[Zawgyi]
The Throne(ရာဇပုလႅင္)
အပိုင္း-၂၁
ဝမ္အြန္း အခုတေလာ ညဘက္ေတြက ဝမ္ေယာလ္ နန္းေဆာင္မွာအိပ္ၿပီး ေန႔ဘက္မွာေတာ့ သူ႔အေဆာင္မွာသူျပန္ေနတယ္။အေၾကာင္းက သူ႔အေဆာင္မွာ ရွင္းေလး ရွိေနသည္။အၿမဲတမ္း မထင္ရင္မထင္သလို ေရာက္လာတတ္တဲ့ ဝမ္ေယာလ္ ေၾကာင့္ သူ ရွင္းေလး ကိုေခၚထားမွန္း ဝမ္ေယာလ္ သိသြားမွာစိုးရိမ္ေနသည္။
ဝမ္အြန္း ရွင္းေလး ကို ေပါင္ေပၚမွာတင္ထားၿပီး နို႔ဆန္ျပဳတ္ခြံေကြၽးေနသည္။
သူ႔ေရွ႕တြင္ ကင္ဂြၽန္ေျမာင္ ကဒူးေထာက္ကာ ေျမျပင္ေပၚေခါင္းငံု႔ထားသည္။
ဝမ္အြန္း သူ႔ကိုမျမင္ခ်င္ေယာင္ေဆာင္ေနၿပီး ရွင္းေလး ကို ထပ္ၿပီး ခြံ႕ေကြၽးလိုက္ျပန္သည္။
ရွင္းေလး ကလိမၼာသည္။ညဘက္ေတြလည္း မငိုတတ္သလို ဝမ္အြန္း ကိုေၾကာက္ရေကာင္းမွန္း သူသိေနသည္။
ဂြၽန္ေျမာင္ ဆီသြားခ်င္လို႔ မ်က္ရည္ေလးဝဲၿပီးအသနားခံခ်င္ေနရင္ေတာင္ ဝမ္အြန္း အၾကည့္တစ္ခ်က္မွာတင္ တိတ္သြားသည္။
နို႔ဆန္ျပဳတ္ထဲမွာ အိပ္ေဆးပါတာေၾကာင့္ ရွင္းေလး သိပ္မၾကာခင္မွာပဲ အိပ္ေပ်ာ္သြားသည္။
'ယန္း ကေလးကိုေခၚသြားေတာ့'
'ဟုတ္ကဲ့ မင္းသား'
အထိန္းေတာ္ယန္း က ကေလးကိုခ်ီၿပီး အျပင္ကိုထြက္သြားတာကို ဂြၽန္ေျမာင္ တခါးပိတ္သြားသည္အထိ လိုက္ၾကည့္ေနသည္။ဝမ္အြန္း ရွင္းေလး ကို ေခၚထားတာ ၁၀ ရက္ေလာက္ရွိေတာ့မည္။ဂြၽန္ေျမာင္ မွာ ဝမ္ေယာလ္ ကိုလည္းမေျပာရဲသလို ရီရွင္း ဆီေတာင္ စာမပို႔ျဖစ္ေပ။ဝမ္အြန္း အေၾကာင္းကို သူသိသည္။
'မင္းသား ဘာလို႔ ရွင္းေလး ကိုေခၚထားတာလဲ'
'ဘာလို႔လို႔ထင္လဲ'
ဝမ္အြန္း ၾကည့္ေနသည္။ၿပီးေတာ့ ၿပံဳးရံုၿပံဳးသည္။
'ရွင္းေလး က က်န္းမာသားပဲ။ငါေခၚထားတဲ့အခ်ိန္အတြင္း ေလ့လာၾကည့္သေလာက္ ရွင္းေလး က က်န္းမာရံုတင္မကဘူး ဥာဏ္လည္းေကာင္းတယ္။ဒါ့အျပင္ သူက သာမန္ကေလးေတြနဲ႔မတူပဲ သိတတ္မႈက ပိုေနတယ္'
'မင္းသား'
ဝမ္အြန္း ဆန္ျပဳတ္ေတြကို ဇြန္းနဲ႔ေမႊေနရင္း
'ဒီရက္ေတြမွာ ဆန္ျပဳတ္ပဲေကြၽးတာေတာင္ ကိုယ္ခံအားေကာင္းတုန္းပဲ။မင္း ေသခ်ာေစာင့္ေရွာက္ထားတာပဲ'
ဂြၽန္ေျမာင္ ေခါင္းငံု႔သြားသည္။ဝမ္အြန္း က ကေလးကို ေခၚထားတာအလကားမဟုတ္ဘူးပဲ။
'ရွင္းေလး ကို ငါဆက္ၿပီးေခၚထားမယ္'
'မင္းသား'
'အဲ့ဒီအစား ကေလးျပန္လိုခ်င္ရင္ ငါ့ကိုတစ္ခုျပန္လုပ္ေပး'
'ေျပာပါ။ကြၽန္ေတာ္ တက္နိုင္တာရွိရင္ ျပန္လုပ္ေပးပါ့မယ္'
'တက္နိုင္တာမတက္နိုင္တာထက္ မင္းလုပ္ကိုလုပ္ရမွာ'
ဝမ္အြန္း ဂြၽန္ေျမာင္ ရဲ႕ မ်က္လံုးေတြကိုစိုက္ၾကည့္ၿပီး
'ငါ ေယာလ္ေလး ရဲ႕ ကေလး လိုခ်င္တယ္'
ဝိုင္းစက္သြားေသာ ဂြၽန္ေျမာင္ ရဲ႕ မ်က္လံုးေတြနဲ႔အတူ ဝမ္အြန္း ပေဟဠိဆန္ဆန္ၿပံဳးေနသည္။
~~~~~~~~~~~~
ဘတ္အာ စာရင္းေတြစစ္ရင္း ေခါင္းရႈပ္လာတာေၾကာင့္ ဗ်ပ္ေစာင္းတစ္ခုကို လြယ္ၿပီး ၿမိဳ႕ျပင္က ေတာထဲထြက္လာခဲ့သည္။
သစ္ပင္ရိပ္ေတြနဲ႔ ေအးခ်မ္းေနေသာ ၿမိဳ႕စပ္ေနရာေလးျဖစ္တာေၾကာင့္သားရဲတိရိစာၦန္မရွိေပ။
အပင္ႀကီးႀကီးေအာက္တြင္ ထိုင္လိုက္ၿပီး သူ႔ရဲ႕ ဗ်ပ္ေစာင္းကို စၿပီးတီးခတ္သည္။
သစ္ပင္ေတြၾကားက ေနေရာင္ၿပိဳးၿပိဳးေျပာက္ေျပာက္နွင့္ ငွက္ကေလးေတြက သူ႔ကိုအေဖာ္ျပဳေပးေနသည္။
မ်က္စိကိုမွိတ္ရင္း ေတးသံခံစားေနေသာ ဘတ္အာ ၏ နွာေခါင္းထဲ အနံ႔တစ္ခုေရာက္လာည္။
အေမႊးနံ႔....မိန္းကေလးေတြသံုးတတ္ေသာ ပန္းရနံ႔လိုအနံ႔မ်ိဳး
ဘတ္အာ မ်က္ေမွာင္ႀကံဳ႕မိလိုက္သည္။
ဒီမွာတစ္ျခားတစ္ေယာက္ရွိေနတာလား
ဘတ္အာ ပတ္ဝန္းက်င္ကိုၾကည့္လိုက္ေတာ့ ဘယ္သူမွမေတြ႕။ဒါေပမဲ့ သူေက်ာခိုင္းထားေသာ သစ္ပင္၏တစ္ဖက္တြင္ တျခားတစ္ေယာက္ရွိေနသည္။
ဘတ္အာ သြားၾကည့္လိုက္ေတာ့
'မင္း.'
ဟိုတစ္ေန႔က သူေတြ႕ခဲ့သည့္ ကေခ်သည္မိန္းကေလး ျဖစ္ေနသည္။
'ခိုးနားေထာင္ဖို႔ ရည္႐ြယ္ခ်က္မရွိပါဘူး။ဒီအတိုင္း.....'
'ဘာလုပ္ေနတာလဲ'
'အကေလ့က်င့္ေနတာပါ မင္းသား'
ဘတ္အာ ရီလိုက္ၿပီး
'ငါ့ကိုသိေနတာပဲ'
'မသိမွ ထူးဆန္းမွေပါ့'
'ဟုတ္သားပဲ'
ဘတ္အာ ေခါင္းေလးၿငိမ့္ရင္း တုန္႔ျပန္လိုက္သည္။
'မင္းအကေလ့က်င့္ေနတာလား'
'အစကေတာ့ ပ်င္းလို႔ လမ္းေလ်ွာက္ထြက္လာတာပါ။ဒါေပမဲ့ မင္းသားရဲ႕ ဗ်ပ္ေစာင္းသံၾကားေတာ့ ကခ်င္လာတာနဲ႔.....'
