏ ။

“ခင်ဗျား သိပ်လွန်မလာနဲ့”

စုန့် မိသားစု နှင့် ချင်း မိသားစု က သိုင်းပညာရှင်ဆယ်ယောက်သည် ချက်ချင်းပင်
ရာမာမိုတို ဆုဘဆာအား ဝိုင်းလိုက်ကြသည် ။

“ခွေးရူးလေးတစ်သိုက်ပဲ ။ မင်းတို့ဆီမှာ လူအင်အား ဘယ်လောက်ပဲ များများပါ၊ အမှိုက်က အမှိုက်ပဲ ဖြစ်နေဦးမှာပဲ”
ရာမာမိုတို ဆုဘဆာသည် ထိုလူဆယ်ယောက်အား ကြည့်လိုက်ပြီး တသောသောရယ်မောလာသည် ။

“တက်ကြ”

ချင်း အဖွဲ့မှ အတော်ဆုံးဖြစ်ဟန်တူသည့် အဖွဲ့သား တစ်ဦးက မာန်သွင်းလိုက်ကာ လက်ကို ယမ်းပြလိုက်ရင်း တခြားလူကိုးယောက်အား တပြိုင်တည်း ချီတက်ကြဖို့ အမိန့်ပေး လိုက်၏ ။

သို့သော်….

ထိုဆယ်ယောက်သားမှာသာ ချက်ချင်းပင် လေထဲ မြောက်တက်သွားကြ ၏။

“ဒါ…”

စုန့်လီကျုံ လုံးဝမယုံကြည်နိုင်ဖြစ်သွားပြီး ပါးစပ်ကြီးအောက်ပြုတ်ကျသွား၏။

“စုန့် မိသားစု၊ ချင်း မိသားစု နဲ့ စီ မိသားစုကို ကိုယ်စားပြုထားတဲ့ သုံးယောက် ရှေ့ကို ထွက်လာကြစမ်းပါ”

ရာမာမိုတို ဆုဘဆာသည် ရှေ့သို့ တစ်လှမ်းတက်လာပြီး
စင်ပေါ်တွင် ဟိုသွားလိုက် ဒီသွားလိုက်လုပ်နေကာ ရီဝမ်ဝမ်၊ ချင်းရူရှီနှင့် စုန့်ရွှယ်ကျန်း တို့အား လက်ညှိုးတထိုးထိုး လုပ်နေလေသည် ။

ချင်းရူရှီ နှင့် စုန့်ရွှယ်ကျန်းတို့နှစ်ယောက်မှာ ချက်ချင်းပင် မျက်မှောင် အကြုတ်ကြီးကြုတ်သွားကြ၏ ။ ထိုလူသည် အလွန်အမင်း ကြမ်းလွန်း ပေသည် ။ ဝံပုလွေဘုရင်ကြီး ဆန်နီ ကိုပင်လျှင် တစ်ချက်ထဲနဲ့ တွယ်ပစ်နိုင်လေသူ ဖြစ်လေရာ သူတို့ဆိုလျှင် ဘယ်လိုများ…

“ဘာလဲ…ကြောက်နေပြီလား ။ ကိုင်းပါ..မင်းတို့ကြောက်တယ်ဆိုရင်လဲ အတူတူလာတိုက်ကြပေါ့ ။ ကျုပ် မမှုဘူး ။
တကယ်လို့ ကျုပ်ကိုယ်တိုင် လာခေါ်ရမယ်ဆိုရင်တော့ မင်းတို့ကို ဒီနေ့ သတ်ပစ်မိလိမ့်မယ်နော်”
ရာမာမိုတို ဆုဘဆာသည် ထိုသုံးယောက်သားအား ဝေ့ကြည့်လိုက်ရင်း ခပ်ပြတ်ပြတ်ပြောလာသည် ။

“ရှင်…”

စုန့်ရွှယ်ကျန်း၏မျက်လုံးထဲတွင် ဒေါသတရားတို့ကား အတောင့်လိုက် ။ သူမ စင်ပေါ်သို့ တက်သွားရန် ပြင်လိုက်၏ ။ သို့သော်…

ချင်းရူရှီက ချက်ချင်းပင် သူမအား ဆွဲထားလိုက်၏ ။

“ရွှယ်ကျန်း…မဆင်မခြင် သွားမလုပ်နဲ့”
ချင်းရူရှီက မျက်မှောင်ကြီး ကြုတ်ကာ ပြောလာသည် ။

