Beyond the Eternity (ထာဝရကို...

By suekhatthar

84.1K 8.8K 783

"တကယ်သာ ချစ်ကြမယ်ဆို ထာဝရဆိုတဲ့ အချိန်က ဘယ်လုံလောက်ပါလိမ့်မလဲ။ " "တကယ္သာ ခ်စ္ၾကမယ္ဆို ထာဝရဆိုတဲ့ အခ်ိန္က ဘယ္... More

About the story
Prologue
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Epilogue
ကျေးဇူးတင်လွှာ

Chapter 24

1K 165 10
By suekhatthar

(Unicode)

"သူ့နာမည်အရင်းက Christopher Leonard
သူနဲ့ သူ့ညီမက ကမ္ဘာ့ ပထမဆုံး Original Vampire တွေဘဲ။
ကမ္ဘာပေါ်က အခြား Vampire တွေ အားလုံး သူတို့
နှစ်ယောက်ဆီက ဆင်းသက်လာတာ။”

Steve က သူသိသလောက် သူတို့၏ ဘုံရန်သူ အကြောင်း
Alex တို့ကို ရှင်းပြနေသည်။

"ဒါပေမယ့် သူက Vampire တင် မဟုတ်ဘူး။
သူတို့အမေရော အဖေရောက အရမ်းကို အစွမ်းရှိတဲ့ စုန်းတွေ။
သူတို့ မောင်နှမ နှစ်ယောက်ကို ထာဝရ အသက်ရှင်စေလိုတဲ့ ဆန္ဒနဲ့ သူတို့ရဲ့ magic ကို သုံးပြီး Vampire အသွင်ပြောင်းပေးခဲ့တယ်။
အဲ့တာ အောင်မြင်ဖို့ အတွက် သူတို့ ရွာသုံးရွာလောက်က
လူအကုန်နီးပါး စတေးခဲ့ကြတယ်။”

"Oh my god”
Emily ၏ အလန့်တကြား အာမေဋိတ်သံကို Steve က ခေါင်းဘဲ ငြိမ့်ပြပြီး ဆက်ပြောသည်။

"သူတို့မိဘတွေက သူတို့ရဲ့ Witch သဘာဝကို ချိုးနှိမ်ပြီး Vampire အသွင်ပြောင်းပေးဖို့ လုပ်ခဲ့တာ။
ဒါပေမယ့် မအောင်မြင်ခဲ့ဘူး။
အဲ့လိုလုပ်မယ့် အချိန်မှာ သူ့ကို အားနည်းသွားစေလောက်အောင် ပြင်းထန်တဲ့ စိတ်ခံစားချက်တွေ ဖြစ်နေဖို့
လိုတယ်။
ဒါပေမယ့် Christopher မှာက အဲ့လိုခံစားချက်မျိုး မရှိဘူး။”

"ဒါကြောင့် သူအမေက သူ့ညီမကို အသွင်ပြောင်းပေးပြီးနောက် သူရဲ့ Witch သဘာဝကို ဖျောက်ပစ်ဖို့ ကြိုးစား
နေတုန်းမှာဘဲ သူက လက်ဦးသွားပြီး မိဘနှစ်ယောက်လုံးကို သတ်ပစ်လိုက်တယ်။”

"ပြီးတော့ အစီအရင်လုပ်ပြီး အစွမ်းအားလုံးကို သူ စုပ်ယူပစ်လိုက်တယ်။
အဲ့တာကြောင့် သူက Original Vampire ဖြစ်တဲ့အပြင် အစွမ်းတွေကို စုပ်ယူပြီး အသုံးချနိုင်တဲ့ Witch လည်း ဖြစ်နေသေးတယ်။”

David က လက်ခုပ်ထတီးပြီး ဝင်ပြောသည်။

"ကောင်းလိုက်တာ။
ငါတို့ ရန်သူက ငါတို့ တွေးကြည့်လို့တောင် မရနိုင်တာတွေကို စွမ်းဆောင်နိုင်တာဘဲ။
ပျော်စရာကြီး ငါတို့ နိုင်ဖို့ မရှိတော့ဘူး။”

Alex က David ကို ရှုတင်းတင်း ကြည့်လိုက်ပြီးမှ Steve ကို မေးသည်။

"သူက ငါ့ အဆိပ်ကို ဘာလုပ်ဖို့ လိုချင်တာလဲ။”

Steve က သက်ပြင်းချသည်။

"ငါ သေတော့ မသေချာဘူး။
ဒါပေမယ့် မင်းရဲ့ အဆိပ်ကို သုံးပြီး Werewolf ကျိန်စာတစ်ခု စဖို့က အဖြစ်နိုင်ဆုံးဘဲ။
အဲ့တာသာ အောင်မြင်သွားခဲ့ရင် သူက Werewolf, Vampire, Witch
သုံးမျိုးစပ် Tribrid ဖြစ်သွားပြီ။”

"F**k သူက ဒီထက်ပိုစွမ်းနိုင်ချေ ရှိသေးတာပေါ့။
အဲ့လိုသာဆိုရင်တော့ ငါတို့ အားလုံး သေကုန်မှာဘဲ။”

ဒီတစ်ခေါက် David ၏ အားပါးတရ စကားကိုတော့ Alex ထမငြင်းတော့။

"အဲ့တော့ သူကို ဘယ်လို သတ်လို့ရနိုင်လည်း။”

Rachel မေးတော့ Steve က ခေါင်းခါပြသည်။
"Originals တွေကို သူတို့ မိသားစု အချင်းချင်းကဘဲ သတ်လို့ရတယ်။
ငါသိသလောက် သူ့ညီမကိုလည်း သူသတ်လိုက်ပြီ။”

"မင်းက ဘာလို့ အဲ့လောက် သေချာနေတာလဲ။”

Steve က သက်ပြင်းဖွဖွချလိုက်ပြီးမှ ဖြေသည်။
"ဘာလို့လဲဆိုတော့ ငါ ကြိုးစားခဲ့ဖူးလို့ပေါ့။”

ဘယ်တော့မှ ပြန်မတွေးချင်တော့သည့် အကြောင်းအရာတွေကို တူးဆွရတော့မည် ဖြစ်ကြောင်း Steve သဘောပေါက်လိုက်မိသည်။
.............

1780 ခုနှစ်၊ ဖေဖော်ဝါရီလ

အမေရိကန်ပြည်ထောင်စု၊ နီဘရာစကားပြည်နယ်ရှိ
တောအုပ်တစ်နေရာ။

လရောင်ဖျော့ဖျော့သာ အလင်းရောင်ရှိသော ဟင်းလင်းပြင်ကြီးပေါ်ရှိ သစ်သားစင်လေးပေါ်တွင် လသား ကလေးငယ်လေးတစ်ဦးကို တင်ထားသည်။
ထို ကလေးငယ်ဘေးတွင် အသက် ၇နှစ် အရွယ် ကောင်လေးတစ်ဦးရပ်နေသည်။

ကလေးငယ်နှင့် ကောင်လေးကို ပတ်၍ စည်းဝိုင်းကြီးတစ်ခုချထားသည်။

စည်းဝိုင်း၏ အပြင်ဘက်တွင် လူ အယောက် ၁၀၀ကျော်က
လက်ချင်းတွဲက ရပ်နေကြသည်။
ထို လူအုပ်၏ ရှေ့တွင် အမျိုးသမီးကြီး တစ်ယောက်က မန္တာန်များ ရွတ်ဆိုပေးနေသည်။

ထို အမျိုးသမီးကား Witch အဖွဲ့အစည်းတစ်ခု၏ ခေါင်းဆောင် အကြီးအကဲ ဖြစ်သည်။
လသားကလေးငယ်လေးမှာ သူမ၏ သားအရင်း ဖြစ်သည်။

သူမတို့ Witch အုပ်စု အခြားရွာများတွင် နေထိုင်စဥ် မြို့ခံလူများ၏ မကောင်းဆိုးဝါးဟု စွပ်စွဲကာ လိုက်လံသတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။
ထို့ကြောင့် တစ်အုပ်စုလုံး ထွက်ပြေးလာရင်း Xavier Werewolves တို့ နေထိုင်ရာ ဤတောမြို့လေးသို့ ရောက်လာခဲ့ကြသည်။

သူမ၏ မွေးကင်းစ သားငယ်သည် အခြားသူများနှင့်
မတူသော မွေးရာပါ ပါရမီများစွာ ပါခဲ့သည်။
သူကိုယ်တိုင် အသုံးမပြုနိုင်သော်လည်း အခြားသူများအတွက် မြောက်မြားသော စွမ်းအင်များကို လွှဲပြောင်းပေးနိုင်သည်။

ထို့ကြောင့် Werewolves ခေါင်းဆောင်နှင့် သူမတို့ အပေးအယူ လုပ်နိုင်ခဲ့သည်။
သူမ၏သားနှင့် ကျိန်စာကို မနှိုးဆွရသေးသော
Werewolves ခေါင်းဆောင်၏ သားငယ်တို့ကို စွမ်းအင် ချိတ်ဆက်ခွင့်ပြုမည်။
ထိုအခါ သူမသားငယ်၏ အစွမ်းကြောင့် Xavier werewolves များက လပြည့်ညမှာ မဖြစ်မနေ အသွင်ပြောင်းဖို့မလို။
လိုချင်သည့် အချိန်တိုင်း လိုသလို အသွင်ပြောင်းနိုင်မည်။
Werewolves ခေါင်းဆောင်၏ သားငယ် Steveနှင့် သူမ၏ သားငယ်တို့လည်း မသေမျိုး အဖြစ် ထာဝရ ရှင်သန်နိုင်မည်။