'မင္းက အကသမားပဲကိုး'
ဘတ္အာ သူ႔ပစၥည္းေတြကိုသြားျပန္ယူလိုက္ၿပီး
'နာမည္ဘယ္လိုေခၚလဲ'
'ဝူဟီး'
'ဝူဟီး....လွသားပဲ'
ဝူဟီး ဘာမွျပန္မေျပာေပ။ဝူဟီး က တစ္ကယ္လွေသာ မိန္းကေလးပင္။
'ဘာလို႔ကေခ်သည္လုပ္ေနတာလဲ'
'ဝါသနာလည္းပါသလို ကြၽန္မကို သူတို႔ပိုင္တယ္ေလ'
'မင္းကို ဝယ္ထားတာလား'
'ဟုတ္ပါတယ္။ငယ္ငယ္တုန္းက ကြၽန္ေရာင္းတဲ့ေနရာကေန ေခၚၿပီးေမြးထားတာပါ'
'ဟုတ္လား'
ဘတ္အာ ဆက္မေျပာေတာ့ေပ။
~~~~~~~~~~
ဝမ္အြန္း ညေနေရာက္ေတာ့ ဝမ္ေယာလ္ နန္းေဆာင္ကိုျပန္ေရာက္လာသည္။
ေဂ်ာင္ဆူး ကို စာအုပ္ေတြတစ္ထပ္ႀကီး ယူလာခိုင္းၿပီး သူက ခံုတြင္ ဝင္ထိုင္လိုက္သည္။
'ငါစံုစမ္းခိုင္းတာေတြရၿပီလား ေဂ်ာင္ဆူး'
'ဟုတ္ကဲ့'
'ေကာင္းၿပီေလ'
'ဒါေပမဲ့ မင္းသား.....မင္းႀကီးက လက္ခံပါ့မလား'
'လက္ခံရမွာေပါ့'
ဝမ္အြန္း ေျပာၿပီး စာအုပ္အထပ္လိုက္ႀကီးထဲက အေပၚဆံုးစာအုပ္ကို ယူၿပီး ဖတ္လိုက္သည္။
'သြားေတာ့'
'ဟုတ္ကဲ့ မင္းသား'
ေဂ်ာင္ဆူး ထြက္သြားမွ ဝမ္အြန္း ေဂ်ာင္ဆူး ကို ေစာင္းငဲ့ၾကည့္လိုက္ၿပီး
'မင္း ေဂ်ာင္ဆူးကို ဘယ္လိုထင္လဲ ယန္း'
ယန္းလည္း ထြက္သြားၿပီးျဖစ္ေသာ ေဂ်ာင္ဆူး သြားရာတံခါးေပါက္ကိုၾကည့္ၿပီး
'မေသခ်ာပါဘူး မင္းသား။ေဂ်ာင္ဆူး က တစ္ခါတစ္ေလမွာ မင္းသားအလိုက်ေနေပးေနေပမဲ့ ဟန္ေဆာင္ေနသလိုပဲ။ဒါေပမဲ့ အဲ့လိုဆိုတိုင္းလည္း မင္းသားရဲ႕ လႈပ္ရွားမႈေတြကို လ်ိဳ႕ဝွက္သတင္းေပးျခင္းလည္းမရွိျပန္ဘူး။ခန္႔မွန္းရခက္ပါတယ္'
'ဟုတ္တယ္'
ဝမ္အြန္း စာအုပ္ေပၚတြင္သာ ျပန္ၿပီး အာရံုစုစည္းလိုက္သည္။
အထိန္းေတာ္ယန္း က ဝမ္အြန္း ေသာက္ရန္ လက္ဖက္ရည္ၾကမ္းအား ငွဲ႔ထည့္ေပးသည္။
ၿပီးေနာက္ ဝမ္အြန္း အေနာက္တြင္ တိတ္ဆိတ္စြာ မတ္တပ္ရပ္ေနသည္။
ညဘက္ ေျခာက္နာရီေလာက္ေရာက္ေတာ့ ဝမ္ေယာ ေရာက္လာခဲ့သည္။
'မင္းမယ္ေတာ္ႀကီးေရာက္လာပါတယ္ ၾကင္ယာေတာ္မင္းသား'
'ဘာလာလုပ္တာလဲ'
'မင္းႀကီးဆီလာတာလို႔ထင္ပါတယ္'
ဝမ္အြန္း တစ္ခ်က္စဥ္းစားလိုက္ၿပီး
'ဝင္လာခိုင္းလိုက္'
'ဟုတ္ကဲ့ မင္းသား'
ခဏေနေတာ့ တံခါးဖြင့္သံနွင့္အတူ ဝမ္ေယာ ဝင္လာခဲ့သည္။
ခံုတြင္ထိုင္ေနေသာ ဝမ္အြန္း ကိုေတြ႕ေတာ့ သူမ မ်က္ေမွာင္ႀကံဳ႕သြားၿပီး
'ဒီမွာဘာလုပ္ေနတာလဲ အြန္းေလး'
'စာဖတ္ေနတယ္'
ဝမ္အြန္း တစ္ခ်က္ေလးေတာင္အရိုအေသမေပး။စာ႐ြက္ပင္ ေနာက္တစ္႐ြက္ထပ္လွန္လိုက္ေသးသည္။
'အရိုအေသမဲ့လိုက္တာ'
ဝမ္ေယာ ေျပာရင္း ဝမ္ေယာလ္ ထိုင္သည့္ စားပြဲခံုေရွ႕ဆံုးတြင္ ဝင္ထိုင္သည္။
ဝမ္အြန္း တစ္ခ်က္ပဲ ၾကည့္ၿပီး မၾကည့္ေတာ့ေပ။
'ေယာလ္ေလး အေမက ကြၽန္ေတာ္ ရိုေသရမဲ့လူလား'
'ဘာ'
'ကြၽန္ေတာ့္အဆင့္အတန္းက ေယာလ္ေလး အေမကို အရိုအေသျပဳစရာမလိုဘူး'
'ဘာ.ငါက မင္းမယ္ေတာ္ႀကီး'
'အဲ့ဒါ ေယာလ္ေလး ေၾကာင့္ေလ။အမွန္တစ္ကယ္က နွယ္နွင္ဒဏ္ေပးခံထားရတဲ့ မိဖုရားပဲ'
'ဘာေျပာတယ္'
ဝမ္ေယာ ေဆြ႕ေဆြ႕ခုန္သြားသည္။
'ဘာကိစၥရွိလို႔လဲ'
'ငါ့သားဆီငါလာတာေတာင္ ကိစၥရွိမွလာရမွာလား။မင္းကေရာ ဒီမွာဘာလုပ္ေနတာလဲ'
'ေယာလ္ေလး အေဆာင္မွာ လာအိပ္တာၾကာပါၿပီ။မသိဘူးလား'
'ဒါေၾကာင့္ကိုး။ေယာလ္ေလး ကမိဖုရားအေဆာင္ေကာ ၾကင္ယာေတာ္ အေဆာင္ကိုပါ မသြားတာ မင္းဒီမွာရွိေနလို႔ေပါ့'
'အဲ့ကိစၥက ကြၽန္ေတာ္နဲ႔မဆိုင္ပါဘူး။ေယာလ္ေလး သြားခ်င္ရင္သြားလို႔ရတာပဲ။ၿပီးေတာ့ ကြၽန္ေတာ္က တားမဲ့လူလည္းမဟုတ္ဘူး။ကြၽန္ေတာ္ကိုယ္တိုင္ ၾကည္ျဖဴလို႔ လက္ထပ္ေပးထားတာပဲေလ'
ဝမ္အြန္း ပံုစံက လံုးဝသည့္ ဂရုမစိုက္သည့္နွယ္။
'မင္းသား မင္းႀကီးေရာက္လာပါၿပီ'
ဝမ္အြန္း မတ္တပ္ရပ္လိုက္ၿပီး ဝမ္ေယာ ကိုၿပံဳးျပလိုက္သည္။ၿပီးေတာ့ အျပင္ကိုထြက္ႀကိဳသည္။
'ေယာလ္ေလး'
'အျပင္မွာ ဘာထြက္လုပ္ေနတာလဲ အြန္းေလး'
'အထဲမွာ ေယာလ္ေလး အေမ ေရာက္ေနတယ္'
'မယ္ေတာ္လား'
'အင္း'
ဝမ္ေယာလ္ အေရွ႕ကေနဝင္သြားေတာ့ ဝမ္အြန္း အေနာက္ကေနကပ္လိုက္လာသည္။
တံခါးအေပါက္ဝတြင္ ဂြၽန္ေျမာင္ နွင့္ ေဆးဆရာမတစ္ဦး ရပ္ေနတာကို ဝမ္အြန္း ေတြ႕လိုက္သည္။
ေဆးဆရာမလက္ထဲတြင္ ေဆးတစ္ခြက္ကိုင္ထားသည္။ၾကည့္ရတာ ဝမ္ေယာလ္ အတြက္ထင္သည္။
ဝမ္အြန္း ဝင္သြားေတာ့ ဝမ္ေယာလ္ နွင့္ သူ႔အေမ နႈတ္ဆက္ေနသည္ကို မၾကားခ်င္ေယာင္ေဆာင္ေနသည္။ခပ္တည္တည္ပဲ သူ႔ေနရာမွာ ဝင္ထိုင္လိုက္ၿပီး ေရေႏြးၾကမ္းကိုယူေသာက္သည္။
'အလုပ္လုပ္တာလဲ လုပ္ေပါ့သားေတာ္ရယ္။နန္းဆက္အတြက္လည္း စဥ္းစားဦးေပါ့'
'သားေတာ္က မလိုေသးဘူးထင္လို႔ပါ'
'မလိုပဲေနမလား ေယာလ္ေလး ရယ္။အိမ္ေရွ႕စံေနရာဆိုတာ အလြတ္မထားရဘူးေလ။မဟုတ္ရင္ သားေတာ္ေနရာကို လုခ်င္ေနသူကခပ္မ်ားမ်ား'
ေနာက္ဆံုးစကားကိုေတာ့ ဝမ္အြန္း ကိုၾကည့္ၿပီး ေျပာလိုက္ျခင္းျဖစ္သည္။
ဝမ္အြန္း မ်က္ခံုးပင့္သြားသည္။ဒီအဖြားႀကီး သူ႔ကိုသက္သက္စိန္လာေခၚေနသည္။
'ဝင္လာခဲ့'
ဝမ္ေယာ အမိန္႔ေပးလိုက္ေတာ့ ခုနက ဝမ္အြန္း ေတြ႕ခဲ့သည့္ ဂြၽန္ေျမာင္ နွင့္ ေဆးဆရာမေလးဝင္လာသည္။
ဝမ္ေယာ က ေဆးခြက္ကို သူကိုယ္တိုင္ယူၿပီး ဝမ္ေယာလ္ ကိုတိုက္သည္။
'ဒီည မိဖုရားအေဆာင္ကိုသြားလိုက္ပါဦး။မိဖုရားကိုပစ္ထားတာၾကာၿပီေလ'
ဝမ္ေယာလ္ ေဆးကိုယူေသာက္ရင္း ဝမ္အြန္း ကိုၾကည့္လိုက္သည္။ဝမ္အြန္း ကေတာ့ ဂရုမစိုက္စြာ စာအုပ္ဖတ္ေနသည္။
'ဟုတ္သားပဲ။သားေတာ္ ေဆာနို ဆီမေရာက္တာေတာင္ၾကာၿပီ'
'ဟုတ္တယ္ သားေတာ္ရယ္။မယ္ေတာ္ေတာင္ သတိထားမိေနၿပီ။သူ အားငယ္ေနရွာမွာ'
'အခ်ိန္ဇယားက ဒီေန႔ ရွီရႊန္း ဆီသြားရမွာ'
ဝမ္အြန္း ခပ္တည္တည္နွင့္ျပန္ေျပာလိုက္သည္။
ခုနကၿပံဳးရႊင္ေနေသာ ဝမ္ေယာ မ်က္နွာ မဲသြားသည္။
ဂြၽန္ေျမာင္ ကေတာ့ မ်က္နွာပ်က္သြားသည္။
'ရွီရႊန္း ဆီသြားလိုက္။လက္ထပ္ၿပီးကတည္းက မင္း ရွီရႊန္း ဆီမေရာက္တာ နန္းေတာ္တစ္ခုလံုးသိေနၿပီ။စစ္သူႀကီး မိသားစုအတြက္ မေကာင္းဘူး'
'ဝမ္အြန္း'
ဝမ္ေယာ စိတ္တိုစြာ ေအာ္လိုက္သည္။
'အမွန္ေျပာတာေလ'
ဝမ္အြန္း ကေတာ့ခပ္တည္တည္ပင္။ဝမ္ေယာလ္ ဝမ္အြန္း ကိုၾကည့္ၿပီး ရီလိုက္ကာ
'ေဆာနို ဆီမနက္ျဖန္မွသြားလိုက္ပါမယ္'
'ေယာလ္ေလး!'