“ရူရှီ…တိုင်းပြည် R က သိုင်းပညာရှင်တွေဆိုတာက ငါတို့ ခြေနင်းသာသာ အဆင့်ပဲ ရှိတယ် ။ ဒါကို ငါ ဘယ်လိုလုပ် သည်းခံနိုင်မှာလဲ”
စုန့်ရွှယ်ကျန်းက ဒေါသတကြီး အော်ပြောလာသည် ။

“နင် သူ့ကို နိုင်နိုင်လို့လား” ချင်းရူရှီ ပြန်မေးလိုက်၏ ။

စုန့်ရွှယ်ကျန်း ချက်ချင်းပင် ဇဝေဇဝါဖြစ်သွားသည် ။ ထိုရာမာမိုတို၏ ခွန်အားသည် အစကတည်းကပင် အားလုံးထက် အပုံကြီးသာနေ၏ ။

စုန့်ရွှယ်ကျန်း ဆယ်ယောက်ရှိနေလျှင်ပင် ထိုရာမာမိုတိုအား အနိုင်တိုက်နိုင်မည် မဟုတ် ။

ချင်းရူရှီ နှင့် စုန့်ရွှယ်ကျန်းတို့ ပေါင်းလိုက်လျှင်တောင်မှ
သူ့သိုင်းကွက် နဲနဲလောက်သာ တောင့်ခံနိုင်ပေလိမ့်မည် ။

“ဘာလဲ…မတိုက်ရဲကြဘူးလား” ရာမာမိုတို ဆုဘဆာက
စုန့်ရွှယ်ကျန်းအား ရွဲ့စောင်းစောင်းဖြင့် ပြောဆိုလာသည် ။
“မင်းတို့ စုန့်မိသားစုက သရဲဘောကြောင်တဲ့ ကောင်တွေချည်းပါလားကွ ။ ကျုပ် ဒီလောက်ထိ ပြောဆိုနေတာတောင်မှ ငြိမ်နေနိုင်ကြသေးတယ်”

သူ့စကားတို့သည် စုန့်ရွှယ်ကျန်းအား အောင်အောင်မြင်မြင် ဆွပေးနိုင်ခဲ့ လေပြီ ။ သူမသည် သည်းခံနိုင်ခြင်း မရှိတော့ဘဲ ချင်းရူရှီအား မသိကျိုးကျွံ ပြုကာ စင်ပေါ်သို့ လွှားခနဲ ခုန်တက်သွား၏ ။

ချင်းရူရှီသည် ထိုသည်ကို မြင်လိုက်ရလေရာ
သူမသည်လည်း မတတ်သာတော့ဘဲ စင်ပေါ် ခုန်တက်လိုက်ရ၏ ။

“ဟားဟား…ကြည့်ရတာ မင်းတို့မှာ အရှက်တော့ ရှိကြသေးသားပဲ”
ရာမာမိုတို ဆုဘဆာက ရွဲ့စောင်းစောင်းပြောလာပြန်သည် ။

“ရာမာမိုတို ဆုဘဆာ…ရှင် အရမ်းမမိုက်ရိုင်းနဲ့”
စုန့်ရွှယ်ကျန်း အေးစက်စက် ငေါက်ငမ်းလာသည် ။

“ကျုပ်က မိုက်ရိုင်းတယ်လား ။ ဒါဖြင့်ရင် မင်းတို့မှာ ဇဘယ်လောက် ရှိလဲ ပြလိုက်လေ”

“ရှင်က မြင်ချင်နေမှတော့ ကောင်းပြီလေ”

စုန့်ရွှယ်ကျန်းသည် ဒေါသတကြီးဖြင့် မာန်သွင်းလိုက်ပြီး
လျှပ်စီးအလားနှယ် ရာမာမိုတို ဆုဘဆာဆီ ပြေးဝင်သွားသည် ။

ထိုသည်ကို မြင်လိုက်ရပြီး ချင်းရူရှီသည်လည်း ရွေးချယ်စရာမရှိဘဲ တိုက်ခိုက်ရတော့၏ ။
ရာမာမိုတို ဆုဘဆာသည် အပြုံးတွဲလွဲခိုလျက် စင်ပေါ်တွင် မလှုပ်မယှက် ။ စုန့်ရွှယ်ကျန်းနှင့် ချင်းရူရှီအား စိတ်တိုင်းကျ တိုက်ခွင့်ပြုပေးထားပြီး လက်နှစ်ဖက် နောက်ပစ်လျက် အသာလေးတိမ်းရှောင်နေရုံမျှသာ ပြုနေလေသည် ။