အပြန်အလှန် အနေဖြင့် သူမ၏ သားငယ်နှင့် သူမ၏ အုပ်စုကို Xavier pack ကစောင့်ရှောက်ပေးရမည်။

ထို အမျိုးသမီးကြီးက မန္တာန်ရွတ်ပြီးသည်နှင့် ခရမ်းရောင် အလင်းတန်းလေးက ကလေးငယ်၏ နှလုံးသားနေရာမှ ထွက်လာကာ ကောင်လေး ရင်ဘတ်ထဲသို့ ဝင်ရောက်သည်။
ထို့နောက် အပြန်အလှန် ကူးလူးယှက်နွယ်ကာ
ကြိုးထုံးပုံစံလေး ဖြစ်ပြီးနောက် ပျောက်ကွယ်သွားတော့သည်။

Xavier pack တစ်ခုလုံး ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်​ကြသည်။
လထိန်ထိန်သာနေသော်လည်း အရင်လတွေတုန်းကလို သူတို့ အရိုးတွေ အကုန် ကျိုးကြေပြီး ဝံပုလွေတစ်ကောင်လို အသွင်ပြောင်းသွားခြင်း မရှိတော့။
သူတို့ လွတ်လပ်သွားခဲ့ပြီ။

Xavier pack ခေါင်းဆောင်က ကြည်နူး ဝမ်​းမြောက်မှု နှင့် ပြုံးရွှင်နေသည်။
သူ့၏ သားငယ်နားကို ကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။

"Steve ဒါ မင်းတစ်သက်လုံး စောင့်ရှောက်ရမယ့် မင်းညီလေးဘဲ။”

ကောင်လေးက အနှီးထုပ်ထဲက ပေါက်စလေးကို သေချာ
ငေးကြည့်နေသည်။

"ကလေးကို အန်တီနာမည် မပေးရသေးဘူး။
သားပေးချင်လား။”

ကလေးငယ်၏ မိခင်က ပြောတော့ ကောင်လေးက ခဏငြိမ်သွားသည်။
အတန်ကြာ စဥ်းစားနေပြီးမှ ပြောသည်။

"Henry
Henry လို့ပေးမယ်။
အုပ်စိုးနိုင်သူလို့ အဓိပ္ပါယ်ရတယ်။”

"Henry နာမည်ကောင်းလေးဘဲ။
သားက ရွေးတတ်သားဘဲ။”

သူ့အဖေ၏ ချီးကျုးစကားကြောင့် ကောင်လေးက ပါးချိုင့်တွေ ခွက်သွားအောင် ပြုံးပြသည်။

လူကြီးတွေ အချင်းချင်း အခြား ဘာတွေဆွေးနွေးနေလဲ သူမသိတော့။
သူ့အာရုံက အနှီးထုပ် ဖြူဖြူလေးထဲက ကလေးပေါက်စလေးပေါ်မှာသာ ကျရောက်နေသည်။

ကလေးငယ်၏ မျက်နှာက လရောင်အောက်တွင် ဝင်းပနေသည်။
ပါးမို့မို့လေးပေါ်တွင် စံပယ်တင်မှဲ့ ထင်းထင်းလေး။
ကြည့်ရင်း ကြည့်ရင်း သူ့ရင်ထဲ၌ ကြည်နူးမှုတွေ ပြည့်လျှံလာသလို ခံစားရသည်။

"ကိုကို့ရဲ့ ကလေးငယ်လေး။
ကိုယ့်ရဲ့ အရိပ်အောက်မှာ တစ်ဘဝလုံး အေးချမ်းပါစေ။”

ဘာကြောင့်လည်းမသိ ထို လသားကလေးငယ်လေးက
သူ့ဘဝ၏ အရာရာ ဖြစ်လာတော့မည်ဆိုတာ ၇နှစ်သား အရွယ်ထဲက သူရိပ်မိနေခဲ့ သလိုပင်။
..............

1845 ခုနှစ်၊ ဧပြီလ

"Steve ! Steve !”

လူက မလာသေး။
အသံက အရင်ရောက်နှင့်ပြီးသော Henry ကြောင့် Steve စုတ်တံကို ခဏဘေးချ ထားလိုက်ရသည်။

သူ ဒီပန်းချီလေးကို ဒီနေ့ အဆုံးသတ်ဖို့ ရည်ရွယ်ချက်ကတော့ မပြီးမြောက်တော့ဘူး ထင်ပါရဲ့။

နှစ်ပေါင်း ခြောက်ဆယ်ကျော် ကြာသည့် အချိန်မှာတော့
Henry ၏ မိခင်ရော၊ Steve ၏ ဖခင်ရော ဆုံးပါးသွားခဲ့ပြီး Steve လည်း Xavier pack ၏ ခေါင်းဆောင် ဖြစ်လာခဲ့သည်။

ခေါင်းဆောင်တစ်ယောက် အနေနှင့် Pack တစ်ခုလုံးကို အုပ်ချုပ်ရသည့် တာဝန်ထက်
အကိုတစ်ယောက်အနေနှင့် Henry ကို စောင့်ရှောက်ရသည့် တာဝန်က သူ့အတွက် ပိုခက်ခဲသည်။

Henry တစ်ခုခု ဖြစ်သွားမှာကို စိုးရိမ်သည့် ပူလောင်ခြင်းမျိုးက ဘယ် အပူနှင့်မှ မတူချေ။

မွေးရာပါ များပြားလွန်းသော စွမ်းအင်တွေ၏ ဖိစီးမှုကြောင့်ဘဲလား မသိ Henry က သာမန်ထက် ဉာဏ်ရည် အနည်းငယ် နိမ့်ပါးသည်။

နှစ်ပေါင်း 60ဆယ်ကျော် ရှင်သန်နေထိုင်ပြီးပြီ ဖြစ်​သော်လည်း Henry က အခုချိန်ထိ ကလေးငယ်လေးလိုပင်။

Steve တို့နှင့် အတူ ကြီးပြင်းလာခဲ့သည့် လူတစ်ချို့တောင် ကွယ်လွန်သွားခဲ့ကြပြီမို့ Steve ကတော့ ကိုယ်ကိုယ်ကို အဘိုးကြီး ဖြစ်နေပြီဟု တစ်ခါတစ်ခါ ခံစားရသည်။

Henry ကတော့ ပြောင်းပြန်။
သူ့အရွယ်ရောက်မှုက အသက် ၂၀ ကျော်တွင် ရပ်တန့်သွားသလို သူ့အသက်ကိုလည်း ထာဝရ ၂၀ဟုသာ ခံယူထားပုံပေါ်သည်။

အားလုံးကလည်း Henryက သူတို့ထက် ကြီးမှန်း သိသိနှင့် အငယ်​လေးလိုသာ ဆက်ဆံကြသည်။

ထို ကလေးယောင်ဆောင် အသက် 60ကျော်လေးကို Steve တစ်ယောက် ဘာနှင့်မျှ စိတ်မချနိုင်။
ဖြစ်နိုင်လျှင် လသားလေးတုန်းကလို အနှီးလေးနှင့် ထုပ်ပြီး
ရင်ခွင်ထဲတွင်သာ တစေ ထွေးပွေ့ထားချင်သည်။

ဘာလို့ အဲ့လောက်တောင် မြတ်နိုးတွယ်တာနေရလဲ။
ကိုယ့်ကိုယ်ကို နားမလည်။
နားလည်အောင် ကြိုးစားရမှာကိုလည်း ကြောက်လှသည်။

"အာ...
Steve က ဒီမှာကို ကျွန်တော်က ရှာလိုက်ရတာ။
ပန်းချီဆွဲနေတာလား။”

Steve က ပြုံးကာ ခေါင်းညိတ်ပြလိုက်သညိ။

"အင်းး ရတယ်။
Henry ဘာပြောမလို့လဲ။
ပြောလေ။
ကိုယ် နားထောင်ပေးမယ်။”

Steve ခွင့်ပြုချက်ပေးလိုက်သည်နှင့် Henry က ခုံပေါ်တွင် အကျအနထိုင်ကာ တစ်နေ့တာ အတွေ့အကြုံတွေကို စတင်မျှဝေပါတော့သည်။

"Steve သိလား။
ရွာမြောက်ပိုင်းက လူတွေ အမဲလိုက်လာတဲ့ ​ေတာဝက်ကြီးက နည်းတဲ့ အကောင်ကြီး မဟုတ်ဘူး။
ဝက်ဆိုမှ ကျွန်တော်တို့ ဝက်ကင် မစားရတာ ကြာပြီနော်။
Nora က လုပ်ကျွေးမယ်ဆိုပြီးတော့။
ကင်စားတာတော့ ကိုယ်ဟာကို စားလည်း ရပါတယ်။
သြော် ကိုယ်ဟာကို လုပ်တယ်ဆိုမှ ကျွန်တော် ဒီနေ့ ငါးဖမ်းတာ နှစ်ကောင်မိတယ် သိလား။....”