'သားေတာ္ ညစာစားဖို႔ျပန္လာတာ။မယ္ေတာ္ပါ စားသြားပါလား'
'မစားဘူး'
'မစားနဲ႔'
ဝမ္ေယာ ထြက္သြားေတာ့မွ ဝမ္ေယာလ္ ဝမ္အြန္း ကို အေနာက္ကေနသိုင္းဖက္ၿပီး ပါးေလးကိုနမ္းလိုက္သည္။
'မယ္ေတာ္နဲ႔ အခုထိ မတည့္ေသးဘူးလား'
'သူကအရင္ ရန္စတာ'
'ဒါေပမဲ့ အြန္းေလး .........အြန္းေလး ကိုယ့္ကိုခ်စ္ရင္ ကိုယ့္အေမကိုပါ ခ်စ္ရမယ္ေလ'
ဝမ္အြန္း ဝမ္ေယာလ္ ကိုေမာ့ၾကည့္လိုက္ၿပီး
'ဘာလို႔လဲ'
'ကိုယ့္အေမျဖစ္ေနလို႔ေလ'
ဝမ္အြန္း ဝမ္ေယာလ္ ကိုအၾကာႀကီးစိုက္ၾကည့္ေနသည္။
'ထမင္းစားရေအာင္'
ဝမ္အြန္း အထိန္းေတာ္ယန္း ကို အမိန္႔ေပးလိုက္သည္။
~~~~~~~~~~THE THRONE~~~~~~~~~~~
ေနာက္ေန႔ ညီလာခံတြင္ ဝမ္ေယာလ္ က အကုန္လံုးကို ေခၚထားသည္။
ဝမ္အြန္း နဲ႔ ဝမ္ေဆာနို အျပင္ ဝမ္ရွီရႊန္း ပါေရာက္ေနသည္။
'ဒီေန႔ညီလာခံက တိုင္ပင္စရာရွိလို႔ပဲ'
ဝမ္အြန္း ဝမ္ေယာလ္ ကိုၾကည့္လိုက္သည္။ဝမ္ေယာလ္ မျပတ္မသားလုပ္ေတာ့မည္ထင္သည္။
'စီးပြားေရးလမ္းေၾကာင္းကိုေျပာင္းလဲမလို႔ပဲ'
အမတ္ေတြအကုန္လံုး ႂကြပ္ႂကြပ္ညံသြားသည္။
'ဘယ္လိုေျပာင္းလဲမွာပါလဲမင္းႀကီး'
'ကုန္စည္ေတြအကုန္လံုးကို နန္းေတာ္ကတစ္ဆင့္ ေရာင္းခ်မယ္'
ထို႔ေနာက္တြင္ ဝမ္ေယာလ္ က ဝမ္အြန္း စီစဥ္ထားေသာ အေၾကာင္းအရာမ်ားကိုေျပာသည္။
ဝမ္အြန္း ၏စီစဥ္မႈသည္ နိုင္ငံျခားကုန္သည္နွင့္ ျပည္သူေတြအတြက္ အဆင္ေျပေသာ္လည္း ေခါင္းပုံျဖတ္အျမတ္ႀကီးစားေလ့ရွိေသာ ကုန္သည္အဖြဲ႕အတြက္ေတာ့လံုးဝအဆင္မေျပေပ။ထို႔အတူ ထိုအဖြဲ႕ပါ ဖ်က္သိမ္းရမည္ျဖစ္သည္။
အားလံုးကို နန္းေတာ္ကခ်ဳပ္ကိုင္ၿပီး ဝမ္အြန္း ကစီမံမည္။
'ျပန္လည္စဥ္းစားေတာ္မူပါဦးမင္းႀကီး။ဒီအစီအစဥ္က ျပည္တြင္းကုန္သည္ေတြအတြက္ အခက္အခဲရရွိလာနိုင္ေၾကာင္းပါ။ဒါ့အျပင္ လူကုန္တန္ေတြသာ ဆႏၵျပလာရင္ ရွီလာ ရဲ႕ စီးပြားေရးက ျပန္ၿပီး ယိမ္းယိုင္လာမွာပါ'
'ျပန္လည္စဥ္းစားေတာ္မူပါ မင္းႀကီး'
အမတ္ေတြအားလံုး တညီတၫြတ္တည္း ႐ြတ္ဆိုသည္။
ဝမ္ေယာလ္ ဝမ္အြန္း ကိုၾကည့္လိုက္သည္။
'တစ္ကယ္လို႔ အဲ့နည္းလမ္းအတိုင္း လုပ္မယ္ဆိုရင္ ပစၥည္ေတြသိုေလွာင္ဖို႔ သိုေလွာင္ရံုလိုမယ္။ေဆာက္လုပ္ေရးအတြက္ ပစၥည္းနဲ႔ အလုပ္သမားလိုမယ္။ျပန္စဥ္းစားပါဦးမင္းႀကီး'
ဝမ္ေဆာနို ကပါ ဝင္ၿပီးေျပာလာသည္။
'ကုန္က်စရိတ္အမ်ားႀကီးအတြက္ ဘ႑ာေငြေလာက္ပါ့မလား'
ရွီရႊန္း ဝမ္အြန္း ကိုၾကည့္ၿပီးေျပာလိုက္သည္။ဒီေလာက္ႀကီးမားသည့္ စီးပြားေရးအေျပာင္းအလဲကို ဝမ္အြန္း သာလ်ွင္ ေတြးနိုင္မွန္း ရွီရႊန္း သိသည္။
'အဲ့အတြက္ ပူစရာမလိုပါဘူး။ဒိုင္းမိုခံတပ္ကို ရလိုက္လို႔ နိုင္ငံေတာ္ဘ႑ာေရးက ပိုလ်ွံေနတယ္။ၿပီးေတာ့ ျပည္ပကုန္သည္ေတြကိုပါ ကုန္သြယ္ခြင့္ျပဳထားေတာ့ အခြန္ေတြရထားတယ္။အဲ့ဒါေတြနဲ႔ ဒီစီမံကိန္းကိုေဖာ္လို႔ရတယ္'
'အဲ့ဒီလိုဆိုရင္ေတာင္ ကြၽန္ေတာ္တို႔ သေဘာမတူပါဘူး ၾကင္ယာေတာ္မင္းသား'
ထိုအမတ္သည္ ေခါင္းကိုေမာ္ၿပီး ေျပာသည္။
'လက္မခံနိုင္ဘူး?'