မိန်းမနှစ်ယောက်သည် သိုင်းကွက် ဆယ်ကွက်ကျော်အောင် ထုတ်သုံး လာပြီးချေပြီ ။ သို့တိုင်အောင် ရာမာမိုတို ဆုဘဆာ၏ အကျီစကိုပင် ထိခတ်နိုင်ခြင်း မရှိကြ ။

စုန့်လီကျုံသည် မျက်မှောင်အကြုတ်ကြီးကြုတ်နေလေပြီ ။
ချင်းရူရှီနှင့် စုန့်ရွှယ်ကျန်း နှစ်ယောက်ပေါင်းလျှင်ပင် ပြိုင်ဘက်မဟုတ်လေရာ ရာမာမိုတို ဆုဘဆာသည် ဤမျှလောက်ထိခွန်အားကြီးလွန်းနေသည်လား ။

“ဒီအရည်အချင်းလောက်နဲ့များ မင်းတို့သုံးယောက်က တရုတ်ပြည်က မဟာမိသားစုကြီးသုံးစုကို ကိုယ်စားပြုထားတယ်တဲ့လား ။
လုံးဝကို ရှက်စရာပဲ…ထွီ ။ တရုတ်သိုင်းပညာရှင်တွေက တကယ့်ကို အမှိုက်တွေ ပဲ၊ ပါးစပ်ထဲ ထည့်ပြောဖို့တောင် မတန်ဘူး”
ရာမာမိုတို ဆုဘဆာသည် တိုက်ခိုက်မှုတို့အား တိမ်းရှောင်နေရင်း သက်ပြင်းတချချဖြင့် ပြောဆိုနေ၏ ။

ထိုသို့ပြောပြီးသည့်နောက်တွင် သူ၏ညာဘက်ခြေထောက်က မြားတစ်ချောင်း အလား မြောက်တက်လာပြီး ချင်းရူရှီ နှင့် စုန့်ရွှယ်ကျန်း အား အားပြင်းပြင်းဖြင့် ရိုက်ချပစ်လိုက်တော့သည် ။

မိန်းကလေးနှစ်ယောက်မှာ ထိုရိုက်ချက်ကို မတောင့်ခံနိုင်ကြဘဲ စင်ပေါ်ကနေ ဘုတ်ခနဲ ပြုတ်ကျသွားကြ၏ ။

…………………………………………………

စာစဉ် ၄၂၊ အခန်း ၁၁  ။ အမှိုက်အဖွဲ့

“အမှိုက်တွေ” 
ရာမာမိုတို ဆုဘဆာက အားလုံးကို ကြည့်လိုက်ပြီး
ရှုံ့ချလာသည် ။

ထို့နောက် ဘယ်သူပြောလာမည့်စကားကိုမှ စောင့်နားထောင်နေခြင်း မရှိဘဲ ပရိသတ်ထဲတွင် ထိုင်နေသည့် ရီဝမ်ဝမ်ရှိရာဆီ ကြည့်လာသည်။

“စီ မိသားစုက သူ…မင်းဘာသာမင်း ထွက်လာမလား၊ ဒါမှမဟုတ် ကျုပ်ကိုယ်တိုင် လာခေါ်ပြီး မင်းကို သေအောင်ရိုက်ပေးရမလား”

ရီဝမ်ဝမ်သည်ကတော့ တုံဏှိဘာေ၀ ဆိတ်ဆိတ်နေမြဲသာ ။

ထို့နောက် မတ်တပ်ထရပ်လာပြီး
စုန့် မိသားစုအကြီးအကဲဘက်သို့ လှည့်လိုက်ကာ…
“ပြိုင်ပွဲလဲ ပြီးပြီဆိုတော့ ကျွန်မ နှုတ်ဆက်ပါတယ်”

ရာမာမိုတို ဆုဘဆာသည် စုန့်မိသားစုအား ဦးတည်လာခြင်းဖြစ်သည်မှာ သေချာသည် ။ ထို့ကြောင့်
စုန့် မိသားစု၏အတွင်းရေးပြသနာတို့သည် သိုင်းပြိုင်ပွဲနှင့် ပတ်သက်နေခြင်း မရှိပေ ။