Henry ပြောသမျှ တစ်ခုပြီးတစ်ခု ခေါင်းတစ်ငြိမ့်ငြိမ့် နားထောင်ပေးနေရင်း နေပင် စောင်းတော့မည်ဖြစ်သည်။

"Steve ကလည်း ခေါင်းဘဲ ညိတ်နေတာဘဲ။
ကျွန်တော်ပြောတာကို စိတ်မဝင်စားတဲ့ သဘောလား။”

Henry စရစ်ပြီဆိုတာ Steve သဘောပေါက်လိုက်သည်။

"ကိုယ် Henry ပြောတာကို သေချာ
နားထောင်ပေးနေတာဘဲလေ ကလေးရဲ့။”

"အဲ့တာဆို ပါးချိုင့်ကိုင်ချင်တယ် ပြုံးပြ။”

Henry အလိုကျ ပါးတွေ ခွက်သွားအောင် ပြုံးပေးလိုက်တော့ ပါးချိုင့်ထဲ လက်ထည့်ကာ သဘောတွေ ကျနေသည်။

ထောင့်က စင်တစ်ခုတွင် တင်ထားသော ပန်းချီကားချပ်ကို မြင်တော့ ချက်ချင်း ပြေးကာ သွားကြည့်သည်။

"ကျွန်တော့ပုံတူ အသစ်ဘဲ။
ထပ်ပြီး ဆံပင်ရှည်တွေနဲ့ ဆွဲပြန်ပြီ။”

"မလှလို့လား Henry ရဲ့”
Steve က စိုးရိမ်တကြီး မေးမိတော့ သူက ခေါင်းခါ ပြသည်။

"မဟုတ်ပါဘူး။
ဒါပေမယ့် ကျွန်တော်က အခု အဲ့ဆံပင်မှ မဟုတ်တော့တာ။
​ဒီဆံပင်နဲ့ နောက်တစ်ပုံ ထပ်ဆွဲပေးဦး။
ဒီပုံလေးကို Steve ဘဲ သိမ်းထားလိုက်။
ကျွန်တော် ညစာသွားစားတော့မယ်။”

ပြောပြီး ချက်ချင်း ပြေးထွက်သွားသော Henry ကို Steve လှမ်းစဖို့ မမှီလိုက်။

ရှေ့ရှိ ပန်းချီကားလေးကို ကြည့်ကာ မှဲ့နေရာလေးကို လက်နှင့် ဖွဖွလေး ထိရင်း သူ ကြည်ကြည်နူးနူး ပြုံးလိုက်မိသည်။
ဘယ်လောက် ပင်ပန်းပင်ပန်း ဒီကောင်လေးကို
ကာကွယ်ရသည့် တာဝန်လောက် သူ ဘယ်အရာကိုမှ
မနှစ်သက်ခဲ့။
.............

1847 ခုနှစ် ဇူလိုင်လ

"ကိုယ် ပြောတာနားထောင်။
နောက်တစ်ခေါက် နေ့လည်ဘက် ကိုယ်လိုက်ပို့ပေးမယ်ကွာ။
ဒီညတော့ ကိုယ် မသွားမဖြစ် မို့လို့ပါ။”

"ကျွန်တော်က နေ့လည် သွားချင်တာမှ မဟုတ်တာ။
ညဘက် အမဲလိုက်ချင်တာလေ။”

Werewolves တစ်သိုက်နှင့်အတူ ညသန်းခေါင် အမဲလိုက် ထွက်ချင်ပါသည်ဟု ပူဆာနေသော Henry ကြောင့် Steve တစ်ယောက် ခရီးသွားမည့်ဆဲဆဲ မြင်းပေါ်က ဆင်းလာကာ ချော့မော့နေရသည်။

​"မင်းက အရမ်းပြောရခက်တာဘဲ Henry
ငါက စိတ်ပူလို့ကွ။
တစ်ခုခုဆို သူတို့က Werewolves တွေ။
မင်းကသာ...”

"ကျွန်တော်က ဘာမှ မလုပ်နိုင်ဘူး။
သိတယ်။
Steve အဲ့တာပြောမလို​့ မလား။
ကျွန်တော် အသုံးမကျဘူးဆိုတာ သိပြီသားမလို့ ထပ်ပြောစရာ မလိုတော့ဘူး။
အကို သွားစရာရှိတာ သွားပါ။
ကျွန်တော် ဘယ်မှ မသွားတော့ဘူး။”

ခေါင်းငိုက်စိုက်နှင့် အိမ်ထဲ​ပြန်ဝင်သွားသော Henry ကို
ကြည့်ကာ Steve ရင်ထဲ ဟာခနဲ ဖြစ်သွားမိသည်။

Steve တို့ pack အတွက်ရော၊ Steve နှင့်သူ၏ ထာဝရ ရှင်သန်ရေးအတွက်ပါ သူ့ magic တွေကို အကုန်သုံးလိုက်ရသဖြင့် Henry က သာမန် Witch တွေလောက်
မစွမ်းဆောင်နိုင်တော့။

သူ့ကိုယ်သူ အရည်အချင်းမရှိသူလို့ ထင်မှတ်ပြီး မသိစိတ်က အမြဲ အားငယ်နေတတ်သည်။

အချိန်ထပ်ဆွဲ၍ မဖြစ်တော့လို့သာ ထွက်လာခဲ့ရပေမယ့်
Steve ၏ စိတ်တွေက လေးလံနေသည်။

ခါတိုင်းလို အော်ဟစ်သောင်းကျန်းကာ ပူဆာတာမျိုး
မဟုတ်ဘဲ ဝမ်းနည်းသွားသည့် မျက်နှာလေးကြောင့် ရင်ထဲ၌ မီးခဲ မြိုထားသလိုမျိုး ပူလောင် နာကျင်လှသည်။

မဖြစ် သူ ဒီည ပြန်မှ ဖြစ်သည်။
Henry ကို သေချာ ချောမော့ရမည်။
သူ အသုံးမကျလို့ မဟုတ်ဘဲ ညဘက် အလွန် အန္တရာယ်
များလွန်းသောကြောင့်သာ ဖြစ်ကြောင်း နားလည်အောင်
ရှင်းပြရမည်။

ရုတ်တရက် နောက်ပြန်လှည့်ကာ မြင်းကို ဒုန်းစိုင်း စီးနင်းသွားသော သူတို့ ခေါင်းဆောင်ကို နောက်လိုက်တွေက အံသြမနေတော့။
အစကတည်းက Henry ထိုသို့ ကျန်ခဲ့ပါလျက် လိုက်လာသည်ကသာ အထူးအဆန်း ဖြစ်နေခဲ့သည်ပင်။

သို့သော် ဆက်သွားလို့လည်း မပြော၊ ပြန်လိုက်ခဲ့လို့လည်း မမှာကြားသွားသဖြင့် နောက်လိုက်များ ခမျာ
လမ်းလည်ခေါင်တွင် ကိုးလိုကန့်လန့်။
............

"Henry! Henry!”

အိမ်အောက်ရောက်ကတည်းက အော်ခေါ်နေသော်လည်း Henry က မထူး။
Steveကို အမှန်တကယ် စိတ်ကောက်နေသည့် ပုံပင်။

အိပ်ခန်းတံခါးကို အသာဖွင့်ပြီး ဝင်ကြည့်လိုက်​တော့ အိပ်ရာအလွတ်က သူ့ရင်ဝကို စောင့်ကန်လိုက်သလိုပင်။

ဒီကောင်လေးကတော့

သူ့ကို ဟန်လုပ် ဝမ်းနည်းပြကာ သူ့အလစ်မှာ လိုက်သွားဖို့ ကြံစည်တာ ဖြစ်ကြောင်း အခုမှ သဘောပေါက်လိုက် ရသည်။

မလှိမ့်တပတ် လုပ်ခံရသောကြောင့် ဒေါသထွက်ရခြင်းထက် စိုးရိမ်သောက ရောက်ရခြင်းက အဆပေါင်း များစွာပိုသည်။

Henry မင်းကတော့ ငါ့ကို သောကမပေးရရင် တကယ်မနေနိုင်တဲ့ ကောင်လေးဘဲ။

ကုန်းနှီးပင် မဖြုတ်ရသေးသော မြင်းကို ပြန်ဆွဲလာကာ
တောထဲသို့ အသော့နှင်ရပြန်သည်။

ငါမှားတာ။
ဒီကလေးက အဲ့လောက် မစဥ်းစားနိုင်တာ သိသိနဲ့။
စောက်ရေးမပါတဲ့ စောက်အလုပ်ကို ဦးစားပေးမိတယ်။
Henry ကို သေချာနားချခဲ့ရမှာကို။

Henry သာ တစ်ခုခု ဖြစ်သွားရင် ဆိုပြီး တွေးမိလေလေ
ကိုယ့်ကိုယ်ကို အပြစ်တင်ကာ ကျိန်ဆဲမိလေလေ ဖြစ်သည်။

နာရီဝက်ကျော်ကြာသည် အထိ တောထဲတွင် ဘယ်သူ့ကိုမှ
မတွေ့ သဖြင့် Steve၏ သောကတွေ စိုးရိမ်ရေမှတ်သို့
ထိုးတက်လာပြီ ဖြစ်သည်။