ဝမ္အြန္း ရီသည္။
ၿပီးေတာ့ အမတ္ေတြအကုန္လံုးကိုၾကည့္လိုက္ၿပီး
'ေကာင္းၿပီေလ။မင္းတို႔သေဘာမတူဘူးဆိုေတာ့ ငါလည္းစိတ္မေကာင္းဘူး။ေဂ်ာင္ဆူး! ဝင္ခဲ့'
ေဂ်ာင္ဆူး ခန္းမေဆာင္ထဲဝင္လာၿပီး စာအုပ္တစ္အုပ္ကို ဆက္သသည္။
ဝမ္အြန္း ထိုင္ခံုေပၚကေန အမတ္ေတြရပ္ေနေသာ ေနရာဆီဆင္းသြားလိုက္ၿပီး ေဂ်ာင္ဆူး လက္ထဲက စာအုပ္ကိုယူလိုက္သည္။
'ဒီစာအုပ္ထဲမွာ ဘာရွိမယ္လို႔ထင္လဲ'
ဝမ္အြန္း စာအုပ္ကို ခုနက မ်က္နွာေမာ္ၿပီးေျပာခဲ့ေသာ အမတ္ထံသို႔ေပးလိုက္သည္။
အမတ္က ယူဖတ္ၿပီးေနာက္ တုန္တုန္ရီရီျဖစ္သြားၿပီး
'ဒါ.ဒါက '
ဝမ္အြန္း ပါးေလးနွစ္ဖက္မို႔တက္သြားေအာင္ၿပံဳးျပလိုက္သည္။
'ေတာင္းပန္ပါတယ္ၾကင္ယာေတာ္မင္းသား'
ခ်က္ခ်င္းဒူးေထာက္ကာ ေတာင္းပန္သည္။
'မင္းသား ေျပာတဲ့အစီအစဥ္ကို လက္ခံပါတယ္'
'အမတ္ႀကီး ဒါက ဘယ္လိုျဖစ္ရတာလဲ'
'ဘာလုပ္ေနတာလဲ မင္းသားကို မေတာင္းပန္ဘဲနဲ႔'
ရာထူးအျမင့္ဆံုးအမတ္ေတြနဲ႔ တခ်ိဳ႕အမတ္ငယ္ေလးေတြကလြဲရင္ အားလံုးက ဝမ္ေယာလ္ ေျပာေသာ အစီအစဥ္ကို လက္ခံခဲ့ၾကသည္။
'ဒါက.......'
ဝမ္ေဆာနို ဘာေျပာရမလဲမသိေတာ့ေပ။
'ငါ့တာဝန္ၿပီးၿပီေနာ္ ေယာလ္ေလး'
ဝမ္အြန္း သူ႔စာအုပ္ေလးကိုယူၿပီး ျပန္ထြက္သြားခဲ့သည္။
ထိုစာအုပ္ေလးထဲတြင္ အမတ္ေတြ၏အက်င့္ပ်က္ျခစားမႈေတြ ပါေနသည္။
ထို႔အျပင္ တရားမဝင္လုပ္ငန္းမ်ားနွင့္ ေမွာင္ခိုကြၽန္လုပ္သားေရာင္းဝယ္ေရးေတြပါ ပါဝင္သည္။
ထိုအရာေတြသည္ ေထာင္ဒဏ္ နွစ္၂၀ မွ ေသဒဏ္အထိ က်သင့္မည္ျဖစ္ၿပီး ဝမ္ေယာလ္ ကေတာ့ က်ိန္းေသေပါက္ ေသဒဏ္ခ်မည္မွာမလြဲေပ။
~~~~~~~~~~~~
ဝမ္အြန္း သူ႔အေဆာင္က ေရခ်ိဳးကန္မွာ ေရစိမ္ေနတုန္း ဝမ္ေယာလ္ ဝင္လာၿပီး
'အြန္းေလး'
ဝမ္ေယာလ္ ေရကန္ထဲခုန္ဆင္းလာသည္။သူ႔ရဲ႕ အနီေရာင္ နဂါးဝတ္ရံုဟာ မလဲရေသးေပ။
'စာအုပ္ထဲမွာ ဘာေတြပါလဲ အြန္းေလး'
'ဘာမွမပါဘူး'
'အြန္းေလး'
ဝမ္ေယာလ္ ဝမ္အြန္း လက္ေမာင္းကို ဖိဆုပ္ထားရင္း ထပ္ေမးသည္။
'ငါ့ကိုအရူးလုပ္မေနနဲ႔။အဲ့စာအုပ္ထဲမွာဘာေတြပါလဲ'
ဝမ္အြန္း မ်က္နွာ လႊဲသြားသည္။
'အြန္းေလး...မင္းငါ့ကိုလံုးဝဂရုမစိုက္တာလား။ငါေရွ႕တင္ ငါ့အမတ္ေတြကိုၿခိမ္းေျခာက္သြားတာ။ေျပာစမ္း'
'မေျပာဘူး။အဲ့အမတ္ေတြက စီးပြားေရးအတြက္ လိုေနေသးတယ္'
'ဝမ္အြန္း!!'
'ေသခ်ာတာေတာ့ ငါ့မင္းအတြက္လုပ္ေပးေနတာပဲ'
'ငါ့အတြက္?ငါကေတာ့မထင္ဘူး။မင္းငါ့ကိုခ်စ္တယ္ဆို။ခ်စ္ရင္ ငါ့အေပၚပြင့္လင္းရမွာေပါ့။စာအုပ္ဘယ္မွာလဲ'
'မီးရွို ႔လိုက္ၿပီ'
'ဝမ္အြန္း! မင္းငါ့ကိုခ်စ္တယ္ဆိုတာ လိမ္ေနတာပဲ'
ဝမ္အြန္း မ်က္ရည္ေတြဝဲကာ ေခါင္းခါျပသည္။
'ငါတစ္ကယ္ေျပာေနတာ။မင္းအက်င့္နဲ႔ဆိုရင္ သူတို႔ေသကုန္လိမ့္မယ္။ငါေျပာျပမယ္။ငါတို႔ရဲ႕ စီးပြားေရးအတြက္ ျပည္တြင္းေထာက္တိုင္က အဓိကလိုအပ္တယ္။မင္းေတြေဝေနတာေၾကာင့္ သူတို႔က လက္မခံခ်င္တာ။ငါက သူတို႔လက္ခံေအာင္လုပ္ေပးလိုက္ၿပီ။အဲ့ေတာ့ ဆက္လုပ္ဖို႔ပဲရွိေတာ့တာ'
ေျဖာင္း!!!!!
ဝမ္အြန္း ေရထဲလဲက်သြားသည္။
'မင္းငါ့ကို ဂရုမစိုက္သလိုလုပ္သြားတာကေရာ။အဲ့အမတ္ေတြကလည္း ေၾကာက္ဒူးတုန္ၿပီး ငါ့ကို အဖတ္မလုပ္သြားတာကေရာ။မင္းေျပာၾကည့္။ငါ့ကို ဒီတိုင္းျပည္ရဲ႕ ဘုရင္လို႔ေကာ ထင္ေသးၾကရဲ႕လား'
'မင္းက ဒီတိုင္းျပည္ရဲ႕ ဘုရင္ပဲေလ။မင္းႀကီး.......ဝမ္ေယာလ္မင္းႀကီး.....ဒါက အမွန္တရားပဲ။ငါကမင္းရဲ႕ ၾကင္ယာေတာ္။ေျပာင္းလဲလို႔မရဘူး'
'မဟုတ္ဘူး။ေျပာင္းလဲလို႔ရတယ္'
'ေယာလ္ေလး'
'အြန္းေလး ကိုယ့္ကို တစ္ကယ္ခ်စ္လား'
'ခ်စ္တယ္'
'အြန္းေလး ေျပာတဲ့ ၾကင္ယာေတာ္တစ္ေယာက္လို ေနေပးနိုင္မလား........ေယာလ္ေလး ကို ခ်စ္ရင္'
'ဘာကိုေျပာခ်င္တာလဲ'
ဝမ္အြန္း အရိုက္ခံလိုက္ရေသာ ပါးတစ္ဖက္ကို ကိုင္ရင္းေမးလိုက္သည္။
'အခုကိစၥကို အြန္းေလး က အႀကံပဲေပး။က်န္တာ ကိုယ္ပဲ အားလံုးကို လုပ္မယ္'
'မျဖစ္နိုင္တာ။ငါစီစဥ္ထားတာေလ'
'ဟုတ္တယ္။အြန္းေလး စီစဥ္ထားတဲ့ကိစၥျဖစ္ေနလို႔ အြန္းေလး က်ိန္းေသပါဝင္လုပ္ေဆာင္ရမယ္'
'ငါကိုယ္တိုင္မလုပ္ရင္ ဘယ္သူလုပ္မွာလဲ။ငါကအႀကံေပးေနရာမွာပဲ ေနဖို႔က......'