စုန့်လီကျုံ မျက်နှာမည်းကွက်သွား၏ ။
သို့တိုင်အောင် စကားတစ်ခွန်းမျှ ဆိုလာခြင်း မရှိပေ ။

“လူကြီးမင်း မူ…လူကြီးမင်း အချိန်ရရင် စီ အိမ်တော်ကို အလည်လာဖို့ ဖိတ်ခေါ်ပါတယ်”

ရီဝမ်ဝမ်က အထူးဧည့်သည်တော်နေရာတွင် ထိုင်နေသည့်
လူကြီးမင်း မူ ဘက်သို့ လှည့်ကြည့်လာသည် ။

“ကောင်းပါပြီ ။ ကျွန်တော် အချိန်ရရင် လာခဲ့ပါမယ်”
မူဆွေ့ဖန် ပြန်ဖြေလိုက်၏ ။

ရီဝမ်ဝမ် ခေါင်းညိတ်ပြလိုက်ပြီး စီ မိသားစု ကိုယ်ရံတော်ငါးယောက်အား အမိန့်ပေးလိုက်သည် ။ “သွားမယ်”

ချက်ချင်းဆိုသလိုပင် ထိုကိုယ်ရံတော်ငါးယောက်မှာ ရီဝမ်ဝမ်နောက်ကို လိုက်ပြီး ပြန်ကြဖို့ အသင့်ဖြစ်သွားကြလေပြီ ။

သို့သော်…ထိုအခိုက်….

ရာမာမိုတို ဆုဘဆာသည် လှစ်ခနဲ စင်ပေါ်ကနေ ဆင်းချလာပြီး
ရီဝမ်ဝမ် သွားမည့်လမ်းအား ပိတ်ဆို့ပစ်လိုက်သည် ။
ထို့နောက် ရီဝမ်ဝမ်အား ကြည့်ကာ မဲ့ရွဲ့ပြောဆိုလာသည် ။
“စီ မိသားစုရဲ့ကိုယ်စားလှယ် ဟုတ်လား ။ ကြည့်ရတာတော့ မင်းက အမှိုက်ထဲကမှ ထူးခြားတဲ့အမှိုက်တစ ဖြစ်မယ်နဲ့တူတယ်”

ထိုသည်ကို ကြားလိုက်ပြီး ရီဝမ်ဝမ် မျက်မှောင်ကြုတ်လာလေပြီ ။
“ကျွန်မက အမှိုက်ဆိုရင် ရှင်က သုံးစားလို့မရတဲ့ အမှိုက်ကြီး ဖြစ်လိမ့်မယ်”

“အော်…မင်းရဲ့မျက်လုံးထဲမှာ ကျုပ်ကလဲ အမှိုက်သာသာပဲ ရှိတာပေါ့၊ ဟုတ်လား” ရာမာမိုတို ဆုဘဆာက စိတ်ဝင်တစား ပြန်ပြောလာသည် ။

“ကျေးဇူးပြုပြီး လမ်းဖယ်ပေးပါ ။
တရုတ်တွေမှာ ဆိုရိုးတစ်ခု ရှိတယ် ။
‘ခွေးကာင်းမှန်ရင် သူများလမ်းကို ပိတ်မရပ်တတ်ဘူး’ တဲ့ ။
ရှင် ဒါကိုတော့ ကြားဖူးလောက်မှာပါ”
ရီဝမ်ဝမ် ပြောလာလေပြီ ။

ထိုစကားကို ကြားလိုက်ပြီး စုန့်ရွှယ်ကျန်း နှင့် ချင်းရူရှီတို့
ရီဝမ်ဝမ်အား ကျိတ်ဆဲလာကြတော့သည် ။

အဲ့တစ်ယောက်က သေချင်နေတာလား ။

သူတို့နှစ်ယောက်စလုံးသည် ရာမာမိုတို ဆုဘဆာ၏အံ့မခန်းလိလိ အစွမ်းကို မြည်းစမ်းခဲ့ကြပြီးသား ဖြစ်သည် မဟုတ်လား ။

မသိတဲ့သူက မကြောက်တတ်ဘူးဆိုတာ တကယ်ကို မှန်တာပဲ ။

“ရာမာမိုတို ဆုဘဆာ…ဒီမိန်းကလေးက စီ မိသားစုကို ကိုယ်စားပြုပြီး ရောက်လာခဲ့တာဆိုပေမယ့်လို့ အကြီးအကဲ စီ ရဲ့ရည်းစားသက်သက်ပဲ၊ သိုင်းပညာအကြောင်းကို ဘာမှသိတာ မဟုတ်ဘူး ။
သူမကို စိတ်ထဲ မထားဘဲနဲ့ ထွက်သွားခွင့်ပြုပေးလိုက်ပါ”
စုန့်လီကျုံက မျက်မှောင်ကြီးကုတ်ကာ ပြောဆိုလာသည် ။