စိတ်ကို ဖြည်းဖြည်းချင်း လျှော့ကာ သူတို့နှစ်ယောက်ကြားက ဆက်သွယ်မှုလေးကို အသုံးပြုဖို့ ကြိုးစားမိသည်။ ထိုဆက်သွယ်မှုကလည်း တကယ်အရေးကြီးချိန်မှ အလုပ်ဖြစ်တာမို့လို့ သူ အထူး အာရုံစိုက်နိုင်ဖို့ လိုသည်။

45မိနစ်ကျော် ကြာလာသည့် အချိန်မှာတော့ ခရမ်းရောင်အလင်းတန်းလေးပေါ်လာသဖြင့် သူသက်ပြင်းချကာ အလင်းတန်း​လေး ညွှန်ပြရာနောက် လိုက်သွားမိသည်။

မြောက်ဖက်ကို မိနစ်အနည်းငယ် ထပ်သွားရအပြီးမှာတော့ အလင်းတန်းလေး ပျောက်ကွယ်သွားသည်။
Steve လည်း မြင်းပေါ်က ဆင်းပြီး လမ်းလျှောက်ကာ ရှာကြည့်တော့  အပင်ကြီးတစ်ခုအောက်တွင် ဆောင့်ကြောင့်ထိုင်နေသည့် အရိပ်လေး။

"Henry ”

သူတိုးတိုးလေး ခေါ်လိုက်တော့ ခေါင်းငုံ့နေရာကနေ
မော့ကြည့်လာသည်။

"ဘုရားရေ တော်ပါသေးရဲ့။
ကိုယ် အရမ်း စိတ်ပူနေခဲ့ရတာ။”

Steve က ပြောရင်း ပြေးဖက်လိုက်တော့ Henry က တိုးတိုးဆိုသည့် ပုံစံလုပ်ပြကာ အနောက်ဖက်ကို လက်ညှိုးထိုးပြသည်။

Steve ကြည့်လိုက်မိတော့ အတော်ကြီးမားသော ဝက်ဝံကြီး တစ်ကောင်။
မှောင်နေတာကြောင့်ရော၊ ချုံတွေ ကွယ်နေ၍ရော စောစောက သူမမြင်မိ။

ထို့အပြင် ဒဏ်ရာ တပွေ့တပိုက်နှင့် သူ့ werewolves သုံးယောက်ကလည်း မြေပေါ်မှာ ပိုးလို့ပက်လက်။

Henry ရော တစ်ခုခုများ...

"ကျွန်တော် ဘာမှ မဖြစ်ဘူး။
ခြစ်ရာလေးတောင် မရှိဘူး။
အားလုံးက ဝက်ဝံလာတာနဲ့ ကျွန်​ေတာ့်ကို ပုန်းခိုင်းပြီး သူတို့ဘဲ တိုက်ခိုက်နေကြတာ။”

သူ့အတွေးတွေကို သိသည့်အလား Henry က ဦးအောင်ပြောသည်။
ကြောက်လန့်နေလွန်းသဖြင့် Henry ၏ အသံတွေက တုန်နေသည်။

သူတို့ စကားသံကို ကြား၍ဘဲလား မသိ။
ဝက်ဝံက သူတို့ရှိရာသို့ ဦးတည်လာသည်။

ဒီအတိုင်းဆို နှစ်ယောက်လုံး လွတ်မှာ မဟုတ်။

"ကိုယ်ပြောတာ နားထောင် Henry
ကိုယ် အခု ဝက်ဝံကို နိုင်အောင် တိုက်မယ်။
မင်းက ဒီနားမှာပဲ အခုလိုဘဲ ထိုင်နေ။
ကိုယ့်ကို လုံးဝ စိတ်မပူနဲ့။
ကိုယ်က နိုင်ကိုနိုင်မှာ ဟုတ်ပြီလား။
ကိုယ်ပြောတာ နားထောင်မယ်မလား။”

Henry က ခေါင်းငြိမ့်ပြသည်။
လရောင်ကြောင့် Henry မျက်ဝန်းက မျက်ရည်တွေ
ဝဲနေတာကို မြင်နေရသည်။

သူ ထွက်လိုက်သည်နှင့် ဝက်ဝံက သူ့ကို ခုန်အုပ်သည်။
ဘယ်လောက်ဘဲ ခေါင်းဆောင် မလို့ သန်မာတယ်ဘဲဆိုဆို
အရွယ်အစား မသေးလှသော ဝက်ဝံကြီးကို အနိုင်ချဖို့က ထင်သလောက် မလွယ်။

ဝံပုလွေ လက်သည်းများ ထုတ်ကာ ချတာတောင်မှ ဝက်ဝံ
အပုတ်ကို တစ်ချက်ခံလိုက်ရသေးသည်။
အသည်းအသန် အားကုန်သုံးကာ တိုက်ခိုက်ပါမှ မိနစ်၂၀
အကြာတွင် ဝက်ဝံ၏ နှလုံးကို ဆွဲထုတ်နိုင်ခဲ့သည်။

ယိုင်တိုင်တိုင်နှင့် လျှောက်လာသော သူ့ကို Henry က
ထကြည့်သည်။
ရင်ဘတ်က ဝက်ဝံပုတ်ရာကို မြင်တော့ တအင့်အင့် ရှိုက်ငိုတော့သည်။

"ကျွန်​ေတာ့်ကြောင့် ကျွန်တော့်ကြောင့် Steve ဒဏ်ရာရတာ။
တောင်းပန်ပါတယ်။
နောက်တစ်ခါ တကယ် ကျွန်တော် စကားနားထောင်ပါ့မယ်။
အခုလို ထပ်မလုပ်တော့ပါဘူး။
တကယ် ကတိပေးပါတယ်။
အရမ်းနာနေလားဟင်။
ကျွန်တော့်ကြောင့် ဖြစ်ရတာ ကျွန်တော့်ကြောင့်”

ပြောရင်း ရှိုက်ကာ ငိုနေသော Henry ကြောင့် သူ ရင်ထဲ
ဆို့လာမိသည်။
ခေါင်းလေးကို ဖွဖွလေး ပွတ်ပေးကာ ချော့ရသည်။

"တိတ်တော့ ကလေး
မငိုနဲ့တော့။
မင်း ငိုတာကို မြင်ရတာ ဝက်ဝံပုတ်တာထက် ပိုနာတယ်။
ဖြစ်ဖို့ရှိလို​့ ဖြစ်တာ၊ မင်းကြောင့် မဟုတ်ဘူး။
စိတ်မကောင်းဖြစ်မနေနဲ့တော့နော်။
တိတ်တိတ်။”

ထိုညက အိမ်ပြန်ရောက်သည်အထိ Henry ကို
ခေါင်းပုတ်ကာ ချော့မော့ပေးနေရင်း ထိုကလေးအပေါ်ထားသည့် သူ့ချစ်ခြင်းတွေက ညီရင်းအစ်ကို မေတ္တာထက် ပိုနေပြီဖြစ်ကြောင်း သူ အံသြ တုန်လှုပ်စွာ သူရိပ်မိခဲ့ရပါသည်။
..............
(Zawgyi)

"သူ႕နာမည္အရင္းက Christopher Leonard
သူနဲ႕ သူ႕ညီမက ကမၻာ့ ပထမဆုံး Original Vampire ေတြဘဲ။
ကမၻာေပၚက အျခား Vampire ေတြ အားလုံး သူတို႔
ႏွစ္ေယာက္ဆီက ဆင္းသက္လာတာ။”

Steve က သူသိသေလာက္ သူတို႔၏ ဘုံရန္သူ အေၾကာင္း
Alex တို႔ကို ရွင္းျပေနသည္။

"ဒါေပမယ့္ သူက Vampire တင္ မဟုတ္ဘူး။
သူတို႔အေမေရာ အေဖေရာက အရမ္းကို အစြမ္းရွိတဲ့ စုန္းေတြ။
သူတို႔ ေမာင္ႏွမ ႏွစ္ေယာက္ကို ထာဝရ အသက္ရွင္ေစလိုတဲ့ ဆႏၵနဲ႕ သူတို႔ရဲ႕ magic ကို သုံးၿပီး Vampire အသြင္ေျပာင္းေပးခဲ့တယ္။
အဲ့တာ ေအာင္ျမင္ဖို႔ အတြက္ သူတို႔ ႐ြာသုံး႐ြာေလာက္က
လူအကုန္နီးပါး စေတးခဲ့ၾကတယ္။”

"Oh my god”
Emily ၏ အလန့္တၾကား အာေမဋိတ္သံကို Steve က ေခါင္းဘဲ ၿငိမ့္ျပၿပီး ဆက္ေျပာသည္။

"သူတို႔မိဘေတြက သူတို႔ရဲ႕ Witch သဘာဝကို ခ်ိဳးႏွိမ္ၿပီး Vampire အသြင္ေျပာင္းေပးဖို႔ လုပ္ခဲ့တာ။
ဒါေပမယ့္ မေအာင္ျမင္ခဲ့ဘူး။
အဲ့လိုလုပ္မယ့္ အခ်ိန္မွာ သူ႕ကို အားနည္းသြားေစေလာက္ေအာင္ ျပင္းထန္တဲ့ စိတ္ခံစားခ်က္ေတြ ျဖစ္ေနဖို႔
လိုတယ္။
ဒါေပမယ့္ Christopher မွာက အဲ့လိုခံစားခ်က္မ်ိဳး မရွိဘူး။”