'ကိုယ္ရွိတယ္ေလ'
'ေယာလ္ေလး'
ဝမ္အြန္း ထြက္ေပၚလာေသာ ဝမ္းနည္းမႈေတြကို ခ်က္ခ်င္းဖံုးကြယ္ပစ္လိုက္သည္။ဝမ္ေယာလ္ ထပ္ၿပီး လုယူသြားျပန္ၿပီ။
'အြန္းေလး က ၾကင္ယာေတာ္ျဖစ္လို႔ ၾကင္ယာေတာ္တစ္ေယာက္လိုပဲေနပါ။ကိုယ္ အြန္းေလး ကို မယံုဘူး'
'ငါ ဘယ္ေလာက္ေတာင္ေမ်ွာ္လင့္ထားတဲ့ ကိစၥလဲဆိုတာ သိသိႀကီးနဲ႔ မင္း လုပ္ရက္တယ္'
'အြန္းေလး ပဲ ေယာလ္ေလး ကိုခ်စ္တယ္ဆို'
ဝမ္ေယာလ္ ဝမ္အြန္း ကို ဖက္လိုက္ၿပီး
'ေယာလ္ေလး ကို ခ်စ္ရမွာက အြန္းေလး အလုပ္ဆိုရင္ အြန္းေလးကို အာဏာျပန္မရေအာင္ လုပ္ဖို႔ကလည္း ေယာလ္ေလး အလုပ္ပဲ'
ဝမ္ေယာလ္ ဝမ္အြန္း ေက်ာေလးျပင္ေလးကို ကေလးေခ်ာ့သလို ပြတ္သပ္ေပးရင္း
'မငိုနဲ႔ေတာ့။အြန္းေလး မွာ ေယာလ္ေလး တစ္ေယာက္လံုးရွိပါတယ္'
ဝမ္ေယာလ္ ဝမ္အြန္း လႊတ္ေပးလိုက္ၿပီး
'ကိုယ္ တစ္ခါတည္းေရခ်ိဳးသြားေတာ့မယ္'
ဝမ္ေယာလ္ သူ႔လက္နွစ္ဖက္ကို ဆန္႔လိုက္သည္။
လည္ပင္းၾကယ္သီးကစလို႔ ျဖဳတ္ေပးေနေသာ ဝမ္အြန္း လက္ေတြတုန္ေနသည္။စိတ္တိုလြန္းလို႔ ေပါက္ကြဲခြင့္ေတာင္မရသည့္အေျခအေနတစ္ခုကို သူရင္ဆိုင္ေနရသည္။
ဝမ္ေယာလ္ ကေတာ့ ဝမ္အြန္း ရဲ႕ မ်က္နွာေလးကို ငံု႔ၾကည့္ေနရင္း ၿပံဳးလိုက္သည္။မဲ့ၿပံဳးေလး..........။
•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•
[Unicode]
The Throne(ရာဇပုလ္လင်)
အပိုင်း-၂၁
ဝမ်အွန်း အခုတလော ညဘက်တွေက ဝမ်ယောလ် နန်းဆောင်မှာအိပ်ပြီး နေ့ဘက်မှာတော့ သူ့အဆောင်မှာသူပြန်နေတယ်။အကြောင်းက သူ့အဆောင်မှာ ရှင်းလေး ရှိနေသည်။အမြဲတမ်း မထင်ရင်မထင်သလို ရောက်လာတတ်တဲ့ ဝမ်ယောလ် ကြောင့် သူ ရှင်းလေး ကိုခေါ်ထားမှန်း ဝမ်ယောလ် သိသွားမှာစိုးရိမ်နေသည်။
ဝမ်အွန်း ရှင်းလေး ကို ပေါင်ပေါ်မှာတင်ထားပြီး နို့ဆန်ပြုတ်ခွံကျွေးနေသည်။
သူ့ရှေ့တွင် ကင်ဂျွန်မြောင် ကဒူးထောက်ကာ မြေပြင်ပေါ်ခေါင်းငုံ့ထားသည်။
ဝမ်အွန်း သူ့ကိုမမြင်ချင်ယောင်ဆောင်နေပြီး ရှင်းလေး ကို ထပ်ပြီး ခွံ့ကျွေးလိုက်ပြန်သည်။
ရှင်းလေး ကလိမ္မာသည်။ညဘက်တွေလည်း မငိုတတ်သလို ဝမ်အွန်း ကိုကြောက်ရကောင်းမှန်း သူသိနေသည်။
ဂျွန်မြောင် ဆီသွားချင်လို့ မျက်ရည်လေးဝဲပြီးအသနားခံချင်နေရင်တောင် ဝမ်အွန်း အကြည့်တစ်ချက်မှာတင် တိတ်သွားသည်။
နို့ဆန်ပြုတ်ထဲမှာ အိပ်ဆေးပါတာကြောင့် ရှင်းလေး သိပ်မကြာခင်မှာပဲ အိပ်ပျော်သွားသည်။
'ယန်း ကလေးကိုခေါ်သွားတော့'
'ဟုတ်ကဲ့ မင်းသား'
အထိန်းတော်ယန်း က ကလေးကိုချီပြီး အပြင်ကိုထွက်သွားတာကို ဂျွန်မြောင် တခါးပိတ်သွားသည်အထိ လိုက်ကြည့်နေသည်။ဝမ်အွန်း ရှင်းလေး ကို ခေါ်ထားတာ ၁၀ ရက်လောက်ရှိတော့မည်။ဂျွန်မြောင် မှာ ဝမ်ယောလ် ကိုလည်းမပြောရဲသလို ရီရှင်း ဆီတောင် စာမပို့ဖြစ်ပေ။ဝမ်အွန်း အကြောင်းကို သူသိသည်။
'မင်းသား ဘာလို့ ရှင်းလေး ကိုခေါ်ထားတာလဲ'
'ဘာလို့လို့ထင်လဲ'
ဝမ်အွန်း ကြည့်နေသည်။ပြီးတော့ ပြုံးရုံပြုံးသည်။
'ရှင်းလေး က ကျန်းမာသားပဲ။ငါခေါ်ထားတဲ့အချိန်အတွင်း လေ့လာကြည့်သလောက် ရှင်းလေး က ကျန်းမာရုံတင်မကဘူး ဉာဏ်လည်းကောင်းတယ်။ဒါ့အပြင် သူက သာမန်ကလေးတွေနဲ့မတူပဲ သိတတ်မှုက ပိုနေတယ်'
'မင်းသား'
ဝမ်အွန်း ဆန်ပြုတ်တွေကို ဇွန်းနဲ့မွှေနေရင်း
'ဒီရက်တွေမှာ ဆန်ပြုတ်ပဲကျွေးတာတောင် ကိုယ်ခံအားကောင်းတုန်းပဲ။မင်း သေချာစောင့်ရှောက်ထားတာပဲ'
ဂျွန်မြောင် ခေါင်းငုံ့သွားသည်။ဝမ်အွန်း က ကလေးကို ခေါ်ထားတာအလကားမဟုတ်ဘူးပဲ။
'ရှင်းလေး ကို ငါဆက်ပြီးခေါ်ထားမယ်'
'မင်းသား'
'အဲ့ဒီအစား ကလေးပြန်လိုချင်ရင် ငါ့ကိုတစ်ခုပြန်လုပ်ပေး'
'ပြောပါ။ကျွန်တော် တက်နိုင်တာရှိရင် ပြန်လုပ်ပေးပါ့မယ်'
'တက်နိုင်တာမတက်နိုင်တာထက် မင်းလုပ်ကိုလုပ်ရမှာ'
ဝမ်အွန်း ဂျွန်မြောင် ရဲ့ မျက်လုံးတွေကိုစိုက်ကြည့်ပြီး
'ငါ ယောလ်လေး ရဲ့ ကလေး လိုချင်တယ်'
ဝိုင်းစက်သွားသော ဂျွန်မြောင် ရဲ့ မျက်လုံးတွေနဲ့အတူ ဝမ်အွန်း ပဟေဠိဆန်ဆန်ပြုံးနေသည်။
~~~~~~~~~~~~
ဘတ်အာ စာရင်းတွေစစ်ရင်း ခေါင်းရှုပ်လာတာကြောင့် ဗျပ်စောင်းတစ်ခုကို လွယ်ပြီး မြို့ပြင်က တောထဲထွက်လာခဲ့သည်။
သစ်ပင်ရိပ်တွေနဲ့ အေးချမ်းနေသော မြို့စပ်နေရာလေးဖြစ်တာကြောင့်သားရဲတိရိစ္ဆာန်မရှိပေ။
အပင်ကြီးကြီးအောက်တွင် ထိုင်လိုက်ပြီး သူ့ရဲ့ ဗျပ်စောင်းကို စပြီးတီးခတ်သည်။
သစ်ပင်တွေကြားက နေရောင်ပြိုးပြိုးပြောက်ပြောက်နှင့် ငှက်ကလေးတွေက သူ့ကိုအဖော်ပြုပေးနေသည်။
မျက်စိကိုမှိတ်ရင်း တေးသံခံစားနေသော ဘတ်အာ ၏ နှာခေါင်းထဲ အနံ့တစ်ခုရောက်လာည်။
အမွှေးနံ့....မိန်းကလေးတွေသုံးတတ်သော ပန်းရနံ့လိုအနံ့မျိုး
ဘတ်အာ မျက်မှောင်ကြုံ့မိလိုက်သည်။
ဒီမှာတစ်ခြားတစ်ယောက်ရှိနေတာလား
ဘတ်အာ ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ ဘယ်သူမှမတွေ့။ဒါပေမဲ့ သူကျောခိုင်းထားသော သစ်ပင်၏တစ်ဖက်တွင် တခြားတစ်ယောက်ရှိနေသည်။
ဘတ်အာ သွားကြည့်လိုက်တော့
'မင်း.'
ဟိုတစ်နေ့က သူတွေ့ခဲ့သည့် ကချေသည်မိန်းကလေး ဖြစ်နေသည်။
'ခိုးနားထောင်ဖို့ ရည်ရွယ်ချက်မရှိပါဘူး။ဒီအတိုင်း.....'
'ဘာလုပ်နေတာလဲ'
'အကလေ့ကျင့်နေတာပါ မင်းသား'
ဘတ်အာ ရီလိုက်ပြီး
'ငါ့ကိုသိနေတာပဲ'
'မသိမှ ထူးဆန်းမှပေါ့'
'ဟုတ်သားပဲ'
ဘတ်အာ ခေါင်းလေးငြိမ့်ရင်း တုန့်ပြန်လိုက်သည်။
'မင်းအကလေ့ကျင့်နေတာလား'
'အစကတော့ ပျင်းလို့ လမ်းလျှောက်ထွက်လာတာပါ။ဒါပေမဲ့ မင်းသားရဲ့ ဗျပ်စောင်းသံကြားတော့ ကချင်လာတာနဲ့.....'