ဤနေရာသည် စုန့် မိသားစု၏နယ်မြေဖြစ်သည် ။
ရီဝမ်ဝမ်တွင် တစ်ခုခုဖြစ်သွားမည်ဆိုပါလျှင်
သူ့အနေဖြင့် စီ မိသားစုအား ရှင်းပြရခက်ပေတော့မည် ။

“အော်…လတ်စသတ်တော့ ဒီမိန်းကလေးက သိုင်းပညာအကြောင်း ဘာမှမသိဘူးကိုး ။ ဒါနဲ့တောင်မှ
စီ မိသားစုကို ကိုယ်စားပြုရတဲ့သူ လာဖြစ်နေသေးတယ် ။ ကြည့်ရတာ စီ မိသားစုက ဟိုရှူနာရှိုက်ကုန်းရဲ့ ချစ်သူ နဲ့တူတယ် ဟားဟားဟား”
ရာမာမိုတို ဆုဘဆာက လှောင်ပြောင်ရယ်မောလာလေပြီ ။

သူ့စကားတို့ကြောင့် ရီဝမ်ဝမ်၏အမူအရာကင်းမဲ့နေသည့်မျက်နှာမှာ မဆိုစလောက်လေး အရောင်ပြောင်းလာလေပြီ ။ သူမ၏မျက်ဝန်းထဲတွင် အေးခဲနေသည့်ရောင်ခြည်တစ်ခု ဖျတ်ခနဲ လက်လာ၏ ။

ရာမာမိုတို ဆုဘဆာ၏နှုတ်ခမ်းတို့
တွန့်ကွေးတက်လာသည် ။
“ဒါဆိုလဲ မင်း ကျုပ်ကို မတိုက်ခိုက်လဲ ကိစ္စမရှိတော့ပါဘူး”

ထိုသို့ပြောလိုက်ရင်း သူ့အနောက်ဘက်တွင် ရှိနေသည့်ဝတ်စုံဖြူနှင့် ယောကျာ်းအား လှည့်ကြည့်လိုက်သည် ။

ရာမာမိုတို ဆုဘဆာသည် တပည့်နှစ်ယောက် ခေါ်ယူလာခဲ့ခြင်း ဖြစ်ပြီး တစ်ယောက်မှာ အဖြူရောင်ဝတ်စုံနှင့် သူ ဖြစ်၏ ။
ထိုသူမှာ ကရာတေး ဆရာကြီး ကဝါဒါ ။

ကဝါဒါသည် စကားတစ်ခွန်းဆိုခြင်းမရှိဘဲ စီ မိသားစု
ကိုယ်ရံတော်တို့ဆီ လှစ်ခနဲ ရောက်လာသည် ။

ထို့နောက် လက်သီးတစ်လုံး ပစ်သွင်းပစ်လိုက်၏ ။

ဖောင်း ။

ထိုကိုယ်ရံတော်မှာ ချက်ချင်းပင် ကြမ်းပေါ် ဗုံးခနဲ ပစ်လဲသွားတော့သည် ။

ထိုအထိုးခံလိုက်ရသည့် ကိုယ်ရံတော်မှာ ပြန်တိုက်ခိုက်ချိန်ပင် မရလိုက် ။ သူ၏တစ်ကိုယ်လုံး နာကျင်ကိုက်ခဲလာတော့၏ ။

“အမှိုက်တွေ” ကဝါဒါက ရှုံ့ကာမဲ့ကာ ပြောဆိုသည် ။

“ဟားဟားဟား…မင်းလူတွေက ကျုပ်တပည့်ရဲ့လက်ချက်ကို မင်းအစား ဝင်ခံပေးရတယ်ဆိုရင် မင်း စီ မိသားစုကို ပြန်ရှင်းပြဖို့ မခက်လောက်ပါ ဘူးနော်”

……………………………………………………

စာစဉ် ၄၂၊ အခန်း ၁၂  ။ စမ်းကြည့်လေ

လူတိုင်းမှာ ခေါင်းတခါခါ၊ သက်ပြင်းတချချဖြစ်လာကြသည် ။ ဒီနေ့တော့ စီ မိသားစု၏ ခန့်ထည်လှသည့်နာမည် ဂုဏ်သတင်းမှာ ထိုမိန်းမကြောင့် ပျက်စီးရတော့ပေမည် ။