"ဒါေၾကာင့္ သူအေမက သူ႕ညီမကို အသြင္ေျပာင္းေပးၿပီးေနာက္ သူရဲ႕ Witch သဘာဝကို ေဖ်ာက္ပစ္ဖို႔ ႀကိဳးစား
ေနတုန္းမွာဘဲ သူက လက္ဦးသြားၿပီး မိဘႏွစ္ေယာက္လုံးကို သတ္ပစ္လိုက္တယ္။”

"ၿပီးေတာ့ အစီအရင္လုပ္ၿပီး အစြမ္းအားလုံးကို သူ စုပ္ယူပစ္လိုက္တယ္။
အဲ့တာေၾကာင့္ သူက Original Vampire ျဖစ္တဲ့အျပင္ အစြမ္းေတြကို စုပ္ယူၿပီး အသုံးခ်နိဳင္တဲ့ Witch လည္း ျဖစ္ေနေသးတယ္။”

David က လက္ခုပ္ထတီးၿပီး ဝင္ေျပာသည္။

"ေကာင္းလိုက္တာ။
ငါတို႔ ရန္သူက ငါတို႔ ေတြးၾကည့္လို႔ေတာင္ မရနိုင္တာေတြကို စြမ္းေဆာင္နိုင္တာဘဲ။
ေပ်ာ္စရာႀကီး ငါတို႔ နိုင္ဖို႔ မရွိေတာ့ဘူး။”

Alex က David ကို ရႈတင္းတင္း ၾကည့္လိုက္ၿပီးမွ Steve ကို ေမးသည္။

"သူက ငါ့ အဆိပ္ကို ဘာလုပ္ဖို႔ လိုခ်င္တာလဲ။”

Steve က သက္ျပင္းခ်သည္။

"ငါ ေသေတာ့ မေသခ်ာဘူး။
ဒါေပမယ့္ မင္းရဲ႕ အဆိပ္ကို သုံးၿပီး Werewolf က်ိန္စာတစ္ခု စဖို႔က အျဖစ္နိုင္ဆုံးဘဲ။
အဲ့တာသာ ေအာင္ျမင္သြားခဲ့ရင္ သူက Werewolf, Vampire, Witch
သုံးမ်ိဳးစပ္ Tribrid ျဖစ္သြားၿပီ။”

"F**k သူက ဒီထက္ပိုစြမ္းနိုင္ေခ် ရွိေသးတာေပါ့။
အဲ့လိုသာဆိုရင္ေတာ့ ငါတို႔ အားလုံး ေသကုန္မွာဘဲ။”

ဒီတစ္ေခါက္ David ၏ အားပါးတရ စကားကိုေတာ့ Alex ထမျငင္းေတာ့။

"အဲ့ေတာ့ သူကို ဘယ္လို သတ္လို႔ရနိုင္လည္း။”

Rachel ေမးေတာ့ Steve က ေခါင္းခါျပသည္။
"Originals ေတြကို သူတို႔ မိသားစု အခ်င္းခ်င္းကဘဲ သတ္လို႔ရတယ္။
ငါသိသေလာက္ သူ႕ညီမကိုလည္း သူသတ္လိုက္ၿပီ။”

"မင္းက ဘာလို႔ အဲ့ေလာက္ ေသခ်ာေနတာလဲ။”

Steve က သက္ျပင္းဖြဖြခ်လိဳက္ၿပီးမွ ေျဖသည္။
"ဘာလို႔လဲဆိုေတာ့ ငါ ႀကိဳးစားခဲ့ဖူးလို႔ေပါ့။”

ဘယ္ေတာ့မွ ျပန္မေတြးခ်င္ေတာ့သည့္ အေၾကာင္းအရာေတြကို တူးဆြရေတာ့မည္ ျဖစ္ေၾကာင္း Steve သေဘာေပါက္လိုက္မိသည္။
.............

1780 ခုႏွစ္၊ ေဖေဖာ္ဝါရီလ

အေမရိကန္ျပည္ေထာင္စု၊ နီဘရာစကားျပည္နယ္ရွိ
ေတာအုပ္တစ္ေနရာ။

လေရာင္ေဖ်ာ့ေဖ်ာ့သာ အလင္းေရာင္ရွိေသာ ဟင္းလင္းျပင္ႀကီးေပၚရွိ သစ္သားစင္ေလးေပၚတြင္ လသား ကေလးငယ္ေလးတစ္ဦးကို တင္ထားသည္။
ထို ကေလးငယ္ေဘးတြင္ အသက္ ၇ႏွစ္ အ႐ြယ္ ေကာင္ေလးတစ္ဦးရပ္ေနသည္။

ကေလးငယ္ႏွင့္ ေကာင္ေလးကို ပတ္၍ စည္းဝိုင္းႀကီးတစ္ခုခ်ထားသည္။

စည္းဝိုင္း၏ အျပင္ဘက္တြင္ လူ အေယာက္ ၁၀၀ေက်ာ္က
လက္ခ်င္းတြဲက ရပ္ေနၾကသည္။
ထို လူအုပ္၏ ေရွ႕တြင္ အမ်ိဳးသမီးႀကီး တစ္ေယာက္က မႏၱာန္မ်ား ႐ြတ္ဆိုေပးေနသည္။

ထို အမ်ိဳးသမီးကား Witch အဖြဲ႕အစည္းတစ္ခု၏ ေခါင္းေဆာင္ အႀကီးအကဲ ျဖစ္သည္။
လသားကေလးငယ္ေလးမွာ သူမ၏ သားအရင္း ျဖစ္သည္။

သူမတို႔ Witch အုပ္စု အျခား႐ြာမ်ားတြင္ ေနထိုင္စဥ္ ၿမိဳ႕ခံလူမ်ား၏ မေကာင္းဆိုးဝါးဟု စြပ္စြဲကာ လိုက္လံသတ္ျဖတ္ျခင္းကို ခံခဲ့ရသည္။
ထို႔ေၾကာင့္ တစ္အုပ္စုလုံး ထြက္ေျပးလာရင္း Xavier Werewolves တို႔ ေနထိုင္ရာ ဤေတာၿမိဳ႕ေလးသို႔ ေရာက္လာခဲ့ၾကသည္။

သူမ၏ ေမြးကင္းစ သားငယ္သည္ အျခားသူမ်ားႏွင့္
မတူေသာ ေမြးရာပါ ပါရမီမ်ားစြာ ပါခဲ့သည္။
သူကိုယ္တိုင္ အသုံးမျပဳနိုင္ေသာ္လည္း အျခားသူမ်ားအတြက္ ေျမာက္ျမားေသာ စြမ္းအင္မ်ားကို လႊဲေျပာင္းေပးနိုင္သည္။

ထို႔ေၾကာင့္ Werewolves ေခါင္းေဆာင္ႏွင့္ သူမတို႔ အေပးအယူ လုပ္နိုင္ခဲ့သည္။
သူမ၏သားႏွင့္ က်ိန္စာကို မႏွိုးဆြရေသးေသာ
Werewolves ေခါင္းေဆာင္၏ သားငယ္တို႔ကို စြမ္းအင္ ခ်ိတ္ဆက္ခြင့္ျပဳမည္။
ထိုအခါ သူမသားငယ္၏ အစြမ္းေၾကာင့္ Xavier werewolves မ်ားက လျပည့္ညမွာ မျဖစ္မေန အသြင္ေျပာင္းဖို႔မလို။
လိုခ်င္သည့္ အခ်ိန္တိုင္း လိုသလို အသြင္ေျပာင္းနိုင္မည္။
Werewolves ေခါင္းေဆာင္၏ သားငယ္ Steveႏွင့္ သူမ၏ သားငယ္တို႔လည္း မေသမ်ိဳး အျဖစ္ ထာဝရ ရွင္သန္နိုင္မည္။

အျပန္အလွန္ အေနျဖင့္ သူမ၏ သားငယ္ႏွင့္ သူမ၏ အုပ္စုကို Xavier pack ကေစာင့္ေရွာက္ေပးရမည္။

ထို အမ်ိဳးသမီးႀကီးက မႏၱာန္႐ြတ္ၿပီးသည္ႏွင့္ ခရမ္းေရာင္ အလင္းတန္းေလးက ကေလးငယ္၏ ႏွလုံးသားေနရာမွ ထြက္လာကာ ေကာင္ေလး ရင္ဘတ္ထဲသို႔ ဝင္ေရာက္သည္။
ထို႔ေနာက္ အျပန္အလွန္ ကူးလူးယွက္ႏြယ္ကာ
ႀကိဳးထုံးပုံစံေလး ျဖစ္ၿပီးေနာက္ ေပ်ာက္ကြယ္သြားေတာ့သည္။

Xavier pack တစ္ခုလုံး ေကာင္းကင္ေပၚသို႔ ေမာ့ၾကည့္လိုက္​ၾကသည္။
လထိန္ထိန္သာေနေသာ္လည္း အရင္လေတြတုန္းကလို သူတို႔ အရိုးေတြ အကုန္ က်ိဳးေၾကၿပီး ဝံပုေလြတစ္ေကာင္လို အသြင္ေျပာင္းသြားျခင္း မရွိေတာ့။
သူတို႔ လြတ္လပ္သြားခဲ့ၿပီ။