'မင်းက အကသမားပဲကိုး'
ဘတ်အာ သူ့ပစ္စည်းတွေကိုသွားပြန်ယူလိုက်ပြီး
'နာမည်ဘယ်လိုခေါ်လဲ'
'ဝူဟီး'
'ဝူဟီး....လှသားပဲ'
ဝူဟီး ဘာမှပြန်မပြောပေ။ဝူဟီး က တစ်ကယ်လှသော မိန်းကလေးပင်။
'ဘာလို့ကချေသည်လုပ်နေတာလဲ'
'ဝါသနာလည်းပါသလို ကျွန်မကို သူတို့ပိုင်တယ်လေ'
'မင်းကို ဝယ်ထားတာလား'
'ဟုတ်ပါတယ်။ငယ်ငယ်တုန်းက ကျွန်ရောင်းတဲ့နေရာကနေ ခေါ်ပြီးမွေးထားတာပါ'
'ဟုတ်လား'
ဘတ်အာ ဆက်မပြောတော့ပေ။
~~~~~~~~~~
ဝမ်အွန်း ညနေရောက်တော့ ဝမ်ယောလ် နန်းဆောင်ကိုပြန်ရောက်လာသည်။
ဂျောင်ဆူး ကို စာအုပ်တွေတစ်ထပ်ကြီး ယူလာခိုင်းပြီး သူက ခုံတွင် ဝင်ထိုင်လိုက်သည်။
'ငါစုံစမ်းခိုင်းတာတွေရပြီလား ဂျောင်ဆူး'
'ဟုတ်ကဲ့'
'ကောင်းပြီလေ'
'ဒါပေမဲ့ မင်းသား.....မင်းကြီးက လက်ခံပါ့မလား'
'လက်ခံရမှာပေါ့'
ဝမ်အွန်း ပြောပြီး စာအုပ်အထပ်လိုက်ကြီးထဲက အပေါ်ဆုံးစာအုပ်ကို ယူပြီး ဖတ်လိုက်သည်။
'သွားတော့'
'ဟုတ်ကဲ့ မင်းသား'
ဂျောင်ဆူး ထွက်သွားမှ ဝမ်အွန်း ဂျောင်ဆူး ကို စောင်းငဲ့ကြည့်လိုက်ပြီး
'မင်း ဂျောင်ဆူးကို ဘယ်လိုထင်လဲ ယန်း'
ယန်းလည်း ထွက်သွားပြီးဖြစ်သော ဂျောင်ဆူး သွားရာတံခါးပေါက်ကိုကြည့်ပြီး
'မသေချာပါဘူး မင်းသား။ဂျောင်ဆူး က တစ်ခါတစ်လေမှာ မင်းသားအလိုကျနေပေးနေပေမဲ့ ဟန်ဆောင်နေသလိုပဲ။ဒါပေမဲ့ အဲ့လိုဆိုတိုင်းလည်း မင်းသားရဲ့ လှုပ်ရှားမှုတွေကို လျို့ဝှက်သတင်းပေးခြင်းလည်းမရှိပြန်ဘူး။ခန့်မှန်းရခက်ပါတယ်'
'ဟုတ်တယ်'
ဝမ်အွန်း စာအုပ်ပေါ်တွင်သာ ပြန်ပြီး အာရုံစုစည်းလိုက်သည်။
အထိန်းတော်ယန်း က ဝမ်အွန်း သောက်ရန် လက်ဖက်ရည်ကြမ်းအား ငှဲ့ထည့်ပေးသည်။
ပြီးနောက် ဝမ်အွန်း အနောက်တွင် တိတ်ဆိတ်စွာ မတ်တပ်ရပ်နေသည်။
ညဘက် ခြောက်နာရီလောက်ရောက်တော့ ဝမ်ယော ရောက်လာခဲ့သည်။
'မင်းမယ်တော်ကြီးရောက်လာပါတယ် ကြင်ယာတော်မင်းသား'
'ဘာလာလုပ်တာလဲ'
'မင်းကြီးဆီလာတာလို့ထင်ပါတယ်'
ဝမ်အွန်း တစ်ချက်စဉ်းစားလိုက်ပြီး
'ဝင်လာခိုင်းလိုက်'
'ဟုတ်ကဲ့ မင်းသား'
ခဏနေတော့ တံခါးဖွင့်သံနှင့်အတူ ဝမ်ယော ဝင်လာခဲ့သည်။
ခုံတွင်ထိုင်နေသော ဝမ်အွန်း ကိုတွေ့တော့ သူမ မျက်မှောင်ကြုံ့သွားပြီး
'ဒီမှာဘာလုပ်နေတာလဲ အွန်းလေး'
'စာဖတ်နေတယ်'
ဝမ်အွန်း တစ်ချက်လေးတောင်အရိုအသေမပေး။စာရွက်ပင် နောက်တစ်ရွက်ထပ်လှန်လိုက်သေးသည်။
'အရိုအသေမဲ့လိုက်တာ'
ဝမ်ယော ပြောရင်း ဝမ်ယောလ် ထိုင်သည့် စားပွဲခုံရှေ့ဆုံးတွင် ဝင်ထိုင်သည်။
ဝမ်အွန်း တစ်ချက်ပဲ ကြည့်ပြီး မကြည့်တော့ပေ။
'ယောလ်လေး အမေက ကျွန်တော် ရိုသေရမဲ့လူလား'
'ဘာ'
'ကျွန်တော့်အဆင့်အတန်းက ယောလ်လေး အမေကို အရိုအသေပြုစရာမလိုဘူး'
'ဘာ.ငါက မင်းမယ်တော်ကြီး'
'အဲ့ဒါ ယောလ်လေး ကြောင့်လေ။အမှန်တစ်ကယ်က နှယ်နှင်ဒဏ်ပေးခံထားရတဲ့ မိဖုရားပဲ'
'ဘာပြောတယ်'
ဝမ်ယော ဆွေ့ဆွေ့ခုန်သွားသည်။
'ဘာကိစ္စရှိလို့လဲ'
'ငါ့သားဆီငါလာတာတောင် ကိစ္စရှိမှလာရမှာလား။မင်းကရော ဒီမှာဘာလုပ်နေတာလဲ'
'ယောလ်လေး အဆောင်မှာ လာအိပ်တာကြာပါပြီ။မသိဘူးလား'
'ဒါကြောင့်ကိုး။ယောလ်လေး ကမိဖုရားအဆောင်ကော ကြင်ယာတော် အဆောင်ကိုပါ မသွားတာ မင်းဒီမှာရှိနေလို့ပေါ့'
'အဲ့ကိစ္စက ကျွန်တော်နဲ့မဆိုင်ပါဘူး။ယောလ်လေး သွားချင်ရင်သွားလို့ရတာပဲ။ပြီးတော့ ကျွန်တော်က တားမဲ့လူလည်းမဟုတ်ဘူး။ကျွန်တော်ကိုယ်တိုင် ကြည်ဖြူလို့ လက်ထပ်ပေးထားတာပဲလေ'
ဝမ်အွန်း ပုံစံက လုံးဝသည့် ဂရုမစိုက်သည့်နှယ်။
'မင်းသား မင်းကြီးရောက်လာပါပြီ'
ဝမ်အွန်း မတ်တပ်ရပ်လိုက်ပြီး ဝမ်ယော ကိုပြုံးပြလိုက်သည်။ပြီးတော့ အပြင်ကိုထွက်ကြိုသည်။
'ယောလ်လေး'
'အပြင်မှာ ဘာထွက်လုပ်နေတာလဲ အွန်းလေး'
'အထဲမှာ ယောလ်လေး အမေ ရောက်နေတယ်'
'မယ်တော်လား'
'အင်း'
ဝမ်ယောလ် အရှေ့ကနေဝင်သွားတော့ ဝမ်အွန်း အနောက်ကနေကပ်လိုက်လာသည်။
တံခါးအပေါက်ဝတွင် ဂျွန်မြောင် နှင့် ဆေးဆရာမတစ်ဦး ရပ်နေတာကို ဝမ်အွန်း တွေ့လိုက်သည်။
ဆေးဆရာမလက်ထဲတွင် ဆေးတစ်ခွက်ကိုင်ထားသည်။ကြည့်ရတာ ဝမ်ယောလ် အတွက်ထင်သည်။
ဝမ်အွန်း ဝင်သွားတော့ ဝမ်ယောလ် နှင့် သူ့အမေ နှုတ်ဆက်နေသည်ကို မကြားချင်ယောင်ဆောင်နေသည်။ခပ်တည်တည်ပဲ သူ့နေရာမှာ ဝင်ထိုင်လိုက်ပြီး ရေနွေးကြမ်းကိုယူသောက်သည်။
'အလုပ်လုပ်တာလဲ လုပ်ပေါ့သားတော်ရယ်။နန်းဆက်အတွက်လည်း စဉ်းစားဦးပေါ့'
'သားတော်က မလိုသေးဘူးထင်လို့ပါ'
'မလိုပဲနေမလား ယောလ်လေး ရယ်။အိမ်ရှေ့စံနေရာဆိုတာ အလွတ်မထားရဘူးလေ။မဟုတ်ရင် သားတော်နေရာကို လုချင်နေသူကခပ်များများ'
နောက်ဆုံးစကားကိုတော့ ဝမ်အွန်း ကိုကြည့်ပြီး ပြောလိုက်ခြင်းဖြစ်သည်။
ဝမ်အွန်း မျက်ခုံးပင့်သွားသည်။ဒီအဖွားကြီး သူ့ကိုသက်သက်စိန်လာခေါ်နေသည်။
'ဝင်လာခဲ့'
ဝမ်ယော အမိန့်ပေးလိုက်တော့ ခုနက ဝမ်အွန်း တွေ့ခဲ့သည့် ဂျွန်မြောင် နှင့် ဆေးဆရာမလေးဝင်လာသည်။
ဝမ်ယော က ဆေးခွက်ကို သူကိုယ်တိုင်ယူပြီး ဝမ်ယောလ် ကိုတိုက်သည်။
'ဒီည မိဖုရားအဆောင်ကိုသွားလိုက်ပါဦး။မိဖုရားကိုပစ်ထားတာကြာပြီလေ'
ဝမ်ယောလ် ဆေးကိုယူသောက်ရင်း ဝမ်အွန်း ကိုကြည့်လိုက်သည်။ဝမ်အွန်း ကတော့ ဂရုမစိုက်စွာ စာအုပ်ဖတ်နေသည်။
'ဟုတ်သားပဲ။သားတော် ဆောနို ဆီမရောက်တာတောင်ကြာပြီ'
'ဟုတ်တယ် သားတော်ရယ်။မယ်တော်တောင် သတိထားမိနေပြီ။သူ အားငယ်နေရှာမှာ'
'အချိန်ဇယားက ဒီနေ့ ရှီရွှန်း ဆီသွားရမှာ'
ဝမ်အွန်း ခပ်တည်တည်နှင့်ပြန်ပြောလိုက်သည်။
ခုနကပြုံးရွှင်နေသော ဝမ်ယော မျက်နှာ မဲသွားသည်။
ဂျွန်မြောင် ကတော့ မျက်နှာပျက်သွားသည်။
'ရှီရွှန်း ဆီသွားလိုက်။လက်ထပ်ပြီးကတည်းက မင်း ရှီရွှန်း ဆီမရောက်တာ နန်းတော်တစ်ခုလုံးသိနေပြီ။စစ်သူကြီး မိသားစုအတွက် မကောင်းဘူး'
'ဝမ်အွန်း'
ဝမ်ယော စိတ်တိုစွာ အော်လိုက်သည်။
'အမှန်ပြောတာလေ'
ဝမ်အွန်း ကတော့ခပ်တည်တည်ပင်။ဝမ်ယောလ် ဝမ်အွန်း ကိုကြည့်ပြီး ရီလိုက်ကာ
'ဆောနို ဆီမနက်ဖြန်မှသွားလိုက်ပါမယ်'
'ယောလ်လေး!'