စီ မိသားစု၏တခြားကိုယ်ရံတော်လေးယောက်သည်လည်း ဒေါသတကြီး အံကြိတ်လာသည် ။  သို့ပေမည့်
ကဝါဒါသည်ကား အင်အားကြီးလွန်းချေသည် ။
ကဝါဒါ မည်သို့ တိုက်ခိုက်လိုက်သည်ကိုပင်
သူတို့ မြင်လိုက်နိုင်ခြင်း မရှိကြပေ ။

စဉ်းစာချိန်ပင် မပေးဘဲ ကဝါဒါက သူ့လက်တစ်ဖက်ကို ထပ်မြှောက်လာကာ နောက်ထပ်ကိုယ်ရံတော်တစ်ယောက်အား တိုက်ခိုက်လာပြန်သည် ။

သူ၏လက်ဝါးမှာ အင်မတန်ပင် မြန်ဆန်လွန်းလှ၏ ။
လေတိုးသံ သဲ့သဲ့လောက်ကိုသာလျှင် အားလုံး ကြားလိုက်ကြရ၏ ။

သို့သော်၊ တခနလေးအတွင်း…ရီဝမ်ဝမ် လှုပ်ရှားလာချေပြီ ။

တစ်ချိန်ထဲ ဖောင်းခနဲ အသံကြီးတစ်သံကို ကြားလိုက်ရ၏ ။

ကဝါဒါ၏တိုက်ခိုက်မှုအား ရီဝမ်ဝမ် တားဆီးလိုက်ခြင်းပင် ။

“အော်..”

ကဝါဒါ၏မျက်လုံးတို့ ဝင်းပလာသည် ။
ထိုမိန်းကလေးက သူ့တိုက်ခိုက်မှုကို တားဆီးနိုင်သည်လား ။

“ကျွန်မနဲ့ အဲ့လောက်တောင် တိုက်ခိုက်ချင်နေတာလား”

ရီဝမ်ဝမ်သည် ကဝါဒါအား လွှတ်ပေးလိုက်ပြီး မဆုံးနိုင်သည့်ပင်လယ်လို လှိုင်းကြက်ခွပ်လေးတွေ လဲ့လဲ့ထနေသည့် တောက်ပသော မျက်ဝန်းများဖြင့် ရာမာမိုတို ဆုဘဆာအား ကြည့်လိုက်သည် ။

“ထွီ…ကျုပ်မျက်လုံးထဲမှာ မင်းက အမှိုက်တစ်စပဲ ရှိတယ်”
ရာမာမိုတို ဆုဘဆာက ရီဝမ်ဝမ်အား စိတ်ဝင်တစား စိုက်ကြည့်လာ သည်။
“ဒါပေမယ့် မင်း က စီ မိသားစုကို ကိုယ်စားပြုထားတာ ဆိုမှတော့ ကျုပ်ရဲ့ ဒီနေ့ လာရတဲ့ရည်ရွယ်ချက်ကလဲ ကလန်ကြီးသုံးခုကို ကျုပ်ခြေဖဝါးအောက်မှာ
နင်းခြေပစ်ဖို့ပဲ ။ စိတ်မကောင်းစရာက
မင်းတို့ အကုန်လုံးက အမှိုက်တွေချည်းပဲဆိုတော့
ကျုပ် မင်းတို့ကို တက်နင်းရရင်တောင်မှ ကျုပ်မှာ ဘာမှအားရစရာရှိမှာမဟုတ်ဘူး”

“စမ်းကြည့်လိုက်လေ” ရီဝမ်ဝမ် ပြောလိုက်လေပြီ ။

“အဟတ်…မင်းက အမှိုက်သာသာပဲ ရှိနေတာကို ထောက်တဲ့အနေနဲ့
မင်းကို ၁၀ စက္ကန့် အချိန်ပေးမယ် ။ ဆယ်စက္ကန့်အတွင်းမှာ
ကျုပ် မင်းကို သေကောင်ပေါင်းလဲဖြစ်အောင် ရိုက်ပြမယ်”

သို့သော်၊ ရာမာမိုတို ဆုဘဆာ ပြောနေခိုက်မှာပင်
ရီဝမ်ဝမ်၏လက်တစ်ဖက် ရုတ်တရက်ကြီး မြောက်တက်လာ၏ ။