Xavier pack ေခါင္းေဆာင္က ၾကည္ႏူး ဝမ္​းေျမာက္မႈ ႏွင့္ ၿပဳံး႐ႊင္ေနသည္။
သူ႕၏ သားငယ္နားကို ကပ္ကာ တိုးတိုးေလး ေျပာလိုက္သည္။

"Steve ဒါ မင္းတစ္သက္လုံး ေစာင့္ေရွာက္ရမယ့္ မင္းညီေလးဘဲ။”

ေကာင္ေလးက အႏွီးထုပ္ထဲက ေပါက္စေလးကို ေသခ်ာ
ေငးၾကည့္ေနသည္။

"ကေလးကို အန္တီနာမည္ မေပးရေသးဘူး။
သားေပးခ်င္လား။”

ကေလးငယ္၏ မိခင္က ေျပာေတာ့ ေကာင္ေလးက ခဏၿငိမ္သြားသည္။
အတန္ၾကာ စဥ္းစားေနၿပီးမွ ေျပာသည္။

"Henry
Henry လို႔ေပးမယ္။
အုပ္စိုးနိုင္သူလို႔ အဓိပၸါယ္ရတယ္။”

"Henry နာမည္ေကာင္းေလးဘဲ။
သားက ေ႐ြးတတ္သားဘဲ။”

သူ႕အေဖ၏ ခ်ီးက်ဳးစကားေၾကာင့္ ေကာင္ေလးက ပါးခ်ိဳင့္ေတြ ခြက္သြားေအာင္ ၿပဳံးျပသည္။

လူႀကီးေတြ အခ်င္းခ်င္း အျခား ဘာေတြေဆြးႏြေးေနလဲ သူမသိေတာ့။
သူ႕အာ႐ုံက အႏွီးထုပ္ ျဖဴျဖဴေလးထဲက ကေလးေပါက္စေလးေပၚမွာသာ က်ေရာက္ေနသည္။

ကေလးငယ္၏ မ်က္ႏွာက လေရာင္ေအာက္တြင္ ဝင္းပေနသည္။
ပါးမို႔မို႔ေလးေပၚတြင္ စံပယ္တင္မွဲ႕ ထင္းထင္းေလး။
ၾကည့္ရင္း ၾကည့္ရင္း သူ႕ရင္ထဲ၌ ၾကည္ႏူးမႈေတြ ျပည့္လွ်ံလာသလို ခံစားရသည္။

"ကိုကို႔ရဲ႕ ကေလးငယ္ေလး။
ကိုယ့္ရဲ႕ အရိပ္ေအာက္မွာ တစ္ဘဝလုံး ေအးခ်မ္းပါေစ။”

ဘာေၾကာင့္လည္းမသိ ထို လသားကေလးငယ္ေလးက
သူ႕ဘဝ၏ အရာရာ ျဖစ္လာေတာ့မည္ဆိုတာ ၇ႏွစ္သား အ႐ြယ္ထဲက သူရိပ္မိေနခဲ့ သလိုပင္။
..............

1845 ခုႏွစ္၊ ဧၿပီလ

"Steve ! Steve !”

လူက မလာေသး။
အသံက အရင္ေရာက္ႏွင့္ၿပီးေသာ Henry ေၾကာင့္ Steve စုတ္တံကို ခဏေဘးခ် ထားလိုက္ရသည္။

သူ ဒီပန္းခ်ီေလးကို ဒီေန႕ အဆုံးသတ္ဖို႔ ရည္႐ြယ္ခ်က္ကေတာ့ မၿပီးေျမာက္ေတာ့ဘူး ထင္ပါရဲ႕။

ႏွစ္ေပါင္း ေျခာက္ဆယ္ေက်ာ္ ၾကာသည့္ အခ်ိန္မွာေတာ့
Henry ၏ မိခင္ေရာ၊ Steve ၏ ဖခင္ေရာ ဆုံးပါးသြားခဲ့ၿပီး Steve လည္း Xavier pack ၏ ေခါင္းေဆာင္ ျဖစ္လာခဲ့သည္။

ေခါင္းေဆာင္တစ္ေယာက္ အေနႏွင့္ Pack တစ္ခုလုံးကို အုပ္ခ်ဳပ္ရသည့္ တာဝန္ထက္
အကိုတစ္ေယာက္အေနႏွင့္ Henry ကို ေစာင့္ေရွာက္ရသည့္ တာဝန္က သူ႕အတြက္ ပိုခက္ခဲသည္။

Henry တစ္ခုခု ျဖစ္သြားမွာကို စိုးရိမ္သည့္ ပူေလာင္ျခင္းမ်ိဳးက ဘယ္ အပူႏွင့္မွ မတူေခ်။

ေမြးရာပါ မ်ားျပားလြန္းေသာ စြမ္းအင္ေတြ၏ ဖိစီးမႈေၾကာင့္ဘဲလား မသိ Henry က သာမန္ထက္ ဉာဏ္ရည္ အနည္းငယ္ နိမ့္ပါးသည္။

ႏွစ္ေပါင္း 60ဆယ္ေက်ာ္ ရွင္သန္ေနထိုင္ၿပီးၿပီ ျဖစ္​ေသာ္လည္း Henry က အခုခ်ိန္ထိ ကေလးငယ္ေလးလိုပင္။

Steve တို႔ႏွင့္ အတူ ႀကီးျပင္းလာခဲ့သည့္ လူတစ္ခ်ိဳ႕ေတာင္ ကြယ္လြန္သြားခဲ့ၾကၿပီမို႔ Steve ကေတာ့ ကိုယ္ကိုယ္ကို အဘိုးႀကီး ျဖစ္ေနၿပီဟု တစ္ခါတစ္ခါ ခံစားရသည္။

Henry ကေတာ့ ေျပာင္းျပန္။
သူ႕အ႐ြယ္ေရာက္မႈက အသက္ ၂၀ ေက်ာ္တြင္ ရပ္တန့္သြားသလို သူ႕အသက္ကိုလည္း ထာဝရ ၂၀ဟုသာ ခံယူထားပုံေပၚသည္။

အားလုံးကလည္း Henryက သူတို႔ထက္ ႀကီးမွန္း သိသိႏွင့္ အငယ္​ေလးလိုသာ ဆက္ဆံၾကသည္။

ထို ကေလးေယာင္ေဆာင္ အသက္ 60ေက်ာ္ေလးကို Steve တစ္ေယာက္ ဘာႏွင့္မွ် စိတ္မခ်နိဳင္။
ျဖစ္နိုင္လွ်င္ လသားေလးတုန္းကလို အႏွီးေလးႏွင့္ ထုပ္ၿပီး
ရင္ခြင္ထဲတြင္သာ တေစ ေထြးေပြ႕ထားခ်င္သည္။

ဘာလို႔ အဲ့ေလာက္ေတာင္ ျမတ္နိုးတြယ္တာေနရလဲ။
ကိုယ့္ကိုယ္ကို နားမလည္။
နားလည္ေအာင္ ႀကိဳးစားရမွာကိုလည္း ေၾကာက္လွသည္။

"အာ...
Steve က ဒီမွာကို ကြၽန္ေတာ္က ရွာလိုက္ရတာ။
ပန္းခ်ီဆြဲေနတာလား။”

Steve က ၿပဳံးကာ ေခါင္းညိတ္ျပလိုက္သညိ။

"အင္းး ရတယ္။
Henry ဘာေျပာမလို႔လဲ။
ေျပာေလ။
ကိုယ္ နားေထာင္ေပးမယ္။”

Steve ခြင့္ျပဳခ်က္ေပးလိုက္သည္ႏွင့္ Henry က ခုံေပၚတြင္ အက်အနထိုင္ကာ တစ္ေန႕တာ အေတြ႕အႀကဳံေတြကို စတင္မွ်ေဝပါေတာ့သည္။

"Steve သိလား။
႐ြာေျမာက္ပိုင္းက လူေတြ အမဲလိုက္လာတဲ့ ​ေတာဝက္ႀကီးက နည္းတဲ့ အေကာင္ႀကီး မဟုတ္ဘူး။
ဝက္ဆိုမွ ကြၽန္ေတာ္တို႔ ဝက္ကင္ မစားရတာ ၾကာၿပီေနာ္။
Nora က လုပ္ေကြၽးမယ္ဆိုၿပီးေတာ့။
ကင္စားတာေတာ့ ကိုယ္ဟာကို စားလည္း ရပါတယ္။
ေၾသာ္ ကိုယ္ဟာကို လုပ္တယ္ဆိုမွ ကြၽန္ေတာ္ ဒီေန႕ ငါးဖမ္းတာ ႏွစ္ေကာင္မိတယ္ သိလား။....”