'သားတော် ညစာစားဖို့ပြန်လာတာ။မယ်တော်ပါ စားသွားပါလား'
'မစားဘူး'
'မစားနဲ့'
ဝမ်ယော ထွက်သွားတော့မှ ဝမ်ယောလ် ဝမ်အွန်း ကို အနောက်ကနေသိုင်းဖက်ပြီး ပါးလေးကိုနမ်းလိုက်သည်။
'မယ်တော်နဲ့ အခုထိ မတည့်သေးဘူးလား'
'သူကအရင် ရန်စတာ'
'ဒါပေမဲ့ အွန်းလေး .........အွန်းလေး ကိုယ့်ကိုချစ်ရင် ကိုယ့်အမေကိုပါ ချစ်ရမယ်လေ'
ဝမ်အွန်း ဝမ်ယောလ် ကိုမော့ကြည့်လိုက်ပြီး
'ဘာလို့လဲ'
'ကိုယ့်အမေဖြစ်နေလို့လေ'
ဝမ်အွန်း ဝမ်ယောလ် ကိုအကြာကြီးစိုက်ကြည့်နေသည်။
'ထမင်းစားရအောင်'
ဝမ်အွန်း အထိန်းတော်ယန်း ကို အမိန့်ပေးလိုက်သည်။
~~~~~~~~~~THE THRONE~~~~~~~~~~~
နောက်နေ့ ညီလာခံတွင် ဝမ်ယောလ် က အကုန်လုံးကို ခေါ်ထားသည်။
ဝမ်အွန်း နဲ့ ဝမ်ဆောနို အပြင် ဝမ်ရှီရွှန်း ပါရောက်နေသည်။
'ဒီနေ့ညီလာခံက တိုင်ပင်စရာရှိလို့ပဲ'
ဝမ်အွန်း ဝမ်ယောလ် ကိုကြည့်လိုက်သည်။ဝမ်ယောလ် မပြတ်မသားလုပ်တော့မည်ထင်သည်။
'စီးပွားရေးလမ်းကြောင်းကိုပြောင်းလဲမလို့ပဲ'
အမတ်တွေအကုန်လုံး ကြွပ်ကြွပ်ညံသွားသည်။
'ဘယ်လိုပြောင်းလဲမှာပါလဲမင်းကြီး'
'ကုန်စည်တွေအကုန်လုံးကို နန်းတော်ကတစ်ဆင့် ရောင်းချမယ်'
ထို့နောက်တွင် ဝမ်ယောလ် က ဝမ်အွန်း စီစဉ်ထားသော အကြောင်းအရာများကိုပြောသည်။
ဝမ်အွန်း ၏စီစဉ်မှုသည် နိုင်ငံခြားကုန်သည်နှင့် ပြည်သူတွေအတွက် အဆင်ပြေသော်လည်း ခေါင်းပုံဖြတ်အမြတ်ကြီးစားလေ့ရှိသော ကုန်သည်အဖွဲ့အတွက်တော့လုံးဝအဆင်မပြေပေ။ထို့အတူ ထိုအဖွဲ့ပါ ဖျက်သိမ်းရမည်ဖြစ်သည်။
အားလုံးကို နန်းတော်ကချုပ်ကိုင်ပြီး ဝမ်အွန်း ကစီမံမည်။
'ပြန်လည်စဉ်းစားတော်မူပါဦးမင်းကြီး။ဒီအစီအစဉ်က ပြည်တွင်းကုန်သည်တွေအတွက် အခက်အခဲရရှိလာနိုင်ကြောင်းပါ။ဒါ့အပြင် လူကုန်တန်တွေသာ ဆန္ဒပြလာရင် ရှီလာ ရဲ့ စီးပွားရေးက ပြန်ပြီး ယိမ်းယိုင်လာမှာပါ'
'ပြန်လည်စဉ်းစားတော်မူပါ မင်းကြီး'
အမတ်တွေအားလုံး တညီတညွတ်တည်း ရွတ်ဆိုသည်။
ဝမ်ယောလ် ဝမ်အွန်း ကိုကြည့်လိုက်သည်။
'တစ်ကယ်လို့ အဲ့နည်းလမ်းအတိုင်း လုပ်မယ်ဆိုရင် ပစ္စည်တွေသိုလှောင်ဖို့ သိုလှောင်ရုံလိုမယ်။ဆောက်လုပ်ရေးအတွက် ပစ္စည်းနဲ့ အလုပ်သမားလိုမယ်။ပြန်စဉ်းစားပါဦးမင်းကြီး'
ဝမ်ဆောနို ကပါ ဝင်ပြီးပြောလာသည်။
'ကုန်ကျစရိတ်အများကြီးအတွက် ဘဏ္ဍာငွေလောက်ပါ့မလား'
ရှီရွှန်း ဝမ်အွန်း ကိုကြည့်ပြီးပြောလိုက်သည်။ဒီလောက်ကြီးမားသည့် စီးပွားရေးအပြောင်းအလဲကို ဝမ်အွန်း သာလျှင် တွေးနိုင်မှန်း ရှီရွှန်း သိသည်။
'အဲ့အတွက် ပူစရာမလိုပါဘူး။ဒိုင်းမိုခံတပ်ကို ရလိုက်လို့ နိုင်ငံတော်ဘဏ္ဍာရေးက ပိုလျှံနေတယ်။ပြီးတော့ ပြည်ပကုန်သည်တွေကိုပါ ကုန်သွယ်ခွင့်ပြုထားတော့ အခွန်တွေရထားတယ်။အဲ့ဒါတွေနဲ့ ဒီစီမံကိန်းကိုဖော်လို့ရတယ်'
'အဲ့ဒီလိုဆိုရင်တောင် ကျွန်တော်တို့ သဘောမတူပါဘူး ကြင်ယာတော်မင်းသား'
ထိုအမတ်သည် ခေါင်းကိုမော်ပြီး ပြောသည်။
'လက်မခံနိုင်ဘူး?'
ဝမ်အွန်း ရီသည်။
ပြီးတော့ အမတ်တွေအကုန်လုံးကိုကြည့်လိုက်ပြီး
'ကောင်းပြီလေ။မင်းတို့သဘောမတူဘူးဆိုတော့ ငါလည်းစိတ်မကောင်းဘူး။ဂျောင်ဆူး! ဝင်ခဲ့'
ဂျောင်ဆူး ခန်းမဆောင်ထဲဝင်လာပြီး စာအုပ်တစ်အုပ်ကို ဆက်သသည်။
ဝမ်အွန်း ထိုင်ခုံပေါ်ကနေ အမတ်တွေရပ်နေသော နေရာဆီဆင်းသွားလိုက်ပြီး ဂျောင်ဆူး လက်ထဲက စာအုပ်ကိုယူလိုက်သည်။
'ဒီစာအုပ်ထဲမှာ ဘာရှိမယ်လို့ထင်လဲ'
ဝမ်အွန်း စာအုပ်ကို ခုနက မျက်နှာမော်ပြီးပြောခဲ့သော အမတ်ထံသို့ပေးလိုက်သည်။
အမတ်က ယူဖတ်ပြီးနောက် တုန်တုန်ရီရီဖြစ်သွားပြီး
'ဒါ.ဒါက '
ဝမ်အွန်း ပါးလေးနှစ်ဖက်မို့တက်သွားအောင်ပြုံးပြလိုက်သည်။
'တောင်းပန်ပါတယ်ကြင်ယာတော်မင်းသား'
ချက်ချင်းဒူးထောက်ကာ တောင်းပန်သည်။
'မင်းသား ပြောတဲ့အစီအစဉ်ကို လက်ခံပါတယ်'
'အမတ်ကြီး ဒါက ဘယ်လိုဖြစ်ရတာလဲ'
'ဘာလုပ်နေတာလဲ မင်းသားကို မတောင်းပန်ဘဲနဲ့'
ရာထူးအမြင့်ဆုံးအမတ်တွေနဲ့ တချို့အမတ်ငယ်လေးတွေကလွဲရင် အားလုံးက ဝမ်ယောလ် ပြောသော အစီအစဉ်ကို လက်ခံခဲ့ကြသည်။
'ဒါက.......'