ဖြောင်း…

ရိုက်လိုက်သည့်အသံကြီးတစ်သံ ဟိန်းထွက်လာသည် ။

လူတိုင်း၏အရှေ့တွင်ပင် ရီဝမ်ဝမ်သည် ရာမာမိုတို ဆုဘဆာအား ပါးရိုက်ချပစ်လိုက်ခြင်းပင် ။

ရာမာမိုတို ဆုဘဆာ အသိပြန်ကပ်သွားချိန်တွင် သူ့မျက်လုံးထဲ အေးစက်သည့်အရောင်တန်းကြီးတစ်ခု ဖျတ်ဖျတ်လူးလာလေပြီ ။
“အငိုက်ဖမ်းပြီး တိုက်ခိုက်ရဲတယ်…”

“အငိုက်ဖမ်းပြီး တိုက်ခိုက်တယ်လား” 
ထိုသည်ကို ကြားလိုက်သည့်အခိုက်
ရီဝမ်ဝမ်က အေးစက်စက်ရှုံ့မဲ့ပြောလာသည် ။
“ရှင်ပဲ ကျွန်မကို ဆယ်စက္ကန့် ပေးမယ်ဆို ။ ကံကောင်းချင်တော့ ကျွန်မက တစ်စက္ကန့်ထဲနဲ့ အဆင်သင့်ဖြစ်သွားတာ ။
ဒီရိုက်ချက်က စိန်ခေါ်လိုက်တဲ့ ရိုက်ချက်ပဲ ။ ရှင့်ဘာသာရှင် မကာကွယ်လိုက်နိုင်တာကို ဘယ်လိုလုပ်ပြီး ကျွန်မက အငိုက်ဖမ်းပြီးတိုက်ခိုက်ပါတယ်လို့ ပြောထွက်ရတာလဲ”

စုန့်ရွှယ်ကျန်းက မဲ့ရွဲ့ကာ ပြောဆိုလာသည် ။
“အဲ့တစ်ယောက်က လိပ်ကို ဂျပိုးဖြစ်အောင် ပြောနေတာပဲ ။ ဘယ်လိုလုပ်ပြီးတော့ ခိုးကြောင်ခိုးဝှက် တိုက်ရဲရတာလဲ”

ကြည့်နေသည့်လူအုပ်ကြီးကြား ပွက်လောရိုက်လာသည် ။
သူတို့အားလုံးသည် ရီဝမ်ဝမ်၏ခိုးကြောင်ခိုးဝှက်တိုက်ခိုက်လိုက်ခြင်းကို ကျိတ်ကာ ရှုံ့ချနေကြသည် ။

“မင်း တကယ်ကြီး သေချင်နေတာလား”

ရာမာမိုတို ဆုဘဆာ၏မျက်လုံးထဲ အေးစက်စက်အရိပ်တစ်ခု ပေါ်လာပြီး ရီဝမ်ဝမ်ပေါ် သူ့လက်ဖဝါးတစ်ဖက် ကျလာချေပြီ ။

ဖြောင်း…

ရာမာမိုတို ဆုဘဆာ၏လက်ဝါး မကျရောက်ခင် ရီဝမ်ဝမ်သည် ဘေးသို့ တိမ်းလိုက်ပြီး ရာမာမိုတို ဆုဘဆာအား နောက်ထပ်ပြင်းပြင်းတစ်ချက် ဖြောင်းခနဲ ရိုက်ချပစ်လိုက်ပြန်သည် ။

ဖြောင်း…

နှစ်ချက်ဆက်တိုက် အရိုက်ခံလိုက်ရသဖြင့် ရာမာမိုတို ဆုဘဆာ ရူးမတတ် ဖြစ်သွားသည် ။ သူ့လက်ဝါးကို မြှောက်လိုက်ပြန်ပြီး သူမလေး၏လည်တိုင်ဘက်ဆီ ဦးတည်လာပြန်သည် ။

ရီဝမ်ဝမ်၏မျက်လုံးထဲ အေးစက်စက်အရိပ်အငွေ့တစ်ခု ပေါ်ထွက်လာပြီ။ မည်သူမှ မမြင်လိုက်ရသေးခင် သူမ ရာမာမိုတို ဆုဘဆာ၏လက်အား ဆုပ်ကိုင်ပစ်လိုက်၏ ။