Henry ေျပာသမွ် တစ္ခုၿပီးတစ္ခု ေခါင္းတစ္ၿငိမ့္ၿငိမ့္ နားေထာင္ေပးေနရင္း ေနပင္ ေစာင္းေတာ့မည္ျဖစ္သည္။

"Steve ကလည္း ေခါင္းဘဲ ညိတ္ေနတာဘဲ။
ကြၽန္ေတာ္ေျပာတာကို စိတ္မဝင္စားတဲ့ သေဘာလား။”

Henry စရစ္ၿပီဆိုတာ Steve သေဘာေပါက္လိုက္သည္။

"ကိုယ္ Henry ေျပာတာကို ေသခ်ာ
နားေထာင္ေပးေနတာဘဲေလ ကေလးရဲ႕။”

"အဲ့တာဆို ပါးခ်ိဳင့္ကိုင္ခ်င္တယ္ ၿပဳံးျပ။”

Henry အလိုက် ပါးေတြ ခြက္သြားေအာင္ ၿပဳံးေပးလိုက္ေတာ့ ပါးခ်ိဳင့္ထဲ လက္ထည့္ကာ သေဘာေတြ က်ေနသည္။

ေထာင့္က စင္တစ္ခုတြင္ တင္ထားေသာ ပန္းခ်ီကားခ်ပ္ကို ျမင္ေတာ့ ခ်က္ခ်င္း ေျပးကာ သြားၾကည့္သည္။

"ကြၽန္ေတာ့ပုံတူ အသစ္ဘဲ။
ထပ္ၿပီး ဆံပင္ရွည္ေတြနဲ႕ ဆြဲျပန္ၿပီ။”

"မလွလို႔လား Henry ရဲ႕”
Steve က စိုးရိမ္တႀကီး ေမးမိေတာ့ သူက ေခါင္းခါ ျပသည္။

"မဟုတ္ပါဘူး။
ဒါေပမယ့္ ကြၽန္ေတာ္က အခု အဲ့ဆံပင္မွ မဟုတ္ေတာ့တာ။
​ဒီဆံပင္နဲ႕ ေနာက္တစ္ပုံ ထပ္ဆြဲေပးဦး။
ဒီပုံေလးကို Steve ဘဲ သိမ္းထားလိုက္။
ကြၽန္ေတာ္ ညစာသြားစားေတာ့မယ္။”

ေျပာၿပီး ခ်က္ခ်င္း ေျပးထြက္သြားေသာ Henry ကို Steve လွမ္းစဖို႔ မမွီလိုက္။

ေရွ႕ရွိ ပန္းခ်ီကားေလးကို ၾကည့္ကာ မွဲ႕ေနရာေလးကို လက္ႏွင့္ ဖြဖြေလး ထိရင္း သူ ၾကည္ၾကည္ႏူးႏူး ၿပဳံးလိုက္မိသည္။
ဘယ္ေလာက္ ပင္ပန္းပင္ပန္း ဒီေကာင္ေလးကို
ကာကြယ္ရသည့္ တာဝန္ေလာက္ သူ ဘယ္အရာကိုမွ
မႏွစ္သက္ခဲ့။
.............

1847 ခုႏွစ္ ဇူလိုင္လ

"ကိုယ္ ေျပာတာနားေထာင္။
ေနာက္တစ္ေခါက္ ေန႕လည္ဘက္ ကိုယ္လိုက္ပို႔ေပးမယ္ကြာ။
ဒီညေတာ့ ကိုယ္ မသြားမျဖစ္ မို႔လို႔ပါ။”

"ကြၽန္ေတာ္က ေန႕လည္ သြားခ်င္တာမွ မဟုတ္တာ။
ညဘက္ အမဲလိုက္ခ်င္တာေလ။”

Werewolves တစ္သိုက္ႏွင့္အတူ ညသန္းေခါင္ အမဲလိုက္ ထြက္ခ်င္ပါသည္ဟု ပူဆာေနေသာ Henry ေၾကာင့္ Steve တစ္ေယာက္ ခရီးသြားမည့္ဆဲဆဲ ျမင္းေပၚက ဆင္းလာကာ ေခ်ာ့ေမာ့ေနရသည္။

​"မင္းက အရမ္းေျပာရခက္တာဘဲ Henry
ငါက စိတ္ပူလို႔ကြ။
တစ္ခုခုဆို သူတို႔က Werewolves ေတြ။
မင္းကသာ...”

"ကြၽန္ေတာ္က ဘာမွ မလုပ္နိုင္ဘူး။
သိတယ္။
Steve အဲ့တာေျပာမလို​့ မလား။
ကြၽန္ေတာ္ အသုံးမက်ဘဴးဆိုတာ သိၿပီသားမလို႔ ထပ္ေျပာစရာ မလိုေတာ့ဘူး။
အကို သြားစရာရွိတာ သြားပါ။
ကြၽန္ေတာ္ ဘယ္မွ မသြားေတာ့ဘူး။”

ေခါင္းငိုက္စိုက္ႏွင့္ အိမ္ထဲ​ျပန္ဝင္သြားေသာ Henry ကို
ၾကည့္ကာ Steve ရင္ထဲ ဟာခနဲ ျဖစ္သြားမိသည္။

Steve တို႔ pack အတြက္ေရာ၊ Steve ႏွင့္သူ၏ ထာဝရ ရွင္သန္ေရးအတြက္ပါ သူ႕ magic ေတြကို အကုန္သုံးလိုက္ရသျဖင့္ Henry က သာမန္ Witch ေတြေလာက္
မစြမ္းေဆာင္နိုင္ေတာ့။

သူ႕ကိုယ္သူ အရည္အခ်င္းမရွိသူလို႔ ထင္မွတ္ၿပီး မသိစိတ္က အၿမဲ အားငယ္ေနတတ္သည္။

အခ်ိန္ထပ္ဆြဲ၍ မျဖစ္ေတာ့လို႔သာ ထြက္လာခဲ့ရေပမယ့္
Steve ၏ စိတ္ေတြက ေလးလံေနသည္။

ခါတိုင္းလို ေအာ္ဟစ္ေသာင္းက်န္းကာ ပူဆာတာမ်ိဳး
မဟုတ္ဘဲ ဝမ္းနည္းသြားသည့္ မ်က္ႏွာေလးေၾကာင့္ ရင္ထဲ၌ မီးခဲ ၿမိဳထားသလိုမ်ိဳး ပူေလာင္ နာက်င္လွသည္။

မျဖစ္ သူ ဒီည ျပန္မွ ျဖစ္သည္။
Henry ကို ေသခ်ာ ေခ်ာေမာ့ရမည္။
သူ အသုံးမက်လိဳ႕ မဟုတ္ဘဲ ညဘက္ အလြန္ အႏၱရာယ္
မ်ားလြန္းေသာေၾကာင့္သာ ျဖစ္ေၾကာင္း နားလည္ေအာင္
ရွင္းျပရမည္။

႐ုတ္တရက္ ေနာက္ျပန္လွည့္ကာ ျမင္းကို ဒုန္းစိုင္း စီးနင္းသြားေသာ သူတို႔ ေခါင္းေဆာင္ကို ေနာက္လိုက္ေတြက အံၾသမေနေတာ့။
အစကတည္းက Henry ထိုသို႔ က်န္ခဲ့ပါလ်က္ လိုက္လာသည္ကသာ အထူးအဆန္း ျဖစ္ေနခဲ့သည္ပင္။

သို႔ေသာ္ ဆက္သြားလို႔လည္း မေျပာ၊ ျပန္လိုက္ခဲ့လို႔လည္း မမွာၾကားသြားသျဖင့္ ေနာက္လိုက္မ်ား ခမ်ာ
လမ္းလည္ေခါင္တြင္ ကိုးလိုကန့္လန့္။
............

"Henry! Henry!”

အိမ္ေအာက္ေရာက္ကတည္းက ေအာ္ေခၚေနေသာ္လည္း Henry က မထူး။
Steveကို အမွန္တကယ္ စိတ္ေကာက္ေနသည့္ ပုံပင္။

အိပ္ခန္းတံခါးကို အသာဖြင့္ၿပီး ဝင္ၾကည့္လိုက္​ေတာ့ အိပ္ရာအလြတ္က သူ႕ရင္ဝကို ေစာင့္ကန္လိုက္သလိုပင္။

ဒီေကာင္ေလးကေတာ့

သူ႕ကို ဟန္လုပ္ ဝမ္းနည္းျပကာ သူ႕အလစ္မွာ လိုက္သြားဖို႔ ႀကံစည္တာ ျဖစ္ေၾကာင္း အခုမွ သေဘာေပါက္လိုက္ ရသည္။

မလွိမ့္တပတ္ လုပ္ခံရေသာေၾကာင့္ ေဒါသထြက္ရျခင္းထက္ စိုးရိမ္ေသာက ေရာက္ရျခင္းက အဆေပါင္း မ်ားစြာပိုသည္။

Henry မင္းကေတာ့ ငါ့ကို ေသာကမေပးရရင္ တကယ္မေနနိုင္တဲ့ ေကာင္ေလးဘဲ။

ကုန္းႏွီးပင္ မျဖဳတ္ရေသးေသာ ျမင္းကို ျပန္ဆြဲလာကာ
ေတာထဲသို႔ အေသာ့ႏွင္ရျပန္သည္။

ငါမွားတာ။
ဒီကေလးက အဲ့ေလာက္ မစဥ္းစားနိုင္တာ သိသိနဲ႕။
ေစာက္ေရးမပါတဲ့ ေစာက္အလုပ္ကို ဦးစားေပးမိတယ္။
Henry ကို ေသခ်ာနားခ်ခဲ့ရမွာကို။

Henry သာ တစ္ခုခု ျဖစ္သြားရင္ ဆိုၿပီး ေတြးမိေလေလ
ကိုယ့္ကိုယ္ကို အျပစ္တင္ကာ က်ိန္ဆဲမိေလေလ ျဖစ္သည္။