ဝမ်ဆောနို ဘာပြောရမလဲမသိတော့ပေ။
'ငါ့တာဝန်ပြီးပြီနော် ယောလ်လေး'
ဝမ်အွန်း သူ့စာအုပ်လေးကိုယူပြီး ပြန်ထွက်သွားခဲ့သည်။
ထိုစာအုပ်လေးထဲတွင် အမတ်တွေ၏အကျင့်ပျက်ခြစားမှုတွေ ပါနေသည်။
ထို့အပြင် တရားမဝင်လုပ်ငန်းများနှင့် မှောင်ခိုကျွန်လုပ်သားရောင်းဝယ်ရေးတွေပါ ပါဝင်သည်။
ထိုအရာတွေသည် ထောင်ဒဏ် နှစ်၂၀ မှ သေဒဏ်အထိ ကျသင့်မည်ဖြစ်ပြီး ဝမ်ယောလ် ကတော့ ကျိန်းသေပေါက် သေဒဏ်ချမည်မှာမလွဲပေ။
~~~~~~~~~~~~
ဝမ်အွန်း သူ့အဆောင်က ရေချိုးကန်မှာ ရေစိမ်နေတုန်း ဝမ်ယောလ် ဝင်လာပြီး
'အွန်းလေး'
ဝမ်ယောလ် ရေကန်ထဲခုန်ဆင်းလာသည်။သူ့ရဲ့ အနီရောင် နဂါးဝတ်ရုံဟာ မလဲရသေးပေ။
'စာအုပ်ထဲမှာ ဘာတွေပါလဲ အွန်းလေး'
'ဘာမှမပါဘူး'
'အွန်းလေး'
ဝမ်ယောလ် ဝမ်အွန်း လက်မောင်းကို ဖိဆုပ်ထားရင်း ထပ်မေးသည်။
'ငါ့ကိုအရူးလုပ်မနေနဲ့။အဲ့စာအုပ်ထဲမှာဘာတွေပါလဲ'
ဝမ်အွန်း မျက်နှာ လွှဲသွားသည်။
'အွန်းလေး...မင်းငါ့ကိုလုံးဝဂရုမစိုက်တာလား။ငါရှေ့တင် ငါ့အမတ်တွေကိုခြိမ်းခြောက်သွားတာ။ပြောစမ်း'
'မပြောဘူး။အဲ့အမတ်တွေက စီးပွားရေးအတွက် လိုနေသေးတယ်'
'ဝမ်အွန်း!!'
'သေချာတာတော့ ငါ့မင်းအတွက်လုပ်ပေးနေတာပဲ'
'ငါ့အတွက်?ငါကတော့မထင်ဘူး။မင်းငါ့ကိုချစ်တယ်ဆို။ချစ်ရင် ငါ့အပေါ်ပွင့်လင်းရမှာပေါ့။စာအုပ်ဘယ်မှာလဲ'
'မီးရှို့လိုက်ပြီ'
'ဝမ်အွန်း! မင်းငါ့ကိုချစ်တယ်ဆိုတာ လိမ်နေတာပဲ'
ဝမ်အွန်း မျက်ရည်တွေဝဲကာ ခေါင်းခါပြသည်။
'ငါတစ်ကယ်ပြောနေတာ။မင်းအကျင့်နဲ့ဆိုရင် သူတို့သေကုန်လိမ့်မယ်။ငါပြောပြမယ်။ငါတို့ရဲ့ စီးပွားရေးအတွက် ပြည်တွင်းထောက်တိုင်က အဓိကလိုအပ်တယ်။မင်းတွေဝေနေတာကြောင့် သူတို့က လက်မခံချင်တာ။ငါက သူတို့လက်ခံအောင်လုပ်ပေးလိုက်ပြီ။အဲ့တော့ ဆက်လုပ်ဖို့ပဲရှိတော့တာ'
ဖြောင်း!!!!!
ဝမ်အွန်း ရေထဲလဲကျသွားသည်။
'မင်းငါ့ကို ဂရုမစိုက်သလိုလုပ်သွားတာကရော။အဲ့အမတ်တွေကလည်း ကြောက်ဒူးတုန်ပြီး ငါ့ကို အဖတ်မလုပ်သွားတာကရော။မင်းပြောကြည့်။ငါ့ကို ဒီတိုင်းပြည်ရဲ့ ဘုရင်လို့ကော ထင်သေးကြရဲ့လား'
'မင်းက ဒီတိုင်းပြည်ရဲ့ ဘုရင်ပဲလေ။မင်းကြီး.......ဝမ်ယောလ်မင်းကြီး.....ဒါက အမှန်တရားပဲ။ငါကမင်းရဲ့ ကြင်ယာတော်။ပြောင်းလဲလို့မရဘူး'
'မဟုတ်ဘူး။ပြောင်းလဲလို့ရတယ်'
'ယောလ်လေး'
'အွန်းလေး ကိုယ့်ကို တစ်ကယ်ချစ်လား'
'ချစ်တယ်'
'အွန်းလေး ပြောတဲ့ ကြင်ယာတော်တစ်ယောက်လို နေပေးနိုင်မလား........ယောလ်လေး ကို ချစ်ရင်'
'ဘာကိုပြောချင်တာလဲ'
ဝမ်အွန်း အရိုက်ခံလိုက်ရသော ပါးတစ်ဖက်ကို ကိုင်ရင်းမေးလိုက်သည်။
'အခုကိစ္စကို အွန်းလေး က အကြံပဲပေး။ကျန်တာ ကိုယ်ပဲ အားလုံးကို လုပ်မယ်'
'မဖြစ်နိုင်တာ။ငါစီစဉ်ထားတာလေ'
'ဟုတ်တယ်။အွန်းလေး စီစဉ်ထားတဲ့ကိစ္စဖြစ်နေလို့ အွန်းလေး ကျိန်းသေပါဝင်လုပ်ဆောင်ရမယ်'
'ငါကိုယ်တိုင်မလုပ်ရင် ဘယ်သူလုပ်မှာလဲ။ငါကအကြံပေးနေရာမှာပဲ နေဖို့က......'
'ကိုယ်ရှိတယ်လေ'
'ယောလ်လေး'
ဝမ်အွန်း ထွက်ပေါ်လာသော ဝမ်းနည်းမှုတွေကို ချက်ချင်းဖုံးကွယ်ပစ်လိုက်သည်။ဝမ်ယောလ် ထပ်ပြီး လုယူသွားပြန်ပြီ။
'အွန်းလေး က ကြင်ယာတော်ဖြစ်လို့ ကြင်ယာတော်တစ်ယောက်လိုပဲနေပါ။ကိုယ် အွန်းလေး ကို မယုံဘူး'
'ငါ ဘယ်လောက်တောင်မျှော်လင့်ထားတဲ့ ကိစ္စလဲဆိုတာ သိသိကြီးနဲ့ မင်း လုပ်ရက်တယ်'
'အွန်းလေး ပဲ ယောလ်လေး ကိုချစ်တယ်ဆို'
ဝမ်ယောလ် ဝမ်အွန်း ကို ဖက်လိုက်ပြီး
'ယောလ်လေး ကို ချစ်ရမှာက အွန်းလေး အလုပ်ဆိုရင် အွန်းလေးကို အာဏာပြန်မရအောင် လုပ်ဖို့ကလည်း ယောလ်လေး အလုပ်ပဲ'
ဝမ်ယောလ် ဝမ်အွန်း ကျောလေးပြင်လေးကို ကလေးချော့သလို ပွတ်သပ်ပေးရင်း
'မငိုနဲ့တော့။အွန်းလေး မှာ ယောလ်လေး တစ်ယောက်လုံးရှိပါတယ်'
ဝမ်ယောလ် ဝမ်အွန်း လွှတ်ပေးလိုက်ပြီး
'ကိုယ် တစ်ခါတည်းရေချိုးသွားတော့မယ်'
ဝမ်ယောလ် သူ့လက်နှစ်ဖက်ကို ဆန့်လိုက်သည်။
လည်ပင်းကြယ်သီးကစလို့ ဖြုတ်ပေးနေသော ဝမ်အွန်း လက်တွေတုန်နေသည်။စိတ်တိုလွန်းလို့ ပေါက်ကွဲခွင့်တောင်မရသည့်အခြေအနေတစ်ခုကို သူရင်ဆိုင်နေရသည်။
ဝမ်ယောလ် ကတော့ ဝမ်အွန်း ရဲ့ မျက်နှာလေးကို ငုံ့ကြည့်နေရင်း ပြုံးလိုက်သည်။မဲ့ပြုံးလေး..........။
•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•