ရီဝမ်ဝမ်၏လက်သည် အန္တိမတောင်ကြီးတစ်တောင်အလားနှယ် ။
တုန်လှုပ်ခြင်းမရှိ၊ စွမ်းအားကြီးလွန်းလှ၏ ။
ရာမာမိုတို ဆုဘဆာ ပြန်တိုက်ခိုက်နိုင်ဖို့ ထားဘိဦး၊
သူမလက်ထဲကနေ ထွက်ပြေးဖို့ပင် မလွယ်ပေ ။

တစ်ချိန်တည်းမှာပင် ရီဝမ်ဝမ်၏ညာဘက်လက်သည်
ရာမာမိုတို ဆုဘာဆာဆီ ဆန့်ထုတ်လာချေပြီ ။ သို့သော်…သုံးလက်မလောက် အလိုတွင် ရပ်တန့်သွား၏ ။

အသက်နှစ်ရှူရှိုက်စာ အချိန်အတွင်း ရီဝမ်ဝမ်သည် ရှိသမျှခွန်အားတို့ကို စုစည်းလိုက်ကာ သူမ၏ညာဘက်လက်ဆီ ပို့ပစ်လိုက်သည်  ။

ထိုလက်ဝါးမှာ အလင်းထက်ပင် လျင်မြန်သည်၊
အံ့မခန်းလိလိ အင်အားကြီးလွန်းလှသည် ။

နေရာတွင် ရှိနေကြသည့်လူတိုင်း ဆွံ့အမင်သက်ကုန်၏ ။ ရီဝမ်ဝမ်၏လက်ဖဝါး သွားနေသည့်အလျင်ကို မည်သူမှပင် မမြင်လိုက်ကြ ။

ဖောင်း…

နောက်တစ်ခနအတွင်း ၊
ဖောင်းခနဲ အသံကြီးနှင့်အတူ ရာမာမိုတို ဆုဘဆာ၏နဖူးပေါ် ရီဝမ်ဝမ်၏လက်တစ်ဖက် အားပြင်းပြင်းကျရောက်သွားလေပြီ ။

လူတိုင်း မယုံကြည်နိုင်ဖြစ်နေမိကြချိန်…
ရာမာမိုတို ဆုဘဆာက အားခနဲ အော်ဟစ်လာပြီး
သူ့ကိုယ်မှာလဲ ကြိုးပျက်သည့်စွန်တစ်ခုနှယ်
မီတာအများကြီး မြောက်တက်သွားတော့၏ ။

“ဝါး…မယုံနိုင်စရာကောင်းလိုက်တာ…”

စုန့်ရွှယ်ကျန်း အသံထွက်လာသည်။
ထိုမြင်ကွင်းကြောင့် သူမ လုံးဝကို ရှော့ရနေ၏ ။

“ဘယ်လို ဖြစ်တာလဲ”

ချင်းရူရှီ၏တည်ငြိမ်နေခဲ့သည့် မျက်နှာသည်လည်း
အက်ကွဲလာရလေပြီ ။

……………………………………………………
T/N : ဒီနေ့အပိုင်းလေးကို ဘယ်လို ခံစားရလဲ သဲတို့ ။
ဒါနဲ့ ဒီနေ့ သတင်းကောင်းလေး ရှိပါတယ် ။
ဝန်ဇင်းမှာ စာစဉ် ၆၂ နဲ့ ၆၃ ကို Free ပေးထားပါတယ် ။ ဒီနေ့တစ်နေ့ပဲ ပေးတာမို့ မြန်မြန်သွားဒေါင်းလိုက်ကြနော် ။
Paid group ဝင်လိုသူတွေက စာစဉ်တစ်ခုကို ၅၀ဝ နဲ့ 09 760 639 831 ကို ဘေလွှဲထားပေးနော် ။
Love you guys 😍😍😍

Continue Reading

You'll Also Like

290K 5.1K 47
ဒီဇာတ်လမ်းထဲက " စွဲမက်သျှင် " ဆိုတဲ့နာမည်ကို သာသာ crd ပေးပါတယ်နော် " မင်းညှို့သျှင် " နာမည်နဲ့ လိုက်ဖက်မှုရှိအောင် ထည့်ထားတာမို့လို့ပါရှင့် ဒီ fic လ...
922K 10.2K 100
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...
1.2M 89.8K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
1.5M 68.6K 37
adult story(18+) သင့်သခင်×ရုပ်သေး 9.1.2023...