နာရီဝက္ေက်ာ္ၾကာသည္ အထိ ေတာထဲတြင္ ဘယ္သူ႕ကိုမွ
မေတြ႕ သျဖင့္ Steve၏ ေသာကေတြ စိုးရိမ္ေရမွတ္သို႔
ထိုးတက္လာၿပီ ျဖစ္သည္။

စိတ္ကို ျဖည္းျဖည္းခ်င္း ေလွ်ာ့ကာ သူတို႔ႏွစ္ေယာက္ၾကားက ဆက္သြယ္မႈေလးကို အသုံးျပဳဖို႔ ႀကိဳးစားမိသည္။ ထိုဆက္သြယ္မႈကလည္း တကယ္အေရးႀကီးခ်ိန္မွ အလုပ္ျဖစ္တာမို႔လို႔ သူ အထူး အာ႐ုံစိုက္နိုင္ဖို႔ လိုသည္။

45မိနစ္ေက်ာ္ ၾကာလာသည့္ အခ်ိန္မွာေတာ့ ခရမ္းေရာင္အလင္းတန္းေလးေပၚလာသျဖင့္ သူသက္ျပင္းခ်ကာ အလင္းတန္း​ေလး ၫႊန္ျပရာေနာက္ လိုက္သြားမိသည္။

ေျမာက္ဖက္ကို မိနစ္အနည္းငယ္ ထပ္သြားရအၿပီးမွာေတာ့ အလင္းတန္းေလး ေပ်ာက္ကြယ္သြားသည္။
Steve လည္း ျမင္းေပၚက ဆင္းၿပီး လမ္းေလွ်ာက္ကာ ရွာၾကည့္ေတာ့ အပင္ႀကီးတစ္ခုေအာက္တြင္ ေဆာင့္ေၾကာင့္ထိုင္ေနသည့္ အရိပ္ေလး။

"Henry ”

သူတိုးတိုးေလး ေခၚလိုက္ေတာ့ ေခါင္းငုံ႕ေနရာကေန
ေမာ့ၾကည့္လာသည္။

"ဘုရားေရ ေတာ္ပါေသးရဲ႕။
ကိုယ္ အရမ္း စိတ္ပူေနခဲ့ရတာ။”

Steve က ေျပာရင္း ေျပးဖက္လိုက္ေတာ့ Henry က တိုးတိုးဆိုသည့္ ပုံစံလုပ္ျပကာ အေနာက္ဖက္ကို လက္ညွိုးထိုးျပသည္။

Steve ၾကည့္လိုက္မိေတာ့ အေတာ္ႀကီးမားေသာ ဝက္ဝံႀကီး တစ္ေကာင္။
ေမွာင္ေနတာေၾကာင့္ေရာ၊ ခ်ဳံေတြ ကြယ္ေန၍ေရာ ေစာေစာက သူမျမင္မိ။

ထို႔အျပင္ ဒဏ္ရာ တေပြ႕တပိုက္ႏွင့္ သူ႕ werewolves သုံးေယာက္ကလည္း ေျမေပၚမွာ ပိုးလို႔ပက္လက္။

Henry ေရာ တစ္ခုခုမ်ား...

"ကြၽန္ေတာ္ ဘာမွ မျဖစ္ဘူး။
ျခစ္ရာေလးေတာင္ မရွိဘူး။
အားလုံးက ဝက္ဝံလာတာနဲ႕ ကြၽန္​ေတာ့္ကို ပုန္းခိုင္းၿပီး သူတို႔ဘဲ တိုက္ခိုက္ေနၾကတာ။”

သူ႕အေတြးေတြကို သိသည့္အလား Henry က ဦးေအာင္ေျပာသည္။
ေၾကာက္လန့္ေနလြန္းသျဖင့္ Henry ၏ အသံေတြက တုန္ေနသည္။

သူတို႔ စကားသံကို ၾကား၍ဘဲလား မသိ။
ဝက္ဝံက သူတို႔ရွိရာသို႔ ဦးတည္လာသည္။

ဒီအတိုင္းဆို ႏွစ္ေယာက္လုံး လြတ္မွာ မဟုတ္။

"ကိုယ္ေျပာတာ နားေထာင္ Henry
ကိုယ္ အခု ဝက္ဝံကို နိုင္ေအာင္ တိုက္မယ္။
မင္းက ဒီနားမွာပဲ အခုလိုဘဲ ထိုင္ေန။
ကိုယ့္ကို လုံးဝ စိတ္မပူနဲ႕။
ကိုယ္က နိုင္ကိုနိုင္မွာ ဟုတ္ၿပီလား။
ကိုယ္ေျပာတာ နားေထာင္မယ္မလား။”

Henry က ေခါင္းၿငိမ့္ျပသည္။
လေရာင္ေၾကာင့္ Henry မ်က္ဝန္းက မ်က္ရည္ေတြ
ဝဲေနတာကို ျမင္ေနရသည္။

သူ ထြက္လိုက္သည္ႏွင့္ ဝက္ဝံက သူ႕ကို ခုန္အုပ္သည္။
ဘယ္ေလာက္ဘဲ ေခါင္းေဆာင္ မလို႔ သန္မာတယ္ဘဲဆိုဆို
အ႐ြယ္အစား မေသးလွေသာ ဝက္ဝံႀကီးကို အနိုင္ခ်ဖိဳ႕က ထင္သေလာက္ မလြယ္။

ဝံပုေလြ လက္သည္းမ်ား ထုတ္ကာ ခ်တာေတာင္မွ ဝက္ဝံ
အပုတ္ကို တစ္ခ်က္ခံလိုက္ရေသးသည္။
အသည္းအသန္ အားကုန္သုံးကာ တိုက္ခိုက္ပါမွ မိနစ္၂၀
အၾကာတြင္ ဝက္ဝံ၏ ႏွလုံးကို ဆြဲထုတ္နိုင္ခဲ့သည္။

ယိုင္တိုင္တိုင္ႏွင့္ ေလွ်ာက္လာေသာ သူ႕ကို Henry က
ထၾကည့္သည္။
ရင္ဘတ္က ဝက္ဝံပုတ္ရာကို ျမင္ေတာ့ တအင့္အင့္ ရွိုက္ငိုေတာ့သည္။

"ကြၽန္​ေတာ့္ေၾကာင့္ ကြၽန္ေတာ့္ေၾကာင့္ Steve ဒဏ္ရာရတာ။
ေတာင္းပန္ပါတယ္။
ေနာက္တစ္ခါ တကယ္ ကြၽန္ေတာ္ စကားနားေထာင္ပါ့မယ္။
အခုလို ထပ္မလုပ္ေတာ့ပါဘူး။
တကယ္ ကတိေပးပါတယ္။
အရမ္းနာေနလားဟင္။
ကြၽန္ေတာ့္ေၾကာင့္ ျဖစ္ရတာ ကြၽန္ေတာ့္ေၾကာင့္”

ေျပာရင္း ရွိုက္ကာ ငိုေနေသာ Henry ေၾကာင့္ သူ ရင္ထဲ
ဆို႔လာမိသည္။
ေခါင္းေလးကို ဖြဖြေလး ပြတ္ေပးကာ ေခ်ာ့ရသည္။

"တိတ္ေတာ့ ကေလး
မငိုနဲ႕ေတာ့။
မင္း ငိုတာကို ျမင္ရတာ ဝက္ဝံပုတ္တာထက္ ပိုနာတယ္။
ျဖစ္ဖို႔ရွိလို​့ ျဖစ္တာ၊ မင္းေၾကာင့္ မဟုတ္ဘူး။
စိတ္မေကာင္းျဖစ္မေနနဲ႕ေတာ့ေနာ္။
တိတ္တိတ္။”

ထိုညက အိမ္ျပန္ေရာက္သည္အထိ Henry ကို
ေခါင္းပုတ္ကာ ေခ်ာ့ေမာ့ေပးေနရင္း ထိုကေလးအေပၚထားသည့္ သူ႕ခ်စ္ျခင္းေတြက ညီရင္းအစ္ကို ေမတၱာထက္ ပိုေနၿပီျဖစ္ေၾကာင္း သူ အံၾသ တုန္လႈပ္စြာ သူရိပ္မိခဲ့ရပါသည္။
..............

Continue Reading

You'll Also Like

48.4K 3.2K 136
Stage ပေါ်မှာ တောက်ပနေမယ့် Idol တစ်ယောက်အကြောင်း
362K 24.2K 63
သူဆိုတဲ့ကိုယ့်အချစ်ဦးလေးကကမ်းစပ်လေးဆီငြိမ်သက်စွာနဲ့ဝင်ရောက်တိုက်ခတ်လာပြီး အသိမပေးဘဲပြန်လည်ထွက်ခွာသွားတတ်တဲ့ရေလှိုင်းလေးနဲ့ဆင်တူတယ်။ရေလှိုင်းလေးတွေကပင...
16.5K 1.3K 59
လမ်း..... ကိုယ့်လမ်းကိုယ်လျှောက်ကြရင်း ကျောခိုင်းမိကြတယ်။ ကိုယ်မျက်နှာမူရာအရပ်ကို ဆက်ပြီးလျှောက်ရင်း ဝေးကွာသွားကြတယ်။ ကိုယ်ရွေးချယ်ရာလမ်းအတိုင်းလျှော...